Mar 4, 2012

ငါနဲ့မတူငါ့ရန်သူ နဲ့ ကျီးမည်း သိုးမည်းများသို့ (ပေးစာ)

အော်...ပြည်ခိုင်ဖြိုးပါတီက မဲဆွယ်တာက တရားမျှတမှူ မရှိဘူးဆိုပဲ...
ဘာနေရာမှားနေလို့လဲ...ပြီးတော့ သူ့ပါတီက သူလုပ်နိုင်တာ သူလုပ်ပြတယ်ပြောပြတယ်လေ...
ကျွန်တော်တို့ကို ပေးပါခင်ဗျာ..ကျွန်တော်တို့ကို ယုံပါခင်ဗျာလို့ ဟိုအဘွားကြီး လူနာအမဲခြောက်
တောင်းသလို ကျမကို မဲထည့်ပါတို့ ကျမကိုသာ မဲပေးပါ လို့ အော်နေလို့လား...

ကဲ..ဒါကရော ဝါဒဖြန့်မှူလား...အပုတ်ချတာတော့ မဟုတ်လောက်ဘူး...
ပြည်ခိုင်ဖြိုး အတွက် ကူပြောပေးနေတာ မဟုတ်ပါဘူး...စဉ်းစားသာကြည့်အုံး...
ပြည်ခိုင်ဖြိုး ဘက်က သူတို့ဘက်က ဘာတွေလုပ်ပေးနိုင်တယ်...ဘာတွေလုပ်ပေးမယ် ပြောတယ်
မဲထည့်ပါလို့ အော်နေလို့လား...။အပေါ် ပုံထဲကလို ဆိုရင်ရော ဘယ်သူစည်းရုံးမှူက အပေါစား
ဆန်တဲ့ စည်းရုံးမှူလဲ ဆိုတာ သိလောက်မယ် ထင်တာပဲ...။

လာအုံးမယ်...ထပ်ကြည့်အုံး နစ်နေမန်းဆိုတဲ့ လူပေါကြီးရဲ့ ကလေးစကားတွေ ပြန်ပြောပါရစေဦး...။

ပြည်ခိုင်ဖြိုး ပါတီက သူပါတီဘာသာ သူတို့ကားနဲ့ သူတို့ စည်းရုံးရေး ဆင်းတာ ဘာပြစ်မှူမြောက်လို့လဲခင်ဗျ...။ အင်အားသုံး၍လို့  ဆိုတော့ တစ်ယောက်သောသူကြီးက ရော
အင်အားမပြခဲ့လို့လားခင်ဗျ...။ တခြားနေရာက ပါတီဝင်တွေကိုပါ အင်အားပြခေါ်ထားတယ် ဆို
တော့ကာ  တယောက်သောသူကြီးကရော သွားလေရာ ဒီရုပ်နဲ့ ဒီအခွက်တွေပဲ တွေ့တွေ့နေရ
တာကရော ထည့်မပြောတော့ဘူးလား...။ သူပါတီအောင်နိုင်ရေး အတွက် သူဘာသာ ပိုက်ဆံဘယ်လောက်သုံးသုံး NLD နလပိန်းတုံးတွေထက် ပိုသုံးပြမိရင် အပြစ်ဖြစ်ရောလား ခင်ဗျ...။
သေချာတာကတော့ ပေါ်ပင်မလုပ်ဘူး...လူကြိုက်များအောင် မလုပ်ဘူး...။
သူလုပ်နိင်တာ သူတို့ပြောပြီး လုပ်နေတာပဲ...မလုပ်နိုင်ပဲ နဲ့ စွတ်ကတိတွေပေး  လူနာအမဲခြောက်တောင်းနေတာ ကြီးကတော့ ပညာသားမပါဘူးနော်...။
ကြောက်ချင်ယောင်ဆောင်ပြီး အမှန်ခြစ်လေးသာ ခြစ်ပေးပါဆိုတာကြိီးကတော့ ဘွားတော်
က ဘာစကားပြောတာလဲခင်ဗျ...။
တဖက်ပါတီကို စော်ကားတာ မဟုတ်ဘူးလား...ဘယ်ပါတီတွေက NLD ကို ပုတ်ခတ်ပြီးပြော
နေတာ တွေ့ဖူးလဲ...နောက်ပြီး ဘယ်ပါတီတွေ အခု ကွဲပြဲဇာတ်လမ်းတွေ ထိုင်ခုံလုတာတွေ
လုပ်နေတာ ရှိလဲ...။ ကဲ ... ဘယ်သူက ဘာလဲ...။
ဒေါ်စု ရောက်တဲ့နေရာတိုင်း လူတွေအုံမှာပေါ့...။ကျွန်တော်တို့ တောင်ငူ ကိုလာလည်း ကျွန်တော်ကိုယ်တိုင် သွားကြည့်မှာပဲ...။တစ်ခါမှ မမြင်ဖူးဘူးလေ...ဗိုလ်ချူပ်သမီးကိုပေါ့...။

ဗိုလ်ချူပ်သမီးအနေနဲ့ လူတိုင်းတွေ့ချင်မှာပဲ...။
နာမည်ကြီးနေတဲ့ ဒေါ်စု ဆိုတာ ဘယ်သူလဲ ကြည့်ချင်မှာပဲ...။
ဒါလူ့သဘာဝပဲ...။
ဒါပေမဲ့...အခု ဒေါ်စုကို ဝိုင်းအုံကြည့်တာကိုမှ ထောက်ခံတာ လာတဲ့လူတိုင်း NLD ကို မဲထည့်မှာ သေချာတယ်...အဲအတိုင်း မဟုတ်ရင် မဲလိမ်ခံရပါတယ် လို့ ပြောတဲ့ တာဝန်ရှိသူတွေ
ပြောရေးဆိုခွင့်ရှိသူတွေ သုံးသပ်သူတွေကို ကျွန်တော် တစ်ခွန်းပဲပြောပါရစေ...မြို့တောင်ငူကို
ကြွခဲ့ပါ...နောက်ဖေး မိလ္လာကျင်းထဲက -ျီး ကျွေးချင်လို့ပါ...။

ပထမခရီးစဉ်တွေ အောင်မြင်တယ်ပြောနေတဲ့ အချိန် မယုံရင် ရွေးကောက်ပွဲပြီးရင် ဒုတိယ တစ်ခေါက် ပြန်သွားကြည့်လိုက်ပါ..။ထက်ဝက်ပဲလာပါလိမ့်မယ်...။တတိယ အကြိမ် ပြန်သွားပါ...။ ၃ ပုံ ၁ ပုံ ပဲလာပါလိမ့်မယ်...။

(Ko Phyo)
Print Friendly and PDF

7 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

မိုးရေတွေ ရွှဲနေပေမယ့် မှန်အလုံပိတ် ကားထဲမှာပဲ ထိုင်ြ့ပီး လက်မပြနိုင်လောက်အောင်
ပြည်သူကို လေးစာမြတ်နိုးချစ်ခင်တဲ့ အမေ ........

လေယာဉ်ပေါ်မှာ အန်ထားတာကြောင့် ကိုယ်ရံတော်များ စိတ်ပူနေတယ်။
မိုးရွာလာတော့ "အန်တီ ခဏလောက်ထိုင်ပါ။ သုံးနာရီလောက် ရှိပြီ ရပ်နေတာ" ဆိုတော့ ..... နားမထောင်ဖူးဗျာ။

"သားတို့ရယ် အမေ့ထက် အသက်ကြီးတဲ့သူတွေ ၊ သံဃာတွေက မနက်ထဲကနေ အစာမစား ၊ ဆွမ်းအလွတ်ခံပြီး စောင့်နေကျတာ၊ အမေ မထိုင်နိုင်ပါဘူး" လို့ ဆိုပါသတဲ့ဗျာ

အောင်ပင်လယ် လဲ ရောက်တော့ အသံကို မထွက်တော့ဘူး။ ကိုယ်တွေလည်း ပူလို့ ဗျာ .....

ကျွန်တော် ပြောချင်တာက အမေဟာ မှန်အနက်တပ်ပြီး အလုံပိတ်ကားထဲကနေ လက်ပြတဲ့ ခေါင်းဆောင်မျိုး မဟုတ်ဘူး ဆိုတာပါပဲ ... ဗိုလ်ချုပ်သာရှိရင် သူ့သမီးကို အရမ်း ချီးကျူးအမွန်းတင်မှာ သေချာ ပါတယ်ဗျာ
.
.
ရှယ်ပေးကျပါ ခင်ဗျာ။ အချို့က အမေစု ဟာ ဗိုလ်ချုပ်သမီးမို့ လူချစ်တာလို့ ထင်နေကျတယ်။ မဟုတ်ဘူး ခင်ည။ ဗိုလ်ချုပ်လို ခေါင်းဆောင်မို့ လူချစ်ကျတာပါ။
.

Anonymous said...

ဗိုလ်ချုပ်သာရှိရင် သူ့သမီးကို အရမ်း ချီးကျူးအမွန်းတင်မှာ သေချာ ပါတယ်ဗျာ, I don't think so, who is her husband? And why her sons can't speck Myanmar.

ဒေါက်တာကိုလေး said...

NLD က တစ်ခြားလူတွေ ကိုပစ်မှား ရင် ပြဿနာမရှိဘူးနော်. ဦးသိန်းစိန်ကို ပစ်မှားရင် မြေမြိုမှာ.ဦးတင်ရီ ရဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကန့်ကွက်ချက် ကို ဦးသိန်းစိန် က မီးစိမ်းပြပေးထားလို့ နော်. ဥပဒေ အရဆိုရင် လွှတ်တော် ကိုယ်စားလှယ် မဖြစ်နိုင်ဘူး.ဒေါ်စုကလည်း သူ မဟုတ်ပါဘူးလို့ တစ်ခါမှ မငြင်းဘူး. အမေရိကန်သာ မရှိရင် လွှတ်တော်ကိုယ်စားလှယ်မပြောနဲ့ အပေါက်စောင့်တောင် ဖြစ်မှာ မဟုတ်ဘူး

Anonymous said...

အမှန်တရားကို သိစေချင်လို့......
ကြံဖွံရော ......... NLD ရောဘယ်သူမှ မကောင်းဘူးဆိုတာ သိစေချင်လို့........
သူများကွန့်မန့်လေးကို ပြန်ကူးပေးထားတာပါနော်.........
မိတ်ဆွေ သမ္မတဖြစ်အောင်လုပ်ပါ....ကျွန်တော် မဲပေးပါမည်....NLD ရော ကြံဖွံရော အယုံအကြည်မရှိပါ....
AnonymousMar 5, 2012 07:43 AM
ဘယ်ဟာကို ရှယ်ပေးရမှာလဲဟင်.....
အဲလူမရှိတဲ့ ဟောပြောပွဲကြီးကိုလား.........
(သို့)
ဒေါ်အောင်ဆန်းစုကြည် မျက်နှာက အလွန်အိုစာပြီး အရိုးပေါ်အရေတင်ကာ သေခါနီးလူမမာပုံစံပေါက်နေတယ်လို့ မျက်မြင်တွေက ဆိုကြပါတယ်။ ဆိုတဲ့ စာသားကိုလား.....ပြောအုန်းနော်......ကွန်ကရစ်လမ်းလာခင်းလို့ ကြံဖွံကို အရမ်းသဘောကျ
N.L.D က အဲဒါကို တိုင်တယ်ဆိုဘဲ.... မင်းတို့ခင်းပေးပါလား....စီးပွားရေးပိတ်ဖို့ မင်းတို့ပြောတုန်းကတောင် ပိတ်ပေးသေးတာဘဲ
ပြည်သူ့အတွတ်ဆိုပြီးတော့ အခုကျတော့ ကွန်ကရစ်ခင်းတာကို စောက်ပစ်ပြောတာတော့ လွန်လွန်းတယ်... မင်းတို့ကရောဘာ
လုပ်ပေးလို့လဲ ။ ဘယ်ဘက်ကမှ မဟုတ်ပါဘူး...လောလောဆယ်တော့ ကြံဖွံ ဘဲမဲပေးမယ်....အကုန်လုံးလည်း အဲဒါဘဲ ပေးမှာ ...အရပ်ထဲမှာပြောတာပြောပြမယ်နော်... NLD က မိုက်ရိုင်းတယ်တဲ့ ....လူမိုက်တွေချည်းဘဲတဲ့.....ပြောတော့ ပြည်သူအတွက်...
ဘာလို့ အခုကျတော့ ဈေးဘဲရောင်းပြီး ငါတို့ ပိုက်ဆံကုန်အောင်လုပ်နေရတာလဲ....
အခြေခံလူတန်းစား
ယုဇနဥယာဉ်မြို့တော်မှာ ရေမကောင်းဘူးတဲ့ ကြံဖွံရေ လုပ်ပေးပါအုန်း............
ချိုးဖြူရေပိုက်က နည်းနေပြီ ။ ယုဇနဥယာဉ်မြို့တော်က ၀န်ထမ်းတွေက ၁ခန်းကို ၁လ ၂၅၀၀ မရတော့မှာစိုးလို့ စည်ပင်နဲ့ ညိပြီး မလုပ်တာတဲ့..... သက်ဆိုင်ရာ လူကြီးများလုပ်ပေးပါအုန်း..... ၁လ ၂၅၀၀ ပေးရပြီး ရေက အရမ်းဆိုးလို့ပါဗျာ..... ဆိုက်ပိုင်ရှင်းလဲ အဲသတင်းကို မျှပေးပါဗျာ...ကို တိမ်ကြားမင်းခေါင်ကြီးလဲ....ကူညီပါအုန်း....
ယုဇနမှာ ၃ ထပ်နဲ့ ၅ထပ်ဆိုပြီးရှိပါတယ်....၅ထပ်ကိုပြောတာပါ..........ကူညီကြပါအုန်း...........

ReplyDelete
AnonymousMar 5, 2012 07:59 AM
အင်း..........
အပေါ်ကကောင် မင်းစိတ်ဓာတ်က မဆိုးပါဘူး....မင်းတို့ကို အကျိုးရှိအောင်လုပ်ပေးတဲ့ သူကို မဲပေးတာ..အင်း ငါတို့လဲလုပ်ပေးနိုင်အောင် ကြိုးစားမှာပါ.... မင်းရဲ့ ရေပြသနာကိုတော့ သူတို့ကူညီနိုင်မယ် မထင်ဘူး...သူတို့က ပြည်သူကို တကယ်စေတနာမထားလောက်ဘူး....လမ်းခင်းပေးတယ်ဆိုတာကလဲ...အခုယုဇနမှာခင်းပေးတာက... ပိုတောင်ဒုက္ခရောက်နေတယ်ဆို....တဘက်စီမခင်းဘဲနဲ့ ...ခလယ်ကဘဲခင်းတာဆို ကားတောင် ၁စီးဘဲ သွားလို့ရတာတဲ့...၂စီးရှောင်လို့မရဘူးဆိုဘဲ.... အဲဒါလား စေတနာထားတာ...
ရေပြသနာကလဲ ယုဇနဥယာဉ်မြို့တော်ဆောက်လုပ်ရေး ပိုင်ရှင်ကိုယ်
တိုင်က သူ့တပည့်တွေနဲ့ ပေါင်းလုပ်ထားတာတဲ့..... ကောင်းအောင်လုပ်ဖို့ အစိအစဉ်မရှိပါတဲ့..အင်း....မင်းတို့မြို့က ကိုယ်စားလှယ်လောင်းကလဲ ယုဇနဥယာဉ်ဆောက်လုပ်ရေး ပိုင်ရှင်က စပွန်းဆာပေးထားတာပါတဲ့....လမ်းဘဲလုပ်ပေးဖို့နဲ့ ရေကိစ္စကို မဟဖို့ ညွှန်ကြားထားပြီးပါပြီတဲ့....ကဲလမ်းလေး မဖြစ်စလောက်ခင်းပေးတာကို ရေးကြီးခွင်ကျယ်ပြောတဲ့ ငတွရေ .. တိပြီလား.....ကောင်းလိုက်တဲ့ ကြံဖွံ..........

Anonymous said...

ဒို့က အထက်ကနေ စကားလုံးလှလှလေးတွေ ပြောမယ်။ မင်းတို့ အောက်ခြေက အရင်လို ညစ်ပတ်မြဲညစ်ပတ်ကြ၊ စစ်တပ်က ပေါ်တာဆွဲကြ။ မတရားကျင့်ကြ။ စစ်သားစုဆောင်းကြ။ ထိုးစစ်တွေလဲ မရပ်နဲ့။

Anonymous said...

မင်းက မြန်မာပြည်ထွက် အ၀တ်အစား၊ အစားအစာပဲစားတာလား

Anonymous said...

စစ်တပ်ကပေါ်တာဆွဲတယ်ဆိုတဲ့အကြောင်းကိုပြောပြထားပြီးပါပြီ။မတရားကျင့်တာကကော ဘယ်လိုမျိုးများလဲ။မသိလို့ပါ။စစ်သားစုဆောင်းကြဆိုတော့ မစုစောင်းဘူးဆိုရင်၊တပ်မတော်မှာ အင်အားရှိအောင်ဘယ်လိုလုပ်ရမှာလဲ။ဗိုလ်ချုပ်ပြောတဲ့စကားလေးတစ်ခွန်းရှိတယ်။တကယ်လို့ဗမာပြည်ကိုကာကွယ်ဖို့စစ်သားတွေနည်းနေလို့ရှိရင် အုပ်ချုပ်တဲ့အစိုးရက ခင်ဗျားတို့တိုက်ချင်တိုက်ချင်၊မတိုက်ချင်မတိုက်ချင် ဟေ့ကောင်ဝင်တိုက် ဆိုပြီးအမိန့်နဲ့ခိုင်း၇လိမ့်မယ်လို့ပြောခဲံတယ်။ကြားဘူးသလားတော့မသိဘူး

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ