Mar 4, 2012

ဒေါ်စု အမြတ်တော်ရှ အရှက်တော်ရသွားတဲ့ စစ်ကိုင်းခရီးစဉ်


 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စစ်ကိုင်းခရီးစဉ် မဲဆွယ်ပွဲမှာ တက်ရောက်နားထောင်သူ သိန်းချီလာမယ်လို့ ခန့်မှန်းကာ သောင်ပြင်အကျယ်ကြီးမှာ စီစဉ်ခဲ့ပေမယ့် တကယ်တမ်း လာရောက်နားထောင်သူက ရာဂဏာန်းပဲ ရှိကြောင်း သိရပါတယ်။ အဲဒီထဲမှာ ဒေသခံ ပြည်သူအနည်းအကျဉ်းသာ ပါဝင်ပြီး အနီးတဝိုက်က NLD ပါတီဝင်တွေက အင်အားဖြည့်ထားရကြောင်း သတင်းရရှိပါတယ်။

မန္တလေးမြို့မှာ ဟောပြောစဉ်က ရုတ်တရပ် ကျန်းမာရေးဖောက်ပြန်ကာ ၁၀ မိနစ်ပြည့်အောင် စကားမပြောနိုင်တော့ပဲ ပြန်လာရခဲ့ပြီး စစ်ကိုင်းရောက်မှ အကြာကြီးပြောမယ်လို့ အားခဲထားပေမယ့် လူ တစ်ထောင် ခန့်ပဲ ရှိတာကြောင့် မိနစ် ၂၀ လောက်ပဲ ပြောပြီး ပြန်သွားရတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကကတော့ ထုံးစံအတိုင်း NLD ပါတီကို မဖြစ်မနေ မဲထည့်ကြဖို့ ပြောခဲ့ပြီး ကျန်းမာရေး ပြန်ကောင်းလာပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည် မျက်နှာက အလွန်အိုစာပြီး အရိုးပေါ်အရေတင်ကာ သေခါနီးလူမမာပုံစံပေါက်နေတယ်လို့ မျက်မြင်တွေက ဆိုကြပါတယ်။





Print Friendly and PDF

6 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

မိုးရေတွေ ရွှဲနေပေမယ့် မှန်အလုံပိတ် ကားထဲမှာပဲ ထိုင်ြ့ပီး လက်မပြနိုင်လောက်အောင်
ပြည်သူကို လေးစာမြတ်နိုးချစ်ခင်တဲ့ အမေ ........

လေယာဉ်ပေါ်မှာ အန်ထားတာကြောင့် ကိုယ်ရံတော်များ စိတ်ပူနေတယ်။
မိုးရွာလာတော့ "အန်တီ ခဏလောက်ထိုင်ပါ။ သုံးနာရီလောက် ရှိပြီ ရပ်နေတာ" ဆိုတော့ ..... နားမထောင်ဖူးဗျာ။

"သားတို့ရယ် အမေ့ထက် အသက်ကြီးတဲ့သူတွေ ၊ သံဃာတွေက မနက်ထဲကနေ အစာမစား ၊ ဆွမ်းအလွတ်ခံပြီး စောင့်နေကျတာ၊ အမေ မထိုင်နိုင်ပါဘူး" လို့ ဆိုပါသတဲ့ဗျာ

အောင်ပင်လယ် လဲ ရောက်တော့ အသံကို မထွက်တော့ဘူး။ ကိုယ်တွေလည်း ပူလို့ ဗျာ .....

ကျွန်တော် ပြောချင်တာက အမေဟာ မှန်အနက်တပ်ပြီး အလုံပိတ်ကားထဲကနေ လက်ပြတဲ့ ခေါင်းဆောင်မျိုး မဟုတ်ဘူး ဆိုတာပါပဲ ... ဗိုလ်ချုပ်သာရှိရင် သူ့သမီးကို အရမ်း ချီးကျူးအမွန်းတင်မှာ သေချာ ပါတယ်ဗျာ
.
.
ရှယ်ပေးကျပါ ခင်ဗျာ။ အချို့က အမေစု ဟာ ဗိုလ်ချုပ်သမီးမို့ လူချစ်တာလို့ ထင်နေကျတယ်။ မဟုတ်ဘူး ခင်ည။ ဗိုလ်ချုပ်လို ခေါင်းဆောင်မို့ လူချစ်ကျတာပါ။
.

Anonymous said...

ကိုယ်သား ကို ကိုယ်ရဲ့ ဘာသာ ၊စကား နဲ့ယဉ်ကျေးမှု ကိုတောင်မှ မသင်ပေး
နိုင်တဲ့ အမေ၊
ကိုယ်ရဲ့ အကိုအရင်းနဲ့ ရန်ဖြစ်နေတဲ့ နှမ၊
ဘယ်လိုမှကို အထင်ကြီးလို့ မရပါ။။။။။။။။။။။။။။။။။။

Anonymous said...

ဘယ်ဟာကို ရှယ်ပေးရမှာလဲဟင်.....
အဲလူမရှိတဲ့ ဟောပြောပွဲကြီးကိုလား.........
(သို့)
ဒေါ်အောင်ဆန်းစုကြည် မျက်နှာက အလွန်အိုစာပြီး အရိုးပေါ်အရေတင်ကာ သေခါနီးလူမမာပုံစံပေါက်နေတယ်လို့ မျက်မြင်တွေက ဆိုကြပါတယ်။ ဆိုတဲ့ စာသားကိုလား.....ပြောအုန်းနော်......ကွန်ကရစ်လမ်းလာခင်းလို့ ကြံဖွံကို အရမ်းသဘောကျ
N.L.D က အဲဒါကို တိုင်တယ်ဆိုဘဲ.... မင်းတို့ခင်းပေးပါလား....စီးပွားရေးပိတ်ဖို့ မင်းတို့ပြောတုန်းကတောင် ပိတ်ပေးသေးတာဘဲ
ပြည်သူ့အတွတ်ဆိုပြီးတော့ အခုကျတော့ ကွန်ကရစ်ခင်းတာကို စောက်ပစ်ပြောတာတော့ လွန်လွန်းတယ်... မင်းတို့ကရောဘာ
လုပ်ပေးလို့လဲ ။ ဘယ်ဘက်ကမှ မဟုတ်ပါဘူး...လောလောဆယ်တော့ ကြံဖွံ ဘဲမဲပေးမယ်....အကုန်လုံးလည်း အဲဒါဘဲ ပေးမှာ ...အရပ်ထဲမှာပြောတာပြောပြမယ်နော်... NLD က မိုက်ရိုင်းတယ်တဲ့ ....လူမိုက်တွေချည်းဘဲတဲ့.....ပြောတော့ ပြည်သူအတွက်...
ဘာလို့ အခုကျတော့ ဈေးဘဲရောင်းပြီး ငါတို့ ပိုက်ဆံကုန်အောင်လုပ်နေရတာလဲ....
အခြေခံလူတန်းစား
ယုဇနဥယာဉ်မြို့တော်မှာ ရေမကောင်းဘူးတဲ့ ကြံဖွံရေ လုပ်ပေးပါအုန်း............
ချိုးဖြူရေပိုက်က နည်းနေပြီ ။ ယုဇနဥယာဉ်မြို့တော်က ၀န်ထမ်းတွေက ၁ခန်းကို ၁လ ၂၅၀၀ မရတော့မှာစိုးလို့ စည်ပင်နဲ့ ညိပြီး မလုပ်တာတဲ့..... သက်ဆိုင်ရာ လူကြီးများလုပ်ပေးပါအုန်း..... ၁လ ၂၅၀၀ ပေးရပြီး ရေက အရမ်းဆိုးလို့ပါဗျာ..... ဆိုက်ပိုင်ရှင်းလဲ အဲသတင်းကို မျှပေးပါဗျာ...ကို တိမ်ကြားမင်းခေါင်ကြီးလဲ....ကူညီပါအုန်း....
ယုဇနမှာ ၃ ထပ်နဲ့ ၅ထပ်ဆိုပြီးရှိပါတယ်....၅ထပ်ကိုပြောတာပါ..........ကူညီကြပါအုန်း...........

Anonymous said...

အင်း..........
အပေါ်ကကောင် မင်းစိတ်ဓာတ်က မဆိုးပါဘူး....မင်းတို့ကို အကျိုးရှိအောင်လုပ်ပေးတဲ့ သူကို မဲပေးတာ..အင်း ငါတို့လဲလုပ်ပေးနိုင်အောင် ကြိုးစားမှာပါ.... မင်းရဲ့ ရေပြသနာကိုတော့ သူတို့ကူညီနိုင်မယ် မထင်ဘူး...သူတို့က ပြည်သူကို တကယ်စေတနာမထားလောက်ဘူး....လမ်းခင်းပေးတယ်ဆိုတာကလဲ...အခုယုဇနမှာခင်းပေးတာက... ပိုတောင်ဒုက္ခရောက်နေတယ်ဆို....တဘက်စီမခင်းဘဲနဲ့ ...ခလယ်ကဘဲခင်းတာဆို ကားတောင် ၁စီးဘဲ သွားလို့ရတာတဲ့...၂စီးရှောင်လို့မရဘူးဆိုဘဲ.... အဲဒါလား စေတနာထားတာ...
ရေပြသနာကလဲ ယုဇနဥယာဉ်မြို့တော်ဆောက်လုပ်ရေး ပိုင်ရှင်ကိုယ်
တိုင်က သူ့တပည့်တွေနဲ့ ပေါင်းလုပ်ထားတာတဲ့..... ကောင်းအောင်လုပ်ဖို့ အစိအစဉ်မရှိပါတဲ့..အင်း....မင်းတို့မြို့က ကိုယ်စားလှယ်လောင်းကလဲ ယုဇနဥယာဉ်ဆောက်လုပ်ရေး ပိုင်ရှင်က စပွန်းဆာပေးထားတာပါတဲ့....လမ်းဘဲလုပ်ပေးဖို့နဲ့ ရေကိစ္စကို မဟဖို့ ညွှန်ကြားထားပြီးပါပြီတဲ့....ကဲလမ်းလေး မဖြစ်စလောက်ခင်းပေးတာကို ရေးကြီးခွင်ကျယ်ပြောတဲ့ ငတွရေ .. တိပြီလား.....ကောင်းလိုက်တဲ့ ကြံဖွံ..........

Anonymous said...

ဒို့က အထက်ကနေ စကားလုံးလှလှလေးတွေ ပြောမယ်။ မင်းတို့ အောက်ခြေက အရင်လို ညစ်ပတ်မြဲညစ်ပတ်ကြ၊ စစ်တပ်က ပေါ်တာဆွဲကြ။ မတရားကျင့်ကြ။ စစ်သားစုဆောင်းကြ။ ထိုးစစ်တွေလဲ မရပ်နဲ့။

Anonymous said...

လူသားတိုင်း လူသားတိုင်း အမှန်တရားကို သိနိုင်ကြပါစေ။ မြင်နိုင်ကြပါစေ။ တွေးနိုင်ကြပါစေ။
လူသားတစ်ယောက်ဆိုရင်လူလို တွေးနိုင်ပါတယ်။ဘယ်ဟာက အမှန်တရား။ ဘယ်ဟာကတော့ မှားနေတယ်ဆိုတာ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ