မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလ၀ါ)တွင် ယနေ့မွန်းတည့်ချိန်မှစတင်၍ ကျောက်မီးသွေးပုံမှ စတင်လောင်ကျွမ်းခြင်းပြီး သစ်လုံးပုံများသို့ ဆက်လက်ကူးစက်လောင်ကျွမ်းခြင်းကြောင့် မီးလောင်မှူတစ်စထက်တစ်စ ကြီးမားလာနေကြောင်း သတင်းရရှိပါသည် ။
ယခုအချိန်တွင် မီးသတ်ကားများရောက်ရှိ ပြီး မီးကို ငြိမ်းသတ်နေပြီဖြစ်ကြောင်းလည်း သိရှိရပါသည် ။
သီလ၀ါဆိပ်ကမ်းမှ သစ်ပုံမှာ ထူးကုမ္ပဏီနှင့် CIFT ပိုင်ဆိုင်သော သစ်ပုံများဖြစ်ကြောင်း သစ်ပုံ၏ပမာဏမှာ ဘောလုံးကွင်း ၁ ကွင်း စာခန့်ရှိကြောင်း လတ်တလော အခြေအနေအရ ကိုင်းတောများ လောင်ကျွမ်းသောမီးမှာ ကုန်သလောက်နီးပါး ရှိနေသော်လည်း သစ်ပုံတွင် လောင်သော မီးမှာမူ ငြိမ်းသတ်နေရဆဲ ဖြစ်ကြောင်း သိရသည်။
သစ်လုံးပုံမီလောင်မှုသည် ဆိပ်ကမ်းသို့ ပြည်ပမှ ရောက်ရှိလာသော ကားများရပ်နားရာနှင် ဘောလုံးကွင်း ၂ ကွင်းစာခန့် ကွာဝေးပြီး မီလောင်မှုသည် ကိုင်းတောဘက်သို့ ဆက်လက်လောင်ကျွမ်းနေကြောင်း သိရသည်။
ဓါတ်ပုံများကို 7 Day News Journalမှ ကူးယူဖော်ပြပါသည် ။
_______________________________________________________________________________

0 ယောက် ဆွေးနွေးခဲ့တယ်:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။