Aug 13, 2012

ထို့ကြောင့် မြန်မာပြည် စတုတ္တမဏ္ဍိုင်ဟု ခေါ်သည်

သားကြီးလာရင် ဘာလုပ်မလဲ
ကလေးအမေက သူ့ ကလေးငယ်လေးကို ခေါင်းလေးပွတ်ပြီးမေးတယ်

မေမေ။ ။ဆရာဝန်ကြီးလုပ်ပါ့ လား.....
သား ။ ။ ဟာဗျာ အပြင်ဆေးခန်းမှာ ထိုင်တယ် ဆေးဖိုး တွေအရမ်းကောက်နေတယ် ပြောခံနေရဦးမယ်

မေမေ။ ။ အင်္ဂျနီယာကြီးလုပ်မလား ဒါဆို
သား ။ ။ ဟာ မေမေကလည်း မုန်းတိုင်းမိလို့  တံတားကျိုးရင်တောင် မြန်မာ အင်္ဂျနီယာတွေက အသုံးမကျဘူးလို့ ပြောနေတာကို

မေမေ။ ။ ဒါဆို စစ်ဗိုလ်ကြီးလုပ်
သား။ ။မေမေကလဲ စစ်ခွေးလို့  အဆဲခံနေရဦးမယ်

မေမေ။ ။ဒါဆို ကျောင်းဆရာကွာ
သား။ ။မေမေကလဲ ကျောင်းတွေမှာ အပို ငွေမကောက်ရဘူးတဲ့ ၊ကျူရှင်လည်း မပြရဘူးတဲ့  ။တော်ကြာ ကျူရှင်ပြစားတယ်ဆိုပြီး လွှတ်တော်သွားတိုင်နေဦးမယ်

မေမေ။ ။ဒါဆို မီးသတ်ဗိုလ်လုပ်
သား ။ ။ ဟာ ပိုက်ဆံပေးမှ ရေထွက်တယ်နဲ့ ဟာသတွေမှာပြောတာ မေမေမသိဘူးလား

မေမေ။ ။ဒါဆို လွှတ်တော် အမတ်လုပ်
သား။ ။သား က အအိပ်မက်တယ် မေမေရ။

မေမေ။ ။ဒါဆို သမ္မတ အကြံပေးလုပ်
သား။ ။ဟာ ဦးကိုကိုလှိုင်ကို ပြောတာ မေမေ မသိဘူးလား။မြန်မာ မီဒီယာ က ဒီလောက်ကြောက်ဖို့ ကောင်းတာ။

မေမေ။ ။ ဒါဆို သမ္မတ နားနေတဲ့ သူလုပ်
သား။ ။ဟာ ဟိုမိန်းမ ထမိန်ထုပ်ဆွဲတဲ့  ရပ်ပါ လိုလို ဟစ်ဟော့ လိုလိုသူက အပြောမခံရဘူး။သမ္မတ ခြေအိတ်ချွတ်တဲ့ ပုံကို အိုဘာမားနဲ့  နှိုင်းထားတာ မတွေ့ ဘူးလား
မလုပ်ချင်ပါဘူး

မေမေ။ ။ဒါဆို ဘာမှမလုပ်ပဲနေတော့ ကွာ
သား။ ။ ဟာ ဗျာ မြန်မာနိင်ငံက ကာတွန်းဆရာတွေ့ လူပဲပြောင်းတာ မူ မပြောင်းဘူးဆိုပြီး ဘာမှ မပြောင်းလဲဘူးဆိုပြီး ကာတွန်း အဆွဲ ခံနေရဦးမယ်။


လူအပျက်တွေ(လူဗျက်)တွေ ပြောတဲ့  အစိုးရ အပုတ်ချတဲ့  အငြိမ့် ဟာသတွေ၊အောက်ပိုင်း ဟာသတွေက နောင်တချိန် မြန်မာ့ သားကောင်းရတနာများရဲ့  မြင့် မားတဲ့  မျှော်လင့် ချက်တွေကို ရိုက်ချိုးလျှက် ရှိပါတယ်။
ဒါကို ကျနော်တို့  အချိန်မှီ မကုသနိင်ရင်
တိုင်းပြည် အပေါ်မှာ ရိုးသားတဲ့  ၀န်ထမ်းတွေ၊သစ္စာရှိ သမာသမတ်ကျတဲ့  ၀န်ထမ်းတွေ နောင် မကြာမှီ နှစ်အတောအတွင်း မုချ ဆုံးရှုံးလာပါလိမ့် မယ်

(ပုံရိပ်စစ်)
Readmore »

ဝန်ကြီး ဦးစိုးသိန်းပြောတဲ့ "ဘယ်သူ့ကိုလာဘ်ပေးရလဲ တိတိကျကျပြော အရေးယူမယ်"

ယခုအခါ နိုင်ငံတော်တရား စီရင်ရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာ ပုဂ်္ဂိုလ်များရဲ့ စီးပွားရေးလုပ်ငန်း များ၊ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်  တကွ စာရင်းပြုစုပြီး နိုင်ငံတော်  သမ္မတထံပေးပို့ရမယ်လို့ နိုင်ငံတော်  သမ္မတရုံးမှ သက်ဆိုင်ရာ ပုဂ်္ဂိုလ် အသီးသီးထံ ညွှန်ကြားထားကြောင်း သိရပါတယ်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ နေ ပြည်တော်စက်မှုဝန်ကြီးဌာနအစည်း အဝေးခန်းမတွင် မီဒီယာတွေ့ဆုံ ပွဲ၌စက်မှုဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ““ဘယ်သူ့ကို လာဘ်ပေးရတယ်ဆိုတာ တိတိ ကျကျပြော၊သိပ်တိကျရင် မနက်  ဖြန်ကျွန်တော်အရေးယူမယ်။  ကျွန်တော့်ကိုလာဘ်ပေးရတယ် ဆိုရင်လည်းကျွန်တော့်ကိုယ်ကျွန်တော်  အရေးယူမယ်။မီဒီယာတွေအနေနဲ့  ကျွန်တော်တို့ဆောင်ရွက်နေတာ မှန်ကန်ရင် ကူညီကြပါ။အာပေး ကြပါမှားနေတယ်ဆိုရင်လည်းတည့် မတ်ပေးကြပါ။ဒါပေမမဲ့ ကျွန်တော်   တို့လာဘ်စားနေတယ်လို့တော့ ရမ်းမလုပ်လိုက်ကြပါနဲ့။ကျွန်တော်  လာဘ်ယူရင် ကျွန်တော်ထွက်ပါ မယ်။ဒီလိုပဲ ကျွန်တော့်မိတ်ဆွေ ၀န်ကြီးတွေ၊ကျွန်တော့အဖွဲ့သား တွေလာဘ်ယူရင်လည်းအရေးယူဖို့  အတွက် နိုင်ငံတော်သမ္မတကြီးကို  တင်ပြသွားမှာပါ။””ဟု ရဲရဲဝံ့ဝံ့ပြော ကြားသွာသည်။
ထို့အပြင် ပြည်ထောင်စုဝန် ကြီး ဦစိုးသိန်းက ကျွန်တော့်ရဲ့  ပိုင်ဆိုင်မှုတွေကို အချိန်မရွေးပေး နိုင်ကြောင်းနှင့် ပြည်ထောင်စုဝန် ကြီး ဦးအောင်မင်း ၊၊ပြည်ထောင်စုဝန်   ကြီး ဦးခင်ရီတို့ကလည်း မိမိတို လာဘ်စားမိပါက မိမိတို့ကိုယ်တို င်နှုတ်ထွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည့်အပေါ် ပြည်သူ လူထုက အလွန်သဘောကျနှစ်  ခြိုက်ခဲ့ကြောင်းလည်းသိရသည်။

Readmore »

၂၀၁၂ခုနှစ်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဆောင်း ပါးပြိုင်ပွဲ ဆရာ၊ဆရာမများပါဝင်ယှဉ်ပြိုင်ရန်ဖိတ်ခေါ်



အောက်တိုဘာလ (၅) ရက်တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၁၂ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ် ဆရာဆရာမများ ဆောင်ပါးပြိုင်ပွဲကို အဆင့်မြင့် ပညာအဆင့်၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အဆင့်ဟူ၍ အဆင့်လေးဆင့် ခွဲကာ ကျင်းပမည်ဟု သိရှိရသည်။

တက္ကသိုလ်၊ ကောလိပ်များမှ ဆရာ၊ ဆရာမများနှင့် အငြိမ်းစား ဆရာ၊ ဆရာမများသည် အဆင့်မြင့်ပညာအဆင့်တွင် လည်းကောင်း၊ မြို့နယ် ပညာရေးမှူးနှင့် အထက်အဆင့်ရှိ အရာထမ်းများ၊ အခြေခံပညာ ကျောင်းအုပ်ကြီးများ၊ အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြများနှင့် အငြိမ်းစားဆရာ၊ ဆရာမများသည် သက်ဆိုင်ရာ အခြေခံပညာအဆင့်တွင်လည်းကောင်း ပါဝင်ယှဉ်ပြိုင်နိုင်သည်။
ဆောင်းပါး ခေါင်းစဉ်မှာ “ပညာမြင့်မှ လူမျိုးတင့်မည်” ဖြစ်ပြီး စာလုံးရေ ၃၀၀၀ မှ ၄၀၀၀ အတွင်း ရေးသားရမည်။
စာမျက်နှာ တစ်ဖက်တည်းတွင်သာ ရေးသားရန်၊ စာမျက်နှာ အမှတ်စဉ်တပ်ရန်နှင့် စာမူနောက်ကျောတွင် ရေးသူအမည်၊ ပညာအရည်အချင်း၊ ရာထူးနှင့် ကျောင်း/အိမ်လိပ်စာကို ဖော်ပြရန်ဖြစ်ကြောင်း သိရသည်။
စာမူနှစ်စောင်၊ ကိုယ်တိုင်ရေးသားကြောင်း ဝန်ခံချက်၊ ကိုယ်ရေးအကျဉ်းနှင့် ရောင်စုံလိုင်စင်ဓာတ်ပုံ (တစ်လက်မခွဲ၊ နှစ်လက်မ) သုံးပုံတို့ကို စာအိတ်တွင် လုံခြုံစွာ ထည့်သွင်းပြီး ဒေါ်ခင်ဝေမြင့် ကျောင်းအုပ်ကြီး ရန်ကင်း ပညာရေးကောလိပ်၊ ရန်ကုန်မြို့သို့ စက်တင်ဘာလ (၁၄) ရက် နောက်ဆုံးထား ပေးပို့ရမည်ဟု သိရှိရသည်။
Readmore »

လက်တွေ့ကွင်းဆင်းသတင်းမယူပဲ လေဖမ်းတရားနာ သတင်းရေးတဲ့ သတင်းထောက်တစ်ဦး

တချို့များ အင်တာနက်လေးသုံး နိုင်ငံတကာသတင်းတွေဖတ်တတ်တာနဲ့ ဘာသာပြန်တတ်တာနဲ့ ကင်မရာလေး လက်ထဲရောက်လို့ ဟိုရိုက်ဒီရိုက် ရိုက်တတ်တာနဲ့ မြန်မာနိုင်ငံမှာ သတင်းထောက်ဖြစ်တယ်။
ပြောလိုက်ရင် စတုတ္တမဏ္ဍိုင်လေး ဘာလေးနဲ့ သတင်းထောက်ကျင့်ဝတ်ဆိုတာ ဘာလဲ မေးလိုက်ရင် ခွေးအ ကြီးတွေ ကားတတ်ကြိတ်တာခံရတယ်..တ အီ အီနဲ့..။သတင်းထောက်လောကရဲ့ ဆောင်ပုဒ်က ဘယ့်နှယ်..လူကို ခွေးကိုက်တာ သတင်းမဟုတ်ဘူး..ခွေးကို လူကကိုက်တာ သတင်းဆိုမှတော့ သွားပြီပေါ့ ။
လစ်ပြီလေ ။ တစ်ချို့များ အစိုးရ ဟာကွက်လေးများ ဆိုးကွက်လေးများ ပြောနေ ရေးနေ မှတ်တမ်းတင်နေရရင်ကို သူကိုယ်သူ သတင်းထောက် ဂုရုကြီးလိုလို ဘာလိုလိုနဲ့...ပြောလိုက်ရင် ပိတ်ပင်တယ်တို့ တားဆီးတယိတို့နဲ့..မနက်မိုးလင်းတိုင်း မှန်ကြည့်..ည အိပ်တိုင်း စဉ်းစား..ငါကရော မီဒီယာ သမားစစ်စစ် ပီသပါရဲ့လားဆိုတာ...။ လမ်းလျှောက်တိုင်းလည်း ၃ လှမ်းတစ်ခါလောက် မြီးငြောင့်ရိုး ပြန်စမ်းကြည့်ပါ...အမြီးထွက်ပြီး..တခွီးခွီးနဲ့ မျောက်ဖြစ်သွားမှာစိုးလို့ပါ ..။

Readmore »

အမေရိက မှ အမေရိက ဖြစ်နေသူတွေ ဒါတွေကိုရောသင်သိပါရဲ့လား


ငါ့ကို ရိုက်ယင် ငါ့ရန်သူလို့ အတည့်အတိုင်း မတွေးပါနဲ့။
ဘာဖြစ်လို့ ရိုက်တာလဲ- ငါအရိုက်ခံရယင် ဘယ်သူ အကျိုးရှိမလဲ၊
ငါက ဘယ်သူက ရိုက်တယ်လို့ ထင်မလဲ။
ငါက တုန့်ပြန်ယင် နောက်ဆက်တွဲ ဘာတွေ ဖြစ်မလဲ စသဖြင့်-

အားလုံးကို တွေးပါ။ ဆင်ခြင်ပါ။

ဘာဖြစ်လို့လဲ ဆိုတော့-

အင်မတန် အင်အားကြီးတဲ့ လူအဖွဲစည်း တစ်ခုဟာ- အင်မတန် မြင့်မားတဲ့ ဥာဏ်ရည်၊ အင်မတန် စေ့စပ်စွာနဲ့ တကမ္ဘာလုံးကို အကွက်ချ ဆောင်ရွက်နေတာတွေကို တွေ့ရပါမယ်။

မြန်မာ နိုင်ငံဟာ တစ်ခု အပါအ၀င်ပါ။

သူတို့ဟာ- စစ်တုရင် ထိုးသလို- အကွက်ပေါင်း များစွာ နဲ့ ဖြစ်နိုင်သမျှ အားလုံးကို ကြိုတွေး ထားပြီး ဖြစ်ပါတယ်။

အရေး အကြီးဆုံး အချက်က- လူတစ်ဦး တစ်ယောက်၊ နိုင်ငံ တစ်နိုင်ငံ လို့ မမြင်လိုက်ပါနဲ့..

ဒီအကြောင်းတွေကို အယင်ကတည်းက ပြောပြချင်ပေမယ့်- အများစု က လက်ခံ နားလည် နိုင်မှာ မဟုတ်လို့ ပြောခွင့်မသာ ခဲ့ပါဘူး။

အခုဆိုယင် အနောက်နိုင်ငံ မီဒီယာ တွေရဲ့ အကျင့်စရိုက်မှန်ကို မြန်မာ နိုင်ငံသားများ အတိုင်းအတာ တစ်ခု အထိ သိလာပြီ ဖြစ်လို့ ယခု စာပါ အကြောင်းတွေကို နားလည်မယ်လို့ ယူဆပါတယ်။

လက်ရှိ မြန်မာ နိုင်ငံက ဘင်္ဂါလီ ပြဿနာဟာ- အစလေး တစ်စ လောက်သာ ဖြစ်ပြီး နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်သလဲ ဆိုတာကို ယခု ဆောင်းပါးကို သေသေချာချာ ဆင်ခြင် နိုင်ယင် တွေ့လာရ ပါလိမ့်မယ်။

ဖြစ်လာမယ့် အန္တရာယ်ကို ကာကွယ်နိုင်မယ့် တစ်ခုတည်းသော လမ်းကို အောက်ဆုံးမှာ ဖေါ်ပြပေးထားပါတယ်။

အပိုင်းပိုင်း ခွဲခြားပြီး ချယ်လှယ်ခြင်း ၀ါဒ မူ (Divide and Rule)

လမ်းမတော် ဘတုတ်၊ မြောင်းမြ ချက်ကြီး၊ ကြည့်မြင့်တိုင် ရန်ကနား၊ ပုဇွန်တောင် ငမိုး စတဲ့ လူမိုက်ဂိုဏ်း အသီးသီးကို ရန်ကုန်မှာ ချယ်လှယ် အုပ်ချုပ်ခိုင်းတဲ့ အချိန် အတွင်းမှာ- ဗြိတိသျှ လက်အောက်မှာ ရှိတဲ့- ဟောင်ကောင်မှာလည်း 14K ၊ The Sun Yee On၊ The Wo Shing စတဲ့ ဂိုဏ်းပေါင်း ၅၀ ကျော်လောက် ရှိခဲ့ပါတယ်။
ဗြိတိသျှ လက်အောက်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့ အချိန်မှာ- ကရင် တိုင်းရင်းသား တွေကို လက်နက်တွေ ပေးပြီး အိမ်ကြက်ချင်း အိုးမဲ သုတ် သတ်ခိုင်း ခဲ့သလို၊ ရခိုင်ဒေသ က မူဂျာဟေဒင် သူပုန်တွေကို လက်နက်တွေ ပေးထားခဲ့ပါတယ်။

ဒီလိုပဲ- အိန္ဒိယ မှာ လွတ်လပ်ရေး ရတာနဲ့ အိန္ဒိယ နဲ့ ပါကစ္စတန် ကွဲထွက်၊ ဘာသာရေး အထိကရုဏ်းကြောင့် လူပေါင်း သိန်းနဲ့ချီ သေဆုံး ကြရပါတယ်။
ဒီလိုပဲ- အာဖရိက နိုင်ငံတွေမှာ- လွတ်လပ်ရေး ရပြီးတာနဲ့ စားစရာ ထက် ပိုပေါ တာက သေနတ်တွေ ဖြစ်နေပြီး- လူမျိုးစု အချင်းချင်း သတ်ဖြတ်ကြနဲ့- အစိတ်အစိတ် အမွှာမွှာ ကွဲထွက် ခဲ့ရပါတယ်။
လူသန်းပေါင်း များစွာ သေဆုံးပြီး- မြန်မာ ပြည်မှာ ရှေးစိန် လို့ လူသိများတဲ့ - အာဖရိက စိန် ကို ကမ္ဘာကျော် ဒီဗီးယား စိန်ကုမ္ပဏီ ကြီးက- စိန်ဘိုး တန်ရာ တန်ကြေး ပေးစရာမလိုပဲ- ဒေသခံတွေကို ကျွန်အဖြစ် ခိုင်းတဲ့ အာဏာရ သူပုန် အဆင့်ဆင့် လက်ထဲကနေ အလကား နီးပါး ရပြီး- ကမ္ဘာ့ စိန်ဈေးကွက် ကို တစ်ဦးတည်းပိုင် ကြီးစိုး ထားပါတယ်။

လုပ်ပိုင်ခွင့် ရှိသူတွေကို လာဘ်ပေးရတာက လွဲလို့ အဲဒီ တိုင်းပြည်ကို ပေးရမယ့် တန်ရာတန်ကြေး စိန်ဘိုး နဲ့ ဒေသခံ တွေရဲ့ လုပ်အားခ ကို - အလကား နီးပါး ရပါတယ်။ စိန်အလုပ် သမားဟာ- တစ်ခြား လုပ်စရာမရှိလို့ လုပ်ရတဲ့ အလုပ်သမား ဖြစ်ပြီး မ၀ရေစာ နေ့စားခ ပဲ ရပေမယ့်- အထွက်မှာ တစ်ကိုယ်လုံးက ဒွါရ ကိုးပေါက် စလုံးကို အစစ်ခံကြ ရပါတယ်။ တိုင်းပြည် အတွက် တန်ရာတန်ကြေး ရမည် ဆိုယင်- ဒီဘ၀ ရောက်စရာ မရှိပါဘူး။
ကမ္ဘာ့ ရေနံ အများဆုံး စာရင်းမှာ အမှတ် ၁၁- ဖြစ်ပြီး၊ ရေနံကို ပြည်ပ ပို့ရောင်းတဲ့ နေရာမှာ အဆင့် ၈- နေရာမှာ ရှိတဲ့ နိုင်ဂျီးရီးယား နိုင်ငံ သားတွေဟာ- လူလိမ်တွေ။ သူခိုး ဂျပိုးတွေ အဖြစ်နဲ့ ကမ္ဘာမှာ လူသိများနေကြရပါတယ်။ ဒါတွေ အတွက် ညံ့ဖျင်းတဲ့ အစိုးရ၊ အကျင့်ပျက် အရာရှိတွေ အာဏာရပြီး၊ ရိုးသား သူ အရည်အချင်း ရှိသူ ခေါင်းဆောင် တွေကို ဘယ်သူက လက်စတုန်း၊ ဘ၀တုန်း ပေးလိုက်တယ် ထင်ပါသလဲ။

Readmore »

NLD ပါတီဝင်များ ၄င်းတို့ပါတီကိုပြန်လည် ဆန္ဒပြပြီ

၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့  နေ့လည် ၁၂း၀၀ ချိန်မှာ မြောင်းမြမြို့၊ NLD ပါတီက ဦးမြင့်ကျော်ဦးဆောင်ပြီးတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးက ၁၁ ရက်နေ့ညမှာ လာရောက်ပူးပေါင်းကြတဲ့ ပါတီဝင်များနဲ့ စုစုပေါင်း အင်အား (၅၀၀)ခန့်ဟာ ယနေ့ မြောင်းမြမြို့၊ မြို့နယ်ပါတီရုံးကနေစပြီးတော့ မြို့ကို ပတ်ကာ ဆန္ဒပြခဲ့ပါတယ်၊ ဆန္ဒပြတဲ့သူတွေက ပင်နီတိုက်ပုံဝတ်ဆင်ထားပြီးတော့ သူတို့ရဲ့လက်ထဲမှာ ”ပွဲလှန့်ဖျာခင်း၊ စရိုက်ပျက် အကျင့်ပျက် အကျင့်တန် တို့လက်မခံ၊ ပါတီထဲက မောင်းထုတ်ကြ
 “တပည့်မွေး ဆရာမွေး တိုက်ကျွေးစည်းရုံးသူ အလိုမရှိ
 “ပါတီသန့်စင်ဖို့ နိုင်ငံရေး မိတ်စ္ဆာတွေမောင်းထုတ်ကြ “ 
ပါတီအတွင်းဝင်မွှေဆုံးမတွေကို (မြင်အောင်ကြည့်ကြ) မိအောင်ဖမ်းကြ။စတဲ့ ဆိုင်းဘုတ်များကိုင်ဆောင်ကြွေးကြော်ခဲ့ပါတယ်. ။

သူတို့ဆန္ဒပြရတဲ့ရည်ရွယ်ချက်ကတော့ ပါတီအတွင်းမှာ သဘောထားကွဲလွဲမှုတွေဖြစ်နေပြီးတော့ လက်ရှိ ပါတီညီလာခံကျင်းပရေးကော်မရှင်ဖွဲ့စည်းမှုမှာလဲ ခေါင်းဆောင်ပိုင်း ရွေးချယ်မှုတွေမှာ ပါတီဝင်တွေရဲ့ သဘောထား ဆန္ဒမရယူဘဲ ဒီမိုကရေစီနည်းလမ်းမကျဘဲ ရွေးချယ်ခဲ့တဲ့အတွက် ယခုလို ဆန္ဒပြရခြင်းဖြစ်ကြောင်းနဲ့ လက်ရှိ ပါတီရုံးပြုလုပ်ထားတဲ့နေရာ မြောင်းမြမြို့၊ (၄)ရပ်ကွက်၊ ဦးဘချိုလမ်းနေ ပါတီဝင် ဦးစိုးမင်းနေအိမ်ကနေပြီးတော့ (၅)ရပ်ကွက်၊ ဦးဘချိုလမ်းမှာရှိတဲ့ လက်ရှိမြောင်းမြမြို့နယ်၊ ညီလာကျင်းပရေးကော်မရှင် ဥက္ကဌ ရှေ့နေ ဦးရန်နိုင်နေအိမိကို ပြောင်းရွှေ့ခဲ့တာကိုလည်း ပါတီဝင်တွေရဲ့ ဆန္ဒရယူခြင်းမရှိခဲ့ဘူးလို့ သိရှိရပါတယ်၊ မြောင်းမြမြို့နယ်၊ NLD ပါတီအနေနဲ့ 2012 ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဝင်ရောက်ဖို့အတွက် ပါတီဝင်တွေက နိုင်ငံရေးစိတ်ဝင်းစားသူ နိုင်ငံရေးအတွေ့အကြုံရှိသူ ၁၉၉၀ အရွေးချယ် ကိုယ်စားလှယ် ဖြစ်တဲ့ ဦးစိုးမင်းကို ထောက်ခံခဲ့ပေမယ့်.. ပါတီခေါင်းဆောင်ပိုင်းတွေက ငွေကြေးချမ်းသာတဲ့ ဒေါ်ခိုင်ဇင်ဦး(ရှေ့နေ ဦးရဲနိုင်တပည့်)ဖြစ်သူကို ရွေးချယ်ခဲ့ခြင်းများ လည်းရှိခဲ့ပါတယ်၊ ဒါကြောင့်လဲ ပါတီဝင်များအကြားမှာ သဘောထားကွဲလွဲမှုများရှိ ခဲ့တယ်လို့သိရပါတယ်။
 

ယခုအခါမှာတော့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက NLD ပါတီဝင်တွေအနေနဲ့ သူတို့မြို့နယ်မှာလည်း ယခုလို ပါတီတွင်း ဒီမိုကရေစီကျကျ မလုပ်ဆောင်မှု၊ ဒေါ်စုကြည်ကိုယ်တိုင် ဒီမိုကရေစီနည်းလမ်းအတိုင်းကျင့်သုံးရန် ပြောဆိုနေသော်လည်းမြို့နယ် ပါတီမှ လူကြီးများက သူတို့သဘောဆန္ဒအတိုင်း ဆောင်ရွက်နေခြင်းများ၊ ပါတီဗဟိုမှ လူကြီးအချို့ရဲ့ သဘောဆန္ဒများအား ကျေနပ်မှုမရှိတဲံအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိတိဲ့၊ ပုသိမ်၊ ဟင်္သာတ၊ ဖျာပုံ၊ မအူပင် စတဲ့ မြို့ကြီးများမှာပါ ဆန္ဒပြမယ်၊ ရှု့ချပွဲတွေပြုလုပ်မယ်လို့ သိရပါတယ်။

NLD ပါတီဝင်တွေက သူတို့ပါတီမှာ သဘောာထားကွဲလဲနေတဲ့အတွက် ပါတီတွင်းသဘောထားကွဲလွဲမှုတွေရှိခဲ့တာကို လူကြီးတွေက ဒီမိုကရေစီနည်းလမ်းကျကျ မလုပ်ဆောင်ခြင်းနဲ့ ဒီမိုကရေစီ လိုလားသူ ဒေါ်စုကြည်ကိုယ်တိုင်း ဒီမိုကရေစီနည်းလမ်းမကျတာတွေ ရှိတဲ့အတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ မြို့နယ် အသီးသီးက ပါတီဝင်တွေက လည်းသက်ဆိုင်ရာမြို့နယ်များ မှာ ဆန္ဒပြသွားဖြစ်ကြောင်း၊ ဒေါ်စုက ဒီကိစ္စကို ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းပေးမှာလဲ..

လူနည်းစုဖြစ်တဲ့ ဒီပါတီအတွင်းမှာတောင် ငြိမ်သက်အောင်၊ ညီညွတ်အောင် မအုပ်ချုပ်ချုပ်နိုင်ရင် မြို့နယ်အသီးသီး၊ တိုင်းအသီးအသီးက ပြည်သူလူထုတွေကို ဘယ်လို ကောင်းအောင် အုပ်ချုပ်မလဲ.. တခြားနိုင်ငံတွေနဲ့ရော ဘယ်လို အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံမှာလဲ.. ဒီလို မညီညွတ်မှုများရှိနေတဲ့အတွက် အခြားပါတီတွေမှ ၄င်းတို့ပါတီအား အထင်အမြင်သေးနေပြီဖြင့်သဖြင့် ပါတီဝင်များမှလည်း နှုတ်ထွက်သွားမည်ဖြစ်ကြောင်း ပါတီဝင်များက ပြောကြားခဲ့ကြပါတယ်။
________________________________________________________________________ 
Readmore »

Aug 10, 2012

အင်တာနက်လိုင်းပါသည့် မိုဘိုင်းလ်ဖုန်းများ တစ်ရက်လေးဒေါ်လာနှုန်းဖြင့် ငှားနိုင်

အင်တာနက်လိုင်းပါ SIM Card များကို ငှားရမ်းမည်ဆိုပါက စပေါ်ငွေ အမေရိကန်ဒေါ်လာ ၁ဝဝ ပေးချေပြီး ငှားရမ်းခအဖြစ် တစ်နေ့အမေရိကန် ဒေါ်လာလေးဒေါ်လာ ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

အင်တာနက်လိုင်း မပါသော SIM Card များငှားရမ်းမည်ဆိုပါက အမေရိကန်ဒေါ်လာ ၅ဝ နှင့် ဟန်းဆက် ငှားရမ်းမည်ဆိုပါက အမေရိကန်ဒေါ်လာ ၅ဝ ကို စပေါ်ငွေအဖြစ် ပေးချေရမည်ဖြစ်ကြောင်း၊ လိုင်းမပါ သော SIM Card များကို တစ်နေ့ငှားရမ်းခ အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာ၊ ဟန်းဆက်ငှားရမ်းခ တစ်နေ့အမေ ရိကန်ဒေါ်လာ နှစ်ဒေါ်လာဖြစ်ကြောင်း သိရသည်။

Readmore »

အင်တာနက်မှ ချစ်သူချင်း အနမ်းတုံပြန်နိုင်စွမ်းရှိသည့်ကိရိယာနှင့်ဆော့ဝဲလ်အား ဂျပန်တီထွင်ခဲ့

အင်တာနက်ပေါ်မှ တစ်ဆင့် အနမ်းချင်းဖလှယ်နိုင်သော ကိရိယာကို ဂျပန်ကျောင်းသားတစ်ဦး စတင် ဝေးကွာနေသော ချစ်သူစုံတွဲများ အင်တာနက်ပေါ်မှ တစ်ဆင့် နှုတ်ခမ်းခြင်း ထိကပ်နမ်းနိုင်သော ကိရိယာတစ်ခုကို သိပ္ပံဘွဲ့ရ ဂျပန်ကျောင်းသား တစ်ဦးက တီထွင်လိုက်ကြောင်း Daily Mail သတင်း အရ သိရသည်။ အဆိုပါကိရိယာလေးသည် အသက်ရှူထုတ်ခိုင်း၍ အရက်သေစာ သောက်စားထားခြင်း ရှိမရှိ စစ်ဆေးရန် ယာဉ်ထိန်းရဲများ အသုံးပြုကြသော breathalyser ကိရိယာနှင့် ဆင်တူသလို ခလုတ်ခုံလေးတစ်ခုနှင့် ပါးစပ်အတွင်း ငုံရသော ကော်ချောင်းတစ်ချောင်း ပါရှိသောကြောင့် ကလေးရေဘူးတစ်ခုနှင့်လည်း ဆင်တူသည်ဟု ဆိုနိုင်သည်။

အသုံးပြုမည့် သူနှစ်ဦးစလုံး၌ အဆိုပါ ကိရိယာမျိုး ရှိနေရန် လိုအပ်ပြီး အင်တာနက်မှ တစ်ဆင့် သက်ဆိုင်ရာ ဆော့ဖ်ဝဲလ်နှင့် ချိတ်ဆက်ရမည် ဖြစ်သည်ဟု သိရသည်။ ထိုသို့ ချိတ်ဆက်ပြီးလျှင် ပါးစပ်အတွင်း ငုံထားသော အဆိုပါ ကော်ချောင်းငယ်ကို တစ်ဦးက လျှာဖြင့် တို့ထိ လှည့်ပတ်လျှင် တစ်ဖက

်လူ၏ ပါးစပ်အတွင်းရှိ ကော်ချောင်းလေးကလည်း တူညီသော ပုံစံဖြင့် လှုပ်ရှားလည်ပတ်မည် ဖြစ်ပြီး အနမ်းနှင့် အနီးစပ်ဆုံး တူသော ခံစားမှုကို အပြန်အလှန် ပေးစွမ်းနိုင်မည် ဖြစ်ကြောင်း သိရသည်။
၎င်း၏ တီထွင်မှုသည် လူလူချင်း အပြည့်အ၀ ထိတွေ့မှု ရှိသော အင်တာနက်အတွေ့အကြုံ (full person-to-person web experience) များ၏ ပထမ အစဦးဖြစ်ကြောင်း၊ လူကြိုက်အထူးများသော ကျော်ကြားသူများ (ဥပမာ ဂျတ်စတင်ဘီဘာ) ၏ အနမ်းကို သူ၏ ချစ်ပရိသတ်များအတွက် မှတ်တမ်းတင်ထားကာ ဖြန့်ဝေပေးနိုင်မည် ဖြစ်သလို ဝေးကွာနေသော ချစ်သူစုံတွဲများအတွက် အလွမ်းပြေ အတွေ့အကြုံ ပေးနိုင်မည်ဖြစ်သောကြောင့် တစ်ကမ္ဘာလုံး လူကြိုက်များကြမည်ဟု မျှော်လင့်ထားကြောင်း တီထွင်သူ ကျောင်းသား နိုဘူဟီရို တာကာဟရှိက ပြောပြခဲ့သည်။



လက်ရှိ၌ You Tube ဗီဒီယိုဝက်ဘ်ဆိုက်ပေါ်၌ ၄င်းကိုယ်တိုင် သရုပ်ပြရိုက်ကူးထားသော အနမ်းပို့လွှတ်ခြင်းကိရိယာ အသုံးပြုခြင်း ဗီဒီယိုဖိုင်မှာ လူကြိုက်များ နေကြောင်း အင်တာနက်သတင်းများ အရ သိရသည်။ ၄င်း၏ တီထွင်မှုကြောင့် မကြာခင် ကမ္ဘာတစ်လွှားတွင် e-kiss ဟူသောစကား ခေတ်စားလာဖွယ် ရှိလေသည်။

Readmore »

မလေးရှားမှာ ဗမာကို လှည်လှီးသတ်တဲ့ မြန်မာပြည်ပေါက် ကုလားတွေ

ဒီလ ဩဂုတ်လ ၈ရက်နေ့က မလေးရှားနိုင်ငံ ရှားအလမ်မှာ ဗမာတစ်ယောက်ကို သူအလုပ်လုပ်တဲ့ ဝပ်ရှော့ရှေ့မှာ လူတစ်စုက လည်လှီးပြီးသတ်သွား ခဲ့ပါတယ် လို့မျက်မြင် သက်သေတွေထွက်ဆိုချက်အရသိရပါတယ်။

ဒီပုံကတော့ ဗမာတိုင်းရင်းသားကို လည်လှီးသတ်သွားတဲ့ မြန်မာပြည်ပေါက် ကုလား စူလ်တန် ပဲ ဖြစ်ပါတယ်
 ကျူးလွန်ရာမှာ အသုံးပြုတဲ့ဓားကတော့ မှူခင်းဖြစ်တဲ့နေရာမှာဘဲတွေ့ခဲ့ပါ တယ်။ အနီးနားက ဘဏ်မှာတပ်ဆင်ထားတဲ့ လုံခြုံရေး ကင်မရာကနေ ရရှိခဲ့တဲ့ ဗွီဒီယိုအထောက်အထားမှ တဆင့် ဆက်စပ်ပြီး အမှူကျူးလွန်ရာမှာပါဝင်ခဲ့တယ်လို့ယူဆရတဲ့ မြန်မာနိုင်ငံ သားခြောက်ယောက်ကိုလည်း အဲဒီနေ့ညနေ ၇နာရီက နေ ၁၁နာရီအတွင်းမှာဖမ်းဆီးခဲ့ပါတယ်။ လက်ရှိမှာ တာဝန်ရှိသူများက ကျန်ရှိနေသေးတဲ့ အသက်နှစ်ဆယ်ဝင်းကျင်ရှိ (ပုံပါ) မြန်မာနိုင်ငံသား "စူလ်တန်" ဆိုသူကို ဒီအမှူအတွက် ရှာဖွေနေဆဲဖြစ်ပါတယ်။ သူနဲ့ပါတ်သက်လို့သတင်းပေးလိုပါက ရှားအလမ်ရဲစခန်း ၀၃-၂၀၅၂ ၉၉၉၉ ကိုဆက်သွယ် သတင်းပေးနှိုင်ပါတယ်။
 

Readmore »

Freedom News Group သတင်းအမှားဖြင့် ပြည်သူတွေကို လှည့်ဖြားဖို့ကြံ

သမ္မတ၏ နှုတ်ထွက်ရန် ဖျောင်းဖြမှုကို ဦးကျော်ဆန်း လက်မခံ ဆိုတဲ့ ခေါင်းစဉ်တဲ့ ဒီနေ့မှာ Freedom News Group ၀က်ဘ်ဆိုက်ကနေ တင်လာတဲ့ သတင်းကို Facebook မှာ ဖြန့်နေတာတွေ့ရလို့ အဲဒီ သတင်းဟာ မှန်ကန်မှု မရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ၀န်ထမ်း တစ်ဦး အနေနဲ့ အခုလို ရှင်းလင်း တင်ပြလိုက်တာ ဖြစ်ပါတယ်။

အဲဒီ သတင်းမှာ “အစိုးရ ရုံးစိုက်ရာ နေပြည်တော်မြို့၏ သမ္မတအိမ်တော်တွင် သမ္မတ ဦးသိန်းစိန် က ၀န်ကြီး ဦးကျော်ဆန်းအား ဖိတ်ခေါ်ပြီး နှုတ်ထွက်ပြီး အနားယူရန် တိုက်တွန်း သော်လည်း ဦးကျော်ဆန်း က ငြင်းဆန်ခဲ့သည်” လို့ ဖော်ပြပါရှိပါတယ်။

FNG ရဲ့ သတင်းမှားများ

တကယ်တော့ ကျွန်တော်တို့ဝန်ကြီးဌာနရဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းဟာ မနက် ၉ နာရီခွဲမှာ ယဉ်ကျေးမှု ၀န်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ ၀ါဆိုသင်္ကန်း ဆက်ကပ်ပွဲကို တက်ရောက်လှူဒါန်းမှုပြုလုပ်ပြီး အဲဒီက ပြန်လာတော့ နေ့လည် ၁၂ နာရီခွဲကနေ ၁နာရီခွဲ အထိ ပြန်ကြားရေးဝန်ကြီးဌာန Call ခန်းမှာ မြောက်ကိုရီးနိုင်ငံ သံအမတ်ကြီးနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံ ယဉ်ကျေးမှုနဲ့ မီဒီယာ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေး မှု ပြုလုပ်ခဲ့ပါတယ်။

 အဲဒီ ဆွေးနွေးပွဲ ပြီးပြီးချင်း ပြည်ထောင်စုဝန်ကြီးဟာ ၀န်ကြီးအားလုံးတက်ရောက်ရတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ (ကတ်ဘိနက်) အစည်းအဝေးကို နေ့လည် ၂ နာရီမှာ တက်ရောက်ခဲ့ပြီး ညနေ ၄ နာရီမှာ အစည်းအဝေးပြီးလို့ ရုံးကို ပြန်လာ၍ ရုံးလုပ်ငန်းတွေကို လုပ်ဆောင်ပါတယ်။ အခု ဒီဖြေရှင်းချက်ကို ရေးနေတဲ့ အချိန်အထိ ကျွန်တော် တို့ရဲ့ ပြည်ထောင်စုဝန်ကြီးဟာ ရုံးမှာ ရှိနေပါသေးတယ်။ ဒါကြောင့် Freedom News Group ၀က်ဘ်ဆိုက်ကနေ တင်တဲ့ သတင်းနဲ့ အခု Facebook မှာ ပြန့်နှံ့နေတဲ့ ဒီနေ့ နေ့လည် ၂ နာရီမှာ သမ္မတကြီးက ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းကို ခေါ်တွေ့ပြီး နှုတ်ထွက်ရန် ဖျောင်းဖြတယ်ဆိုတဲ့ သတင်းဟာ သတင်းမှားကြီး ဖြစ်ပြီး လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ အစိုးရအဖွဲ့ အတွင်းမှာ ထင်ယောင်ထင်မှားတွေ ဖြစ်အောင် လုပ်ကြံဖန်တီးတဲ့ သတင်းသာ ဖြစ်ကြောင်း ရှင်းလင်း တင်ပြလိုက်ရပါတယ်။

( ဦးမြင့်ကျော် ဒုတိယညွှန်ကြားရေးမှူး )
_________________________________________________________________________
Readmore »

မောင်တောဒေသတွင် ဘင်္ဂလီများက ရခိုင်များကို ၀ိုင်းရိုက်သတ်နေသော ဗီဒီယိုဖိုင် ထွက်ပြီ


Readmore »

နိုင်ငံခြားသားကိုယူရတာ ဂုဏ်ယူတဲ့ ညီမငယ်များအတွက်


နိုင်ငံခြားသားကို ရတာ ဂုဏ်ယူတယ်ဆိုတဲ့ ညီမငယ်တွေ
စောင့်လေမျိုးနွယ် ဆိုတဲ့ စကားလုံးကို မသင်ပေးနိုင်တဲ့ အိမ်က အမေ့ကို ပြန်ပါးရိုက်လိုက်ကြပါ ။
အဲလိုမိန်းကလေးတွေကို မိမိ ပတ်ဝန်းကျင်မှာရှိရက်နဲ့ တားဆီးနိုင်တဲ့ ဆုံးမနိုင်တဲ့ အခွင့်ရှိပါလျှက်နဲ့ မပြောမဆိုမတားမဆီးတဲ့အပြင် မြှောက်ပေးတဲ့ မြန်မာမ လေးများလည်း ကိုယ့်ရုပ်ကို ဒါးနဲ့လှီးထုတ်ပါ ။မြန်မာ ပြည်ကို ကျောခိုင်းပြီး နိုင်ငံခြားသား ခံယူပါ ။ မြန်မာမှန်လျှင် မြန်မာဂုဏ်နဲ့ မြန်မာမျိုးကို ထိန်းပါ ။

Readmore »

Aug 9, 2012

မြန်မာမတွေ နိုင်ငံခြားသားကိုယူတာ ဂုဏ်ယူကုန်ကြပြီ

ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်မသွားမှတော့ နောက်နွားတွေလည်း ဘယ်သွားတော့မလဲလေ..
နိုင်ငံခေါင်းဆောင် ဖခင်ကြီးရဲ့သမီးရင်းက စောက်တလွဲလုပ်မှတော့ ခေတ်လူငယ်တွေ စောက်တလွဲတွေ
ဖြစ်ကုန်တာ သိပ်ရင်နာဖို့ကောင်းတယ်...။

အခုလည်း ခေတ်လူငယ် အသိမကြွယ်သေးတဲ့ ကလေးမတစ်ယောက် နိုင်ငံခြားသားယူတာ အားကျပါသတဲ့
သူငယ်ချင်းမိန်းကလေး မြန်မာမ တစ်ယောက်က နိုင်ငံခြားသားနဲ့Living Together ဖြစ်နေတာကို တားဆီး
ခြင်းမရှိပဲ သူကိုယ်တိုင် ဂုဏ်ယူဝမ်းပမ်းတသာ နဲ့ အဲဒီဓါတ်ပုံကိုယူပြီး ဖေ့ဘုတ်မှာ လိုက်ဖြန့်ပြီး ဓါတ်ပုံပြိုင်ပွဲ
ဝင်နေပါသတဲ့..Like ဆိုတဲ့ button ရအောင် များများယူပြီး ဆုလိုချင်ပါသတဲ့...မလုပ်ကောင်းမှန်း လုပ်ကောင်းမှန်း မသိပဲ အမျိုး ဘာသာ သာသနာ အကြောင်းနားမလည်တာလည်းဖြစ်နိုင်သလို စောင့်လေမျိုးနွယ်..ဆိုတဲ့ အသိတရားကို ထည့်မပေးနိုင်တဲ့ အမေတစ်ယောက်ကြောင့်လည်းဖြစ်နိုင်ပါတယ်...။ကိုယ်တိုင်တော့ ကြိးကြီးကျယ်ကျယ်တွေရေးပြီးနေတတ်ပေမယ့် မြန်မာအမျိုးသမီးတစ်ယောက်နိုင်ငံခြားသားနဲ့ ဒီလိုဖြစ်တာ
ဂုဏ်ယူစရာမဟုတ်မှန်းတော့ သိပုံမရသလို မြန်မာအမျိုးသမီးဖြစ်ရတာ ဂုဏ်ငယ်နေပုံရပါတယ်...မြန်မာ
အမျိုးသမီးတန်ဖိုးကို သေသေချာချာ မသိတော့တာ သေချာပါတယ်လေ..။

ဒါကတော့ အရှေ့တောင်အာရှ လူငယ်တွေ အများကြီးရှိနေတဲ့ အာဆီယံpage ထဲမှာ မြန်မာအမျိုးသမီးဆိုတာ နိုင်ငံခြားသားငမ်းငမ်းတတ်လိုချင်တာ..နိုင်ငံခြားသား ရရင်ဂုဏ်ယူတာ ဆိုပြီး ဖြန့်ဝေထားတဲ့ လင့်ခ်ပါ ..။
http://www.facebook.com/photo.php?fbid=306821056083548&set=a.306192416146412.66290.119499311482391&type=1&theater
ပြိုင်ပွဲဝင် ဓါတ်ပုံ
အောက်ပါပုံကတော့ ပြိုင်ပွဲဝင်ဓါတ်ပုံမဟုတ်ပါဘူး.သူမရဲ့ ဖေ့ဘုတ်မှာတင်ပြီးကြွားထားတဲ့ ပုံပါ..။
ဒါကတော့ နိုင်ငံခြားသားနဲ့ ဖြစ်နေတဲ့ မြန်မာကောင်မလေး အကောင့်ပါ..Nicki han ဖြစ်ပါတယ်..။http://www.facebook.com/nicki.han
သူမကတော့ ဒီလိုရေးထားပါတယ်..Name: Nicki Han.
Hometown : Yangon, Myanmar.
My current location is Seoul,South Korea.
'' This is a picture of my boyfriend and I, celebrating our anniversary
on Bagan Tower.Bagan Tower is located in Bagan, which is a sacred ancient city of Myanmar.
..။အောက်ပါပုံကတော့ ထိုကလေးမရဲ့ မိသားစုဝင်တွေဖြစ်ပါတယ် ။
ဒါကတော့ နိုင်ငံခြားသားနဲ့ရတဲ့သူသူငယ်ချင်းအတွက် ၀မ်းပမ်းတသာ ဂုဏ်ယူပြီး သူများတွေကိုပါ အားကျဖို့
ပြောဆို အတုယူမှားအောင် ဖြန့်ဝေနေတဲ့ကောင်မလေး လုပ်ရပ်ပါ..အဲဒီမှာ ကန့်ကွက်သူများရှိသလို တမင်ဆော်ကြောင်ပြီး ရေလိုက်ငါးလိုက်လုပ်တဲ့အပြင် အားပေးထားတဲ့ အမျိုးယုတ် ယောကျာင်္းလေး မိန်းခလေးတွေကိုပါ တွေ့ရပါ့မယ်..။





ဒါကတော့ ဖြန့်ဝေနေသူကောင်မလေးနဲ့ ဒီလိုလုပ်တာ မကောင်းကြောင်းပြောသူတွေကို ပြန်လည်ရန်တွေ့နေသူကောင်မလေး(မြန်မာစင်စစ်ပါ) ဖြစ်ပါတယ်..။
http://www.facebook.com/Thanzin.Cho94



အင်းပေါ့လေ....ရှေ့ဆောင် နိုင်ငံခေါင်းဆောင်ကြီးရဲ့ သမီးတော်ကမှ နိုင်ငံခြားသားယူပြီးနိုင်ငံခြားသားမှန်ရင် ရင်သပ်ကျောပွတ် ပေါင်ပွတ်ပြီး အာဘွားရှလူးနေမှတော့ ဘုမသိဘမသိကောင်မလေးတွေ အားကျကုန်တာ အနာဂတ်မြန်မာပြည်အတွက် ရင်လေးစရာပါ...။
                                 ဒီရှေ့ဆောင်နွားကမှ ဖြောင့်ဖြောင့် မသွားတာ
                        ဒီနွားတွေကလည်း ရှေ့နွား ခြေရာ လိုက်နင်းတာ အဆန်းလား

( မောင်မျက်မှန်)
___________________________________________________________________________
Readmore »

Aug 8, 2012

ကျေးရွာ (၁၈) ရွာမှ တစ်ရွာတယောက် KIA ထံ တပ်သားသစ် ပို့ဆောင်ရ

ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်းရှိ ကျေးရွာ (၁၈) ရွာမှ တစ်ရွာတယောက်နုန်း ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ထံ တပ်သားသစ် ပို့ပေးရကြောင်း ဒေသခံများက ပြောသည်။
မန်ဝိန်းကြီး ကျေးရွာ အုပ်စုအတွင်းမှ လူငယ် (၁၈) ဦးအား KIA တပ်ဖွဲ့ဝင်များ အခြေစိုက်ရာ ပန်ခမ်းကျေးရွာသို့  ရပ်ရွာလူကြီးများကိုယ်တိုင် သွားရောက် ပေးပို့ခဲ့ရသည်ဟု မန်ဝိန်းကြီး ဒေသခံ တဦးက အခုလို ပြောသည်။
“တစ်ရွာတယောက် မပေးလို့ကို မရဘူးလို့ ပြောတယ်။ ရွာလူကြီးတွေကနေ ရှာဖွေထားပေါ့။ မပေးရင် ရပ်ထဲရွာထဲဝင်ပြီး အနိုင်ကျင့်တာတွေလည်း ရှိတယ်။ အဲဒါနဲ ရွာလူကြီးတွေ စုပြီး သွားပို့ပေးလိုက်ရပြီ။ အားလုံး (၁၈) ယောက်။”
မြန်မာပြည်မှ တရုတ်ပြည်နယ်စပ် နောင်တောင်းမြို့သို့ ၀င်ထွက်သွားလာရာ လမ်းကြောင်း ပေါ်ရှိ နောင်မွန်းကျေးရွာ လမ်းဆုံတွင် ယခင်လ (၁၇) ရက်နေ့က KIA တပ်ဖွဲ့ဝင်များ အင်အားသစ် စုဆောင်းခဲ့ရာ လူငယ် (၆၅) ဦးအား ဖမ်းဆီးခဲ့ပြီး ၎င်းတို့အား ကျေးရွာအလိုက် ကိုယ်ရေး ရာဇ၀င်အကျဉ်း ကောက်ယူခဲ့သည်။
အဖမ်းခံရသူများ ထိုညက ပြန်လည်ထွက်ပြေး လွတ်မြောက်သွားခဲ့ရာ ၎င်းတို့နေထိုင်သည့် ကျေးရွာများမှ တစ်ရွာတယောက်နုန်း အင်အားသစ် ထည့်ဝင်ရမည်ဟု KIA တပ်ဖွဲ့က အကြပ်ကိုင် တောင်းဆိုခဲ့ကြောင်း မန်ဝိန်းကြီး ဒေသခံက အခုလို ပြောဆိုသည်။
“ရွာလူကြီးတွေကို လာပြောတယ်။ ထွက်ပြေးသွားတဲ့ သူတွေကို ပြန်ခေါ်ပေးပါ။ မခေါ်ပေးရင် သူတို့ မိဘတွေကို ခေါ်ထားရမယ် ဘာညာဆိုပြီး ပြောလာတယ်။ ရွာလူကြီးတွေကလည်း ခေါ်လို့မရဘူးထင်တယ်။ သူတို့ဘယ်ကို ထွက်ပြေးမှန်း ကျနော်တို့လည်း မသိဘူးလေ။ အိမ်ကိုလည်း ပြန်မလာဘူးလို့ ပြောပြတာပေါ့။ နောက်ဆုံး တရွာတယောက် ပေးရမယ်တဲ့။ မပေးလို့မရဘူးပေါ့။ တရွာတယောက် ပေးပြီးမှပဲ အဲဒီထွက်ပြေးသွားတဲ့ သူတွေ သူ့ရွာ ကိုယ့်ရွာ ပြန်လာနေလို့ရမယ်လို့ ပြောတယ်။
ရှမ်းတိုင်းရင်းသား ကျေးရွာများဖြစ်သည့် ကွတ်လုံ၊ ကွန်းခမ်း၊ ပန်ခမ်း၊ နောင်မွန်း၊ မန့်လယ်တိုက်၊ နမ့်မဟီး၊ ဆွန်ဖား၊ နောင်ကျွန်း၊ ၀မ့်စန့်၊ ဟိုဟင်၊ ဖာစန့်၊ နောင်နွမ်၊ နောင်နုတ်၊ နားလုံ၊ မန်ဝိန်းကြီး၊ မန့်မွမ်း၊ မန့်ဟွေ့၊ မန့်မိုင် စသည့် ကျေးရွာများမှ ပို့ပေးရခြင်း ဖြစ်သည်။
ယင်းတို့အနက် ဖာစန့်၊ နောင်နုတ်နှင့် မန်ဝိန်းကြီး ကျေးရွာများတွင် မြန်မာ အစိုးရတပ်များ အခြေစိုက်ထားသော်လည်း မကြာခန ဆိုသလို KIA တပ်ဖွဲ့ဝင်များ ၀င်ထွက်သွားလာ မှုရှိကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း KIA တပ်ဖွဲ့ဝင်များ အခြေစိုက်ရာ ပန်ခမ်း ဂိတ်သို့ ဖြတ်သန်း သွားလာသည့် ခရီးသည်များအား KIA က ဖမ်းဆီး၍ အင်အားသစ် စုဆောင်းနေကြောင်း မူဆယ် ဒေသခံများက ပြောသည်။ သို့သော် အသက် (၁၆) နှစ်အောက် ကလေးငယ်များနှင့် တရုတ် လူမျိုးများကိုမူ ဖမ်းဆီးခြင်း မရှိကြောင်း သိရသည်။
ယင်းကိစ္စ KIA တပ်ဖွဲ့၏ ဦးဆောင် ပါတီဖြစ်သော ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO တာဝန်ရှိသူများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။


Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ