အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်သော မီခဲလ်၏ အရပ်မှာ ငါးပေ လေးလက်မသာ ရှိခြင်းကြောင့် သူမ တင်ပါး၏ ကျယ်ပြန့်မှုသည် သူမ၏ အရပ်ထက်ပင် ပို၍ သာနေသေးသည်။ သို့သော် သူမ အနေဖြင့် မည်သည့် ကိုယ်နေ ဟန်ထားမျိုးကိုမျှ လိုချင်လိမ့်မည် မဟုတ်ဟု မီခဲလ်က ပြော ကြားထားသည်။ လက်ရှိ မိမိ၏ ခန္ဓာကိုယ် အနေအထားကို နှစ်သက်ကြောင်း၊ မိမိ၌ ၎င်း ခန္ဓာကိုယ်နှင့် ပတ်သက်၍ မည်သည့် ကျန်းမာရေး ချို့ယွင်းမှုမှ မရှိခြင်းကြောင့် ကိုယ်အလေးချိန် လျှော့ချရန် အကြောင်း မရှိဟုလည်း ထင်မြင်မိကြောင်း၊ အမျိုးသား များသည် ပါးလျသော မိန်းကလေးမျိုး များကို သဘောမကျ တတ်ကြောင်း၊ ၎င်းတို့သည် သဲနာရီ တစ်လုံးကဲ့သို့ အဝန်း အဝိုင်းမျိုး ရှိသူကိုသာ နှစ်သက် တတ်ကြကြောင်း ခါးနံပါတ် လက်မ ၄ဝ ခန့်ရှိသော မီခဲလ်က ရှင်းလင်း ပြောကြားထားသည်။
![]() |
| မြန်မာပြည်မှ အမျိုးသမီးတစ်ဦးကလည်း လာမည့်နှစ်တွင် မီခဲလ် ရက်ဖိုင်းလီ၏ ကမ္ဘာ့အကြီးဆုံး တင်ပါးစံချိန်ကိုချိုးမည်ဟု ဖွင့်ဟပြောကြားထားပါတယ် |
ဂျနီဖာလိုပက်စ်၊ ကင်မ်ကာဒစ်ရှန်နှင့် ဘီယွန်းစေးတို့ ကဲ့သို့ နာမည်ကျော် များသည်လည်း သူမ၏ အဆိုကို ထောက်ခံကောင်း ထောက်ခံ ပေလိမ့်မည်။ မီခဲလ်သည် တံခါးပေါက်များကို ဝင်ထွက်ရာတွင် ဘေးစောင်း ဝင်ထွက်ရလေ့ ရှိပြီး သူမ တင်ပါးသည် ပုံမှန်ကားနှင့် မဆံ့သောကြောင့် ကုန်ကားကို သာ မောင်းနှင် ရလေသည်။ ကမ္ဘာ့ အကြီးမားဆုံး တင်ပါးဆုံကြီးကို ပိုင်ဆိုင်ထားသည့် မီခဲလ်သည် အိမ်၌ ရှိစဉ်တွင် စတီးဒေါက် များပါသည့် အထူး ပြု လုပ်ထားသော ကုလားထိုင်ဖြင့်သာ ထိုင်ရပြီး ၇ ပေ အကျယ်ရှိသော အိပ်ရာဖြင့်သာ အိပ်စက်ရသည်။ မီခဲလ်၏ အမာခံ ပရိသတ်မှာ သူမ၏ ခင်ပွန်းရတ်ဂီ ဘရွတ်ခ်ပင်ဖြစ်သည်။ ဘရွတ်ခ်သည် အသက် ၄ဝ အရွယ်ရှိပြီး ကွန်ပျူတာ ပညာရှင် တစ်ဦးဖြစ်ပြီး ၎င်းတို့ လက်ထပ်ပြီးသည်မှာ ၁ဝ နှစ်ပင် ရှိပြီ ဖြစ် သည်။