Aug 2, 2012

Facebook Application တွေကို သတိထားပါ

ဒီဆောင်းပါးရဲ့အဆိုအရတော့ Facebook ရဲ့ third-party developer တွေဟာ ၎င်းတို့ရဲ့ App တွေကတစ်ဆင့် user တွေရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်ဒေတာတွေကို တရားမ၀င်ရယူသုံးစွဲနေကြတယ်လို့ ဖော်ပြပါရှိပါတယ်။ အဲဒါဟာအမှန်ဆိုရင်တော့ facebook ဟာ user တွေ ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှု privacy ကိုချိုးဖောက်နေတာပါပဲ။

 ဒါပေမဲ့ အဲဒါတကယ်ရောဟုတ်ပါ့မလား။ ဒါ့ကြောင့် နည်းပညာလောကရဲ့ ကျွမ်းကျင်သူပညာရှင်တွေနဲ့ မေးမြန်းပြီး၊ Facebook ရဲ့အကြောင်း ၎င်းရဲ့ Application တွေအကြောင်း၊ User တို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအပိုင်းတွေကိုပါ အများသိရှိရအောင် အမေးအဖြေပုံစံနဲ့ ပြန်လည်တင်ပြခဲ့ပါတယ်။


 မေး - Facebook ပေါ်က thirdparty app တွေဟာကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို တကယ်ပဲ ရယူချိတ်ဆက်နိုင် ပါသလား။

 ဖြေ - အများစုက အဲသလိုလုပ်နိုင်ပါတယ်။ ဒါပေမဲ့အဲဒါက သင်က သူတို့ကိုခွင့်ပြုချက် permission ပေးမှလုပ်နိုင်ကြတာပါ။ Connect with Facebook ဆိုတဲ့ခလုတ်ကို သင်က ကလစ်ခေါက်မယ်။ ပြီးတော့ဘယ်လို information တွေကို သင်ရဲ့စာမျက်နှာကနေ လွှဲပေးနေတယ်ဆိုတာမသိရင်တော့ အဲဒီလိုရယူသွားစေနိုင်မှာပါပဲ။ ဒါ့ကြောင့်သင်က ကိုယ့်ရဲ့သတင်းအချက်အလက်တွေကို ဘယ်သူက access လုပ်နေတယ်ဆိုတာ သတိထားစဉ်းစားမှာပါ။

မေး - ပြီးခဲ့တဲ့အပတ်က ဝေါလ်စထရီဂျာနယ်မှာဖြစ်ခဲ့တဲ့ကိစ္စက ဘာကြောင့်ဖြစ်တာပါလဲ။

 ဖြေ - ဝေါလ်စထရီဂျာနယ်ကတော့ သူတို့တွေ့ခဲ့တဲ့ကိစ္စကို “ဖေ့စ်ဘွတ်ခ်ပုဂ္ဂိုလ်ရေးအချက်အလက်များ ချိုးဖောက်ခံရမှု (Facebook privacy breach)” လို့ခေါ်ထားတယ်။ ဒါပေမဲ့ဒီကိစ္စကို အဲဒီလိုကြီး ခေါင်းစဉ်တပ်လို့တော့မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ Facebook မှာအဲဒီလိုဖောက်ခံရတာ ပေါက်ကြားသွားနိုင်တဲ့ ယိုပေါက်ရှိတာမျိုး တစ်ခါမှမဖြစ်ခဲ့လို့ပါ။ “ချိုးဖောက်ခံရတယ်” လို့ပြောတာဟာ အမှန်ကတော့ user တစ်ချို့ရဲ့ Information တွေဟာ Facebook နဲ့ချိတ်ဆက် sync up လုပ်ထားတဲ့ third-party application တွေဆီ လွှဲပြောင်းရောက်သွားလို့ပါ။ အဲဒီထဲမှာ user ID နံပါတ်တွေ (အဲဒါက User တစ်ဦးစီရဲ့ profile ကိုရှာလို့ရတယ်လေ)။ ပြီးတော့ အဲဒီထဲမှာ ပါဝင်တဲ့ Public information တွေစသဖြင့် အဖွဲ့ဝင် member တွေရဲ့အများ Public ရှေ့တင်ထားတဲ့ information တွေသာဖြစ်ပါတယ်။ ဂျာနယ်ရဲ့ဆောင်းပါးမှာပါတာကတော့ app developer တွေဟာ အဲဒီ user ID နံပါတ်တွေကို တခြားကုမ္ပဏီတွေဆီလွှဲပြောင်းပေး တာ၊ ရောင်းချလိုက်တာတွေ လုပ်နေတယ်လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ အဲဒီပြင်ပကုမ္ပဏီတွေဆိုတာက ဒေတာစုဆောင်းတဲ့ကုမ္ပဏီတွေ သို့မဟုတ် ကြော်ငြာကုမ္ပဏီတွေဖြစ်ပြီး သူတို့ရဲ့ database တွေ မှာ Facebook Profile data တွေကို သူတို့အလွယ်လုပ်နိုင်ဖို့ စုဆောင်းကြတာသာ ဖြစ်ပါတယ်။ ဒါမျိုးက တကယ့်ပြဿနာတော့မဟုတ်ပါ ဘူး။ Facebook ဟာယခင်ကတည်းက ၎င်းရဲ့ user ID နံပါတ်တွေကို တလွဲသုံးလို့မရအောင် ကာကွယ်ထားပြီးသားပါ။ ဒါ့ကြောင့် ကိုယ်ရေး အချက်အလက်တွေ ချိုးဖောက်ခံရတာမျိုးဖြစ်ဖို့ မလွယ်ပါဘူး။ Facebook developer blog တစ်ခုမှာလည်း “ကျွန်ုပ်တို့ရဲ့ ပေါ်လ စီ ကတော့ user data တွေကို ကာကွယ်ထားတယ်ဆိုတာ အလွန်ရှင်းလင်းပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ user information တွေကိုသဘောတူညီချက်မရဘဲ access လုပ်လို့မရပါဘူး။ ဒါ့အပြင်ဒီလို user တွေ ရဲ့အခွင့်အရေး၊ လုံခြုံမှုကိုချိုးဖောက် တဲ့ application မှန်သမျှကိုလည်း ဖြတ်တောက်တာ၊ ပိတ်ပစ်တာမျိုးပဲလုပ်ဖို့ ကျွန်တော်တို့ အခိုင်အမာ ဥပဒေပြဋ္ဌာန်းပြီးသားပါ” လို့ဖော်ပြထားပါတယ်။

 မေး - Facebook ဟာဒီလိုမျိုး user data တွေကို ကြားခံ third-party developer တွေကချိုးဖောက်တာကို အမြတ်ထုတ်တာကို တကယ်ပဲတိုက်ပွဲဝင်နေတာလား။

ဖြေ - Facebook ဟာနာမည်ကြီး developer တွေကိုတောင်မှ ဒီလိုမျိုးပေါ်လစီနဲ့မကိုက်ညီလို့ block လုပ်ခဲ့တာတွေ သမိုင်းမှာ အများကြီးရှိဖူးပါတယ်။ တစ်ခါတုန်းကဆို developer တစ်ဦးဟာ Facebook widget တွေထုတ်တဲ့နာမည်ကြီး Slide ကုမ္ပဏီကထုတ်တဲ့ Top Friends app မှာလုံခြုံရေးကုမ္ပဏီ Sophos က ပညာရှင်ချတ်ဝစ်စနီယူးစကီးကလည်း “Facebook ဟာယခင်ကတည်းက ဒီလိုပြဿနာ တွေကိုသိထားပြီးသားမို့ privacy policy ကိုပြဋ္ဌာန်းပြီး လုံခြုံရေးကောင်းအောင်လုပ်ခဲ့သလို၊ app ထုတ်လုပ်ရေးကုမ္ပဏီတွေကိုလည်း အဲဒီလိုမရိုးမသားမလုပ်နိုင်အောင် သေသေချာချာ သတိပေးထားပြီးသားပါ” လို့ပြောပါတယ်။

မေး- ဒါဆိုကျွန်ုပ်တို့ user တွေဟာthird-party app တွေနဲ့ဒေတာ share မိတာမျိုးမဖြစ်အောင် ဘယ်လိုအကောင်း ဆုံးထိန်းချုပ်နိုင်မလဲ။

ဖြေ - သင်ဟာ Super Poke app ကိုနောက်ထပ်မသုံးတော့ဘူးဆိုရင် ဘာ့ကြောင့်သင့်ရဲ့ဒေတာတွေကို access လုပ်ဖို့ ဆက်ခွင့်ပြုနေတော့မှာလဲ။ ဒါမျိုးကိုဆိုရင် သင်ဟာ Facebook က ယမန်နှစ်က စလုပ်ပေးခဲ့တဲ့ အကောင်းဆုံးထုတ်ကုန်တစ်ခုလည်းဖြစ်တဲ့ application dashboard မှာ ရှာဖွေလုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ Facebook ပေါ်မှာအလွယ်တကူ access လုပ်လို့ရတဲ့ Feature တော့မဟုတ်ဘူးပေါ့။ သင်ဟာ Facebook စာမျက်နှာရဲ့ အပေါ်ညာဘက်ထောင့်က Account menu ကိုသွားပြီး၊ privacy setting မှာရွေးချယ်ရပါမယ်။ အဲဒီနောက်အဲဒါ Loading ၀င်တာနဲ့ Application and Websites Link က ဘယ်ဘက်ထောင့်အောက်ခြေမှာ ပေါ်လာပါမယ်။ သင်ဟာဒီလိုနည်းမျိုးနဲ့ ကိုယ့်ရဲ့ app dashboard ကို ပုံမှန်စစ်ဆေးနေသင့်ပါတယ်။

မေး - ဒါမျိုးကိုအခြား online နဲ့ offline ကုမ္ပဏီတွေကလုပ်တာနဲ့ နှိုင်းယှဉ်ရင်ရော ဘယ်လိုရှိမလဲ။ သူတို့ကရော ကျွန်ုပ်တို့ရဲ့ကိုယ်ရေး အချက်အလက်တွေယူပြီး ရောင်းစားတာမျိုးကို သိနိုင်ပါ့မလား။

ဖြေ - အဲဒါကိုဖြေရရင်တော့ Farm-Ville ဂိမ်းနဲ့နမူနာပေးရမယ်။ အမှန်ပြောရရင်တော့ Facebook app အများစုဟာ FarmVille နဲ့ သင်ပတ်သက်သမျှထဲက သင့်ရဲ့ဒေတာတွေကို FarmVille ကသိတာထက်တောင် အများကြီးပါသိနိုင်သလို၊ သင့်ကိုယ်ရေးအချက်တချို့ ကိုလည်း လွှဲပြောင်းရောင်းစားကောင်း ရောင်းစားနိုင်တယ်။ ဒါပေမဲ့သင်ဟာ ယနေ့ခေတ်မော်ဒန်စားသုံးသူ စီးပွားရေးဖြစ်စဉ်မှာ အဖွဲ့ဝင် တစ်ဦးအနေနဲ့ ပါဝင်နေတာကိုတွက်မိရင်ဒီလောက် ကိုယ်ရေးအချက်တွေဖြစ်တဲ့ နာမည်တို့၊ အသက်တို့၊ လူမျိုး၊ အသားအ ရောင်စတဲ့ အချက်အလက် တွေကိုသူများက သိသွားတာမအံ့သြပါနဲ့။ ခရက်ဒစ်ကုမ္ပဏီတွေ၊ အွန်လိုင်း retailer program တွေ၊ အွန်လိုင်း ခရီးသွားဘွတ်ကင်ဆိုက်တွေမှာ သင်ဟာကိုယ့်ရဲ့အချက် အလက်တွေ ဖြည့်နေ ရ၊ Share လုပ်နေရတာမဟုတ်လား။ Facebook app တွေက သင့်ရဲ့အချက်အလက်တွေ ရထားတယ်ဆိုတာ အနည်းငယ်ပါ။ အွန်လိုင်းဥပဒေဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ Fox Rothschild ကကျွမ်းကျင်သူ စကော့တ်ဗားနစ်စ် ကတော့ ဒီလိုပြောထား ပါ တယ်။ “ဘယ်အချိန်ပဲဖြစ်ဖြစ် သင်ဟာအလိုရှိလာရင် အင်တာနက်ပေါ်တက်ပြီး ဟိုတယ်ဆိုက်တွေ၊ ရောင်းဝယ်ရေးဆိုက်တွေမှာ ကိုယ့်ရဲ့နာမည်၊ လိပ်စာ၊ အီးမေးလ်လိပ်စာ၊ နေရပ် စသဖြင့် အချက်အလက် information တွေဖြည့်နေရတာပဲမဟုတ်လား။ ဒါတွေကိုသင်က ဂရုတစိုက်နဲ့ဖြည့်ထားမယ်။ ပြီးတော့လုံခြုံစွာပြန်ထွက် log out လုပ်ထားမယ်ဆိုရင် ဘယ်သူကသင့် information တွေ ကို ယူပြီးရောင်းစားတာ၊ ကြော်ငြာတာတွေလုပ်လို့ရမှာလဲ” လို့သူကပြောပါတယ်။ သင်ဟာ FarmVille မှာ Profile ကိုဖြည့်ရရင် သူပေးထားတဲ့ အ တိုင်း အပြည့်အ၀အတိအကျလိုက်နာပြီး ဖြည့်စရာမှမလိုတာ။ ဒါ့ကြောင့် သင့်လုံခြုံရေးကို သိပ်ပြီးစိုးရိမ်စရာမလိုပါဘူး။

________________________________________________________________________
Readmore »

Aug 1, 2012

မိမိတို့ စစ်သည်များ မိမိတိုကို လိမ်နေသည်ဟု ကေအိုင်အိုက ဦးလာနန်းပြောပြီ

အစိုးရ တပ်ဖွဲ့အား စစ်ဆင်နေသောထဲ၌ ကချင်ပြည် လွတ်မြောက် တပ်ဖွဲ့ တချို့သည် တိုက်ပွဲဖြစ်ပွားမှု အခြေအနေ များကို အထက်သို့ လိမ်လည် တင်ပြနေသည်ကို တွေ့ရကြောင်း ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ပြောရေး ဆိုခွင့်ရှိသူ ဦး လာနန်းက ပြောပါသည်။

 “ဒီလို လိမ်ပြီး တင်ပြနေမှတော့ စစ်ဆင်ရေး အမိန့်ကို လွန်ဆန်နေတဲ့ သဘောဘဲပေါ့။ မူဆယ်ဖက်မှာ ဆိုရင် စခန်းသိမ်း တိုက်ပွဲတွေ အပြင်းအထန် ဆင်နွဲနေတဲ့ တပ်ဖွဲ့တွေရှိသလို ဗဟိုစခန်းနားက ရှေ့တန်းတပ် တွေမှာတော့ တိုက်ပွဲ မရှိတဲ့ နေရာကိုလည်း တိုက်ပွဲရှိနေကြောင်း လိမ်ပြီး သတင်းပို့နေတာ ရှိပါတယ်။ ပြီးတော့ မော်တာတွေ ၊ အာပီဂျေတွေ နဲနဲပါးပါးပစ်ပြီး၊ တိုက်ပွဲဖြစ် နေကြောင်း သတင်းပို့နေတာလည်း တွေ့ရတယ်။ ဒါကိုကြည့်ရင်တော့ ကျွန်တော်တို့ တပ်ဖွဲ့တချို့ဟာ တော်တော် ဒုက္ခရောက် နေကြလို့ တိုက်ပွဲ ဆက်တိုက် လိုစိတ်တွေ သိပ်ရှိပုံ မပေါ်တော့ဘူးလေ”ဟု ဆိုပါသည်။



 သို့သော်လည်း KIA ဗဟို စခန်းဝန်းကျင်၌ တပ်အင်အားများ ဖြည့်တင်းထားပြီး နေ့စဉ် ပစ်ခတ်မှုများ ရှိနေပါသည်။ KIA သည် အစိုးရ တပ်ဖွဲ့ထံ ကျဆုံးသွားသော ၄င်းတို့ စခန်းများ ပြန်လည် ရရှိရန် အပြင်းအထန် တိုက်ခိုက်လေ့ရှိပါသည်။ ထိုအခါမျိုးတွင်လည်း စခန်းအခြေအား မိုင်းထောင်ကာ ရိက္ခာဖြတ်နည်း ၊ မော်တာများဖြင့် အကြိမ်ကြိမ် ပစ်နေခြင်း ၊ ရဲဘော်သစ်များနှင့် ရှမ်းစစ်သည်များအား ဘိန်းနှင့် အရက်တိုက်ကာ အတင်းတိုက်စေခြင်းအပြင် ပြန်လည်ဆုတ်ခွါလာပါက စက်သေနတ်များဖြင့် စောင့်ဆိုင်း ပစ်သတ်နည်းများဖြင့် ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည့် တိုက်ပွဲများလည်း ရှိခဲ့သည်ဟု KIA တပ်မှူးတချို့က ပြောပါသည်။

 “သူတို့ရဲ့ ရှေ့တန်း စစ်မျက်နှာမှာ ရှိနေတဲ့ တချို့တပ်တွေကတော့ အပြင်းထန် တိုက်ခိုက်ပုံ မရဘူး အေးအေးဆေးဆေး တတ်လာတယ် ဆိုပေမဲ့လို့ ကျသွားတဲ့ ကျနော်တို့ စခန်း (၂) ခုကတော့ အခုထိပြန်လည် မသိမ်းပိုက် နိုင်သေးပါဘူး”ဟု ဗဟိုတပ်မှူး တဦးက ဆိုပါသည်။

တဖန် ဗဟိုရှိ ကွန်ပျူတာ ဌာနမှ အရာရှိငယ်တစ်ဦးကလည်း ' ကျွန်တော်တို့ တတ်လာသမျှ အစီရင်ခံစာတွေ လက်နက်တောင်းတဲ့ ဟာတွေ စစ်ကူတောင်းတဲ့ ကြေးနန်းတွေ ကို ဖတ်နေမိတိုင်း အိမ်မှာ
ဖမ်းမိထားပြီး မစားသေးပဲ ကိုင်မြောက်လိုက် ရိုက်ချလိုက် အမြီးကိုဖိထားပြီးပြေးခိုင်းလိုက်နဲ့ ဖတ်ဖတ်မောနေတဲ့ ကြွက်တစ်ကောင် လို ခံစားရတယ် " လို့ တိုးတိုးတိတ်တိတ် ရင်ဖွင့်လာပါသည် ။

အစိုးရသည် မြန်မာ့ငြိမ်းချမ်းရေးအတွက် ကချင်ပြည်နယ် အခြေအနေကို လေ့လာရန် ကုလသမဂ္ဂ၏ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တာနားအား ဖိတ်ကြားခဲ့သလို၊ နော်ဝေးနိုင်ငံမှ စေလွှတ်ထားသော ငြိမ်း ချမ်းရေး အကျိုးတော်ဆောင် Myanmar Peace Support Initiative (MPSI) အဖွဲ့နှင့်လည်း ပူးပေါင်း ဆောင်ရွက်နေပါ သည်။
 ဤကဲ့သို့ ပူးပေါင်း ဆောင်ရွက်နေသည့်ကြားမှ KIO နှင့် အစိုးရ တပ်ဖွဲ့တို့သည် ၂၀၁၂ ဇူလိုင်လ ၁ ရက်နေ့မှ ယမန်နေ့ ၂၇ ရက်နေ့ အထိ တိုက်ပွဲပေါင်း ကိုးဆယ်ကျော် ဖြစ်ပွားခဲ့ပြီး စတင်တိုက်ပွဲဖြစ်လာခဲ့သည့် တနှစ်ကျော် အချိန်မှ ရေတွက်လျှင် တိုက်ပွဲပေါင်း (၁၆၇၀) ခန့် ရှိခဲ့ပြီး ဖြစ်ပြီး ကေအိုင်အိုဘက်မှ ကချင်တိုင်းရင်းသားစစ်သည် ၁၇၀ ကျော် ကျဆုံးပြီး ၁၂၆ ယောက်ပျောက်ဆုံးကာ ၂၃၂ ယောက် ဒဏ်ရာရနေပါသည် ။ ကေအိုင်အေ စစ်သည်များထဲမှ ရှမ်းစစ်သည် ၃၀၀ ကျော် ကျဆုံးခြင်းပျောက်ဆုံးခြင်းအပြင် ၆၀၀ ကျော် ဒဏ်ရာရထားပါသည် ။

ဒါကြောင့် လက်အောက်စစ်သည်များမှ အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးမှူကို လက်ခံစေလိုကြောင်း အထက်အရာရှိများကိုပင် အာခံပြောကြားလာတာကြောင့် ကေအိုင်အေ အနေဖြင့် ယခုအချိန် လွန်စွာ စိုးရိမ်စရာကောင်းနေပါကြောင်း ဗဟိုမှ ဗိုလ်မှူးတစ်ဦးက လည်း ပြောကြားသွားပါသည် ။

(မောင်ကျောက်ခဲ အဖွဲ့-အထောက်တော်-)
________________________________________________________________________
Readmore »

ရခိုင် အမျိုးသမီး တစ်ဦး ထပ်မံ မုဒိမ်းကျင့်ခံရ

ပေါက်တောမြို့နယ် ကြံခင်း ကျေးရွာမှ အသက် ၃၂ နှစ်အရွယ် ရခိုင် အမျိုးသမီး တစ်ဦး  ဈေးဝယ်ပြီး အပြန် စစ်ကဲပြင် ( တောင်) ရွာအနီးတွင် မုဒိမ်းကျင့်ခံရကြောင်း ကျေးရွာသားများက သတင်းပေး ပို့သည်။
ရခိုင်ပြည်နယ်တွင် ခရီးသွားသူများသည် ယခုလို ခရီးသွားကြရသည်။ (ဓါတ်ပုံ- နိရဉ္စရာ)
ရခိုင်ပြည်နယ်တွင် ခရီးသွားသူများသည် ယခုလို ခရီးသွားကြရသည်။ (ဓါတ်ပုံ- နိရဉ္စရာ)

မုဒိမ်းကျင့်ခံရသူ အမျိုးသမီးမှာ ကြံခင်းကျေးရွာမှ (အဘ) ဦးကျော်လှစိန်၊ အမိ ဒေါ်ယိုင်စိန်ဦးတို့ သမီး (မ——— ) ၃၂ ဖြစ်ကြောင်း သိရသည်။

မုဒိမ်းကျင့်သောသူများ အဖြစ် စွပ်စွဲခံရသူများမှာ  စစ်ကဲပြင် (တောင်) ရွာမှ ဟာလူဆော အဖနာမည်က ဂျီရာအာမာန် အပါအ၀င် နောက်ထပ် (၂) ဦး ဖြစ်ကြောင်း ရွာသားများက ပြောသည်။

အဆိုပါ အမျိုးသမီးသည် ဇူလိုင်လ ၂၇ ရက်နေ့က အခြေအနေ အေးချမ်းပြီဟု ဆိုကာ စစ်တွေ မှ နေ ဈေးဝယ်၍ ရွာကိုပြန်သောအခါ ကုတိုးလှေမှာ ချောင်းဝ ရွာဆိပ်တွင် ရပ်သဖြင့်  ထိုနေရာမှ အနီးအနားတွင် တည်ရှိသော  ရွာသို့  ခြေလျင် လျောက်ပြန်စဉ် စစ်ကဲပြင်ရွာမှ အဆိုပါ မွတ်ဆလင် (၃) ဦးက လမ်းမှ တားကာ ဓါးနန့်ထောက်ပြီး ခေါ်ယူသွားက မုဒိမ်းပြုကျင့်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ယနေ့ ညနေ (၆) နာရီက ပေါက်တောမြို့နယ် ရဲစခန်းသို့ ဆက် သွယ် မေးမြန်းရာ မုဒိမ်းမူ ဖြစ်ပွားကြောင်း  သတင်းအရ ရဲစခန်း တာဝန်ရှိသူများမှ အဆိုပါ ကျေးရွာ သို့ စက်လှေဖြင့် သွားရောက် စစ်ဆေးနေကြောင်း၊ တာဝန်ရှိသူများ  မရောက်သေးသဖြင့် အမူ ကိစ္စနှင့် ပတ်သက်ပြီး တိတိကျကျ မပြောနိုင်သေးကြောင်း တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြော သည်။

ယခုအခါ ကျူးလွန်သူထဲမှ တစ်ဦးကို ဖမ်းမိထားပြီး ယခုအခါ စစ်တွေသို့ ခေါ်ယူလာပြီ ဖြစ်ကြောင်း အမည် မဖေါ်လိုသူ စစ်တွေမှ ရဲတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
________________________________________________________________________

Readmore »

သွေးကင်ဆာကို ၁၀ ရက်အတွင်း ပျောက်အောင် မြန်မာအမျိုးသမီးဆရာဝန်နှစ်ဦး ကုသခဲ့ပြီ

သွေးကင်ဆာရောဂါကို(၁၀)ရက်အတွင်းပပျောက်သွားအောင်ကုသပေးနိင်ခဲ့တဲ့ဆရာမလေးနှစ်ယောက်ရဲ့လိပ်စာကိုပြောပြချင်ပါတယ်။ဆရာဝန်မလေးနှစ်ယောက်ရဲ့ပြောပြချက်အရဒီရောဂါကိုကုသနိင်အောင်ကိုရီးယားနိင်ငံတောတောင်ထဲမှာရရှိထားတဲ့တိုင်းရင်းဆေးနဲ့ကုသနိင်ခဲ့တာဖြစ်ပါတယ်၊အခုကုသပေးတဲ့ဆရာဝန်မလေးနှစ်ဦးကတော့ဆင်းရဲရှာပါတယ်။ဒါပေမဲ့သူတို့ရဲ့ကြိုးစားမှုက..ယနေ့ကမ္ဘာပေါ်မှာဘယ်သူမှမကုသနိင်သေးတဲ့ပညာရပ်တစ်ခုပါ..။သွေးကင်ဆာရောဂါကိုသွေးလုံးဝသွင်းစရာမလိုပဲဆေးကုသချိန်..၁၀ရက်အတွင်းပပျောက်အောင်ကုသပေးနေပြီးဖြစ်ကြောင်းနှင့်ဆရာမလေးနှစ်ဦးရဲ့မေတ္တာဖြင့်သာကုသပေးနိင်ကြောင်းကိုအသိပေးအပ်ပါသည်။.. စုံစမ်းရန်လိပ်စာကတော့.
.09421102672(ဆရာမဒေါ်လှလှဝင်း).
.ဆရာမဒေါ်ထားထားမေ(မြန်မာနိင်ငံရေကြောင်းတက္ကသိုလ်(သန်လျှင်မြို့ကျိုက်ခေါက်ဘုရားရဲ့နောက်လမ်းရေကြောင်းလမ်းဆုံ)လူမျိုးဘာသာမရွေးကုသပေးနေပြီဖြစ်ပါသည်.။



ရန်ကုန်မြို့(သန်လျှင်)မြန်မာနိင်ငံရေးကြောင်းတက္ကသိုလ်အနီး..ကုသပေးနိင်ပြီးဖြစ်ပါသည် ..။ ယခုအောင်မြင်မှူ ဟာ နိုင်ငံရပ်ခြား
မှာဆိုရင် နိုဘယ်ဆုတောင် ပေးလို့ရတဲ့ အောင်မြင်မှူ ဖြစ်ပြီး ငွေများစွာ ရရှိနိုင်ပါသည် ..။ပြည်ပမှ ပညာရှင်
ဆိုသူများသည် ၄င်းတို့၏ ပညာများသည် မြန်မာနိုင်ငံနှင့်မတန် ဟုဆိုကာတမျိုး..ပြည်ပနှင့်ဝင်ငွေချိန်ထိုးမပေးသ၍ ပြန်မလာဟုဆိုကာ အမိနိုင်ငံရဲ့ကျေးဇူးကိုမထောက် ကျေးဇူးကန်းစကားများပြောဆိုကာ ပြန်မလာကြနိုင်သေးပဲ ကြီးကြီးကျယ်ကျယ် ပြောဆိုနေသော်လည်း  ဤကဲ့သို့ ဆင်းရဲရှာသော ဆရာဝန်မှလေး နှစ်ဦးမှာ မူ အထက်ပါ ငွေကြေးများ ဆုငွေများ ရယူရန်မစဉ်းစားပဲ ပြည်တွင်းရှိ လူနာများကို ဦးစားပေးပြီး ကုသနေသည်ဖြစ်သည် ။ ပြည်ပရောက် ပြီး ပြန်မလာချင်ကြောင်း ဆရာဝန်ကြီးများ ပညာတတ်များအား အထက်ပါ ဆရာဝန်မလေးနှစ်ဦး၏ မစင်(ချီး)ကျွေးသင့်ကြောင့် အကြံပေးဖော်ပြလိုက်ပါသည် ။
________________________________________________________________________
Readmore »

Jul 30, 2012

ဆန်ရှင်ကြောင့် ကျနော်တို့ ဒုက္ခရောက်ခဲ့ရတယ်( ပေးစာ)

သတိရမိလို့တစ်ခုပြောချင်သည်။ ကျွန်တော် ၈ နှစ်ကျော် ၉ နှစ်ထဲဝင်ကာစခန့်ဖြစ်မည်။ ၁၉၉၅ ခုနှစ်မကုန်ခင်လောက်ဖြစ်မည်။

၁၉၉၆ ခုနှစ်သည် မြန်မာ့ခရီးသွားနှစ်ဖြစ်သည်။ မြန်မာ့ခရီးသွားနှစ်ကိုပြင်ဆင်ကြသည့် လက်မှုပညာရှင်များစွာရှိသည်။ ကျွန်တော့်အဖေက
လက်မှုပညာသည်တစ်ဦးပင်။ ထိုအချိန်က ကိုယ်ပိုင်အရင်းအနှီးနှင့် လုပ်ကိုင်သလို အလုပ်ရှင်များကအပ်သည့် အပ်ထည်များလည်းလက်ခံလုပ်
ကိုင်သည်။ သူတို့တွေးထားသည်က ခရီးသွားနှစ်တွင်နိုင်ငံခြားဧည့်သည်အ၀င်များလာမည်။ မြန်မာပြည်၏ရှုခင်း၊ ရှုကွက်များ၊ မြန်မာ့ဓလေ့များ၊ မြန်မာ့
ယဉ်ကျေးမှုများကိုလာရောက်လေ့လာကြမည်။ မြန်မာ့မြေထွက်သယံဇာတများနှင့် လက်မှုပစ္စည်းများကို လက်ဆောင်အဖြစ်ဝယ်သွားကြမည်။ ဤ
သည်မှာ ဇိမ်ခံပစ္စည်းပြုလုပ်ကြသည့် လက်မှုပညာသည်တို့၏ အတွေးများပင်ဖြစ်သည်။

သို့သော်... မထင်မှတ်ထားသည့်အကြောင်းအရာတစ်ခုဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံကိုစီးပွားရေးပိတ်ဆို့ရန်တောင်းဆိုလိုက်ခြင်းနှင့်အတူ အခြား
အခြားသောအရေးယူမှုများစွာပြုလုပ်ရန်။ မယုံကြည်နိုင်ခဲ့ပေ။ သို့သော် အမှန်တစ်ကယ်ပင်ဖြစ်လာခဲ့သည်။ မြန်မာနိုင်ငံမှကုမဏီတော်တော်များများ
ရုပ်သိမ်းသွားသလို စီးပွားရေးပိတ်ဆို့မှုများ၊ အရေးယူမှုများ များပြားစွာပြုလုပ်ခဲ့သည်။ ၁၉၉၆ ခုနှစ်မြန်မာ့ခရီးသွားနှစ်အတွက် လာဘ်ကောင်ရုပ်ဖြစ်
သည့်ဖိုးဝရုပ်လေး၏ Welcome စတိုင်လ် လက်ပြနေမှုသည် ပြည်ပမှဝင်လာမည့် ဧည့်သည်များနှင့် လုပ်ငန်းရှင်များအတွက် တာ့တာ ဖြစ်နေခဲ့ပြီ။
ကျွန်တော့်ဖခင်တို့လောကတွင်မူ အတော်ဂယက်ရိုက်သွားခဲ့သည်။ ခရီးသွားနှစ်ကိုရည်မှန်းကာ ရှိစုမဲ့စုများနှင့်ပြုလုပ်ထားသည့်လက်မှုပစ္စည်းများ အ
ရောင်းအ၀ယ်ပါးခဲ့သည်။ (ရောင်းမထွက်သလောက်ကိုဖြစ်ခဲ့သည်။) ဆိုင်တွေကလည်း ပစ္စည်းတွေပုံလို့။ ကိုယ်ပိုင်အရင်းအနှီးလေးများဖြင့်ပြုလုပ်ထား
ခဲ့သည့် ကျွန်တော့်အဖေတို့လိုလူတွေအတွက်တော့ မည်သို့မျှပင်မတတ်နိုင်ခဲ့ပေ။ လူသုံးကုန်ပစ္စည်းများ ဈေးတက်ခြင်းနှင့် လုပ်ငန်းများပုံမှန်လည်ပတ်
နိုင်ခြင်းမရှိမှုတို့က ရှိသည့်အရင်းအနှီးလေးကို မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေသလိုပြုလုပ်ခဲ့ရသည်။ ထို့အတူ အဖေတို့လောကမှ လူအများ
စုမှာလည်း အခြားလုပ်ငန်းများသို့ ပြောင်းရွှေ့ ကုန်ကြသည်။

သို့သော် အဖေသည်ကျွန်တော်တို့ကို မျက်နှာမငယ်စေရ၊ သူတတ်သည့်ခွန်အားဖြင့်ရအောင်ကျွေးခဲ့သည်။ လူတစ်လုံးသူတစ်လုံးဖြစ်အောင်မွေးခဲ့
သည်။ သွန်သင်ခဲ့သည်။ ယခုမြန်မာနိုင်ငံကြီး ဒီမိုကရေစီရ၍ လုပ်ငန်းများ ယခင်ထက်အနည်းငယ်ပိုမိုကောင်းမွန်လာသကဲ့သို့ပင် နိုင်ငံခြားသားဧည့်များ
အ၀င်များလာခဲ့သည်။ သို့သော် ကျွန်တော့်ဖေအသက်ကြီးလေပြီ။ ယခင်ကသူမျှော်မှန်းခဲ့သည်များသည် ယခုအချိန်တွင်သူ့အတွက်နှောင်းခဲ့လေပြီ။ ယခင်
ကလောက်သူ မလုပ်နိုင်တော့။ သို့သော် သူ့ဝင်ငွေက ကျွန်တော်တို့မိသားစုအတွက်အရေးပါနေဆဲပင်။

စီးပွားရေးပိတ်ဆို့မှုဒဏ်သည် မြန်မာပြည်မှ မိသားစုပေါင်းများစွာဒုက္ခရောက်ခဲ့ရသည်။ လုပ်ငန်းများထိခိုက်ခဲ့သည်။ စီးပွားရေးပိတ်ဆို့မှုကြောင့် မည်
သည့်အကျိုးအမြတ်များရရှိခဲ့သနည်း။ ထိစေချင်သည်က တစ်ယောက်၊ ထိသွားသည်က မဆိုင်သည့်သူများသာဖြစ်သည်။ မထားအပ်သည့်မာနပင်ဖြစ်သည်။
ယခင်ကတည်းကသာ ညှိုနှိုင်းပူးပေါင်းဆောင်ရွက်ခဲ့ကြပါလျှင်...၊ လက်တွဲကြိုးပမ်းခဲ့ကြပါလျှင်... ယနေ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်......

ဝက်ပေါက် (30-7-2012)
__________________________________________________________________________

Readmore »

မြန်မာမ လေး ထမီမဝတ်တော့ဘူး .အဖော်အချွတ်မယ် လုပ်နေပြီ

မျိုးဂုဏ် ဇာတိဂုဏ်နဲ့ ယဉ်ကျေးမှု့ အမွေအနှစ်တွေထိန်းသိမ်းတာလား ရောမရောက်လို့ ရောမလိုကျင့်တာလားတော့မသိတော့ပါဘူး တွံတေး သိန်းတန် ဆိုထားတဲ့ သီချင်းလေး တစ်ပုဒ် ရဲ့ စာသားကတော့ "မြန်မာမ လေးတွေ ထမီမဝတ်တော့ဘူး မင်းမပါ ပါစေနဲ့ တဲ့ " အခုဟာကတော့ .......

သူနာမည် ကတော့ ခရစ်ဆီ ၀ဏ္ဏ (Chrissie Wunna) ဖြစ်ပါတယ်။ သူမကို ဒီဇင်ဘာ လ၁၉ ရက် ၁၉၈၀ ခုနှစ်မှာ အင်္ဂလန် နိုင်ငံယောက် ရှိုင်းယားက ဒွန်ကတ်စတာ မြို့မှာ မွေးဖွားခဲ့ပါတယ်။ မိဘ နှစ်ပါးလုံးက မြန်မာလူ မျိုးတွေ ဖြစ်ပြီး ဖခင်ဖြစ်သူ ကတော့ အခုထိ အနုပညာလုပ် ငန်းတွေတစိုက် မတ်မတ် လုပ်နေ တဲ့ ကဗျာဆရာ တစ်ယောက်ဖြစ်ပြီး ဆရာဝန် တစ်ယောက်လည်းဖြစ်တဲ့ ဦးဝဏ္ဏ ပါတယ်။ ခရစ်ဆီ ရဲ့ ဦးလေးဖြစ်သူ ကတော့ မြန်မာ ပြည်ရဲ့ နာမည်ကျော်တေးရေးဆရာမောင်သစ်မင်းဖြစ်ပြီး သူ့ဖခင်ရဲ့  ညီအရင်းဖြစ်ပါတယ်။ ( ရွှေဘို မင်းသားကြီးရဲ့  အဆက်အနွယ် တွေလဲ ဖြစ်ပါတယ်။)

မော်ဒယ် တစ်ယောက် အဖြစ် အသက်မွေး ၀မ်းကျောင်းပြုနေပြီး အမျိုးသား မဂ္ဂဇင်းတွေ ရဲ့ အဖော်အကျွတ် တွေရိုက်တဲ့ Sexy မော်ဒယ် တစ်ယောက် ဖြစ်ပါတယ်။

အင်္ဂလန် နိုင်ငံက ITV 2 ရုပ်သံအစီအစဉ်မှာ ဇန်န၀ါရီလ ၉ ရက်နေ့ ကတည်းက စပြီး တင်ဆက်ပြသနေ ရာမှာ လူကြိုက်များတဲ့ “Paris Hiltons British Best Friend” အစီအစဉ်မှာ နာမည်ကျော် ဟောလိဝုဒ် သရုပ်ဆောင် ပါရစ်ဟီလ် တန် နဲ့ အတူ ပါဝင်သရုပ်ဆောင်နေ သူတစ်ယောက် ဖြစ်ပါတယ်။ ပြီးတော့ သူမဟာ Blogger တစ်ယောက်ပါတဲ့။ (ကဲ...မြန်မာ Blogger တွေရေ....ချွတ်လိုက်ကြစို့လေ...)

ခရစ်စ်ရဲ့ပုံတွေကြည့်ချင်ရင် ဒီမှာဖိုင် ရယူပါ။
သူမရဲ့ Sexy ပုံလေးတွေကို ဒီနေရာတွေမှာ ကြည့်နိုင်ပါတယ်။
ဒါကတော့ သူမရဲ့ ကိုယ်ပိုင် ဆိုဒ်ပေါ့ .။ http://www.chrissiewunna.com/.။
__________________________________________________________________________

Readmore »

ကုလသမ္မဂ္ဂမှ ကင်တာနားက စစ်ဆေးပြီးသည်နှင့် အဖြေထွက်ပြီး သမ္မတဦးသိန်းစိန်ကို တောင်းပန်စေရမည်

စစ်တွေမှာ ပဋိပက္ခကြောင့် မီးလောင်ပျက်စီးတဲ့ အိမ်ခြေ ၃,၆၃၆ လုံး၊ သေဆုံးသူ ၃၄ ဦး၊ ဒဏ်ရာရသူ ၅ဝ ဦး။ ကျောက်တော်မှာ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၁၇၁ လုံး၊ သေဆုံးသူ ၄ ဦး၊ ဒဏ်ရာရ ၃ ဦး။ ပေါက်တောမှာ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၁၂၁ လုံး၊ သေဆုံး ၃ ဦး၊ ဒဏ်ရာရ ၁၆ ဦး။ ရသေ့တောင်မှာ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၃၆၇ လုံး၊ သေဆုံးသူ ၁၄ ဦး ၊ဒဏ်ရာရသူ ၂၉ ဦး။ မောင်တောမှာ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၄၇၄ လုံး၊ စာသင်ကျောင်း ၃ ကျောင်း၊ သေဆုံးသူ ၂ဝ ဦး၊ ဒဏ်ရာရသူ ၆ ဦး။ ရမ်းဗြဲမှာတော့ မီးလောင်ပျက်စီး အိမ်ခြေပေါင်း ၃၅ လုံး၊ သေဆုံးသူ ၁ ဦး ဆိုတော့ ရခိုင်တပြည်နယ်လုံးမှာ မီးလောင်ပျက်စီးမှုပေါင်း ၄,၈၂၂ လုံး၊ သေဆုံးသူ ၇၇ ဦး၊ ဒဏ်ရာရ ၁၁၁ ဦး ရှိပါတယ်။ ဒီစာရင်းတွေဟာ ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ မူဆလင်တွေ နှစ်မျိုးစလုံး အကျူံးဝင်ပါတယ်။ မီးလောင်ပျက်စီး ဆိုရာမှာ မီးလောင်သွားတာရော၊ မီးမလောင်ဘဲ အဖျက်ခံရလို့ ပျက်စီးသွားတာရော တပေါင်းတည်း ဆိုလိုတာပါလို့  ရခိုင်ပြည်နယ် အစိုးရ တာဝန်အရှိဆုံး ဦးလှသိန်းက ပြောဆိုသွားခြင်းဖြစ်သည် ။

သူက ဆက်လက်ပြီး -ပဋိပက္ခ ဖြစ်စဉ်က စပြီးတော့ ညမထွက်ရ အမိန့်ကို ထုတ်ပြန်တဲ့ နောက်ပိုင်း ကနေ့ထိ ဖမ်းဆီး အရေးယူခဲ့မှု စာရင်းအရ စစ်တွေမှာ ၁၃၆ ဦး၊ ရသေ့တောင်မှာ ၁၈၁ ဦး၊ ကျောက်တော်မှာ ၁၈ ဦး၊ မင်းပြားမှာ ၄ ဦး၊ မောင်တောမှာ ၄၉၃ ဦး၊ဘူးသီးတောင်မှာ ၃၅ ဦး၊ သံတွဲမှာ ၄ ဦး၊ ကျောက်ဖြူမှာ ၁ ဦး။ သဘောကတော့ ပဋိပက္ခ ထဲမှာ ပြစ်မှုကျုးလွန်ခဲ့ပြီးတော့ ညမထွက်ရ အမိန့်ကို ဖေါက်ဖျက်တဲ့ အတွက်ကြောင့် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈၈ အရ အရေးယူထားပြီးတော့ ရခိုင်ရော ဘင်္ဂါလီပါ စုစုပေါင်း ၈၇၂ ဦး ရှိတယ်ဟု ဆိုသည် ။



မည်သူဘဲလာလာ ရခိုင်ပြည်နယ်က အဖြစ်အပျက်တွေထဲမှာ စုံစမ်းစစ်ဆေးလာသူ ဟူသမျှ အထက်ပါစာရင်းဇယားကို လက်ခံရရှိကြမည်ဖြစ်သည် ။ မကြာခင် ကုလသမ္မဂ လူ့ အခွင့်အရေးစုံစမ်းစစ်ဆေးမည့်သူ ကင်တာနား လာတော့မည် ။ သူလာသောအခါ ယင်းစာရင်းကို ရမည်ဖြစ်သည် ။ ပြီးတော့ ဒုက္ခသည်များကို မြင်တွေ့ ရမည်ဖြစ်သည် ။ တချိန်တည်းတွင် အိမ်များ မီးလောင်နေပုံ ၊ ရဟန်းသင်္ဃာများအပါအ၀င် ခလေးသူငယ် အဘိုးကြီးအရွယ်တွေ သေဆုံးနေပုံများကို ဓါတ်ပုံအကိုးအကားများနှင့် မြင်တွေ့ နိုင်တော့မည်ဖြစ်သည် ။ ဗွီဒီိယိုရိုက်ထားသည်များလည်း ရှိရာ အားလုံးကိုမြင်တွေ့ မည်ဖြစ်သည် ။ ရခိုင်ပြည်အတွင်း အဖြစ်အပျက်ထဲက အချက်အလက်များကို စုဆောင်းပေးခြင်းနှင့် မွတ်ဆလင် ကုလားလူမျိုးများက ဓါတ်ပုံလိမ်ထားပြီး တင်ပြနေပုံများ ၊ သတင်းအမှားများကို တင်ပြနေပုံများအား စုဆောင်းပြီး အမှန်နှင့်အမှားကို ပူးတွဲ တင်ပြရန်လည်းလိုသည် ။



ဘီဘီစီနှင့် အင်တာဗျူးတွင် ယခုရခိုင်ပြည်နယ်က အဖြစ်အပျက်များတွင် အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်ပြီး သတ်ဖြတ်နေခြင်းလား ၊ သို့ မဟုတ် ရခိုင်လူမျိုးကဘဲ သတ်ဖြတ်နေခြင်းလားဆိုသော မေးခွန်းမျိုးဖြင့် စိုးရိမ်ထိပ်လန့် စရာ သတင်းများ ရရှိထားသည်ဟု ပြောဆိုသွားသည် ။ သူပြောသည်မှာ မွတ်ဆလင်ကုလားများက ရခိုင်လူမျိုးများကို သတ်ဖြတ်၍ ကုလသမ္မဂက စုံစမ်းစစ်ဆေးရန် သွားခြင်းမဟုတ်ဆိုသည်ကို သတိပြုရမည်ဖြစ်သည် ။
ဤမျှအထိ ပြောင်းပြန်ဖြစ်နေသည် ။ ဤသို့  သတင်းအမှားများကြောင့် ကုလသမ္မဂ က ရခိုင်လူမျိုးအပေါ် အကြမ်းသမားများ ၊ ရက်စက်ကြမ်းကြုတ်သူများ ဆိုသလို အစိုးရကလည်း အကြမ်းဖက်သမားများဖြစ်ပြီး ရက်စက်စွာသတ်ဖြတ်သူများဟု စွတ်စွဲပြောဆိုထားသည့် ပုံစံမျိုးပြောဆိုသွားသည် ။ ကင်တားနားမြင်တွေ ရမည့် ဓါတ်ပုံများတွင် ရခိုင်လူမျိုးများ၏ လှည်ပင်းလှီးခံရပြီး သေဆုံးရသော ပုံများသာမြင်ရမည် ။ ဗုဒ္ဒဘာသာဝင်များသော စစ်တွေမြို့ တွင် မွတ်တလင်ဘာသာဝင်လူမျိုး တဦးတလေမျှ လည်ပင်းလှီးခံရပြီး ဒါးနှင့်ထိုးသတ် သေဆုံးခြင်း ၊ သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးရခြင်းကို တပုံမျှ မြင်တွေ့ မည်မဟုတ် ။ သို့ သော် မွတ်ဆလင်ဘာသာဝင်များသော ရသေ့တောင်မြို့ နယ် -ကူတောင် -မောင်တော-ပေါက်တော -ကျောက်တော်စသောဒေသတွင် ရခိုင်လူမျိုးများ သေဆုံးကြရသည့် ပုံများကို မြင်သောအခါ သူနားလည်သွားမည်ဖြစ်သည် ။


ထို့ ကြောင့် ရခိုင်ပြည်နယ်အစိုးရသည်၎င်း ၊ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီသည်၎င်း ၊ အထူးသဖြင့် အနုပညာရှင်များ ၊ နိုင်ငံရေးသမားများ ၊ ၈၈- ကျောင်းသားခေါင်းဆောင်များ ၊ ဆရာတော်ကြီးများကပါ ကင်တားနား လာသည့်အခါ မိမိတို့  မြင်တွေ့ သမျှကို တိတိကျကျ ရှင်းလင်းပြရန် အရေးကြီးသည် ။ မနေ့ က သြစတေးလီယားနိုင်ငံမှ ၀န်ကြီးချုပ် ဂျူလီယာဂျင်လပ် - က အခုလို ပြောဆိုလိုက်သည် ။

“ဒါဟာ ကျွန်မတို့ရဲ့တိုင်ပြည်၊ နယ်မြေ၊ နေထိုင်မှုပုံစံပါ။ အဲဒီ ခံစားစံစားခွင့်အားလုံးကို သင်တို့ကို ကျွန်မတို့ က ပေးအပ်မှာပါ။ ဒါပေမယ့် သင်က ကျွန်မတို့ရဲ့ အလံ၊ ကျွန်မတို့ရဲ့ အဓိဋ္ဌာန်၊ ကျွန်မတို့ရဲ့ ခရစ်ယန်အယူ သို့မ ဟုတ် ကျွန်မတို့ရဲ့ လူနေမှုဘ၀ကို ဆန့်ကျင်ကန့်ကွက် ငြင်းခုံလာမယ်ဆိုရင်တော့ ကျွန်မအလေးအနက် အားပေး ချင်တာက သြစတေးလျသားတို့ရဲ့ အခြားသော လွတ်လပ်ခွင့်ကြီးတစ်ခုဖြစ်တဲ့ “ထွက်ခွာသွားနိုင်ခွင့်” ကို ရယူလိုက်ကြဖို့ပါပဲ။




“သင် ဒီမှာမပျော်ရွှင်ဘူးဆိုရင် ပြန်သွားပါ။ ကွန်မတို့ သင့်ကို အတင်းလာခိုင်းခဲ့တာလည်း မဟုတ်ပါဘူုး၊ သင် ကသာ လာနေပါစေလို့ တောင်းဆိုခဲ့တာပါ။ ဒါကြောင့် သင့်ကိုလက်ခံနိုင်တဲ့ နိုင်ငံကို သင်ကလည်း လက် ခံပေးပါ။” ပြောကြားလိုက်သော စကားမှာ သမ္မတဦးသိန်းစိန်၏ စကားအတိုင်းပင် ဖြစ်သည် ။ မွတ်ဆလင်ဘာသာဝင်သမားများကို နေချင်လျှင် အေးဆေးနေ ၊ နေပါလို့  အတင်းဆွဲခေါ်သူတွေမဟုတ် ။ မိမိတို့  စည်းကမ်းအတိုင်း နေရမည်ဟု ပြောဆိုလိုက်သည်မှာ ဘာပေတံနှင့်မှ တိုင်းစရာမလို ။

သည်တော့ ရန်ကုန်မြို့ နှင့် ရခိုင်ပြည်တ၀န်းတွင် နိုင်ငံတော်အလံကို လွှင့်ထူနေကြသည်ကို ကင်တားနား မြင်တွေ့ သွားမည်ဖြစ်တော့သည် ။ ကုလသမ္မဂသည်၎င်း မွတ်ဆလင်ဘာသာဝင် နိုင်ငံအစိုးရတို့ သည်၎င်း ရခိုင်လူမျိုးနှင့် အစိုးရအား ထင်ယေင်ထင်မှားဖြစ်ခဲ့ သည်မှာ မှားယွင်းပါသည်ဟု တောင်းပန်သံကို မကြာခင် ကြားလာကြရမည်ဖြစ်တော့သည်ဟု ယုံကြည်ပါသည် ။ ယင်းတောင်းပန်သံသည် ပဋိပက္ခများကို ချုပ်ငြိမ်းစေသောအသံများသာ ဖြစ်စေလိုပါသည် ။။

__________________________________________________________________________


Readmore »

ဦးအောင်သိန်းလင်း ပြောကြားချက်အား ပြည်-ခိုင်-ဖြိုး ပါတီ ကြေငြာချက်ထုတ်ပြီ

                    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထုတ်ဖော်ကြေငြာချက်
                                                                                                                 
                                                                                                                 ၂၈-၇-၂၀၁၂

 ၁။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ် အမှုဆောင် ဦးအောင်သိန်းလင်း နှင့် Southen Weekend (China) ဟု ဖော်ပြထားသော တွေ့ဆုံမေးမြန်းမှု ရေးသားဖော်ပြချက် များအား Internet စာမျက်နှာများပေါ်တွင်လည်းကောင်း၊ ပြည်တွင်းရှိ ဂျာနယ် များတွင် လည်းကောင်း ဖော်ပြလျှက်ရှိနေကြပြီး အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းမှုများလည်း ရှိနေကြပါ သည်။

 ၂။ အဆိုပါ ရေးသားဖော်ပြချက်များသည် ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းမှ အမှန်တကယ် ပြောကြားခဲ့မှုများဖြစ်ပါက ဦးအောင်သိန်းလင်း၏ ပုဂ္ဂလိက ပြောဆိုချက် များသာဖြစ် ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားများ မဟုတ်ပါ။

 ၃။ ဦးအောင်သိန်းလင်းအနေနှင့် အမှန်တကယ် ပြောကြားခြင်း ရှိ မရှိ ကိုလည်း စီစစ်ဆောင် ရွက်လျှက်ရှိပြီး၊ တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက် အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
http://www.usdp.org.mm/
___________________________________________________________________________

Readmore »

Jul 29, 2012

ရခိုင်ကို ရိုဟင်ဂျာနိုင်ငံထူထောင်ရေးအတွက် အာရပ် ၅ နိုင်ငံတွင်စစ်သင်တန်း တက်နေသည်ဆိုခြင်း.....

့မြန်မာနိုင်ငံ အနောက်မြောက်ဖျားတွင် အီဆလင်မစ်ရီပါပလီအော်ရိုဟင်ဂျာနိုင်ငံ (Islamic Repubilc of Rohingya)ထူထောင်ရေးအတွက် ပါကစ္စတန်နိုင်ငံ၊ အာဖဂန်နီစတန်နိုင်ငံ၊ပါလက်စတိုင်းနိုင်ငံ၊ဘင်္ဂလာဒေရှ့် နိုင်ငံ နှင့် ဆောဒီအာရေဗျား နိုင်ငံများတွင် လွန်ခဲ့သော (၁၉၉၉)ခုနှစ် မှစတင်ကာ စစ်သင်တန်းများ တက်ရောက် လျှက်ရှိနေကြောင်း ဘင်္ဂလားဒေရှ့် အစိုးရမှ ဖမ်းဆီးရမိသော အာမစ်ချားဆိုသူ၏ ထွက်ဆိုချက်များအရ သိရှိကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံထုတ် The Daily Matriteemi သတင်းစာဆောင်းပါးတွင် ဖေါ်ပြထားကြောင်း သိရှိရပါသည်။



 ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်း တောင်တန်းနယ် ၊ဖလံထောင်၊ သက်ထောက်နှင့် ဖလောင်းချိတ် နှင့် နတ်ချောင်းသရီတောနက်များတွင် မွန်းမံ လျှို့ဝှက်စစ်သင်တန်းများ ပို့ချနေကြောင်း၊ အဓိက အမာခံများမှာ ဖေါ်ပြ ပါ ၅ နိုင်ငံတွင် စစ်သင်တန်းများ တက်ရောက်နေကြောင်း အာမတ်ချားမှ ပြောပါသည်။ ၄င်းဖမ်းဆီးခံရသည်မှ ဒါကားမြို့ အဆင်မြင့် တည်းခိုးခန်းတွင် တည်းခိုကာ ရိုဟင်ဂျာ ၏ (၈)ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်ရန်သွားစဉ် ထောက်လှမ်းရေးများမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊အာမတ်ချား သည် ရိုဟင်ဂျာ စစ်ဆင်ရေးအတွက် နှစ်ရှည်လများ ဆောင်ရွက်နေသူ တစ်ဦးဖြစ်ကြောင်း သိရှိရပါသည်။ ထောက်လှမ်းရေးများ ဖမ်းဆီးစဉ်က အာမတ်ချားအား ကတ်ချမီးယားမှ အကြမ်းဖက်သမားဟု သံသယဖြင့် ထင်မြင်ပြီး ဖမ်းဆီးခဲ့ရမှ ရိုဟင်ဂျာနှင့် ဆက်နွယ်နေသူ ဖြစ်ကြောင်း သိရှိရကြောင်း၊ အင်္ဂလိပ်စကား အပြောကောင်းပြီး စစ်တကောင်း လေသံထွက်ကြောင်း၊ အမှန်မှာ အာမတ်ချားသည် မောင်တောနယ်သားဖြစ်ကြောင်း ဇာတိဖြစ်နေကြောင်း၊ပါကစ္စတန်နိုင်ငံသို့ တစ်ဦးတည်း ထွက်ပြေးသွားကာ ဘင်္ဂလားဒေရှ့် နိုင်ငံသို့ ပြန်လာခြင်း ဖြစ်ကြောင်း အာမတ်ချား ၏ဇနီး နှင့် သားသမီး များသည် မောင်တော တွင် ယခုနေထိုင်နေကြောင်းသိရှိရပါသည်။

 အာမတ်ချားသည် ပါလက်စ္စတိုင်း တော်လှန်ရေးတွင်လည်း ကိုယ်တိုင် ကိုယ်ကျ လက်တွေ့ တိုက်ပွဲဝင်ခဲ့ဘူးကြောင်း၊ အလားတူ ယခင် ပါလက်စ္စတိုင်း ခေါင်းဆောင် ယာဆာအာရာဖတ်နှင့် လွန်စွာ ရင်းနှီးခဲ့ဘူးကြောင်း၊ ယာဆာအာရာဖတ်နှင့် လည်း ထိုစဉ်ကတည်းက ရိုဟင်ဂျာနိုင်ငံတည်ထောင်ရေး အတွက် အကြိမ်ကြိမ် ဆွေးနွေးမှုများလည်း လုပ်ခဲ့ဘူးကြောင်း၊ 
အာရာဖတ် ၏ ပြောစကား တစ်ခု ကို ယနေ့တိုင် ၄င်း လက်ကိုင်ထားကြောင်း ၊ အဆိုပါ စကားမှာ ““ အစ္စလာမ်မစ် တော်လှန်ရေးဟာ ဘယ်တော့မှ အလဟသ မဖြစ်ပါ။ အောင်မြင်နိုင်မှာ ဖြစ်ကြောင်း”” အာမတ်ချား အနေဖြင့် ယုံကြည်သည်မှာ မြန်မာနိုင်ငံ မောင်တော နယ် စပ်သည် ရိုဟင်ဂျာ တို့ ၏ တိုင်းပြည် နယ်မြေ ဖြစ်လာနိုင်ကြောင်း၊ မောင်တောမြို့သည်လည်း ရိုဟင်ဂျာ တို့ ၏ မြို့တော် သတ်မှတ်မှာ ဖြစ်ကြောင်း၊ တော်လှန်ရေးအား နည်းမျိုးစုံဖြင့် အောင်မြင်အောင် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ကမ္ဘာမူစလင် ညီလာခံ(O-I-C) တွင် တင်ပြပြီး ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းတောင်ပိုင်းက မူဆလင်တွေက အရှေ့က သိမ်း၊ ဘင်္ဂလားဒေ့ရှ်မူဆလင်တွေက အနောက်ရခိုင်ပြည်က ဖေါက်မယ်။ မြန်မာပြည်တွင်းကရှိပြီးသားတို့ မူဆလင်ညီအကိုတွေက အချက်အချာကျတဲ့နေရာတွေမှာ နေရာယူထားရန် စီမံချက်များ ချထားကြောင်း သိရှိရပါသည်။ ထူးခြားသည်မှာ မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်သွယ်မှုများရှိကြောင်း ၊ (၁၉၉၀)ပြည်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီ မောင်တော လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်း (ခ) Mr. Shamsul Anwar သည် အာမတ်ချား နှင့် တစ်ဖွဲ့တည်း ဖြစ်ကြောင်း၊ ရိုဟင်ဂျာ (ခ) ဘင်္ဂလီလူမျိုးသည် ရခိုင်ပြည်နယ် အတွင်းတွင် ၁၀ သိန်းနီးပါး ရှိလာပြီ ဖြစ်ကြောင်း ၊ အထက်ဖေါ်ပြပါ နိုင်ငံ (၅) နိုင်ငံ တွင် စစ်ပညာ သင်ကြားနေသူနှင့် မလေးရှားနိုင်ငံ တွင် စာပေသင်ကြားနေသူများအား ပေါင်းပါက (၉၀၀) ကျော် ပညာသင်ကြားနေကြောင်း ၊ယခုအခါ အာမတ်ချား သည် ဘင်္ဂလားဒေရှ် နိုင်ငံတွင် ထောင်နန်းစံနေပြီး လက်ရှိအချိန်တွင် ဘင်္ဂလာဒေရှ့် နိုင်ငံ တွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံထားကြောင်း သိရှိရပါသည်။
__________________________________________________________________________
Readmore »

မြန်မာ အမျိုးသမီးများနှင့် ဗုဒ္ဓဘာသာအား ဆဲဆိုပုတ်ခတ်နေသော ခွေးကုလား အာကာဟိန်း


Readmore »

ဗိုလ်တထောင်ဆိပ်ကမ်းတွင် ကြယ်ငါးပွင့်အဆင် ရေပေါ်ဟိုတယ်တည်ဆောက်

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် ဆိပ်ကမ်းတွင် ကြယ်ငါးပွင့်အဆင့်ရှိ ရေပေါ်ဟိုတယ်တည်ဆောက်ရန် စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ လုပ်ဆောင် အဆိုပါရေပေါ်ဟိုတယ်ကို ဗိုလ်တ ထောင် အမှတ်(၆)ဆိပ်ကမ်းတွင် တည် ဆောက်မည်ဖြစ်ပြီး ဇွန် တတိယပတ်မှ စတင်၍ သံမဏိပေါင်းကူးတံတားပြု လုပ်ခြင်း၊ တံတားခံဗော၊ ဆိပ်ခံဗော စသည့်အကြိုလုပ်ငန်းဆောင်ရွက်ချက် များပြင်ဆင်လုပ်ဆောင်လျက်ရှိပြီး ဒီဇင် ဘာလတွင် အပြီးသတ်လုပ်ဆောင် သွားမည်ဟု သိရသည်။ ရေပေါ်ဟိုတယ်အဖြစ် အသုံးပြုမည့် သင်္ဘောနှစ်စင်းကို ပြည်ပမှ မှာယူထား ပြီး အကြီးစားသင်္ဘောဖြင့် ရန်ကုန် ပင်လယ်ဝသို့ သယ်ဆောင်လာမည်ဟု သိရသည်။

ယင်းသင်္ဘောမှာ အလျား ၂၂၈ ပေ၊ အနံပေ ၅ဝ ရှိကြောင်း သိရ သည်။ ပါဝင် အဆိုပါသင်္ဘောတစ်စင်းလျှင် နှစ် ယောက် အိပ်ခန်း ၇၂ ခန်းဖြင့် သင်္ဘော နှစ်စင်း စုစုပေါင်း အခန်း ၁၄၄ ခန်းပါ ဝင်မည်ဖြစ်သည်။ သင်္ဘောနှစ်စင်းကို မျက်နှာချင်း ဆိုင်အနေအထားဖြင့် ပြင်ဆင်ထားရှိ မည်ဖြစ်ပြီး နိုင်ငံတကာကြယ်ငါးပွင့် အဆင့်နှင့်အညီ ဝန်ဆောင်မှုများ ပေး သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန် ကြီးဌာနမှ သတင်းရရှိသည်။

မြဝတီ
___________________________________________________________________________
Readmore »

ပြောတော့ အစိုးရကို ပေါင်းတိုက်မယ်ဆိုတော့ UNFC ကွဲသွားပြန်ပြီ

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ United Nationalities Federal Council - (UNFC) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဇူလိုင်လ ၁၇ ရက်နေ့က ကျင်းပခဲ့ပါတယ်။ မူလက ၃ ရက် ကျင်းပဖို့သတ် မှတ်ထားပေမယ့် UNFC အဖွဲ့ဝင်တွေ စုံစုံညီညီတက်ရောက်နိုင်ခြင်းမရှိတာကြောင့် ၁၇ ရက်နေ့ တစ်ရက်ပဲ ကျင်းပခဲ့ပါတယ်။ UNFC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ(KIO)နဲ့ အတွင်းရေးမှူး နိုင်ဟံသာ(NMSP) တို့ ဦးဆောင်ကျင်းပခဲ့ပြီး အစည်းအဝေးမှာ တိကျသေချာတဲ့ဆုံးဖြတ်ချက်မချနိုင်ခဲ့ဘဲ ငြိမ်းချမ်းရေးကိစ္စနဲ့ ပက်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိခဲ့တယ်လို့သိရပါတယ်။


 UNFC ဖွဲ့ရခြင်းရည်ရွယ်ချက်က အစိုးရအဆက်ဆက်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ေ တွ နှစ်ပေါင်း(၆၀)ကျော်တိုင် လက်နက်စွဲကိုင် တိုက်ခိုက်နေခဲ့ပေမယ့် အောင်မြင်မှုမရှိခဲ့လို့ ပူးပေါင်း တိုက်ကြဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ဦးဆောင်နေတာကတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ ကချင်တပ်မတော် KIA က ဗိုလ်ချုပ်ကြီး အင်ဘန်လ ဖြစ်ပါတယ်။ အင်ဘန်လဟာ KIO အဖွဲ့မှာ ၁၈၆၄ ခုနှစ်ကတည်းက ပါဝင်ခဲ့သူတစ်ဦးဖြစ်လို့ KIA မှာ ဗိုလ်ချုပ်ကြီးရာထူးပေးထားပေမယ့် ပညာ အရည်ချင်းကလည်း မူလတန်းအဆင့်ပဲရှိသူဖြစ်ပါတယ်။ ဒါပေမယ့် သူက ပညာအရည်အချင်းနည်းပေမယ့် စစ်တိုက်ရာမှာ ရက်စက်ပြီး စီးပွားအရှာကောင်းတာကြောင့်  ကချင်လွတ်မြောက်ရေးကောင်စီနဲ့ ကချင် တပ်မတော်မှာ အဆင့်မြင့်ရာထူးတွေ ရရှိနေခြင်းဖြစ်ပါတယ်။

 KIA တပ်ဖွဲ့အတွက် ရန် ပုံငွေရှာေ ဖွရာမှာ တော်သူတစ်ဦး ဖြစ်တဲ့အတွက် KIA အဖွဲ့မှာ သြဇာညောင်းသူတစ်ဦး ဖြစ်ပါတယ်။ အစိုးရ နဲ့ငြိမ်းချမ်းရေးရယူချင်သူတွေ ရှိနေပေမယ့် အင်ဘန်လကို မလွန်ဆန်နိုင်တဲ့အတွက် ဒီကနေ့အထိ ကချင်ြ ပည်နယ်မှာ တိုက်ပွဲတွေဖြစ်နေရခြင်း ဖြစ်ပါတယ်။ KIA ဟာ အစိုးရနဲ့ငြိမ်းချမ်းရေးယူသွားခဲ့ရင် သူ့တို့ရဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ သစ်လုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေနဲ့ အခွန်အကောက်တွေ ထိခိုက်သွားမှာ စိုးရိမ်နေလို့ နိုင်ငံတကာနဲ့ အခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ KIA အဖွဲ့အပေါ် ထောက်ခံမှုရဖို့အတွက် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီအဖွဲ့ကို ဟန်ပြဖွဲ့ထားနိုင်အောင်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

 UNFC အဖွဲ့ဝင် အဖွဲ့အစည်း(၁၁)ခုရှိတဲ့အနက် (၆)ဖွဲ့က အစိုးရနဲ့တရားဝင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီး (၅)ဖွဲ့သာ ဆွေးနွေးဖို့ကျန်တဲ့အတွက် အင်ဘန်လအဖို့ ဘေးကြပ်နံကြပ်အနေအထား ဖြစ်နေပါတယ်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီလို့ အမည်ပေးထားပေမယ့် အဖွဲ့တစ်ခုချင်းက ကိုယ်လုပ်ချင်တာတွေလုပ်နေကြလို့ အခုလိုအရေးပေါ်အစည်းအဝေးခေါ်ယူရခြင်းဖြစ်ကြောင်း သိရပါတယ်။

အစည်းအဝေးမှာ အင်ဘန်လက ``ငြိမ်းချမ်းရေးသဘောတူညီချက်နှင့် ရှေ့ဆက်ဆောင်ရွက် မည့် နိုင်ငံရေးဆွေးနွေးပွဲများအား ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး သဘောတူညီချက်လက်မှတ်ထိုးပြီးမှသာ UNFC အဖွဲ့ဝင်များအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်သွားကြရန်`` ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှုမရရှိဘဲ KIO နှင့် KNU တို့ အခြေအတင်စကားများခဲ့တယ်လို့သိရပါတယ်။ ``UNFC မှာ KIA က ငွေကြေးအင်အားကိုသုံးပြီး သြဇာအာဏာ လွှမ်းမိုးလိုခြင်းကို လက်မခံနိုင်ကြောင်း၊ ၁၉၉၄ ခုနှစ် အစိုးရနဲ့ KNU တို့ တိုက်ပွဲဝင်နေစဉ်ကာလမှာ KIA က ဘယ်အဖွဲ့အစည်းကိုမှ တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ငြိမ်းချမ်းရေးယူသွားခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိ အနေအထားရောက်မှ ဖွဲ့ဖြိုးတိုးတက်မှုမရှိဘဲ ဒုက္ခရောက်နေသည့်ကရင်ပြည်သူများ၏ မျက်နှာထောက်ထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မပျက်ပြားစေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ KNU အနေနဲ့ အဖက်ဖက်က သုံးသပ်စဉ်းစားပြီးမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးကိုယ်တိုင် အစိုးရနဲ့ ငြိမ်းချမ်းရေး ယူခဲ့တာ ဖြစ်တယ်လို့`` KNU မှ အရာရှိတစ်ဦးက ဆွေးနွေးခဲ့ပါတယ်။

KNU အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်ကတော့ လက်ရှိအစိုးရ မှာ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ပါဝင်နေပြီး အနောက်နိုင်ငံတွေက လှိုက်လှိုက်လှဲလှဲ ထောက်ခံမှုတွေ ရှိနေတဲ့အကြောင်း၊ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေ ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေးဗဟိုကော်မတီ ဖွဲ့စည်းပြီးေ ဆာင်ရွက်ေ နတဲ့အတွက် မိမိတို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့လည်း တိုင်းရင်းသားပြည်သူေ တွရဲ့ ရေရှည်အကျိုးစီးပွားကို ကြည့်ရှုသင့်ကြောင်း၊ ငြိမ်းချမ်းရေးလမ်းကြောင်း နီးနီးကလေးရှိနေတာကို ဟိုးအဝေးကြီးကို ပြန်လည့်ပြီး မလျှောက်လှမ်းသင့်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်ကြီးအင်ဘန်လအနေနဲ့ ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ တိုင်းရင်းသားအဖွဲ့ အစည်းတွေရဲ့ ထောက်ခံမှုမရတာကြောင့် အစည်းအဝေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ရေရေရာရာ မချနိုင်ခဲ့ပါဘူး။

 နောက်ဆုံးရ သတင်းများအရ အစိုးရနှင့် ငြိမ်းချမ်းရေးယူထားပြီးဖြစ်သော KNU , KNPP , NMSP , ANC , CNF နှင့် SSPP/SSA အဖွဲ့တို့မှာ UNFC အဖွဲ့မှ ခွဲထွက်သွားဖွယ်ရှိနေပြီး KIA အဖွဲ့မှလွဲ၍ ကျန်အဖွဲ့ဝင်များသည် မိမိအစီအစဉ်ဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဆွေးနွေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စောအယ်လ်ဝါး၊ ချင်းမိုင်။
___________________________________________________________________________
 
Readmore »

Jul 28, 2012

၃၇ မင်းနဲ့ ဒေါ်စု ပတ်သတ်မှူ

_

____________________________________________________________________________
Readmore »

ဒေါ်စု နှင့်ဇေယျာသော် (သို့) မမနဲ့ မောင်လေး အပေါ် အမြင်

__________________________________________________________________________
Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ