Nov 29, 2013

သမိုင်းကြောင်း အမှန်တရားကို ဖြေကြားထားကြောင်း ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့် ပြောကြား

ဗိုလ်ချုပ်ကြီးဟောင်း ထောက်လှမ်းရေး ညွန်ကြားရေးမှုးဟောင်း နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့် နှင့် လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့ တွေ့ဆုံးမေးမြန်း ထားသည်များကိုစုစည်းပြီး စာအုပ်ထုတ်ဝေဖြန့်ချီရာတွင် လျို့ဝှက် ထိန်ချန်ထား စရာမလိုသော သမိုင်းကြောင်း အမှန်တရားကိုသာ ဖြေကြားထားခြင်းဖြစ်ကြောင်း ဦးခင်ညွန့်က ပြောဆိုလိုက်သည်။



 အဆိုပါ စာအုပ်ထဲတွင် ABSDF (မြောက်ပိုင်း)သတ်ဖြတ်မှုကိစ္စထောက်လှမ်းရေး ပါဝင်ခြင်း မရှိ ကြောင်း ၊ ဒီပဲယင်း ကိစ္စထောက်လှမ်းရေး မသိရှိကြောင်း ၊ လက်နက်နှင့်ငြိမ်းချမ်းရေးလဲခဲ့သော ဘိန်းဘုရင်ခွန်ဆာ အတွင်းရေးနိုင်ငံတော်ဝန်ကြီးချုပ် ဟောင်း ဦးခင်ညွန့် ပြောကြားချက်များ ၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး နေအိမ် ဗုံးကွဲမှု နှင့် ပက်သက်၍ သဘောထား၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေ မှဦးနေ၀င်း ၊ ဦးခင်ညွန့် တို့ကိုဖမ်းဆီး ခဲ့ခြင်းရှိ မရှိ စသည်ဖြင့် အကြောင်းတော်တော်များများ မေးမြန်းထား သည်များကို ပြန်လည်ဖြေကြားထားခြင်းဖြစ်သည်။

 “သမိုင်းကြောင်းအမှန်တရားတွေကို ဖြေကြားထားတာဖြစ်တဲ့အတွက် ဘာမှ လ၀ှက်စရာအကြောင်းလည်းမရှိဘူး။ ပုဂ္ဂိုလ်ရေးထိခိုက် မယ့်နစ်နာမှုမျိုးတွေကို အများကြီးရှောင်ကျဉ်ပါတယ်။ သမိုင်းကြောင်းနဲ့နွယ်ပြီး ပုဂ္ဂိုလ်ရေး ထိခိုက်မှုတွေ အနည်း အကျဉ်းတော့ ရှိသွားပါတယ်။ ရှိနိုင်တယ်လို့ ထင်မှတ်ပါတယ်။ ပုဂ္ဂိုလ်ရေး ထိခိုက်သွားတဲ့ သူတွေကိုလည်း တောင်းပန်ပါတယ် ” ဟု ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်ကဖြေကြားသည်။ ထို့အပြင် အင်တာနက်စာမျက်နှာများပေါ်တွင် ပြန့်နှံခဲ့သော ၁၉ ၉ ၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် အရာရှိကြီးများ အုပ်ချုပ်မှုမွမ်းမံသင်တန်း အမှတ်စဉ် ( ၃/၉ ၃)တွင် ဟောပြော ပို့ချချက်များကိုလည်း ယင်းစာအုပ်တွင် ထည့်သွင်း ဖော်ပြထားခြင်းနှင့်ပက်သက် ပြီး ထိုစဉ်အခါက အတွင်းရေးမှုး ၁ အနေ နှင့် သွားရောက်ခဲ့ပြီး နိုင်ငံတော်၏ ပေါ်လစီများကို ရှင်းပြပါဆိုသောကြောင့် သွားရှင်းပြရခြင်းဖြစ်ကြောင်း အရာရှိကြီးများ ကိုပို့ချသော သင်တန်းဖြစ်သောကြောင့် သင်တန်းသားများထဲတွင်ဗိုလ်မှုးကြီးများ ဒုဗိုလ်မှုးကြီး ပါဝင်ကြောင်း တပ်မတော်က သင်တန်းပို့ချသောနေရာတွင် စကားအသုံးအနှုန်းများက မာကျော ကြမ်းတမ်းတာများ မသိမ်မွေ့မှုများပါရှိကြောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ကဖြေကြားသည်။

 ဆက်လက်၍ “အဲဒါတွေနဲ့ပက်သက်ပြီး တစ်ချို့သော ပုဂ္ဂိုလ်တွေက ထိခိုက်နစ်နာစရာတွေ ပါကောင်းပါနိုင်ပါတယ်။ ရည်ရွယ်ချက်အနေနဲ့ပြောခြင်းမဟုတ်ဘူး နိုင်ငံတော်ရဲ့ ပေါ်လစီတွေကို နိုင်ငံတော် အစိုးရကိုယ်စား ရှင်းပြတာဖြစ်တဲ့ အတွက် မာကျောတဲ့စကားတွေ ကြမ်းတမ်းတာတွေပါသွားခဲ့ပါတယ်။ ခံစားရမယ့် ပုဂ္ဂိုလ်တွေကိုလည်း နားလည်ခွင့်လွတ်ပေးပါလို့ တောင်းပန်ပါတယ်။ ၁၉ ၉ ၃ ခုနှစ်က ပြောခဲ့တဲ့ စကားသည် ခုချိန်နဲ့မကိုက်ညီတော့ဘူး ။ ခေတ်တွေစနစ်တွေက ပြောင်းသွားပြီ တစ်ချို့အချက်လက်တွေ အကြောင်းရာတွေက အခုလက်ရှိ အခြေအနေနဲ့ မကိုက်ညီတော့တဲ့ အနေထား ဖြစ်တဲ့အတွက် ပြန်လည်ရှင်းလင်းတင်ပြတာဖြစ်ပါတယ်။ ” ဟု ယင်းမှထပ်လောင်းဖြေကြားခဲ့သည်။

 ရွှေထွဋ်  
From:[_ The Myanma Age _]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဘာ မှ လဲမ ပေါ် ဘူး

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ