Jun 8, 2013

အစ္စလာမ်မစ် အရေးကိုဆန်းစစ်လျှင် လက်ပံတောင်းတောင်သည်လည်း ဂျီဟဒ်တစ်နည်းဖြစ်ခဲ့လား


မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲဆင်နွဲရန် အစ္စလမ်စစ်သွေးကြွဝါဒီအချို့က ထုတ်ဖော်ပြောဆိုပြီးနောက် မေလ (၃) ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ချိန်ကိုက်ဗုံးနှင့် ဖောက်ခွဲရန်ကြံစည်ခဲ့သည်ဟု သံသယရှိသူများအား လက်လုပ်ဗုံး( ၅) ခုနှင့်အတူ ရှာဖွေတွေ့ရှိခဲ့သည်ဟု နိုင်ငံတကာသတင်းများ၌ ဖတ်မိ၏။

နောက်ဆက်တွဲအဖြစ် မြန်မာသံရုံးဗုံးခွဲရန်မသင်္ကာသူများကို ၀င်ရောက်စီးနင်းဖမ်းဆီးခဲ့ရာ အစ္စလမ်စစ်သွေးကြွ (၇) ဦးကိုပစ်သတ်ခဲ့ပြီး (၆)ဦးလက်ရဖမ်းဆီးခဲ့ကြောင်းလည်း သတင်းများကြားသိရပါသည်။

ထိုသတင်းများနှင့်အတူ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းရေးအတွက် ဒေသခံကျေးရွာများသို့ရောက်ရှိဦးဆောင် နေသော ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်အဖွဲ့မှ ဗထူး(ရွှေပြည်သာမြို့နယ်) သည် မွတ်စလင်တစ်ဦးဖြစ်ကြောင်း၊ အစ္စလမ်မစ် စစ်သွေးကြွတစ်ဦးဖြစ်ကြောင်း၊ အင်တာနက်သတင်းတစ်ပုဒ်တွင် တွေ့ရှိဖတ်မိ၏။ တွေ့ရှိမိ၏။

လက်ပံတောင်းတောင်အရေးနှင့်ပတ်သက်၍ အမေစုဥက္ကဌအဖြစ်ဆောင်ရွက်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီအရင်ခံ စာသည် အလွန်လက်တွေ့ကျပြီး လက်ရှိနိုင်ငံတော်၏အခြေအနေအရ အသင့်လျော်ဆုံး ရွေးချယ်ပေးထားသည့် လမ်းကြောင်းဖြစ်ကြောင်းနှင့် အားလုံးအဆင်ပြေစေမည့် လက်တွေ့ကျသောအစီအရင်ခံစာဖြစ်ကြောင်း ပြည်သူလူထုအများစုက ရှုမြင်ထားပါသည်။ အမေစုအပေါ် ပုဂ္ဂိုရေးယုံကြည်မှု သြဇာကြီးမားမှုတို့ကြောင့် လက်ခံခဲ့ကြခြင်းမဟုတ်ပါ။ လက်ပံတောင်းအရေး နှင့်ပတ်သက်၍ ကြားဝင်ဝေဖန်သုံးသပ်အကြံပြုခြင်း၊ အပြစ်တင်ခြင်းမပြုလုပ်လိုပါ။

သို့သော် လက်ပံတောင်းအရေးမှာ ဗထူးဆိုသောအစ္စလမ်မစ်တစ်ဦးပါဝင်ဦးဆောင်နေမှုအပေါ် သံသယများစွာဖြစ်မိပါသည်။ ၄င်း၏လူမှုရေးရှုပ်ထွေးမှုကို ဘေးချိတ်၊ ၄င်းပါဝင်ပတ်သက်မှု၏ ရည်ရွယ်ချက်ကိုဖော်ထုတ်သင့်ပြီ။ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ယက်အဖွဲ့မှာ ၂၀၁၂ ခုနှစ်၊ ဇွန်လဆန်းက အဖွဲ့ဝင် (၁၅)ဦးဖြင့် လက်ပံတောင်းအရေးအတွက်ခါတော်မှီဖွဲ့စည်းခဲ့ပြီး ယခုအခါ (၁၀)ဦးခန့်သာ ကျန်ရှိကြောင်း၊ ဥက္ကဌအတွင်းရေးမှူးခေါင်းဆောင်မရှိဟုသိရကြောင်း၊အားလုံးဆရာကြီးများဖြစ်၍ ရွေးမရဟုသိရ။ ရုံးတည်နေရာမရှိဘဲ ဖုန်းဖြင့်ဆက်သွယ်၍ စေတီ၊ ပုထိုး၊ ဘုရား၊ တန်ဆောင်းများတွင်ချိန်းဆိုတွေ့ဆုံတိုင်ပင်ကြောင်း၊ ကွန်ယက်အဖွဲ့တွင်ပါဝင်သူမြောက်ဥက္ကလာနေ မ၀ါ (ကွန်ယက်အဖွဲ့ဝင် ကိုသားကြီး၏အစ်မ) မှ ပြောပြသိရပါသည်။

ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်ဟု ဆိုသောအဖွဲ့၏အခြေအနေ၊ ဖွဲ့စည်းပုံနှင့် ပါဝင်သူများအပေါ် ပါဝင်သူများမှအပ ထောက်ခံသူ၊ အားပေးကူညီသူများမရှိဘဲ လက်ရှိတွင် ဝေဋ္ဋု (မြောက်ဥက္ကလာ)၊ ဝေမှူးသွင် (စာရေးဆရာ ကန်တော်လေး)၊ ကိုသားကြီး(မြောက်ဥက္ကလာ)၊ ကိုထက်၊ ကိုသူ၊ ရွှေပြည်သာမှ ကိုဗထူးတို့သာ လှုပ်ရှားနေကြောင်း၊ ဗထူးမှာမွတ်စလင်တစ်ဦးဖြစ် ကြောင်း မ၀ါမှ ပြောပြသိရပါသည်။

မွတ်စလင်(အစ္စလမ်မစ်) ဂျီဟတ်စိတ်ဓါတ်ပြင်းပြသူ ရွှေပြည်သာမှ ဗထူးသည် မြောက်ဥက္ကလာမှ လူငယ်များဖြင့်ဖွဲ့စည်းထားသော ကွန်ယက်သို့ ၀င်ရောက်အသွင်ယူခြင်းကိုလည်း ကွန်ယက်အဖွဲ့ဝင်များပြန်လည်သုံးသပ်သင့်ကြောင်းအကြေံပြုလိုပါသည်။ ဗထူး နှင့်ဆက်လက် လက်တွဲမည်ဆိုပါက ပြည်သူ့အကျိုးဆောင်ကွန်ယက်သည် “ပြည်သူ့အကျိုးဖျက်ကွန်ယက်” အဖြစ် နိုင်ငံရေးဇာတ်ခုံပေါ်၌ ကဗ္ဗည်းတင်ခံရပေလိမ့်မည်။

ကိုဝေမှူးသွင် (စာရေးဆရာ)ရေ ပြည်သူ့အကျိုးတကယ်ဆောင်မှာလား၊ ပြည်သူ့အကျိုးအမှန်ဖျက်တော့မှာလား သိချင်စမ်းပါဘိ။

From:[_ သောင်းထွန်းလင်း _]
(မောင်ကျောက်ခဲ အဖွဲ့)

Print Friendly and PDF

1 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

ဗထူးကိုဘာလို့မဖမ်းတာလဲ

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ