Readmore »
Jan 6, 2012
သူတို့ဘာတွေ ဘယ်လို ပေးဆပ်နေခဲ့ကြသလဲ
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
12:53 AM
14
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = စစ်ရေး
Jan 5, 2012
ဒါတွေကရော စစ်ခွေးတွေလား ၊အစိုးရ ဖော်လံဖားတွေလား
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
7:04 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သရော်စာ
Jan 4, 2012
KIA ကိုတိုက်ဖို့ အစိုးရတပ် မောင်းသူမဲ့လေယာဉ် အသုံးပြု(VideoFile)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
11:07 AM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = Video ဖိုင်, သရော်စာ
လွပ်လပ်ရေးကြေငြာစာတမ်း
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
4:20 AM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သုတကဏ္ဍ
မလေးရှားရောက် အမျိုးသမီးငယ်တစ်ဦး ပြောပြသော Black-Story
ကျွန်တော်က မလေးကို free calling နဲ့ လာခဲ့တာပါ။ အလုပ်ရွေးနေခဲ့တာနဲ့ နောက်ဆုံး အလုပ်ရတဲ့အခါမှာ လက်ထဲက ပိုက်ဆံလည်း ကုန်သလောက်ပါပဲ။ အဲဒီအလုပ်အတွက် စာရွက်စာတမ်းကိစ္စက အနည်းငယ် ငွေလိုပါတယ်။ အိမ်ခန်းအတွက်လည်း ငွေလိုပါတယ်။ ကုန်ကုန်ပြောရင် လက်ထဲမှာက ရင်းဂစ် ၂၀၀မပြည့်ဘူး၊ သုံးရမှာက ထောင်ကျော်ဖြစ်နေတယ်။ တလွဲဆံပင်ကောင်း ခေါင်းကြောအင်မတန်မာတဲ့ ကျွန်တောဟာ ဘယ်လိုပဲဖြစ်ဖြစ် အိမ်ကတော့ ပြန်မတောင်းဘူးဟေ့လို့  စိတ်ထဲက တင်ထားပါတယ်။ လက်ထဲရှိတဲ့ငွေလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အချိန်ပိုင်းအလုပ်များကို ဟိုရှာဒီရှာ၊ ဟိုမေးဒီမေးပေါ့လေ။ နောက်တော့ အိမ်ခန်းရှာရတော့ အိမ်ခန်းခပေးရတဲ့အတွက် လက်ထဲမှာ ငွေ၃၀ ပဲ ကျန်ပါတော့တယ်။ လဆန်း ၁၂ရက်ပဲ ရှိပါသေးတယ်။ အလုပ်က stock စစ်ဖို့ လိုတဲ့အခါ ဟိုဟိုဒီဒီ bus ကားစီးပြီး ပြေးရတဲ့အတွက် ဒီပိုက်ဆံကလေးနဲ့ ဘယ်လိုမှ မလောက်ပါဘူး။ ကျွန်တော်ရဲ့ အခန်းဖော်က စန်းစန်းလို့ ခေါ်ပါတယ်။ KL မှာ ကျောင်းလာတက် တာပါ။ အသက် ၂၂နှစ်၊ ညိုညိုလေးနဲ့ ချောပါတယ်။ မိဘများက ရန်ကုန်၊ ၇မိုင်မှာ နေပါတယ်။ ကိုယ့်အပူနဲ့ ကိုယ်ဆိုတော့လည်း သူနဲ့ အဲဒီလောက် စကား မပြောဖြစ်ပါဘူး။ ကျွန်တော့်မှာ လကုန်အထိ ဘယ်လိုလောက် အောင် စားရမလဲလို့ တနေ့တနေ့ ဦးနှောက်စားရပါတယ်။နောက်ဆုံးမှာတော့ အကြံရပါတယ်။ ကြက်ဥတစ်လုံး ပြား ၃၀၊ ခေါက်ဆွဲခြောက်တစ်ထုပ် ပြား၆၀၊ မနက် ကြက်ဥတစ်လုံး ခေါက်ဆွဲခြောက်ထုပ် တစ်ဝက်၊ ညနေ ကြက်ဥတစ်လုံး ကျန်တဲ့ ခေါက်ဆွဲခြောက်ထုပ်တဝက်နဲ့ (ခေါက်ဆွဲထဲကို ရေတရဟောနဲ့ ပြုတ်ထားတာပါ) စခန်းသွားတော့တာပဲဗျို့ ။ မကြာပါဘူး၊ အဲလိုကြီးကို မစားနိုင်တော့ပါဘူး။ အနံ့ရတာနဲ့ကို အန်ချင်လာပါတယ်။ စန်းစန်းက ကျွန်တော့်အဖြစ်ကို သတိထားမိလာပါတယ်။ တနေ့  သူမေးလာပါတယ်။ အစ်မ ပိုက်ဆံလိုသလား။ ကျွန်တော်လည်း သူ့ ကို ရင်ဖွင့်မိပါတယ်။ သူက အချိန်ပိုင်း လုပ်မလား၊ သူနဲ့ အတူတူတဲ့။ ဘာအလုပ်လဲဆိုတော့ သူက အစ်မ၊ စိတ်မရှိနဲ့နော်ဆိုပြီး ဇာတ်ဆုံခင်းပါတယ်။ မလေးနိုင်ငံသား ပိုက်ဆံဝါလား များနဲ့ မလေးမှာ လုပ်ငန်းလာလုပ်သော အခြားနိုင်ငံမှ လူကြီးမင်းများက အဖော်ရှာပါသတဲ့။ သူတို့ က မျက်နှာကြီးများဆိုတော့ အများသွားသော နေရာများကို မသွားချင်သောကြောင့် မလေးနိုင်ငံသား သူတို့ လို လူများနှင့် ယခင်ကပင် ပေါင်းသင်းဖူးသော၊အငယ်သဘောဖြင့် လက်ရှိပေါင်းသင်းနေဆဲဖြစ်သော မြန်မာ မမများမှ တဆင့် အဖော်ရှာပါသတဲ့။ တစ်ပတ် နှစ်ည၊ ထိုသူကလွဲ၍ မည်သူနှင့်မျှ မတွဲရ၊ တစ်လ ရင်းဂစ် ၈၀၀ မှ ၁၀၀၀ အထိ ပေးတယ်လို့  ဆိုပါတယ်။ပထမတော့ ကျွန်တော်လည်း ခေါင်းခါပါတယ်။ နောက်တော့လည်း ငတ်တဲ့ဒဏ်မခံနိုင်တော့ ပွဲစားမကို သွားတွေ့ဖို့  သဘောတူလိုက်ပါတယ်။ မမကလူကို အရင်ကြည့်မယ်ပေါ့။ တညနေမှာ မမကို bukit bin tang က ဆိုင်တဆိုင်မှာ သွားတွေ့ပါတယ်။ သူ့ ကို ပွဲခလည်း ပေးရမှာ ဖြစ်မှာတယ်။
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
1:53 AM
1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဆင်ခြင်နိုင်ကြစေ
Jan 3, 2012
ငြိမ်းချမ်းရေ နိုဘယ်ဆုရှင်-ခင်ဗျားရတဲံ့ဆုက အလကားကြီးပါဗျာ..
ဒီဇင်ဘာလ ၂၂ နေ့တွင်လည်း လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေခဲ့ပြီး ညပိုင်းတွင် တပ်မဟာ(၇၅၉) တပ်မဟာမှူး စိုင်းချစ် ခေါင်းဆောင်သောအဖွဲ့ ထပ်မံရောက်ရှိလာကာ ၀မ်ပန်ပြည်သူ့စစ်စခန်းနှင့် ၀မ်ပန်ရွာတို့ကို ၀ိုင်းပတ်ပိတ်ဆို့၍ ပြည်သူ့စစ်အဖွဲ့ဝင်များကို ၎င်းတို့နှင့် ပူးပေါင်းရန် စည်းရုံးခဲ့ကြသည်၊ ၎င်းနောက် ည ၁၀ နာရီခွဲချိန်ခန့်တွင် အင်အား ၁၀၀ ဦးခန့်သည် ၀မ်ပန်ကျေးရွာအတွင်းသို့ ၀င်ရောက်လာခဲ့ပြီး ကျေးရွာရှိ နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြသည်။

သျှမ်းပြည်တပ်မတော်အဖွဲ့ဝင်များသည် ၀မ်ပန်ရွာအား မီးလောင်တိုက်သွင်းခဲ့ပြီး မြင်သမျှအိမ်အားလုံးအား မီးရှို့ခဲ့သည့်အတွက် စုစုပေါင်းအိမ် ၃၂ လုံး မီးရှို့ခံခဲ့ရသည်၊ ၈ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးကာ ကလေးငယ်တစ်ဦး အပါအ၀င် ၅ ဦး ထိမှန်ဒဏ်ရာရခဲ့သည်။

ကျေးရွာအတွက် အစိုးရမှ ဆောက်လုပ်ပေးထားသော ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံနှင့် ဆက်သွယ်ရေးရုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ကျေးရွာဆေးခန်းအဆောက်အဦနှင့် ဆေးပစ္စည်းအားလုံး ဖျက်ဆီးပစ်ခဲ့သည်၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၏ ရိက္ခာဆန်အိတ် ၁၅၀ ကျော်နှင့် ရွာသားများသိုလှောင်ထားသော ဆန်တင်း ၇၀၀ ကျော်ခန့် မီးရှို့ဖျက်ဆီးခံရသည်၊ ပြည်သူ့စစ် အဖွဲ့ဝင်များနှင့် ကျေးရွာလူထုပိုင် ဖိုးဝှီးယာဉ် ၁ စီးနှင့် ဆိုင်ကယ် ၂၀ စီးတို့ကိုလည်း ယူဆောင်သွားခဲ့သည်၊ အဆိုးရွားဆုံးမှာ ရွာသားများနေအိမ်တွင် ကိုးကွယ်နေသည့် ဘုရားမှအစ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ကုန်များ၊ အ၀တ်အထည်များအား ထွေလာဂျီ ၆ စီးဖြင့် တင်၍ယူဆောင်သွားခဲ့ခြင်းပင် ဖြစ်သည်။

သျှမ်းပြည်တပ်မတော်က ပစ်ခတ်လို့ အိမ်ကိုလက်နက်ကြီးကျည် ထိမှန်ခံရသူ ၀မ်ပန်ရွာသားတစ်ဦးမှ ]]သူတို့အဖွဲ့တွေ ရွာရဲ့ မြောက်ဘက်နဲ့ အနောက်ဘက်နေရာတွေကနေ အဖွဲ့တွေခွဲပြီး နှစ်ရက်လုံးလုံး လက်နက်ကြီး တွေနဲ့ ပစ်ခတ်နေခဲ့တယ်၊ စခန်းကိုပစ်တာဆိုပေမယ့် စခန်းနားမှာရှိတဲ့ ရွာထဲကို ကျည်ဆံတစ်ဝက်လောက် ကျတယ်၊ ကျွန်တော့်အိမ်က စခန်းနဲ့နီးတဲ့အတွက် ညဘက်မှာ သူတို့ပစ်တဲ့ လက်နက်ကြီးကျည်လာမှန်ပြီး ကျွန်တော့သမီးကို ထိသွားတယ်၊ အိမ်လည်းမီးလောင်တယ်၊ စုဆောင်းရှာဖွေထားတဲ့ ပစöည်းတွေအားလုံး မီးထဲပါသွားတယ်၊ ကျွန်တော်တို့ တစ်ရွာလုံးကို ရန်ငြိုးတစ်ခုနဲ့ တိုက်ခိုက်တယ်လို့ ကျွန်တော်ထင်တယ်၊ ကျွန်တော့မိသားစုနဲ့ ရွာကိုပျက်စီးအောင်လုပ်ခဲ့တဲ့အတွက် လုံးဝမကျေနပ်ဘူး}}ဟု ပြောပြသည်။
အခြားသတင်းတစ်ခုအရ သျှမ်းပြည်တပ်မတော်အနေနှင့် ၀မ်ပန်ရွာပတ်ဝန်းကျင်တွင် လွတ်လပ်စွာလှုပ်ရှား လိုခြင်းကြောင့် ၎င်းတို့အတွက် အနှောင့်အယှက်တစ်ခုအနေဖြင့် ရှိနေသော ၀မ်ပန်ပြည်သူ့စစ်အဖွဲ့ကို ယခုကဲ့သို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
2:00 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = စစ်ရေး, ပန်ကြားပါရစေ, သတင်း, သရော်စာ
နွယ်သာကီ ၆ လမ်း မှာ ဓါးနဲ့ ဝိုင်းခုတ်တဲ့ မျိုးမစစ်တွေ ဖမ်းမိပြန်ပြီ
မျက်နှာဖုံးစွပ်ထားသူများအပါအ၀င် လူအုပ်စုတစ်စုက အသက် ၃၀ အရွယ်ရှိ အမျိုးသားတစ် ဦးအား ဓားများဖြင့် ၀ိုင်းဝန်းခုတ်ထိုးသတ်ခဲ့သည့်ဖြ စ်စဉ်တွင် ပါဝင်ကျူးလွန်ခဲ့သည့် အဓိကတရားခံတစ်ဦးအပြင် စုစုပေါင်း ၂၀ ဦးကိုဖမ်းဆီးစစ်ဆေးနေပြီဖြစ်ြေ ကာင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယင်းဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ညပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ
၆ လမ်းအနီးအနားတွင် အသက် ၃၀ အရွယ်ရှိ ကိုကျော်မင်းကို
မျက်နှာဖုံးစွပ်သူများအပါအ၀င် လူအုပ်စုတစ်စုက ရက်စက်စွာ
ဝိုင်းဝန်းသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့အထိဖြစ်စဉ်မှ ပါဝင်ကျူးလွန်ခဲ့သူ ၁၄ ဦးကိုဖမ်းဆီးထားနိုင်ခဲ့ကြောင်း
အဓိကပါဝင်ခဲ့သူတစ်ဦးကိုလည်း ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း၊
ဒီဇင်ဘာလ ၃၀ ရက်နေ့အ ထိ တရားခံများကို ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရသည်။
ပါဝင်ကျူးလွန်ခဲ့သူများထဲမှ အဓိကကျူးလွန်ခဲ့သူကို
ဖမ်းဆီးခြင်းနှင့်ပတ်သက်၍ ဒုစရိုက်နှိမ်နှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက "
ကိုကျော်မင်းကို မျက်နှာဖုံးစွပ်ပြီး တော့ ခုတ်သတ်ခဲ့တဲ့ ဖြစ်စဉ်မှာ
အဓိကပါဝင်ကျူးလွန်သူတစ်ဦးဖြစ်တဲ့
မြှားလေး(ခ)ကောင်းမြတ်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ ဖမ်းဆီးမိခဲ့ပါတယ်။
အဲဒီတရားခံက အဓိကတရားခံဖြစ်ပါတယ်။ သူ့ကိုပိုက်ဆံပေးပြီးတော့ ဦးစီး
ပြီးသတ်ခိုင်းတာပါ။ ကျပ်သိန်း ၉၀ နဲ့ သတ်ခိုင်းခဲ့တာပါ။ တရားခံက စရံ ၂၅
သိန်းရထားတယ်။ သတ်ပြီးတဲ့နေ့ မှာ ကျပ်သိန်း ၂၀ ထပ်ရပါတယ်။ ကျပ် ၄၅
သိန်းကိုတော့မရသေးပါဘူး။ သူ့ကိုငှားပြီးတော့ သတ်ခိုင်းတဲ့သူတွေ ကို
အကုန်လုံးကို ဖမ်းဆီးထားပြီးသွားပါပြီ။ အဓိကတရားခံကို စစ်ဆေးမေးမြန်းဆဲကနေ
ပြီးတော့ အခြားတရား ခံငါးဦးကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ ပြေးနေတဲ့ ၁၆
ဦးကို
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
12:00 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
လှည်းတန်း ဗုံးခွဲမှု တရားခံများ ဖမ်းမိပြီ
![]() |
| ဗုံးကွဲမူမြင်ကွင်း |
ပြီးခဲ့သော ဒီဇင်ဘာ ၂၁ ရက် တွင် ရန်ကုန်မြို့ လှည်းတန်း သန့်စင်ခန်း
တွင်ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှု၏ အဓိက ကွင်းဆက် တရားခံများဖြစ်သော VBSW
(စွမ်းအားမြှင့် မြန်မာကျောင်း သား စစ်သည်တော်အဖွဲ့) လေးဦး ကို ဒီဇင်ဘာ ၂၂
ရက်၌ မြ၀တီရဲတပ်ဖွဲ့က ဖမ်းဆီး ဖော်ထုတ် လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းဖောက်ခွဲမှုဖြစ်စဉ် အတွက် ဒီဇင်ဘာ ၂၂ ရက်၌ မြ၀တီခရိုင် ရဲတပ် ဖွဲ့မှူး၏
အနီးကပ် ညွှန်ကြားမှုဖြင့် ရဲအုပ် စိုးနိုင်ဝင်း (မြ၀တီ ခရိုင်ရဲတပ်ဖွဲ့)၊
ရဲအုပ် သိန်းလွင် (မြ၀တီမူးယစ် အထူးတပ်ဖွဲ့) တို့နှင့် အတူ ထိုင်းနိုင်င
ံတပ်မတော် ထောက် လှမ်းရေး တပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ် ရေးရဲ
တပ်ဖွဲ့တို့ ပူးပေါင်းကာ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့ သော ကွင်းဆက်တရား ခံ ကတုံး(ခ)ဇော်သက်အောင် (၂၂ နှစ်)၊ အောင်ကိုမင်း (၂၇နှစ်)၊ အောင်ဇော် (၂၃နှစ်)၊ နေမျိုး
သူရအောင်(ခ) အောင် ကိုမင်း (၂၄နှစ်)၊ လေးဦးအား ဖမ်းဆီးရမိ ခဲ့ပြီး
ထိုင်းဖုန်း နံပါတ်ပါ သုံးလုံး၊ ဘားအံ မြို့ပွဲတော် ကျင်းပမည့် နေရာနှင့်
မြို့အကွက် ချမြေပုံ နှစ်ပုံ၊ VBSW သင်တန်း သင်ခန်း စာမှတ်စု
စာအုပ်သုံးအုပ်၊ စီဒီငါးချပ်၊ ဆန့် ကျင်ဘက် အဖွဲ့အစည်းများ၏ အချက် အလက်
များနှင့် ၀ါဒဖြန့် စာရွက်စာ တမ်း များ၊ SAW စာသင်ကျောင်းမှ ကျောင်း သား
ကတ်နှစ်ကတ်တို့ကို ပူးတွဲသိမ်း ဆည်း ရမိခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်မြို့ အတွင်း အဓိက ဖောက်ခွဲ မှုလုပ်ခဲ့သော ကတုံး (ခ) ဇော်သက် အောင်
အပါအ၀င် လေးဦးကို ကမာရွတ် ရဲစခန်း(ပ)၃၁၁ / ၁၁ ပေါက်ကွဲ-၃၊
ကမာရွတ်ရဲစခန်း(ပ) ၄၀၁ / ၁၁ ပြစ် မှုပုဒ်မ ၃၀၂ / ၃၀၇ / ၃၂၆ တို့ဖြင့် ရီမန်
ယူစစ် ဆေးမည်ဖြစ်ပြီး လတ်တလော အနေဖြင့် မြ၀တီခရိုင် အထူးအမှုစစ် အဖွဲ့ဖြင့်
စစ်ဆေး အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း သိရှိသည်။
ဗုံးပေါက်ကွဲမူမြင်ကွင်းများ
![]() |
| မပေါက်ကွဲသေးသော C4 တစ်လုံးအား BE တပ်မှ ဖယ်ရှားပြီးစဉ် |
![]() | ||
| သေဆူံးသူ |
![]() | ||||||||
| ဗုံ့းကွဲပြီး မောင်ကျောက်ခဲ(မြန်မာပြည်) |
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
12:00 PM
1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
ခမောက်လုပြီးရင် ဒေါင်း လုမယ်
ထုတ်ပြန်ခဲ့ပါသည်။
ယခု အခါ တွင် ကန့်ကွက်မည့်သူပေါ်ပေါက်လာပြီဖြစ်ပါသည်။
ကန့်ကွက်သူမှာ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)
ပါတီဖြစ်ပါသည်။NLD ၏ ပါတီ အလံမှာ ၄င်းတို့  ပါတီအလံနှင့် ဆင်တူနေတာကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း ပါတီဥက္ကဌ ဦးရဲထွန်း မှ ပြောကြားပါသည်။
အခုဆိုရင် မြန်မာ့သမိုင်းတောက်လျှောက် ၂ ဦးရှိ ၃ ဂိုဏ်းကွဲခြင်း ထုံးစံများ
ခွက်စောင်းခုတ်မူများနှင့် တံတောက်တိုက် ခြင်းများ အဆင်းဘီးတပ်ခြင်း များ စသော
နိုင်ငံရေးလောကအတွင်း ဖြစ်ပျက်မှုများ စတင် ဖြစ်ပေါ်လာတော့မည် ဖြစ်ပါသည်။
NLD အနေဖြင့် NDF ၏ ယှဉ်ပြိုင်မှူတွင် ခမောက်တလုံး ထာဝရ ဆုံးရှူံးခဲ့သလို
ယခု အခါ ဒေါင်း အား လုယူမည့်သူနှင့်ရင်ဆိုင်ရတော့မည် ဖြစ်သည်။
အတိတ်ကာလ များတွင်လည်း ဒေါင်းအား အတူတကွ အသုံးချခဲ့ကြပြန်ရာ ယခုအခါ သူပိုင်သည် ကိုယ်ပိုင်သည် လူယူရတော့မည်ဖြစ်သည်။ဒေါင်းအို နှစ်ကောင် အပြိုင်ခွပ်ရတော့မည် ဖြစ်သည်။
(နိုင်ငံရေးအသိုင်းအဝိုင်းမှလည်း 88 မျိုးဆက်ကျောင်းသားများအား ကိုတပ်ခေါ်နေသော်လည်း အမှန်မှာ ဦး တပ်ခေါ်ရမည့် အရွယ်များရောက်နေကြောင်း မေ့လျော့နေကြပြီဖြစ်သည်။အသက် ၄၃ နှစ်ကျော် ချဉ်းနင်းဝင်ရောက်
လာသော အရွယ်အပိုင်းအခြားများဖြင့်လည်း ကျောင်းသားလူငယ်များ ဟု သုံးနူံးနေလျှင် ကမ္ဘာ့သက်တမ်း အရှည်ဆုံး လူမျိုးများနှင့် နူပျိုမူအရှိဆုံးတွင် မြန်မာနိုင်ငံ ဂရင်းနစ်စံချိန်တင်ပေတော့မည်။ဤကား-စကားချပ်တည်း)
တစ်ခုရှိသည်မှာ NLD အနေဖြင့်
၂၃-ဒီဇင်ဘာ-၂၀၁၁ တွင် ကြေငြာခဲ့ရာ 88 မျိုးဆက် ကျောင်းသာလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)ပါတီအနေဖြင့် ၂၉-ဧပြီ-၂၀၁၀ တွင် ကြေငြာခြင်းဖြစ်သည်။
သို့သော် ဤ ဒေါင်းလုပွဲ တွင် မည်သူက မည်သူကို အလဲထိုးမည်နည်း ၊ဆိုသည်ကိုတော့
စိတ်ဝင်စားမှုရှိပါသည်။ဒိုင်ပွဲရပ် နှင့်တော့ မည်သူမျှ ရမည်မဟုတ်ပဲ ၊ ပြင်းထန်စွာ ယှဉ်ပြိုင်ငြင်းခုံ အလဲထိုးရပေမည်။
မောင်ကျောက်ခဲ(မြန်မာပြည်)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
7:23 AM
1 ယောက် ဆွေးနွေးခဲ့တယ်
Jan 2, 2012
သိသူများ ဖြစ်စဉ်ပြောပေးပါ.အဖြစ်မှန်ပြောပေးပါခင်ဗျာ
ဒါပေမဲ့ သူတို့ ရဲ့ခေါင်းစဉ်တွေက ထူးဆန်းစွာ ကွဲပြားလျှက်ရှိပါတယ်...။
တစ်ယောက်က မလေးရှားမှာ မကောင်းတာလုပ်စားတဲ့ အမိုးသမီးတွေကို မျိုးချစ်မြန်မာ
ယောကျာင်္းလေးများက ၀င်ရောက်ဆုံးမတယ်လို့ ပြောပါတယ်
ဒုတိယ တစ်ယောက်က တော့ ခိုးထွက်လာတဲ့ အမျိုးသမီးတွေကို မြန်မာ အချင်းချင်းခေါင်းပုံဖြတ်
အနိုင်ကျင့်တာလို့ ပြောပါတယ်..။
တတိယ တစ်ယောက်က ထိုင်းမှနေပြီး ပြည်တော်ပြန်ဝင်လာတဲ့ အမျိုးသမီးတွေကို လ-ဝ-က
မှ နှိပ်စက်တာ လို့ ပြောပါတယ်...။
ဘယ်ဟာအမှန်ပါလဲ....။ကျွန်တော် တင်သာတင်လိုက်ရသာပါ...။ကျွန်တော်တို့ နှစ်ယောက်ရဲ့ မူ ကို (သိတာ ၊ တတ်တာ ပဲပြောမယ် ) ပြင်ပြီး တင်လိုက်ရတာပါ...။ဗီဒီယို ထဲမှာတော့ ဘယ်သူက
မှားတယ်တော့ မသိပါဘူး..ဒါပေမဲ့ သိသူများအတွက် သေသေချာချာဖြစ်စဉ်နှင့်တကွ
ပြောပြပေးစေလိုပါတယ်...။ နို့မို့ဆိုရင် ဝါးတားတားနဲံ နောင်တချိန်မှာ ပွလာမဲ့ကိစ္စ ဖြစ်လာနိုင်ခြေ အများကြီးဖြစ်လာလို့ ပါ..။
ကျွန်တော်တို့  အဖြစ်မှန်သိဖို့လိုအပ်နေပါတယ်ခင်ဗျာ..တကယ်လို့  အဖြစ်မှန်သိသူများရှိလျှင်
မိမိတို့ ၏ ခင်ရာမင်ရာ များ ၊ ဖေ့ဘုတ် စသော လှုမှုရေးWEBSITE များတွင် လည်ကောင်း
ကျွန်တော်တို့ လို ဘလော့များတွင်လည်ကောင်း ပေးပို့ဖော်ပြပေးစေလိုပါတယ် ခင်ဗျားးး...။
မောင်ကျောက်ခဲ(မြန်မာပြည်)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
4:03 PM
8
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = Video ဖိုင်, သတင်း
မေးလိုက်ချင်ပါသေးသည်..ဖျော်ဖြေရေးပွဲဆီ
မေးလိုက်ချင်ပါသည်။
(၁) တေးဂီတပွဲတွင် တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုသဖြင့် နိုင်ငံတော်သီချင်း သို့ မဟုတ်
တိုင်းရင်းသားအားလုံးကို ကိုယ်စားပြူသော အမျိုးသားသီချင်းဖြင့် မဖွင့်သင့်ပါလားခင်ဗျာ။
(၂) အနည်းဆုံးအားဖြင့်တိုင်းရင်းသားတစ်မျိုးစီကို ကိုယ်စားပြုသော သီချင်းတိုင်း ပါဝင်လျှင်
မကောင်းဘူးလားခင်ဗျာ။ယခုအတိုင်းဆိုလျှင် တိုင်းရင်းသားများကြားတွင် ရိုက်သွင်းခံနေ
ရသော မဟာဗမာ ဟူသော အတွေးကို ပိုမို သံသယ မပွားစေဘူးလားခင်ဗျာ။
(၃) တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဟူသော ခေါင်းစဉ်ဖြင့်ကျင်းပသော
ဤပွဲ၏ စတိတ်စင် အား အဘယ့်ကြောင့် ဒေါ်စု နှင့် ၄င်း၏ ပါတီ တံဆိပ်ဖြင့် မွမ်းမံထား
ပါသနည်း။သို့မဟုတ် ကြားဖြတ်ရွှေးကောက်ပွဲ ၀င်ရောက်မည့် NLD ၏မဲဆွယ်ရန် ပထမဦး
ခြေလှမ်း အနေဖြင့် မြှားတစ်ချောင်းထဲနှင့် ငှက် ၂ကောင် ပစ်နေပါလား။
(၄) အမေစု လာမည့်လမ်းတစ်လျှောက် လက်တွေတွဲ ကာရံရမည်ဆိုသော အမိန့် ထားရှိထား
ပါလား..တရွယ်တည်းတညီတည်း လက်တွဲကာရံထားသော လူငယ်များ၏ သဘောစိတ်
ထားဆိုလျှင် ထိုလူငယ်များထဲတွင် ဘွဲ့ရပညာတတ်များ မည်မျှပါပါသနည်း။
ဂုဏ်တင်နေချိန်ဝယ် တိုင်းရင်းသားပညာရေးရံပုံငွေဂီတဖြေဖျော်ပွဲက တိုင်းရင်းသားများကို
အဘယ့်ကြောင့် ကိုယ်စားပြုသည့် ပြကွက် များဖြင့် မပြသပဲ အထက်ပါပုံကဲ့သို့ ဖျော်ဖြေရန်စီစဉ်ခဲ့ပါသနည်း။
(၈) ဤ ကုလားဆင်အမျိုးသမီးကလည်း ကရင်အစစ်ပါလား
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
1:33 AM
10
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဓါတ်ပုံကဏ္ဍ, ပန်ကြားပါရစေ, သရော်စာ
Jan 1, 2012
ဘာသာခြားသူများ၏ မြန်မာဇနီးသည်များ နှိပ်စက်ခံနေရပါသလား.ဥပဒေ ရှိပါသည်
မိမိခင်ပွန်းများသည် ဘာသာခြား များဖြစ်နေတတ်သည်။
တချို့ အိမ်ထောင်ရေး မှာ ခင်ပွန်းသည်က ဇနီးသည်၏ ကိုးကွယ်ယုံကြည်မှုအား ၀င်ရောက်စွက်ဖက်မှု မရှိပဲ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေး ကိုးကွယ်လျှက် ရှိကာ
အိမ်ထောင်ရေးအဆင်ပြေလျှက်ရှိပါသည်။သို့သော် တချို့ အိမ်ထောင်ရေးမှာကား
လွန်စွာထိတ်လန့်ဖွယ်ကောင်းလှပါသည်။
ဘာသာရေးတိုက်ခိုက်မှု မဟုတ်ပါ။ခရစ်ယာန်ဘာသာဝင်များနှင့် လပ်ထပ်သူနဲ့ အစ္စလာမ်၊မွတ် များနှင့် လပ်ထပ်သူတချို့ ကြား၌ အစ္စလာမ်၊မွတ် များနှင့် လပ်ထပ်သူများမှာလွန်စွာ သနားဖွယ်ကောင်းလှပါသည် ။အနှိပ်စက်ခံရသူများ အသတ်ခံရသူများဖြင့်ကြားရသည်မှာ သွေးဆူဖွယ်ကောင်းလှပါသည်။
လင်ကုန်ရှူံးတော့  တသက်လုံးမှောက် ဆိုသလိုပင် ခင်ပွန်းအရွှေးမှားသဖြင့် ဘဝမှာ ခါးချိနေသည်ကို တွေ့ရသည်မှာ မြန်မာတစ်ယောက်အနေဖြင့် ရင်နာရပါသည်။
မြန်မာအမျိုးသမီးတို့ သည် မိမိတို့ အိမ်ထောင်ရေးနှင့်ပတ်သက်လျှင် ပြိုကွဲမည် ကို ကြောက်ရွှံကာ ရုံးရောက်ဂတ်ရောက်များကို ရှက်တတ်ခြင်း တတ်ကျွမ်းသည့်ပညာရှင်များနှင့် မတိုင်ပင်ခြင်း များကြောင့် အနစ်နာခံနေရပါသည်။
သို့အတွက် နစ်နာမှုများ အား ဖြည့်စွက်ပေးခြင်းသောဆန္ဒနှင့်  လမ်းညွှန်ပေးလျှက်ရှိပါသည်။၁၉၅၄ ခုနှစ် ပုဒ်မ ၄ နှင့် ပုဒ်မ ၄၅ ဗုဒ္ဒဘာသာဝင်မိန်းမများ အထူးထိမ်းမြားမှုနှင့်အမွေ
ဆက်ခံမှု ဥပဒေ အရ ကာကွယ်ပေးနိုင်ပါသည်။
ယင်းဥပဒေအရ ညှင်းပန်းနှိပ်စက်ခံရခြင်း ၊ ကိုးကွယ်မှုအား တားမြစ်ခြင်း/ဒုက္ခရောက်အောင်
ဘာသာခြားသူများနှင့် လက်ထပ်ထိမ်းမြားသော်လည်း တရားဝင်ဇနီးအဖြစ် သတ်မှတ်မခံရခြင်းများဖြစ်သော်လည်း ၄င်းဥပဒေ အရ
ထိမ်းမြားသည်ဖြစ်စေ ၊ ထိမ်းမြားခံရသည်ဟု မှတ်ယူခြင်းခံရသည်ဖြစ်စေ ယင်းဇနီးမယား သည် အထက်ဖော်ပြပါ ရပိုင်ခွင့် ၊သားသမီးထိန်းသိမ်းခွင့် ၊ကွာခြင်းခွင့်များကို မြန်မာဓလေ့ ထုံးတမ်းဥပဒေအရ ဆုံးဖြတ်ခြင်းခံရမည်ဖြစ်ကြောင်း ဆိုထားပါသည်။
ထို့အတွက် မိမိ ပတ်ဝန်းကျင်နှင့် ဆွေမျိုးသားချင်းများကြားတွင် ဘာသာခြားသူ၏ ဇနီးမယား
တစ်ယောက် အနိုင်ကျင့်သည် နှိပ်စက်ခံနေရသည် ဟု သတင်းကြားမိ ၊ တွေ့ မြင်မိပါက
ယင်း ဇနီးသည်ကို လည်းကောင်း ယင်းမိသားစုများကို လည်းကောင်း ဤဥပဒေကို ပြောပြပါ။
ဇနီးသည်များမှလည်း ကွာရှင်းချင်လျှင် တိုင်တန်းချင်လျှင် ဤဥပဒေ မှ ကျွန်တော်တို့ မြန်မာ
ဥပဒေများနှင့် ကာကွယ်ပေးထားပါသည်ခင်ဗျား။
မောင်မောင်ဒိန်
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
8:20 PM
1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဆင်ခြင်နိုင်ကြစေ, ပန်ကြားပါရစေ, ဘာသာရေး
Dec 31, 2011
ပြောရင်လည်း လွန်မှာစိုးတယ်
ပြောရင်လွန်မှာစိုးပါတယ်...
ဘယ်အမတ်မှလည်း သမ္မတကားနားမှာ ဟိတ်ထုတ် ဓါတ်ပုံ မရိုက်ဘူး....
ပြောရင်လွန်မှာစိုးပါတယ်...
ဘယ်စစ်သားမှ ဗိုလ်ချူပ်ကြီးကားနား ဟိတ်ထုတ် လက်ပိုက် ဓါတ်ပုံမရိုက်ဘူးး...
ပြောရင်လွန်မှာ စိုးပါတယ်...
လူငယ်အဖွဲ့ ဝင်တွေ တဲ့..သူတို့ ဘာတွေလုပ်ဆောင်ခွင့်ရနေသလဲ..
ပြောရင်လွန်မှာစိုးပါတယ်...
အော် သူလေများ သမ္မတဖြစ်ရင် အမတ်ဖြစ်နိုင်ကောင်းရဲ့ ....
သမ္မတကိုယ်ရံတော်လေးများ ဖြစ်နိုင်ကောင်းရဲ့..
ပြောရင်လွန်မှာစိုးတယ်...
လက်တွေချိတ်ဟေ့ ၀ိုင်းကြီးပတ်ပတ် ဒူဝေဝေ ဆိုတာ နိုင်ငံရေး
ပြောရင်လွန်မှာ စိုးပါတယ်...
ဒီလူ ဒီမိုး ဒီလေ နဲ့ မရေး မ ထဆင်ထူးငသတ် ထင်
မထင်
ပြောရင်လွန်မှာ စိုးပါတယ်
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
2:41 PM
0
ယောက် ဆွေးနွေးခဲ့တယ်
စစ်ခွေး လို့ ဆိုကြပါစေ..ငါတို့  မတုန်လှုပ်ခဲ့ကြဘူး(ပေးစာ)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
1:08 AM
130
ယောက် ဆွေးနွေးခဲ့တယ်
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
| ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ | ကြိုဆိုသူများနဲ့ အင်တာဗျူး |
| တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ | ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ |
| အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ | မြန်မာ့သိုင်းအစွမ်း |
Latest Videos
| 88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် | ပြောင်ကြီးဘာလို့ထောင်ကျ |

















