ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်မှ ယနေ့ သမ္မတ ထံသို့ တင်သွင်းသော အစီရင်ခံစာတွင် နိုင်ငံအတွက်အရေးကြီးသောစီမံကိန်းဖြစ်သည့်အတွက် ကြေးနီစီမံကိန်းကို ပိတ်သိမ်းခြင်း မပြုလုပ်ပဲ ဆက်လက်လုပ်ကိုင်ရမည်ဖြစ်ကြောင်း အဆိုပြု တင်သွင်းခဲ့ပါသည် ။
ယခင်က ဖြစ်ပွါးခဲ့သော ရဲတပ်ဖွဲ့ဝင်များမှ လက်ပံတောင်းတောင်ကြေးနီသပိတ်စခန်းအား တရားဥပဒေ အရ့ ဖြိုခွဲခဲ့စဉ်က လက်ပံတောင်းတောင် သပိတ်စခန်းအား NLD မှ ဦးဝင်းတင်မှ သပိတ်စုံလျှင် ရမည်ဟု
၍ အားပေးအားမြှောက်ပြုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက် အားပေးခဲ့ဖူးသည် ။
ယခုအခါ ကြေးနီစီမံကိန်း နယ်မြေ အတွင်းရှိ လိပ်ခွံတောင်နှင့် အင်ကြင်းတောင် တို့အား သပိတ်စခန်းများ
မှ အတင်းတတ်ရောက်နေရာယူထားရာ မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်မည်ဖြစ်
ပြိး မည်သို့ ဖြေရှင်းမည်ကို စောင့်ကြည့်ရမည်ဖြစ်သည် ။မိမိတို့ အစီရင်ခံစာနှင့်ပတ်သတ်၍ ဒေသခံများမကျေနပ်ပါက ဥပဒေဘောင် အတွင်းမှ လုပ်ဆောင်ကြရန် စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားခဲ့ပါသည် ။
ဒေါ်အောင်ဆန်းစုကြည်အား ယခုအခါ သူ၏ အကြံ
ပေး တစ်ဦးဖြစ်သူ ပြန်ကြားရေးတာဝန်ခံဖြစ်သော The Lady ဂျာနယ်တိုက်ပိုင်ရှင် မေဇင်အေး(ခေါ်)ခွန်ဒီးယမ် နှင့် NLD မှ သက်တော်ရှည် ဘိုးဘိုးကြီးဖြစ်သော ကွန်မြူနစ်ဝါဒကိုင်စွဲသူ ဦးဝင်းတင် တို့မှ မနက်ဖြန် ဒေါ်စုခရီးစဉ်အားကြိုဆိုခြင်းမပြုရန်နှင့် သပိတ်စခန်းဖွင့်လှစ်ထားသူများအနေဖြင့် ယခုထက် ပိုမိုပြင်းထန်သော ဆန္ဒပြမှူများ လုပ်ရှားမှူများ ပြုလုပ်ရန် မြောက်ပင့်ပြောဆိုထားသည် ။
ယခုလို အင်တာနက်စာမျက်နာမှ မြောက်ပင့်ပြောဆိုမှူများသည် အင်တာနက် မသုံးနိုင်သော အီးမေးလ်ပင်မရှိသော လယ်သမားများ သပိတ်လူထုများဆီသို့ မရောက်ရှိနိုင်မည်ကို သိသော်လည်း ယခုလို
ရေးသားနေခြင်းသည် နောက်ကွယ်ကြိုးကိုင်သူများအား လန့်နိုးသည့် အသွင်ဆောင်နေကြောင်း သုံးသပ်မိပါသည် ။
ယခင်က ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကော်မရှင်ဦးစီးပြီဟု သတင်းများကြားစဉ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီး ယခုပင်ရပ်မလိုလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သပိတ်လူထု ဘက်မှ ပါဝင်တော့မည် အသွင် သတင်းထွက် ထင်ကြေးပေးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ စီမံကိန်း ဆက်လုပ်ရန် အားပေးခဲ့ခြင်းကြောင့်
ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ နောက်ခံပရိသတ်များအနေဖြင့် အစိုးရအဖွဲ့ဘက်သို့ ဒေါ်စုယိမ်းသွား
ပြီဟု သံသယဝင်နေပြီဖြစ်ကာ အတိုက်အခံအုပ်စု အကြား ညီညွှတ်မှုကွဲပြားလာပြီဖြစ်သည် ။ဤ အချက်
အနေဖြင့် မနေ့တနေ့ကမှ တဖက်သတ် ညီလာခံသဘောထားဖြင့် ဖြုတ်ထုတ်သတ်စနစ် အသက်သွင်းကာ ဥက္ကဌပြန်ဖြစ်လာသော ဒေါ်စု၏ ထိုင်ခုံ
နေရာသည်လည်း စိုးရိမ်ဖွယ်ရာဖြစ်လာတော့မည်ဖြစ်သည် ။
(မောင်ကျောက်ခဲ အဖွဲ့)