Showing posts with label စစ်ရေး. Show all posts
Showing posts with label စစ်ရေး. Show all posts
Sep 5, 2013
ဆီးရီးယားကို စစ်သားမပါတဲ့ စစ်ဆင်ရေး
ဆီးရီးယားကို ဝင်တိုက်ဖို့ ရက် ၉၀ တော့ သတ်မှတ်ပေးဖို့ အဆိုပြုချက်ကို ဆီးနိတ်လွှတ်တော်မှာ အင်္ဂါနေ့က တင်တယ်..... လက်ရှိ အမေရိကားက ရှားရှားပါးပါး ရှိတဲ့ ပါတီကြီး နှစ်ခုကလည်း ထောက်ခံတယ်.... ခြွင်းချက်တော့ ပါတယ် ကြည်းတပ်ကို အသုံးမပြုရတဲ့..... ခေတ်မမှီလောက်တော့ဘူးလို့ သူတို့ ဆုံးဖြတ်ထားတဲ့ ပဲ့ထိမ်းဒုံးတွေ ဖြုန်းဖို့အတွက်တော့ အခွင့်ကောင်းပဲ......။
အဲ တစ်ဖက်က ကြည့်ရင်တော့ ရုရှကြီးက တစာစာ အော်နေပေမယ့် တရုတ်ကြီးက ငြိမ်နေတာ သိပ်တော့ မဟုတ်ဘူးလို့ ခံစားမိတာ..... ဟိုနေ့က တရုတ်ကြီးရဲ့ ဂြိုလ်တု ပေါက်ကရတွေ လုပ်နေတယ်ဆိုတဲ့ သတင်းလေး ဖတ်မိတော့မှ သဘောပေါက်တော့တယ်..... ဇူလိုင်လ ၂၉ ရက်နေ့က March-4c ဒုံးကျည်နဲ့ အာကာသကို ပစ်လိုက်တဲ့အထဲမှာ SY-7 ဆိုတဲ့ ဂြိုလ်တု တစ်လုံးလည်း ပါသွားတယ်....
အဲ့ဒိ SY-7 ဆိုတဲ့ ဂြိုလ်တုက ငြိမ်ငြိမ်မနေ သူ့အလုပ် သူမလုပ်ပဲနဲ့ ဟိုလျှောက်သွားလိုက် ဒီလျှောက်သွားလိုက်နဲ့ နေရာတကာ လျှောက်သွားနေတဲ့အပြင် ဟို ဂြိုလ်တုနား ကပ်လိုက် ဒီဂြိုလ်တုနားကပ်လိုက် လုပ်နေတာ အားလုံးက လန့်လာကြတယ်..... အဲ့လို လျှောက်သွားနေတာ တစ်ချို့ ဂြိုလ်တုတွေနဲ့ မီတာ ရာဂဏန်း အကွာလေးအထိ ကပ်လာတဲ့အပေါ် အားလုံးက သံသယ ဖြစ်လာကြတယ်.....
တရုတ်ကြီးရဲ့ ဂြိုလ်တု ဘာလုပ်မှာလည်း...... အနားကပ်ပီး သောက်မြင်ကပ်တဲ့ ဂြိုလ်တုတွေကို ဆော်ထဲ့သွားမှာလား၊ ဒါမှမဟုတ် Sheer Kinetic Force ကို သုံးပီး သူတို့ ဂြိုလ်တုတွေကို ဖျက်ဆီးမှာလား ဒါမှမဟုတ် အနားကပ်ပီး အသေခံ ဗုံးခွဲသမားလို ခွဲပီး သူတို့ဂြိုလ်တုတွေကို ဖျက်ဆီးမှာလားဆိုတာ တွေးတောရင်း အနောက်တိုင်းက လူတွေ ထိတ်လန့်နေပီး စဉ်းစားစရာတွေ ဖြစ်လာနေတယ်......
၂၀၀၇ လောက်က သူ့ရဲ့ မသုံးတော့တဲ့ ဂြိုလ်တုကို မြေပြင်ကနေ ဒုံးကျဉ်နဲ့ ပစ်ပီး ဖျက်ဆီးပြလိုက်လို့ တရုတ်ကြီးရဲ့ အာကာသ ခြေလှမ်းကို လူတွေ စောင့်ကြည့်နေကြချိန် ဒီလိုလုပ်တာဟာ သံသယ ဖြစ်စရာ အကောင်းဆုံး ဖြစ်နေကြတယ်..... အဲ့ဒိတုန်းက သူ့ဂြိုလ်တုအဟောင်းကို ပစ် ဖျက်ဆီးလိုက်တဲ့ အကျိုးရလာဘ်ကတော့ ကမ္ဘာမြေရဲ့ Orbit မှာ ဂြိုလ်တုအပျက်ရဲ့ အမှိုက်သရိုက်တွေ ကြီးမားတဲ့ တိမ်တိုက်ကြီးလို ဖြစ်နေပီးတော့ ကျန်တဲ့ ဂြိုလ်တုတွေကိုပါ အဲ့ဒိ အမှိုက်တွေက အန္တရာယ်ပေးနေတယ်.......
ဒီတော့ကာ အမေရိကန်ရဲ့ ပဲဒိုင်း ဒုံးတွေ၊ UAV လို့ခေါ်တဲ့ မောင်းသူမဲ့ ယဉ်တွေဟာ ဂြိုလ်တုမရှိရင် လုံးဝ မျက်ကမ်းတွေ ဖြစ်သွားပီဆိုတော့ တရုတ်ကြီးရဲ့ ဒီခြေလှမ်းက အန္တရာယ်တော့ အတော်ကြီးသား..... ဆီးရီးယားအရေးမှာ ကြည်းတပ်ကို မသုံးရဘူးဆိုတော့ အဝေးကနေ လှမ်းဆော်ဖို့ အမေရိကန်တို့ သူ့ရဲ့ ပဲ့ထိမ်းဒုံးတွေ သုံးမလား UAV တွေလွှတ်မလား မသိရပေမယ့် ဒီဘက်ကတော့ ဒါတွေ ဒီလိုရှိတယ် ပြနေတာ အတော်တော့ စိတ်ဝင်စားစရာ ကောင်းနေပီ.....
အနာဂါတ် မဟုတ်တော့တဲ့ မဝေးတော့တဲ့ကာလ လက်နက်ပြိုင်ဆိုင်မှုတွေကနေ လက်တည့်စမ်းဖို့မှာ ကိုယ့်နိုင်ငံမှာ လာမဖြစ်တာ တော်သေးတယ်ပဲ ပြောရမယ်..... ဘာပဲပြောပြော ညအိပ်ရင်တော့ ဘုရားရှိခိုးအိပ်မှဖြစ်မယ် မတော် သူတို့ချင်း ဆော်ကြ နှက်ကြနဲ့ အဲ့ဒိ ပဲ့ထိမ်းဒုံးတစ်လုံး လမ်းကြောင်းလွဲပီး ကိုယ့်စီ ရောက်လာရင် မခက်သားကလား..... ဒုံးကျည်တစ်ကမ်းဆိုတာ ဒီဘက်ခေတ်မှာ ကမ္ဘာကြီးရဲ့ ဘယ်နေရာမဆို ရောက်နိုင်တာ ကလား.......
From:[_Voice of James Mint _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Sep 3, 2013
ဆီးရီးယားကို စစ်မတိုက်ချင်လို့ အမေရိကန်စစ်သားတွေ ဆန္ဒဖော်ထုတ်ကြ
အမေရိကန်စစ်တပ်အနေနဲ့ အခုချိန်မှာ တကိုယ်တော် သီးသန့်ဖြစ်ရုံမက ဆီးရီးယားကိုဝင်တိုက်ဖို့
ဆုံးဖြတ်နေခြင်းက ကမ္ဘာက သာမက အမေရိကန်ပြည်သူတွေကိုယ်တိုင်ပါ ကန့်ကွက်နေကြပါပြီ ။
ဒါ့အပြင် အမေရိကန် စစ်သားတွေကိုယ်တိုင် မတိုက်ချင်ကြဘူးလို့ ဆန္ဒရှိနေတဲ့အကြောင်းကို စစ်သားများက စာရွှက်တွေပေါ်မှာ ရေးသားပြီး သူတို့ရဲ့မျက်နှာတွေကိုဖုံးကွယ်ပြီး ဓါတ်ပုံရိုက် အင်တာနက်ပေါ်တင်ဖြန့်ခဲ့ကြလို့ ဆိုရှယ်နက်ဝယ် ဖေ့ဘုတ်နဲ့တွစ်တာ တွေမှာ ပျံနှံ့နေပါတယ်။
တကယ်လို့ င်္ဆီးရီးယားကို အမေရိကန် ဝင်တိုက်မယ်ဆိုရင်မွတ်ဆလင်ကမ္ဘာကို ထောက်ပံ့ပေးရာရောက်သွားမှာဖြစ်ပြီး အမေရိကန်ရဲ့လက်နက်တွေ မွတ်ဆလင်ကမ္ဘာမှာ ပျံနှံသွားမှာကို လည်း စိုးရိမ်နေကြပါတယ် ။ အစွန်းရောက်အစ္စလာမ်တွေဘက်ကတော့ ဝင်တိုက်မပေးနိုင်ဘူးလို့ အမေရိကန်စစ်သားတွေက ပေါက်ကွဲနေကြပါတယ် ။တကယ်လို့ အမေရိကန်ဟာ ဆီးရီးယားကို ဝင်တိုက်တာနဲ့ အီရန်၊ ရုရှားတို့ကပါ စစ်ထဲဝင်လာပြီး တတိယကမ္ဘာစစ်ဖြစ်သွားနိုင်ပါတယ် ။
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
ABSDF (မြောက်ပိုင်း) ရဲ့ လက်နက်များ KIAမှ ပြန်သိမ်းပြီ
ABSDF (မြောက်ပိုင်း)ကို ၁၉၉၀ ခုနှစ်က နော်ရာပါမှာ စတင်ဖွင့်လှစ်ခဲ့ပြီး KIA နှင့် အတူ တပ်မဟာ(၃) ဌာနချုပ်ဟောင်း လွယ်လုံဘွမ်စခန်း၊ ဂဂျန်ဘွမ်စခန်း တိုက်ပွဲတွေမှာ တိုက်ပွဲဝင်ခဲ့ပီး ABSDF တပ်ဖွဲ့ဝင်များစွာ ကျဆုံးခဲ့ကြတယ်။ ၂၀၁၁-၂၀၁၂ ခုနှစ် ကလည်း ထုံးဘို၊ တာပိန်၊ လဂျားယန်တိုက်ပွဲတွေမှာ KIA ရဲ့ အသုံးချခံခဲ့ရပီး ရှေ့ဆုံးမှာဘဲ အခြားတိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရတပ်ကို ရင်ဆိုင်စေခြင်း ခံခဲ့ရတယ်။
 ကျောင်းသား အချင်းချင်း သွေးခွဲပြီး လူသတ်မှုများဖြင့် အာဏာရှင်လုပ်၊ အသေခံခိုင်း၊ လဂျားယန်၊ ပွိုင့်-၁၀၁၂ တိုက်ပွဲတွေမှာ ခြေထိပ်/လက်ထိပ်ခတ်ပီး မူးယစ်ဆေးနဲ့ ရေနွေကြမ်း လက်ဖက် ခြောက်၊ ကျကျပေးပီး အသေခံခိုင်းတဲ့ ABSDF မြောက်ပိုင်းကို အခုမလိုအပ်တော့တဲ့အချိန်၊ မယုံကြည်လာတော့တဲ့အချိန်၊ အရင်ကအသေခံ၊ အသက်စွန့်ပြီး ရှေ့တန်းမှာခိုင်းစားထားတဲ့ ကျေးဇူးကိုမထောက်ဘဲ အခုချိန်ကျမှ လိုင်ဇာမှာ လက်နက်သိမ်းဖို့လုပ်လာတယ်။
ကျန်တဲ့ ရခိုင်၊ ဂေါ်ရခါး၊ ရှမ်း၊ ပလောင်၊ လီဆူး တိုင်းရင်းသားများလည်း သတိထား ကြပါ။ ဂျိန်းဖော/အဇီးကလွဲရင် ကျန်လူမျိုးတွေကို သူတို့မလိုရင်ဖြုတ်၊ ထုတ်၊ သတ်မည့် အကြောင်း ဖြစ်စဉ်တွေကဖော်ပြနေတယ်၊ ကိုယ့်အသက်နှင့်အချိန်ကို နှမြောရင် ကိုယ့်လွတ် မြောက်လမ်း ကိုယ်လျောက်ကြဖို့ စေတနာမှန်နဲ့ ပြောပြလိုက်ရပါတယ်။
Aung Lin
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Aug 21, 2013
ကေအိုင်အေ က နိင်ငံတော်ကိုနှောင့်ယှက်နေတာ၊မောင်းထုတ် ချေမှုန်းပစ်ရမယ် ဆက်တိုက်မယ် လို့ ဦးဇခုန်တိန့်ယိန်းပြောပြီ
ကေအိုင်အေဘက်ကို ဆက်လက် ထိုးစစ်ဆင်သွားမှာ ဖြစ်ကြောင်း ပြည်သူ့စစ်ခေါင်းဆောင် ကချင်ပြည်နယ် အမျိုးသား လွှတ်တော်အမတ် ဦးစက်ခုံတိန်ယန်းက ပြောဆိုလိုက်သည်။
သူတို့က နိုင်ငံတော်ကို အနှောင့်အယှက် ပေးတဲ့လူတွေ၊ အုပ်ချုပ်မယ့်သူတွေ မဟုတ်ဘူး။ တပ်မတော်က လက်ပိုက်ကြည့်နေပေမယ့် ပြည်သူတွေကတော့ မနေနိုင်ဘူး။ မဆုတ်ရင် တုန့်ပြန်မှာပေါ့။ ထပ်ပြီး လုပ်ရမှာပဲ။ ဘာလို့ မဖြစ်နိုင်ရမှာလည်း ပြည်သူ့အင်အားက ပိုကြီးတယ်။ မောင်းထုတ်မှာပဲ”ဟု အမျိုးသား လွှတ်တော်အမတ် ဦးစက်ခုံတိန်ယန်းက ပြောလိုက်ပြီဖြစ်ပါတယ်။
ဦးစက်ခုံတိန်ယန်းက မိမိဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့က ယခုကဲ့သို့ ကေအိုင်အေဘက်ကို တပ်နေရာဖယ်ခိုင်းရေးမှာ ပြည်သူများ လုံခြုံရေး အတွက် တိုက်ရခြင်းသာဖြစ်ကြောင်း ဖြေကြားသည်။ “နိုင်ငံတော်က ငြိမ်းချမ်းရေးကို လိုချင်လို့ အပစ်ခတ်ရပ်တာ နားလည်ပါတယ်။ ဒါပေမယ့် သူတို့က အဲဒါကိုအခွင့်ကောင်းယူပြီး ဒေသခံတွေကို ဖမ်းတာတွေ၊ နှိပ်စက်တာတွေ လုပ်နေတာတွေ ရှိတယ်။ အမြတ်ထုတ်တာတွေ ရှိတယ်။ ဒီတော့ပြည်သူတွေက လက်မခံနိုင်တော့ဘူး။ သူတို့တပ်တွေ ရုတ်ရင်တော့ ဘာပြဿနာမှ မရှိဘူး။ သွားမတိုက်လို့ ရှိနေတာပါ။ တိုက်ရင် စောစောစီးစီး ဘယ်နေနိုင်မလဲ။ ပြည်သူတွေမှာ အိမ်မပြန်နိုင်ဘူး။ ကျောင်းမတက်ရဘူး။ အလုပ်မလုပ်ရဘူး။ ဒါကြောင့် တိုက်ရတာပါ” ဟုလည်း ပြောသည်။ ဦးဇခုန်တိန့်ယိန်းက တိုက်ပွဲစတင်မဖြစ်ပွားမှီ ၁၀ရက် အလိုခန့်က ကေအိုင်အေဘက်သို့ ပန်ဝါရှိ တပ်စခန်းများကို ဆုတ်ပေးရန် အိတ်ဖွင့်ပေးစာ ပို့ခဲ့ကြောင်း ၊
တပ်စွဲထားတဲ့ကေအိုင်အေတပ်တွေကို ပန်ဝါဒေသကနေ ရုတ်ပေးဖို့ပါရှိသော်လည်း ကေအိုင်အေမှ ဆုတ်ခွါပေးမည်မဟုတ်ကြောင်း ၊ လုပ်ချင်တာလုပ်ဟူ၍ သဘောဖြင့် မဆောင်ရွှက်သောကြောင့် တိုက်ပွဲများစတင်ဖြစ်ပွါးရခြင်းဖြစ်ပါတယ် ။
မြောက်ပိုင်းတိုင်း တိုင်းမှူးက နှစ်ဘက်စလုံးကို အခြေအနေထိန်းသိမ်းကြရန် မေတ္တာရပ်ခံထားသော်လည်း တိုက်ပွဲများဖြစ်ပွါးနေဆဲဖြစ်ပြီး ဆက်လက်တိုက်ခိုက်နေဦးမည့် သဏ္ဍာန်လည်း ရှိနေပါသည်။ ကေအိုင်အေတပ်များတပ်စွဲဝင်ရောက်နေသောပန်ဝါဒေသ နေရာသည် ကေအိုင်အေတပ်များကို လွန်စွာရွှံမုန်းနေခဲ့သောကြောင့် တစ်နယ်လုံး ပြည်သူ့စစ်ဝင်ရောက်ထားသော ဒေသဟု ကြားသိရပါသည် ။ ကချင်ပြည်နယ်တွင် ပန်ဝါပြည်သူ့စစ်ဆိုသည်မှာ  ဒေသအပေါ် သြဇာသက်ရောက်ကာ ညီညွှတ်သွေးစည်းသော အဖွဲ့တစ်ခုဖြစ်ကြောင်း နာမည်ကျော်ကြားပါသည် ။
 From:[_ _] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Aug 18, 2013
သမ္မတကြီးရဲ့ အပစ်ရပ် အမိန့်ကြောင့် ကေအိုင်အေရဲ့ သတ်ဖြတ်မှူကို ခံလိုက်ရတဲ့ ရဲဘော်တွေအတွက် ဘယ်သူမှာ တာဝန်ရှိသလဲ
သမ္မတကြီးက ......
ထိုးစစ်တွေ ရပ် ဆိုလို့  .......
ကျွန်တော်တို့ ရပ်ခဲ့တယ်..... ။
လူနာပြန်ပို့ တဲ့  တပ်ခွဲကို .....
 ခြုံခို တိုက်ခံရတော့ .....
ကျွန်တော်ကိုယ်တိုင် ငှက်ဖျားတက်ရက်နဲ့  .....
မီးလောင်တိုက် သွင်းခံခဲ့ရတယ်.... ။
  ဒါပေမယ့် .....
ဒါပေမယ့်လေ........ ............................
 ကျွန်တော်တို့ အရိုးတွေကတော့ ......
 ဘယ်တော့မှ တွန်ခွင့် မရခဲ့ပါဘူး.....သမ္မတကြီးရယ်.....။
 ( အမိန့် နာခံပြီး ထိုးစစ်ရပ်ဆိုင်းထားချိန်...... မြစ်ကြီးနား ဗန်းမော် ကားလမ်းပေါ်တွင် ခြုံခိုတိုက်ခိုက်ခံရသဖြင့် ကျဆုံးသွားသော ....... ခလရ(၂၁) မှ နာမကျန်း စစ်သည်များအား အလေးပြုအပ်ပါသည် )
 (Photo Credit -Nyein Aye Eain )
From:[_ Ye Moe_] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Aug 15, 2013
အိန္ဒိယ တပ်မတော်မှ ပြည်တွင်းဖြစ် Prithvi-II ( ပရီဗီ-၂) မြေပြင်မှ မြေပြင်ပစ် ဒုံးကျည် စမ်းသပ်ပစ်လွတ်နိုင်ခဲ့
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန မှ ပြည်တွင်းဖြစ် နူကလီးယားထိပ်ဖူးတပ်ဆင် ပစ်ခတ်နိုင်သော မိုင်200 အကွာအဝေးအတွင်း မည်သည့်ပစ်မှတ်ကိုမဆို ချေမှုန်းနိုင်သော မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွတ်နိုင်ခဲ့ပါတယ် လို့  15/08/2013 ရက်နေ့တွင် ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။
အိန္ဒိယတပ်မတော် သုတေသန နှင့် ဖွံဖြို့းရေးဌာန မှ အမည်မဖော်လိုသူ ပြောရေးဆိုခွင့်အရာရှိတစ်ဦးရဲ့ အဆိုအရ အဆိုပါ နူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော မြေပြင်မှ မြေပြင်ပစ်ဒုံးကျည်ကို အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေတွင် စမ်းသပ်ပစ်လွတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဒုံးကျည်ဟာ ဘင်္ဂလားပင်လယ်အော် အတွင်းရှိ 215 မိုင်အကွာအဝေးရှိ သတ်မှတ်ထားသော ပစ်မှတ်ကို စင်တီမီတာ အနည်းငယ်မျှသာ သွေဖယ်ပြီး  ထိမှန်ပေါက်ကွဲခဲ့ပါတယ်လို့ ဆိုပါတယ် ။the Times of India သတင်းစာကြီးကတော့ ဒီစမ်းသပ်ချက်ဟာ 100 ရာခိုင်နှုန်း အောင်မြင်တယ် လို့ ချီးကျူးရေးသားဖော်ပြထားပါတယ်။
ဒီစမ်းသပ်ချက်ဟာ အိန္ဒိယ-ပါကစ္စတန် နယ်စပ် ကက်ရှ်မီးယား နယ်စပ်ပြဿနာ ကြီးထွားလာချိန်နှင့်တိုက်ဆိုင်စွာ ပေါ်ပေါက်ခဲ့သော်လည်း အိန္ဒိယ တပ်မတော် အနေဖြင့် ဒီစမ်းသပ်ချက်ဟာ သာမန် စမ်းသပ်ပစ်လွတ်ခြင်းသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ် ။အဆိုပါ Prithvi-II မြေပြင်မှ မြေပြင်ပစ်ဒုံးကျည်ဟာ အလေးချိန် 1.100 ပေါင်ကို သယ်ဆောင်ပြီး စွမ်းဆောင်နိုင်ရည် အကုန်ခရီးအထိကို ၈ မိနစ်နဲ့ ပျံသန်းနိုင်တယ်လို့ ခပ်ကြွားကြွားလေး ဆိုထားလေရဲ့
  From:[_ Army Recognition_] 
  (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Jun 23, 2013
မြန်မာနိုင်ငံအတွင်း အင်ဒိုနီးရှားမှ အစ္စလာမ်စစ်စစ်သွေးကြွ များစိမ့်ဝင်ပြီး အကြမ်းဖက်တိုက်ခိုက်တော့မည် ။
လူမှူရေး ဆိုရှယ် ဝပ်ဆိုဒ်တစ်ခုဖြစ်သော တွစ်တာ တွင် အင်ဒိုနီးရှားနိုင်ငံတွင် လေ့ကျင့်ပြီးခဲ့သော အစ္စလာမစ်စစ်သွေးကြွများသည် မြန်မာနိင်ငံအား စိမ့်ဝင်ထိုးဖောက်၍ တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည် ။ အင်ဒိုနီးရှားတောအုပ်တစ်ခုထဲတွင် အခြေပြုထားသော အဆိုပါ လေ့ကျင့်ရေးစခန်းမှ အစ္စလာမ်စ် စစ်သွေးကြွများသည် မြန်မာနိုင်ငံရှိ ဘင်္ဂလီများအတွက် သွေးကြွေးဆပ်မည်ဟုကြွေးကြော်ကာ လက်ရှိ သင်တန်းတတ်ရောက်ထားသူ အင်အား ၃၀၀ ကျော်အနက်မှ လက်ရွှေးစင် အင်အား ၆၀ ရွေးထုတ် စေလွန်ရန် စီစဉ်ထားပါသည် ။
မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရန်အတွက် မြန်မာနိုင်ငံသားများနှင့် ရုပ်ရည်ဆင်တူသူ ၊
မြန်မာပြည်ဒေသ အားကျွမ်းကျင်သူများအား အထူးရွှေးချယ်ကာစေလွတ်မည်ဖြစ်ပါသည်။၎င်းတို့နှင့်အတူ မောင်းပြန်ရိုင်ဖယ်များ ဗုံးသီးများနှင့် ဖောက်ခွဲရေးကျွမ်းကျင်သူများ ပါဝင်မည်ဖြစ်ပါသည် ။ TIME မဂ္ဂဇင်းမှလည်း ၉၆၉ လှုပ်ရှားမှူ ဦးဆောင်သူ ဦးဝီရသူအား အကြမ်းဖက်သမားဟုဆိုကာ မျက်နှာဖုံးတွင်ဖော်ပြခဲ့ပါသည် ။ ထိုသို့ဖော်ပြပြီးနောက် အင်ဒိုနီးရှားအခြေစိုက် အစ္စလာမ် စစ်သွေးကြွများအနေဖြင့် မြန်မာနိုင်ငံအတွင်း စိမ့်ဝင် ကာ လက်နက်ကိုင် အကြမ်းဖက်ရန်အတွက် မီးစိမ်းပြလိုက်ခြင်းဖြစ်သည်ဟု မွတ်ဆလင် ကမ္ဘာအတွင်း ပျံနှံခဲ့ပါသည် ။
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Feb 27, 2013
မြန်မာတပ်မတော်ထံ အလင်းဝင်ရန် ကြိုးစားခဲ့သော KIA တပ်ဖွဲ့ဝင် များအား ကေအိုင်အေမှ သေဒဏ်ပေးခဲ့
ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများ ဖြစ်ပွားနေစဉ်အတွင်းအစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းရန် ကြိုးစားခဲ့သည့်ဗိုလ်မှူးအဆင့်ရှိသူတစ်ဦးအပါအ၀င်KIAအဖွဲ့ဝင်(၄၂)ဦးအားသေဒဏ်အပြစ်ပေးရန်အတွက် ဆုံးဖြတ်ခဲ့ကြောင်းသတင်းရရှိသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ(၂၃)ရက်နေ့ လိုင်ဇာဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပသည့် အရေးပေါ်စစ်ဆင်ရေးအစည်းအဝေးတွင် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း KIA အရာရှိတစ်ဦးမှ ပြောကြားသည်။
ကေအိုင်အေ မှ သေဒဏ်ပေးလိုက်သော စာရင်းအားထုတ်ပြန်ပြီး ကေအိုင်အေတပ်ဖွဲ့ဝင်များ အလင်းဝင်လျှင် ဤသို့ဖြစ်မည်ဟူသော သဘောဖြင့် ကေအိုင်အေအဖွဲ့အတွင်း ဖော်ပြပါ စာရင်းထုတ်ပြန်လိုက်သည်
ကချင်ခေါင်းဆောင်အချို့မှ ယခုကဲ့သို့သောကချင်လူမျိုးများအတွက်
အရေးကြီးချိန်တွင် ပြင်းထန်သော ပြစ်ဒဏ်များမပေးသင့်ကြောင်း ၀ိုင်ဝန်းကန့်ကွက်ပြောဆိုခဲ့ကြသဖြင့် သေဒဏ်ပြစ်ဒဏ်ပေးခြင်းအားခေတ္တဆိုင်းငံ့ထားကြောင်းသတင်းရရှိသည်။
ယခုရက်ပိုင်းအတွင်း KIA တပ်ဖွဲ့တွင်းမှ တာဝန်မကျေသူ တပ်ဖွဲ့ဝင်များအား
သေဒဏ်မကြာခဏပေးလျက်ရှိပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ(၃၁) ရက်နေ့ကလဲ လိုင်ဇာဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ရ၀မ် လူမျိုး(၂)ဦး အားအစိုးရမှ ထုတ်လွှင့်လျက်ရှိသည့် သဇင် FM အား နားထောင်ရန် အခြားတပ်ဖွဲ့ဝင်များအားစည်းရုံးခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် သေဒဏ်ပေးခဲ့သေးကြောင်း သိရှိရသည်။
KIA အဖွဲ့တွင် တပ်ဖွဲ့ဝင်များအပေါ် ပြင်းထန်သော ပြစ်ဒဏ်များပေးနေခြင်းနှင့်ပတ်သက်၍
ကချင် တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များမှ မကျေနပ်ကြသော်လည်း KIA ခေါင်းဆောင်များအပေါ် လွန်ဆန်မှု မပြုနိုင်ကြောင်းသိရှိရသည်။
KIAတပ်ဖွဲ့များအနေဖြင့် နောက်ဆုံးဖြစ်ပွားခဲ့သောလဂျားယန်ဒေသစစ်ပွဲများတွင် အထိအခိုက် အကျအဆုံးများပြားခြင်း၊ လိုင်ဇာမြို့အားထိန်းချုပ်ထားနိုင်သောအရေးကြီးတောင်ကုန်းများသည် အစိုးရစစ်တပ် လက်အောက်သို့ ကျရောက်သွားခြင်း၊ အစားအသောက်နှင့် ရိက္ခာ
ဆေးဝါးများ လုံလောက်စွာမရရှိခြင်းတို့ကြောင့် စိတ်ဓာတ်ကျဆင်းလာကာ
အစိုးရစစ်တပ်များနှင့် ပူးပေါင်းရန် ကြိုးစားလာသည့် ဖြစ်စဉ်များ များပြားလာကြောင်း သတင်းရရှိသည်။
နော်ဒင်
လိုင်ဇာ
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Feb 19, 2013
ကာကွယ်ရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခန့်အပ်မည်ဟု သတင်းများ ထွက်ပေါ်
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အော်သော်သည် ကာကွယ်ရေးဝန်ကြီးဌာန အတွက် ပြောရေးဆိုခွင့် ရှိသူ ဖြစ်လာကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ္ဋ်မှ မြန်မာ့တိုင်းမ် သို့ လွန်ခဲ့သည့် အပတ်က ပြောသည်။
"ပြောရေးဆိုခွင့် ရှိသူအဖြစ် ဗိုလ်မှူးချုပ်အောင်သော် ဖြစ်လိမ့်မယ်လို့ ကျွန်တော် သိထားပါတယ်၊သို့သော်လည်း ဒီတာဝန်ကို ဗိုလ်မှူးချုပ်အောင်သော်က
လက်ခံတာဝန်ယူ၊မယူကိုတော့ မသိသေးပါဘူး
' လို့ အီမေးလ်ဖြင့် ပြောကြားခဲ့ပါသည်။.ယခင် ကာကွယ်ရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်မှူးကြီး ကျော်သူ ဆောင်ရွက်နေတဲ့ နေရာမှာ ဗိုလ်မှူးချုပ် အောင်သော်ဆောင်ရွက်ပါလိမ့်မယ်လို့ ' ထပ်မံပြောကြားပါသည်။
ခုလို ကာကွယ်ရေ ၀န်ကြီးဌာန အနေနဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကို တရားဝင်ခန့်အပ်မှု့ အလွန်လိုအပ်ကြောင်းနှင့် ဒီလို ခန့်အပ်ခြင်းအားဖြင့်ပြည်သူနှင့် တပ်မတော်အကြား နားလည်မှု့ ပိုမို ရရှိလာပြီး ဆက်ဆံမှု့ ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း လေ့လာသူတွေက ဆိုသည်။
သတင်းထောက်တွေသည် တပ်မတော်ထံမှ မှန်ကန်တိကျတဲ့ သတင်းတွေ နှင့် တုံပြန့်မှု့တွေ မရနိုင်တာကြောင့် တပ်မတော် နဲ့ ဆက်စပ်သော ဖြစ်ရပ်များအထူးသဖြင့် ကချင်ပြည်နယ် ပဋ္ဋိပက္ခများတွင် မျှတအောင် သတင်းရေးဖို့ ခက်ခဲကြောင်း အမြဲတမ်း ပြေကြားကြပါသည်။
အငြင်းပွားဖွယ်ရာ ကိစ္စတွေ ဖြစ်လာရင် မီဒီယာတွေအနေနဲ့ တပ်မတော်ရဲ့ အမြင် နဲ့ ငြိမ်းချမ်းရေးအတွက် ပူပန်မှု့တွေကို ဖေါ်ပြလာနိုင်တဲ့အခါ ပြည်သူတွေ အနေနဲ့ တပ်မတော်အပေါ် ယုံကြည်မှု့ ပိုရှိလာမယ်။ ပွင့်လင်းမြင်သာမှု့တွေက တာဝန်ယူမှု့ကို တို့မြှင့်လာစေမယ်လို့ နိုင်ငံရေး အကဲခတ် ဦးဝင်းမြင့် ကပြောပါသည်။ဒါပေမဲ့လည်း ပြောရေးဆိုခွင့်ရှိသူဟာသူ့အထက်ကလူတွေကို ကြောက်စရာမလိုဘဲ ပြောနိုင်ဖို့လဲ လိုတယ်လို့ သတင်းထောက်များအသင်း ဥက္ကဌ စာရေးဆရာ မောင်ဝံသာက ဆိုသည်။တပ်မတော် ပဲ မဟုတ်ပါဘူး၊ အခြားအစိုးရ ဌာနတွေ လဲ ပွင့်လင့် မြင်သာမှု့ ကိုရှိလာလေ သူတို့ရဲ့ အခက်အခဲကို ပြည်သူတွေကလဲ နားလည်မှု့ ရှိလာလေပဲ ဟု ထပ်မံ ပြောဆိုသည်။
သူတို့ အနေနဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ခန့်အပ်လိုက်မှု့သည် တပ်မတော်ရဲ့ ဆောင်ရွက်မှုေ တွကို ပြည်သူတွေ ပိုမိုသိလာအောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ နေရာသစ် ဆိုတော့ ပြောရေးဆိုခွင့် ရှိသူအနေနဲ့ ဘယ်လောက် လွတ်လွတ် လပ်လပ် ပြောနိုင်မလဲ ဆိုတာ ခန့်မှန်းရ ခက်ပါတယ်ဟု တပ်မတော်တွင် ၁၈ နှစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဗိုလ်ကြီး အဖြစ် အငြိမ်းစား ယူခဲ့သူ ပြည်သူ့ လွှတ်တော် အမတ် NLD ပါတီဝင် ဦးဝင်းထိန်က ပြောသည်။
ဗဟိုဖွံဖြိုးရေး အဖွဲ့မှ ဦးအောင်သူငြိမ်းကမူ " တပ်မတော် အနေနဲ့ KIA ကဲ့သို့ သတင်းထောက်တွေကို ရှေ့တန်း စစ်မြေပြင်ကို သွားရောက် သတင်းယူခွင့် မပေးခဲ့တဲ့အတွက် အားနည်းချက် တွေရှိခဲ့တယ်၊ ခုလို ပြောရေးဆိုခွင့် ခန့်အပ်လိုက်မှု့ဟာ ဒီပြဿနာကို မဖြေရှင်းနိုင်ပေမဲ့ ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်း တစ်ခု စတင် လိုက်တာပါလို့ ပြောသွားခဲ့သည်။
အင်ဒိုနီးရှားနဲ့ တောင်ကိုရီးယား စသည့် နိုင်ငံများတွင်၊ တပ်မတော်များသည် ပြောရေး ဆိုခွင့်ရှိသူတွေ ခန့်အပ်ရုံသာမက ဆက်လက်လုပ်ဆောင်မည့် ရှေ့လုပ်ငန်းအစီအစဉ်များ ကို နှစ်စဉ် ထုတ်ပြန်လေ့ရှိသည်။
တပ်မတော် ပြောရေး ဆိုခွင့် ရှိသူအနေနဲ့ ပွင့်ပွင့် လင်းလင်း ဖြေနိုင် ပြောနိုင်လေ တပ်မတော် အနေနဲ့ ပြည်သူဆီက ထောက်ခံမှု့ ပိုမို ရရှိလေပဲ ဒါက ပြည်သူရော တပ်မတော် ရော အကျိုးရှိစေမှာ ဖြစ်တယ်ဟု သူကပြောသည်။
ပြောရေး ဆိုခွင့် ရှိသူ ရဲ့ ရာထူးအဆင့်အတန်းထက် မီဒီယာတွေက မေးမြန်းလာတာတွေကို လွတ်လပ်ဖြကြားနိုင်ခွင့် က ပို အရေးကြီးပါတယ် လို့ သူက ပြောသည်။ကချင်ပြည်နယ် ပဋ္ဋိကက္ခများတွင်း လိုင်ဇာသို့ သွားရောက် သတင်းယူခဲ့သော သတင်းထောက် မငြိမ်းငြိမ်းပြည့်ကလဲ ပြောေ၇းဆိုခွင့် ပုဂ္ဂိုလ် ခန့်အပ်လိုက်မှု့ အပေါ် ကြိုဆိုလိုက်ပါတယ်။ကျွန်မတို့ သတင်းတွေ ရေးတဲ့ အခါမှာ အစိုးရ ဘက်ကို မေးဖို့ တာဝန်ခံ လူ မရှိဘူးဖြစ်နေခဲ့တယ်၊ နှစ်ဖက်စလုံးရဲ့ ပြောကြားမှု့ကို ရနိုင်ရင် ပိုကောင်းတာပေါ့ဟု သူမ ကပြောသည်။
(The MyanmarTime Journal မှ Ministry of Defence gets spokesman အမည်ရှိ သတင်းအား
မြန်မာ့ သားကောင်း မီဒီယာမှ ဘာသာ ပြန်ဆိုထားဖြင်း ဖြစ်ပါသည်။ ဘာသာပြန် မှားယွင်းမှု့ရှိပါက ဝေဖန်ထောက်ပြနိုင်ပါသည်)
မြန်မာ့ သားကောင်း
From:[_ _] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Feb 17, 2013
မျက်လုံးနှစ်လုံးကို တိုင်းပြည်အတွက် အစွန့်လွတ်ခံသွားရတဲ့ ဗိုလ်ကြီးတစ်ယောက်နဲ့ ဂျူနီယာတစ်ယောက်ရဲ့ ဝမ်းနည်းဖွယ် အဖြစ်
 ဒီနေ့. တိုက်ပွဲမှာ ဒဏ်ရာရလာတဲ့ ဗိုလ်ကြီးတစ်ယောက်ကို သတင်းသွားမေးခဲ့တယ်။ စိတ်မကောင်းလိုက်တာဗျာ.....မျက်စိနှစ်ဖက်လုံးကတော့ အလင်းမရတော့ပါဘူး။ အစ်ကိုကြီးဘာမှအားမငယ်နဲ့ ညီတို့ရှိတယ် အားလုံးကူညီပေးမယ်ဆိုတော့ ကျေးဇူးတင်ပါတယ် ညီလေးရယ်တဲ့။ ရယ်ပြီးတော့သူပြောတဲ့စကားလေးပါ "မျက်စိကွယ်သွားတော့လည်း တစ်ခုကောင်းတာပေါ ညီလေးရယ် ဘာမှမမြင်ရတော့ အကုသိုလ်ကင်းတာပေါ့ "တဲ့။ သူကသာ ရယ်ပြုံးပြီး ကျနော့်ကိုစိတ်မကောင်းဖြစ်မှာစိုးလို့ပြောနေပေမယ့် ကျနော့်မှာ ရယ်ဖို့အင်အားမရှိပါဘူး။ စိတ်မကောင်းလိုက်တာဗျာ။ဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ နိုင်ငံအတွက်ဘယ်လောက်တောင်ပေးဆပ်ပြီးကြပြီလဲ???? ဘယ်သူတွေဘာတွေပဲပြောနေကြပါစေ နိုင်ငံအတွက် အမှန်တကယ်လုပ်ဆောင်ခဲ့တဲ့ စစ်သည်အားလုံးဟာ တို့တစ်တွေအတွက်ကတော့"ဝေလည်းမွှေး ကြွေလည်းမွှေး"ပါပဲ။ ကျနော်ဆုတောင်းပေးပါတယ် အစ်ကိုကြီး မျက်စိ ၂ ကွင်းအလင်းပြန်ရပါစေ။
From:[_ ငဒိတ် ကလေး https://www.facebook.com/photo.php?fbid=211423725667505&set=a.136087339867811.30912.100003996369765&type=1&relevant_count=1&ref=nf_]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Feb 14, 2013
တပ်မတော်မှ စွန့်ခွါလိုက်သော တပ်စခန်းတစ်ခုအား ကေအိုင်အေမှ နေရာယူကာ စခန်းပြင်ဆင်အင်အားဖြည့်နေ
 ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ မူများအတိုင်းတပ်မတော်ဘက်မှ မျိုးချစ်တပ်မတော်သားတို့၏ အသက်များနှင့်ရင်း၍ ရယူထားသော အချို့စခန်းများအား စွန့်လွတ်ကာ စခန်းကုန်းကြီးများအား လက်ရှိအတိုင်းပစ်ထားကာ ငြိမ်းချမ်းရေးမူများအရ စွန့်ခွါလိုက်ပြီဖြစ်ပါတယ် ။ထိုကဲ့သို့ စွန့်ခွါပေးလိုက်သော စခန်များအနက် Jaw Maw စခန်းအား ဖေဖော်ဝါရီ ၁၀ ရက်နေ့အပြီးနောက်ဆုံးထား၍ စွန့်ခွါပေးလိုက်ပါသည် ။ အဆိုပါ စခန်းမှ တပ်မတော်သားများ ထွက်သွားပြီးချိန် မကြာမှီမှာပင် ကေအိုင်အေတပ်ဖွဲ့ဝင်များ ထိုစခန်းသို့ရောက်ရှိလာပြီး ကေအိုင်အေ အလံလွင့်တင်ကာ စခန်းကုန်းအား နေရာယူလိုက်ပါတယ် ။
အဆိုပါစခန်းသည် တပ်မတော်အတွက် ကြားစခန်းအနေနှင့် သိမ်းပိုက်ထားခဲ့သော်လည်း ကေအိုင်အေ တပ်ရင်း ၂၅ အတွက် အဓိက စခန်းဖြစ်နေပါတယ် ။ထိုစခန်းကို တပ်မတော်မှ ဝင်ရောက်သိမ်းပိုက်စဉ်က ကေအိုင်အေ အလောင်း၆ လောင်းထက်မနည်း ပြန်လည်ဆွဲထုတ်သွားသည်ကိုတွေ့ရပြီး ကေအိုင်အေ တပ်ရင်း ၂၅ ပိုင် ရှေ့ထွက်ကြီးကြပ်မိုင်း ၁၃၂ လုံး သိမ်းဆည်းရမိသော စခန်းဖြစ်ပါတယ် ။ယခုအခါ ကေအိုင်အေ ရင်း ၂၅ မှ ထိုစခန်းအား ဝင်ရောက်နေရာပြန်ယူကာ ဘန်ကာ ၃ လုံးထပ်မံအသစ်ဆောက်လုပ်ခြင်း ခြံစည်းရိုး တစ်ထပ် ထပ်မံကာလိုက်ခြင်း အပြင် မုန်လိုင်ခ ကျေးရွှာ တဝိုက်ရှိဒေသခံတို့အား "မင်းတို့ ကယ်တင်ရှင်ခွေးဗမာတွေ.ရိက္ခာပြတ်လို့ ပြန်သွားပြီ.မင်းတို့ဖအေတွေက တ မနေနဲ့ .အကုန်မီးရှို့ပစ်မယ်"လို့ ခြိမ်းခြောက်စာ ပို့ထားကြောင်း ပြောပါတယ် ။ထိုစာကြောင့် ဂျော်မော်စခန်းအား ငြိမ်းချမ်းရေးမူအား အကောင်အထည်ဖော်နိင်ရန် ပထမလှုပ်ရှားမှူ အရ ဆုတ်ခွါပေးလိုက်သော တပ်မတော် တပ်ခွဲမှ နန်းအီကျေးရွှာ အထိ ပြန်လည် တတ်ရောက်ကာ နယ်မြေဒေသ လုံခြုံရေးအတွက် လှုပ်ရှားနေကြောင်းသိရပါတယ် ။
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Feb 13, 2013
အစ္စလာမ်မစ် အစွန်းရောက် လက်နက်ကိုင်အဖွဲ့ လက်ရှ်ခါ၊ မြန်မာနိုင်ငံမှာ အခြေချရန် ကြိုးစားနေသည်
အိန္ဒိယအစိုးရဟာ သူ့ရဲ့ အရှေ့ဘက် အိမ်နီးနားခြင်းတွေဖြစ်တဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေနဲ့ ပါတ်သက်တဲ့ သတင်းအချက်လက်တွေ ဝေငှပေးနေပါတယ်… အဓိကအားဖြင့် ၂၀၁၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ (စစ်တကောင်း ဘင်္ဂါလီ)များနဲ့ ရခိုင်တွေရဲ့ ရခိုင်နယ်စပ်တလျှောက်က အဓိကရုဏ်းတွေနဲ့ ပါတ်သက်နေပါတယ်….
အဲ့ဒိအဖွဲ့အစည်းတွေကြားမှာ လက်ရှ်ခါ-အီး-တိုင်ဘာ (Lashkar-e-Taiba) ဆိုတဲ့အဖွဲ့ဟာ ထင်ရှားပါတယ်…. ထောက်လှမ်းရေးက ရရှိတဲ့ အချက်အလက်များအရ အစွန်းရောက် ရိုဟင်ဂျာ (စစ်တကောင်းဘင်္ဂါလီ)များရဲ့လှုပ်ရှားမှုတွေရဲ့အဓိကငွေကြေး ထောက်ပံ့မှုတွေဟာ ဆော်ဒီအာရေးဗျမှာရှိတဲ့ အဖွဲ့အစည်းတွေက ဖြစ်တယ်လို့ အိန္ဒိယရဲ့ အဆင့်မြင့် အရာရှိများရဲ့ သတင်းအရင်းအမြစ်က ဆိုပါတယ်…. အဲ့ဒိ အစွန်းရောက် စစ်သွေးကြွများဟာ ပါကစ္စတန်အခြေစိုက် အကြမ်းဖက်အဖွဲ့တွေရဲ့ စစ်ရေးသင်ကြားမှုကို ရရှိနေပြီး လက်နက်တွေဟာ ထိုင်းနိုင်ငံဘက်ကနေ ရရှိနေပါတယ်။
စီးပွားရေးနဲ့ လူမှုရေး အခက်အခဲတွေ့နေတဲ့ ဒုက္ခသည်စခန်းရှိ စစ်တကောင်း ဘင်္ဂါလီ (ရိုဟင်ဂျာ) များမှအပ ကျန်တဲ့အဖွဲ့တွေဟာ လက်နက်များ တိတ်တဆိတ်ခိုးသွင်းခြင်း၊ မူးယစ်ဆေးဝါးများ၊ ဗလီအစရှိတဲ့ ဘာသာရေးအဆောက်အဦးများမှာ အကြမ်းဖက်လုပ်ရပ်များမှာ ပါဝင်တဲ့ သင်တန်းများ ပို့ချခြင်း၊ လက်နက်ပစ္စည်းများ လျှို့ဝှက်ထားခြင်း အစရှိတာတွေဟာ ဒေသတွင်း အကြမ်းဖက် နှိမ်နှင်းရေးအတွက် အဓိကအတားအဆီး အခက်အခဲဖြစ်နေတယ်လို့ အိန္ဒိယအဆင့်မြင့် အရာရှိတွေက ဆိုပါတယ်…
နယူးဒေလီက အဓိက စိုးရိမ်ပူပန်နေတာကတော့ ပါကစ္စတန်အခြေစိုက် စစ်သွေးကြွ အဖွဲ့တွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ လူသစ် စုဆောင်းမှာတွေ၊ ကလာပ်စည်းများ ထားရှိပြီး အကြမ်းဖက်လှုပ်ရှားမှုတွေကို အရှေ့မြောက်ပိုင်းမှာ လုပ်လာနိုင်လို့ ဖြစ်ပါတယ်… အဲ့ဒိလိုပဲ အဆိုပါ ကလာပ်စည်းများ၊ စုဆောင်ထားတဲ့ လူသစ်များနဲ့ Assam မှာလုပ်ခဲ့သလိုမျိုး သက်ဆိုင်ရာ ဒေသတွေတိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားဖို့ လှုံ့ဆော်လာမှာကိုလည်း အဓိက စိုးရိမ်နေပါတယ်….
အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ စစ်တကောင်း ဘင်္ဂါလီ (ရိုဟင်ဂျာ) ဒုက္ခသည် အဖွဲ့အစည်းများရဲ့ တူညီတဲ့ အချက်ကတော့ ပါကစ္စတန် ထောက်လှမ်းရေးနဲ့ လက်ရှ်ခါအဖွဲ့ရဲ့ မသိမသာ ၀င်ရောက်စွက်ဖက်နေတဲ့ ကိစ္စရပ်များဖြစ်ပြီး နှစ်နိုင်ငံစလုံးကလည်း စုံစမ်းရရှိသမျှ အဆိုပါ ကိစ္စရပ်တွေကို ဖလှယ်ဖို့ သဘောတူညီထားကြပါတယ်…. သူတို့တွေဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ စစ်တကောင်း တောင်တန်းဒေသတွေမှာ  အခြေစိုက်တဲ့ Jaish-e-Mohammed (JeM) အဖွဲ့ရဲ့ လှုပ်ရှားမှုတွေလည်း ရှိနေနိုင်တယ်လို့ ယုံကြည်နေပါတယ်… အထူးသဖြင့် မြန်မာနိုင်ငံနဲ့ နယ်စပ်တလျှောက်ဖြစ်တဲ့ Cox’s Bazaar နဲ့ တက်နာ့ဖ် ဒေသတွေမှာ လှုပ်ရှားနေတယ်လို့ ယုံကြည်နေကြပါတယ်….
၂၀၁၂ မြန်မာနိုင်ငံ ရခိုင်ဒေသမှာ အကြမ်းဖက်မှု ဖြစ်ပွားပြီးချိန်မှာတော့ လက်ရှ်ခါအဖွဲ့နဲ့ သူ့ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ Jammaat-ud-Dawwa (JuD) ဟာ Difa-e-Musalman Arakan-Burma (Defence of Muslims in Myanmar) ဆိုတဲ့ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါတယ်…. အဓိကအားဖြင့် မိုဘိုင်းလှုပ်ရှား အဖွဲ့အစည်းများ၊ ထောက်ခံသူများဖြင့် လက်ရှိ မြန်မာနိုင်ငံရဲ့ အစိုးရကို ဆန့်ကျင်မှုများ ပြုလုပ်နိုင်စေဖို့ ရည်ရွယ်ခဲ့ပါတယ်….
လက်ရှ်ခါနဲ့ ဂျမက် အဖွဲ့နှစ်ခုဟာ ပေါင်းစပ်လိုက်ပြီး အဖွဲ့နှစ်ခုတွင်းမှာ ပါသူများဟာ ဂျမတ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နဒီးမ် အ၀ါရီ (Nadeem Awari) နဲ့ ဂျမတ်အဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေးဖြစ်တဲ့ ရှာဟစ် မန်မွတ် ရီမတ်တူလာ့ရှ် (Shahid Mehmood Rehmatullah) တို့ကို သြဂုတ် ၁၀ ၂၀၁၂ မှာ တာဝန်ပေးအပ်လိုက်ပါတယ်…. သူတို့ရဲ့ အဓိက တာဝန်တွေကတော့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ အစ္စလာမ်မစ် အဖွဲ့အစည်းများက အရေးကြီး တာဝန်ရှိသူများနဲ့ အချိပ်အဆက်ရယူရန်ပဲ ဖြစ်ပါတယ်….
အိန္ဒိယအစိုးရစီက ရရှိတဲ့ သတင်းအချက်အလက်များအရ အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဟာဖီး ဆာအိ (Hafeez Saeed) အပါအ၀င် လက်ရှ်ခါအဖွဲ့ရဲ့ အဆင့်မြင့်ခေါင်းဆောင်များဟာ မြန်မာနိုင်ငံကို အဓိကပစ်မှတ်ထားပြီး လူသစ် စုဆောင်းရရှိနိုင်ဖွယ် ရှိမှုနဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပါတ်သက်တဲ့ ကိစ္စရပ်တွေကို ဆွေးနွေး၍ စီမံကိန်းများ ချမှတ်တယ်လို့ ဆိုပါတယ်…. လက်ရှ်ခါ အဖွဲ့ဟာ ရခိုင်ဒေသမှ ဖြစ်ပွားခဲ့တဲ့ ကိစ္စရပ်တွေနဲ့ ပါတ်သက်ပြီး ပြုပြင်ရေးသမား ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ကို အပြစ်တင်လိုက်ပါတယ်….။
Rohingya Solidarity Organization
RSO အဖွဲ့ခေါင်းဆေင် နူရူး အစ္စလာမ်
နူရူးအစ္စလာမ်အား အစည်းအဝေး တစ်ခုတွင် တွေ့ရစဉ်
RSO အဖွဲ့နှင့် နီးကပ်စွာ အဆက်အသွယ် ရှိသည့်  ဒေါက်တာ ၀ါကာအူဒင်
ဗြိတိန်တွင် ရိုဟင်ဂျာအရေး လော်ဘီလုပ်ပေးနေသည့် ဆန္ဒပြပွဲတွင် တွေ့ရသည့် နူရူးအစ္စလာမ်
 ပါကစ္စတန်အခြေစိုက် လက်ရှ်ခါးအဖွဲ့ရဲ့ ဦးဆောင်လှုပ်ရှားသူများဟာ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရခိုင်ဒေသနဲ့ ကပ်ရပ်ဒေသများကို သွားရောက် လေ့လာအကဲခတ်ရန်ရင်းနှင့်အတူ အခြားသော Harkat ul Jihadi al Islami (HUJI), JeM နဲ့ Jammat ul Mujahideen Bangladesh (JMB) အဖွဲ့များဟာ Rohingya Solidarity Organization (RSO) နဲ့ ဆက်ဆံရေး တည်ဆောက်ရန် ရည်ရွယ်ထားပါတယ်….. ထိုကဲ့သို့ ချိပ်ဆက်ခြင်းဟာ အဓိကအားဖြင့် သူတို့ရဲ့ လှုပ်ရှားမှုတွေကို ချဲ့ထွင့်နိုင်ရန်၊ အိန္ဒိယအရှေ့ပိုင်း အစွန်အဖြား ဒေသတွေမှာ စခန်းသစ်များ ထပ်မံတည်ဆောက်နိုင်ရန်အတွက် ဖြစ်ပါတယ်….
အိန္ဒိယနိုင်ငံတွင်းရှိ လုံခြုံရေးအေဂျင်စီတွေဟာ မန်မိုဟန်ဆင်း အစိုးရကို Jammaat ul Arakan (JuA) တပ်ဦးအကြောင်းနဲ့ ပါတ်သက်ပြီး အစီရင်ခံထားပြီး ဖြစ်ပါတယ်….. အဆိုပါ JuA ဟာ JMB အဖွဲ့နဲ့ အခြားသော အစွန်းရောက် ရိုဟင်ဂျာ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ပါတယ်…. အဆိုပါ အစီရင်ခံစာက ညွှန်းဆိုတာကတော့ JMB အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ဒေသဖြစ်တဲ့ ဘန်ဒါဘန်ရဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ စစ်ရေးဆိုင်ရာ သင်တန်းပေးမယ့် အခြေစိုက်စခန်းတွေ တည်ဆောက်ခြင်းတွေမှာ ပါဝင်ပါတ်သက်နေတယ် ဆိုတာပါပဲ…. သူတို့ဟာ မြန်မာနိုင်ငံအတွင်းက လှုပ်ရှားမှုတွေနဲ့ ပါတ်သက်ပြီး တာဝန်ယူဖို့ စီမံကိန်းတွေ ချမှတ်လုပ်ဆောင်နေတယ်လို့ တရားဝင်ဆိုပါတယ်….။
ISI ရဲ့ ခြေရာတွေကို စစ်တကောင်း ဘင်္ဂါလီ (ရိုဟင်ဂျာ) အတွင်းပိုင်းကို ချဲ့ထွင် ၀င်ရောက်ခဲ့ပြီးနောက်ပိုင်း စက်တင်ဘာ ၁၁ ၂၀၁၂ မှာ စစ်တကောင်းအခြေစိုက် Cox’s Bazaar မှာရှိတဲ့ Idgah madarassa အဖွဲ့မှ နော် အယ်လ် အမင် (Noor-ul-Amin) ကို ဖမ်းစီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်…. ကရာချိရှိ Dar-ul-Uloom Islamiya madarassa အဖွဲ့အစည်းက ရွေးချယ်လိုက်တဲ့ ဘာသာရေးခေါင်းဆောင်ဖြစ်တဲ့ Noor-ul-Amin ဟာ ယခင်က ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့အတွက် အမြဲတန်းစစ်မှုထမ်းများကို ရွေးချယ်ခန့်အပ်မှုနဲ့ စစ်ရေးအသိအမြင် ရှိသူတွေကို ထောက်ပြတဲ့တာဝန်ကို ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်….။
သူ့ကို စစ်ဆေးမေးမြန်းစဉ်အတွင်းမှာ အာမင်း ထွက်ဆိုခဲ့တာကတော့ သူ့ရဲ့ ပူးပေါင်းပါဝင်မှုဟာ HUJI (Arakan) အဖွဲ့ရဲ့ ခေါင်းဆောင်လို့ သတ်မှတ်ထားတဲ့ ကရာချိအခြေစိုက် Maulana Abdus Qudus Burmi နဲ့ ဆက်နွယ်မှုပါပဲ….. သူထပ်မံ ထွက်ဆိုတာကတော့ ရိုဟင်ဂျာ ဒုက္ခသည် အသိုင်အ၀န်းအတွင်း လက်နက်များ ကူးလူးဆက်နွယ်မှုတွေမှာ ပါကစ္စတန် စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေး အေဂျင်စီကလည်း ပါဝင်ပါတ်သက်နေတယ် ဆိုတာပါပဲ….. နောက်ပိုင်းမှာ Noor-ul-Amin နဲ့ နီးကပ်စွာရှိတဲ့ အပေါင်းပါတစ်ဦးဖြစ်တဲ့ အလီ အာမက် ခေါ် အဘူဂျီဘရယ် (Ali Ahmend aka Abu Jibral) ဟာလည်း အောက်တိုဘာ ၈ ရက် ၂၀၁၂ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးအဖွဲ့အစည်းများရဲ့ အရေးယူခြင်းကို ခံလိုက်ရပါတယ်….
အဘူဂျီဘရယ်ဟာ ပြီးခဲ့တဲ့လတွေမှာ ISI နဲ့ Karachi Islamiya madarassa တို့အကြား ငွေကြေးအလဲအလှယ် ကိစ္စတွေမှာ ပါဝင် ပါတ်သက်ခဲ့တယ်လို့ ဆိုပါတယ်…. အဘူဂျီဘရယ်ကို စစ်ဆေးမေးမြန်းခဲ့စဉ်မှာ ဂျီဘရယ်ဟာ သူ ဂျီဟတ် စစ်သားတစ်ယောက်အနေဖြင့် အာဖဂန် နစ္စတန်မှာ ရှိနေခဲ့စဉ်မှာ ၁၉၈၅ မှ ၁၉၉၄ အတွင်း ၀ါဇာရစ်စတန်မြောက်ပိုင်း မီရန်ရှား တွင်နေထိုင်ခဲ့စဉ်အတွင်း တာလီဘန်အဖွဲ့နဲ့ ပါဝင်ပါတ်သက်ခဲ့တယ်လို့ ဆိုပါတယ်…. HUJI အဖွဲ့ရဲ့ တက်ကြွလှုပ်ရှားသူ ဂျီဘရယ်ဟာ အဖမ်းခံရစဉ်မှာ ပါကစ္စတန် စာရွက်စာတန်းများနဲ့ ဘင်္ဂလားဒေ့ရှ်ပါ့စပို့ ကိုင်ဆောင်ထားပါတယ်။
ရိုဟင်ဂျာ အကြမ်းဖက် သဲလွန်စများနဲ့ ပါတ်သက်ပြီး ဒါကာနဲ့ နေပြည်တော်ကို သတိလှမ်းပေးနေစဉ်မှာ အိန္ဒိယအနေနဲ့ စိုးရိမ်နေတာက ISI ရဲ့ ရခိုင်ဒေသတွေမှာ ရှိတဲ့ မွတ်စလင်တွေအပေါ်ကို စိတ်ဝင်စားမှုနှုန်းတွေ မြင့်တက်လာမှာပဲ ဖြစ်ပါတယ်…. အဓိကအားဖြင့် အကြမ်းဖက် အဖွဲ့တွေဖြစ်တဲ့ လက်ရှ်ခါ (Lashkar)၊ Jaish, HUJI နဲ့ Tehrik-e-Azadi Arakan (TAA) တွေကမှတဆင့် အဆိုပါ မွတ်စလင်တွေကို အစွန်းရောက်တွေအဖြစ် လေ့ကျင့်ပေးပြီး အိန္ဒိယ အရှေ့မြောက်ပိုင်းဒေသတွေကို အန္တရာယ်ပြုရာမှာ အသုံးချလာမှာကို စိုးရိမ်နေပါတယ်….။
ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ အရင်းအမြစ်တွေ များပြားလာခြင်းနဲ့ ဆက်နွယ်နေတဲ့ ဖြစ်ရပ်တွေကတော့ပါကစ္စတန်အခြေစိုက် ဖောက်ခွဲရေး ကျွမ်းကျင်သူများ၏ သင်ကြားမှုဖြင့် စစ်ရေးကြွ ဒုက္ခသည်များ ပိုမိုများပြားလာပြီး လက်ဖြစ် ဖောက်ခွဲရေး ပစ္စည်းများ ပိုမိုပြုလုပ်၍ မြန်မာနိုင်ငံတွင်းရှိ လုံခြုံရေး အဖွဲ့အစည်းတွေကို မည်သို့မည်ပုံ ဒုက္ခပေးနိုင်ရန်လည်း ဖြစ်ပါတော့တယ်….
၂၀၁၃ ဇန်န၀ါရီလ ၃၀ ရက်နေ့ ဟင်ဒူစတန်တိုင်းရှိ LeT seeks foothold in Myanmar ကို နားလည်တတ်ကြွမ်းသလောက် ဘာသာပြန်ဆို၍ မိမိကဲ့သို့ စိတ်ဝင်စားသူများ သိရှိနိုင်စေရန် ရည်ရွယ်ပါတယ်… အထူးသဖြင့် ရခိုင်ဒေသတွင် ဖြစ်ပျက်နေသည်များဟာ အစိုးရက တမင်ဖန်တီးနေသည်ဟု မြင်နေကြသူများ သိရှိစေရန်လည်း ဖြစ်ပါတယ်…. အစ္စလာမ်မစ် အစွန်းရောက် လက်နက်ကိုင်အဖွဲ့များ၏ ပူးပေါင်းမှု ရည်ရွယ်ချက်နဲ့ အကြမ်းဖက်လုပ်ရပ်များကို နိုင်ငံအတွင်းရှိ အမျိုးသားရေး စိတ်ဝင်စားသည့် လူငယ် လူရွယ်များ သတိပြုမိစေရန်လည်း ဦးတည်ပါတယ်…..
ထစ်ခနဲရှိ အစိုးရကို လက်ညှိုးထိုးနေတဲ့ အဆိုပါ ပုဂ္ဂိုလ်တွေဟာ ရခိုင်ကိစ္စကို အစိုးရဖန်တီးတယ်လို့သာ စွတ်စွဲနေတယ်၊ အဲ့ဒိလို လုပ်လို့ အစိုးရအနေနဲ့ ဘာများ အကျိုးအမြတ် ရမလဲမေးရင် မဖြေတတ်တာကို တွေ့ရပါတယ်..... နိုင်ငံရေးအရ အစိုးရကို အမြတ်ထုတ်ဖို့ သိက္ခာချ၊ အပုတ်ချဖို့ စွတ်စွဲဖို့ပဲတတ်ကြပြီး အလွန်ကို စဉ်းစားဆင်ခြင်ဥာဏ် နည်းပါးတာကို တွေ့ရပါတယ်.....
အထူးသတိချပ်သင့်တဲ့ ကိစ္စကတော့ အစ္စလာမ်မစ် စစ်သွေးကြွတွေဆိုတာ သူတို့လိုချင်တဲ့နိုင်ငံမရမခြင်း ဦးသိန်းစိန်သော ဒေါ်စုသော ရွေးမနေဘူးဗျ တွယ်နေမယ်ဆိုတာလေး ဦးနှောက်ထဲ ထည့်ထားဖို့ လိုပေလိမ့်မယ်.....
အထက်ပါ အကြောင်းအရာနှင့် ဆက်စပ်နေသည့် ယခင်ကဘာသာပြန်ခဲ့သော နုတ်စ်များ
Wikileaks မှ ပြောသည့် ရိုဟင်ဂျာ များနှင့် Al Qaeda ၊ မြန်မာ သောင်းကျန်သူများ အဆက်အသွယ် ရှိခြင်း
http://www.facebook.com/note.php?note_id=255875664459062
ဘင်္ဂလားဒေ့ရှ် သို့မဟုတ် ရိုဟင်ဂျာ မွတ်စလင် အကြမ်းဖက်သမားများ မွေးဖွားရာ / လေ့ကျင့်ရာ
http://www.facebook.com/note.php?note_id=262075623839066
From:[_James Mint  _]
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Feb 6, 2013
မြန်မာတပ်မတော်နှင့်ဘင်္ဂလားဒေရှ်တပ်မတော်ကိုနှိုင်းယှဉ်ခြင်း
ဘင်္ဂလားဒေရှ်တို့ကစစ်ဖြစ်လျှင်မြည်သူသာမည်နည်းကိုထိုသို့ဆိုပါသည်။
(၁)မည်သည့်နေရာ၊မည်သည့်အချိန်၊မည်ကဲ့သို့အကြောင်းကြောင့်ပေါ်မူတည်ပါသည်
(၂)လက်နက်ခြင်းတူခဲ့ရင်တောင်MIG29,F7ခြင်းတူရင်တောင်မြန်မာနိုင်ငံသည်စီပွားရေးပိတ်ဆို့ခံရမူကြောင့်ခေတ်မှီနည်းပညာမပိုင်ဆိုင်နိုင်။ဘင်္ဂလားဒေရှ်သည်တရုပ်၊အိနိယ၊အမေရိကန်တို့နဲ့ပူးပေါင်းစစ်ဆင်ရေးများလုပ်ဖူးသည်။
(၃)ဘင်္ဂလားဒေရှ်သည်operation dessert strom ကဲ့သို့စစ်ဆင်ရေးများတွင်ပါဝင်ဆင်နွဲဖူးပြီးUNနဲ့ပူးပေါင်းစစ်ဆင်ရေးများတွင်လည်းတက်ကြွစွာပါဝင်ခဲ့ဖူးသည်။ဟုဆိုထားပါတယ်။
ထိုကြောင့်သူတို့ပြောသောအရာများနှင့်တကယ်ရှိရင်းစွဲအခြေအနေကိုက်ညီမူရှိမရှိပြန်စဉ်းစားကြည့်ရမည်။ပြောတိုင်းယုံရမည်မဟုတ်ပါ။ကျွန်တော်တို့ခွဲခြားကြည့်ရမည်။
အရင်ဦးဆုံးမြေအနေအထားရမြန်မာနိုင်ငံသည်အရှေတောင်အာရှရဲ့မြေဧရိယာအကျယ်ပြန့်ဆုံးနိုင်ငံဖြစ်ပါတယ်။လူဦးရေသန်း၆၀ခန့်ရှိပြီးတပ်မတော်ရဲ့အင်အားဟာအရှေတောင်အာရှမှာဒုတိယအများဆုံးဖြစ်ပြီးတိုက်ပွဲအတွေ့ကြုံအလွန်ပြည့်ဝသောတပ်မတော်ဖြစ်ပါတယ်။တောတွင်းတောင်ပေါ်စစ်ဆင်ရေးများတွင်ဗီယက်နမ်နဲ့အတူအကောင်းဆုံးတပ်မတော်ဟုသတ်မှတ်ခြင်းခံရပါတယ်။
ဘင်္ဂလားဒေရှ်နိုင်ငံဟာindiaနိုင်ငံမှ၁၉ရ၀ကျော်တွင်ဘာသာရေးမတူညီမူကြောင်ခွဲထွက်ခဲ့ပါတယ်။လူဦးရေအရမ်းထူထပ်ပြီးစစ်ကိုင်းတိုင်းခန့်သာရှိသောမြေနေရာတွင်လူဦးရေသန်းတစ်ရာကျော်နေထိုင်ပြီးလူဦးရေပေါက်ကွဲမူများဖြစ်ပေါ်နေပါတယ်။ထိုလူဦးရေပေါ်က်ကွဲမူသည်အိမ်နီးခြင်းဖြစ်တဲ့indiaနဲ့မြန်မာကိုယိုစိမ့်နေပါတယ်။မုန်တိုင်းနှင့်ရေကြီးမြေပြိုမူဒဏ်ကိုနှစ်စဉ်ခံစားနေရသောတိုင်းပြည်ဖြစ်ပါတယ်/
ယခုအခါမြန်မာနှင့်ဘင်္ဂလားဒေရှ်သည်ရေပိုင်နက်ပြသာနာနှင့်လူဦးရေယိုစိမ့်မူကြောင့်ဖြစ်ပေါ်လာသောတရားမ၀င်နေထိုင်မူပြသာနာကြောင့်ရန်သူဟုမဆိုနိုင်သော်လည်းအထူးသတိထားစောင့်ကြည့်ရမည့်အခြေအနေတွင်ရှိနေပါသည်။ထိုပြင်ဘင်္ဂလားဒေရှ်တပ်မတော်ရဲ့လက်နက်အပြိုင်အဆိုင်တပ်ဆင်မူနှင့်မြန်မာအပေါ်ရည်ရွယ်ပြီးစစ်ပြင်ဆင်မူတွေလုပ်လာသောကြောင့်ပိုမိုသတိထားစောင့်ကြည့်သင့်ပါတယ်။
တပ်မတော်နှစ်ခုရဲ့အဆင့်အတန်းကိုနှိုင်းယှဉ်မည်ဆိုပါကနိုင်ငံရေး၊လက်နက်အင်အား၊လူအင်အား၊စွမ်းဆောင်နိုင်မူအရည်အချင်း၊လေ့ကျင့်ရေး၊နည်းပညာတိုးတက်မူ၊တိုက်ပွဲအတွေ့အကြုံ၊ရေမြေအနေအထား၊လက်နက်ကိုယ်တိုင်ထုတ်လုပ်နိုင်မူနှင့်တခြားနိုင်ငံများကိုရောင်းခြနိုင်မူ၊နည်းပညာတိုးတက်ရေးကြိုးပမ်းမူစသည့်အချက်တွေပေါ်မူတည်ပါတယ်။ထိုပြင်တပ်မတော်သားများရဲ့ခံယူချက်နှင့်ပင်ကိုယ်စွမ်းရည်ပြည့်ဝမူလည်းလိုပါတယ်။
ထိုအချက်တွေထဲကမှနိုင်ငံရေးကိုလုံးဝမရေးပါဘူး။ဘာဖြစ်လို့လဲဆိုတော့မြန်မာ့နိုင်ငံရေးသည်အပြောင်းအလဲမြန်လွန်းနေသောကြောင့်ဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းရေးရမှာစိတ်မပါလို့လည်းပါပါတယ်။တခြားသောအကျိုးအကြောင်းတွေကိုလျို့ဝှက်သောအရာမှ့အပတင်ပြချင်ပါတယ်။
အရင်ဦးဆုံးလေကြောင်းကနေစပြောကြပါမယ်။လေကြောင်းစွမ်းအားဟာ၂၁ရာစုရဲ့ပင်မအသက်သွေးကြောတစ်ခုဖြစ်လာပါတယ်။အရေအတွင်အတိအကျမဟုတ်ပင်မဲ့မြန်မာအသာစီးမှာရှိနိုင်ပင်မဲ့သိပ်မကွာလှပါဘူး။ဒါပင်မဲ့အနာဂတ်စီမံကိန်းနဲ့မြေအနေအထားမှာတော့သိသိသာသာကွာဟချက်တွေရှိနေပါတယ်။အထူးသဖြင့်မြေအနအထားမှာဘင်္ဂလားဒေရှ်နိုင်ငံဟာသေးငယ်ပါတယ်။ဒီအတွက်လေယာဉ်များရဲ့လေ့ကျင့်နိုင်မူဟာtranningaeraတောင်ကျပ်ညပ်နေပါတယ်။ထိုပြင်မြေနေရာကျဉ်းသောကြောင့်စုပြုံနေတဲ့ရန်သူကိုခြေမှုန်းရလွယ်ပါတယ်။ဒါအပြင်နေရာယူမူအမှားတွေလည်းရှိနေပါတယ်။ယခုနောက်ဆုံးအပူတပြင်းဖောက်လုပ်ထားတဲ့လေတပ်စခန်းအသစ်ဟာရှုးသွက်မူသက်သက်ဖြစ်ပါတယ်။မဟာဗျုဟာအရfront line airbaseမှန်ပင်မဲ့နိုင်ငံကျဉ်းလေးအတွက်front line airbase ထားတာဟာတကယ်မိုက်မဲမူပါ။အမြောက်တကမ်းစာသာသာမှာထားရှိထားတဲ့လေတပ်စခန်းဟာစစ်ဖြစ်ရင်အရင်ဆုံးခြေမှုန်းခံရပါလိမ့်မယ်။
နောက်တစ်ခုကဘင်္ဂလားဒေရှ်သည်လည်းမြန်မာကဲ့သို့ပင်တခြားစစ်မျက်နှာစာဖြစ်တဲ့မဟာရန်သူဘက်ကိုသာအားစိုက်ခဲ့ပြီးတကယ်တမ်းဖြစ်လာတဲ့အခါစစ်မျက်နှာစာကိုအရွေ့အပြောင်းအခုချိန်ထိကောင်းကောင်းမလုပ်နိုင်သေးပါ။ဘင်္ဂလားဒေရှ်ရဲ့လေကြောင်းရန်ကာကွယ်ရေးသည်လည်းအလွန်နိမ့်ကျပြီးရေဒါစခန်းတစ်ခုသာရှိသောနိုင်ငံဖြစ်သောကြောင့်(နောင်တွင်နှစ်ခု)မိမိတို့တပ်မတော်လေရဲ့ထိုးစစ်ကိုခုခံနိုင်စွမ်းနည်းပါလိမ့်မယ်။
သိုသော်မိမိဘက်မှပြန်စဉ်းစားလျှင်တော့မိမိတို့သည်နိုင်ငံကျယ်ပြန့်ခြင်းကြောင့်ပြစ်မှတ်ပြန့်ကြဲမူကြောင့်ပြစ်ခတ်ရန်ခက်ခဲခြင်း၊၂၀၀၀ခုနှစ်နောက်ပိုင်းသိသိသာသာတိုးတက်လာတဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်ကြောင့်ထိုးဖောက်ရန်ခက်ခဲပါလိမ့်မည်။
air defenceလုပ်ရန်နှင့်close supportေ လာက်သာပြုလုပ်နိုငမည်ဖြစ်ပြီးထိုးစစ်အတွက်တော့မဖြစ်နိုင်ပါ။
ထိုပြင်ဘင်္ဂလားဒေရှ်၌A5၇စီးသာရှိသည်ကိုကြည့်ခြင်နှင့်နောင်ဝယ်ယူမည့်လေယာဉ်သည်F7သာဖြစ်ခြင်းတို့ကြောင့်မြေပြင်ပြစ်ကူပေးအပိုင်းအကြီးအကျယ်အားနည်းလာနိုင်ပါသည်။
အနာဂတ်အစီအစဉ်ကိုပြောရရင်ဘင်္ဂလားဒေရှ်အတွက်F7သည်အလွန်အသုံးဝင်ပါတယ်။areal interceptorဖြစ်သောကြောင့်သေးငယ်တဲ့နိုင်ငံအဖို့အလွန်အသုံးဝင်ပါတယ်။ထိုကြောင့်BAFအနေဖြင့်F7ကိုထပ်မံဖြည့်ခြင်းသည်မှန်သည်ဟုဆိုနိုင်ပါတယ်။ဒါပင်မဲ့MAFကထိုF7နှင့်A5အစား4th generation fighterများဖြင့်အစားထိုးမည်ဟုယူဆရငောကြောင့်အနာဂတ်တွင်ပိုမိုအသာစီးရနေနိုင်ပါတယ်။
ရေတပ်အနေဖြင့်ယှဉ်ထိုးကြည့်လျှင်လက်ရှိအနေအထားအရBNကအနည်းငယ်သာသည်ဟုထင်ရသော်လည်းအနာဂတ်စီမံကိန်း၊ပြည်တွင်းတွင်ရေယာဉ်တည်ဆောက်နိုင်မူတို့၌ကွာခြားလှမည်။အနာဂတ်စီမံကိန်းတွင်BNမှရေငုတ်သဘောင်္နှင့်ဖရီးဂိတ်များဖြည့်မည်ဆိုသောကြောင့်BNကလုံးဝအသာစီးရနိုင်သည်ဟုထင်ရသော်လည်းMNသည်ကိုယ်တိုင်ထုတ်လုပ်နိုင်သည်။
AUNG ZAYYA CLASSဖရီးဂိတ်ကိုအောင်မြင်စွာစမ်းသပ်အသုံးပြုနိုင်ပြီးနောက်တွင်ထိုအမျိုးအစားရေယာဉ်များကိုအလွယ်တကူထပ်မံတည်ဆောက်နိုင်မည်ဖြစ်ပြီးဝယ်ယူမှုထက်စရိတ်စကပိုသက်သာပါတယ်။BN၀ယ်နိုင်ပြီပဲဆိုဦးတဖြည်းဖြည်းနဲ့တိုးတက်လာမည့်MNကိုတော့ကြာရင်ယှဉ်နိုင်တော့မှာမဟုတ်ပါဘူး။ဒါအပြင်F12လိုကိုယ်ပျောက်ဖရီးဂ်တ်တွေကိုထုတ်လုပ်နိုသ်ပြီဖြစ်ရာရေငုတ်သဘောင်္ဝယ်ဖို့သာအားစိုက်ရတော့မည်ဖြစ်သည်။ထိုပြင်5seriesတွေကတော်တော်ကောင်းတယ်လို့လည်းသိရတာကြောင့်MNအတွက်အားတစ်ခုဖြစ်လာမှာပါ။
ကြည်းတပ်ကတော့ပြောစရာမလိုအောင်ကောင်းမွန်ပြီးသားပါ။တစ်ဦးခြင်းရဲ့အရည်အခြင်းအတွေ့အကြုံကအများကြီးသာပါတယ်။DSAမှာပြောနေကျစကားတစ်ခုလိုပေါ့မင်းဘာသာမင်းDSAမကလို့ဘယ်ကဆင်းဆင်းသိပ်မကြောက်တက်ဖူးပြောပြောပထမဆုံးတိုက်ပွဲမှာတော့နှာခေါင်းထှယ်ထိုးတာပဲဆိုသလိုတိုက်ပွဲရဲ့ဖိအားကိုမသိသေးတဲ့ဘင်္ဂလားဒေရှ်တပ်မတော်အတွက်ကြီးမားတဲ့စိန်ခေါ်မှုပါ။၂၀၀၉ခုနှစ်ကမြန်မာနဲ့စစ်ပြင်ကြတဲ့အခါလစာမလုံလောက်ဟုအကြောင်းပြကာတပ်တွင်းပုန်ကန်မူကြောင့်လူ၅၀၀၀လောက်ထုတ်ပြစ်ရတာလဲBAအတွက်မေးခွန်းထုတ်စရာပါ။ပူးပေါင်းစစ်ဆင်ရေးတွေလုပ်သည်ပဲထားဦးတော့လေယာဉ်တွေကguidedများဖြင့်တော့ပြစ်ဖူးမည်မထင်။သဘောင်္များကလည်းSSAဒုံးများတော့ပြစ်မည်မထင်။ထိုကြောင့်လေ့ကျင့်မူသည်ကွာမည်လို့ဆိုနိုင်မည်လော။Operation dessert STROMတွင်ပါဝင်သည်ဆိုတာကလည်းMEDICALအဖွဲ့နှင့်နောက်ပိုင်းလုံခြုံရေးလောက်သာ။UN missionတွင်ပါဝင်သည်ဆိုတာကလည်းလုံခြုံရေးယူပေးခြင်းနှင့်လူသားခြင်းစာနာထောက်ထားမူအတွက်သက်သက်သာ။မိမိတို့ဆီမှာထားလျှင်ကုန်ကျစရိတ်ရှိနေမည့်အတွက်အတွေ့အကြုံရအောင်နှင်ကုန်ကျစရိတ်သက်သာအောင်ထမ်းဆောင်ခိုင်းခြင်းဖြစ်သည်။ထိုသို့ထမ်းဆောင်ရသည်မှာလည်းရဟတ်ယာဉ်သာဖြစ်သည်။မည်သို့ပင်ဆိုဆိုထိုမှအတွေ့အကြုံကောင်းတွေရမည်မှာအမှန်ပင်။
မြန်မာ့ခြေလျှင်နှင့်အမြောက်၏တိုက်စွမ်းရည်ကအလွန်ကောင်းပြီးသားဖြစ်ပင်မဲ့ခေတ်မှီနည်းစနစ်များပြောင်းလဲအသုံးပြုခြင်းနှင့်ထိုခေတ်မှီနည်းပညာများကိုတိုက်ပွဲဝင်အသင့်ဖြစ်အောင်လုပ်ရမည်။မြန်မာတပ်မတော်၏၇၅ရာခိုင်နှုန်းသောလက်နက်များသည်ပြည်တွင်းကထုတ်ခြင်းကြောင့်အများကြီးပိုမိုသာစေပါတယ်။
မည်သို့ပင်ဆိုစေကာမူစစ်ပွဲများဖြစ်လျှင်ရန်သူကိုလျော့တွက်ခြင်းဟာအရှုံးရဲ့အစပါ။သူတို့ဘယ်လိုပဲလုပ်လုပ်ကိုယ်တပ်ဖွဲ့ကောင်းဖို့ခေတ်မှီဖို့လိုပါတယ်။ဒီအတွက်ရန်သူကိုအထင်မသေးဖို့လိုပါတယ်။ဒီpostကဘင်္ဂလားဒေရှ်ဘက်ကသာနေပြီလို့ထင်ပြီးစိတ်ဓာတ်ကျနေမှာစိုးလို့ပါ။
Sky Hunder(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း
Latest Videos
88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ