Showing posts with label ပေးစာကဏ္ဍ. Show all posts
Showing posts with label ပေးစာကဏ္ဍ. Show all posts

Dec 5, 2013

၈၈ နှစ်ခြမ်းကွဲနေပြီလား




၂၀၁၂-ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့၊ နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ စတုတ္ထအကြိမ်မြောက် အကျဉ်းသား လွှတ်ရာမှာ ပါဝင်လွှတ်မြောက်လာသော မင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းဟာ စတင်တည်ထောင်စဉ်ကတည်းက စည်းစည်းလုံးလုံး ၊ တက်တက်ကြွကြွ နဲ့ လူမှု့လုပ်ငန်းတွေ ဆောင်ရွက် လာ ခဲ့တာ အတော်လေးကိုအားရ ကျေနပ်ဖွယ်ရာဖြစ်ခဲ့ပါတယ်။ ၈၈၈၈ ငွေရတု အခမ်းအနားကို ခမ်းနားစွာ ကျင်းပ ပြီး ငွေရတုကြေငြာစာတမ်း ထုတ်ပြန်နိုင်ခဲ့ပါတယ်။ အဖွဲ့အစည်း အတွင်းမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် တာ ၀န်ခံတွေ ဖွဲ့စည်းပေးထားတဲ့အတွက်လဲ သက်ဆိုင်ရာလုပ်ငန်းတွေမှာ ပိုမိုအဆင်ပြေ အဆင်ပြေ နေတာ ကိုတွေရပါတယ်။

ဒါပေမယ့် အခုတလော ၈၈မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းဟာ ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ ကိုကိုကိုကြီးခေါင်းဆောင်တဲ့အဖွဲ့ ဆိုပြီး နှစ်ဖွဲ့ကွဲနေတယ်ဆိုပြီးအသံတွေထွက်နေတော့ စိတ်မကောင်းဘူးဗျာ။ အဖွဲ့အစည်းအတွင်းမှာလဲ သဘောထားကွဲလွဲနေတယ်၊စည်းလုံးညီညွတ်မှု မရှိဘူး…စတဲ့ အသံတွေကြောင့်လဲ များစွာစိတ်မကောင်းဖြစ်ရပါတယ်။ကျွှန်တော်တို့နိုင်ငံမှာ အစိုးရကို ရဲရဲ ၀ံဝံ ထောက်ပြဝေဖန်ပြီး ပြည်သူ့ ဘက် က ရဲရဲ ၀ံဝံရပ်တည်ရဲတာဆိုလို့ ၈၈အဖွဲ့ပဲရှိတယ်၊ မစသေးဘူးနှစ်ခြမ်းကွဲနေတယ် ..စတဲ့အသံတွေ ကြားရတော့ လွန်စွာစိတ်မကောင်းဖြစ်ရပါတယ်။

သမ္မတနှင့်လယ်တောအိမ်မှာတွေ့ဆုံအပြီး ၈၈မျိုးဆက်ရဲ့ ရည်မှန်းချက်တွေမှေးမှိန်သွားသလို လုပ်ငန်း ဆောင် ရွက်ချက်တွေ လည်း မတွေ့ရတော့တဲ့အကြောင်း ၊ ကိုမင်းကိုနိုင်ဟာ ၈၈မျိုးဆက်ခေါင်းဆောင်ဆိုတဲ့ ဘွဲ့ကို ခံယူထားပေမယ့် လက်ရှိ အဖွဲ့အစည်းရဲ့ လုပ်ငန်းဆောင်တာတွေကို လှစ်လျှုရှု့ပြီး စာပေ ဟောပြောပွဲ တွေဘဲ လှည်လည်ဟောပြောနေ တဲ့အကြောင်း ၊ ကိုကိုကိုကြီးတစ်ယောက်ထဲသာ အဖွဲ့အစည်း ရဲ့လုပ်ငန်း တာဝန် တွေကို ဆောင်ရွက်နေရတဲ့ အကြောင်း ၊ ကဏ္ဍအလိုက် အဖွဲ့ခွဲတွေရဲ့ လုပ်ငန်းဆောင်ရွက် ချက်တွေ မတွေရ တော့တဲ့အကြောင်း ၊ အဲဒီလို အဖွဲ့အတွင်း ကသောင်းကနင်းဖြစ်နေတဲ့အတွက် မနီလာသိန်း၊ မမီးမီး စတဲ့ အမျိုးသမီးတွေ ဟာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ ခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေတဲ့ အကြောင်းတွေ တွေ့ရ၊ကြားရတော့ ၈၈မျိုးဆက်အဖွဲ့ တကယ်ဘဲ နှစ်ခြမ်းကွဲတော့မလားဆိုပြီး စိုးရိမ်မိပါတယ်။
ကျွှန်တော်တို့ နိုင်ငံမှာ သမိုင်းကြောင်းအစဉ်အလာအရ နှစ်ခြမ်းကွဲတဲ့ သာဓကတွေ ဟိုး..အရင်ကတည်းက ရှိခဲ့ဘူးပါတယ်။ အဖွဲ့အစည်းအတွင်း နေရာရလိုမှု၊ မနာလို ၀န်တိုမှု၊ အချင်းချင်းမလေးစားမှု၊ အယုံအကြည် ကင်းမဲ့မှု၊ တပည့်မွေး ဆရာမွေးလိုမှု…စတဲ့အကြောင်းအရာ တွေကြောင့် အကြိမ်ကြိမ်အခါခါ နှစ်ခြမ်းကွဲခဲ့ ဘူးတဲ့ သာဓကတွေကို နမူနာယူသင့်နေပါပြီ။ ဒါကြောင့် ၈၈မျိုးဆက်များဟာလည်း အချင်းချင်း စိတ်ဝမ်းကွဲပြားမှု မရှိ အောင်၊ အဖွဲ့အစည်း နှစ်ခြမ်းကွဲမှုမဖြစ်ရလေအောင် ၊ပြည်သူတွေရဲ့ ကဲ့ရဲ့ ပြစ်တင်မှု မခံရအောင်၊ ပြည်သူ အတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်ရအောင် စဉ်ခြင်စဉ်းစားနိုင်ကြဖို့ လိုအပ်ကြောင်း သတိပေး ဖော်ပြလိုက်ရပါသည်။
 

ဇော်အောင် (ရွှေကျွန်း)

(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Dec 2, 2013

မိုးဇေငြိမ်း ဘယ်သူလဲ

ဒီရက်ပိုင်းနာမည်ကြီးလျှက်ရှိသော မင်းသားမင်းသမီးများ၏ မူးယစ်ဆေးဝါးသုံးမှုသတင်းများကို သမီးငယ်မှ ပြောပြ၍ သိရှိရသည့်အတွက် ထိုဆောင်းပါးရှင်ဖြစ်သော Moe Zay Nyein ၏ Facebook စာမျက်နှာသို့ ၀င်ကြည့်မိပါသည်။ ထိုသူ၏ Profile ဓာတ်ပုံနှင့် နာမည်တို့အား တွေ့ရသောအခါတွင် ကျွန်တော်တပ်မတော်အတွင်း တာဝန်ထမ်းဆောင်စဉ်က ခင်မင်ရင်းနှီးဖူးသော မိတ်ဆွေများထဲမှ တစ်ဦးဖြစ်မည်ဟု ခန့်မှန်းမိပါသည်။ ကျွန်တော့်၏ ခန့်မှန်းချက်မှာ 99% သေချာသလောက်ရှိပါသည်။



အဘယ့်ကြောင့် 99% ဟုပြောရသနည်းဟု အမေးရှိသော် ထို Profile ပုံထဲမှ လူကို ကျွန်တော်ရင်းနှီးပါသည်။ ထိုပုံသည် ဆောင်းပါးရှင်၏ ပုံမဟုတ်ပါ။ ဆောင်းပါးရှင်၏ ညီတစ်ဦးပုံသာ ဖြစ်ပါသည်။ ဆောင်းပါးရှင်နှင့် ကျွန်တော် ရင်းနှီးခဲ့စဉ်က သူ့ညီအား မိတ်ဆက်ပေးသဖြင့် သုံးကြိမ်ခန့် တွေ့ဆုံဖူးခဲ့သဖြင့် ကောင်းကောင်းမှတ်မိနေပါသည်။ ဆောင်းပါးရှင် အသုံးပြုထားသော အမည်သည်လည်း ဆောင်းပါးရှင်၏ သမီးနာမည် ဖြစ်ပါသည်။

ဆောင်းပါးရှင်၏ အမည်ရင်းနှင့် အပတ်စဉ်တို့ကိုတော့ မဖော်ပြလိုတော့ပါ။ ထိုဆောင်းပါးရှင်နှင့် ရင်းနှီးသူ၊ အပတ်စဉ်တူများတွင် လက်ရှိတာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်များ ရှိနေသဖြင့် ဘေးထွက်ဆိုးကျိုးဖြစ်မည်ကို စိုးရိမ်ပါသည်။ ကျွန်တော်ထိတွေ့သိရှိသလောက်ဆိုရသော် ဆောင်းပါးရှင်သည် ခြေလျင်တပ်ရင်းမှူးသင်တန်း အမှတ်စဉ် (၃၈)၊ ၂၀၀၅ ခုနှစ်က စစ်ဦးစီးတက္ကသိုလ်သင်တန်း အမှတ်စဉ် (၅၅) တို့ကို တက်ရောက်ခဲ့သူ ဖြစ်သည်။

တပ်မတော်တွင် တာဝန်ထမ်းဆောင်နေစဉ် အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပြီး စုံခုံဖွဲ့ စစ်ဆေးကာ တိုင်းမှူး၏ ပြင်းထန်စွာသတိပေးခြင်းခံခဲ့ရသည်။ ထို့နောက် အရပ်ဘက်ဝန်ကြီးဌာနတစ်ခုသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ညွှန်ကြားချက်ထွက်လာသည်ဟု ကြားသိရပါသည်။ ထိုအချိန် တွင် ကျွန်တော်သည် တပ်မတော်အတွင်း၌ တာဝန်ထမ်းဆောင်ခြင်းမရှိတော့သော်လည်း မိတ်ဆွေများ ထံမှ တဆင့် သတင်းများကြားနေရသည်။

ဆောင်းပါးရှင် မည်သည့်ဝန်ကြီးဌာနသို့ ပြောင်းရွှေ့သွားသလဲဆိုသည်ကို ကျွန်တော်မပြောလိုတော့ပါ။ သူရေးသားသည့်စာများတွင် ပေါ်လွင်နေပါသည်။ ဒီ့နောက်ပိုင်းတွင် ကျွန်တော်သည်လည်း သမီးငယ်ရှိရာ အမေရိကန်နိုင်ငံ၊ Boca Raton မြို့သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သဖြင့် မြန်မာပြည်မှ မိတ်ဆွေများနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ ဆောင်းပါးရှင်နှင့် ပတ်သတ်သည့် နောက်ဆုံးသတင်းမှာ ၂၀၀၈ ခုနှစ်တွင် အစိုးရအမှုထမ်းမှ နုတ်ထွက်၍ ပြင်ပစီးပွားရေးလုပ်နေသည်ဟု သိရသည်။

နိဂုံးချုပ်အနေဖြင့် ကျွန်တော်ပြောလိုသည်မှာ ဆောင်းပါးရှင်အနေဖြင့် သူအရေးယူခံရသည့်ဖြစ်စဉ်နှင့် ပတ်သတ်ပြီး အထက်အရာရှိကြီးများအား မကျေနပ်ဖြစ်မှုများရှိခဲ့သည်။ ထိုအချက်ကို ကျွန်တော့်အနေနှင့် နားလည်ပေးနိုင်ပါသည်။ သို့သော် ဆောင်းပါးရှင်မကျေနပ်သော တပ်မတော်အရာကြီးတစ်စုကြောင့် တပ်မတော်ကို သိက္ခာမချ၊ သစ္စာမဖောက်ပါနှင့်ဟု မိတ်ဆွေတစ်ဦးအနေဖြင့် ပြောလိုပါသည်။ ဆောင်းပါးရှင်၏ အကောင့်တွင် Comment ရေး၍ မရသည့်အတွက် Massage မှ တဆင့်လည်း ပေးပို့ထားပါသည်။

From:[_ Win Maung _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Nov 11, 2013

“သူရိယအလင်းဂျာနယ်က ပြဿနာအိုး ကိုမိုးဟိန်း”

ဒီရက်ပိုင်း လူပြောများလာတဲ့ သူရိယအလင်းဂျာနယ် ကိစ္စမှာ စီအီးအို မိုးဟိန်းလွန်သလား ၊ထုတ်ဝေသူ ဦးယုနိုင်လွန်သလား မေးခွန်းတွေ အမြောက်အများပေါ်ပေါက်လာခဲ့ပါတယ်။တစ်ဖန် ပွဲဆူစေချင်သူများကလည်း မီဒီယာ နှိပ်ကွပ်တာ ဆိုတာရော၊ လူကြိုက်များစကားဖြစ်တဲ့ လူကြီးသား နဲ့ခရိုနီတွေရမ်းကား ဆိုတာတွေပါ သုံးနှုန်းလာခဲ့တယ်။ ဒါကလည်း ကိုမိုးဟိန်း အပြောကလည်း နားလေသူကြီးရဲ့ မြေးတော်လေး ဖိုးလပြည့် ပါတယ်လို့ ပြောခဲ့တာကြောင့် ပိုဖွလို့ ကောင်းခဲ့ တာပေါ့။ 


တကယ်တော့ သူတို့ဂျာနယ်မှာ အယ်ဒီတာအဖွဲ့နဲ့ ကိုမိုးဟိန်းတို့ မတည့်တာကြာပါပြီ။ဘာလို့လည်းဆိုတော့ မိုးဟိန်းရေးတဲ့ စာတွေက အဆင့်အတန်းမရှိလို့ဖြစ်ပါတယ်။ကျွန်တော်တို့ အခုအင်တာနက်မှာ တစ်ယောက်နဲ့ တစ်ယောက် ပါဆင်နယ်ဆိုင်ရာ တိုက်ခိုက်ဝေဖန်နေသလိုဖြစ်နေပြီး ဂျာနယ် တစ်စောင်အရည်အချင်းနဲ့ ဘယ်လိုမှ မကိုက်ညီတာကြောင့် ဖြစ်ပါတယ်။ ရန်ကုန်မီဒီယာလောကမှာလည်း မိုးဟိန်းဆိုတာ လူကြမ်း တစ်ယောက်ပါ။ ဘယ်လိုလူကြမ်းဆိုတော့ ကြောက်ရတဲ့ လူကြမ်း မဟုတ်ပါဘူး။ရွှံလို့ရှောင်ရတဲ့ မိုးဟိန်းလို့ နာမည်ကြီးပါတယ်။ ဘော်ဒါ အချင်းချင်းတော့ ခွေးရူးမိုးဟိန်းလို့ လည်းခေါ်ပါတယ်။

 အခုနာမည်ကြီးလာတဲ့ စစ်သူရဲဗလမင်းထင် ၊ ထောင်သူရဲဗအုပ် ၊ဆိုတာ ပြင်ပ ဆောင်းပါးဆရာ လို့ဆိုပေမယ့် အဲဒါ မိုးဟိန်း(သို့မဟုတ်) နိုင်ဝင်း ကိုယ်တိုင်ပဲဖြစ်ပါတယ်။ဒါကိုတော့ အထူးအထွေပြောစရာ လိုမယ်မထင်ပါဘူး ။အားလုံးက ကိုမိုးဟိန်းဟာ ၈လေးလုံး အရေးအခင်းကြီးတုန်းက ဗ.က.သ ထဲကနေ လှုပ်ရှားဖူးတယ်။ တကယ်တော့ မိုးဟိန်းဟာ စစ်တက္ကသိုလ် ကို တတ်ခဲ့ဖူးတာ လူသိပ်မသိကြဘူးဗျ။ မှတ်မိသလောက် DSA အပတ်စဉ် ၂၇ ဖြစ်မယ်။ ပထမနှစ်မှာတင် ပင်ပန်းဆင်းရဲလွန်းတဲ့ဒဏ်ကို ခံနိုင်ရည်မရှိလို့ ပြုတ်လာတယ်။ တကယ်တော့ မိုးဟိန်းက တော်ရုံလူမဟုတ်ဘူးဗျနော်။ ရန်ကုန်သားတွေ သိမှာပါ-ဗိုလ်ဆွန်ပက်လမ်းထဲက “ဂန္တ၀င်ရွှေပုဂံ” (စင်တင်) ဆိုင်ကို မှတ်မိကြမယ် ထင်တယ်။ မြန်မာနိုင်ငံကို ဘီယာဆိုင်မှာ စင်တင်စထည့်ခဲ့တဲ့ မြန်မာ့စင်တင်ဂီတဘီယာဆိုင်ရဲ့ ဖခင်ကြီးလို့ ဆိုရမယ့် လူကြီးပေါ့ဗျာ။

နောက်တော့ နိုင်ငံရေးလုပ်ရင်း ထိုင်းဘက်ကိုပြေးတယ် ။ ထိုင်းမှာ မိုးသီးဇွန်နဲ့ အတူတူနေခဲ့တယ်။ မိုးသီးဇွန် အမေရိကန်ရောက်တော့ သူ့ကို လှမ်းခေါ်တယ်။ဟိုမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းပြီးနေခဲ့တယ် -အမေရိကန် နိုင်ငံသား လည်းခံယူထားတယ်။ဟော..နောက်တော့ ဦးသိန်းစိန် အစိုးရခေတ်မှာ ပြည်ဝင်ခွင့် ပေးလိုက်တော့ ပြန်ပါလာတယ် ။နောက်တော့ ဘယ်လိုကနေ ဘယ်နည်းနဲ့ ချိတ်မိသွားတယ် မသိဘူး။ ဂျာနယ်လောကမှာတွေ့လိုက်ရတယ်။

 သူဌေးကြီးတစ်ယောက်က ချိတ်ပေးတယ်လို့တော့ ကိုမိုးသီးတို့ အသိုင်းအ၀ိုင်းကပြောတယ်။ မြန်မာနိုင်ငံ ရောက်ပြီး သူပျောက်နေတာကြာနေတော့ ရုတ်တရက် သူရိယအလင်းမှာတွေ့လိုက်ရတယ်။ ကိုယုနိုင် ရဲ့ဂျာနယ်မှာပါ။ ကိုမိုးဟိန်းမှာ အလာ့ဂျစ်တစ်ခုရှိတယ်ဗျ။အဲဒါက သူ့ထက်သာတယ်ထင်ရင်မနာလိုတဲ့စိတ်။ ဘယ်လောက်တောင် ဆိုးသလဲ ဆိုရင် ရေးစရာမရှိတဲ့အချိန်တောင် ငါတို့ကတော့ အခုဘာစားလို့ ဟိုကောင်တွေကတော့ ဒီအချိန်ဆို ဘာစားနေပြီ..ဆိုပြီး ညည်းပါလေရောဗျာ။ ဘာဆိုင် လို့လည်းဗျာ ဟုတ်တယ်မလား ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်ဝယ်စားတာပဲ.။ခရိုနီဆိုတွယ်တယ်။ ဒါပေမယ့်သူ့တွယ်တဲ့ ခရိုနီတွေကလည်း အကုန်မဟုတ်ဘူး။ သူနဲ့အဆင်ပြေတဲ့ ခရိုနီတို့ ထောက်ပံ့ပေးဖူးတဲ့ခရိုနီဆိုရင် အကောင်းပဲ။ လေးစားလွန်းလို့ ထိုင်ရှိခိုးချင်စိတ်ပေါက်အောင်ကိုရေးတာ။သူနဲ့မတည့်တဲ့ ခရိုနီတို့၊ သူကောင်းတယ် ပြောတဲ့ခရိုနီနဲ့မတည့်တဲ့ တခြားခရိုနီတို့ ဆိုရင်တော့ ပိုးစိုးပက်စက်နဲ့ အဲဒီလူလောက်မိုက်ရိုင်းတာမရှိဘူးထင်ရအောင် ကိုရေးတာ။

 အဲဒီတော့ ပြောတဲ့လူကပြောတယ်။ “ကိုမိုးဟိန်းရယ် ဘယ်သူတော့ဖြင့်ပိုလုပ်တယ်.အဲဒီလူကိုတွယ်ပါလား” ဆိုတော့.. “မင်းသောက်ပူပါလား” လို့ ပြန်ငေါက် ခံရပါတယ်။ မယုံမရှိပါနဲ့..ပြောခံရတဲ့သူ သင်္ဃန်းကျွန်းမှာ ရှိပါတယ်။ အခုဖြစ်တဲ့ ဂျာနယ်တိုက်ဖြစ်တဲ့ကိစ္စ .ဒါလည်း ကိုယုနိုင် မွေးနေ့ညမှာ အားလုံးက ၀ိုင်းပြောတယ်ပေါ့လေ.ကိုယုနိုင် ခင်ဗျားကောင်ကြီးတော့ အရမ်းတွေလုပ်နေပြီ. ခင်ဗျားခေါ်ထားတဲ့ သတင်းသမားလား အတင်းသမားလား စသည်ဖြင့်ပေါ့နော်.။ကိုယုနိုင်ကလည်း အစကတည်းက ဒီရက်ပိုင်းအတွင်း ပိတ်ဖို့စဉ်းစားပြီးသား။ ကိုမိုးဟိန်းကလည်း မိုးစက်ဝိုင် ကို ဖိုးလပြည့် နဲ့ဘာလိုလိုဆိုပြီးရေးခဲ့တာတွေ ခရိုနီတွေကပဲ မိုးစက်ဝိုင်ကိုထောက်ပံ့နေသလိုလို ၊မြင်းခွါတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ် တို့နဲ့လည်း သူက တစ်ရက်ကြိုဖြန့်ထားသေးတယ်။ (ရှင်းရှင်းပြောရရင် ဖိုးလပြည့်တို့က သူ့ကိုတစ်ခုခုပြန် လုပ်မှာလည်း ကြောက်နေတယ်)

 ဖြစ်ချင်တော့ ကိုယုနိင်ကြီးကလည်း အေးကွာ..ဒီကောင်မနက်ဖြန် ဂျာနယ်ဖြန့်မှာ ။ တစ်ခါတည်းသိမ်းမယ်ကွာ ဆိုပြီး မွေးနေ့ပွဲပြီးတော့ တစ်လက်စတည်း ရုံးသွားမယ်ဆိုပြီး ခင်ရာမင်ရာတွေခေါ်လာပြီး ပစ္စည်းတွေလာသိမ်းပေါ့..အဲမှာလည်း စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ရဲ့သား ကိုသူရိန်ဝင်းမြင့် ပါသွားတယ်။ အဲဒီမှာတင် ကိုမိုးဟိန်းက သူရိန်ဝင်းမြင့်ပါလာရင် ဖိုးလပြည့်ပါလာပြီဆိုပြီး ထအော်တာ။ သတင်းစာရှင်းလင်းပွဲလုပ်တော့ ညက တာဝန်ကျတဲ့ လုံခြုံရေးဝန်ထမ်းတွေထုတ်မပေးဘူး ။စီစီတီဗီကိုအ၀တ်နဲ့ အုပ်တယ်ပြောပြီး အဲဒီအ၀တ်မအုပ်ခင်က မှတ်တမ်းလည်း ထုတ်မပေးဘူး။ ရှင်းလင်းပွဲမှာဘာပြောတယ်ထင်တုန်းဗျ။ အခု မီဒီယာသမားတွေက အကုန် ဖော်လံဖား တွေတဲ့ ၊သူ့လို ဘယ်သူမှမရေးရဲကြဘူးတဲ့။ အခင်းဖြစ်တာ ရဲတိုင်ပါလားဆိုတော့ ဝေ့လည်ကြောင်ပတ်နဲ့ မဖြေဘူးဗျ။ ကိုင်း..မခက်လား ။ သူနဲ့မတည့်တဲ့ လူတွေကိုသာ တိုက်ခိုက်ရေးသားတတ်တာပါ ။အရေးခံရသူတွေကို ကြည့်လိုက် အနည်းဆုံးသူနဲ့ သော်လည်းကောင်း ..သူကြည်ညိုတဲ့ လူတစ်ယောက်ယောက်နဲ့ သော်လည်းကောင်း ပုဂ္ဂိုလ်ရေး ငြိဖူးသူတွေပါ။ သူလည်း မက်စင်ဂျာတို့ သံတော်ဆင့်တို့ လို့ နိုင်ငံရေးတစ်ဖက်တည်း တိုက်ခိုက်တတ်တဲ့ ကလောင်သာသာပါ ။ ဟို မက်စင်ဂျာတို့ သံတော်ဆင့်တို့က သူ့ထက်စာရင်တော့ မီဒီယာတန်းဝင်သေးတာပေါ့။ ကိုမိုးဟိန်းရေးတာကလုံးဝကို အဆင့်အတန်းမရှိ၊ ဘောင်မ၀င်တာ။ မီဒီယာဆိုတာ ပြည်သူကြားထုတ်ဝေတဲ့ စာစောင်ဆိုတဲ့ အပေါ်မှာ တင်ရေးစရာမရှိတဲ့ အရေး အသားတွေပါ။အခုတော့ သူရိယအလင်းက သူ့ရဲ့ပုဂ္ဂိုလ် ရေးမုန်းတီးမှူကို ရင်ဖွင့်ပြီး ရေးချတဲ့ဂျာနယ်ဖြစ်သွားတယ် ။ ဒီကိစ္စဟာ တမင်ပွဲဆူအောင် ၊သူနာမည်ကြီးအောင်ထွင်တဲ့ အကွက်ပါပဲ။ ဒါကို ရန်ကုန်မီဒီယာ အသိုင်းအ၀ိုင်းလည်း သိပါတယ်။အခု ကိုယုနိုင်က ပိတ်သွားတော့ သူက သူရိယနေ၀န်း ဆိုတာနဲ့ထပ်ထုတ်မယ်တဲ့ ။ 

သူဌေးမုန်းတီးရေး ၊နိုင်ငံရေးထင်ရှားပုဂ္ဂိုလ်အတွင်းရေးတွေကို နှိုက်ထုတ်ရေးဆိုပြီး ပါဆင်နယ်ဆိုးကွက်တွေကို အပြစ်ကြီးလုပ်တတ်တဲ့ ကိုမိုးဟိန်းရဲ့ နောက် သူရိယနေ၀န်းကလည်း ဟိုတုန်းက ပစ္စည်းမဲ့တော်လှန်ရေးသမားတွေ ရဲ့ အရင်းရှင်ဖြုတ်ချရေး လက်ကမ်း စာစောင်တွေထဲကလို ဘယ်သူဌေးက ဘယ်လို ဘယ်လိုနေထိုင်စားသောက်တာ ဆိုတဲ့ အရေးအသားတွေသာ တွေ့ရပါဥိးမယ်။အင်းပေါ့ဗျာ..မိုးသီးဇွန်ရဲ့တပည့်ပဲ ဒီလောက်တော့ရှိရမပေါ့။ ကျွန်တော်တို့ ခင်ဗျားတို့ကတော့ မြန်မာ့မီဒီယာလောကရဲ့ အဆင့်အတန်းမရှိတဲ့ လူတစ်ယောက်ကို ထိုင်ကြည့်နေရပါဦးမယ်။
 From:[_  ရဲဘော်ချစ်မောင် _]
:Fwd Email 
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Oct 27, 2013

နီလာဒံပေါက်အခွန်ရှောင်မှု


ဒံပေါက်လို့ ဆိုလိုက်တာနဲ့ နီလာဒံပေါက် ဆိုတဲ့ စာလုံးနီနီကို မြင်ဖူးသူများပါလိမ့်မယ် ။ဒါ့အပြင် သူ့ရဲ့ မွှေးအီတဲ့အနံ့နဲ့ ချိုစိမ့်လှတဲ့ ဒံပေါက်အရသာကို မြန်မာလူမျိုးတွေ ဆယ်စုနှစ် ၃ ခုကြာ စားသုံးခွင့်ရခဲ့ဖူးပါတယ် ။များပြားလှတဲ့ ဆိုင်ခွဲ တွေနဲ့ ရန်ကုန်မြို့ နယ်တိုင်းမှာ တည်ရှိဖွင့်လှစ်ထားတဲ့ နီလာဒံပေါက်ဟာ ပွဲတိုင်းမှာနေရာယူခဲ့တဲ့အထိ ပေါက်ရောက်ခဲ့ ပါတယ်။ ဒါဆိုရင် သူ့ရဲ့ ဒံပေါက် အနံ့နဲ့အရသာလို နီလာဒံပေါက်ဟာ တကယ်ပဲ မွှေးပျံ့နေပါသလား။



ရခိုင်ဒေသမှာ စတင်ဖြစ်ပွါးခဲ့တဲ့ လူမျိုးခြား၊ဘာသာခြားတို့ရဲ့ ပဋိပက္ခမှစတင်ပြီး နီလာဒံပေါက် အကျပိုင်း ရောက်သွား ပါတယ်။ ၀ယ်ယူအားပေးသူ နည်းသထက်နည်းသွားပါပြီ။ကိုင်း..ဒီနေ့ ကျွန်တော်တို့ နီလာဒံပေါက် မိသားစုရဲ့ အခွန်ရှောင် နေတဲ့ အကြောင်း ပြောကြရအောင်လား။စုစုပေါင်း ဆိုင်ခွဲ ၂၇ ဆိုင်ရှိတဲ့ နီလာဒံပေါက်နဲ့ အအေး လုပ်ငန်းကြီး ကတော့ နာမည်ပျက်တွေ သိပ်ရှိတယ်။ ဥပမာအားဖြင့်-ခိုးဝင်ဘင်္ဂလီတွေကို လယ်လုပ်ဖို့ ထောက်ပံ့တာတွေ၊ ဒုတိယမြောက်သား တင်မောင်နီက ကင်ဆာဆေးအတု ပြုလုပ်မှူနဲ့ ထောင်ကျတာတွေ ရှိခဲ့ဖူးတယ်။ သူတင်လားဆိုတော့ မဟုတ်ဘူး။ အကြီးကောင် တင်မြင့်နီ တစ်ယောက်လည်းရှိတယ်။ သူလည်း ထောင်ကျတယ်။ ဘာအမှုလဲဆိုတော့ နီလာစတား ကုမ္ပဏီ နာမည်နဲ့ တင်သွင်းလာတဲ့ ကွန်တိန်နာတွေထဲမှာ ‘မီးချောင်း’ ဆိုပြီး ‘ကျွဲရိုင်းအချိုရည’်တွေ ဖြစ်နေလို့။ ၂၀၀၂ တုန်းက ထောင် ၇ နှစ်ကျသွားတယ်။ တင်မြင့်နီက နီလာစတား စက္ကူစက်ရုံပိုင်တာ၊၊ နာမည်ကိုတော့ ဒေါ်စန်းစန်းမြင့် နာမည်နဲ့ ၂၀၀၄ ကျမှလုပ်ငန်းလိုင်စင် လွှဲပေးပြီးနေတာ။ နီလာစက္ကူ စက်ရုံကို ဒဂုံဆိပ်ကမ်း၊ စက်မှူဇုန်(၁) ၊ ဦးရွှေဘင် လမ်းထဲမှာ စတည်တုန်းက လိုင်စင်က တင်မြင့်နီ နာမည်နဲ့ ပေါက်နေတာပါ။ အဲဒီစက်ရုံတစ်ခုက တစ်လကို စက္ကူတန်ချိန် ၅၀ ထွက်ပြီး တစ်နှစ်ကို မြန်မာကျပ်ငွေ ၄ သန်းလောက် ရောင်းရတယ်ဆိုပဲ။အဲတုန်းက မန်နေဂျာလုပ်သူက ဦးကိုလေး ဆိုတဲ့သူပဲ။ စက္ကူစက်ရုံရဲ့ဝင်ငွေခွန်ကို အခွန်ဦးစီးဌာန မှာမဆောင်ဘဲ ကုမ္ပဏီများဆိုင်ရာ အခွန်ဌာနမှာပဲ အခွန်ဆောင် ထားတယ်။ဒါက နံပါတ်(၁) အခွန်ရှောင်တဲ့ကိစ္စ။ တင်မြင့်နီ ထောင်ကျသွားတော့ နီလာစတား ကုမ္ပဏီလည်း လိုင်စင်သိမ်း ခံလိုက်ရတယ်။



နီလာဒံပေါက် ပိုင်ရှင်က ကျုံပျော်သား ဦးတင်မောင် နဲ့ ဒေါ်စန်းစန်းမြင့် တို့ဖြစ်တယ် ။ အခု ဆိုင်တော်တော်များများကို ဒေါ်စန်းစန်းမြင့် နာမည်နဲ့အမည်ပေါက်ထားတာများတယ်။ဆိုင်တစ်ချို့တော့ ငှားရမ်းဖွင့်ထားတာဖြစ်ပြီး ဆွေမျိုးသားချင်း တွေနာမည်နဲ့ အမည်ပေါက်ထားတယ်။ နီလာဒံပေါက်ကို ပန်းဘဲတန်းမြို့နယ်  ၁၁ ရပ်ကွက် အနော်ရထာ လမ်းမှာ စဖွင့်တယ်။နောက်တော့ တဖြည်းဖြည်းနဲ့ ဆိုင်ခွဲတွေ အများကြီးဖွင့်လာနိုင်တယ်။ တနေ့ကို ပွဲ ၂၅၀၀ အထိ ရောင်း ရတယ်ဆိုပဲဗျ။သာကေတ စက်မှူဇုန်ထဲက နီလာဒံပေါက်ချက် စက်ရုံမှာ အလုပ်သမား ၁၀၀ ကျော်နဲ့ လည်ပတ်နေတယ်။ မနက် ဆိုတာနဲ့ ထရပ်ကား ၁၀ စီးနဲ့ ဆိုင်ခွဲတွေကိုလိုက်ပို့ ညကျတာနဲ့ ပိုက်ဆံလိုက် သိမ်းရတယ်။ တင်မြင့်နီရဲ့ သမီး နီလာမာ ပိုင်တဲ့ ရွှေညောင်ပင်ဒံပေါက်ဆိုင်က ဗိုလ်ဆွန်ပက် လမ်းထဲမှာ ရှိတယ် ။

ပြည်တွင်းအခွန်ကနေ စားသောက်ခွန်ပုံစံ(၁) အရတော့ အမြတ်ငွေ ၁၀၀% ထဲက ၅% ကို  အမြတ်ငွေခွန် ပေးဆောင် ရမယ် ဆိုတာရှိတယ်။ ပြီးတော့ အဲဒီအမြတ်ငွေခွန်ကို တစ်နှစ်စာကြိုဆောင်ရမယ်လို့ ဆိုတယ်။ ဒါပေမယ့် ဆိုင်ပေါင်း ၂၇ ဆိုင်နဲ့ သစ်ခွခြံဧက ၁၀၀၀ ပိုင်တဲ့ နီလာမိသားစုကတော့ ပြည်တွင်းအခွန်မှာ ဘယ်လိုစာရင်းပေါက်ထား သလဲဆိုတော့ ဒံပေါက်ချက်စက်ရုံ(၁)ရုံနဲ့ ဒံပေါက်ဆိုင်(၁၁)ဆိုင်တဲ့ဗျာ။ ကိုင်း.တွက်ကြည့်ရအောင်ဗျာ။ သာကေတ အ၀ိုင်းနားက ဆိုင်တောင် တစ်နေ့ကို နှစ်သိန်းဖိုးရောင်းရတယ်ဗျာ။စုစုပေါင်းဆိုင်က (၂၇) ဆိုင်ရှိတယ်။အဲဒီတော့ တစ်နေ့ ၀င်ငွေက ၅၄ သိန်းရှိမယ်။အဲဒါကို ၁၁ ဆိုင်နဲ့ပဲ အခွန်သွင်းတော့ စဉ်းစားသာကြည့်တော့ဗျာ။ တစ်နှစ်ဝင်ငွေ ဆိုရင် ကျပ်သိန်းပေါင်း တစ်သောင်းကိုးထောင့်ခုနှစ်ရာကျော် ရှိသဗျ။ အဲဒါကို ၁၁ ဆိုင်နဲ့ပဲ အခွန်သွင်းတော့ စဉ်းစားသာ ကြည့်တော့ဗျာ။

အဲဒီလောက် ၀င်ငွေတွေရှိနေပေမယ့် ၂၀၁၁-၂၀၁၂ မှာ သိန်း ၈၀၀ ပေးသွင်းရမယ့်အစား သိန်း၅၀၀ ပဲပေးသွင်းတယ်။ ဒီနှစ်အတွက်လည်း သိန်း၈၆၀ ပေးရမှာကို သိန်း၆၀၀ ပဲပေးသွင်းတယ်။သိန်း ၂၂၀ ကျော်ကျန်နေတဲ့အပြင် ပေးသွင်းတာကလည်း ဆိုင်ပေါင်း (၁၁) ဆိုင်တည်းဆိုတော့ ဘယ်လောက်တောင် အခွန်ရှောင်ပြီး  ကြီးပွါးနေသလဲ ဆိုတာကို စဉ်းစားသာကြည့်ကြတော့။နီလာဒံပေါက်တင် မဟုတ်ဘူးနော်။တင်မြင့်နီရဲ့သမီး နီလာမာပိုင်တဲ့ ရွှေညောင်ပင် ဒံပေါက်ဆိုင်လည်းထိုနည်းလည်းကောင်းပဲ ။၂၀၁၁-၁၂ မှာ ကျပ်သိန်းပေါင်း ၆၈၀ ပေးသွင်းရမယ့်အစား သိန်း၄၅၀ ပဲ ပေးသွင်းတယ်။ ဒီနှစ်အတွက်လည်း ကျပ်သိန်းပေါင်း  ၇၇၃  သိန်း ပေးရမှာကို ကျပ်သိန်း၄၉၆ ပဲပေးသွင်းတယ်။ (စကားကြုံလို့ပြောပါဦးမယ်.ဒံပေါက်လုပ်ငန်းတွေရဲ့ ၀င်ငွေခွန်ကို အပြည့်မသွင်းတဲ့ကိစ္စလေးတွေ။ မရမ်းကုန်းက ကောင်းကြိုက်ဒံပေါက်ကလည်း မနှစ်က သိန်း၆၈၀ သွင်းရမှာကို သိန်း၂၂၀ ပဲသွင်းတယ်။ဒီနှစ်အတွက် ကျပ်သိန်းပေါင်း ၉၂၀ သွင်းရမှာကို သိန်း ၃၀၀ ပဲသွင်းသေးတယ်။နောက်ပြီး ကြက်လျှာစွန်းဒံပေါက်.သူလည်း မနှစ်က ကျပ်သိန်းပေါင်း ၆၆၇ သိန်း သွင်းရမှာကို သိန်း၃၀၀ ပဲသွင်းတယ်။ဒီနှစ်တော့ ကျပ်သိန်းပေါင်း ၈၀၉ သိန်းသွင်းရမှာကို ၃၄၅ သိန်းပဲသွင်းသေးတယ်။)
နီလာဒံပေါက်မိသားစုရဲ့ အဲဒီငွေတွေ ဘယ်နားသွားသုံးလဲတော့မသိဘူး။တင်မြင့်နီဆိုရင် ကင်ဆာဆေးအတုတောင် ထုတ်တယ်။စဉ်းစားနော် ကင်ဆာဆေး ဆိုတဲ့ဈေးက ဘယ်လောက်ရှိတယ်ဆိုတာ။ပါရာစီတမော့ မဟုတ်ဘူးနော်။ ချင်းပြည်နယ် မင်းတပ်မြို့ ၊(၉)မိုင် မှာလည်း ပန်းသီးနဲ့ သစ်ခွခြံတွေ -များပြားလိုက်တဲ့ ပိုင်ဆိုင်မှုတွေ ။လွန်ခဲ့တဲ့ ၃ နှစ်က ရန်ကုန်၊သုံးခွ က ပလပ်မြေတွေကို ဒေသခံ အစ္စလာမ်ဘာသာဝင်နာမည်တွေနဲ့ ၀ယ်နေတာကို မိသွားခဲ့တာ ရှိဖူးတယ်။ ဒေသခံတွေက ခိုးဝင်တွေမှန်း သိပေမယ့်တိုင်ကြားတော့ မှတ်ပုံတင်တွေရပြီးနေပြီ။အဲဒီမှတ်ပုံတင်တွေနဲ့ လယ်မြေ တွေကို နီလာဒံပေါက်က လုပ်ပေးထားတာပါတဲ့။ဒါတောင် သောင်ထွန်း ပလပ်မြေတွေပဲရှိသေးတာ။ကျန်တဲ့ဒေသတွေမှာ မြေဧကတွေ ဘယ်လောက်တောင် ၀ယ်ထားပြီးပြီလဲမသိဘူး။ရခိုင်ဒေသမှာ ဘင်္ဂလီအရေးဖြစ်တော့ နီလာဒံပေါက်နဲ့ တစ်ခြားအစ္စလာမ် လုပ်ငန်းရှင်တွေရဲ့ ငွေကြေးအကူအညီတွေ ဘင်္ဂလီခိုးဝင်တွေဆီ ကျပ်သိန်းပေါင်းထောင်နဲ့ ချီဝင် သွားတာကို အမျိုးသားရေး အသင်းအဖွဲ့ တစ်ချို့ ဖော်ထုတ်ခဲ့ဖူးသေးတယ်။

ဒီလိုအခွန်ရှောင်ပြီး မဟားတရား ချမ်းသာနေတဲ့ ဒီမိသားစုကို ယခုအတိုင်း လွတ်မထားသင့်တော့ပါ။ ကြပ်ကြပ်မတ်မတ် စီစဉ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော်အတွက် များပြားလှတဲ့ အခွန်ဝင်ငွေကို ရှောင်ရှားနေတဲ့အပြင် မြန်မာနိုင်ငံ အတွက် အန္တရာယ်ရှိတဲ့ လူမျိုးစုတွေကို ထောက်ပံ့နေပြီး မြေဧကပေါင်းများစွာကို တစ်ဖက်လှည့် ၀ယ်ယူနေတဲ့ နီလာဒံပေါက် မိသားစုကို အမြန်ဆုံး အရေးယူပေးပါလို့ တောင်းဆိုပါတယ် ။
မြင့်မောင်မောင်(3M)

(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

နာမည်ကျော် Mother Land ဘာလဲ ဘယ်လဲ

နာမည်ကျော် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Mother Land အကြောင်းလေးများ မသိချင်ကြဘူးလား ။ အိုခေ.သိသလောက်ပြောပြမယ်။ဦးတင်မြင့်နဲ့ဦးတင်အေး ညီအကိုနှစ်ယောက် ရဲ့ ဒီအမိမြေ Mother Land အကြောင်း ကတော့ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ကျွန်တော်အခု သူတို့အကြောင်းပြောရင် ကုလားလို့ထည့်မရေးဘူး နော်ဟဲ.ဟဲ။ တော်ကြာလူမျိုးရေး ပဋိပက္ခ လော်ဘီလို့ခေါင်းစဉ်တပ်ခံရမှာတော့ကြောက်သဗျ။

 Mother Land ကုမ္ပဏီ ဆိုတာ သန္ပေ္ဓကောင်းနဲ့ စတင်ခဲ့တာမဟုတ်ခဲ့ဘူးဗျ။ အခုဦးတင်မြင့်ရဲ့ အဖေ ဦးဝင်းမြင့်/ ဦးဟာမီဒူလာ က ၁၉၈၅ လောက်မှာ စထောင်ခဲ့တာ။အိမ်အကျိုးဆောင်လုပ်ငန်းဆိုပြီး ဗန်းပြလုပ်ရင်း နောက်ကွယ် ကနေ တရုတ်ကို မြန်မာကနေ မူဆယ်လမ်းအတိုင်း တိရစ္ဆာန်မှောင်ခိုချတယ် ။ဒါတင်ပဲလား မဟုတ်သေးဘူးနော် သဘောင်္သားတွေအလုပ်ရှာပေးတယ်။ အဲဒီမှာပဲ သဘောင်္သားတွေပို့တဲ့နေရာမှာ ပတ်စ်ပို့ (passport) အတုတွေလုပ်ပြီးပို့လို့ ထောင်ကျတယ် ။နောက်တော့ လေငန်းနဲ့ ဦးဟာမီဒူလာ သေတယ်။ အဲဒီနောက် ၁၉၉၅ မှာ ဦးတင်မြင့်နဲ့ဦးတင်အေး ညီအကိုနှစ်ယောက်က ကွယ်လွန်သူဖခင်ကြီးရဲ့ ခြေရာကို ထပ်လိုက်ခဲ့တယ်။ ခြေရာလိုက်တယ် ဆိုပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းကိုပဲ လုပ်ခဲ့တယ် ။ကျန်တာက ဆင်ပိန်တော့ကျွဲ လောက်ပေါ့။၂၀၀၈ မှာ အမျိုးသားစီမံကိန်းကနေ တရားဝင်မှတ်ပုံတင်ရတယ် ။၂၀၁၀ မှာ ကိုယ်ပိုင်ရင်းနှီိးမြုပ်နှံမှု လုပ်ငန်းလိုင်စင် အမှတ်(၉၀၇/ ၂၀၀၉-၂၀၁၀) နဲ့တရားဝင်မှတ်ပုံတင်တယ် ။အဆောက်အဦ ဆောက်လုပ်ခွင့်လိုင်စင်ကို လိုင်စင်အမှတ် ၃၄၇ နဲ့ ရန်ကုန်စည်ပင် ကရတယ်။အခု Mother Land ကုမ္ပဏီ လုပ်နေတာကတော့ အဆောက်အဦတွေကို လက်ငင်းရော အခန်းယူ/အခန်းပေးစနစ် နဲ့ဆောက်ပေးတယ်။ အဆောက်အဦတွေ ဒီဇိုင်းရောင်းတယ် ၊ အခန်းဖွဲ့တာတွေ နဲ့ Decoration လုပ်တယ် ၊ Ms Interior Security တံခါးတွေ ဆင်ပေးတယ်။မြန်မာနိုင်ငံရဲ့ အကြီးဆုံး ဆောက်လုပ်ရေး ကုမ္ပဏီတွေထဲက ထိပ်ဆုံးပိုင်းထဲမှာ တစ်ခုအပါအ၀င်ပဲလေ။ ဒါတွေ အားလုံးသိပါတယ် ။ ဦးတင်မြင့် က ကျိုက်မရောသား ဘင်္ဂလီ/မွန် ဗျ ။ဒါပေမယ့် ဗုဒ္ဓဘာသာကိုးကွယ်တယ် ။ သားဦးအကြီးဆုံးဖြစ်ပြီး ၈ တန်းအထိ ကျောင်းနေခဲ့တယ်။ သူ့မိန်းမက ဒေါ်နီလာ ၊ အစ္စလာမ်ကိုးကွယ်တယ် ။သူတို့မှာ ဝေဟင်ဦးနဲ့မြင့်မိုရ်ဦး ဆိုတဲ့ သမီးနှစ်ယောက်ရှိတယ်။ သူတို့လိပ်စာက၊ အမှတ် ၈၃ ၊ ၇ လွှာ ၊ဓမ္မစေတီလမ်း ၊မြေနီကုန်း ၊စမ်းချောင်း ။ ကျွန်တော်အခု ပြောနေတာတွေက ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာမဟုတ်ဘူးနော်။နိုင်ငံအတွက် အကျိုးရှိမယ့် အရာတွေတင်ပြနေတာ။ သူတို့ Mother Land ကုမ္ပဏီ က မင်္ဂလာတောင်ညွှန့်က သိမ်ဖြူလမ်း၊ အမှတ် ၄၃၅ မှာ ရုံးချုပ်ရှိတယ် ။ ဥက္ကဌက ဦးတင်မြင့် ၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဦးတင်အေး ၊ညွှန်ကြားရေးမှူးက ဒေါ်စုမြတ်နိုးဦး ၊ ၊အမှုဆောင်အရာရှိက ဒေါ်အေးအေးမာ၊ ဒါရိုက်တာအဖွဲ့ဝင်တွေက ဦးတင်မြင့်သမီး ဒေါ်ဝေဟင်ဦး နဲ့ သားမက် ဦးမင်းမင်းထွန်း တို့ပါဝင်တယ် ။ရုံးခွဲတစ်ခုကို အလုံတာဝါမှာ အခြေချထားတယ်။Mother Land က အဆောက်အဦး ဆောက်တာ အပြင် ပို့ကုန်/သွင်းကုန် လည်းလုပ်နေတယ်။ပဲတွေနဲ့လယ်ယာထွက်ပစ္စည်းတွေ နိုင်ငံခြား ပို့တယ်။ ပြန်သွင်းလာတာက ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေ လျှပ်စစ်နဲ့ကားတွေ စက်ပစ္စည်းတွေ ရုံးသုံးပစ္စည်းတွေ၊ အို…အစုံလုပ်တယ်။ အဆောက်အဦ ဆောက်လုပ်ရေးက အဓိကပေါ့နော်။သူတို့လုပ်ငန်းကြီးက တကယ့်ဟဲဗီးကြီးနော်။ သူတို့ဆောက်တဲ့ အဆောက်အဦတွေ တိုက်ခန်းတွေကို အ၀ယ်များတာက ရင်းနှီးမြုပ်နှံသူတွေများတယ် ။အခုလက်ရှိ သူတို့ဆောက်လက်စ အဆောက်အဦ တွေလည်း ရှိသေးတယ် ။လမ်းမတော်၊ စမ်းချောင်း၊ မရမ်းကုန်း၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ ပုစွန်တောင် တွေဘက်မှာ သူတို့လုပ်လက်စ အဆောက်အဦတွေရှိနေတယ်။ ကဲ…သူတို့အကြောင်းပြောနေရင်းနဲ့ စာတောင်ရှည်လာပြီ။အဓိကပြောချင်တာက သူတို့ အခွန်ရှောင်နေတာပဲဗျ။


 အဲဒီလောက် လုပ်ငန်းကြီးတွေ လုပ်နေပေမယ့် ဦးတင်မြင့်တို့ အခွန်ရှောင်ချက်က လွန်တယ်နော် ။အခုထိ လှိုင်သာယာက FMI City ရယ် ပန်းလှိုင် အိမ်ယာက ကိစ္စတွေအခုထိ မပြီးသေးဘူးရယ်။ဒီကိစ္စတွေကို ရန်ကုန် တရားရုံးရှေ့နေ ဦးခင်မောင်ဝင်းအသိ။သူကိုယ်တိုင် လိုက်ရှင်းပေးနေရတာ အခုထိပဲဗျ။ Mother Land မှာ ဦးတင်မြင့်က မန်နေဂျင်း ဒါရိုက်တာနဲ့ ဒေါ်နီလာရယ် ဒေါ်ဝေနှင်းဦးရယ် ကဒါရိုက်တာလုပ်တယ် ။တစ်ယောက်ကို အစုရှယ်ယာ ၁၂၅၀ စီပိုင်ကြတယ်။ဦးတင်မြင့်က ၂၅၀၀ အထိပိုင်တယ်။ပြည်တွင်းအခွန်ဦးစီးရုံးမှာ ၂၀၀၈ ခုနှစ်အထိပဲ အခွန်ဆောင် ထားတယ် ။အခု အခွန်ရှောင်နေတာ ၅ နှစ်ရှိပြီ ။ဘာကြောင့်လည်းတော့မသိဘူး ။ဒီနှစ်တွေထဲမှာ Mother Land ရဲ့လုပ်ငန်းတွေ တော်တော် တွယ်ကျယ်အောင်မြင်လာတယ် ။NLD ကိုလည်း လစဉ်အလှူငွေ ပေးတယ်။ အဲဒီ အလှူငွေက ရုပ်ရှင်သရုပ်ဆောင် ရဲတိုက် ဆီကနေတဆင့်သွားတယ်။ ဦးတင်မြင့်တို့ဝင်ငွေခွန်ရှောင်ပုံကတော့ ကန်ထရိုက် ဆောက်တယ် ။ဆောက်ပြီးတော့ မြေပိုင်ရှင်နဲ့ အခန်းပေး၊အခန်းယူ လုပ်တယ် ။အဲ.အခွန်ဆောင်တော့ မြေပိုင်ရှင်ကပဲ ဆောင်ရတယ်ဗျာ ။ 

အခွန်ဆောင်မယ့် တိုက်ခန်းတွေကို တိုက်ခန်းအကြမ်းထည်နဲ့တင်တယ်။ မြို့နယ် အခွန်မှာပဲ ရာပြတ်နဲ့ အဲဒီတိုက်ခန်းအကြမ်းကို ဈေးဖြတ်ပြီး အခွန်သွင်းတယ် ။၂၀၀၅-၂၀၀၆မှာ ၁၃၄ သိန်းတစ်ခါ သွင်းတယ်။ ၂၀၀၆-၂၀၀၇ မှာ သိန်း၂၀၀ ၊၂၀၀၇-၂၀၀၈ မှာ သိန်း၆၄၀ သွင်းတယ်။အဲဒီ နောက်ပိုင်း မသွင်းတော့ဘူး။ တိုက်ခန်းတစ်ခန်း သိန်း၃၀၀ အထက် မြေကွက်တစ်ကွက်သိန်းထောင်ချီနေတဲ့ အချိန်မှာ Mother Land ရဲ့ ၅ နှစ်ကြာရှောင်လိုက်တဲ့ အခွန်ဟာ သိန်း ၅၀၀၀ နီးပါးအခွန်ရှောင်နေတယ်။ဒါတွေ ဘယ်သူမှမသိဘူး အဲဒီလို ဈေးဖြတ်ပြီး တိုက်ခန်းအကြမ်းထည်ကို အခွန်သွင်းပြီးတော့အခန်းကို Decoration ပြင်တယ် ။မူလဈေးထက် ၂ ဆ ၃ ဆ မြှင့်ပြီး ရောင်းထုတ်လိုက်တယ် ။ဒါပဲလေ ။ တာဝန်ရှိသူလူကြီးမင်းများခင်ဗျား။ပြည်တွင်း အခွန်ဦးစီးဌာနမှာ အခွန်ထမ်းမှတ်ပုံတင်အမှတ် MCO/4437 နဲ့မှတ်ပုံတင် ထားတဲ့ Mother Land ကုမ္ပဏီကို တိတိကျကျ အရေးယူစုံစမ်းပေးပါခင်ဗျား။

ဦးတင်မြင့်တို့ဟာ သိန်းပေါင်း ၅၀၀၀ နဲ့ စတင်ရင်းနှီိးမြှုပ်နှံပြီး ၂၀၀၄-၂၀၀၅ မှာစတင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ တစ်နှစ်ကို အဆောက်အဦ လုပ်ငန်းတစ်ခုကပဲ ၀င်ငွေသန်းချီဝင်နေပြီး ဆောက်လုပ်ရေး လုပ်ငန်းသုံးနာမည်တပ်ဝင်လာတဲ့ သွင်းကုန်တွေထဲ ကနေလည်း နောက်ထပ်ဝင်ငွေ သိန်းပေါင်း သောင်းဂဏန်းအထက် ၀င်ငွေစီးဆင်းမှုရရှိနေပါတယ်။ဒီ ကုမ္ပဏီကြီးတွေ အခွန်ရှောင်နေတာကို ဂရုမပြုပဲလုပ်ငန်းငယ်တွေကိုပဲ အခွန်စည်းကြပ်မှု တင်းကျပ်နေမယ်ဆိုရင် တာဝန်ရှိသူများ၏ ပေါ့လျှော့မှုနဲ့ တာဝန်ကင်းမဲ့မှုပဲဖြစ်ပါတယ်။ ကိန်းဂဏန်းများ သိန်းပေါင်းများစွာဟာ သောင်းဂဏန်းနဲ့အထက် စီးဆင်းဝင်ရောက်နေတဲ့ဒီ ကုမ္ပဏီကြီးတွေ အခွန်ရှောင်နေတာကို လစ်လျူရှူထားတာကလည်း သင်္ကာမကင်းစရာပါပဲ။ သူတို့လို လုပ်ငန်းကြီးတွေကနေရလာမယ့် များပြားလှတဲ့ အခွန်ဝင်ငွေတွေဟာ တိုင်းပြည်ဘဏ္ဍာကိုထိခိုက်စေပြီး တိုင်းပြည် အတွက်လိုအပ်နေတဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက်လည်း တိုးတတ်မှုနောက်ကျစေပါတယ်။နောက်ပြီး လူမျိုးရေးပဋိပက္ခဖြစ်ရာဒေသတွေမှာ တစ်ဘက်နိုင်ငံမှဝင်ရောက်လာသူများနဲ့ အစ္စလာမ် ဘာသာဝင်များကိုသာ ထောက်ပံ့နေသောကြောင့် ဖြစ်ပွါးနေသော လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေအတွက်လည်း အားပေး အားမြှောက် ပြုရာကျနေပါတယ်။ဒါကြောင့် အခုလို ၀င်ငွေခွန် ရှောင်နေတဲ့ Mother Land ကုမ္ပဏီ ရဲ့ ၀င်ငွေစည်းကြပ်မှုကို ရှောင်တခင်ဝင်ရောက်စစ်ဆေးသည့်အပြင် ပို့ကုန်/ သွင်းကုန်လုပ်ငန်းကနေ တရားမ၀င်ပါလာတဲ့ ပစ္စည်းတွေကိုလည်း စောင့်ကြည့်ဖမ်းဆီးပေးဖို့ တင်ပြလိုက်ရပါတယ်။

 မြင့်မောင်မောင်(3M)
 (မောင်ကျောက်ခဲ အဖွဲ့)

Readmore »

Oct 14, 2013

.လိပ်ဆံခွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအား ပြန်လည်စိစစ်ပေးလို


မန္တလေးတိုင်းဒေသကြီး.လိပ်ဆံခွန်ကျေးရွာအုပ်စု ၄.၁၀.၂၀၁၃ နေ့မှာအုပ်ချုပ်ရေးမှူးရွေးပါတယ်။ ဥပဒေနဲ့အညီရပ်မိရပ်ဖများ ဆယ်အိမ်စုမှူးများရွေးချယ်လိုက်တဲ့အုပ်ချုပ်ရေးမှူးဟာစာတကြောင်းတောင်ဖြောင့်အောင်မရေးတက် အိမ်ခြေရာခြေဆိုတာလမ်းမရှိတဲ့ခြံထဲမှာ စားပွဲကုလားထိုင်မရှိတဲ့ဝါးခင်းကြမ်းနဲ့တဲပုတ် စီးပွားရေးဆိုတာပျံကျလက်လုပ်လက်စား အဆင့်နဲ့တွက်ရင်သုညအောက်အဆင့်မှာရှိနေတဲ့သူဆိုတာထမင်းစားကြီးတဲ့တစ်ရွာလုံးသိနေကြသလိုရွေးချယ်လိုက်တဲ့ရပ်မိရပ်ဖတွေလဲမျက်စိတွေနားတွေပါမယ်ဆိုရင်သိကြမှာပါ။

 ရွာခွဲဖြစ်တဲ့သပြေအုပ်ရွာကတော့  စည်းလုံးညီညွတ်မှုပြိုကွဲနေတဲ့ရွာမကြီးဘာဖြစ်နေနေငါ့တို့ရွာကောင်းရင်ပြီးရောဆိုတဲ့အတ္တ တကိုယ်ကောင်းဆန်တဲ့အသိတရားတွေနဲ့ သူတို့မဲတွေကို တစ်လုံးတစ်ခဲတည်းအမြဲတမ်းလေလံပစ်ခဲ့တာပါ။ဆယ်အိမ်စုရဲ့သုံးပုံတစ်ပုံရှိတဲ့သပြေအုပ်ကတော့ ကွဲပြားနေတဲ့ရွာမကြီးကလူတွေမညီညွတ်တာကိုအဆိုးအကောင်းသင့်မသင့်မရှိဘဲဒိုင်လုပ်ခဲ့ပေမဲ့ ရွာမကြီးထဲက ဆုံးဖြတ်ပိုင်ခွင့်ရကြတဲ့ရပ်မိရပ်ဖတွေကတော့ ရွာကောင်းအောင် ညီညွတ်အောင် တိုးတက်အောင် ဆောင်ရွက်နိုင်မဲ့သူမျိုးကိုတော့ မြင်တက်ဖို့လိုတာပေါ့ ခုတော့ ကြိုးကိုင် ဗိုလ်ကျချင်တဲ့လူတစ်စုရဲ့လက်အာက်မှာမျက်စေ့စုံမှိတ်ပြီး အမုန်းမခံချင်တာလိုလို အမှန်တရား ကိုဘဲ လုပ်သလိုလို သိသိကြီးနဲ့ လိပ်ဆံခွန်ရွာကြီး ဖွံ့ဖြိုးတိုးတက်စည်ပင်သာယာအောင်လုပ်မှာလား မညီညွတ်တဲ့ကွဲနေတဲ့ဟာကိုအမှုန့်ဖြစ်အောင်လုပ်မှာလား လို့မေးချင်ပါတယ်။လိပ်ဆံခွန်ရွာသူရွာသားများသည် တည်ငြိမ်အေးချမ်းပြီးလုံခြုံစိတ်ချစွာဖြင့် စိတ်ချမ်းသာ ကိုယ်ချမ်းသာစွာဖြင့်နွေးနွေးထွေးထွေးနေနိုင်တဲ့ဘ၀မျိုးကိုလိုလားလျက်ရှိကြောင်းရပ်မိရပ်ဖများသိစေချင်ပါသည်။တာဝန်ပေးအပ်ကြမဲ့ သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်မြို့နယ်အုပ်ချုပ်ရေးမှူးများမှ လိပ်ဆံခွန်ကျေးရွာ ကအုပ်ချုပ်ရေးမှူးဖြစ်လာမဲ့ပုဂ္ဂိုလ်ကိုတွေ့ဆုံပြီး စာပိုဒ်လေးတစ်ပိုဒ်လာက် ရေးခိုင်းစစ်ဆေး စေချင်ပါတယ။IQကတော့စကားပြောကြည့်တာနဲ့သိပါလိမ့်မယ်။

မောင်ရဲထက်ကျော်(အမရပူရမြို့နယ်၊လိပ်ဆံခွန်ရွာ)

(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

လိပ်ဆံခွန်ရွာသားများ၏လိုအပ်ချက်များ

၎.၁၀.၂၀၁၃ မန္တလေးတိုင်းဒေသကြီး ၊အမရပူရမြို့နယ် ၊လိပ်ဆံခွန်ကျေးရွာ အုပ်စုတွင်ကျေးရွာအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲကျင်းပပြုလုပ်ခဲ့သည်။ ရွေးချယ်ခံရသော အုပ်ချုပ်ရေးမှူး၏ပညာအရည်အချင်းစီးပွားရေးအခြေအနေများကြောင့်ရွာသားများမကျေမနပ်ဖြစ်နေကြောင်းသိရပါသည်။ အရင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းမှာ နိုင်ငံတော်မူဝါဒကိုဆန့်ကျင်ပြီး မီးမလင်းရေးဖက်မှပါဝင်ဆောင်ရွက်ခဲ့သည့်အတွက်အုပ်ချုပ်ရေးမှူးမှ၂၅.၈.၂၀၁၃တွင်ရပ်နားခံခဲ့ရခြင်းဖြစ်
ပါသည်။ ယခုလက်ရှိမီးကော်မတီမှတန်ဖိုးနည်းမီတာဆောင်ရွက်ခဲ့ရာသက်ဆိုင်ရာအစိုးရအဖွဲ့အသီးသီး၏ခွင့်ပြုချက်ကိုလွန်ခဲ့သောတစ်နှစ်ခန့်မှရရှိခဲ့သော်လည်း နှောက်ယှက်သူရွာသားအချို့၏တိုင်တောမှုများကြောင့် ၈၀%ထိပြီးစီးပြီဖြစ်သော်လည်း မြို့နယ်လျှပ်စစ်ဌာနမှ ၁၄.၈.၂၀၁၃ မှစ၍ ဆောင်ရွက်ခြင်းလုပ်ငန်းများယနေ့ထိရပ်နားခဲ့ပါသည်။ယခင်မီးကော်မတီအသီးသီးမှလည်း ရငွေသုံးငွေစာရင်းရှင်းတန်းများယနေ့ထိရှင်းလင်းခြင်းမရှိသေးကြောင်းသတင်းရရှိပါသည်။ရွာသားများမှာလည်း တန်ဖိုးနည်းမီတာကိုအမြန်ဆုံးရရှိရန်မျှော်လင့်နေကြောင်းသိရပါသည်။
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Sep 20, 2013

လူထု ထောက်ခံမှူလျှော့ကျလာတဲ့ ဒေါ်စုကြည်




၁၉၈၈ ကာလမှစ၍ ဒီမိုကရေစီခေါင်းဆောင်ဟု တင်စားခေါ်ဝေါ်နေသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ သမီးဖြစ်သူ ဒေါ်စုကြည်သည် ယခုအခါ လူထု ထောက်ခံမှူ တဖြည်းဖြည်း လျှော့ကျ လာသည်  ကို အံသြဖွယ်တွေ့ရှိရပါသည်။အင်တာနက်ဆိုရှယ်နက်ဝပ်အသုံးပြုမှူ များပြားလာသော မြန်မာပြည် သူလူထုအနေဖြင့် ယခင်စစ်အစိုးရအုပ်ချုပ်မှူထက် မျက်စိပွင့် နားပွင့်လာသည့်နှင့်အမျှ ယခင်က တစ်ဖက်တည်းသော မီဒီယာ ထုတ်လွင့်မှူနှင့် ပြည်ပမီဒီယာထုတ်လွှင့်မှူ ကြားတွင်သာ ကြားသိမြင်ခဲ့ရသည်မှ ယခုအခါတွင်မှူ မီဒီယာ အသုံးပြုမှူ များပြားလာခဲ့သောကြောင့် နှိုင်းယှဉ် စဉ်းစာမှူများ ရှိလာခဲ့ရသည်ဟု စာရေးသူ အနေဖြင့်သုံးသပ်မိပါသည်။

ဒေါ်စုကြည် အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲသို့ဝင်ရောက်လာခဲ့ချိန်က အပြောင်းအလဲကိုလိုလားသော မြန်မာလူထုသည် ဗိုလ်ချုပ်အောင်ဆန်း ပန်းချီကားကြီးရှေ့မှ ဒေါ်စုကြည် အား ထောက်ခံခဲ့ကြသည်။ သို့သော် နိုင်ငံရေးနယ်ပယ်အတွင်း ၀င်ရောက်လာချိန်မှစ၍ ဒေါ်စုကြည်နှင့် NLD ပါတီ၏ လုပ်ဆောင်ပုံများသည် မိမိတို့ မျှော်လင့်သလို ဖြစ်မလာသောအခါ ပြည်သူလူထု၏ စွန့်ခွါမှူဒဏ်ကို တဖြည်းဖြည်း ကြုံတွေ့ရတော့သည်။ ဦးသိန်းစိန် သမ္မတအစိုးရတတ်လာသည်နှင့် နိုင်ငံရေးကစားကွက်အား တင်းကျပ်မှူလျှော့ချကာ ဖော်ရွှေစွာ ဖိတ်ခေါ်လက်တွဲခြင်း ၊ စီးပွါးရေးကဏ္ဍအား အားပေးခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်များအား နေရာပေးလာခြင်းနှင့် ဖြစ်ပွါးခဲ့သော ဘာသာရေးအခြေခံ လူမျိုးရေး ပဋိပက္ခများအတွင်း မြန်မာပြည်သူများ ဘက်မှရပ်တည်ခြင်းတို့ကြောင့် ဦးသိန်းစိန် အစိုးရအား ပြည်သူလူထုတို့ချစ်ခင်ကိုးစားခြင်းများ များပြားလာခဲ့သည်။ ယခုအခါ သမ္မတကြီးဦးသိန်းစိန်အား ပြည်သူလူထုမှ နာမည်အရင်းပင်မခေါ်တော့ပဲ ဘပြောင် ဟူ၍ ချစ်စနိုးခေါ်ဆိုကြပြီး ဦးသိန်းစိန်၏ အမြဲပြုံးရွှင်နေသော မျက်နှာထားသည် ပြည်သူလူထုအား စိတ်ချမ်းသာမှူပေးခဲ့နိုင်လေသည်။သို့သော် အပြောင်းအလဲအားလိုလားစွာဖြင့် အားကိုးခြင်းခံရသော ဒေါ်စုကြည်အနေဖြင့် ဦးသိန်းစိန် အစိုးရအား လူချစ်လူခင်များလာသည်နှင့်အပြိုင် လူထုစိတ်ဝင်စားမှူ လျော့ကျလာသည်ကို စိတ်မကောင်းစွာမြင်နေရသည်။ အထူးသဖြင့် ပြည်သူလူထု အနေဖြင့် ဒေါ်စုကြည်အား ယုံကြည်အားကိုးမှူလျှော့ကျလာရခြင်းမှာ ရခိုင်ပြည်နယ် တွင်ဖြစ်ပွါးခဲ့သော ပဋိပက္ခမှစတင်ခဲ့လေသည်။ ဘာသာခြားများဘက်မှသာ ဒေါ်စုမှ ရပ်တည်ခဲ့ခြင်း ရခိုင်လူမျိုးများအား အပြစ်တင်ခဲ့ခြင်းများဖြင့် ရခိုင်တစ်မျိုးသားလုံး၏ မုန်းတီးခြင်းကိုခံခဲ့ရသလို မြန်မာ ပြည်သူများအနေဖြင့် ဒေါသတကြီးတုံ့ပြန်ခြင်းကိုခံခဲ့ရသည်။



 ယခင်က မိမိအနေဖြင့် လူထုကို စည်းရုံးနိုင်သည်ဟုသော ဒေါ်စုကြည်အနေဖြင့် လက်ပံတောင်းတောင် အရေးတွင် ပြည်သူလူထုနှင့် အချို့နိုင်ငံရေးသမားများ၏ လှည့်ကွက်ကို ကိုယ်တိုင်ခံစား ကြုံတွေ့လိုက်ရခြင်းဖြင့် မိမိထင်သလို မြန်မာနိုင်ငံအား စည်းရုံးရလွယ်သည်ဟု အထင်အမြင်သည် မှားယွင်းကြောင်းသိရှိလိုက်ရသည်ဟု ထင်မြင်မိသည်။၎င်းအပြင် NLD ပါတီအတွင်း ပါတီ ခေါင်းဆောင်များ မကြာခဏ ဆန့်ကျင်မှူများ ဆန္ဒပြမှူများ အပြင် အုပ်စုလိုက် နှုတ်ထွက်ခြင်း များ ဖြစ်လာနေကြသည်။အများစုမှာ ဒီမိုကရေစီနာမည်ခံထားသော်လည်း ဗဟိုချုပ်ကိုင်မှူတင်းကျပ်သော ကြောင့်ဖြစ်သည် ။ယခင်က တိုင်းရင်းသားများအနေဖြင့် ဖက်ဒရယ်တည်ဆောက်ရန် ဒေါ်စုကြည်အား အားကိုးခဲ့သော်လည်း သူ၏ ဒုတိယပင်လုံ ဟူသည် NLD ၏တိုးတတ်ရေးအတွက်လှည့်ကွက်ဟု သိရှိလာပြီးနောက် စွန့်ခွါသွားတော့သည် ။ယခုအခါ အခြေခံဥပဒေကိုပြင်ဆင်မည်ဟူ၍ ကြွေးကြော်ပြီး NLDနှင့် မဟာမိတ်ပါတီများဖြင့် ပြုလုပ်နေသော်လည်း သူပြင်ဆင်မည့် အခြေခံဥပဒေသည် သမ္မတဖြစ်ရေး ပိတ်ပင်ထားသည့် ဥပဒေကို ရည်ရွှယ်နေပြီး တိုင်းရင်းသား အားလုံးအတွက်ရည်ရွှယ်သော ဖက်ဒရယ်ဟူသည်မှာလည်း ကြားကောင်းအောင်သာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် များလိုချင်သော ဖက်ဒရယ်စနစ်နဲ့ တစ်ခြားစီဖြစ်နေသောကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများက စိတ်ပျက်နေကြပေသည်။သို့သော် ဒေါ်စုကြည်အား လက်တွဲနေသေးသည်။အဘယ့်ကြောင့်ဆိုသော် အခြေခံဥပဒေပြင်ဆင်ရေးအတွက် ရည်ရွှယ်ချင်တူသောကြောင့်ဖြစ်သည်။


နယ်စပ်ဒေသများတွင် တိုက်ပွဲများဖြစ်ပွါးနေသော်လည်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စုကြည်အနေဖြင့် လာရောက်ခြင်း အားပေးခြင်းများမရှိသည့်အပြင် မဆိုင်သလို ဆိတ်ဆိတ်နေခြင်းများက လက်နက်ကိုင်အဖွဲ့ အစည်းများ၏ မျက်စိစပါးမွှေးစူးခြင်းကို ခံနေရသည်။မြန်မာလူထုအနေဖြင့် တိုင်းပြည်အား ရှေ့သို့လျှင်မြန်စွာ တိုးတတ် ရေးအား ဂရုပြုနေသော်လည်း ၄င်းတို့အားကိုးသော ဒေါ်စုကြည်သည် အခြေခံဥပဒေ ပုဒ်မ ၅၉ ကိုသာ ပြုပြင်ရေး အာရုံစိုက်နေသောကြောင့် သမ္မတရူး ဟု ဟားတိုက်ခြင်း ခံနေရလေသည်။လက်ရှိအစိုးရအဖွဲ့များ နှင့် ဒေါ်စုကြည် တို့ ပြည်ပခရီးစဉ်များ ထွက်နေသော်လည်း လက်ရှိအစိုးရအဖွဲ့ဝင်များ ပြည်ပခရီးထွက်ရှိလျှင် ကြွေးမြီများ တတ်နိုင်သမျှလျော့ကျရေး နှင့် ရင်းနှီးမြှုပ်နှံမှူတိုးတတ်ရေး အကူအညီများ ရှာဖွေခြင်း ပြုလုပ် သော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကမ္ဘာက မြန်မာကို ကူညီနေသည်မှာ စောလွန်းသေးကြောင်း ၊ ဘာကြောင့် အကောင်းမြင်နေကြတာလဲ ၊ တရားဥပဒေစိုးမိုးရေးမရှိသေးဘူး စသောစကားလုံးများကိုသာ ထပ်ခါထပ်ခါ ပြောနေသဖြင့် ပြည်သူလူထုမှ ချဉ်လာပြီဖြစ်သည်။

လာမည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် စင်္ကာပူတွင် ဒေါ်စုကြည်သည် မြန်မာအသိုင်းအ၀ိုင်းနှင့်တွေ့မည်ဖြစ်ပြီး ၄င်းတွေ့ဆုံပွဲကို ကချင် နှင့် ရခိုင် လူမျိုးများ တတ်ရောက်ခြင်း မပြုဟု ကြေငြာခြင်း ခံရသည့်အပြင် ယင်းပွဲသို့ တတ်ရောက်မည့် ကချင်နှင့်ရခိုင် ၀တ်စုံ ၀တ်လာသူများသည် ကချင်နှင့်ရခိုင်ကို ကိုယ်စားမပြုဟု ကြေငြာထားသည် ။ယခင်က အစိုးရ၏ ဟာကွက်များကိုဖော်ထုတ်လာသော သတင်းဌာနများထဲမှ တစ်ခုဖြစ်သော မဇ္ဈိမသတင်းဌာနမှလည်း ဒေါ်စုကြည်အား ယခင်က ကဲ့သို့ ဒီမိုကရေစီခေါင်းဆောင်ဟု သုံးနှုန်းခြင်းမရှိတော့ပဲ အတိုက်အခံ ခေါင်းဆောင်ဟု ပြောင်းလဲသုံးနှုန်းနေပြီဖြစ်သည်။

ဒေါ်စုကြည်၏ နိုင်ငံခြား ခရီးစဉ်မှပြည်တော်ပြန်လာသည့်အခါ ကြိုဆိုမှူများ တဖြည်းဖြည်း လျှော့ကျလာ သည်ကို ထူးခြားစွာမြင်တွေ့ရမည်ဖြစ်ပြီး အရှေ့ဥရောပမှ ပြန်လာသော ဒေါ်စုကြည်အား လူဦးရေ ၅၀ခန့်သာလာရောက်ကြိုဆိုကြပြီး ကြိုဆိုသူ ၃ ပုံ ၂ပုံမှာ သူ၏ ပါတီဝင် များဖြစ်နေခြင်းကို ထောက်ရှူခြင်းဖြင့် ဒေါ်စုကြည်၏ လူထုထောက်ခံမှူသည် တဖြည်းဖြည်း လျှော့ကျလာပြီဟု သုံးသပ်၍ ရနေပါသည်။

From:[_မြင့်မိုးအောင်(ရေနံမြေ) _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 17, 2013

ဗိုလ်ချုပ်၏ သမီးထွေးသို့ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ပေးစာ

သို့...... ဗိုလ်ချုပ်၏ သမီးထွေးသို့ 

ကျွန်တော်က ရဲတပ်ဖွဲ့တစ်ဦးပါ... ဇာတိကတောင်တွင်းကြီးက...ဆိုတော့ ဗိုလ်ချုပ်ဇာတိနဲ့က..လက်တကမ်းပေါ့ဗျာ...ငယ်ငယ်ကတည်းကဗိုလ်ချုပ်ကိုသိပ်လေးစား..အားကျခဲ့တာပါ...
သူ့ရဲ့ရိုးသားစိတ်ဓာတ်နဲ့..တည်ကြည်တဲ့ခံယူချက်ကိုကိုလဲချစ်လိုက်ရတာ..ဒါပေမယ့်..သူကမရှိတော့ဘူး..
.ဟော..မကြာပါဘူး..ဗိုလိချုပ်သမီးအငယ်ဆုံးလေးက..မြန်မာနိုင်ငံမှာဘွားခနဲပြန်ပေါ်လာပြီး..မြန်မာအရေး..
ဒီမိုကရေစီအရေးကို အားကျိုး          မာန်တက်လင်ပြစ်သားပြစ် ဆောင်ရွက်ရှာတယ်.....။ငါတို့တော့ဗိုလ်ချုပ်အစားရပဟေ့လို့...၀မ်းသာလိုက်တာ...ပြောပြလို့တောင်မတတ်ဖူး...ကျွန်တော့်အဖေဆိုရင်...အိမ်မှာ ဗိုလ်ချုပ်ပုံနဲ့သူ့သမီးပုံကိုယှဉ်ကိုထားတာ...ဘေးမှာလေဘယ်လေးတောင်တပ်ထားသေးတယ်...ဗိုလ်ချုပ်နှင့် သူ့၏ခြေရာ တဲ့...။ကဲထားပါအဓိက ကျွန်တော်ပြောချင်တာက လူ့အခွင့်အရေး လို့ခဏခဏပြောပြီး ပြည်သူအားလုံးရဲ့ အခွင့်အရေးတွေ အပြည့်အ၀ရအောင် ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားပါတယ် ချီးကျူးပါတယ်..ဒါပေမယ့် ကျွန်တော်သိချင်တာ သူ့ပြောပြောနေတဲ့လူ့အခွင့်အရေးဆိုတာကျွန်တော်တို့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအတွက်မပါဘူးလားဗျာ...
မပါဘူးဆိုရင်လဲရပါတယ်...တစ်ခုတော့ရှိတာပေါ့ လူ့အခွင့်အရေး(ရဲမပါ) လို့တော့ထည့်ပြောပေးပေါ့ဗျာ...။



သူကတရားဥပဒေစိုးမိုးရေးဥက္ကဌ ဆိုတော့ တရားရုံးတွေ ရဲစခန်းတွေကို လိုက်စစ်ဆေးသွားတယ် ပြီးတော့အစီရင်ခံစာတင်လိုက်တယ်...။ပြီးရောလားဗျာ..ကျွန်တော်တို့ရဲစခန်းတွေမှာ...မီတာခကိုယ့်ဖာသာရှာဖွေဆောင်နေရတာတွေ...အဆောက်အဦးတွေကို ကိုယ့်ဖာသာငွေရှာဆေးဝယ်သုတ်နေရတာတွေ...ရုံးသုံးစာရွက်စာတမ်းတွေကိုယ့်ဖာသာဝယ်သုံးနေရတာတွေ...အများပြည်သူလုံခြုံရေးအတွက် တာဝန်ဆောင်ရွက်ဖို့အတွက်..ခရီးစရိတ်/စားစရိတ် လိုက်ရှာနေရတာတွေ...။

 ယူနီဖောင်းကိုတစ်စုံလုံးမ၀ယ်နိုင်လို့ အကီင်္ျတစ်လ ဘောင်းဘီတစ်လ ခွဲဝယ်ဝတ်နေရတာတွေ လှည့်ကင်းလှည့်မဲ့ကားဆီမရှိလို့ ဆီပုံးလေးဆွဲပြီး ယာဉ်မောင်းက လမ်းဘေးမှာ လိုက်တောင်းနေရတာတွေ သူများနိုင်ငံကရဲချုပ်တွေ လာလည်ရင်ဧည့်ခံစရိတ်ကို အောက်ခြေနယ်ထိန်းတွေက ရှာဖွေပေးနေရတာတွေ ပြည်သူတွေဖြစ်ပွားတဲ့အမှုအခင်းတွေကို စစ်ဆေးတဲ့အမှုစစ်က စာရွက်စာတမ်းတွေဝယ် ခရီးစရိတ်တွေရှာ ပြီးစစ်ဆေးနေရတာတွေ အန်တီမတွေ့သွားတာလား၊ တမင်မစစ်သွားတာလားဗျာ...အပြစ်ရှာတာတော့ကျွန်တော့် အဆင့်လောက်နဲ့တင် ရှာတတ်ပါတယ်...အန်တီရယ်..ပင်ပန်းပါတယ်မလာပါနဲ့ အပြစ်တွေအားနည်းချက်တွေ ကျွန်တော်စာရေးပေးမှာပေါ့ ...။



အန်တီနေခဲ့တဲ့ နိုင်ငံခြားမှာလဲ ဒီလိုပဲ ရဲတွေက ကိုယ့်ဖာသာယူနီဖောင်းချုပ်ဝတ်ပြီး လက်ထိပ်/စကားပြောစက်/ဖုန်း/ဆိုင်ကယ်/စက်သုံးဆီ ကိုယ့်ဖာသာငွေရှာဝယ်ပြီး တာဝန်ထမ်းဆောင်နေကြတာပဲမို့ အန်တီအမြင်မှာ မထူးဆန်းတော့တာပဲလား... ... အန်တီရောက်ဖူးသမျှ နိုင်ငံတွေက ရဲတွေထဲမှာမြန်မာနိုင်ငံရဲလောက် အောက်ကျနောက်ကျနိုင်တာတွေ့ဖူးရဲ့လားဗျာ...ကျွန်တော်တို့အလုပ် ထွက်ချင်တယ် ထွက်ခွင့်တောင်းထားပါတယ်....။

ဒါပေမယ့်ထွက်ခွင့်မရတာ ဘာကြောင့်လဲ လူအခွင့်အရေးနဲ့မဆိုင်ဘူးလား ခေတ်အဆက်ဆက် တက်လာသမျှထဲမှာ မြန်မာနိုင်ငံရဲတပ်ကို အပြစ်ရှာဆဲဆိုသွားကြတာချည်းပါပဲ ... ဘယ်လူကြီးမှ ရဲတပ်ဖွဲ့အဆင့်အတန်းမြင့်မားရေးဆိုပြီး ဘောလ်ပင်တစ်ချောင်းထုတ်ပေးမသွားပါဘူး အပြစ်တွေပဲပြောသွားကြတာချည်းပါပဲ အခုအန်တီလဲ ဒီအတိုင်းပါပဲ အရင်လူတွေပြောသွားသလို လုပ်သွားသလို တသွေမတိမ်းလုပ်နေတာပါပဲ တစ်ခုပဲကွာတယ် အန်တီက စကားပြောရင်ပြုံးပြုံးလေး ပြောတတ်တယ် အရင်လူတွေကမျက်နှာကြီးဆူပုတ်ပြီး ပြောသွားတယ် ဒါပါပဲ ....

(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 16, 2013

မန္တလေးက ရဲတွေ အလုပ်လုပ်ကြပါဦး

ကျွန်တော့်နာမည် စည်သူအောင်ပါ။
(၂၀.၇.၂၀၁၃) ည၈နာရီခွဲအချိန်လောက်မှာ ကျုံးဘေးမှာ ဓားနဲ့ အခုတ်ခံခဲ့ရပါတယ်။ ကျုံးဘေးမှာ ည ည ဆိုင်ကယ်သမားတစ်စုက ရှေ့ကသွားနေတဲ့ ဆိုင်ကယ်နောက်ကိုလိုက်ပြီး ဓားနဲ့ခုတ်တယ်ဆိုတဲ့ သတင်းကို ကြားနေတာကြာပါပြီ။ အခုတ်ခံရတဲ့သူတွေလည်း တွေ့ဖူးခဲ့ပါတယ်။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာတင် ကျုံးဘေးမှာ ဓားနဲ့အခုတ်ခံရသူ ၈ဦးလောက် ရှိပါတယ်။ အားလုံး ဒီလ(၂၀၁၃၊ ဇူလိုင်လ)ထဲမှာပဲ ဖြစ်ခဲ့ကြတာပါ။

ကျွန်တော် ဓားနဲ့အခုတ်ခံရတဲ့အတွေ့အကြုံကတော့ သူတို့နဲ့ မတူပါဘူး။ အဲဒီညက တိရစ္ဆာန်ဥယျာဉ် ရှေ့မှာ ကျွန်တော်နဲ့အတူ ရပ်ကွက်ထဲက လူတွေ (ကလေးငယ်တွေအပါအ၀င်) လူ၁၀ယောက်လောက် ထိုင်နေ ကြပါတယ်။ အဲဒီတုန်းမှာ ဆိုင်ကယ်(၃)စီး ၊ လူ(၉)ယောက် ရောက်လာပြီး မလှမ်းမကမ်းမှာ ဆိုင်ကယ်များကို ရပ် လိုက်ပါတယ်။ ဆိုင်ကယ်ပေါ်ကဆင်းပြီး ကျွန်တော်တို့ထိုင်နေတဲ့နေရာကို ပြေးလာပါတယ်။ ပြီးတော့ ကျွန်တော့် ရဲ့ဦးခေါင်းပိုင်းကို ဓားနဲ့ ၀ိုင်းပြီးခုတ်ကြပါတယ်။ ကျွန်တော်က လက်နဲ့ကာပြီး ကာကွယ်လိုက်လို့ ဘယ်ဖက်လက် တံတောင်ဆစ်ကို ခုတ်မိသွားပါတယ်။ ( ၁၆ )ချက် ချုပ်ခဲ့ရပါတယ်။ ဓားနဲ့ခုတ်ပြီးပြီးချင်း သူတို့အုပ်စုက ဆိုင်ကယ် တွေပေါ်တက်ပြီး ထွက်ပြေးသွားကြတာပါ။


ဓားနဲ့ခုတ်တဲ့လူတွေက ကျွန်တော်နဲ့ ဘာရန်ညှိုးမှ မရှိပါဘူး။ တစ်ခါမှလည်း မမြင်ဖူးပါဘူး။ ဒါပေမယ့် သူတို့ မျက်နှာတွေကိုတော့ နောက်တစ်ခါမြင်ရင် ကျွန်တော်မှတ်မိပါတယ်။ သူတို့ဟာ ဆေးပေါက်နေပုံ၊ အရက်မူးနေပုံ လည်း မရပါဘူး။ သက်သက်မဲ့ကို တွေ့ရာလူကို ခုတ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ သွေးအေးအေး လိုက်ခုတ်နေကြပုံပါ။

သူတို့အသုံးပြုတဲ့ ဆိုင်ကယ်အမျိုးအစားကိုလည်း ပြောပြချင်ပါတယ်။ SCOOPYI အမျိုးအစား ဆိုင်ကယ်များဖြစ်ပါ တယ်။ မန္တလေးမှာ လူတိုင်းလိုလို ဆိုင်ကယ်စီးနေကြရာမှာ ၂သိန်းမှ ၂သိန်းခွဲ၊ ၃သိန်းတန် ဆိုင်ကယ်များကိုသာ အစီးများကြပါတယ်။ SCOOPYI အမျိုးအစား ဆိုင်ကယ်ဟာ ၁၃သိန်းမှ ၁၅သိန်းအထိ တန်ကြေးရှိပါတယ်။ တော်ရုံ တတ်နိုင်တဲ့သူများ မစီးနိုင်ပါဘူး။ ဓားနဲ့အခုတ်ခံရသူတိုင်းရဲ့ ပြန်ပြောပြချက်တွေအရ ဓားနဲ့လိုက်ခုတ်သူတွေ သုံးတဲ့ ဆိုင်ကယ်အမျိုးအစားဟာ SCOOPYI အမျိုးအစားတွေချည်းဖြစ်နေပါတယ်။ စဉ်းစားစရာ အချက်တစ်ချက်ပါပဲ။

ကျွန်တော့်အတွေ့အကြုံကို ဆက်ရရင်တော့ ဓားနဲ့အခုတ်ခံရ ပြီးပြီးချင်း ထွက်ပြေးသွားတဲ့ သူတို့နောက်ကို ကျွန်တော့်ဆိုင်ကယ်နဲ့ လိုက်ပါတယ်။ လက်က ဓားဒဏ်ရာကို ဂရုမစိုက်ပဲ အများနဲ့တစ်ယောက်ဖြစ်ပေမယ့် သေချင် သေပေစေ၊ ဒီကောင်တွေ ဘယ်သူတွေဖြစ်တယ်ဆိုတာ သိရရင် ပြီးရော.. ဆိုတဲ့စိတ်နဲ့ လိုက်ခဲ့တာပါ။ သူတို့အုပ်စုက ဆိုင်ကယ် (၃)စီး၊ လူ (၉)ယောက်ပါ။ သူတို့ကလည်း အုပ်စုလိုက် အရှိန်ပြင်းပြင်းနဲ့ မောင်းပြေးကြတယ်။

တိရိ စ္ဆာန် ဥယျာဉ်အနောက်ဘက်လမ်းကနေ မန္တလေးတောင်ကို ပတ်ပြေးတယ်၊ ကျွန်တော်လည်း မျက်ခြေပြတ်မခံပဲ နောက် က တရကြမ်း လိုက်ခဲ့ပါတယ်။ ကျုံးအရှေ့ဘက်လမ်းဖြစ်တဲ့ ၆၆လမ်းအတိုင်း လိုက်ခဲ့ရာမှာ ၂၆လမ်း(ကျုံးတောင် ဘက်)ကို ချိုးသွားကြပါတယ်။ အဲဒီလို ၂၆လမ်းအတိုင်း သွားရင်းက ၆၇ လမ်းနဲ့ ၆၈လမ်းကြားအရောက်မှာ ရှေ့က ဆိုင်ကယ်နဲ့သွားနေသူတစ်ဦးကို ထပ်ပြီး ဓားနဲ့လှမ်းခုတ်ပါသေးတယ်။ အဲဒီနောက် သူတို့ကို မျက်ခြေပြတ်သွားခဲ့ ပါတယ်။

ကျွန်တော်လည်း အဲဒီကျမှ ဒဏ်ရာ သိပ်နာလာတာကို သတိထားမိပြီး အိမ်ကိုပြန်လာခဲ့ပါတယ်။ အိမ်ကို အကျိုးအကြောင်းပြောပြပြီး အရပ်ထဲက ဆေးခန်းကိုသွားတော့ ဆေးခန်းက ဒဏ်ရာပြင်းထန်လို့ဆိုပြီး ဆေးရုံကို သွားဖို့ ညွှန်ကြားခဲ့ပါတယ်။
ဆေးရုံကိုရောက်တော့ ဒီတစ်လ(ဇူလိုင်လ)ထဲမှာတွင် ကျုံးဘေးမှာ ဓားခုတ်ခံရလို့ ဒဏ်ရာရလာတဲ့ လူနာ ပေါင်း တစ်ရာကျော်ပြီဆိုတဲ့သတင်းကို ဆေးရုံကနေ ကြားခဲ့ရပါတယ်။

ကျွန်တော့်စိတ်ထဲမှာ မခံချင်ဖြစ်မိတာက မန္တလေးဆိုတာ မြို့ကြီးပြကြီးပါ။ ကျုံးဆိုတာလည်း မြို့လည်ခေါင် က အထင်ကရနေရာကြီးတစ်ခုပါ။ အဲဒီလိုနေရာမှာ ညတိုင်းလိုလို ဓားခုတ်မှုတွေဖြစ်နေတယ်။ ရမ်းကားတဲ့လူတစ်စု က တွေ့ရာလူကို ရန်ညှိုးမရှိပဲ သွေးအေးအေးနဲ့ ဓားနဲ့လိုက်ခုတ်နေတယ်။ ခံရတဲ့သူတွေကလည်း တချို့ ရဲစခန်းကို တိုင်ကြတယ်။ အခုတ်ခံရတဲ့သူပေါင်းလည်း မနည်းတော့ဘူး။ ဒါပေမယ့် တစ်ခါမှလည်း မိတယ်လို့ မရှိဘူး။
ကျွန်တော်လည်း အမှတ်(၂)ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဒီနေ့ထိ ဘာမှတော့ မထူးသေးပါဘူး။

ပြည်သူ့ရဲတွေက ဒီလို ရမ်းကားနေတဲ့လူတွေကို အရေးမယူတော့ဘူးလား။ ဖမ်းမိအောင် မကြိုးစားတော့ဘူး လား။ ဘာဖြစ်လို့ မဖမ်းမိရတာလဲ။ လူရမ်းကားတွေက စံနစ်တကျဖွဲ့စည်းထားတဲ့ ရဲတပ်ဖွဲ့ကြီးထက် ပိုပြီး တော်နေ လို့လား။ သင်တန်းအမျိုးမျိုးတက်၊ အမျိုးမျိုးလေ့ကျင့်ထားတဲ့ ပြည်သူ့ရဲတွေထက် ပိုပြီး အရည်အချင်းရှိနေလို့လား။ အဲဒါကြောင့် ဖမ်းမမိတာလား။ ကျွန်တော်တို့ အလှမ်းမမီတဲ့ တခြား လျှို့ဝှက်ချက်တွေများ ရှိနေလို့လား။ စဉ်းစားစရာပါပဲ။ကျွန်တော့်ရဲ့အတွေ့အကြုံကို ရင်ဖွင့်တင်ပြလိုက်ရပါတယ်။
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Feb 16, 2013

ကချင်အထူးဒေသ(၁) ရှိ ဦးဇခုန်တိန့်ယိန်း ၏ ကေအိုင်အိုကို အပြစ်တင်ပြီး အမြင်မှန်ရစေကြောင်း ကြေငြာချက်ထုတ်ပြန်လိုက်ပြီ



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကချင်ပြည်နယ်အထူးဒေသ(၁)ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်၊
ပန်ဝါဌာနချုပ်
                                ရက်     စွဲ၊  ၂၀၁၃ ခုနှစ် ဇန်နဝါရီလ(၃၀)ရက်
                စာအမှတ်၊       /  ၁၀၀၁  /  ကင  /   ၂၀၁၃
အကြောင်းအရာ။                     ကချင်တိုင်းရင်းသားလူမျိုးများအနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်သည့် ကောင်းကျိုးပြုခြင်း၊ ဂုဏ်သိက္ခာခံယူရရှိရေးအတွက် ကျွန်တော်တို့၏ ခံယူချက်တင်ပြခြင်း

၁။   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည်တိုင်းရင်းသားလူမျိုးတစ်ရာကျော် ရှေးပဝေသဏီကတည်းက အတူတကွ ရေခံမြေခံမျိုးဆက်များ ဆင်းသက်ပြန့်ပွားခဲ့သည့် သမိုင်း အထောက်အထားများ အခိုင်အမာတည်ရှိကြသူများဖြစ်ပါသည်။တိုင်းရင်းသားလူမျိုးတို့သည်နိုင်ငံ၏နယ်စပ်ဒေသများကျရောက်သည့် နယ်စွန်နယ်ဖျား တောင်တန်းဒေသများတွင် ဘာသာ စကား၊ ယဉ်ကျေးမှု၊ အမျိုးသားစိတ်ဓာတ်နှင့် ဓလေ့ထုံးစံခြားနားသည့် အစဉ်အလာသည် ရောနှော ပျောက်ကွယ်ခြင်းမရှိသောကြောင့် နိုင်ငံ၏ အချုပ်အခြာနယ်နိမိတ်အတည်ပိုင်ဆိုင်မှုခွဲခြားသတ်မှတ်လာကြသည့်အခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားလူမျိုး နိုင်ငံသားများ ဖြစ်လာကြပါသည်။ ဤသို့ဖြင့် တိုင်းရင်းသားလူမျိုးတို့သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နယ်နိမိတ်ကို ပိုင်းခြားသူများ၊ ကာကွယ်စောင့်ရှောက်သူများ၊ နယ်စည်းခြားသည့် လူသားခံတပ်များဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ နယ်စပ်များ ထိစပ်သောနိုင်ငံများနှင့် ခွဲခြားသည့်နယ်နိမိတ်မျဉ်းတစ်လျှောက် တိုင်းရင်းသားလူမျိုးစုများ ကွင်းကွင်းကွက်ကွက် အခိုင်အမာ နေထိုင်သည့် မြေခံရေခံ ထင်ရှားမှုကို ယနေ့ထက်တိုင် ထင်ရှားဆဲဖြစ်ပါသည်။ ဤအကြောင်းတရားများက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ စုပေါင်းစည်းလုံးညီညွတ် သည့် လက္ခဏာကို သတ်မှတ်ပြီး ဖြစ်ပါသည်။ ခွဲခြားဆက်ဆံမှုမှ ပေါ်ပေါက်စေနိုင်သည့် ကျဉ်းမြောင်းသည့်လူမျိုးရေးဝါဒနှင့် လူမျိုးကြီးဝါဒသည် မိသားစုစိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တိုးတက်ဖွံ့ဖြိုးရေး၊ စည်းလုံးညီညွတ်ခြင်းမှရယူနိုင်သော အကျိုးကျေးဇူးများစွာကိုထိခိုက်ပျက်ပြားစေလိမ့်မည်သာ ဖြစ်ပါကြောင်းဉာဏ်အမြော်အမြင်ကြီးမားသည့်အသိတရား လူမျိုးများအားလုံး ခံယူစိုက်ထူကြရန် သတ်မှတ် ပေးထားပါသည်။

ကျွန်ုပ်တို့ကချင်တိုင်းရင်းသားလူမျိုးတို့သည်လည်းဘာသာစကားတခုတည်းရှိသူများမဟုတ်ကြပါဘူး။ နေထိုင်သည့်နယ်မြေတခုအတွင်း ကန့်သတ်မှုဖြင့် ကချင် တိုင်းရင်းသားလူမျိုး ဖြစ်နေသူများ မဟုတ်ကြပါဘူး။ မြန်မာနိုင်ငံ၏မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ညီနောင်လူမျိုးများဖြစ်သည့် ဂျိန်းဖော့၊ ဇိုင်ဝါး၊ ရဝမ်၊ လော်ဝေါ်၊ လီဆူး၊ လာချိဒ်တို့ဖြင့် ဘာသာစကားကွဲအုပ်စုများဖြင့် ကချင်လူမျိုးအိမ်ထောင်စုတခုအဖြစ် ကန့်ကွက်သူမရှိသည့် ကချင်များဖြစ်လာခြင်းဖြစ်ပါသည်။

    နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်သည့်အခြေခံဥပဒေပြဌာန်းသည့်အခါ ကချင်တိုင်းရင်း သား လူမျိုးအမည်နာမဖြင့် ကချင်ပြည်နယ်အဖြစ် ဥပဒေပြဌာန်းသော်လည်း ရှမ်းတိုင်းရင်းသား လူမျိုးညီနောင်များ၊ ဗမာလူမျိုးညီနောင်များ အစဉ်အလာမျိုးဆက်ပြန့်ပွား နေထိုင်လာခဲ့သည့် ရင်းနှီးချစ်ကြည်မှုကို ထိခိုက်ခြင်းမရှိခဲ့ပါဘူး။ အချုပ်အခြာပိုင်ဆိုင်မှုအာဏာစက် တခုအတွင်းက လူမျိုးအားလုံးသည် တစ်ဦး၏သာလွန်ချက်ကို တစ်ဦးကအတုယူ၊ လေ့လာ၊ တစ်ဦး၏ တိုးတက် သည့် စွမ်းရည်ကို တစ်ဦးက လေ့လာခြင်းဖြင့် အတူတကွ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် အကျိုးကျေးဇူးများ လူမျိုးအသီးသီးပါဝင်သည့် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက် ချမ်းသာ ကြွယ်ဝ သည့် ဂုဏ်သိက္ခာ ခံယူကြဘို့ ဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးတို့ စုပေါင်းသည့်အင်အားဖြင့် လုံခြုံစိတ်ချရစေရန် ကာကွယ်စောင့်ရှောက်နိုင်မှာ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စည်းလုံးညီညွတ်မှု ကို သတ်လျှိဖြိုခွဲပြီး အနိုင်ကျင့်သည့် ရန်သူအဖျက်သမားများကို ဆန့်ကျင်ဖြိုခွင်းနိုင်သည့် စည်းလုံးမှုအင်အား ဖော်ထုတ်ကြရမည်ဖြစ်ပါသည်။

    ကျွန်ုပ်တို့သည် အင်အားကြီးအဖြစ်တည်ဆောက်ရန် အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုနှင့် စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပေးနိုင်သည့် နိုင်ငံရေး အတွေး အခေါ်နှင့် တစုတစည်းတည်းသော အမျိုးသားရေးဝါဒ တည်ဆောက်နိုင်ခြင်း မရှိခဲ့ခြင်း၏ ဆိုးကျိုးသည် တိုင်းတပါးနယ်ချဲ့က ကိုလိုနီဝါဒကျွန်ပြုခံခဲ့ရသည်ကို သတိမရ၊ သင်ခန်းစာမယူ တတ်ကြသဖြင့် လွတ်လပ်ရေးတိုက်ပွဲအောင်နိုင်ခဲ့သော်လည်း စည်းလုံးညီညွတ်မှုပျက်ပြားပြီး အချင်းချင်း ရန်ပြုနေခဲ့ကြခြင်းက ခေတ်နောက်ကျကျန်နေရသည့် ဘဝကနေ ရုန်းမထွက်နိုင် ကြပါဘူး။ ခွဲခြား ရန်ပြုသည့် မှားယွင်းသောဆက်ဆံမှုက ပိုမိုခေတ်နောက်ကျသွားစေပါသည်။
    ကျွန်ုပ်တို့၏ သားကောင်း၊ သမီးကောင်း လူငယ်လူရွယ်များကို ခေတ်မှီဖွံ့ဖြိုး တိုးတက် သည့် အတတ်ပညာရှင်များ၊ သိပ္ပံပညာရှင်များ၊ နည်းပညာရှင်များ၊ လုပ်ငန်းရှင်ကြီးများ၊ ချမ်းသာကြွယ်ဝသည့် စက်ရုံအလုပ်ရုံပိုင်ရှင်များ၊ တီထွင်ဖန်တီးသည့် ပညာရှင်ကြီးများ မွေးထုတ် ရမည့်အစား ပညာမဲ့များ၊ ဆင်းရဲနွမ်းပါးသူများ၊ သေကျေပျက်စီးခံရသူများအဖြစ် အတင်းအကြပ် ဘဝပျက်စေခဲ့သည်။ အကျင့်စရိုက်ဆိုးများ ဖန်တီးပေးသည့် မတည်မငြိမ်မှုနှင့် တရားမရှိ စည်းမဲ့ ကမ်းမဲ့ လူသတ်သမားများ၊ အဖျက်သမားများဘဝ ရောက်သွားရသည်။ တဇွတ်ထိုးဆင် ကန်းတောတိုးဝါဒများ လွှမ်းမိုးပြီး မိတ်ဆွေကို ရန်သူလုပ်သည်။ အကျိုးယုတ်သထက် ယုတ်စေခဲ့သည်။ အဆိုးဆုံးကိုမှ အဆက်မပြတ်ရွေးလုပ်သည်။ မိမိကိုယ်ကို အသိဆုံး၊ အတော်ဆုံးဆိုပြီး အကြံကောင်းများကို ပစ်ပယ်သည်၊ ပြည်သူလူထုများအား ဆင်းရဲဒုက္ခစုံ ဖန်းတီးပေးသည်။ အကောင်းတစိမှမရှိသည့်လုပ်ငန်းဖြင့် လူမျိုးနှင့်တိုင်းပြည်ကို ဒုက္ခပေးကြပြီ မဟုတ်ပါလော..?

၃။    KIO/KIA ခေါင်းဆောင်များခင်ဗျား..? KIO/KIA စတင်ထူထောင်သည့် ဒူဝါလဖိုင်နော်ဆိုင်း၊ လထော်ဇော်ဆိုင်း၊ လထော်ဇော်ထူး၊ လထော်ဇော်ဒန်တို့ကို ဆက်ခံ လာခဲ့သည့် ဆရာကြီးမရန်ဘရန်ဆိုင်း၊ ဦးမလိဇွပ်ဇော်မိုင်၊ ဦးလမာလရိန်၊ ဦးလမုံတူးဂျိုင်၊ ဦးအင်ဘန်လ၊ ယခုဦးလညော်ဇောင်းခါ၊ ဦးဂွန်ထန်ဂမ်ရှောင်၊ ဦးဆွမ်လွတ်ဂွမ်မော်တို့အနေဖြင့် လေးလေးနက်နက် စဉ်းစားရွေးချယ်ကြရမည့်အချိန်ရောက်နေပါပြီး။
    
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အစိုးရကို အကြွင်းမဲ့ယုံကြည်အားကိုးရန်မှတပါး အခြားမရှိပါ၊ လက်နက်ကိုင်ပဋိပက္ခကိုရပ်ဆိုင်းပြီး တပ်မတော်ကိုတိုက်ခိုက်မှုမှန်သမျှ လုံးဝ ရပ်ဆိုင်းခြင်းထက် ကောင်းစရာအခြားမရှိပါ။ လမ်းဖျက်၊ တံတားဖျက်၊ ရထားလမ်းဖောက်ခွဲ ဖျက်ဆီးခြင်းများ လုံးဝရပ်ဆိုင်းခြင်းနှင့် မိုင်းဗုံးထောင် ဖောက်ခွဲဖျက်ဆီးမှုဖြင့် ပြည်သူနှင့် နိုင်ငံတော်ကို ရည်ရွယ်ဦးတည်ဖျက်ဆီးနေသည့် လုပ်ရပ်အားလုံး လုံးဝရပ်ခြင်းသည် KIO/KIA အဖွဲ့အတွက် အကောင်းဘဲဖြစ်ပါတယ်။ KIO/KIA ခေါင်းဆောင်တို့အတွက် အကောင်းဆုံး ဖြစ်သည်။ နောက်လိုက်နောက်ပါအားလုံးအတွက် အကောင်းဆုံးဖြစ်ပါသည်။ ကချင်လူမျိုးများ နှင့် ညီနောင်တိုင်းရင်းသားလူမျိုးအားလုံးအတွက် အကောင်းဆုံး ကောင်းကျိုး ပြုမှုကြီးဖြစ် ပါသည်။
    အပစ်ရပ်ပြီး ငြိမ်းချမ်းရေးရယူခြင်း၊ အမျိုးသားအခွင့်အရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၊ မျက်မှောက်ကမ္ဘာ ပင်မရေစီးကြောင်းဖြစ်သည့် ဒီမိုကရေစီ ထွန်းကားရေးနှင့် လူ့အခွင့်အရေးအား လေးစားလိုက်နာ ဖော်ဆောင်ခြင်းတို့ကို စိတ်ရောကိုယ်ပါ ရိုးသားဖြူစင်သည့်နှလုံးသားများဖြင့် ဆောင်ရွက်ခြင်းထက် အခြားကောင်းကျိုးဖြစ်စရာ မရှိပါ။ KIO/KIA ခေါင်းဆောင်တို့အပေါ် ကချင်လူမျိုးများ၏ မျှော်လင့်မှု၊ လူမျိုးအားလုံး ပြည်သူတို့ ၏မျှော်လင့်မှု၊ ဘာသာပေါင်းစုံ ယုံကြည်ကိုးကွယ်သည့်လူထုများ၏ မျှော်လင့်မှု၊ အစိုးရ၏ မျှော်လင့်မှု၊ တပ်မတော်၏မျှော်လင့်မှုများဖြစ်ပါသည်။ ဤလိုအင်ဆန္ဒများကို ဖြည့်ဆည်း ပေးသည့် ခေါင်းဆောင်ကြီးများအဖြစ် ခံယူခြင်းဖြင့် မြင့်မြတ်သော ဂုဏ်သိက္ခာခံယူနိုင်သည့် အခွင့်အရေး လူကြီးမင်းတို့အတွက် ဖြစ်နေပါသည်။ တွေ့ဆုံဆွေးနွေးရေး ကနဦးအလိုအပ်ဆုံး ဖြစ်နေပါသည်။ 
ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးရေးအမြန်လုပ်ပါလို့ တောင်းဆိုတိုက်တွန်း ပါသည်။ မနည်းလှသည့် ကချင်တိုင်းရင်းသားလူမျိုးတွေ အထင်အကြီးဆုံးခံရသည့် အမေရိကန် အစိုးရကလည်း တွေ့ဆုံဆွေးနွေးဖြေရှင်းကြရန် တိုက်တွန်းနေပါသည်။
    KIO/KIA ခေါင်းဆောင်များအတွင်းမှလည်း လက်နက်ကိုင်လမ်းစဉ်နှင့် အဖျက် အမှောက် လုပ်ရပ်များ စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ကာ ကချင်တိုင်းရင်းသားများ ကြုံတွေ့နေရသည့် ဒုက္ခများဖြေရှင်းရေး ဆန္ဒပြင်းပြသူတွေ အများကြီး ရှိနေပါသည်။ ငြိမ်းချမ်းရေး တည်ဆောက်ရေးကို ဆန္ဒထုတ်ဖော်ခိုင်းကြည့်ကြပါလား၊ အဖြေမှန် ခင်ဗျားတို့ရမှာပါ။

    သို့ပါ၍ KIO/KIA ခေါင်းဆောင်များအနေဖြင့် အမျိုးသားရေးအတွက် ကောင်းမှုပြု သည့် လူပုဂ္ဂိုလ်များဖြစ်နိုင်သည့် အခွင့်အရေးရရှိမည့် အခွင့်အရေးကြုံနေပါသည်။ နိုင်ငံတော်မှာ အဆင့်အမြင့်ဆုံးဖြစ်သည့် အရေးကိစ္စမှန်သမျှကို နိုင်ငံရေးက ဆုံးဖြတ်ပေးခြင်း ဖြစ်ပါသည်။ နိုင်ငံရေးသမားများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများက နိုင်ငံရေး ဖြေရှင်းမှုဖြင့် အကောင်းဆုံးနိုင်ငံရေးစနစ်၊ အကောင်းဆုံးအုပ်ချုပ်ရေးစနစ်၊ အကောင်းဆုံး ဥပဒေပြဌာန်းချက် များ ရရှိကြပါသည်။ KIO/KIA ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေး ခေါင်းဆောင်များဖြစ်ကြရပါ တော့မည်။ အကောင်းဆုံးနိုင်ငံရေးစနစ်ကို ပြဌာန်းပြီး ဖွံ့ဖြိုးတိုးတက် စေရပါတော့မည်။ KIO/KIA ခေါင်းဆောင်များခင်ဗျား.. လူကြီးမင်းတို့က ငြိမ်းချမ်းရေး လိုချင်ရင် မျက်စိတမှိတ်မှာ ငြိမ်းချမ်း သွားမည်၊ ဂျိုးဖြူငှက်တစ်ကောင်က သံလွင်စက်ကို ချီသည့် ကမ္ဘာ့ကုသလသမဂ္ဂ၏ ငြိမ်းချမ်းရေး တမန်တော်ရောက်ရှိပါမည်။ မရေမတွက်နိုင်သည့် ကြုံတွေ့ နေရသည့် ကချင်တိုင်းရင်းသား မိဘများ၊ ကလေးများကို ကူညီကယ်တင်ရန် နိုင်ငံတော်အစိုးရ ရောက်လာမည်။ နိုင်ငံတော် အစိုးရမှာ တာဝန်ရှိသည်။ တာဝန်ယူနိုင်ပါသည်။ နိုင်ငံတော်အစိုးရက နိုင်ငံခြားအစိုးရများ၊ အဖွဲ့အစည်းများကို အကူအညီပေးရန် တောင်းဆိုလာပါက နေ့ချင်းညချင်း ဒုက္ခသည်များဘဝကို အသစ်တဖန် ပြောင်းလဲမြှင့်တင်ပေးကြမည်။ လူကြီးမင်းတို့ကိုလည်း ကျေးဇူးတင်ဂုဏ်ပြုကြမည်။

၎။    လူကြီးမင်းများခင်ဗျား. ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ကြားလူကြီးတွေ၊ ကြားအင်အားစုတွေ၊ ငြိမ်းချမ်းရေးပွဲစွားတွေ လိုအပ်သည့်အခြေအနေ အမှန်တကယ်ရှိပါက အမြန်ဆုံးရွေးချယ်တာဝန်ပေးနိုင်ပါသည်။ ကျွန်တော်တို့ ကန့်ကွက်ရန်မရှိပါ။ ဆွေးနွေးမည့် နေရာမှာ ကချင်အရေးဆွေးနွေးမည်ဆိုရင် ကချင်တိုင်းရင်းသားလူမျိုး ရှေ့မှီနောက်မှီ လူကြီးများ၊ တက်သစ်စလူငယ်များ ပါဝင်အကြံပြုနိုင်ရမည် မဟုတ်ပါလား။ ကချင်လူမျိုးနှင့်အတူတကွ နေထိုင်လာခဲ့သည့် ရှမ်းလူမျိုး၊ ဗမာလူမျိုး ကြီးများနှင့် အကြံကောင်း ဉာဏ်ကောင်းများ ပေးနိုင် သည့်နေရာကို ရွေးချယ်သတ်မှတ်သင့်ပါသည်။ ဘာသာရေးအသင်းအဖွဲ့များထံမှ အကြံကောင်း များလည်း ရယူသင့်ပါသည်။ ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားသည် အသင့်တော် ဆုံးနေရာဘဲဖြစ်ပါသည်။ ပြင်ပတနေရာရာမှာ ဆွေးနွေးရေး၊ တတိယနိုင်ငံမှာ ဆွေးနွေးရေးကို ကျွန်တော်တို့ကန့်ကွက်ပါသည်။ ငြိမ်းချမ်းရေးလက္ခဏာအပြည့်အဝ လုံးဝ မဖြစ်နိုင်ပါဘူး။ အနှစ်(၅၀)ကျော် စုပုံထားသည့် အမှိုက်ပုံကြီးကို အနီးအနားမှာဘဲ မီးရှို့ဖျက်ဆီးပြီး ပြေငြိမ်း စေကြရပါမည်။

    ငြိမ်းချမ်းရေးဆွေးနွေးရေးကိစ္စကို KIO/KIA က မခိုင်မာနိုင်သည့် UNFC ကိုလွှဲလိုက်၊ ပြင်ပတနေရာရာမှာ ဆွေးနွေးမည်ဆိုပြီး လွှဲလိုက်၊ တိုင်းရင်းသားညီနောင်(ဝ) အဖွဲ့၏ ဌာနချုပ် ပန်ဆန်းမှာဆွေးနွေးမည်ဆိုပြီး မရေမရာပြုလုပ်နေခြင်းသည် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရန် လိုလားနေသည့် ကချင်တိုင်းရင်းသားလူမျိုးတို့ကို ပြက်ရယ်ပြုစော်ကားရာ ရောက်နေပါသည်။ လူကြီးမင်းတို့၏ လက်အောက်ငယ်သားများကို စော်ကားရာရောက်လွန်း နေပါသည်။

၅။    KIO/KIA ခေါင်းဆောင်လူကြီးမင်းတို့ခင်ဗျာ.. ၁၉၉၄ ခုနှစ်မှ ၂၀၁၁ ခုနှစ် ဇွန်လအထိ ၁၇ နှစ်တိုင်တိုင် ငြိမ်းချမ်းရေးကို ကာလတစ်ခုအတွင်း နိုင်ငံရေး မဖြေရှင်းခြင်းကြောင့် စစ်မက်ထပ်မံဖြစ်ပွားလာရပါသည်ဆိုသည့် အကြောင်းပြချက် မမှန်ကန်ပါဘူး။ ၁၇ နှစ် ကာလ သည် လက်နက်ကိုင်တိုက်ပွဲ ယာယီရပ်ထားခဲ့ကြတာဘဲ ရှိပါသည်။ ငြိမ်းချမ်းရေး တည်ဆောက် ခြင်း အလျဉ်းမရှိခဲ့ကြပါဘူး။ ၁၉၉၄ ခုနှစ် အပစ်ရပ်ရေးမှတဆင့် ထာဝရငြိမ်းချမ်းရေးဖော်ဆောင် ရန် တပ်မတော်အစိုးရသည် KIA အတွက် တပ်တည်နေရာများစွာ သဘောတူခွင့်ပြုခဲ့သည်။ တောပုန်း အခြေအနေမှ ထင်ထင်ရှားရှား လွတ်လွတ်လပ်လပ် လှုပ်ရှားအခြေပြုနိုင်သည့် အခွင့်အရေးများ ရခဲ့ပါသည်။ ထင်ထင်ပေါ်ပေါ်စည်းရုံးလှုပ်ရှားပြီး ကျောက်စိမ်းမှော်များ၊ ရွှေမှော်များ၊ သစ်တောများ လက်ဝါးကြီးအုပ်၊ ရောင်းစား ကိုယ်ကျိုးရှာနိုင်ခဲ့ကြသည်။ အကြမ်းဖက်လုပ်ရပ်များအတွက် အရင်းအနှီးများ စုဆောင်းနိုင်ခဲ့သည်။ လူအား၊ ရုပ်ဝတ္ထု အင်အားတွေကို စုဆောင်းနိုင်ခဲ့သည်။ လက်နက်ကျည်ဆံများ ၁၀ နှစ်တိုင် ထုတ်လုပ်စုဆောင်း တပ်ဆင်နိုင်ခဲ့သည်။ ကချင်လူမျိုး အချင်းချင်းအကြား သပ်လျှိသွေးခွဲမှုတွေ မရပ်မနား လုပ်ဆောင်နေခဲ့ကြသည်။ လုပ်ကြံသတ်ဖြတ် ရေးတွေ ဖန်တီးလုပ်ဆောင်ခဲ့ကြသည်။
    အတုအယောင် ကချင်အတိုင်ပင်ခံအဖွဲ့ဆိုတာကို ဖွဲ့စည်းရာတွင် ဦးဆောင်သယောင်၊ ပါဝင်သယောင်၊ ထောက်ခံသယောင်ပြုလုပ်ပြီး အကြံကောက်၊ အကြံယုတ်တွေ ရုပ်လုံးမပေါ် စေရန် ဖုံးဖိမှုပိပိရိရိလုပ်ခဲ့ကြသည်။


    နောက်ဆုံး ဒီမိုကရေစီရွေးကောက်ပွဲကာလမှာ နိုင်ငံရေးပါတီ တည်ထောင်ကြတော့ မလိုလိုလုပ်ပြီး KIO ဗဟိုအတွင်းရေးမှူးချုပ် ဒေါက်တာမနှစ်တူးဂျာကို ဖယ်ထုတ်မှုကြီးတစ်ခု အဖြစ် အလိမ်အညာပေါင်းများစွာဖြင့် အကြံကောက်၊ အကြံယုတ်များကို ဖုံးကွယ်လှုပ်ရှားခဲ့ ပါသည် မဟုတ်ပါလော။


    KIO/KIA မှခွဲထွက်ခဲ့သည့် NDAK အဖွဲ့၊ KDA အဖွဲ့တွေနှင့် ပြန်လည် သင့်မြတ်ပြီး ပူးပေါင်းရေးကို နှစ်အချို့အလုပ်မရှိအလုပ်ရှာရှုပ်ခဲ့ပြီး နောက်ဆုံးသစ္စာဖောက်များနှင့် ပြန်လည် ပေါင်းထုပ်ခြင်းမပြုနိုင်ဘူးဆိုသည့် KIO/KIA ၏ ရပ်တည်ချက်ကတော့ ကောင်းမြတ်ပါသည်။ NDAK နှင့် KDA အဖွဲ့သည် ထာဝရငြိမ်းချမ်းရေး တည်ဆောက်သည့်အင်အားစုများ အဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။
    KIO/KIA အဖွဲ့၏ ထောက်လှမ်းရေးမှူးချုပ် ဦးလဆန်အောင်ဝါနှင့် KIO အထွေထွေ အတွင်းရေးမှူးချုပ် ဦးဝမ်ယံအား ဖမ်းဆီးအသေသတ်ရန် ကြံစည်သော်လည်း ၎င်းတို့ ကံကောင်း ထောက်မသဖြင့် ယခုထက်တိုင် အသက်ထင်ရှား ရှင်သန်နေနိုင်ကြပါသည်။


    ဦးအင်ဘန်လအုပ်စုသည် ဦးဇော်မိုင် ခေါင်းဆောင်မှုကို ဖြုတ်ချပြီး အာဏာ သိမ်းယူခဲ့ကြသည်။ KIO/KIA ကို အမျိုးသားရေးဆောင်ရွက်မှုများအဖြစ်လည်းကောင်း၊ နိုင်ငံရေး အင်အားစုတစ်ရပ်အဖြစ်လည်းကောင်း ပြုပြင်ဖွဲ့စည်းကြတော့မည့်ပုံ ဟန်ဆောင်ကောင်းခဲ့ ကြသည်။ မူးယစ်ဆေးဝါးကင်စင်ရေးဆောင်ရွက်ပြီး ဘဝပျက်နေသည့် လူငယ်/လူရွယ်များကို ကယ်တင်ကြတော့မည့် လူကြီးလူကောင်းများအဖြစ်လည်း ဟန်ဆောင်ကောင်းခဲ့ကြသည်။ ဟန်ဆောင်ကောင်းမှုဖြင့် ဖုံးကွယ်ထားကာ မူးယစ်ဆေးဝါးအမျိုးမျိုး ထုတ်လုပ်ရောင်းချပြီး လူသားများဘဝကို ကျယ်ကျယ်ပြန့်ပြန့် ဖျက်ဆီးခဲ့ကြပါသည်။


    အင်ဘန်လအုပ်စု၏အာဏာကို အန်တုရန်ကြံစည်နေသည်ဆိုပြီး ဒုတိယစစ်ဦးစီးချုပ် ဖြစ်သည့် ဦးလဇိန်တောက်ဝါကို ဗုံးခွဲလုပ်ကြံသတ်ဖြတ်ခဲ့သည့်တရားခံကို ဖော်ထုတ်ခဲ့ခြင်း မရှိပါဘူး။ ၁၇ နှစ်တောင်ကြာသည့် အပစ်ရပ်မှုကို ဘာဖြစ်လို့ ထာဝရငြိမ်းချမ်းရေး ဆက်လက် ဖော်ဆောင်ရန် ပျက်ကွက်ခဲ့ကြပါသလဲ..

 
    KIO/KIA ခေါင်းဆောင်များ အဆက်ဆက်သည် ပြည်ထောင်စုအရေးအတွက် ကောင်းမှုပြုရန်၊ ကချင်တိုင်းရင်းသားတို့အတွက် ကောင်းမှုပြုရန်၊ ငြိမ်းချမ်းရေးဖော်ဆောင် နိုင်ရေးအတွက် ကောင်းကျိုးပြုရန် ဆန္ဒမရှိခဲ့ကြပါဘူး။ ကချင်လူမျိုးကို အလွဲသုံးစားပြုထားသည့် အလံတလက်အောက်မှာ လူသတ်၊ မီးရှို့၊ သွေးခွဲသမားများအဖြစ်လည်းကောင်း၊ ထိပ်ပိုင်း တာဝန်ရယူသူတို့သည် ကိုယ်ကျိုးစီးပွား လောဘများပြည့်လျှံနေခဲ့ကြသည်။ အာဃာတ ကြီးသူ များဖြစ်လာသည်။ ထိပ်ပိုင်းခေါင်းဆောင် တာဝန်ယူသည်နှင့် အလုံးစုံ ကျွမ်းကျင်တတ်မြောက် သူများ ဖြစ်သွားကြပြီး မည်သည့်ပုဂ္ဂိုလ်၏ အကြံပြုချက်ကိုမျှ လက်မခံကြတော့ပါဘူး။ ရိုးသား ဖြူစင်သည့်နှလုံးသား လုံးဝမရှိကြတော့ပါဘူး။ အကြမ်းဖက်လုပ်ရပ်များ အဆက်မပြတ် ကျူးလွန်ပြီး နိုင်ငံတော်နှင့် လူမျိုးပေါင်းစုံ ပြည်သူလူထုအကျိုးစီးပွားကို ဖျက်ဆီးပြီး အသက် အန္တရာယ်ပေးသူများ၏ ပုံသဏ္ဍာန်ရုပ်လုံး အပြည့်ရှိကြသူများဖြစ်သည်။ အကျင့်ပျက်၊ အကောက်ကြံရာတွင် ညံ့ဖျင်းသူများ လုံးဝမဟုတ်ခဲ့ကြသူများဖြစ်ကြပါသည်။


၆။    KIO/KIA ခေါင်းဆောင်လူကြီးမင်းတို့သည် လက်နက်အားကို တိုက်ခိုက် အနိုင်ကျင့်မှုဖြင့် ဘာမှရနိုင်လိမ့်မည်မဟုတ်ပါဘူး။ တပ်မတော်သည် လွတ်လပ်ရေးရကာစမှာ ပေါ်ပေါက်သည့် ကရင်ပုန်ကန်မှုကို တိုက်ခဲ့သည်။ ကျူးကျော်ဝင်ရောက်လာသည့် တရုတ်ဖြူ KMT နှင့်လည်း တိုက်ခိုက်အနိုင်ယူခဲ့ကြပြီး ဗမာပြည်ကွန်မြူနစ်ပါတီဦးဆောင်သည့် လက်နက် ကိုင်အင်အားစုကြီးနှင့်လည်း တိုက်ခိုက်ခဲ့ကြပြီး အခြားတိုင်းရင်းသားလူမျိုးအချို့ အတွင်းက လက်နက်ကိုင်လှုပ်ရှားမှုများနှင့်လည်း တိုက်ခိုက်ခဲ့ကြလေပြီး တပ်မတော်ကြီးကို တိုက်ခိုက် အောင်နိုင်ခြင်း လုံးဝမရှိပါဘူး၊ လုံးဝမရှိနိုင်ပါဘူး။
    ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးတို့အနေဖြင့် အမျိုးသားရေး၊ တန်းတူရေး၊ လွတ်မြောက်ရေးကြွေးကြော်ပြီး လက်နက်ကိုင်လှုပ်ရှားမှုပြုသမျှသည် မိမိတိုင်းရင်းသားလူမျိုး တို့ကို ထိခိုက်သေကျေဆုံးရှုံးရာသို့ ရောက်ကြရသည့် အန္တရာယ်ဖန်တီးခြင်းသာဖြစ်ပါသည်။ တပ်မတော်မှာပါဝင်ပြီး နိုင်ငံတော်ကိုကာကွယ်သည့် တပ်မတော်သားကောင်းများအဖြစ် တာဝန် ထမ်းဆောင်ကြမယ်ဆိုရင် ဂုဏ်သိက္ခာရရှိကြမည်ဖြစ်ပါသည်။
 

   ကမ္ဘာကြီး၏ပစိဖိတ်သမုဒ္ဒရာတစ်နေရာမှာဗာမြူဒါတြိဂံကြီးအတွင်း ပျောက်ချင်းမလှ ပျောက်သွားသည့်နေရာသို့ တိုင်းရင်းသားလူမျိုးများကိုခေါ်မသွားကြပါနှင့်၊ တောင်းပန်ပါသည်။
    KIO/KIAက ကျွန်တော်တို့ ကချင်အထူးဒေသ(၁)၏ တည်ငြိမ်အေးချမ်းမှုကို လက်နက်ကိုင်တပ်စေလွှတ်ပြီး တိုက်ခိုက်ဖျက်ဆီးနေခဲ့ခြင်းအား အမြန်ရုပ်သိမ်းရန် ကျွန်တော်တို့ အဆက်မပြတ် တောင်းဆိုပါသည်။


    ဖရဲရွာသားများကို ပြန်ပေးချောတပ်ဆွဲပြီး၊ တရုတ်နိုင်ငံ၏မြေပေါ်တွင် ဒုက္ခသည်များ အဖြစ် ဆင်းရဲဒုက္ခခံစားစေနေခြင်းအား အမြန်ဆုံးလွှတ်ပေးရန် အဆက်မပြတ်တောင်းဆိုပါသည်။ တံတားဖျက်၊ လမ်းပန်းဆက်သွယ်ရေးဖျက်ဆီးပြီး၊ ဒေသခံတိုင်းရင်းသားပြည်သူလူထုကို မဖွံ့ဖြိုး မတိုးတက်နိုင်ရန် တားဆီးနှောင့်ယှက်နေခြင်းအား ရပ်ဆိုင်းရန် အဆက်မပြတ် တောင်းဆို ပါသည်။
    ကချင်တိုင်းရင်းသား လူငယ်/လူရွယ်တို့သည် ပညာတတ်များ၊ ပညာရှင်များ၊ လုပ်ငန်းရှင်များအဖြစ်သို့ ရောက်ရှိကြရန် လိုအပ်လှပါသည်။ သို့မှသာလျှင် ကချင်တိုင်းရင်းသား လူမျိုးတို့ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် လူနေမှုစနစ် တည်ဆောက်နိုင်ကြမည်ဖြစ်ပါသည်။


    KIO/KIA လက်နက်ကိုင် ဆူပူအကြမ်းဖက်မှုသာ မပေါ်ပေါက်ခဲ့ရင်၊ လက်နက်ကိုင် ဆူပူအကြမ်းဖက်မှုကို အမြန်စောလျင်စွာ စွန့်လွှတ်ကြမည်ဆိုရင် ကချင်လူမျိုးတို့၏ မွေးရပ်ဇာတိ မြေမှာ တိုင်းရင်းသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်နှင့် တည်ဆောက်အောင်မြင်နိုင်မည် မဟုတ်ပါလား။
    တရုတ်- မြန်မာ နှစ်နိုင်ငံ၏နယ်စပ်ဒေသမှာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင် တည်ဆောက်ရေး တရုတ်နိုင်ငံအစိုးရနှင့်စိတ်ကောင်းစေတနာရှိသည့် အကူအညီနှင့် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများ ဖော်ဆောင်နိုင်ရေးကိုလည်း KIO/KIA အဖွဲ့က တားဆီးနှောင့်ယှက် နေခြင်း မဟုတ်ပါလား။
    လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ် သက်ဆိုးရှည်ချင်သဖြင့် တရုတ်နိုင်ငံနယ်စပ်မှာ ခိုကပ်ပြီး အချိန်ဘယ်လောက်ကြာကြာ ဆိုးကျိုး(မိမိတို့ကိုယ်တိုင်က မိမိတို့ကိုယ်ကို ကျဆုံးစေ သည့် လူကြီးမင်းတို့၏ နည်းပညာမဟာဗျူဟာ၏ အကျိုးယုတ်ရသည့် လုပ်ငန်းစဉ် ရေရှည်ခံ နိုင်ပါ့မလား။) ခံစားနိုင်ကြမလား..။

၇။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာ ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခ သည် တိုင်းရင်းသားလူမျိုးပြည်သူတို့၏ အကျိုးနှင့်ပတ်သက်ခြင်းမရှိတော့ပါဘူး၊ တိုင်းရင်းသား လူမျိုးပြည်သူလူထုတရပ်လုံး၏ တန်းတူအခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေး များ ကို နိုင်ငံတော်၏ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေးကသာလျှင် ရရှိစေနိုင်မည်ဖြစ်ပါသည်။
    တရားမျှတသော အခွင့်အရေး ပြဌာန်းနိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတား ပြုနေသူများသည် လက်နက်ကိုင်လမ်းစဉ်ကို စွဲကိုင်ထားကြသေးသည့် ခေါင်းဆောင်များဖြစ်နေ ပါသဖြင့် ခေါင်းဆောင်နေသည့် လူကြီးမင်းတို့ ပြောင်းလဲကြပါရန် မျှော်လင့်ယုံကြည်စွာ ဆန္ဒပြု တိုက်တွန်းပါသည်။


    တပ်မတော်နှင့်ယှဉ်ပြိုင်တိုက်ခိုက်ရန် မကြံစည်သင့်ကြတော့ပါ။ တိုက်ခိုက်မည့် အကြံအစည်မှန်သမျှသည် တန်ဖိုးမဖြတ်နိုင်သည့် သားကောင်း၊ သမီးကောင်းများ၏ အသက် သွေးများပျောက်ဆုံးစေခြင်း ဖြစ်ပါသည်။ ကောင်းကျိုးအဖြာဖြာနှင့် မိမိ၏ ပင်ကိုယ် လူမျိုးများ အတွက် ကောင်းမှုပြုနိုင်ကြပါစေ…..


                                         ******
                                                                                ဦးဇခုန်တိန့်ယိန်း၊
                                                                           ကချင်ပြည်နယ်အထူးဒေသ(၁)ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ်၊
                                                               ပန်ဝါမြို့။






   (မောင်ကျောက်ခဲ အဖွဲ့)

Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ