May 24, 2014
စည်းကမ်းပျက်...တာဝန်မဲ့ပြုလုပ်ခဲ့သော အနုပညာရှင်(၂)ဦး
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 1:50 PM 4 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
May 21, 2014
မျိုးစောင့်ဥပဒေကို တပ်မတော်က လက်ခံမှာလား
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 1:35 PM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဘာသာရေး
ဆင်းရဲမှုလျှော့ချရေး ရန်ပုံငွေအတွက် သမ္မတအပါအ၀င် ၀န်ကြီး၊ ဒုဝန်ကြီးများ လစာ၏ ၂၅ ရာခိုင်နှုန်း လစဉ်လှူမည်
လျှော့ချရေး နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်
ရန်ပုံငွေထူထောင်ရေး ပြည်ထောင်စုအဆင့်
ဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများ လစာငွေ၏
၂၅ ရာခိုင်နှုန်းကို လစဉ်အလှူ ငွေထည့်ဝင်ကြရန် နိုင်ငံတော်သမ္မတရုံးမှ အကြောင်းကြားစာ ပေးပို့လိုက်ကြောင်း သတင်းရရှိသည်။
ယင်းအကြောင်းကြားစာကို နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် လက်မှတ်ဖြင့် ပြည်ထောင်စုအဆင့်ဝန်ကြီး၊ ဒုတိယ၀န်ကြီးများသို့ မေလ ၁၉ ရက်က ပေးပို့ခဲ့ခြင်းဖြစ်ပြီး အလှူငွေများကို သတ်မှတ်ထားသည့် ငွေစာရင်းသို့ ပေးပို့ထည့်သွင်းရမည်ဖြစ်ကြောင်း နေပြည်တော်ဝန်ကြီးဌာန အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
အဆိုပါ ရန်ပုံငွေအတွက် ဘဏ်စာရင်းတစ်ခုကို ဧပြီလ ကုန်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ပုံငွေထည့်ဝင်လိုသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ယင်းဘဏ်စာရင်းထဲသို့ ထည့်သွင်းရမည်ဖြစ်သည်။
‘‘သမ္မတကြီးက သူဒီလိုလုပ်မယ်ဆိုတာ အစိုးရအဖွဲ့ကို အသိပေးတာ။ ၀န်ကြီးတွေကပါ လိုက်ပြီး ထည့်ရမယ်လို့ အကြောင်းကြားတာမဟုတ်ဘူး။ ကျွန်တော်တို့က ကိုယ့်သဘောနဲ့ ကိုယ် ၂၅ ရာခိုင်နှုန်းထည့်ဖို့ ဆန္ဒပြုတာဖြစ်တယ်။ အခုရန်ပုံငွေဘဏ်စာရင်း နဲ့ အကြောင်းကြားစာတော့ ထွက်လာပါပြီ’’ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။
ယင်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းတို့ ဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေပြည်တော်ဝန်ကြီးဌာန အသိုင်းအ၀ိုင်း မှ သတင်းရရှိသည်။
လက်ရှိတွင် ပြည်ထောင်စု အစိုးရအဖွဲ့အတွင်း ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ၀န်ကြီးဦးရေ ၉၀ ကျော် ရှိပြီး ၀န်ကြီးဌာနတစ်ခုတွင် များသောအားဖြင့် ဒုတိယ၀န်ကြီးနှစ်ဦးကို ခန့်အပ်ထားလျက်ရှိသည်။
‘‘သမ္မတရုံးက စာရောက်နေတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒီနေ့ (မေလ ၂၀ ရက်) ရောက်တယ်လို့တော့ ပြောပါတယ်။ ကျွန်တော်လည်း အခုမှ ခရီးက ပြန်ရောက်တော့ သေချာမဖတ်ရသေးပါဘူး’’ ဟု ပြည်ထောင်စုဝန်ကြီးတစ်ဦးက ပြောသည်။
အဆိုပါကိစ္စအား မည်သို့မည်ပုံဆောင်ရွက်မည်ဆိုသည် နှင့် ပတ်သက်၍လည်း ပေးပို့လာသည့်စာကို သေချာစွာဖတ်ရှုပြီးမှသာလျှင် ပြောဆိုနိုင်မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးက ဆိုသည်။
7 days
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 12:30 PM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
ကချင်တောနက်ထဲ ၁၀ ရက်အကြာ
From:[_ 7 days_]
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 11:53 AM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်မှ ထိုင်းလိုမဖြစ်ဟု ယုံကြည်ကြောင်းပြော
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 10:52 AM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = Video ဖိုင်
May 20, 2014
၂၀၁၂ မတိုင်မီနဲ့၂၀၁၂ နောက်ပိုင်း အစိုးရနဲ့အတိုက်အခံ အခြေအနေသုံးသပ်ချက်
အုပ်စု နှစ်ခုပဲရှိတယ် အစိုးရဘက်နဲ့အတိုက်အခံဘက် ..
အစိုးရဘက်မှာ ကြံ့ဖွတ်နဲ့တပ်မတော်ပါဝင်တယ်
အတိုက်အခံဘက်မှာသံဃာထုတစ်ရပ်လုံးနဲ့ ယခုအမျိုးသားရေးသမားများ
အပါအ၀င် ပြည်သူလူထုတစ်ရပ်လုံးပါဝင်ကြတယ် ..
စစ်အာဏာရှင်တွေကြောင့် ပြည်သူတွေက တပ်မတော်ကိုလည်း ရွံကြောက်ကြီး
ကြောက်ခဲ့ကြတယ် ကြံ့ဖွတ်ကိုလည်းမုန်းတီးကြတယ် အစိုးရကိုလည်းလုံးဝမကြိုက်
ကြဘူး အတိုက်အခံဘက်ကိုကျတော့ အားလုံးက မျှော်လင့်အားကိုးကြီးစွာနဲ့ ပုံအောထားကြတယ် ..
၂၀၁၂ ပြီးနောက် ..
အုပ်စု သုံးခုဖြစ်သွားတယ် အစိုးရ၊ အတိုက်အခံနဲ့ အမျိုးသားရေး ..
အစိုးရဘက်မှာ ကြံ့ဖွတ်နဲ့ တပ်မတော်ပါဝင်တယ် ..
အတိုက်အခံဘက်မှာ သံဃာထုတစ်ရပ်လုံးမပါဝင်တော့ဘူး ပြည်သူလူထုတစ်ရပ်လုံးမပါဝင်တော့ဘူး .. ပြည်သူလူထုထဲက အမျိုးသားရေးသမားလို့ ခေါ်တဲ့ ပြည်သူတွေက အတိုက်အခံကို သဘောမကျတော့ဘူး၊ သံဃာထုထဲက အမျိုးသားရေးသမားလို့ခေါ်တဲ့ သံဃာတွေက အတိုက်အခံကို သဘောမကျတော့ဘူး ..အမျိုးသားရေးထဲကို အတိုက်အခံကိုအားပေးခဲ့တဲ့ သံဃာတွေပါဝင်လာတယ် အတိုက်အခံကို သဘောကျခဲ့တဲ့ ပြည်သူတွေပါဝင်လာတယ် အမျိုးသားလုံခြုံရေးကိုအလေး
ထားတဲ့တပ်မတော်သားတွေပါဝင်လာတယ် ..
ဘယ်သူအောင်မြင်ပြီး ဘယ်သူကျရှုံးနေတယ်ဆိုတာ အဖြေက .....................?
တောင်အဆင်းလမ်းမှာ ဘရိတ်မမိတဲ့ ကားတစ်စီးကို ဘရိတ်မမိကြောင်း
အသိမပေးပဲ တက်မောင်းခိုင်းရင် လုပ်ကြံတာပဲ ..
မှောင်မည်းနေတဲ့လမ်းမှာ ဒီလမ်းအတိုင်းဆက်သွားရင် ချောက်ထဲကျမယ်ဆိုတာ
သိသိကြီးနဲ့ လမ်းကောင်းပါတယ် ရောက်တော့မယ် ဆက်သွားပါဆိုပြီး တိုက်တွန်းနေရင် လုပ်ကြံတာပဲ ..
အဲ့ဒီ့လိုပဲ ကျရှုံးနေမှန်းသိသိကြီးနဲ့ အောင်မြင်နေပါတယ် လူထုတစ်ရပ်လုံး ပါဝင်နကြပါတယ်ဆိုပြီး မြှောက်ပေးနေခြင်းကလည်း လုပ်ကြံနေခြင်းပဲဆိုတာ သဘောပေါက်ကြပါ
From:[_ Marn Htan Myo _]
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 1:17 PM 1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဆင်ခြင်နိုင်ကြစေ
နိုင်ငံတော်သမ္မတဦးသိန်းစိန် ရန်ကုန်-နေပြည်တော်အမြန်လမ်းကို စစ်ဆေး
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 9:37 AM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
May 19, 2014
ဒီမိုကရေစီ ချောက်ထဲကျရန် လက်တစ်လုံးအလို
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 1:50 PM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဆင်ခြင်နိုင်ကြစေ, ဆောင်းပါး
May 18, 2014
မမိုက်ရိုင်းနဲ့ စည်ပင်
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 9:56 AM 0 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်က လူအုပ်စုဖြင့် ပြည်သူလူထုကို နိုင့်ထက်စီးနင်း ပါးရိုက်
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  = မောင်ကျောက်ခဲ အချိန်= 9:35 AM 1 ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ | ကြိုဆိုသူများနဲ့ အင်တာဗျူး |
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ | ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ |
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ | မြန်မာ့သိုင်းအစွမ်း |
Latest Videos
88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် | ပြောင်ကြီးဘာလို့ထောင်ကျ |