Showing posts with label ဆင်ခြင်နိုင်ကြစေ. Show all posts
Showing posts with label ဆင်ခြင်နိုင်ကြစေ. Show all posts

Sep 3, 2014

UNFC တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုရဲ့လား

UNFC (United Nationalities Federal Council)ဟူသည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီဖြစ်ပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံကို ကိုယ်စားပြုထားသည့်၊ အင်အားတောင့်တင်းသော၊ တိုင်းရင်းသားများ အချင်းချင်း စည်းလုံး ညီညွတ်စွာ တည်ဆောက်ထားသော အဖွဲ့စည်းကြီး တစ်ခုအဖြစ် ထင်ကောင်းထင်ကြပေလိမ့်မည်။ ထိုအဖွဲ့စည်းကြီးကို မည်သူဦးဆောင်နေသလဲ၊ သူတို့ရဲ့ ခံယူချက်တွေဟာ ဘာတွေလဲ၊ UNFC ၏ အင်အားကရော ဘယ်လောက်ရှိသလဲ၊ ဤအဖွဲ့စည်းဟာ တိုင်းရင်းသားလူမျိုးစုတွေကို အမှန်တကယ်ပဲ ကိုယ်စားပြု ရပ်တည်နေသလားဆိုတာကိုတော့ မည်သူမျှအမှန်တိုင်းတိတိကျကျ သိကြလိမ့်မည်မဟုတ်ပေ။ ယခု ဆိုလျှင် သြဂုတ်လ (၂၆) ရက်နေ့မှစတင်ပြီး ထိုင်းနိုင်ငံတွင်ကျင်းပနေသည့် UNFC ၏ဆွေးနွေးပွဲမှ KNU အဖွဲ့ နှုတ်ထွက် သွားချင်း နှင့် ပက်သက်၍ UNFC အပေါ်ပြည်သူအားလုံး စိတ်ဝင်စားနေကြသည်။ ယခုအချိန်တွင် စာရေးသူအနေဖြင့် UNFC ဟူသည့် အဖွဲ့အစည်း အကြောင်း ထုတ်ဖော် ပြောပြချင်ပါသည်။


UNFC အဖွဲ့စည်းကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်ထိုင်းနိုင်ငံ၌ကျင်းပခဲ့သော တိုင်းရင်းသားလူမျိုးများ ညီလာခံ တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်း (၁၂) ဖွဲ့ဖြင့်စတင် ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်ပေသည်။ စတင်ဖွဲ့စည်းချိန်ကပင် မြန်မာနိုင်ငံ၏ အင်အားအကြီးမားဆုံးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် “၀”(UWSA) အဖွဲ့၊ “၀” ၏ မဟာမိတ်အဖွဲ့ဖြစ်သည့် NDAA (မိုင်းလား)အဖွဲ့နှင့် RCSS/SSA အဖွဲ့တို့မှာ ပါဝင်ခဲ့ကြခြင်းမရှိခဲ့ပေ။ ပါဝင်ခဲ့သော အဖွဲ့စည်းများမှာလည်း (၁၂)ဖွဲ့ဟု ကြေငြာခဲ့သော်လည်း အမှန်တကယ် လက်ညှိုးထိုးပြစရာ အဖွဲ့စည်းဟူ၍ KIA၊ KNU နှင့် SSPP တို့သာပါရှိလေသည်။ ကျန်ရှိသောအဖွဲ့များမှာ အမည်ခံ အိမ်ပြည့်သဘောမျိုးဖြင့် ဖွဲ့စည်းထားသော လက်နက်ကိုင် အဖွဲ့ငယ်ကလေး များဖြစ်ကြပေသည်။ နိုင်ငံတကာမှ မြန်မာ့ငြိမ်းချမ်းရေး လေ့လာသူ အကဲဖြတ်များ၏ ခန့်မှန်းချက်များအရ UNFC အဖွဲ့ဝင် ၁၂ ဖွဲ့အနက် အင်အားအနေဖြင့်ဖော်ပြနိုင်သော အဖွဲ့စည်းများမှာ ၈ ဖွဲ့သာရှိသည်ဟု သိရှိခဲ့ရသည်။ ကျန်သော အဖွဲ့ ၄ ဖွဲ့မှာ ဖော်ပြစရာအင်အားဟူ၍ မယ်မယ်ရရပင်မရှိကြပေ။ ဖွဲ့စည်းထားသောအဖွဲ့များ ကိုကြည့်လျှင်လည်း ကချင်တွင် KIA နှင့် KNO ဟူ၍ နှစ်ဖွဲ့ပင်ထပ်မံခွဲထားသေးကြောင်း တွေ့ရပေလိမ့်မည်။ PNLO နှင့် PSLF အဖွဲ့ များမှာလည်း KIA မှ အင်အား၊ လက်နက်ခွဲဝေ ဖွဲ့စည်းပေးထားသည့်အဖွဲ့များ ဖြစ်ပေသေးသည်။ အင်းအားကိုကြည့်မည်ဆိုလျှင်လည်း UNFC တွင် အဖွဲ့ (၁၂) လုံးပေါင်းပါမှ အင်အား ၁၅၈၅၀ ခန့်သာရှိပေသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ လူဦးရေနှင့် UNFC တွင်ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ လူဦးရေကို နှိုင်းယှဉ်အချိုးချကြည့်ပါက UNFC သည် တိုင်းရင်းသားလူမျိုး များကို အမှန်တကယ်ကိုယ်စားပြုသော အဖွဲ့စည်းတစ်ခု မဟုတ်ကြောင်း ရှင်းလင်းစွာ တွေ့ရပေလိမ့်မည်။

အဖွဲ့စည်းထဲတွင် KIA နှင့် KNU တို့သာ အင်အား ၅၀၀၀ ခန့်စီရှိကြပြီး ရာခိုင်နှုံးအားဖြင့် အများဆုံး ပါဝင်နေကြပေသည်။ အဖွဲ့၏ အရေးကြီးသော ခေါင်းဆောင်ပိုင်းနေရာများကိုလည်း ထိုအဖွဲ့နှစ်ဖွဲ့မှပင် ချုပ်ကိုင်ထားလျှက် ရှိပေသည်။ UNFC ၏သမိုင်းကြောင်းကို ပြန်လည်ကြည့်ရှုလျှင်လည်း အင်အားအတန်ငယ် အသင့်အတင့်ရှိသော KIA သည် အခြားတိုင်းရင်းသား အဖွဲ့များအပေါ်တွင် ဗိုလ်ကျ လွှမ်းမိုးချုပ်ကိုင်လိုသည့် ရည်ရွယ်ချက်ဖြင့်သာ စတင်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပေလိမ့်မည်။ ယခုအခါတွင် KIA အဖွဲ့နှင့် အင်အားတန်းတူ ရည်တူရှိသော KNU အဖွဲ့သည် ချင်းမိုင်ဆွေးနွေးပွဲတွင် UNFC ၏ မူဝါဒလမ်းစဉ်များနှင့် ဖွဲ့စည်းပုံသည် အစိုးရနှင့် ဆွေးနွေးရာ၌ ငြိမ်းချမ်းရေးကိုဦးမတည်ပဲ ထိပ်တိုက်ရင်ဆိုင်ရေးကိုသာ ဦးတည်သည်ဟု ဆိုကာ ဆွေးနွေးပွဲမှ နှုတ်ထွက်သွားခဲ့ချေပြီဖြစ်သည်။ ထို့ကြောင့် UNFC ၏အဓိက အင်အားကြီးမားသော KNU လိုအဖွဲ့စည်းကြီးနှုတ်ထွက်ခဲ့ခြင်းမှာ UNFC အတွက် သိသိသာသာ အင်အား လျော့နည်းသွားမှုများ ဖြစ်ပေါ်ခဲ့ပေသည်။

UNFC တွင်မပါဝင်ပဲ အစိုးရနှင့် သီးခြားဆွေးနွေး၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလုပ် ဆောင်နေသော အဖွဲ့စည်းများ၏ အင်အား ကိုလည်း အနည်းငယ်ဖော်ပြလိုသေးသည်။ အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေး၍ အပစ်ခတ်ရပ်စဲထားသော UWSA “၀” အဖွဲ့မှာ အင်အား ၃၀၀၀၀ခန့်၊ NDAA အဖွဲ့မှာ အင်အား ၁၅၀၀ ခန့် နှင့် RCSS အဖွဲ့မှာလည်း အင်အား ၆၀၀၀ ခန့်ရှိပေသည်။ ထို့အပြင် BGF ( Border Guard Force ) ခေါ်အစိုးရနှင့် ပူးပေါင်း၍ ဒေသ ကာကွယ်ရေးများလုပ်ဆောင်နေသော အဖွဲ့စည်းများဆိုလျှင် လည်း ရှမ်းပြည်နယ်တွင် အဖွဲ့ဝင်ပေါင်း ၁၅၀၀ခန့်၊ ကရင်ပြည်နယ်တွင် ၄၀၀၀ခန့်၊ ကချင်ပြည်နယ်တွင် ၁၀၀၀ ခန့်၊ ကယားပြည်နယ်တွင် ၇၀၀ခန့် စသည်တို့ဖြင့် ရှိကြပေသည်။ အဆိုပါအဖွဲ့စည်းများ၏ အင်အားနှင့် UNFC မှနှုတ်ထွက်ခဲ့သော KNU၏ အင်အား ကိုပါ ပေါင်းထည့် လျှင်ဖြင့် စုစုပေါင်းအင်အား ၅၁၂၀၀ ရှိပြီး ၁၀၈၅၀ ခန့်သာ ရှိသော UNFC ထက် အင်အား ၅ ဆခန့် ပိုမို များပြားသည်ကို တွေ့မြင်ရပေလိမ့်မည်။

နိဂုံးအနေနှင့်ဆိုရလျှင် UNFC အဖွဲ့နှင့် UNFC အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အင်အားစုများကို နှိုင်းယှဉ်ပါက UNFC သည် မြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားမပြုသည့် အဖွဲ့စည်းတစ်ခုဖြစ်သည်မှာ ပေါ်လွင် ထင်ရှား လျက်ရှိပေသည်။ နဂိုကပင် ချို့တဲ့သော အင်အားဖြင့် တည်ထောင်ထားသော UNFC ၏ တိုင်းရင်းသားတပ်ပေါင်းစု တည်ဆောက် ရေး ဆိုသည်မှာ လက်တွေ့မဆန်သော စိတ်ကူးယဉ်အိမ်မက်တစ်ခု ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် UNFC ဆိုသည်မှာလည်း မည်သည့် တိုင်းရင်းသား လူမျိုးစုကိုမှ ကိုယ်စားမပြုသော၊ နောက်ခံ တပ်အင်အား စိုးစဉ်းမျှဖြင့် လူတွင်ကျယ်လုပ်ချင်ကြသော လူလည် နိုင်ငံရေး သမားများ၏ နိုင်ငံတကာထောက်ပံ့ကြေး ရရှိရေးအတွက် လုပ်ကြံဖန်တီးထားသော အဖွဲ့စည်းတစ်ခုအဖြစ် မြင်တွေ့လာရကြောင်း သုံးသပ်ရပါသည်။

From:[_ Today Myanmar _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ထိုင်း ပြီးတော့ စင်္ကာပူကိုပါ စားကျက်မြေ အဖြစ် ခြေဆန့်နေတဲ့ လူလိမ် ဗိုလ်ပြုတ်


ပြည်ပရောက်နေတဲ့ မြန်မာတွေရဲ့ ဘဝဟာ အတော်လေးကို ရုန်းကန်ရပါတယ် … ခက်ခက်ခဲခဲနဲ့ ရလာတဲ့ ချွေးနှဲ  စာလေးတွေကို မိသားစုကို ပြန်ထောက်ပံ့သူက တစ်မျိုး ၊ ဘဝအတွက် စုဆောင်းရသူကတမျိုး နဲ့ ကျင်လည်မှု  ပေါင်းစုံနဲ့ ရပ်တည်နေရတာပါ … သူတို့ဆီက ငွေတွေကို မက်လုံးပေးခြင်းနဲ့ ရိုးသားမှုကို ခုတုံးလုပ် သွားတာ တွေကြောင့် ရိုးသားတဲ့လူတွေ ဆီက ငွေတွေဟာ ကိုယ်ကျိုးရှာသမားတွေဆီကို နည်းအမျိုးမျိုးနဲ့ စီးဆင်း နေတုန်းပါပဲ ….။

အခုခေတ်ထနေတဲ့ လိမ်နည်းကတော့ ပရဟိတ ခေါင်းစဉ်တပ်ပြီးလိမ်လည်တာတွေဖြစ်နေပါတယ် ။ မြန်မာနိုင်ငံ  အနှံ့မှာလည်း ဖြစ်ပေါ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေအတွက်  ပရဟိတ သမားတွေ များစွာပေါ်လာသလို လူလိမ်တွေ လည်း ပေါလာပါတယ် ။ တစ်ချို့ က ၁၀၀ ဖိုးအလှုခံပြီး ၁၀ ဖိုးလှုပြပါတယ် … တစ်ချို့ကတော့ ခေါင်း စဉ်လေးပဲ တပ်ပြပြီး အကုန်ယူပါတယ် ။ ပြောချင်တဲ့အပိုင်းကတော့ ပြည်သူ့ဘက်တော်သားကြီးလို့ ကိုယ့်ဘာသာ ကင်ပွန်းတပ် ထားတဲ့ စစ်ဗိုလ်ဟောင်းတစ်ယောက် အကြောင်းပါ ။ မြန်မာ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက် ဆိုတဲ့နာမည်နဲ့ လှုပ်ရှား နေတာတော့ တွေ့ပါတယ် ။ တလောကပဲ ထိုင်းကို သွားခဲ့ပါ သေးတယ် ။ အဲဒီမှာ ထိုင်းရောက်မြန်မာတွေက ရေဘေး ဒုက္ခသည်တွေအတွက် တတ်နိုင်သလောက် လှုဒါန်းတာတွေ ရှိပါတယ် ။ ထိုင်းရောက်နေတဲ့ ကာလမှလည်း ပတ္တရားနဲ့ ဖူးခတ်ကမ်းခြေတို့မှာ အပန်းဖြေနေခဲ့ပါတယ် ။ လူမှုဘဝ ဖွံ့ဖြိုးတိုးတတ်ရေး အတွက်လို့ နာမည်တပ်ပြီး ခါးနာတာကို ကုဖို့တောင်   အွန်လိုင်းမှာ အလှုခံပြီး ဆေးကုရတဲ့ ဘဝ နဲ့ သူတစ်ယောက်က ဘယ်လိုနည်းနဲ့များ  ကမ္ဘာကျော် ကမ်းခြေတွေမှာ အနားယူအပန်းဖြေနိုင်တာပါလိမ့် ။ အလှုငွေထောက်ပံ့သူ ဒိုနာတွေကတော့ ဒီက္စိကို မကျေနပ်ခဲ့ကြပါဘူး ။ ထိုင်းခရီးက ပြန်လာတုန်းကလည်း ရေဘေးဒုက္ခသည်တွေအတွက် ဆိုပြီး ပြန်လှုတဲ့ တင်ပြမှုတွေကို ကြည့်မိ  တော့ သောင်းဂဏာန်းပမဏ လောက်သာ လှုဒါန်းခဲ့တာ တွေ့ရပါတယ် ။


အခုလည်း စင်္ကာပူ ကိုရောက်နေပါတယ် ။ စင်္ကာပူက မြန်မာတွေဆီက ဒေါ်လာ ၃၀ က နေ ဒေါ်လာ ရာကျော်အထိ အလှု  ငွေတွေ လက်ခံနေပါတယ် ။ အလှုငွေလက်ခံရာမှာ အထွေထွေအလှု ဆိုတဲ့နာမည်နဲ့ ကောက်နေတာပါ .. ကျနော်တို့ လုပ်  ငန်းတွေမှာ အထွေထွေစရိတ် ဆိုတာ လူတိုင်း သိဖူး ၊ထိတွေ့ဖူး ၊ အသုံးပြုဖူးမှာပါ … အလုပ်တစ်ခု လုပ်တဲ့အခါ…ဘဏ်က  နေ ကိုယ့် ကုမ္ပဏီ ကို ငွေလွှဲလေးတစ်ခု သွားထုတ်တာတောင် သွားထုတ်သူဝန်ထမ်းရဲ့ လမ်းစရိတ်  စားစရိတ် စသည်တို့  ကို အထွေထွေ စရိတ်အနေနဲ့ သုံးနှုန်းတင်ပြရပါတယ် … ။ခုလည်း အထွေထွေအလှု ဆိုတဲ့ နာမည်နဲ့ မြင်တော့ အဲဒီလို အထွေထွေကုန်ကျစရိတ်ဆိုတာ ကြီးကို ပြေးမြင်မိပါတော့တယ် ။ အလှုရှင်တွေဆီက ရသမျှကို မှတ်တမ်းလည်းမရှိ ၊ ပြန်ပေးတဲ့ မှတ်တမ်းကလည်း အလျဉ်းသင့်တဲ့လူကိုပဲ ထုတ်ပေး ၊ ငွေကြေးပြန်သုံးတာလည်း မှတ်တမ်းမှတ်ရာမရှိနဲ့ .. သူ့  အရပ်နဲ့သူ့ဇာတ်တော့ ဟုတ်နေတာပါပဲ … စင်္ကာပူက မြန်မာတွေကိုလည်း မလှုပါနဲ့မပြောလိုပါ … စေတနာယိုဖိတ်လို့ ပေး  တာပေးလှုပါ … ဒါပေမယ့် ကိုယ့်ပိုက်ဆံဟာ အများအတွက်လှုတဲ့အလှုဆီရောက်ရဲ့လား …. အလှုခံသူရဲ့ ကိုယ်ကျိုးစီးပွါး  အတွက် သုံးစွဲခံနေရသလား ဆိုတာ သိဖို့လိုနေပါပြီ ..။ တကယ်ဆို စင်္ကာပူဟာ နေမျိုးဇင်နဲ့ မစိမ်းပါဘူး ။ ဗိုလ်ပြုတ်ဘဝနဲ့  စကာင်္ပူမှာ ဆိပ်ကမ်းတစ်ခုမှာ ကားကြီးလာ မောင်းခဲ့ရပါသေးတယ်ကို သိကြမယ်ဖြစ်ပါတယ် ။ ပရဟိတ အဖွဲ့ဆိုပြီး အလှုငွေ ကောက်တာရော ဒီတစ်ခါ ဘယ်ကိုလှုဦးမှာပါလဲ ..။ လှုတယ်ဆိုတာက အလှုခံပုဂ္ဂိုလ် စင်ကြယ်မှ ကုသိုလ်ရတာ  ဖြစ်ပါတယ် … နို့မို့ဆိုရင် သူတောင်းစားကို ပေးတာလောက်တောင် ကုသိုလ်မရပါဘူး ..။

ကိုယ်တိုင်တောင် သူများပေးသ  နားစာ နဲ့ ဆေးကုနေရတဲ့ သူတစ်ယောက်ဟာ မြန်မာ့လူမှုဘဝကို မြှင့်တင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုတာ သေချာစဉ်းစား  ကြဖို့လိုနေပြီ မိတ်ဆွေတို့ …။ သံဃာတော်တွေက ဘာသာခြားတွေနဲ့ ပတ်သတ်ပြီး ကန့်ကွက်တာတောင် အရင်ကတည်း က ရှိနေတဲ့ လူမျိုးကို ဘာလို့ နှင်ထုတ်ရမှာလဲ ဆိုပြီးတောင် ပြန်အော်ခဲ့တဲ့ လူတစ်ယောက် ဟာ အမျိုး၊ ဘာသာ ၊သာသနာ  အတွက် အကျိုးဖြစ်မယ်ဆိုတာ ယုံနေတဲ့ စိတ်ကိုလည်း အံ့သြမိပါရဲ့ ..။ တကယ်တော့ စင်္ကာပူကိုလာတယ် ဆိုတာက  အလှုငွေကိစ္စမဟုတ်ပဲ သူ့ကိုယ်ရေးကိုယ်တာ စိတ်အပန်းဖြေဖို့အတွက်လို့သာ မြင်ပါတယ် …ဘာအကြောင်းမှ မရှိပဲ ရောက်လာပြီး အဆင်သင့်ပဲ လာပေးလိုက်တဲ့ အလှုငွေတွေနဲ့ အိမ်အပြန်မျက်နှာပန်းလှနေဦးမှာပါ …အလှုငွေတွေနဲ့ ထိုင်းကနေ ဆေးကုပြန်လာပြီးပြီးချင်း ကားတစ်စီးက ဝယ်စီးလိုက်နိုင်တဲ့ ကိုယ်ပိုင်အလုပ်မရှိတဲ့ ယောကျာင်္းတစ်ယောက်ကို မိန်းမတစ်ယောက် က ကြည်ကြည့်ဖြုဖြု တင်ကျွေးထားတယ်ဆိုကတည်းက သဘောပေါက်သင့်ပြီ ထင်ပါတယ်လေ ..။

နေမျိုးဇင် အကြောင်း ပြည့်စုံစွာ သိချင်လျှင်-

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ရဲ့ ဟန်ဆောင်အရေခွံကို ကျောက်ခဲဖြင့် ထုနှက်ရိုက်ခွဲကာ ခွါပြလိုက်ခြင်း
http://mgkyautkhae.blogspot.com/2013/02/blog-post_7366.html

မိုက်ရိုင်းတဲ့ နေမျိုးဇင် ဘယ်ဥကပေါက်သလဲ
http://mgkyautkhae.blogspot.com/2012/12/blog-post_9535.html


(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 22, 2014

ဒီမိုကရေစီကို သကြားနှင့် လဲခဲ့စဉ်၌


အချိန်ကား ၁၉၆၂ အကျော် ကောင်စီ ခေတ်၊ သမ ဝါယမ ခေတ်က ဖြစ်သည်။
ဒီမိုကရေစီ ဆိုသည့် အသံတွေ ပေါ်လောမြောလျက် လမ်းတကာ ရွာတကာ လူပြောများနေသည်။ အချို့ နေရာများ၌ ဒီမိုကရေစီ တောင်းဆိုရေး ဆန္ဒပြသည်ဟု ဆိုပဲ။
ထို့ကြောင့် မြို့နယ် သ/မ ဥက္ကဋ္ဌ ဦးပုလု (အမည်လွှဲ) စိတ်ထဲမှာ သိပ်နေထိုင် မကောင်းချင်။ မိမိမြို့နယ် မှာများ ဒီမိုကရေစီ လာတောင်းရင် ခက်ရချည်သေး။
ဒီမိုကရေစီ ဆိုသည့် အကောင်ကိုလည်း အထက် ခရိုင် သ/မ ဥက္ကဋ္ဌက အခုထိ မိမိတို့ မြို့နယ်ကို ချပေး သေးခြင်း မရှိ။ စိတ်တွင် အိုက်နေသည်။ မတော်လို့ မိမိမြို့နယ်က လူတွေ ဒီမိုကရေစီ လာတောင်းရင် ဘာပေးရမလဲ ?
မိမိ သ/မ ဆိုင်မှာ ရှိတာက သကြား သုံးအိတ် ရှိသည်။ ရေနွေး ဓါတ်ဗူး တစ်လုံး ရှိသည်။
စိတ်ထင့် နေ၍မှ မဖြောင့်သေး။ ထင်ထါးတဲ့ အတိုင်း
"ဒီမိုကရေစီ ပေးပါ" ဟူ၍ တောင်းဆိုသည့် လူအပ်ကြီး သ/မ ဆိုင်ရှေ့ ရောက်လာသည်။
ပြသနာတော့ စပြီ ။
အော်သံတွေ တောင်းဆိုသံတွေ ဦးပုလု နားထောင်ရင်း
"ဟဲ့ အမောင်တို့
မင်းတို့ တောင်းတဲ့ ဒီမိုကရေစီ အထက်က မချ ပေးသေးဘူးကွယ်၊
မင်းတို့ တောင်းဆိုတဲ့ အတွက် လက်ရှိ သ/မ ဆိုင်မှာ ရှိတဲ့ သကြား သုံးအိတ် ကိုပဲ ခွဲတမ်း အညီ အမျှ ခွဲပြီး ယူသွား ကြချည်
ရေဘူး ကတော့ ငါလူကြီး ရေနွေးကြမ်း သောက်ဖို့ ထားထါး ပေးကြပါကွယ်"
ဟု ပြန်ပြောတော့
ဒီမိုကရေစီ တောင်းသည့် လူအုပ် ကြီးလည်း သကြား သုံးအိတ်ကို ကိုယ်စီ အညီအမျှ ခွဲဝေ ယူကြရင်း အိမ်ပြန် သွားကြသည် ဟူသတတ်။
(မှတ်ချက် - ကြားမိသည့် ပါးစပ် ရာဇဝင် ဟာသ တစ်ခုအား ပြန်၍ ရေးသား ခြင်းသာ ဖြစ်သည်၊ ဟာသာ အဖြစ်သာ ရည်ရွယ် ပါသည်။ လက်ရှိ မွန်ပြည်နယ် အစိုးရ ဘတ်ဂျက်၌ သန်းတစ်ထောင် ကွာခြား နေတဲ့ ကိစ္စလေးနဲ့ ဆက်ပ်ပြီး အတွေး ရောက်မိလို့ ရေးခြင်း ဖြစ်ပါသည်။)
ပျော်ရွှင် ကြပါစေ
From:[_ ဟင်္သာနီ (မွန်မြေ) _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 6, 2014

၈၈ ကာလမှ ဆိုးသွမ်းရက်စက် ခေါင်းဖြတ် လူသားစားမှုများ အပိုင်း(၁)

(ရှစ်လေးလုံးမှာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်သာမက ရင်ကိုခွဲ အသည်းကိုယူ ကြော်လှော်ချက်ပြုတ်စားခဲ့ကြသည်ကိုပင် အားရတင်းတိမ်မှု မရှိဘဲ စားလို့ကောင်းလိုက်တာ အားမရသေးဘူးဟု ဆိုကာ တစ်ကျော့ပြန်လာ၍ သေးဆုံးသူ၏ ပေါင်သားကို လှီး၍ ယူဆောင်ကာ မီးကင်စားကြသည့် ဖြစ်ရပ်တစ်ခု ရှိခဲ့ပါသည်)
(ညွန့်အောင်လတ်)
******

၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလတွင် မြေစာပင်များသဖွယ် ကြားညပ်ခံရသူများ၏ ဖြစ်ရပ်မှန်များ၊ မလိုလားအပ်သော ကောလာဟလ မမှန်သတင်းများ၊ သွေးဆာနေသော စရိုက်၊ ခက်ထန်သော စိတ်၊ ကြမ်းတမ်းသောအမူအရာများနှင့် မင်းမဲ့စရိုက်ဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့သော ဖြစ်ရပ်မှန်ကို ၂၀-၉-၉၀ ရက်နေ့တွင် လုပ်သားပြည်သူ နေ့စဉ် သတင်းစာတွင် ကိုယ်တွေ့ကြုံသူတစ်ဦးက ၄-၉-၈၈ နေ့ စီမံကိန်း (၁) အရေး အခင်း ဖြစ်ရပ်အမှန်များ ဆောင်းပါးဖြင့် ပြည်သူများအား အဖြစ်မှန်ကို ရေးသား တင်ပြခဲ့ပါသည်။ ထိုဖြစ်ရပ်မှန်ကို ဖတ်ရှုရသော ပြည်သူများအဖို့ စိတ်မချမ်းသာဖွယ်၊ ရင်နင့်ဖွယ် ခံစားခဲ့ကြရပါသည်။
ထိုဖြစ်ရပ်မှန်တွင် မြတ်ဗုဒ္ဓတရားတော်အရ လူသားချင်းထားရှိကြရမည့် သနားကြင်နာစိတ်များ ကင်းမဲ့ကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ ကြရပါသည်။ ယင်းဖြစ်ရပ်ထက် ပိုမိုရက်စက်ကြမ်းကြုတ်လှသော ဖြစ်ရပ်တစ်ခု ရှိပါ သေးသည်။ ထိုဖြစ်ရပ်တွင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်သာမက ရင်ကိုခွဲ အသည်းကိုယူ ကြော်လှော်ချက်ပြုတ်စားခဲ့ကြသည်ကိုပင် အားရတင်းတိမ်မှု မရှိဘဲ စားလို့ကောင်းလိုက်တာ အားမရသေးဘူးဟု ဆိုကာ တစ်ကျော့ပြန်လာ၍ သေးဆုံးသူ၏ ပေါင်သားကို လှီး၍ ယူဆောင်ကာ မီးကင်စားကြသည့် ဖြစ်ရပ်တစ်ခု ရှိပါသေးသည် ဆိုလျှင် ပြည်သူများ ယုံကြည်မည်ဟု မထင်ပါ။

တန့်ဆည် (၁၃-၉-၈၈)
*********
သို့ရာတွင် ယင်းဖြစ်ရပ်သည် အမှန်တကယ်ပင် ရှိခဲ့ပါသည်။ ဖြစ်ပွား ပေါ်ပေါက် ခဲ့သည်ဒေသမှာ စစ်ကိုင်းတိုင်းအတွင်းရှိ တန့်ဆည်မြို့၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
တန့်ဆည်မြို့တွင် ၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလ ရှစ်လေးလုံးနေ့တွင်လည်း ဆန္ဒပြ ဆူပူမှု မရှိခဲ့။ အေးဆေးငြိမ်သက်စွာ ရှိနေခဲ့သော မြို့တစ်မြို့ဖြစ်ပါသည်။ အသည်းကို ကြော်၊ လူသားကို မီးကင်စာခဲ့သည့် ရက်စက်ကြမ်းကြုတ်လှသော ဖြစ်ရပ် ပေါ်ပေါက်ရန်အတွက် အစပျိုးခဲ့သောနေ့က ၁၀-၉-၈၈ ရက်နေ့က စသည်ဟု ဆိုရပါမည်။
၁၀-၉-၈၈ ရက်နေ့တွင် ဒီမိုကရေစီတောင်းဆိုခဲကြသော ပြည်သူများသည် တန့်ဆည်မြို့၌ လှည့်လည်ဆန္ဒပြခဲ့ကြပါသည်။ တန့်ဆည်မြို့၏ အနောက်ဘက် နှစ်မိုင်ခန့် အကွာ လမ်းဆုံရှိ ရွှေကတော်ဘုရားဝင်းအတွင်းတွင် အထွေထွေသပိတ်စခန်းများ ဖွင့်လှစ်ကာ ကျောင်းသားများ ပါဝင်သည့် ကျောင်းသားသမဂ္ဂ၊ သံဃာတော်များ ပါဝင်သည့် သံဃာသမဂ္ဂများကို ဖွဲ့စည်းခဲ့ကာ ဆန္ဒပြ လှည့်လည်မှုများ ပြုလုပ်ခဲ့ကြပါသည်။
တန့်ဆည်မြို့နယ်အတွင်းရှိလူထုအား သပိတ်စခန်းခေါင်းဆောင်များက ကွင်းဆင်း စည်းရုံး ဟောပြောခဲ့ကြသည်။ အချို့ကျေးရွာလူထုက “ဒီမိုကရေစီဆိုတာဘာလဲ” ဟု မေးမြန်းခဲ့ရာ၌ သပိတ်ခေါင်းဆောင်များက “ဒီမိုကရေစီဆိုတာ ကိုယ်လုပ်ချင်တာတွေ လွတ်လွတ်လပ်လပ် လုပ်နိုင်ကြတယ်”ဟု အဓိပ္ပာယ်ဖွင့်ပေးခံကြသည်။ ထိုသို့အဓိပ္ပာယ် ဖွင့်ပေးခဲ့ရုံသာမက ပါတီ၊ ကောင်စီမှ ပုဂ္ဂိုလ်များ၏ အိမ်များကို ဖျက်ကြရန် တီးတိုးလှုံ့ဆော် လက်ညှိုးထိုးပြခဲ့ကြသည်။ ကျေးရွာလူထုက ထိုအိမ်များကို ဖျက်ဆီးခဲ့ ကြသူများရှိကြ သကဲ့သို့ ပရိဘောဂပစ္စည်းများ ယူဆောင်သွားကြသူများလည်း ရှိကြသည်။ ကျေးရွာများရှိ ရပ်ကွက် ကောင်စီဥက္ကဋ္ဌ နေအိမ်များ၊ ရပ်ကွက်သမဝါယမ အသင်းများကို ဖျက်ဆီး ကြသည်။ အရေးယူသူ မရှိသည့်အခါ သပိတ်ခေါင်းဆောင်များ အနက်အဓိပ္ပာယ် ဖွင့်ပေးခဲ့သည့်အတိုင်း “ဒီမိုကရေစီဆိုသည်မှာ လုပ်ချင်တာကို လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်ဆိုတာ တယ်မှန်ပါလား”ဟု ဆိုကာ နေ့စဉ် ရက်ဆက် လွတ်လွတ်လပ်လပ် ဖျက်ဆီး ယူဆောင်ခဲ့ကြပါသည်။

ထိုသို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ဥပဒေရုံး၊ မြို့နယ်တရာရုံး၊ မြန်မာ့စီပွားရေးဘဏ်တို့အပြင် ကျေးရွာသမဝါယမ အသင်း ၁၉ သင်း၊ တန်ဖိုးငွေကျပ် ၂ သိန်းကျော်ဖိုး ဆုံးရှုံးခဲ့ကြပါသည်။ ၂၂-၈-၈၈ ရက်နေ့တွင် ဧရိယာ ၃၀၀၀ ကျော်ရှိ ဝက်တိုး နိုင်ငံပိုင်စိုက်ကွင်းရှိ ခိုင်ခံ့သော အဆောက်အဦများ၊ ဂိုထောင်များကို ဖျက်ဆီးခဲ့ကြသည့်အပြင် စိုက်ကွင်းရှိ သီးနှံပင်များ၊ ထွန်စက် ခုနှစ်စီးနှင့် ထရေလာ ခုနှစ်စီး ကို ဖျက်ဆီးခဲ့ကြသည့်အတွက် တန်ဖိုးငွေကျပ် ၂၈ သိန်းကျော်ဖိုး ဆုံးရှုံးခဲ့ကြပါသည်။
ထိုသို့ လူအုပ်ဖြင့် အကြမ်းဖက်ရာမှ မင်းမဲ့စရိုက်ဝင်လာကြရာ၌ ၂၉-၈-၈၈ ရက်နေ့ တွင် တန့်ဆည်မြို့အတွင်းရှိ ဒေါင့်ကြီးကျေးရွာ၌ ရွာသားအချို့က ယခင်ရန်ငြိုးရှိခဲ့သည့် ရွာသားဖြစ်သူ ဦးငြိမ်းအား ဝိုင်းဝန်းရိုက်နှက်၍ လက်ပြန်ကြိုးတုပ် ဖမ်းဆီးခဲ့ကြသည်။ ဦးငြိမ်း၏ ဇနီးဒေါ်ဌေးနှင့် သားဖြစ်သူ မောင်ကိုတို့က အမျိုးမျိုး ငိုယိုတောင်းပန် အသနားခံ သော်လည်း မရဘဲ ဦးငြိမ်းအား သုဿာန်သို့ ဒရွတ်တိုက် ဆွဲယူသွားကာ ဓား၊ လှံများဖြင့် ရက်စက်စွာ ခုတ်သတ်လိုက်ကြသည်။ ဦးငြိမ်းအား ဤကဲ့သို့ ရက်စက်စွာ သတ်ဖြတ် လိုက်သည့် အကြောင်းရင်းကို တင်ပြရမည်ဆိုပါလျှင် ကျောင်းတော်က ရန်စဟု ဆိုရမည် ဖြစ်ပါသည်။ ဒေါင့်ကြီးကျေးရွာ ချယားပင် ကျောင်းတိုက် ဆရာတော် ပျံလွန်တော်မူခဲ့ရာ ကျောင်းတိုင်ဆရာတော်အသစ် တင်မြှောက်နိုင်ရေးအတွက် ကျေးရွာသားများ သဘောထား ကွဲခဲ့ကြသည်။ ခိုက်ရန် ဖြစ်ကြမည်စိုး၍ ကျောင်းကို သက်ဆိုင်ရာက ချိတ်ပိတ်ထားခဲ့သည်။

လအတန်ကြာ ချိတ်ပိတ်ပြီး ကျောင်းကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာက တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ခဲ့ကြသည့်အတွက် သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန် ကာ အရေးယူခဲ့သည်။ ထိုသို့အရေးယူခဲ့သည့်အတွက် အရေးယူခံရသူများက ဦးငြိမ်း၏ သတင်းပေးမှုကြောင့်ဆိုကာ ရန်ငြိုးထားခဲ့ကြသည်။ ထိုကျောင်းတော်က ရန်စကို ယခုကဲ့သို့ အရေးအခင်းကာလ အတွင်း၌ လုပ်ချင်တာလုပ်နိုင်သည်။ ဘယ်သူမှ အရေးမယူဘူး ဆိုသည့် သပိတ်ခေါင်းဆောင်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ယုံကြည်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်ပါသည်။
တန့်ဆည်မြို့တွင် ဖွင့်လှစ်ထားသော သပိတ်စခန်းများမှာလည်း ရက်ကြာလာသည် နှင့်အမျှ တစ်ဖက်နှင့်တစ်ဖက် အယူအဆများ၊ လုပ်ရပ်များ ကွဲလွဲလာကြသည်။ တစ်ဦးနှင့် တစ်ဦး ယုံကြည်မှု နည်းပါးလာခဲ့ကြသည်။
ထို့သို့ သဘောထားကွဲလွဲခဲ့ကြသည့်အတွက် ဒီမိုကရေစီကြွေးကြော်သံများ၊ တစ်ပါတီစနစ် ဖြုတ်ချရေး ကြွေးကြော်သံများ ဆိတ်သုဉ်းကွယ်ပျောက်ကာ အကြမ်းဖက်ရန်အတွက် စစ်သင်တန်းများ ပို့ချကြသည်။ သပိတ်ခေါင်းဆောင်များ သဘောထားကွဲလွဲ ခဲ့ကြသည့် နည်းတူ အောက်ခြေတွင်လည်း သဘောထားကွဲလွဲ လာခဲ့ကြသည်။ မြို့ပေါ်ရှိ လုံခြုံရေးကင်းများအနက် တန့်ဆည်မြို့တွင်းနှင့် လမ်းဆုံလုံခြုံရေး ကင်းအဖွဲ့တို့ သိပ်မကြည်ကြ။ ထိုသို့သော အခြေအနေတွင် တန့်ဆည်မြို့နယ်၊ ပြည်သူ့ ရဲတပ်ဖွဲ့မှူး ဦးသန်းမြင့်နှင့် တပ်ဖွဲ့ဝင်များက မြို့လူထုလုံခြုံရေးအတွက် ကင်းလှည့်မြဲပင်။
သပိတ်ခေါင်းဆောင်များသည် လက်နက် ဘယ်ကရမလဲ၊ ဘယ်မှာရှိနိုင်သလဲ ဆိုသော မေးခွန်းကို အဖြေရှာကြရာ၌ အနီးအနားတွင် သေနတ်ရနိုင်သော နေရာသည် ရဲစခန်းပင်ဖြစ်သည်။ လွယ်လွယ်ကူကူ တောင်းကြည့်မည်။ မရပါလျှင် ရဲစခန်းကို တိုက်ခိုက်၍ လက်နက်ရယူမည်။ ရဲတပ်ဖွဲ့တွင် သေနတ်များ ရှိသည့်အတွက် သပိတ် အဖွဲ့အား တစ်နေ့ တန်ပြန်တိုက်ခိုက် ဖြိုခွဲနိုင်သည်ဟုသော အဖြေကို တွေ့ခဲ့ကြသည်။ ထို့ကြောင့် ၁၂-၉-၈၈ ရက် သပိတ်အဖွဲ့မှ ဘုန်းကြီး ဦးကောဝိဒ ခေါင်းဆောင်သော သံဃာတော် လေးငါးပါးနှင့် ကျောင်းသား လေးငါးယောက်တို့သည် ယခင်မြို့နယ်ပြည်သူ့ ကောင်စီဥက္ကဋ္ဌ အသုံးပြုသော မာဇဒါဂျစ်ကားဖြင့် ရဲစခန်းသို့ ရောက်ရှိလာကာ သိမ်းထားသော လိုင်စင်ဖြင့် ကိုင်ဆောင်သည့် လက်နက်များ ပေးအပ်ရန် တောင်းဆိုခဲ့ ပါသည်။ ထိုအခါ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက “အရှင်ဘုရားတို့ လက်နက် ကိုင်ဆောင် တာဟာ အင်မတန် အန္တရာယ်များလှပါတယ်။ အရေးအကြောင်းရှိရင် အရှင်ဘုရားတို့ လုံခြုံရေးအတွက် လိုအပ်တယ်ဆိုရင် တပည့်တော်တို့ လာရောက် စောင့်ရှောက် ပေးပါမယ်”ဟု လျှောက်ထားခဲ့ရာ လက်နက်တောင်းဆိုသော အဖွဲ့မှာ မကျေမနပ်ဖြင့် ရဲစခန်းမှ ပြန်လည်ထွက်ခွာသွားကြပါသည်။ ထိုသို့ ထွက်ခွာသွားရာ၌ မြို့နယ်တရားရုံး အနီးသို့ ရောက်ရှိခဲ့ရာ၌ လုံခြုံရေးကင်းစောင့်သူများက ကားကို တားဆီးခဲ့ကြသည်။ ထိုစဉ် ကျေးရွာမှ လူများ ထပ်မံရောက်ရှိ၍ ဝိုင်းဝန်းကြပြန်ပါသည်။ ထိုအချိန်တွင် ပြဿနာဖြစ်မည်စိုးရိမ်၍ လိုက်လာသော မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးနှင့် ရဲသားများ လက်နက်များ ကိုင်ဆောင်၍ ရောက်ရှိလာရာ ကားပေါ်မှ ဘုန်းကြီးနှစ်ပါးမှာ ကြောက်လန့်၍ ထွက်ပြေးသွားကြသည်။

ကျန်ရှိနေသော သံဃာတော်များနှင့် ကျောင်းသားများအား မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့မှူးက ညမိုးချုပ်နေပြီဖြစ်၍ ဆက်လက်သွားရန် မသင့်တော့သဖြင့် စခန်းတွင် ညအိပ်ရန် ပြောကြားခဲ့ပြီး ရဲစခန်းသို့ ခေါ်သွာသည်။ ညအိပ်ရန်အတွက် စောင်၊ ဖျာ၊ ခေါင်းအုံးများ ငှားရန်းပေးခဲ့ကြသည်။ ထိုအချိန်တွင် ထွက်ပြေးသွားသော သံဃာ ၂ ပါးက သပိတ်စခန်းသို့ ရောက်ရှိသွားရာ၌ “ဘုန်းကြီးတွေနဲ့ ကျောင်းသားတွေကို ရဲက ဖမ်းချုပ် ထားလိုက်သည်”ဟု ပြောပြရာ သပိတ်စခန်းမှ မကျေမနပ်ဖြစ်ကာ အင်အား ၂၀၀ ခန့် လူစုပြီး လိုက်လာခဲ့ကြသည်။ တန့်ဆည်မြို့ရှိ လုံခြုံရေးကင်းများကလည်း “ဒီကောင်တွေ သိပ် လူပါးဝတယ်” ဟု ဆိုကာ အင်အား ၂၀၀ ကျော် လူစုပြီး သပိတ်စခန်းသို့ လိုက်သွား ကြရာ ယခင်မြို့နယ်ပြည်သူ့ကောင်စီရုံးရှေ့၌ ရင်ဆိုင်တွေ့ခဲ့ကြပါသည်။ ထိုအချိန်မှာ ည ၉ နာရီခွဲကျော်နေပြီ ဖြစ်ပါသည်။

ရင်ဆိုင်တွေ့ကြသော နှစ်ဖက်အုပ်စုသည် တစ်ဖက်နှင့်တစ်ဖက် ခွများ၊ ခဲများဖြင့် ပစ်ခတ် တိုက်ခိုက်ကြတော့သည်။ ထိုတိုက်ခိုက်မှုသတင်းကို ကြားသိရသော မြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့မှူးနှင့် ရဲသား ၁၅ ယောက်ခန့်တို့ လိုက်လာကာ သေနတ်ပစ်၍ လူစုခွဲခဲ့ရာ သပိတ်စခန်းမှ တစ်ဦး ပေါင်တွင် ထိမှန်ခဲ့သည်။ လူစုလည်းကွဲသွားခဲ့ပါသည်။ သို့ရာတွင် သပိတ်အဖွဲ့က ရဲသားများသည် တန့်ဆည်မြို့ဘက်မှ ပါဝင်၍ မိမိတို့ကို တိုက်ခိုက်ခဲ့သည်ဟု မကျေမနပ်ဖြစ်ခဲ့ကြပါသည်။ ထို့ကြောင့် ညတွင်းချင်း ပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ လှည့်လည်၍ “ ဘုန်းကြီးနဲ့ ကျောင်းသားများကို ရဲတွေက သတ်ပစ်လိုက်ကြောင်း၊ ရဲစခန်းကို စီးနင်းရန်အတွက် တစ်အိမ်တစ်ယောက် ဓားတစ်ချောင်း၊ လှံတစ်ချောင်း ကိုင်ဆောင်လိုက်ပါကြရမည်ဖြစ်ကြောင်း၊ မလိုက်ပါသော အိမ်ကို မီးရှို့” ပစ်ပြီး သတ်ပစ် မည်ဟု ခြိမ်းခြောက်စည်းရုံးမှုကို အသံချဲ့စက်များဖြင့် ပြုလုပ်ကြသည်။ ရဲစခန်းတွင် ညသိပ်ထားသော ဘုန်းကြီးနှင့် ကျောင်းသားများကို မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှူးက ၁၃-၉-၈၈ ရက်နေ့ နံနက်စောစော နှစ်နာရီခန့်တွင် သပိတ်စခန်းသို့ပြန်ရန် စေလွှတ်ပေးခဲ့ကြ ပါသည်။
၁၃-၉-၈၈ ရက်နေ့ကား တန့်ဆည်မြို့နယ်၏ အလှအပများကို အကျည်းတန် အရုပ်ဆိုးစေ သောနေ့၊ ရက်စက်ကြမ်းကြုတ်မှုများ သရဖူဆောင်းသော နေ့တစ်နေ့ ဖြစ်ခဲ့ရပါသည်။ ထိုနေ့ နံနက် ၆ နာရီခန့်တွင် သပိတ်အဖွဲ့က အရေးပေါ်အစည်းအဝေး ပြုလုပ်ရာ၌ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူး ဦးသန်းမြင့််သည် မြို့လူထုဘက်မှ ဘက်လိုက် ခဲ့ကြောင်း၊ ထို့ကြောင့် ရဲစခန်းအား စီးနင်းတိုက်ခိုက်ရန်နှင့် မြို့နယ်ပြည်သူ့ ရဲတပ်ဖွဲ့မှူးနှင့် ဒုရဲအုပ်ကျော်ဆွေတို့အား ရှင်းလင်းပစ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့နောက်နံနက် ၇ နာရီခွဲခန့်တွင် ခြိမ်းခြောက်စည်းရုံးခဲ့သော ရွာသားများ တုတ်၊ ဓား၊ လှံကိုင်ဆောင်၍ ချီတက်လာသော အင်အားတစ်သောင်းကျော်တို့ဖြင့် စခန်းအား ဝိုင်းခဲ့ကြသည်။

ရဲစခန်းကို ဝိုင်းနေသော လူအုပ်ကြီးကို ခေါင်းဆောင်သူမှာ သပိတ် စခန်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ အသက် ၂၃ နှစ်ရှိ ချိုထွန်းဆိုသူဖြစ်သည်။ ချိုထွန်းက ရဲစခန်းကို ဝိုင်းထားပြီးဖြစ်သဖြင့် ရဲသားများအားလုံး လက်နက်ချရန် တောင်းဆိုခဲ့ပါသည်။ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးနှင့် ရဲသားများသည် မိသားစုများကိုခေါ်၍ ကာဘိုးဆည်ရှိ တပ်မတော်စစ်ကြောင်းနှင့် သွားရောက် ပူးပေါင်းရန် ဆုံးဖြတ်ကြသည်။ ထို့သို့ဆုံးဖြတ်ခဲ့ရသည်မှာလည်း သံဃာတော် တစ်ချို့နှင့် မြို့မိမြို့ဖ အချို့က ဆန္ဒပြသူများကို ပြန်လည်ပစ်ခတ်ပါက မြို့လူထု နစ်နာမည် ဖြစ်ကြောင်း၊ ယခုလာသူတို့တွင် အကြမ်းဖက်သူများ ပါသဖြင့် ရဲကပစ်ခတ်ခြင်း မပြုပါရန် လာရောက် မေတ္တာရပ်ခံခဲ့ကြသည့်အတွက် မြို့နယ်ရဲမှူးက မြို့လူထုကို ငဲ့ညှာသော အားဖြင့် ရဲစခန်းကိုစွန့်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းပင်ဖြစ်သည်ဟု သိရသည်။
မြို့နယ်ရဲမှူးနှင့် ရဲသားများ၊ မိသားစုများ စခန်းကိုစွန့်ခွာ၍ လယ်ကွင်းအတွင်း ရောက်ရှိ သည် ဆိုလျှင်ပင် အကြမ်းဖက်သမားအချို့က ရဲစခန်းကို မီးရှို့ကြသည့်နည်းတူ တချို့ရဲတန်းလျားများကို မီးရှို့ဖျက်ဆီးကြသည့်အပြင် ပရိဘောဂ ပစ္စည်းများကိုပါ လုယက်ယူငင်ခဲ့ကြ ပါသည်။

မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ရဲစခန်း၏အရှေ့ဘက် တစ်ဖာလုံခန့် အကွာ လယ်ကွင်းထဲသို့ ရောက်ရှိကြရာ၌ အကြမ်းဖက်လူအုပ်က ရဲတပ်ဖွဲ့ဝင်များအား ထပ်မံဝိုင်းခဲ့ကြသည်။ မိသားစုများကို အလယ်တွင်ထားကာ ရဲတပ်ဖွဲ့ဝင်များက သေနတ် ဖြင့်ပစ်ခတ် လူစုခွဲရန် မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးထံ ပစ်မိန့်တောင်းခံခဲ့ကြပါသည်။ ထို အခြေအနေနှင့် ပတ်သက်၍ အကြမ်းဖက်သမားများ ဝိုင်းဝန်းဖမ်းဆီးရာ၌ ပါဝင်ခဲ့သူ ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုတင်အောင်နှင့် ကိုနေဝင်းတို့က “ကျွန်တော်တို့ရဲစခန်းနဲ့ တန်းလျားတွေကို မီးရှို့တာတွေ့ရတော့ အတော် စိတ်မကောင်းဖြစ်မိတယ်။ ဒါကြောင့် ပြန်ပစ်မယ်လို့ အချင်းချင်းပြောကြတဲ့အခါမှာ မြို့နယ်မှူးနဲ့ ရဲအုပ်ခင်မောင်သန်းတို့က မပစ်ကြဖို့ ပြောခဲ့တဲ့အတွက် လူငယ်တွေနဲ့ အငြင်းပွား ခဲ့ကြပါတယ်။ ဒါပေမဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးက အမိန့်မပေးခဲ့တဲ့အတွက် အထက်အရာရှိရဲ့ အမိန့်ကိုနာခံကြတဲ့ ကျွန်တော်တို့ အနေနဲ့ သေနတ်နဲ့ပြန်မပစ်ခဲ့ကြပါဘူး၊ အဲဒီအချိန်မှာပဲ သပိတ်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ချိုထွန်းဟာ ရဲတပ်ဖွဲ့မှူးအနားကို ကပ်လာပါတယ်။ ချိုထွန်းက “ဦးသန်းမြင့်၊ စဉ်းစားပါအုံး၊ လက်နက်ချပါ။ လူထုနဲ့ပေါင်းရင် ဘာမှမဖြစ်နိုင်ဘူး။ ကလေးတွေ၊ မိန်းမတွေ ဒုက္ခရောက်ကုန်ပါလိမ့်မယ်။ လက်နက်ချရင် တပ်ဖွဲ့ဝင် အားလုံးကို ကျွန်တော်တို့ တာဝန်ယူပါတယ်”ဟု ထပ်ခါတလဲလဲ ပြောနေခဲ့ပါတယ်။ “ဆရာလည်း ဘယ်လိုဆုံးဖြတ်လိုက်သလဲတော့ မသိပါဘူး။ ဆရာ့ခြောက်လုံးပြူးကို ချိုထွန်းလက်ထဲ ပေးလိုက်တာ တွေ့လိုက်ရပါတယ်”ဟု လည်းကောင်း၊ ဒုရဲအုပ် အောင်ကျော်မိုး က “ဆရာက ချိုထွန်းကို သူ့ခြောက်လုံးပြူးပေးလိုက်တော့ ချိုထွန်းက လူအုပ်ဘက်ကို ခြောက်လုံးပြူး မြှောက်ပြလိုက်ပါတယ်။ ဓားတွေ၊ လှံတွေကိုင်ထားတဲ့ အကြမ်းဖက် သမားတွေဟာ ရှေ့ကိုတိုးလာကြပါတယ်။ နောက်ပြီး ကျွန်တော်တို့ တစ်တွေကို လှံနဲ့တေ့ထားကြပါတယ်။ ကျွန်တော်တို့သေနတ်တွေကို ဆွဲယူကြပါတယ်။ ကျွန်တော်တို့ လည်း ဆရာက သေနတ်ပေးလိုက်တော့ ဘာလုပ်ရမယ်မသိဘူး၊ ဒါနဲ့ကျည်ဆံကဒ်တွေ ဖြုတ်ပြီး သေနတ်ကို ပေးလိုက်ကြပါတယ်။ ကျွန်တော်တို့နဲ့ ပါလာတဲ့ ကျည်ဆံတွေကိုတော့ အောက်ကိုပစ်ချပြီး ရွှံ့ဗွက်ထဲရောက်သွားအောင် ခြေထောက်နဲ့ နင်းခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ ဆရာ့အနားရောက်လာခဲ့ကြတဲ့ အကြမ်းဖက်သမား အချို့ဟာ ဆရာ့ကို ဓားနဲ့လှမ်းခုတ်လိုက်တဲ့အတွက် ဆရာ့ပါး တစ်ခြမ်းမှာ အသားမရှိတော့ဘဲ သွားတွေတောင် ပေါ်လာတာ တွေ့ရပါတယ်။ တချို့ကလည်းဆရာ့ကို ဓားနဲ့ဝိုင်း ခုတ်ကြပါသေးတယ်။ ကျွန်တော်တို့ကိုလည်း လောက်လေးခွ၊ ခဲတွေနဲ့ပစ်တော့ မလှမ်းမကမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းဆီ အရောက် ပြေးခဲ့ကြပါတယ်။ ကျောင်းပေါ် တက်ပြေးကြသူတွေရှိသလို ကျောင်းအောက်မှာ ပုန်းနေ ကြတဲ့သူတွေလည်း ရှိပါတယ်။ ဆရာဦးသန်းမြင့်လည်း ဒဏ်ရာတွေနဲ့ နောက်ကလိုက် လာတာတွေ့ရပါတယ်။ ဆရာ ဦးသန်းမြင့်ကို ဒုရဲအုပ် ဦးခင်မောင်မြင့်လို့ ထင်ပါတယ်၊ ကျောင်းပေါ်ကို တွဲပြီးခေါ်လာခဲ့တာ ကို တွေ့ရပါတယ်”ဟု ပြောပြကြပါသည်။

ထိုသို့ အခြေအနေများ ရှုပ်ထွေးနေချိန် ဒုရဲအုပ်၊ စခန်းမှူး ဦးခင်သိန်းမှာ ကျောင်း လှေကားအပေါ်သို့ ပြေးတက်လာစဉ် အကြမ်းဖက်သမားအချို့တို့က ဓားလှံများဖြင့် ဝိုင်းဝန်းထိုးသတ်ခဲ့ကြပါသည်။ ထိုးခုတ်ထားသော ဓား၊ လှံဒဏ်ရာများဖြင့် မသေမရှင် ဖြစ်ကာ လဲကျတော့မည့် ဦးခင်သိန်းအား ချိုထွန်းက ခြေက်လုံးပြူးဖြင့် နှစ်ချက်ဆင့် ပစ်ခဲ့ပြန်ပါသည်။
ရဲတပ်ဖွဲ့ဝင်များ ဘုန်းကြီးကျောင်းပေါ်သို့ တက်ရောက်ပုန်းအောင်းနေရာ၌ အကြမ်းဖက် သမားများက ကျောင်းကိုဝိုင်းထားကာ လောက်လေးခွများ၊ ခဲများ၊ ဂျင်ကလိ စသည် များဖြင့် ပစ်ပေါက်နေကြပါသည်။ ထိုအတောအတွင်း ငှက်ပျောခြံအနီး၌ ပုန်းအောင်းနေသော ရဲတပ်သား ကိုဘိုမောင်ကို အကြမ်းဖက်သမားအချို့က တွေ့ရှိ သွားခဲ့ပြန်ပါသည်။ ရဲတပ်သား ကိုဘိုမောင်ကို အကြမ်းဖက်သမားအချို့က ဆွဲခေါ် လာပြီးနောက် ဘုန်းကြီးကျောင်းလှေကားရင်း၌ ဓား၊ လှံ စသည့် လက်နက်များဖြင့် ဝိုင်းဝန်းခုတ်သတ်လိုက်ကြသည်။ ထို့နောက် အသတ်ခံရသည့် ဒုရဲအုပ်၊ စခန်းမှူး ဦးခင်သိန်းနှင့် ရဲတပ်သား ကိုဘိုမောင်တို့၏ ခေါင်းများကိုဖြတ်ကာ အောင်ပြီအောင်ပြီဟု အော်ဟစ်ကြပြီး သပိတ်စခန်းသို့ ယူဆောင်သွားခဲ့ကြပါသည်။
ရဲတပ်သားကိုဘိုမောင်အား အကြမ်းဖက်သမားအချို့ တွေ့ရှိ ဆွဲထုတ် ခေါ်ယူ သွားခြင်းနှင့် ပတ်သက်၍ ဇနီးဖြစ်သူ အသက် ၅၄ နှစ်ရှိ ဒေါ်ကျင်ရီ ( ရဲတပ်သား များက ဒေါ်ရှမ်းဟုခေါ်သူ) က “ကျွန်မလည်း ကြောက်ကြောက်နဲ့ ထွက်ပြေးခဲ့တာ ကလေးတွေနဲ့ ကွဲသွားပါတယ်။ တစ်နေရာရောက်တော့ ကျွန်မဝပ်နေတုန်းမှာ ကျွန်မ ယောင်္ကျား ကိုဘိုမောင်က ရောက်လာပါတယ်။ ကျွန်မကရှင်မပြေးဘူးလား၊ ပြေးလေလို့ ပြောတော့ ကိုဘိုမောင်က ငါ့မှာ ဘာအပြစ်မှ မရှိပါဘူး ကွာ၊ မပူပါနဲ့၊ သူတို့ ဘာမှလုပ်မှာ မဟုတ်ပါဘူး၊ မင်းသာ လွတ်အောင်ပြေးလို့ ပြန်ပြော ပါတယ်။ ကျွန်မက ရှင်ဝတ်ထားတဲ့ စစ်စွပ်ကျယ်ကို ချွတ်လိုက်အုံးဆိုတော့ ကိုဘိုမောင်က စွပ်ကျယ်ချွတ်ပေးတဲ့အပြင် ဆေးလိပ်တွေပါ ပေးပါတယ်။ အဲဒီအချိန်မှာဘဲ ဘုန်းကြီးတစ်ပါးနဲ့ လူတစ်ချို့ ရောက်လာပြီး ဒီကောင်လည်း ရဲပဲ ၊ ဖမ်း ဖမ်းဆိုပြီး ခြေထောက် နဲ့ကန်ကြ၊ ကြိုးနဲ့ တုပ်ပြီး ရိုက်နှက် ခေါ်သွားကြပါတယ်။ ကျွန်မက မလုပ်ကြပါနဲ့၊ အဘိုးကြီးဖြစ်နေပြီ၊ သက်သက်ညှာညှာ လုပ်ကြပါလို့ တောင်းပန်တဲ့အခါ ခင်ဗျားပါ သေချင်သလားဆိုပြီး ကျွန်မကို တွန်းပစ်ခဲ့ ပါတယ်ရှင်၊ အဲဒီအချိန်ကစပြီး ကျွန်မယောင်္ကျားကို မတွေ့ရတော့ပါဘူး”ဟု မျက်ရည် စမ်းစမ်းဖြင့် ပြောပြခဲ့ပါသည်။
ဘုန်းကြီးကျောင်းတွင် ပုန်းအောင်းနေကြသော ရဲတပ်ဖွဲ့ဝင်များအနက် တပ်ဖွဲ့ဝင် အချို့ကို ယူနီဖောင်းများ ချွတ်ခိုင်းကာ အကြမ်းဖက်သမားများ မသိအောင်သပိတ်စခန်းသို့ ခေါ်ထုတ်သွားကြသည်။ ဒုတိယအသုတ်အဖြစ် ကျန်တပ်ဖွဲ့ဝင် များကို ခေါ်ထုတ်ရာ၌ အကြမ်းဖက်သမားများက သိရှိသွားကာ လှံ၊ ဓားများဖြင့် ထိုးနှက်မည် ပြုလုပ်သဖြင့် ချိုထွန်းက သေနတ်နှစ်ချက် ပစ်ဖောက်၍ ဟန့်တားခဲ့သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များအား လက်တစ်ဖက်ကို အပေါ်သို့ မြှောက်ထားစေပြီး ကျန်လက်တစ်ဖက်ကို ဝါယာကြိုးများဖြင့် ပူးတွဲချည်နှောင်၍ ခေါ်ဆောင်သွားကြရာ လမ်းတစ်လျှောက်လုံး တစ်ယောက်တစ်ချက် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသည်။ မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသန်းမြင့်ကိုမူ ဒဏ်ရာများရှိသဖြင့် ထွန်စက်ကားဖြင့် ခေါ်ဆောင် လာခဲ့ကြသည်။ ရွှေကတော်ဘုရားဝင်းအတွင်း ဖွင့်လှစ် ထားသော သပိတ်စခန်းသို့ ရောက်ရှိကြရာ၌ သပိတ်စခန်းအပြင်မှ အကြမ်းဖက်သမား များက ရဲမှူးအားထုတ်ပေးရန် အော်ဟစ် တောင်းဆိုကြပါသည်။ ရဲမှူးအား သတ်ဖြတ်ရန် ကြိုတင်စီစဉ်ထားသည်မှာ အကြမ်းဖက်သမားများရှေ့တွင် စားပွဲတစ်လုံးနှင့် ဓားတစ်ချောင်း ချထားပါသည်။ အသတ်ခံရမည့် သူသည် စားပွဲပေါ်တွင် မှောက်လျက် အနေအထား လည်စင်း ပေးသည့်အခါ ခေါင်းဖြတ်သတ်ရန် စီစဉ် ထားပါသည်။

အကြမ်းဖက်သမားများက ရဲမှူးအား အော်ဟစ်တောင်းဆိုနေစဉ် သပိတ်အဖွဲ့ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဇော်ရဲနိုင်က အသံချဲ့စက်ဖြင့် “ဦးသန်းမြင့်ကို ခင်ဗျားတို့ ခွင့်မလွှတ်နိုင်ဘူးလား” မေးမြန်းရာ အကြမ်းဖက်သမားများက ခွင့်မလွှတ်နိုင်ဘူး၊ အခုချက်ချင်း ထုတ်ပေးပါဟု အော်ဟစ်တောင်းဆိုကြသည်။ ထိုအခါ ရဲမှူးသန်းမြင့်က စကားပြောခွင့် ပြုရန် တောင်းခံပြီး အသံချဲ့စက်ဖြင့် “ကျွန်တော်ဟာ ပြည်သူလူထုဘက်ကို ဘယ်တော့မှ ပြောင်းဝမလှည့်ခဲ့ပါဘူး၊ အခုလည်းကျွန်တော့်မှာ ဒဏ်ရာတွေ အပြင်းအထန် ရရှိနေပါပြီ၊ ဒီလောက်နဲ့ကျေနပ်ကြစေလို ပါတယ်၊ ကျွန်တော်အသက်ကို ချမ်းသာ ပေးကြပါ” ဟု တောင်းပန်စကား ပြောဆိုခဲ့ရာ ဇော်ရဲနိုင်က “ဦးသန်းမြင့် တောင်းပန်တာ ခင်ဗျားတို့ ကျေနပ်ကြသလား”ဟု သုံးကြိမ် မေးမြန်းရာ အကြမ်းဖက် သမားများက “လုံးဝ မကျေနပ်ဘူး” ဟု ပြန်လည်အော်ဟစ်ခဲ့ကြပါသည်။ အတိုင်အဖောက် ညီညီဖြင့် မေးမြန်းမှုပြီးဆုံးသွားသည့်အခါတွင် ဇော်ရဲနိုင်က “ခင်ဗျားတို့ အထဲက အမာခံတွေ ဦးသန်းမြင့်ကို လာပြီးခေါ်ထုတ်ပါ” ဟု ကြေညာလိုက်ရာ အကြမ်းဖက် သမားနှစ်ဦးက ရဲမှူးကို လာခေါ်ထုတ်သွားကြပါသည်။ သတ်ရန်ပြင်ဆင်ထားသည့် စားပွဲအထိပင် မစောင့်တော့ဘဲ ဘုရားဝင်းအပြင် ရောက်သည်နှင့် တစ်ပြိုင်တည်း အကြမ်းဖက် သမားများက ဓား၊ လှံများဖြင့် ဝိုင်းဝန်းထိုးခုတ်ကာ ရဲမှူး၏ ခေါင်းကို ဖြတ်လိုက်ကြသည်။ ဤမျှရက်စက်ကြမ်းကြုတ် ယုတ်မာလှစွာသော မြင်ကွင်းကို တွေ့မြင်ကြရသည့်အခါ လူအုပ်ကြီးမှာ စိတ်မချမ်းမသာစွာဖြင့် ပြန်သွားကြပါသည်။
သို့ရာတွင် အကြမ်းဖက်သမားလူတစ်စု ကျန်ရှိနေခဲ့ပါသေးသည်။ ထိုလူစုက ဒုရဲအုပ် ခင်မောင်သန်းကို ထုတ်ပေးရန် အော်ဟစ်တောင်းဆိုခဲ့ကြပြန်ပါသည်။ အချိန်ကား ညနေ ၄ နာရီ ၄၅ မိနစ်ခန့်ရှိပါသည်။ ဇော်ရဲနိုင်က “ခင်မောင်သန်းမှာ ဘာအပြစ်ရှိလို့လဲ”ဟု အသံချဲ့စက်ဖြင့် မေးမြန်းရာ အကြမ်းဖက်သမားတစ်စုက ခြေထောက်တစ်ဖက် ဖြတ်ထားသော ကလေးငယ်တစ်ဦးကို မြှောက်ပြခဲ့ပါသည်။ ထိုကလေးငယ်မှာ အထက်တွင် ဖော်ပြထားသည့် ဒေါင့်ကြီးကျေးရွာ ချယားပင်ကျောင်းကိစ္စနှင့် ပတ်သက်၍ တစ်ဖက်နှင့် တစ်ဖက် ပဋိပက္ခဖြစ်ကြစဉ်က ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ရပြီး သေနတ်ဖြင့် ပစ်ခတ်လူစုခွဲရာ၌ ကလေးငယ်၏ ခြေထောက်ကို ထိမှန်ဒဏ်ရာရရှိခဲ့ပါသည်။ ထိုစဉ်က တာဝန်ကျခဲ့သူမှာ ဒုရဲအုပ် ခင်မောင်သန်း ဖြစ်သည့်အတွက် ခင်မောင်သန်းအား အော်ဟစ်တောင်းဆို ခဲ့ကြခြင်းပင် ဖြစ်ပါသည်။

(ဆက်ပါဦးမည်)
From:[_ PPtm_]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 5, 2014

8888 မှာ လုံထိန်းတွေ တက္ကသိုလ်ကျောင်းသူတွေကို မုဒိန်းကျင့်တယ်ဆိုတဲ့ ဇာတ်ရှုပ် BBC ဖန်တီးခဲ့ခြင်းသာဖြစ်


ဒီကနေ့  ဘီဘီစီက ရေးသားဖော်ပြလိုက်တဲ့ …၈၈ခုနှစ် အရေးအခင်းမှာ ….လူထုကို ဦးသိန်းစိန် ပစ်ခတ်နှိမ်နှင်းခဲ့သလားဆိုတဲ့ ဆောင်းပါးဟာ …ဖော်ပြပြီး ၅နာရီလောက်အကြာမှာပဲ ….ဘီဘီစီ ပေ့ခ်ျမှာ ၀ိုင်းဝန်းအားပေး ထောမနာပြုကြတဲ့ …ဖေ့စ်ဘုတ်ကာတွေရဲ့ ကောမန့် များအောက်မှာ …ဘီဘီစီ အနေနဲ့  အတော်ကို ဂွမ်းသွားခဲ့ပါတယ် …

အဓိပ္ပာယ်ကတော့ …ဒီကနေ့ လူထုဟာ …၁၉၈၈ ခုနှစ် လူထု မဟုတ်တော့သလို …ဒီကနေ့ ခေတ်ဟာလဲ ….စတုတ္ထမဏ္ဍိုင် တစ်ခုတည်းသာမက ….ပဉ္စမ မဏ္ဍိုင် လူမှုကွန်ယက်တွေ ပါ ….ပေါ်ပေါက်နေတဲ့ ခေတ်ကို …ရောက်ရှိနေပြီမို့ လို့ ပဲ ဖြစ်ပါတယ် ….

ဒါပေမယ့် လွန်ခဲ့တဲ့ ၂၆ နှစ် အချိန်ကာလကတော့ …ဒီလိုမဟုတ်ခဲ့ပဲ ….ဘီဘီစီ ပြုသမျှ …
ကျွန်တော်တို့ နုခဲ့ရဖူးပါတယ် ….

တိတိကျကျ ပြောရရင်တော့ …၁၉၈၈ခုနှစ် သြဂုတ်လ ၆ရက် …ည ၈ နာရီ ၄၅ မိနစ် မြန်မာပိုင်းအစီအစဉ် ကဏ္ဍ …ထုတ်လွှင့်ချက်ပါ ….

သတင်းကတော့ ….အင်းစိန်ထောင်ထဲမှာ …လုံထိန်းများက အကြိမ်ကြိမ် မုဒိန်းပြုကျင့်ခံခဲ့ရပါတယ်ဆိုတဲ့  …
မိန်းကလေးများနဲ့  တွေ့ ဆုံခန်းကို ထုတ်လွှင့်လိုက်တာပါ ….

ကျွန်မ ဘေးအခန်းက မိန်းကလေးတွေရဲ့ ….သနားစဖွယ် အော်ဟစ် ငိုရှိုက် ….တောင်းပန်သံတွေကို ကြားနေရတယ် …ကျွန်မတို့ ကို ….တစ်ယောက်ပြီး တစ်ယောက် …အကြိမ်ကြိမ် ၀င်လာ မုဒိန်းကျင့်နေတယ် …မုဒိန်းကျင့်ခံရတဲ့  မိန်းကလေး ကိုးယောက်မှာ …သုံးယောက်က ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပြီး ….ကျန်တဲ့သူတွေမှာ ကိုယ်ဝန်ဖျက်ချတဲ့သူဖျက်ရ …ဘ၀ပျက်တဲ့ သူ ပျက်ရ ဆိုတဲ့ အကြောင်း …ကာယကံရှင် မိန်းကလေးကိုယ်တိုင် ရှင်းပြနေတာကို …ထုတ်လွှင့်ပေးလိုက်တာပါ ….

တစ်ပြည်လုံးက ပြည်သူတွေဟာ…သတင်းကို နားထောင်နေရင်း နားထောင်နေရင်း
ခြေဖျားလက်ဖျားတွေ အေးစက်လာပါတယ် ….ပတ်ဝန်းကျင်လေထုဟာ ရုတ်တရက် ငြိမ်ကျသွားတယ် …

လူတွေအားလုံးရဲ့ မျက်နှာဟာ …တစ်စ တစ်စ တင်းမာလာကြတယ်…

တစ်ချက်တစ်ချက် ကျတော့ …စုပ်သပ်သံလေး သဲ့သဲ့ ကြားရတယ် ….နားဆင်နေရင်းပဲ ….
တစ်ချို့ ကတော့ မျက်ရည်တွေကျနေကြတယ်သတင်းအပြီးမှာတော့ …အားလုံးရဲ့ မျက်နာဟာ အံကြိတ်ထားလို့ …မေးကြောကြီးတွေ ထောင်ထောင်ထ …မျက်လုံးတွေကလဲ …မီးတောက်မီးလျှံတွေလို ရဲရဲနီ ကုန်ကြပါပြီ ….


ဒီလောက်ဆိုရင်တော့ …နောက်တစ်နေ့  လမ်းမတွေပေါ်မှာ …ဘာတွေဆက်ဖြစ်ကုန်မလဲ ….
ကျွန်တော်တို့ မှန်းဆလို့ ရနိုင်ပါပြီကော ….

ကောင်းပါပြီ …
ဒီသတင်း ဘယ်လိုဖြစ်လာခဲ့ပါသလဲ ….ဘယ်လို အသံသွင်းယူခဲ့ကြသလဲ ….
ကျွန်တော်တို့ တစ်ချက် လောက် …နောက်ကြောင်းပြန် ကြည့်ကြရအောင်ပါလား ခင်ဗျာ ….

ဘီဘီစီ သတင်းထောက် ခရစ္စတိုဖာ ဂါးနက်ဟာ …၁၉၈၈ခုနှစ် သြဂုတ်လထဲမှာ …
စမ်းချောင်းမြို့ နယ် ၊ ကျွန်းတောတောင်ရပ်ကွက် ချမ်းသာလမ်း ၊အိမ်အမှတ် ၁၈ …
ကိုအောင်မျိုးထွန်း ရဲ့ နေအိမ်မှာ …ဒီရေဒီယို ထုတ်လွှင့်ချက် အစီအစဉ်ကို …
အသံသွင်းဖို့ လုပ်ခဲ့ကြပါတယ် ….

စီစဉ်သူက ကိုနေမင်း …၀ိုင်းဝန်း ကူညီဆောင်ရွက်သူတွေက …ကိုတင်မောင်ထွေး ၊ ကိုဌေးအောင်၊ကိုဌေးကြွယ် နဲ့  ….ကို ကိုကိုလတ်တို့ ဖြစ်ကြပါတယ် …အမျိုးသမီး တွေကတော့ …
မအေးငြိမ်းသူ နဲ့ တစ်ခြားကျောင်းသူ တစ်ဦး ဖြစ်ပါတယ် ….

မအေးငြိမ်းသူ က အကူအညီတောင်းလို့  …ဘုမသိ ဘမသိ အသံသွင်းခဲ့တဲ့သူပါ ….အသံလွှင့်အစီအစဉ် မစတင်မီ …အဲဒီ မုဒိန်းကျင့်ခံရတဲ့ မိန်းကလေးတွေနဲ့  ….တွေ့ ချင်တယ်လို့ ပြောတော့….
အသံသွင်းပြီးရင် လိုက်ပို့ ပေးမယ်လို့ ပြောပြီး …စာရွက်မှာရေးထားတာတွေကို ဖတ်ပြ …စိတ်တိုင်းကျ အသံသွင်းပြီးတဲ့ နောက်မှာ …အချိန်မရတော့လို့ ….နောက်မှပဲ ပို့ တော့မယ်လို့ ပြောပြီး …
မလိမ့်တပတ်လုပ် …ရှောင်ထွက်သွားခဲ့တယ်လို့  ဆိုပါတယ် …

ဘယ်လိုပဲ ဖြစ်ဖြစ် အသံသွင်းတာကတော့ …အောင်မြင်စွာ ပြီးစီးသွားခဲ့ပါပြီ …
ကြိုတင် နှပ်ကြောင်းပေး လှုံ့ ဆော်နေတဲ့  …၈.၈.၈၈ ရက်နေ့ မတိုင်မီ တစ်ရက်အကျော် …
၆.၈.၈၈ ရက်နေ့ မှာ ..ဒီအသံလွှင့်ဇာတ်လမ်းကို ဗုံးခွဲသလို …ဖောက်ခွဲ ထုတ်လွှင့်ပြစ်ခဲ့ပါတယ် ….

နောက်ပိုင်း ဘာတွေဆက်ဖြစ်ကုန်သလဲဆိုတာတော့…၈၈ ကို မီတဲ့သူတွေ အားလုံး သိကြပါတယ် …

သမိုင်းဟာ ညာလို့ မရပါဘူး …ဒီကိစ္စထဲပါခဲ့တဲ့  ၈၈ မျိုးဆက် ကိုဌေးကြွယ်တို့ လဲ …အခု လက်ရှိ ငုတ်တုတ်ကြီး ရှိနေတာပါပဲ …

ဟုတ်မဟုတ် ဆိုတာ ….သမိုင်းအမှန်ကို သိချင်စိတ်ရှိတဲ့  …သတင်းထောက် တစ်ယောက် က ….
သွားမေးကြည့်ရဲဖို့ ပဲ လိုပါတယ် ….

၈၈ အရေးအခင်း မှာ …သင်ရော လိပ်ပြာလုံခဲ့ပါသလား ဘီဘီစီ …..??????

From:[_ ရဲမိုး _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

May 20, 2014

၂၀၁၂ မတိုင်မီနဲ့၂၀၁၂ နောက်ပိုင်း အစိုးရနဲ့အတိုက်အခံ အခြေအနေသုံးသပ်ချက်

၂၀၁၂ မတိုင်မီ ..
အုပ်စု နှစ်ခုပဲရှိတယ် အစိုးရဘက်နဲ့အတိုက်အခံဘက် ..
အစိုးရဘက်မှာ ကြံ့ဖွတ်နဲ့တပ်မတော်ပါဝင်တယ်
အတိုက်အခံဘက်မှာသံဃာထုတစ်ရပ်လုံးနဲ့ ယခုအမျိုးသားရေးသမားများ
အပါအ၀င် ပြည်သူလူထုတစ်ရပ်လုံးပါဝင်ကြတယ် ..
စစ်အာဏာရှင်တွေကြောင့် ပြည်သူတွေက တပ်မတော်ကိုလည်း ရွံကြောက်ကြီး
ကြောက်ခဲ့ကြတယ် ကြံ့ဖွတ်ကိုလည်းမုန်းတီးကြတယ် အစိုးရကိုလည်းလုံးဝမကြိုက်
ကြဘူး အတိုက်အခံဘက်ကိုကျတော့ အားလုံးက မျှော်လင့်အားကိုးကြီးစွာနဲ့ ပုံအောထားကြတယ် ..


၂၀၁၂ ပြီးနောက် ..
အုပ်စု သုံးခုဖြစ်သွားတယ် အစိုးရ၊ အတိုက်အခံနဲ့ အမျိုးသားရေး ..
အစိုးရဘက်မှာ ကြံ့ဖွတ်နဲ့ တပ်မတော်ပါဝင်တယ် ..
အတိုက်အခံဘက်မှာ သံဃာထုတစ်ရပ်လုံးမပါဝင်တော့ဘူး ပြည်သူလူထုတစ်ရပ်လုံးမပါဝင်တော့ဘူး .. ပြည်သူလူထုထဲက အမျိုးသားရေးသမားလို့ ခေါ်တဲ့ ပြည်သူတွေက အတိုက်အခံကို သဘောမကျတော့ဘူး၊ သံဃာထုထဲက အမျိုးသားရေးသမားလို့ခေါ်တဲ့ သံဃာတွေက အတိုက်အခံကို သဘောမကျတော့ဘူး ..အမျိုးသားရေးထဲကို အတိုက်အခံကိုအားပေးခဲ့တဲ့ သံဃာတွေပါဝင်လာတယ် အတိုက်အခံကို သဘောကျခဲ့တဲ့ ပြည်သူတွေပါဝင်လာတယ် အမျိုးသားလုံခြုံရေးကိုအလေး
ထားတဲ့တပ်မတော်သားတွေပါဝင်လာတယ် ..
ဘယ်သူအောင်မြင်ပြီး ဘယ်သူကျရှုံးနေတယ်ဆိုတာ အဖြေက .....................?
တောင်အဆင်းလမ်းမှာ ဘရိတ်မမိတဲ့ ကားတစ်စီးကို ဘရိတ်မမိကြောင်း
အသိမပေးပဲ တက်မောင်းခိုင်းရင် လုပ်ကြံတာပဲ ..
မှောင်မည်းနေတဲ့လမ်းမှာ ဒီလမ်းအတိုင်းဆက်သွားရင် ချောက်ထဲကျမယ်ဆိုတာ
သိသိကြီးနဲ့ လမ်းကောင်းပါတယ် ရောက်တော့မယ် ဆက်သွားပါဆိုပြီး တိုက်တွန်းနေရင် လုပ်ကြံတာပဲ ..
အဲ့ဒီ့လိုပဲ ကျရှုံးနေမှန်းသိသိကြီးနဲ့ အောင်မြင်နေပါတယ် လူထုတစ်ရပ်လုံး ပါဝင်နကြပါတယ်ဆိုပြီး မြှောက်ပေးနေခြင်းကလည်း လုပ်ကြံနေခြင်းပဲဆိုတာ သဘောပေါက်ကြပါ

From:[_ Marn Htan Myo _]

(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

May 19, 2014

ဒီမိုကရေစီ ချောက်ထဲကျရန် လက်တစ်လုံးအလို

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေ ၂ ရက်တွင် ပြုလုပ်ခဲ့သော ရန်ကုန်၊ မန္တလေး ဟောပြောပွဲများတွင် အစိုးရနှင့် တပ်မတော်ကို စိန်ခေါ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းကိုနိုင်တို့ကြောင့် ဒီမိုကရေစီ ချောက်ထဲကျရန် လက်တစ်လုံးအလိုသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။ 

ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို သိက္ခာရှိရှိ ထွက်သွားရန် လိုအပ်ပြီး မထွက်ပါက မောင်းချရမည့် သဘောမျိုး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ၈၈ မျိုးဆက် ခေါင်းဆောင် မင်းကိုနိုင်ကလည်း လိုအပ်လျှင် လမ်းပေါ် လူပြည့်သွားအောင် ဖန်တီးနိုင်ကြောင်း၊ လုပ်လည်းလုပ်ပြခဲ့ပြီး ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုမှုများ ပြောကြားခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေသည် သုံးစားမရအောင် စုတ်ပြတ်နေသည့် သဘောမျိုး ဝေဖန်ခဲ့ရာ လက်ခုပ်သံ တဖြောင်းဖြောင်း ရရှိခဲ့သော်လည်း လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေမှာ စိုးရိမ်ရသည့် အနေအထားမျိုး ရောက်ရှိနေပြီ ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ထုတ်ဖော်ပြောဆိုသည်။ “အခုဆိုရင် နိုင်ငံရေးအကျဉ်းအကျပ်တစ်ခုကို ရောက်တော့မလို ကျွန်တော်တို့ ခံစားမိပါတယ်။ တစ်ဖက်ကလည်း ဒေါ်စုအတွက် ဘ၀နောက်ဆုံးချိန် နီးကပ်နေတော့ ၂၀၁၅ တစ်ခုပဲ တွက်ထားပုံရ ပါတယ်။ ဒီတော့ အရှိန်တင်လာတဲ့ သဘောပါ။ ဒါပေမယ့် တော်တော်လေးကို ပြင်းထန်တာ တွေ့ရပါတယ်။ ထိုင်းလိုမျိုး လုပ်ချင်တဲ့ပုံရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ထိုင်းနဲ့မတူဘူး ဆိုတာ အလေးထား စဉ်းစားဖို့ လိုပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းစိုးက ပြောဆိုသည်။ 

“နောက် နိုင်ငံရေး စီးပွားရေး လူမှုရေး ဘက်စုံချွတ်ခြုံကျနေတာ ၂၀၀၈ ကြောင့်လို့ ပြောတာကို ကျွန်တော်တို့ လက်မခံပါဘူး။ ၂၀၀၈ ကြောင့် အခုလို ကောင်းမွန်တဲ့ အနေအထားမျိုးကို ရောက်လာတယ် ဆိုတာကို အတိုက်အခံတွေ နားလည်ဖို့ လိုပါတယ်။ အစကတည်းက ၂၀၀၈ ပြင်ဖို့ အချိန်ပေးရမယ် ဆိုတာ တော်တော်များများ လက်ခံထားကြတာပါ။ အခု ဒေါ်စုနဲ့ ၈၈ တွေက အချိန်မပေးသင့်ဘူး ဆိုတဲ့ ရပ်တည်ချက်မျိုး ဖြစ်လာတယ်။ အင်ဒိုနီးရှားလိုပ ဖြည်းဖြည်းချင်း ပြောင်းရင် နောက်ကျသွားမယ် ဆိုပြီး ဒေါ်စု ပြောသွားတာ တွေ့ရပါတယ်။ ပြောချင်တာက ဒီနည်းလမ်း တကယ် အလုပ်ဖြစ်မယ် လို့ သူတို့ လက်ခံထားကြတာပါ။ ဒါဟာ ဒေါ်စုနဲ့ ၈၈ တွေရဲ့ အမှားကြီးအမှားတစ်ခု ဖြစ်လာနိုင်ပါတယ်။ နောက်ကြောင်း ပြန်လှည့်ရင် ကျွန်တော်တို့ ပြည်သူတွေ ဘယ်လောက် ထပ်စောင့်ရဦးမလဲ စဉ်းစားကြဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်ဘက်ခေါင်းဆောင်တွေ အာဏာကို တဖြည်းဖြည်းချင်း လက်လွှတ်ပေးနေရတာကို မကြိုက်တဲ့သူတွေ အများကြီး ရှိမှာ သေချပါတယ်။ ဦးသိန်းစိန်က တပ်ကလာလို့ ဒီလောက်အထိ ချောမွေ့ခဲ့တယ် ထင်ပါတယ်။ စစ်တပ်ကို ဒီလို မောင်းထုတ်လို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ ဆုတောင်းရမှာပေါ့။ အချိန်မီ အသိတရား ၀င်ကြဖို့ပေါ့” ဟု ၄င်းက ပြောဆိုသည်။ 

“လက်ရှိအချိန်မှာ KIO က လွတ်လပ်ရေးအတွက် တိုက်နေတာ ဆိုပြီး ပြောတယ်။ ငြိမ်းချမ်းရေးက မရေရာသေးဘူး။ ဒီကြားထဲ မူဆလင် အစွန်းရောက် အန္တရာယ်တွေ ရှိလာနိုင်သေးတယ်။ ၁၉၈၈ အခြေအနေမျိုးကို ပြန်ဦးတည်လိုက်တာကတော့ စိုးရိမ်စရာ ကောင်းနေပြီပေါ့။ ကျွန်တော်တို့ စဉ်းစားရမှာက စစ်တပ်က ၈၈ တုန်းကလို အနေအထားမျိုး မဟုတ်တော့ဘူး။ ဒေါ်စုနဲ့ ၈၈ တွေက ၈၈ တုန်းက အနေအထားမျိုးပဲ ရှိသေးတယ်။ အခုဟာက ဖောင်းဘော ဖြစ်သွားပြီ။ ဒီလို ခြိမ်းခြောက် အကျပ်ကိုင်ရင် စစ်တပ်က ဘယ်လိုတုံ့ပြန်မယ် မှန်းထားသလဲ။ ကျွန်တော်ကတော့ အံ့သြတယ်။ အသာတကြည်နဲ့ ဟုတ်ကဲ့ပါ ပြောပြီး ထွက်သွားပေးမယ် လို့ လွယ်လွယ်ကူကူ ထင်ထားကြပုံ ရတယ်။ ပြောရရင် ပိတ်ဆို့တာတွေကို နှစ် ၂၀ ကျော် သူတို့ ခံခဲ့ပြီးပြီ။ အခု ပြောင်းလဲလာတာက လမ်းပေါ်ထွက်တဲ့ ၈၈ နဲ့ NLD ကြောင့် မဟုတ်ဘူး။ သူတို့ဘာသာ ပြောင်းချင်လို့ကို ပြောင်းတာ။ ဦးသိန်းစိန် လွှတ်ပေးလို့ ၈၈ တွေ လွတ်လပ်လာတာ။ ဒါကို မမေ့ဖို့ လိုတယ်။ မလွှတ်ပေးလည်း ဘာမှ မဖြစ်ဘူး။ ပြီးခဲ့တဲ့ နှစ် ၂၀ ဘယ်သူတွေ ဘာတွေ ဖြစ်ခဲ့သလဲ။ ရှင်းရှင်းလေးပါ။ နောင်တ ဆိုတာ ပြည်သူတွေရဲ့ ဘ၀နဲ့ မလဲသင့်ဘူး ထင်ပါတယ်” ဟု နိုင်ငံရေးဆောင်းပါးရှင်းတစ်ဦးက ပြောကြားသည်။

 “ကျွန်တော်တို့ မျှော်လင့်ထားရမှာက နောက်ကြောင်းပြန်လှည့်ရင် ဘယ်လို အကောင်းဆုံး လုပ်ကြမလဲ ဆိုတာပါပဲ။ စစ်တပ်ကို ချောင်ပိတ် ရိုက်နေသလိုပဲ။ တစ်ဖက်မှာ ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်နေတဲ့ ဦးသိန်းစိန်ဘက်မှာ ကဲ...ခင်ဗျားကတော့ ပူးပေါင်းဆောင်ရွက်တယ် ဆို...အခု တွေ့ပြီ မဟုတ်လား...ဆိုတာမျိုး ဖိအားပေးတာတွေ သေချာပေါက် ဖြစ်လာတော့မယ်။ အခု ဒေါ်စု ပြောနေတာတွေကို စစ်ဘက်က သဘောပေါက်ထားတာက ဒေါ်စုဟာ စစ်တပ်နဲ့ ပြည်သူကို သွေးခွဲနေတယ် ဆိုတာမျိုးပဲ။ ဦးသိန်းစိန် ပြောထားတာလည်း ဆူဆူပူပူဖြစ်ရင် ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူပဲ နစ်နာမယ် ဆိုတာပဲ။ အစိုးရနဲ့ စစ်တပ်ဘက်မှာ ဘယ်လောက်အထိ ပြင်ဆင်ထားပြီလဲ ဆိုတာ ဒေါ်စုနဲ့ ၈၈ တွေ စဉ်းစားထားပုံ မရှိဘူး။ ရရင်ရ မရရင်ချ ဆိုတဲ့နည်းလမ်းက ဒိတ်အောက်သွားပြီ” ဟု ၄င်းက ပြောသည်။ “ဒေါ်စု လိုချင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး မရနိုင်တော့ဘူးဗျ။ ကျွန်တော်ကတော့ ဒီလိုပဲ မြင်တယ်။ ဒီနောက်ဆုံး မိန့်ခွန်း ၂ ခုနဲ့ပဲ ဒေါ်စု သမ္မတ ဖြစ်ရေး အိပ်မက် ပျက်သွားပြီ။ ကျွန်တော် သနားတာကတော့ ဘာမှ မသိတဲ့ ပြည်သူတွေပါပဲ။ သူတို့ နောက်ကြောင်းပြန်လှည့်ရင် ဘယ်လောက် စောင့်ရဦးမလဲ မသိဘူး။ သွေးထွက်သံယိုမှုတွေ အများကြီး ကြုံလာနိုင်တယ်။ ကျွန်တော့် ကလေးတွေ ကျောင်းမပြီးသေးဘူး။ သူတို့ အနာဂတ်တွေ ပြန်ပျောက်သွားမှာ စိုးတယ်။ ဘာဖြစ်လို့ ဒီလောက်အထိ ဖြစ်လာသလဲ ဆိုတာကို ဖြေရရင် ဒေါ်စုသမ္မတ ဖြစ်ရေး ပစ်မှတ်ပါပဲ။ ဒေါ်စု မလျှော့ဘူးဆိုရင် ချောက်ထဲကျရန် လက်တလုံးအလို ဆိုတာ ဖြစ်လာမှာပဲ။ နှမြောစရာ ကောင်းတာက နိုင်ငံတကာမှာ ကျွန်တော်တို့ နိုင်ငံ နာမည်ကောင်းရကာစ အခြေအနေလေး ပျောက်ဆုံးသွား တော့မယ် ဆိုတာကိုပေါ့။ အာဖရိကနိုင်ငံတွေရဲ့ လမ်းကြောင်းကို ကျွန်တော်တို့ လိုက်ရတော့မယ်။ ကျွန်တော် စိတ်ထဲမှာ ထင့်နေတယ်။ ဒါက မိုက်ရူးရဲသတ္တိပါပဲ” ဟု မဘသ အဖွဲ့ချုပ်က ပြောဆိုသည်။ 

ဒီမိုကရေစီ နုစအချိန်တွင် နေကွယ်ချိန် ရောက်လာသည်မှာ ၀မ်းနည်းစရာ ကောင်းကြောင်း၊ ပြည်သူများအနေဖြင့် နောက်ထပ် နှစ်အတော်များများ နောက်လှည့်လျှောက်ရတော့မည်လား ဟု တွေးမိကြောင်း၊ စစ်တပ်က အသင့် ရှိနေပြီ ထင်ကြောင်း၊ စစ်တပ်တွေရဲ့ အခန်းကဏ္ဍကို လျှော့တွက်တာတောတွေ သူစိုးရိမ်စရာ ဖြစ်လာမည် ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။ “ကျွန်တော်တို့က နောက်ကျတာက ဟိုဘက်က ရှေ့ရောက်နေတာ ကြာပြီ။ ဒေါ်စု သမ္မတ ဖြစ်ချင်တဲ့ ဒေါ်စုအနေနဲ့ ပြည်သူတွေရဲ့ အကျိုးကို အနည်းဆုံးတော့ ပြန်ကြည့်သင့်တယ် ထင်ပါတယ်။ နောက်ကြောင်း ပြန်လှည့်ရင် ဒ့ဟာ NLD နဲ့ ၉၉ တွေ သမိုင်းအမည်းကို ရေးတာ ဖြစ်လာတော့မယ် ထင်ပါတယ်” ဟု လေ့လာသူတစ်ဦးက ပြောသည်။ 

တပ်မတော်ဘက်မှ ကြားသိရသော အသံများအရ “လိုအပ်ရင်လမ်းတွေပေါ်မှာ လူတွေပြည့်သွားအောင် လုပ်နိုင်တယ်။လုပ်လည်းလုပ်ပြခဲ့ပြီးပြီ ဆိုပြီး မင်းကိုနိုင်က ပြောသွားကြောင်း၊ အဲဒီလို လုပ်နိုင်တဲ့ဆိုတဲ့ကောင်တွေ ဘာမှ မလုပ်နိုင်အောင် လုပ်နိုင်တယ်၊ လိုအပ်ရင် လမ်းတွေပေါ်မှာ လူတစ်ယောက်မှ မရှိအောင်လုပ်နိုင်တယ်၊ လုပ်လည်းလုပ်ပြခဲ့ပြီးပြီ ဖြစ်ကြောင်း၊ လမ်းပေါ်ထွက် ဆူပူအုံကြွ၊ ၄င်းနောက် စစ်ဘက်မှ နှိမ်နင်း၊ နေအိမ်အကျယ်ချုပ်ချ၊ ထောင်ချ၊ မတရားအသင်းများအဖြစ်ကြေညာ၊ တက္ကသိုလ်ရိပ်သာလမ်း ပြန်ပိတ်၊ နိုင်ငံ တကာက ၀ိုင်းဝန်းပိတ်ဆို့၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့တွင် စီးပွားရေး ပိတ်ဆို့တာ ဒို့မမှုပါ သီချင်းများ ပြန်လွှင့်၊ စီးပွားရေးကျပ်တည်း၊ ပြည်သူတွေ ဒုံရင်းပြန်ဆိုက်၊ ဟန်းဖုန်းဈေးတွေ တစ်လုံး ဆယ့်ငါးသိန်း ပြန်ဖြစ်၊ ကားပါမစ် တွေ ပိတ်၊ ကားဈေးတွေ ပြန်တက်၊ မီဒီယာလွတ်လပ်ခွင့် ပြန်ပိတ်၊ ဆင်ဆာ ပြန်ထား သတင်းစာတွေပိတ်သိမ်း၊ ပက်ပ်စီတွေ ကိုကာကိုလာတွေ ၈၈ တုန်းကလို ပြန်ထွက်သွား၊ ဂျပန်တွေ ပြန်ထွက်၊ .တောင်ကိုရီးယားတွေ ပြန်ထွက်၊ တရုတ် ကုမ္ပဏီတွေ အလုံးအရင်းနဲ့ ၀င်လာ၊ လက်ပံတောင်းတောင် လို စီမံကိန်း ၁၀၀ လောက် တရုတ်နဲ့ပြန်လုပ်၊ မြစ်ဆုံစီမံကိန်း ပြန်လုပ်၊ ကုလသမဂ္ဂက အော် ..အထူးကိုယ်စားလှယ် ပြည်ဝင်ခွင့်မပေး၊ ရုပ်ရှင်မင်းသားမင်းသမီးတွေ စစ်ကားတွေ ပြန်ရိုက် အဆိုတော်တွေ ပေါ်လစီသီချင်းတွေ ပြန်ဆိုကြ၊ အငြိမ့်တွေ သံချပ်တွေ ပြန်ပိတ်၊ သီတင်းထောက်တွေ စာရေးဆရာတွေ ဘလော့ဂါတွေ ထောင်ထဲ ပြန်ပို့၊ ဘုရားတက် ဆုတောင်းပွဲတွေ ပြန်ပေါ်လာ၊ လမ်းလျှောက်ဆန္ဒပြရင် ဖမ်းကြဆီးကြ၊ ဆန့်ကျင်ဘက် ၀က်ဆိုဒ်တွေ ပိတ်၊ facebook ကိုပါ ပိတ်၊ ဆွေမျိုး-ပေါက်ဖော် ချစ်ကြည်ရေး အဓွန့်ရှည် ဟူသည့် အခြေအနေမျိုး ပြန်လည် ရောက်ရှိလာမည်”ဟု သတိပေးထားကြောင်း သိရှိရသည်။ 


NLD နှင့် ၈၈ အဖွဲ့၏ အတွင်းသတင်းများအရ ၈လေးလုံးနှစ်ပတ်လည် ဖြစ်သော ၈ လပိုင်း ၈ ရက်နေ့အချိန်ကာလများတွင် တစ်နိုင်ငံလုံး အုံကြွမှု ဖြစ်စေရန် စည်းရုံးလှုံ့ဆော်သွားမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ ချောက်ထဲကျရန် လက်တစ်လုံးအလိုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ နောက်ပြန်လှည့်သွားပါက အဓိက ဆုံးရှုံးနစ်နာရမည် မှာ ပြည်သူများသာ ဖြစ်ပြီး ဒေါ်စုနှင့် ၈၈ အဖွဲ့များမှာ နိုင်ငံတကာမှ ချီးမြှင့်သည့် ဆုပေါင်းများစွာ ထပ်မံရရှိလာနိုင်မည် ဖြစ်ကြောင်းလည်း သိရရှိသည်။ 

 From:[_  ပြည်သူ့အာဏာ _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Dec 5, 2013

မျိုးဆက်သစ်များ အတုမယူသင့်သည့် ဗိုလ်မှူး သမီး၊ ဗိုလ်မှူးကြီး သမီး နှင့် ဗိုလ်ချုပ်သမီး ၃ ဦး


လက်တလော အင်တာနက်ပေါ်တွင် ဗြောင်းဆန် သွားခဲ့တဲ့ အကြောင်းကတော့ ဗိုလ်မှူးစိုးမြင့် ရဲ့ သမီး စိုးမြတ်သူဇာ နဲ့ ဗိုလ်မှူးကြီး ကိုကိုရဲ့ သမီး နဝရတ် တို့ရဲ့သမီးတို့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ သတင်းတွေ ဖြစ်ပါတယ်။ အဖေက စစ်သားတွေဖြစ်တာကြောင့် ဝိုင်းဝန်းအပြစ်တင်မှုတွေ ဆက်တိုက်တွေ့လာရပါတယ်။ ဒါပေမယ့် သူတို့ ၂ ယောက်လိုပဲ စစ်သား သမီးဖြစ်ပြီး မူးယစ်ဆေးထက် သုံးစွဲတာထက် ဆိုးတဲ့ လူကိုတော့ အပြစ်တင်ဖို့ မေ့နေကြပါတယ်။ အဲဒါကတော့ စစ်ဗိုလ်ချုပ် အောင်ဆန်း ရဲ့ သမီး ရဲ့ အမျိုးမစောင့်တဲ့ ဒေါ်အောင်ဆန်းစုကြည် အကြောင်းပါ။


ဗိုလ်မှူးသမီး စိုးမြတ်သူဇာနဲ့ ဗိုလ်မှူးကြီး သမီး နဝရက် တို့က မူးယစ်ဆေးနဲ့ တစ်ချိန်က ပတ်သက်ခဲ့ဖူးပေမယ့် သားသမီး တာဝန်ဝတ်တရားဖြစ်တဲ့ အမျိုးစောင့်ခြင်း တာဝန်ကိုတော့ ကျေပွန်ခဲ့ကြပါတယ်။ စစ်ဗိုလ်ချုပ် သမီး ဒေါ်စုကြည် ကတော့ နိုင်ငံခြားသားကို လက်ထက် ပေါင်းသင်းခဲ့ပါတယ်။

" ဗိုလ်မှူး နဲ့ ဗိုလ်မှူးကြီး သမီးတို့ တစ်ချိန်က မှားခဲ့တာက အခုချိန်မှာ ပြင်လို့ ရသွားပြီ ဖြစ်ပေမယ့် စစ်ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး ဒေါ်စုကြည် မှားခဲ့တာကတော့ တစ်သက်လုံးပြင်လို့မရအောင် မျိုးဆက်ပျက်ခဲ့ရပြီ ဖြစ်ပါတယ် ""

စိုးမြတ်သူဇာ နဲ့ နဝရတ်တို့ ၂ ယောက် မူးယစ်ဆေးဝါး သုံးတာက သူတို့ ဘဝ နဲ့ သူတို့ မိသားစုနဲ့ ပဲ ဆိုင်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသား ကို အိမ်ထောင်ပြုတာက သူ့မိသားစုကို ပြင်းပြင်းထန်ထန် ထိခိုက်ကာ မျိုးဆက်ပျက်သွားတဲ့အပြင် အမျိုးသားခေါင်းဆောင်ရဲ့ ပုံရိပ်၊ စစ်တပ်ရဲ့ ပုံရိပ် နဲ့ နိုင်ငံရဲ့ ပုံရိပ်တွေကို အများကြီး ပိုထိခိုက်စေခဲ့ပါတယ်။

""ဗိုလ်မှုးနဲ့ ဗိုလ်မှုးကြီးဟာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ နှိုင်းယှဉ်လျှင် အများကြီး ကွာသလို အနုပညာသည် တွေကလည်း နောက်တစ်ဆက် သမ္မတလုပ်မယ့်လူနဲ့ နှိုင်းယှဉ်လျှင် အများကြီး ကွာလွန်းပါတယ်။ ဒါပေမယ့် သမ္မတလုပ်မယ့်လူရဲက အမှားက အနုပညာသည်တွေ အများထက် အဆပေါင်းများစွာ ပိုဆိုးလွန်းပါတယ်။ ဒါ့အပြင် ပြင်လို့ရတဲ့ အမှားကို ကျူးလွန်ခဲ့သူက သုံးယောက်ထဲမှာ အသက်အကြီးဆုံးသူ ဖြစ်နေပါတယ်။ တသက်လုံးပြင်မရတဲ့ အမှားကို မှားခဲ့တဲ့ သူကိုသာ သမ္မတတင်လိုက်ရင် တနိုင်ငံလုံး ဒုက္ခရောက်ကုန်မှာပါ။""

"၃ ဦးလုံးရဲ့ အမှားတွေကတော့ လူငယ်တွေ အတုမယူသင့်တဲ့ အမှားတွေဖြစ်ပါတယ်။ စိုးမြတ်သူဇာ နဲ့ နဝရတ် တို့လို မူးယစ်ဆေးနဲ့ ပတ်သက်တာကို လူငယ်တွေ အတုမယူသင့်သလို ဒေါ်အောင်ဆန်းစုကြည်လို့ မျိုးမစောင့်တာကိုလည်း လူငယ်တွေ အတုမယူသင့်ပါဘူး။ ဒါပေမယ့် စိုးမြတ်သူဇာနဲ့ နဝရတ်တို့ အမြင်မှန် ရသွားတာကိုတော့ အများကြီး အတုယူသင့်ပြီး ဘယ်တော့မှ ပြင်မရတော့တဲ့ ဒေါ်စုအမှားကိုတော့ သံဝေဂ ယူသင့်ပါတယ် "

အနုပညာသမား ငရုတ်သီး တွေ စစ်တပ် ကြက်သွန်နဲ့ ပေါင်းပြီး အထောင်းခံရသလိုပဲ အခုလောလောဆယ် စစ်တပ် ကြက်သွန်နဲ့ အတင်းပေါင်းဖို့ ကြိုးစားနေတဲ့ ငရုတ်သီးမ ဒေါ်အောင်ဆန်း စုကြည်ကိုတော့ ထောင်းဖို့ မေ့နေကြပြန်ပါတယ်။ လူတိုင်းဟာ မှားဖူးပေမယ့် ပြင်လို့ရတဲ့ အမှားကို မှားတာက တသက်လုံးပြင်မရတဲ့ အမှားကို မှားခဲ့တဲ့လူထက်စာရင် အများကြီးကောင်းပါသေးတယ်။

MEG

(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Nov 25, 2013

မျိုးစောင့် ဥပဒေကို လက်မခံသော ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လိင်တူချင်းချစ်ကြိုက်သူများအတွက် မားမားမတ်မတ်ရပ်တည်ပေး


 မြန်မာ နိုင်ငံတွင် လိင်တူချစ်ခြင်းကို ရာ ဇဝတ်မှုအဖြစ်သတ်မှတ်ထားခြင်း အားပယ်ဖျက်ပေးရန် ပထမဆုံး အကြိမ်ဒေါ်အောင်ဆန်းစုကြည် ၏တိုက်တွန်းတောင်းဆိုမှုအပေါ် မြန်မာ LGBT(lesbian, gay, bisexual, and transgender)  အခွင့်အရေးဆိုင် ရာကွန်ရက်ကထောက်ခံ သည့် ကြေညာ ချက်တစ်စောင်ကိုထုတ် ပြန်လိုက်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၉ရက်တွင်ပြု လုပ်သော HIV/AIDS နှင့်ပတ် သက်သည့် ကမ္ဘာ့ကုလသမဂ္ဂအာ ရှပစိဖိတ်ဒေသဆိုင်ရာညီလာခံ သို့ပေးပို့သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏မိန့် ခွန်းတွင် ယင်းကဲ့သို့ ထည့်သွင်းပြော ကြားခဲ့ခြင်းကို မြန်မာ LGBT ခွင့်အရေး ဆိုင်ရာကွန်ရက်မှ နို ဝင်ဘာ ၂၂ရက်တွင် ထုတ်ပြန် လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မျိုးစောင့်ဥပဒေကို ကန့်ကွက်ပြီး လူနည်းစုကို စာနာပါ လို့ပြောခဲ့သော ဗိုလ်ချုပ်၏ နောက်ဆုံးမျိုးဆက် သမီးဒေါ်စုကြည်
ဒေါ်အောင်ဆန်းစုကြည်မှ ပေးပို့သော အဆိုပါမိန့်ခွန်းတွင် လိင်တူ ချစ်မှု အပေါ်ရာဇဝတ်မှု အဖြစ်သတ်မှတ်ထားသော ဥပ ဒေများရှိနေခြင်းက လိင်တူချစ်သူ များအကြား HIV/AIDS ကုသ ရေးမှာ အခက်အခဲ အဟန့်အတား ဖြစ်နေကြောင်း၊ လိင်တူချစ်သူ များကြား HIV/AIDS ကူးစက် ပြန့်ပွားမှုနှုန်းမှာ အမြင့်ဆုံးတွင် ရှိနေပြီး ထိုသို့ဖြစ်နေရခြင်းမှာ လည်း

လူထုအတွင်းခွဲခြားမှုကို ဖြစ်နေစေသည့် အယူအဆအစွဲ များ၊ ဥပဒေများ ရှိနေသောကြောင့် ဖြစ်ကြောင်း ထည့်သွင်းပြောကြား ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ပြောကြားချက်အပေါ် မြန်မာLGBTအခွင့်အရေးဆိုင်ရာ ကွန် ရက်မှ ဦးတင်ကိုကိုက " LGBTအသိုင်းအဝိုင်းကို တန်းတူအခွင့် အရေးရလာဖို့အတွက် နိုင်ငံခေါင်း ဆောင်တစ်ယောက်က ပထမဆုံး အကြိမ် အခုလို ကျွန်တော်တို့နဲ့ ပတ်သက်လို့ ထည့်သွင်းပြောကြား ပေးသွားတဲ့ အတွက် အလွန်ဝမ်း သာပါတယ်။ ကျွန်တော်တို့အရှေ့ ကနေမားမား ရပ်ပေးမယ့် တိုင်း ပြည်ခေါင်းဆောင်တစ်ယောက် ပေါ်ထွက်လာတာပေါ့။ ဘယ်တုန်း ကမှ ဘယ်လိုလူကြီးတစ်ယောက် ကမှ ထည့်သွင်းပြောကြားလေ့ မရှိ ခဲ့တဲ့စကားတစ်ခုကို အခုလိုပြော ကြားတာဟာ ကျွန်တော်တို့ LGBT အသိုင်းအဝိုင်းအတွက် ရှေ့လျှောက်ရမယ့်အားတစ်ခုပါ ပဲ''ဟု ပြောသည်။ 

မျိုးစောင့်ဥပဒေကိုကန့်ကွက်ပြီး ပြည့်တန်ဆာဈေးကွက်ပီပြင်စွာဖြစ်ပေါ်လာစေရေး အဆိုတင်သွင်းခဲ့သူ NLD  ပါတီမှ ဒေါ်စန္ဒာမင်း
၂၀၁၃ခုနှစ် ဇူလိုင် ၆ရက် နှင့် ရရက်တို့တွင် မန္တလေးမြို့၌ အမျိုးသားချင်း ချစ်ခင်စုံမက်သူ များနှင့် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြောင်းလဲနေထိုင်သူ ၁၂ယောက် သည် မန္တလေးတိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

“ ကမန်လူမျိုး မဟုတ်ဘဲ ကမန်တိုင်းရင်းသား ကတ်ကိုင်ပြီး လွတ်တော်ထဲ ရောက်နေ”

ရခိုင်မျိုးနွယ်စုဝင် တစ်ခု ဖြစ်တဲ့ ကမန် တိုင်းရင်းသားတွေ အနေနဲ့ သူတို့ လူဦးရေ ဘယ်လောက်ရှိတယ်ဆိုတာ သိရှိနိုင်ဖို့ လူဦးရေ စာရင်း ကောက်ယူုသွားမယ်လို့ ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီ (ဗဟို)က နိုဝင်ဘာလ ၂၃ ရက်နေ့ ကျေညာချက်ထုတ်ပြန်ပါတယ်။ အဲဒီ ကျေညာချက်ကို ပါတီရဲ့ ဥက္ကဌနဲ့ အထွေထွေ အတွင်းရေးမှူးတို့က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ကျေညာချက်ကို လက်ခံ ရရှိပြီးနောက် ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးတင်နိုင်ဝင်းကို ဘာကြောင့် အခုလို ကမန် လူဦးစာရင်းကို ကောက်ယူဖို့ စီစဉ် ရပါသလဲလို့ မေးကြည့်တဲ့ အခါ သူက အခုလို စပြောပါတယ်။

ဦးတင်နိုင်ဝင်း။ ။ အဓိကတော့ဗျာ၊ ကျွန်တော်တို့ကတော့ အနှစ် ၆၀ ခန့် စစ်အစိုးရ လက်အောက်မှာ ကျွန်တော်တို့ ဘာမှ မပြောခဲ့ရတဲ့ အနေအထားမှာ—- အခု ဘယ်လိုပြောမလဲ။ ပွင့်လင်းလာတဲ့ အနေအထားမှာ ကျွန်တော်တို့ လူဦးရေ ဘယ်လောက်ရှိသလဲ။ နောက်တချက်က ကျွန်တော်တို့ ကမန် တိုင်းရင်းသား မဟုတ်ဘဲနဲ့ ရခိုင်ပြည်နယ်မှာ အထူးသဖြင့် မြန်မာနိုင်ငံမှာ ဘင်္ဂလီတွေဟာ ကျွန်တော်တို့ ကမန် တိုင်းရင်းသားကတ်တွေကို ရယူ ကိုင်ဆောင်ထားတဲ့ အပေါ်မှာ ကျွန်တော်တို့ကလည်း ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဖြစ်စေချင်လို့ပါ။

မေး။ ။ ဟုတ်ကဲ့ အဲဒီ ကမန် လူဦးရေစာရင်းကို ဘယ်လို ပုံစံမျိုးနဲ့ ကောက်ယူသွားမှာပါလဲ ခင်ဗျာ။

ဦးတင်နိုင်ဝင်း။ ။ အဓိကတော့ ကျွန်တော်တို့ လ၀က ပုံစံကို အခြေခံပြီး ကောက်သွားမှာပါ ခင်ဗျာ။
မေး။ ။ ဟုတ်ကဲ့။ အခုကောက်မယ့် အစီအစဉ်က ပါတီရဲ့မူလား။ (သို့မဟုတ်) အစိုးရရဲ့ ဟို— အစိုးရနဲ့ နားလည်မှုယူပြီး လုပ်တဲ့ အစီအစဉ်ပါလားခင်ဗျာ။

ဦးတင်နိုင်ဝင်း။ ။ ကျွန်တော်တို့ ကမန်လူဦးရေက ရှိသင့်တဲ့အထက်ကို တော်တော်လေး ဖောင်းပွ တယ်။ ဖောင်းပွတဲ့ အနေအထားမှာ ဟို–ရှိသင့်တဲ့ အနေအထားမှာ ဘယ်လာက်ရှိလဲ။ တကယ်လို့ နိုင်ငံတော်က ကြေငြာတဲ့ အထဲမှာလည်း များရင်လည်း များနေတယ် ဆိုတဲ့ ဟာကို ကျွန်တော်တို့ ပြတ်ပြတ်သားသား သိချင်တယ်။ ကျွန်တော်တို့ကတော့ ကိုယ့်လူမျိုး ကမန်လူမျိုး ဘယ်လောက်ဆို ဘယ်လောက်ရှိတယ်။ မဟုတ်တာတွေကို ရှိရင်လည်း ဖယ်ထုတ်လို့ရအောင်သဘောပါ။ အဓိကတော့ ခုလို ရှင်းရှင်းလင်းလင်း သိရင် ပြဿနာ မရှိဘူးပေါ့ဗျာ။ တိုင်းရင်းသားဆိုရင် ကျွန်တော်တို့ ကမန်မှာ လည်း တခြားတိုင်းရင်းသားနဲ့ နွယ်တာလည်း ရှိတာပေါ့ဗျာ။ ဆိုတော့ တိုင်းရင်းသားက ပြဿနာမရှိဘူး။ တိုင်း ရင်းသားမဟုတ်တဲ့ ဟို— နိုင်ငံသားအဆင့်တောင်မရှိတဲ့ လူတွေက ကျွန်တော်တို့ တိုင်းရင်း သား ကတ်တွေကို ကိုင်ဆောင်ထားတဲ့အခါ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာရော၊ မြန်မာနိုင်ငံမှာရော မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာတယ်။ အေ– ဘာခေါ်မလဲ ဆိုတော့ အလွဲသုံးစားမှုတွေဟာ အခြေခံလာ တယ်လို့ ကျွန်တော်တို့ ဒီလိုဘဲ ယူဆတယ်လေ။ ကျွန်တော်တို့ ဒီလိုလုပ်ဖို့ အစီအစဉ်ဟာ ကိုယ့်လူမျိုးအတွက်လည်းဖြစ်တယ်။ ကျွန်တော်တို့ နိုင်ငံအတွက်လည်း ဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဒီလိုမျိုး ကျွန်တော်တို့ လူမျိုးစာရင်းကို ကောက်ခံဖို့ စီစဉ်ရတာ ဖြစ်ပါတယ်။
မေး။ ။ ဟုတ်ကဲ့။ ဦးတင်နိုင်ဝင်းတို့ အနေနဲ့ မြန်မာနိုင်ငံမှာ ကမန် လူဦးရေ ဘယ်လောက်ရှိတယ်လို့ ခန့်မှန်းထားပါလည်း ခင်ဗျာ။

ဦးတင်နိုင်ဝင်း။ ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ကျွန်တော်တို့ ခန့်မှန်းစာရင်းက ၅ သောင်းအောက်ဘဲဗျာ။ ၃ သောင်းခွဲကျော် ကျော် ဒီလောက်ဘဲရှိမယ်။

မေး။ ။ ဟုတ်ကဲ့ အခုကနေပြီးတော့လေ အဲသလို ကမန် လူဦးရေကများနေတယ်လို့ ဘယ်လို အချက် အလက်တွေကြောင့် သိရှိရတာပါလဲ ခင်ဗျား။

ဦးတင်နိုင်ဝင်း။ ။ ကျွန်တော်တို့ကတော့ဗျာ။ ဒီဟာ မျိုးနွယ်စု တစ်ခုဖြစ်တဲ့ အတွက် ကျွန်တော်တို့လူမျိုး ကျွန်တော်တို့ သိတယ်ပေါ့နော်။ ကျွန်တော်တို့ လူမျိုးဘယ်မှာ အခြေခံလည်းဆိုရင် စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ ဒီဒေသတွေမှာ အခြေခံတာဘဲ၊ ဘယ်နေရာရောက်ရောက် ဒီ –ဘာခေါ်မလည်း မျိုးရိုးစဉ်ဆက် ဘယ်က လာသလဲပေါ့နော်၊ ဒီလေးနေရာကို အခြေခံထားတော့ ကျွန်တော်တို့က ဘယ် သူ့အမျိုးလဲ၊ ဘယ်သူနဲ့ ပတ်သတ်သလည်း အဲဒါတွေကို အခြေခံပြီးမှ ကျွန်တော် တို့က ကောက်ခံလိုက်ရင် တိကျ စာရင်းတွေနဲ့ ဆုံးဖြတ်လို့ ရသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကော်မီတီက ကိုယ်စားပြု ဖွဲ့ထားပြီး ဖြစ်ပါတယ်။
မေး။ ။ ဟို— အဲသလို စာရင်းကောက်ခံဖို့အတွက် နိုင်ငံတော်အစိုးရပိုင်းကိုရော ခွင့်ပြုချက် တင်ပြ တောင်းခံတာတွေ ရှိပါသလား ခင်ဗျာ။

ဦးတင်နိုင်ဝင်း။ ။ တင်ပြထားပါတယ်။ တင်ပြထားပါတယ်။ လ၀က ၀န်ကြီး ဦးခင်ရီကိုလည်း တင်ပြထားပြီး ဖြစ်ပါတယ်။
မေး။ ။ ဟုတ်ကဲ့- အဲလို ကောက်ခံတဲ့ အတွက် ရခိုင်ပြည်နယ်အတွက်ရော၊ မြန်မာနိုင်ငံ အတွက်ပါ ဘယ်လို အကျိုးကျေးဇူးများ ရရှိနိုင်ပါမှာလဲ ခင်ဗျာ။

ဦးတင်နိုင်ဝင်း။ ။ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်တော့ဘူးခင်ဗျာ။ အဓိကတော့ ကမန် တိုင်းရင်းသား ကတ်ကိုကိုင်ပြီး လွတ်တော်ထဲ အထိ ရောက်နေတဲ့ အနေအထားထိရှိတယ်ဗျာ။ ဆိုတော့ ကျွန်တော်တို့ ဘာခေါ်မလဲ။ ကျွန်တော် တို့ နိုင်ငံရဲ့ အရေးဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ အားလုံးအရေးဘဲလေ။ ဆိုတော့ ဒီနိုင်ငံရဲ့ အရေးကို တိုင်းရင်းသားတွေကဘဲ ဆောင်ရွက်ရမယ်လေ။ တိုင်းရင်းသား မဟုတ်တဲ့ နိုင်ငံသား အဆင့်တောင်မရှိတဲ့ လူတွေက လွတ်တော်ထဲကို ရောက်လို့လေ။ ကျွန်တော်တို့ကို အဲသလို အလွဲသုံးစား လုပ်လို့တော့ မရဘူးလေဗျာ။

(ပြီး)

From:[_ narinjara_]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Oct 17, 2013

လက်ခံရင်ခံ...လက်မခံရင်လည်းမသိဘူး..အသေသာခံလိုက်ကြ.ကျောက်ခဲ အတိအကျပြောမယ် ဗုံးခွဲနေတာ..ခေါင်းကိုင်ဆရာတွေက မလေးရှားမှာရှိတယ် ။ ခွဲနေတဲ့ အေပေးလေးများက မလေးပြန်တွေ..မိသားစုကို နောက်ကွယ်ကနေ အကုန်ထောက်ပံ့ထားလို့ မိုက်ရူးရဲဆန်နေတာ...အစ္စလာမ်တွေချည်းပဲ..ကရင်က တပ်မဟာ ၅ ကကောင်တွေကလည်း အစ္စလာမ် ငွေစားပြီး ကူညီနေတာ.ဗုံးခွဲအေပေးလေးများကို ပြည်တွင်းက ကူနေတာ ဖားသားလန်းတို့ ။ ဗလီကြီးကြီးမြင်တိုင်း ၀င်သာစစ် ။ အဝေးပြေးကားတွေ ၊မီးရထားတွေ ကိုစစ် ။ ဒီကောင်တွေ အဓိကခွဲမှာ ဆီးဂီမ်း ။ လူ ၂၀ ပါတယ်။ တစ်ဖွဲ့ကို ၃/၄ ယောက်နဲ့ လာတယ် ။ မြန်မာနိုင်ငံအနှံ့ခွဲလိမ့်မယ် ။နောက်ဆုံးခွဲမယ့် ဗုံးက အခုဖြစ်တာထက် ပိုကြီးမယ် ။ မြ၀တီ လမ်း ၊ တနင်္သာရီလမ်း ၊ကျောက်တန်း ၊ ခရမ်-သုံးခွ ။ကွမ်းခြံကုန်း-ကော့မှူး အဲဒီနယ်တွေကို စစ် (အေပေးတွေ အဲမှာ ပုန်းနေသေးတယ် -အခုတော့ ထွက်သွားပြီလားမသိဘူး ) 
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Oct 12, 2013

ရန်ကင်းကလေးဆေးရုံမှာ အာဏာပြခဲ့တဲ့ ဒေါ်စု



ဒေါ်စု နင့် ရန်ကင်း ကလေးဆေးရုံအုပ် တို့၏ တစေ့တစောင်း


၁။ ရန်ကင်း ကလေးဆေးရုံ တွင် ပစ္စည်းမစုံလင်မူ နင့် ပက်သက်၍ရောင်္ဂါမကုသ နိင်ခြင်း နင့် အဖိုးအခ ယူ၍ ကုသခြင်းနင့် ဆရာဝန်မ မှ ယောကျားအားသတ်ခြင်း မှာ မိမိတို၏ ကုသမူ ညံ့ဖျင်းသဖြင့် လင်ယောကျာ်းမှ ပြသနာရှာ မလေးစားမူများဖြစ်ကြောင်း ပြောဆိုခဲ့သည်မှာ လက်ထောက်ဆရာဝန် များရှေ့တွင် နစ်ပြားမတန်ပြောခဲ့ပါတယ်။ ဆေးရုံအုပ်က ဘက်ဂျက် အနေအထားအရ ပစ္စည်းများမဝယ်ယူနိင်ခြင်း ဖြစ်ကြောင်း၊ ကုသစရိတ်မယူဘဲ ဆေးဖိုးသာယူ၍သာကုသခြင်း ဖြစ်ကြောင်း ၊ မိမိတက်စွမ်းသရွှေ့အနစ်နာခံကုသပေးကြောင်း ပြန်လည် ရှင်းပြသော်လည်း မရခဲ့ချေ။ ဒေါ်စု ဘက်ဂျက်အသာထား လုပ်စရာ ရှိတာ ရအောင်လုပ်၊ မရတာ လာမပြောနဲ့။ စရိတ်မျှပေး ကျန်းမာရေး ဖြစ်အောင်လုပ် ဒါပဲပြောချင်တယ် ဆိုခဲ့ပါတယ်။

၂။ ဒေါ်စုရေ ခင်ဗျား ကB.A တစ်ဘွဲ့တည်းနဲ့စောက်ကြီးစောက်ကျယ်မပြောနဲ့။ ပညာပိုင်းရော အတွေ့အကြုံ၊ မြန်မာပြည်သူ ထိတွေ့မူရော ခင်ဗျားထက် Senior အများကျတယ်။ ကချင်ကဆီရင် တနသာင်္ ရီအနေအထားမှာရှိတယ်။

၃။ခင်ဗျား သူထက်သာတာ ဆိုလို့ အသက် နဲ့ ထောင်နန်းစံ နိုဗယ်ဆု ပဲရှိတယ်။ ခင်ဗျားဟာ အကယ်ဒမီရုပ် နဲ့ပိုတူလာတယ်။အပေါ်က သူလင်တွေ ကိုမျက်နှာချိုသွေးပြီး မိမိအောက်က လူ တွေ ကျနင်းတယ်။ ဘာဒီမိုကရေစီလဲ။ ပြောစမ်းပါအုံး။ သြဇာ ပေးပြီး ငါ့ခိုင်းတာ ရေဖူးပေါက်တာ မလိုဘူး ဆိုတဲ့ စစ်အာဏရှင်စနစ် ကို တမ်းတ စိတ်ကူးယဉ်ပြီးပြောခဲ့တာလား။

၎။ အသက်အရွယ်နဲ့ရာထူးအနေအထား ကိုလေးစားလို့ ပြန်မပြောခဲ့တာက ဆေးရုံအုပ်ပါ။ ကျီးရိုသေ၊ ဘုတ် ရိုသေတော့ ရှိရမှာပေါ့။ ဆေးရုံအုပ် ဆိုတဲ့ရာထူးကို မလေးစားချင်နေ။ သူသင်ခဲ့ပညာ တွေ ဂုဏ်တွေ ကိုတော့လေးစားပေါ့ဗျာ။ အလုပ်မလုပ်ဘဲ ဘွဲ့ရခဲ့တဲ့ခင်ဗျားစိတ်နဲ့တော့ တန်းတူမထားနဲ့လေ။

၅။ ဤအကြောင်းအရာ ကို သူငယ်ချင်းတစ်ယောက်ပြောပြ ရာမှသိ ရှိခဲ့ပါတယ်။ဒါပေမယ့် confrim ဖြစ်အောင် ရန်ကင်းဆေးရုံ ရှိ သူငယ်ချင်းလက်ထောက်ဆရာဝန် တစ်ယောက် ကိုမေးမြန်းခဲ့ရာမှန်ကန်ကြောင်းသိရတယ်။ဆေးရုံအုပ် က ဤ အဖြစ်အပျက်ကို ဘယ်သူ ကို မှ မပြောရန် နင့် media များပါးစပ်ရောက်သွားမည်စိုးသောကြောင့်ဖြစ်သည်။ ဤအဖြစ်အပျက် ကိုလက်ထောက်ဆရာဝန် အများအပြား မကျေနပ်သော်လည်း ဆေးရုံအုပ် စကားကြောင့် မပြောခဲု့ကြချေ။

၆။ လူအခွင့်အရေး ၊ ဒီမိုကရေစီ အော်နေတဲ့ ဒေါ်စု ၏ စစ်အာဏရှင်စနစ်ဆန် ဆန် လုပ်ရပ် ကို media များရော ပြည်သူ ကိုသိရှိစေရန်ဖော်ပြပေးလိုက်ရပါတယ်။
From:[_ နန္ဒရဲဦး _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Sep 20, 2013

လူထု ထောက်ခံမှူလျှော့ကျလာတဲ့ ဒေါ်စုကြည်




၁၉၈၈ ကာလမှစ၍ ဒီမိုကရေစီခေါင်းဆောင်ဟု တင်စားခေါ်ဝေါ်နေသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ၏ သမီးဖြစ်သူ ဒေါ်စုကြည်သည် ယခုအခါ လူထု ထောက်ခံမှူ တဖြည်းဖြည်း လျှော့ကျ လာသည်  ကို အံသြဖွယ်တွေ့ရှိရပါသည်။အင်တာနက်ဆိုရှယ်နက်ဝပ်အသုံးပြုမှူ များပြားလာသော မြန်မာပြည် သူလူထုအနေဖြင့် ယခင်စစ်အစိုးရအုပ်ချုပ်မှူထက် မျက်စိပွင့် နားပွင့်လာသည့်နှင့်အမျှ ယခင်က တစ်ဖက်တည်းသော မီဒီယာ ထုတ်လွင့်မှူနှင့် ပြည်ပမီဒီယာထုတ်လွှင့်မှူ ကြားတွင်သာ ကြားသိမြင်ခဲ့ရသည်မှ ယခုအခါတွင်မှူ မီဒီယာ အသုံးပြုမှူ များပြားလာခဲ့သောကြောင့် နှိုင်းယှဉ် စဉ်းစာမှူများ ရှိလာခဲ့ရသည်ဟု စာရေးသူ အနေဖြင့်သုံးသပ်မိပါသည်။

ဒေါ်စုကြည် အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲသို့ဝင်ရောက်လာခဲ့ချိန်က အပြောင်းအလဲကိုလိုလားသော မြန်မာလူထုသည် ဗိုလ်ချုပ်အောင်ဆန်း ပန်းချီကားကြီးရှေ့မှ ဒေါ်စုကြည် အား ထောက်ခံခဲ့ကြသည်။ သို့သော် နိုင်ငံရေးနယ်ပယ်အတွင်း ၀င်ရောက်လာချိန်မှစ၍ ဒေါ်စုကြည်နှင့် NLD ပါတီ၏ လုပ်ဆောင်ပုံများသည် မိမိတို့ မျှော်လင့်သလို ဖြစ်မလာသောအခါ ပြည်သူလူထု၏ စွန့်ခွါမှူဒဏ်ကို တဖြည်းဖြည်း ကြုံတွေ့ရတော့သည်။ ဦးသိန်းစိန် သမ္မတအစိုးရတတ်လာသည်နှင့် နိုင်ငံရေးကစားကွက်အား တင်းကျပ်မှူလျှော့ချကာ ဖော်ရွှေစွာ ဖိတ်ခေါ်လက်တွဲခြင်း ၊ စီးပွါးရေးကဏ္ဍအား အားပေးခြင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်များအား နေရာပေးလာခြင်းနှင့် ဖြစ်ပွါးခဲ့သော ဘာသာရေးအခြေခံ လူမျိုးရေး ပဋိပက္ခများအတွင်း မြန်မာပြည်သူများ ဘက်မှရပ်တည်ခြင်းတို့ကြောင့် ဦးသိန်းစိန် အစိုးရအား ပြည်သူလူထုတို့ချစ်ခင်ကိုးစားခြင်းများ များပြားလာခဲ့သည်။ ယခုအခါ သမ္မတကြီးဦးသိန်းစိန်အား ပြည်သူလူထုမှ နာမည်အရင်းပင်မခေါ်တော့ပဲ ဘပြောင် ဟူ၍ ချစ်စနိုးခေါ်ဆိုကြပြီး ဦးသိန်းစိန်၏ အမြဲပြုံးရွှင်နေသော မျက်နှာထားသည် ပြည်သူလူထုအား စိတ်ချမ်းသာမှူပေးခဲ့နိုင်လေသည်။သို့သော် အပြောင်းအလဲအားလိုလားစွာဖြင့် အားကိုးခြင်းခံရသော ဒေါ်စုကြည်အနေဖြင့် ဦးသိန်းစိန် အစိုးရအား လူချစ်လူခင်များလာသည်နှင့်အပြိုင် လူထုစိတ်ဝင်စားမှူ လျော့ကျလာသည်ကို စိတ်မကောင်းစွာမြင်နေရသည်။ အထူးသဖြင့် ပြည်သူလူထု အနေဖြင့် ဒေါ်စုကြည်အား ယုံကြည်အားကိုးမှူလျှော့ကျလာရခြင်းမှာ ရခိုင်ပြည်နယ် တွင်ဖြစ်ပွါးခဲ့သော ပဋိပက္ခမှစတင်ခဲ့လေသည်။ ဘာသာခြားများဘက်မှသာ ဒေါ်စုမှ ရပ်တည်ခဲ့ခြင်း ရခိုင်လူမျိုးများအား အပြစ်တင်ခဲ့ခြင်းများဖြင့် ရခိုင်တစ်မျိုးသားလုံး၏ မုန်းတီးခြင်းကိုခံခဲ့ရသလို မြန်မာ ပြည်သူများအနေဖြင့် ဒေါသတကြီးတုံ့ပြန်ခြင်းကိုခံခဲ့ရသည်။



 ယခင်က မိမိအနေဖြင့် လူထုကို စည်းရုံးနိုင်သည်ဟုသော ဒေါ်စုကြည်အနေဖြင့် လက်ပံတောင်းတောင် အရေးတွင် ပြည်သူလူထုနှင့် အချို့နိုင်ငံရေးသမားများ၏ လှည့်ကွက်ကို ကိုယ်တိုင်ခံစား ကြုံတွေ့လိုက်ရခြင်းဖြင့် မိမိထင်သလို မြန်မာနိုင်ငံအား စည်းရုံးရလွယ်သည်ဟု အထင်အမြင်သည် မှားယွင်းကြောင်းသိရှိလိုက်ရသည်ဟု ထင်မြင်မိသည်။၎င်းအပြင် NLD ပါတီအတွင်း ပါတီ ခေါင်းဆောင်များ မကြာခဏ ဆန့်ကျင်မှူများ ဆန္ဒပြမှူများ အပြင် အုပ်စုလိုက် နှုတ်ထွက်ခြင်း များ ဖြစ်လာနေကြသည်။အများစုမှာ ဒီမိုကရေစီနာမည်ခံထားသော်လည်း ဗဟိုချုပ်ကိုင်မှူတင်းကျပ်သော ကြောင့်ဖြစ်သည် ။ယခင်က တိုင်းရင်းသားများအနေဖြင့် ဖက်ဒရယ်တည်ဆောက်ရန် ဒေါ်စုကြည်အား အားကိုးခဲ့သော်လည်း သူ၏ ဒုတိယပင်လုံ ဟူသည် NLD ၏တိုးတတ်ရေးအတွက်လှည့်ကွက်ဟု သိရှိလာပြီးနောက် စွန့်ခွါသွားတော့သည် ။ယခုအခါ အခြေခံဥပဒေကိုပြင်ဆင်မည်ဟူ၍ ကြွေးကြော်ပြီး NLDနှင့် မဟာမိတ်ပါတီများဖြင့် ပြုလုပ်နေသော်လည်း သူပြင်ဆင်မည့် အခြေခံဥပဒေသည် သမ္မတဖြစ်ရေး ပိတ်ပင်ထားသည့် ဥပဒေကို ရည်ရွှယ်နေပြီး တိုင်းရင်းသား အားလုံးအတွက်ရည်ရွှယ်သော ဖက်ဒရယ်ဟူသည်မှာလည်း ကြားကောင်းအောင်သာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် များလိုချင်သော ဖက်ဒရယ်စနစ်နဲ့ တစ်ခြားစီဖြစ်နေသောကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများက စိတ်ပျက်နေကြပေသည်။သို့သော် ဒေါ်စုကြည်အား လက်တွဲနေသေးသည်။အဘယ့်ကြောင့်ဆိုသော် အခြေခံဥပဒေပြင်ဆင်ရေးအတွက် ရည်ရွှယ်ချင်တူသောကြောင့်ဖြစ်သည်။


နယ်စပ်ဒေသများတွင် တိုက်ပွဲများဖြစ်ပွါးနေသော်လည်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စုကြည်အနေဖြင့် လာရောက်ခြင်း အားပေးခြင်းများမရှိသည့်အပြင် မဆိုင်သလို ဆိတ်ဆိတ်နေခြင်းများက လက်နက်ကိုင်အဖွဲ့ အစည်းများ၏ မျက်စိစပါးမွှေးစူးခြင်းကို ခံနေရသည်။မြန်မာလူထုအနေဖြင့် တိုင်းပြည်အား ရှေ့သို့လျှင်မြန်စွာ တိုးတတ် ရေးအား ဂရုပြုနေသော်လည်း ၄င်းတို့အားကိုးသော ဒေါ်စုကြည်သည် အခြေခံဥပဒေ ပုဒ်မ ၅၉ ကိုသာ ပြုပြင်ရေး အာရုံစိုက်နေသောကြောင့် သမ္မတရူး ဟု ဟားတိုက်ခြင်း ခံနေရလေသည်။လက်ရှိအစိုးရအဖွဲ့များ နှင့် ဒေါ်စုကြည် တို့ ပြည်ပခရီးစဉ်များ ထွက်နေသော်လည်း လက်ရှိအစိုးရအဖွဲ့ဝင်များ ပြည်ပခရီးထွက်ရှိလျှင် ကြွေးမြီများ တတ်နိုင်သမျှလျော့ကျရေး နှင့် ရင်းနှီးမြှုပ်နှံမှူတိုးတတ်ရေး အကူအညီများ ရှာဖွေခြင်း ပြုလုပ် သော်လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကမ္ဘာက မြန်မာကို ကူညီနေသည်မှာ စောလွန်းသေးကြောင်း ၊ ဘာကြောင့် အကောင်းမြင်နေကြတာလဲ ၊ တရားဥပဒေစိုးမိုးရေးမရှိသေးဘူး စသောစကားလုံးများကိုသာ ထပ်ခါထပ်ခါ ပြောနေသဖြင့် ပြည်သူလူထုမှ ချဉ်လာပြီဖြစ်သည်။

လာမည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် စင်္ကာပူတွင် ဒေါ်စုကြည်သည် မြန်မာအသိုင်းအ၀ိုင်းနှင့်တွေ့မည်ဖြစ်ပြီး ၄င်းတွေ့ဆုံပွဲကို ကချင် နှင့် ရခိုင် လူမျိုးများ တတ်ရောက်ခြင်း မပြုဟု ကြေငြာခြင်း ခံရသည့်အပြင် ယင်းပွဲသို့ တတ်ရောက်မည့် ကချင်နှင့်ရခိုင် ၀တ်စုံ ၀တ်လာသူများသည် ကချင်နှင့်ရခိုင်ကို ကိုယ်စားမပြုဟု ကြေငြာထားသည် ။ယခင်က အစိုးရ၏ ဟာကွက်များကိုဖော်ထုတ်လာသော သတင်းဌာနများထဲမှ တစ်ခုဖြစ်သော မဇ္ဈိမသတင်းဌာနမှလည်း ဒေါ်စုကြည်အား ယခင်က ကဲ့သို့ ဒီမိုကရေစီခေါင်းဆောင်ဟု သုံးနှုန်းခြင်းမရှိတော့ပဲ အတိုက်အခံ ခေါင်းဆောင်ဟု ပြောင်းလဲသုံးနှုန်းနေပြီဖြစ်သည်။

ဒေါ်စုကြည်၏ နိုင်ငံခြား ခရီးစဉ်မှပြည်တော်ပြန်လာသည့်အခါ ကြိုဆိုမှူများ တဖြည်းဖြည်း လျှော့ကျလာ သည်ကို ထူးခြားစွာမြင်တွေ့ရမည်ဖြစ်ပြီး အရှေ့ဥရောပမှ ပြန်လာသော ဒေါ်စုကြည်အား လူဦးရေ ၅၀ခန့်သာလာရောက်ကြိုဆိုကြပြီး ကြိုဆိုသူ ၃ ပုံ ၂ပုံမှာ သူ၏ ပါတီဝင် များဖြစ်နေခြင်းကို ထောက်ရှူခြင်းဖြင့် ဒေါ်စုကြည်၏ လူထုထောက်ခံမှူသည် တဖြည်းဖြည်း လျှော့ကျလာပြီဟု သုံးသပ်၍ ရနေပါသည်။

From:[_မြင့်မိုးအောင်(ရေနံမြေ) _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ