Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Sep 3, 2014

UNFC တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုရဲ့လား

UNFC (United Nationalities Federal Council)ဟူသည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီဖြစ်ပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံကို ကိုယ်စားပြုထားသည့်၊ အင်အားတောင့်တင်းသော၊ တိုင်းရင်းသားများ အချင်းချင်း စည်းလုံး ညီညွတ်စွာ တည်ဆောက်ထားသော အဖွဲ့စည်းကြီး တစ်ခုအဖြစ် ထင်ကောင်းထင်ကြပေလိမ့်မည်။ ထိုအဖွဲ့စည်းကြီးကို မည်သူဦးဆောင်နေသလဲ၊ သူတို့ရဲ့ ခံယူချက်တွေဟာ ဘာတွေလဲ၊ UNFC ၏ အင်အားကရော ဘယ်လောက်ရှိသလဲ၊ ဤအဖွဲ့စည်းဟာ တိုင်းရင်းသားလူမျိုးစုတွေကို အမှန်တကယ်ပဲ ကိုယ်စားပြု ရပ်တည်နေသလားဆိုတာကိုတော့ မည်သူမျှအမှန်တိုင်းတိတိကျကျ သိကြလိမ့်မည်မဟုတ်ပေ။ ယခု ဆိုလျှင် သြဂုတ်လ (၂၆) ရက်နေ့မှစတင်ပြီး ထိုင်းနိုင်ငံတွင်ကျင်းပနေသည့် UNFC ၏ဆွေးနွေးပွဲမှ KNU အဖွဲ့ နှုတ်ထွက် သွားချင်း နှင့် ပက်သက်၍ UNFC အပေါ်ပြည်သူအားလုံး စိတ်ဝင်စားနေကြသည်။ ယခုအချိန်တွင် စာရေးသူအနေဖြင့် UNFC ဟူသည့် အဖွဲ့အစည်း အကြောင်း ထုတ်ဖော် ပြောပြချင်ပါသည်။


UNFC အဖွဲ့စည်းကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်ထိုင်းနိုင်ငံ၌ကျင်းပခဲ့သော တိုင်းရင်းသားလူမျိုးများ ညီလာခံ တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်း (၁၂) ဖွဲ့ဖြင့်စတင် ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်ပေသည်။ စတင်ဖွဲ့စည်းချိန်ကပင် မြန်မာနိုင်ငံ၏ အင်အားအကြီးမားဆုံးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် “၀”(UWSA) အဖွဲ့၊ “၀” ၏ မဟာမိတ်အဖွဲ့ဖြစ်သည့် NDAA (မိုင်းလား)အဖွဲ့နှင့် RCSS/SSA အဖွဲ့တို့မှာ ပါဝင်ခဲ့ကြခြင်းမရှိခဲ့ပေ။ ပါဝင်ခဲ့သော အဖွဲ့စည်းများမှာလည်း (၁၂)ဖွဲ့ဟု ကြေငြာခဲ့သော်လည်း အမှန်တကယ် လက်ညှိုးထိုးပြစရာ အဖွဲ့စည်းဟူ၍ KIA၊ KNU နှင့် SSPP တို့သာပါရှိလေသည်။ ကျန်ရှိသောအဖွဲ့များမှာ အမည်ခံ အိမ်ပြည့်သဘောမျိုးဖြင့် ဖွဲ့စည်းထားသော လက်နက်ကိုင် အဖွဲ့ငယ်ကလေး များဖြစ်ကြပေသည်။ နိုင်ငံတကာမှ မြန်မာ့ငြိမ်းချမ်းရေး လေ့လာသူ အကဲဖြတ်များ၏ ခန့်မှန်းချက်များအရ UNFC အဖွဲ့ဝင် ၁၂ ဖွဲ့အနက် အင်အားအနေဖြင့်ဖော်ပြနိုင်သော အဖွဲ့စည်းများမှာ ၈ ဖွဲ့သာရှိသည်ဟု သိရှိခဲ့ရသည်။ ကျန်သော အဖွဲ့ ၄ ဖွဲ့မှာ ဖော်ပြစရာအင်အားဟူ၍ မယ်မယ်ရရပင်မရှိကြပေ။ ဖွဲ့စည်းထားသောအဖွဲ့များ ကိုကြည့်လျှင်လည်း ကချင်တွင် KIA နှင့် KNO ဟူ၍ နှစ်ဖွဲ့ပင်ထပ်မံခွဲထားသေးကြောင်း တွေ့ရပေလိမ့်မည်။ PNLO နှင့် PSLF အဖွဲ့ များမှာလည်း KIA မှ အင်အား၊ လက်နက်ခွဲဝေ ဖွဲ့စည်းပေးထားသည့်အဖွဲ့များ ဖြစ်ပေသေးသည်။ အင်းအားကိုကြည့်မည်ဆိုလျှင်လည်း UNFC တွင် အဖွဲ့ (၁၂) လုံးပေါင်းပါမှ အင်အား ၁၅၈၅၀ ခန့်သာရှိပေသည်။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ လူဦးရေနှင့် UNFC တွင်ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ လူဦးရေကို နှိုင်းယှဉ်အချိုးချကြည့်ပါက UNFC သည် တိုင်းရင်းသားလူမျိုး များကို အမှန်တကယ်ကိုယ်စားပြုသော အဖွဲ့စည်းတစ်ခု မဟုတ်ကြောင်း ရှင်းလင်းစွာ တွေ့ရပေလိမ့်မည်။

အဖွဲ့စည်းထဲတွင် KIA နှင့် KNU တို့သာ အင်အား ၅၀၀၀ ခန့်စီရှိကြပြီး ရာခိုင်နှုံးအားဖြင့် အများဆုံး ပါဝင်နေကြပေသည်။ အဖွဲ့၏ အရေးကြီးသော ခေါင်းဆောင်ပိုင်းနေရာများကိုလည်း ထိုအဖွဲ့နှစ်ဖွဲ့မှပင် ချုပ်ကိုင်ထားလျှက် ရှိပေသည်။ UNFC ၏သမိုင်းကြောင်းကို ပြန်လည်ကြည့်ရှုလျှင်လည်း အင်အားအတန်ငယ် အသင့်အတင့်ရှိသော KIA သည် အခြားတိုင်းရင်းသား အဖွဲ့များအပေါ်တွင် ဗိုလ်ကျ လွှမ်းမိုးချုပ်ကိုင်လိုသည့် ရည်ရွယ်ချက်ဖြင့်သာ စတင်ဖွဲ့စည်းခဲ့ကြောင်း သိရှိရပေလိမ့်မည်။ ယခုအခါတွင် KIA အဖွဲ့နှင့် အင်အားတန်းတူ ရည်တူရှိသော KNU အဖွဲ့သည် ချင်းမိုင်ဆွေးနွေးပွဲတွင် UNFC ၏ မူဝါဒလမ်းစဉ်များနှင့် ဖွဲ့စည်းပုံသည် အစိုးရနှင့် ဆွေးနွေးရာ၌ ငြိမ်းချမ်းရေးကိုဦးမတည်ပဲ ထိပ်တိုက်ရင်ဆိုင်ရေးကိုသာ ဦးတည်သည်ဟု ဆိုကာ ဆွေးနွေးပွဲမှ နှုတ်ထွက်သွားခဲ့ချေပြီဖြစ်သည်။ ထို့ကြောင့် UNFC ၏အဓိက အင်အားကြီးမားသော KNU လိုအဖွဲ့စည်းကြီးနှုတ်ထွက်ခဲ့ခြင်းမှာ UNFC အတွက် သိသိသာသာ အင်အား လျော့နည်းသွားမှုများ ဖြစ်ပေါ်ခဲ့ပေသည်။

UNFC တွင်မပါဝင်ပဲ အစိုးရနှင့် သီးခြားဆွေးနွေး၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများလုပ် ဆောင်နေသော အဖွဲ့စည်းများ၏ အင်အား ကိုလည်း အနည်းငယ်ဖော်ပြလိုသေးသည်။ အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေး၍ အပစ်ခတ်ရပ်စဲထားသော UWSA “၀” အဖွဲ့မှာ အင်အား ၃၀၀၀၀ခန့်၊ NDAA အဖွဲ့မှာ အင်အား ၁၅၀၀ ခန့် နှင့် RCSS အဖွဲ့မှာလည်း အင်အား ၆၀၀၀ ခန့်ရှိပေသည်။ ထို့အပြင် BGF ( Border Guard Force ) ခေါ်အစိုးရနှင့် ပူးပေါင်း၍ ဒေသ ကာကွယ်ရေးများလုပ်ဆောင်နေသော အဖွဲ့စည်းများဆိုလျှင် လည်း ရှမ်းပြည်နယ်တွင် အဖွဲ့ဝင်ပေါင်း ၁၅၀၀ခန့်၊ ကရင်ပြည်နယ်တွင် ၄၀၀၀ခန့်၊ ကချင်ပြည်နယ်တွင် ၁၀၀၀ ခန့်၊ ကယားပြည်နယ်တွင် ၇၀၀ခန့် စသည်တို့ဖြင့် ရှိကြပေသည်။ အဆိုပါအဖွဲ့စည်းများ၏ အင်အားနှင့် UNFC မှနှုတ်ထွက်ခဲ့သော KNU၏ အင်အား ကိုပါ ပေါင်းထည့် လျှင်ဖြင့် စုစုပေါင်းအင်အား ၅၁၂၀၀ ရှိပြီး ၁၀၈၅၀ ခန့်သာ ရှိသော UNFC ထက် အင်အား ၅ ဆခန့် ပိုမို များပြားသည်ကို တွေ့မြင်ရပေလိမ့်မည်။

နိဂုံးအနေနှင့်ဆိုရလျှင် UNFC အဖွဲ့နှင့် UNFC အဖွဲ့ဝင်မဟုတ်သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အင်အားစုများကို နှိုင်းယှဉ်ပါက UNFC သည် မြန်မာနိုင်ငံရှိတိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားမပြုသည့် အဖွဲ့စည်းတစ်ခုဖြစ်သည်မှာ ပေါ်လွင် ထင်ရှား လျက်ရှိပေသည်။ နဂိုကပင် ချို့တဲ့သော အင်အားဖြင့် တည်ထောင်ထားသော UNFC ၏ တိုင်းရင်းသားတပ်ပေါင်းစု တည်ဆောက် ရေး ဆိုသည်မှာ လက်တွေ့မဆန်သော စိတ်ကူးယဉ်အိမ်မက်တစ်ခု ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် UNFC ဆိုသည်မှာလည်း မည်သည့် တိုင်းရင်းသား လူမျိုးစုကိုမှ ကိုယ်စားမပြုသော၊ နောက်ခံ တပ်အင်အား စိုးစဉ်းမျှဖြင့် လူတွင်ကျယ်လုပ်ချင်ကြသော လူလည် နိုင်ငံရေး သမားများ၏ နိုင်ငံတကာထောက်ပံ့ကြေး ရရှိရေးအတွက် လုပ်ကြံဖန်တီးထားသော အဖွဲ့စည်းတစ်ခုအဖြစ် မြင်တွေ့လာရကြောင်း သုံးသပ်ရပါသည်။

From:[_ Today Myanmar _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

စိတ်ဓာတ်က တန်ဖိုးမရှိတာလား၊ ဘွဲ့ဝတ်စုံက တန်ဖိုးမရှိတာလား

မကြာသေးခင်က ဂျာနယ်တစ်စောင်ရဲ့ ကာတွန်းမှာ ဘွဲ့ဝတ်စုံ ဝတ်ထားတဲ့ ဓာတ်ပုံကို ကလေးတစ်ယောက်က ကြည့်ပြီးတော့ သူ့ဖခင်ကို “ဒါဆန္ဒပြဝတ်စုံလား ဟင်” လို့ မေးလိုက်တာကို တွေ့ပြီး အတော်လေး စိတ်မကောင်း ဖြစ်သွားမိပါတယ်။ လူငယ်တွေ ဘွဲ့ဝတ်စုံနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေချက်တွေကို သတိထား ဆင်ခြင်သင့်ပြီ ထင်ပါတယ်။ 



တက္ကသိုလ် ဆရာ၊ ဆရာမတွေလည်း ကိုယ့်တပည့်တွေ လုပ်ဆောင်နေမှုနဲ့ ပတ်သက်ပြီး သင့်မသင့် ပြောကြားကြစေချင်ပါတယ်။ ခုတစ်လော ကျောင်းသားတွေ ဆန္ဒပြနေကြတာ ဘွဲ့ဝတ်စုံဝတ်ပြီး ပဲပြုတ်တောင်း ခေါင်းရွက်၊ ရေစည်လှည်းတွန်း၊ ဆိုက်ကားနင်းပြတဲ့ Performance တွေ လုပ်နေတာတွေကို တွေ့ရပြီး စိတ်မချမ်းသာလွန်းတဲ့အတွက် ဒီစာကို ရေးမိပါတယ်။ ဘွဲ့ဝတ်စုံဝတ်ပြီး အခမ်းအနား တက်တယ်ဆိုတာ ဘွဲ့ကို သို့မဟုတ် လက်မှတ်ကို လေးစားဂုဏ်ပြုပြီး အားလုံး ယူနီဖောင်းဖြစ်အောင် ဝတ်ဆင်ကြရတာ ဖြစ်ပါတယ်။ ဘွဲ့ဝတ်စုံအောက်မှာ သိန်းချီ၊ သန်းချီပြီး ဝတ်စားထားလည်း သတ်မှတ်ထားတဲ့ ဘွဲ့ဝတ်စုံအောက်မှာ တစ်သွေးတည်း တစ်သားတည်း ဖြစ်ကြောင်း ပြဆိုဖို့ ဆင်တူ ဝတ်ဆင်ထားကြတာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တက္ကသိုလ် တက်တုန်းက နောက်ဆုံးနှစ် ဘွဲ့ယူခါနီးတော့ အဆောင်မှူးကို ကျောင်းသားတွေထဲက တစ်ဦးက “ဆရာကြီး ကျွန်တော်တို့ ဆိုက်ကားစီးပြီး ဘွဲ့လာယူလို့ မရဘူးလား” လို့ ထမေးလိုက်ပါတယ်။

 မြန်မာစာ ပါမောက္ခဖြစ်တဲ့ ဆရာကြီးက ပြုံးရွှင်စွာပဲ “ရတာပေါ့ တပည့်တို့ရာ၊ ဒါပေမဲ့ တစ်ခုစဉ်းစားဖို့ သင့်တာပေါ့။ ဘွဲ့ဝတ်စုံဆိုတာ လူတိုင်း ဝတ်နိုင်တာမှ မဟုတ်တာ။ နေရာတိုင်း ဝတ်ရတာမှ မဟုတ်တာ။ တပည့်တို့ကို ဘွဲ့ပေးတယ် ဆိုတာကလည်း တတ်တာ၊ မတတ်တာ ထက်၊ တပည့်တို့ကို အဆင့်အတန်းတစ်ခု အနေနဲ့ သတ်မှတ်ပေးလိုက်တာ။ တပည့်တို့ လေးနှစ်တာကာလ ဤတက္ကသိုလ်ကြီးတွင် သင်ယူခဲ့ကြကြောင်း ဂုဏ်ပြုတဲ့အနေနဲ့ ပေးတာ။ ပေးတဲ့ တက္ကသိုလ်ကဘွဲ့ကို လမ်းဘေးကလူ လာမယူနိုင်ဘူး။ တက္ကသိုလ်ဘွဲ့ကို လမ်းဘေးက အဝတ်အစားနဲ့ တက်ယူလို့ မရဘူး။ အဲဒါ ဂုဏ်တစ်ခု၊ အဆင့်တစ်ရပ် အနေနဲ့ သတ်မှတ်ထားတာ။ အဲဒါကို တပည့်တို့က ဘွဲ့ဝတ်စုံ ဝတ်လာပြီး ဆိုက်ကားနဲ့လာမယ် ဆိုရင်လည်း ဘွဲ့ဝတ်စုံနဲ့ ဂုဏ်အပေါ် တပည့်တို့က ဘယ်လိုသတ်မှတ်သလဲ ဆိုတဲ့ စိတ်နဲ့ အဆင့်အတန်းကို ပြန်ပြတာပဲ။ တန်ဖိုးဆိုတာ တစ်ခါတလေ “သိ” မှ “ရှိ” တာပါ” ဆိုတဲ့ စကားကို တစ်သက်လုံး မှတ်သားခဲ့ရတဲ့ ကျွန်တော်တို့ အဖို့ကတော့ ကိုယ့်ခေတ်ကိုယ့်အခါက လမ်းညွှန်သင်ပြနိုင်ခဲ့တဲ့ ဆရာတွေနဲ့ ကြုံတွေ့ခဲ့ရတာကိုပဲ ကျေးဇူးကြီးလှပြီလို့ ယူဆနေမိပါတယ်။


 ဘွဲ့က တန်ဖိုးမရှိဘူး။ အလကားဘွဲ့။ သုံးစားမရတဲ့ဘွဲ့လို့ အထပ်ထပ် အော်နေတာလည်း ကြားနေရပါတယ်။ ကျွန်တော် အထက်မှာ ပြောခဲ့သလို တန်ဖိုးဆိုတာ “သိ” မှ “ရှိ” တာဆိုတဲ့ စကားကိုပဲ ပြန်ညွှန်းပါရစေ။ ဘွဲ့ရခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ကျွန်တော်တစ်ခု သတိပေးချင်ပါတယ်။ ခင်ဗျားတို့ ဘယ်နည်းနဲ့ပဲ ဘွဲ့ရလာသည် ဖြစ်စေ သတ်မှတ်ထားတဲ့ အရည်အချင်းစစ် စာမေးပွဲကို မအောင်မြင်ဘဲနဲ့ အဲဒီဘွဲ့ကို မရပါဘူး။ သတ်မှတ်ထားတဲ့ အခကြေးငွေများ အကျေ ပေးဆောင်ရတယ်။ ကျောင်းခေါ်ကြိမ် မှန်အောင် တက်ခဲ့ကြရတယ်။ ဒါမှလည်း စာမေးပွဲ ဖြေဆိုခွင့်ကို ဦးစွာရတယ်။ စာမေးပွဲ ဖြေခွင့်ရ၊ စာမေးပွဲအောင်မှ ဘွဲ့ရလာတဲ့သူတွေချည်းပါပဲ။ ဘယ်သူမှ ဘွဲ့တစ်ခုကို အလကား မရပါဘူး။ ဘွဲ့ရပြီး အလုပ်ရတာ၊ မရတာ၊ လုပ်တာ၊ မလုပ်တာက တစ်ပိုင်းလို့ ထင်ပါတယ်။ အဲဒါကလည်း ဘွဲ့ဝတ်စုံနဲ့ မဆိုင်ပါဘူး။ ဘွဲ့ယူရင် သတ်မှတ်ချက်မှာ ဘွဲ့ယူအခမ်းအနားသို့ တက်ရောက်သူများသည် ပညာရှင်များပီပီ မိမိတို့ ပညာရပ်ဆိုင်ရာ ဘွဲ့ဝတ်စုံများကို၊ ဂုဏ်အဆင့်အတန်းနှင့် ကိုက်ညီစွာ ဝတ်ဆင်ရမည်ဆိုတာ နိုင်ငံတကာစံပါ။ ကိုယ့်တစ်နိုင်ငံတည်းက တီထွင်ထားတာ မဟုတ်ပါဘူး။ ဘွဲ့ယူတဲ့ စနစ်ကလည်း မြန်မာ့နည်းမြန်မာ့ဟန် မဟုတ်ပါဘူး။ အနောက်တိုင်းစတိုင်၊ အလေ့အထတွေအတိုင်း ဘွဲ့ယူ၊ ဘွဲ့ပေးနေကြတာပါ။ လူတိုင်း သူ့နေရာနဲ့ သူ့အထာ ဆိုတာကို ဂရုစိုက်ကြရပါတယ်။ 

ဘာကြောင့်လဲဆိုတော့ လူ့ဘောင်အသိုင်းအဝိုင်းထဲမှာ လူတစ်ယောက်အနေနဲ့ နေထိုင်ကြရတာ ဆိုတော့ လူလိုကျင့်၊ လူလိုကြံ၊ လူလိုနေကြဖို့ အရေးကြီးပါတယ်။ ဘွဲ့ဝတ်စုံကြီး ဝတ်ပြီးတော့ အရက်မူးပြီး လမ်းဘေးမှာ လဲနေရင် အဲဒီဘွဲ့ဝတ်စုံ ဝတ်ထားတဲ့လူ သိက္ခာကျတာထက် “ဘွဲ့” ဆိုတဲ့ ဂုဏ်ကို ညှိုးမှိန်အောင်လုပ်ပြီး လူတိုင်း အထင်သေး မလေးစားအောင် လုပ်ရာကျပါတယ်။ ဘွဲ့ဆိုတာကို အထင်မကြီးရင် အစကတည်းက တက်မယူကြနဲ့ပေါ့။ အဲဒီ ဘွဲ့ပေးတဲ့ တက္ကသိုလ်တွေကို ဝေးဝေးရှောင်နေပေါ့။ ဘွဲ့ရမှ အလုပ်ခန့်မယ် ဆိုတာ သတ်မှတ်ချက်တစ်ခုပါ။ ဘယ်သူမှ တတ်တယ်၊ မတတ်ဘူးလို့လည်း ဒီခေတ်မှာ စစ်ဆေးနေတာ မဟုတ်တော့ပါဘူး။ အလုပ်ခေါ်ရင် ဘွဲ့ရဖြစ်ရမယ် ဆိုတာ စံတစ်ခုပဲ။ ဘွဲ့ရရင် လာခဲ့၊ ဘွဲ့မရရင် မလာခဲ့နဲ့လို့ သတ်မှတ်ထားသလို ဖြစ်နေတဲ့အတွက် ဘွဲ့ဆိုတာ တန်ဖိုးမရှိဘူးလို့လည်း မပြောနိုင်ပါဘူး။ လူ့ဘောင်အသိုင်းအဝိုင်းက သူ့နေရာ၊ သူ့အဆင့်အတန်း ဆိုတာကို လက်ခံထားပါတယ်။ အသုဘ အခမ်းအနားကို မင်္ဂလာဆောင် သွားသလို မလာကြဘူး။ မင်္ဂလာဆောင် အခမ်းအနားကိုလည်း စွပ်ကျယ်ချိုင်းပြတ်နဲ့ ပုဆိုးခါးတောင်း ကျိုက်ပြီး လာလေ့ မရှိပါဘူး။ သူ့နေရာနဲ့သူ ဝတ်စားကြတယ်ဆိုတာ လူ့ဘောင်ရဲ့ ယဉ်ကျေးမှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ လူ့ဘောင်က သတ်မှတ်ထားတဲ့ စံလွှဲပြီး လုပ်ဆောင်ချက် တစ်ရပ်ဟာ တစ်ခါတလေ စော်ကားမော်ကား လုပ်သလို ဖြစ်တတ်ပါတယ်။ 

ဘွဲ့ဝတ်စုံကို စော်ကားတာဟာ ကိုယ့်အဆင့်အတန်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး စော်ကားနေသလိုမျိုး ဖြစ်သွားတတ်တယ် ဆိုတာလည်း သတိပြုစေချင်ပါတယ်။ ခေတ်သစ် Performance အနေနဲ့ ကြိုက်တဲ့ဝတ်စုံ ဝတ်ပြီး ဆန္ဒပြနိုင်ပါတယ်။ မကျေနပ်ရင် ဘာမှမဝတ်ဘဲနဲ့လည်း ဆန္ဒပြလို့ ရပါတယ်။ ဘွဲ့နဲ့ ရှာဖွေလုပ်ကိုင် စားသောက်နေကြတဲ့ ကိုယ့်ရဲ့မိဘ၊ ဆွေမျိုး၊ ညီအစ်ကို၊ မောင်နှမတွေကို စော်ကားသလိုမျိုး ဘွဲ့ဝတ်စုံကြီးတွေ ဝတ်ပြီး Performance လုပ်နေတာတွေကတော့ အမြင်မတော်လို့ ရပ်တန်းက ရပ်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
 (အငြိမ်းစားကျောင်းဆရာတစ်ဦး) 

From:[_ The Voice _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 18, 2014

စစ်ဗိုလ်ဟောင်းကြီးတွေ လက်နက်ကိုင်အဖွဲ့တွေကို ကြောက်နေရလား ???

ဇွန်လ က ပွဲဆူသွားတဲ့သတင်းတစ်ခုကို မှတ်မိကြဦးမယ်ထင်ပါတယ် ။ MPC ဦးအောင်မင်း က စစ်သားတွေ ရဲ့ သစ္စာလေးချက်ထဲက ဒုတိယ အချက်ဖြစ်တဲ့ ကျဆုံးသွားသော တပ်မတော်သား တို့ရဲ့ သစ္စာကို စောင့်သိ  ရိုသေပါမည် ဆိုတဲ့ အချက်ကို ဖြုတ်သင့်တယ် ဆိုတဲ့ စကားကို ပြောခဲ့တာနဲ့ ပတ်သတ်ပြီးတော့ တပ်မတော်ထဲ  မှာရော တပ်မတော်သားဟောင်းတွေကပါ အသည်းပေါက်မတတ်နာကျင်ရလို့ ပြန်လန်တုံ့ပြန်တဲ့ ကိစ္စဟာ မီဒီ  ယာတွေနဲ့ အွန်လိုင်းမီဒီယာလောကမှာပါ ပြင်းထန်ခဲ့တဲ့ ကာလတစ်ခုဖြစ်ပါတယ် ။

တစ်ချို့ကဆိုရင် ဦးအောင်မင်းကို တိုက်ပုံဝတ်သွားလို့ ယူနီဖောင်းကို ပြန်စော်ကားတာလား ၊ စင်ပေါ်တင်ပေးခဲ့  တဲ့ ဒီဘဝကို မေ့သွားပြီ စသဖြင့် မှတ်ချက်တွေ ပေးခဲ့ပါတယ် ။ စစ်ဗိုလ်ဟောင်းတစ်ဦးဖြစ်သူ ယခု လွတ်တော် အမတ် ဦးလှဆွေ ( ဘုးလက်လှဆွေ ) ကိုယ်တိုင်ကလည်း “ပါတီဆိုတာ ပျက်ချင်ပျက်မယ်။ တပ်မတော်ဆိုတာ မပျက်ဘူး။ အစိုးရ အဖွဲ့ဆိုတာ ပြောင်းချင်ပြောင်းသွားမယ်။ တပ်မတော်က မပြောင်းဘူး။ Positiveပဲမြင်တယ်”   ဆိုတဲ့ မှတ်ချက်နဲ့ ယင်းကိစ္စကို အကြောင်းပြုပြီး ပြောကြားခဲ့ပါတယ် ။ ဦးအောင်မင်းဟာ သူရဲ့ စကားအတွက် တပ်မတော်ကို ပြန်လည်တောင်းပန်ခဲ့တယ်လို့ဆိုပေမယ့် တောင်းပန်ခြင်းဆိုတဲ့ ပြန်ကြားစာမှာ ဘာကြောင့် ပြောရတယ် ဘာကိုဆိုလိုတယ်လို့မပါရှိတဲ့အတွက် စစ်သားတွေဟာ ကျေနပ်ခြင်း မရှိကြသေးပါဘူး။ ဦးအောင်မင်းကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး မီဒီယာကို ပြောရာမှာတော့ စစ်တပ်ကလည်း ကျဆုံးလေပြီးသော တပ်မတော်သားတွေရဲ့ သစ္စာကိုစောင့်သိရိုသေပါမည် ပြောတယ် … ကချင်ကလည်း ကျဆုံးလေပြီးသော ကချင်တပ်သား ၊ ကရင်ကလည်း ကျဆုံးလေပြီးသော ကရင်ရဲဘော် တို့ရဲ့ သစ္စာကို စောင့်သိရိုသေပါမည် လို့ သစ္စာတွေပြုနေခြင်းက ငြိမ်းချမ်းရေးကို ထိခိုက်စေတယ်လို့ ပြောပြသွားပါတယ် ။


ဒီနေရာမှာ ထောက်ပြစရာ ရှိလာတာကတော့ တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးနေ့တွေကိုလည်း ပြန် ကြည့်မယ်ဆိုရင် ဖဆပလခေတ် ၁၉၄၈ ခုနှစ်မှာ တပ်မတော်က ကယားပြည်နယ် ဒီမောဆိုးမြို့နယ် မြလဲရွာက ကရင်နီတပ်တွေကို တိုက်တဲ့နေ့ကို ကရင်နီများ မှတော်လှန်ရေးနေ့ ( ခုခံတော်လှန်ရေးနေ့ ) အဖြစ်သတ်မှတ် ခဲ့သလို ကရင်များကလည်း ၁၉၅၀ ခုနှစ် မှာ စစ်တပ်ကနေ KNU ဥက္ကဌ စောဘဦးကြီး  နဲ့ KNU ဗိုလ်ချုပ်စိုင်းခေ တို့ကို ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးရွှာမှာ ချေမှုန်းနိုင်ခဲ့တဲ့နေ့ကို ကရင်အာဇာနည်နေ့ အဖြစ် ပြုလုပ်ခဲ့ ပါတယ်။ ၁၉၅၈ ခုနှစ်မှာ မိုင်းတုံမြို့နယ် ထဲက နမ့်ကျွတ်ချောင်းတစ်နေရာမှာ နွံစစ်ဟန်(ခ) သျှမ်းမျိုးချစ်တပ် ဆိုပြီး စဝ်နွဲ့စောယန္တ ဦးဆောင်လို့ မေလ ၂၁ ရက်မှာ နယ်ချဲ့ဗမာတပ်ကို တိုက်ရန်နဲ့ သျှမ်းပြည်ခွဲထွက်ရန်ဆိုပြီး စတင်  ဖွဲ့စည်းတဲ့နေ့ကို  သျှမ်းတော်လှန်ရေးနေ့အဖြစ်သတ်မှတ်လာခဲ့ကြပါတယ် ။ အဲဒီလိုပဲ မွန်လူမျိုးရေးရာ အဖွဲ့ချုပ်က ဘားအံမြို့နယ်၊ ဇာသပြင်ရဲစခန်း ကို စီးနင်းပြီးလက်နက်များသိမ်း ယူခဲ့တဲ့ ၁၃၁၀ ခုနှစ် ဝါခေါင် လပြည့်နေ့ကိုလည်း မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ကြပါတယ်။ကချင်လက်နက်ကိုင်များ ကလည်း ကေအိုင်အို ဥက္ကဌ လထော်ဇော်ဆိုင်း ၊ ဇော်တူး နဲ့ ပုံရွှေ ဇော်ဆိုင်း တို့ ထိုင်းနယ်စပ်တစ်နေရာမှာ လုပ်ကြံခံ ရတဲ့နေ့ကို ကချင်အာဇာနည်နေ့ဆိုပြီး ကျင်းပနေခဲ့ပါတယ်။ တခြားတပ်တွေဖြစ်တဲ့ ချင်းတပ်ဦးနဲ့ ပလောင် တပ်ဦး တွေကလည်း နယ်မြေခွဲထွက်ဖို့ တပ်တွေ စထောင်တဲ့နေ့တွေကို တော်လှန်ရေးနေ့  ဆိုပြီး ပြုလုပ်ကျင်းပနေကြပါတယ် ။

ယခင်က သူတို့လှုပ်ရှားရာ တောတွင်း နေရာများ ၊ ပြည်ပရောက် ဒုက္ခသည်များနဲ့ နိုင်ငံရေးသမားများက ကျင်းပခဲ့ပေမယ့် ယခုအချိန်မှာ သူတို့တပ် တွေ ရှိရာ ဌာနချုပ်တွေမှာ ပေါ်ပေါ်တင် တင်ကျင်းပလာကြပါတယ် ။ ကရင်အာဇာနည်နေ့ဆိုရင် ရန်ကုန်မှာပါ ကျင်းပသွားပါတယ် ။ဒီလို တိုင်းရင်းသား  လက်နက်ကိုင်တွေရဲ့ တော်လှန်ရေးနေ့ ၊ အာဇာနည်နေ့တွေမှာ တပ်မတော်ရဲ့ ထိုးစစ်ကြောင့် ကျဆုံးသွားတဲ့ သူတို့ရဲ့ခေါင်းဆောင်တွေကို သတိရကြောင်း ၊ ဒီအဖြစ်တွေကို အမြဲသတိတရရှိစေလိုကြောင်း ပြောကြားနေ တာတွေဟာ အမုန်းပွါးမှုကို ပိုမိုမဖြစ်စေနိုင်ဘူးလားလို့ မေးစရာ ရှိနေပါတယ် ။ တကယ်လို့သာ ဒီကျဆုံးသွားတဲ့ တပ်မတော်သားတွေရဲ့  သစ္စာကို စောင့်သိမယ် လို့ခံယူခြင်းဟာ   တိုင်းရင်းသားတွေအတွက် အမုန်းပွါးစရာ တစ်ခုဖြစ်လာတယ် လို့ MPC က ဦးအောင်မင်းက ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေ ပြုလုပ်နေတဲ့  တော်လှန်ရေးနေ့ ၊ လူမျိုးရေးခေါင်းဆောင် အာဇာနည်နေ့ တွေကိုလည်း ဖျက်သိမ်းဖို့ ပြောနိုင်ရမယ် ။

ဒါလိုပြောမှသာ နှစ်ဖက်တပ်တွေရဲ့ အမုန်းပွါးမှုကို မဖြစ်ချင်လို့ဆိုတဲ့ စေတနာမှန်မယ်လို့ ထင်တယ် ။ ဘာလို့လည်းဆိုရင်   လက်နက်ကိုင်တပ်တွေ ပြုလုပ်တဲ့ တော်လှန်ရေးနေ့ နဲ့ အာဇာနည်နေ့တွေဟာ ဘာသာရေး ၊ လူမျိုးရေးနဲ့ ပြည်နယ် ခွဲထွက်ဖို့ စတင် တောခိုတဲ့ နေ့တွေဖြစ်သလို အဲဒီအကျိုးဆက်ကြောင့် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေမှာ သူတို့  ခေါင်းဆောင်တွေ ကျဆုံးသွား ရတဲ့နေ့တွေ ဖြစ်တဲ့အတွက်ကြောင့် ဒီလိုနေ့တွေ ရှိနေခြင်း ကျင်းပခွင့်ပေးခဲ့ခြင်း တို့ဟာ သူတို့ကို တိုက်ခိုက်ခဲ့ ရတဲ့ စစ်တပ်ကပဲ တစ်ဖက်သက် အကြောင်းမဲ့ တိုက်ခိုက်ခဲ့ပြီး သူတို့ရဲ့ လူမျိုးခေါင်းဆောင်တွေဟာ အပြစ်မဲ့ စွာသေဆုံးသွားသလို ဖော်ပြနေလို့ပဲ ဖြစ်ပါတယ် ။ ဥပမာ ဆိုရရင် KIO က ခေါင်းဆောင်ဟောင်း ဇော်ဆိုင်း တို့ဟာ ထိုင်းနယ်စပ်မှာ လုပ်ကြံခံရတာဟာ ကေအိုင်အေရဲ့  ရင်း(၁၁)တပ်ရင်းမှူး ဆိုင်းတူ ကပဲ ပြန်လုပ်ကြံ လိုက်တာဖြစ်ပြီး ဒါကို အစိုးရကလုပ်ကြံခိုင်းတာဆိုပြီး သမိုင်းလိမ်ခဲ့ကြတာမျိုးတွေ ဖြစ်တယ် ။ နောင်တစ်ချိန်မှာ သမိုင်းမှား  ဖြစ်လာမယ့်အဖြစ် လူမျိုးစွဲ မုန်းတီးမှုတွေ ဘယ်တော့မှ အဆုံးသတ်စေတော့မှာ မဟုတ်တဲ့ အတွက် MPC က ငြိမ်းချမ်းရေးတကယ်လိုလားလို့ အိမ်ရောင်း ခြံရောင်းနဲ့ လုပ်နေရရှာတဲ့ ဂုဏ်သရေရှိ လူကြီးမင်း အနေ နဲ့ ဒီလို တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးနေ့ နဲ့ အာဇာနည်နေ့တွေဟာ မဖြစ်သင့်ပါဘူး လို့ ပြောရဲတယ်ဆိုတာမျိုးမှ မျှတတဲ့အမြင်ဖြစ်မယ် ။


(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

May 19, 2014

ဒီမိုကရေစီ ချောက်ထဲကျရန် လက်တစ်လုံးအလို

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေ ၂ ရက်တွင် ပြုလုပ်ခဲ့သော ရန်ကုန်၊ မန္တလေး ဟောပြောပွဲများတွင် အစိုးရနှင့် တပ်မတော်ကို စိန်ခေါ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းကိုနိုင်တို့ကြောင့် ဒီမိုကရေစီ ချောက်ထဲကျရန် လက်တစ်လုံးအလိုသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။ 

ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို သိက္ခာရှိရှိ ထွက်သွားရန် လိုအပ်ပြီး မထွက်ပါက မောင်းချရမည့် သဘောမျိုး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ၈၈ မျိုးဆက် ခေါင်းဆောင် မင်းကိုနိုင်ကလည်း လိုအပ်လျှင် လမ်းပေါ် လူပြည့်သွားအောင် ဖန်တီးနိုင်ကြောင်း၊ လုပ်လည်းလုပ်ပြခဲ့ပြီး ဖြစ်ကြောင်း ခြိမ်းခြောက် ပြောဆိုမှုများ ပြောကြားခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေသည် သုံးစားမရအောင် စုတ်ပြတ်နေသည့် သဘောမျိုး ဝေဖန်ခဲ့ရာ လက်ခုပ်သံ တဖြောင်းဖြောင်း ရရှိခဲ့သော်လည်း လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေမှာ စိုးရိမ်ရသည့် အနေအထားမျိုး ရောက်ရှိနေပြီ ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ထုတ်ဖော်ပြောဆိုသည်။ “အခုဆိုရင် နိုင်ငံရေးအကျဉ်းအကျပ်တစ်ခုကို ရောက်တော့မလို ကျွန်တော်တို့ ခံစားမိပါတယ်။ တစ်ဖက်ကလည်း ဒေါ်စုအတွက် ဘ၀နောက်ဆုံးချိန် နီးကပ်နေတော့ ၂၀၁၅ တစ်ခုပဲ တွက်ထားပုံရ ပါတယ်။ ဒီတော့ အရှိန်တင်လာတဲ့ သဘောပါ။ ဒါပေမယ့် တော်တော်လေးကို ပြင်းထန်တာ တွေ့ရပါတယ်။ ထိုင်းလိုမျိုး လုပ်ချင်တဲ့ပုံရတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ထိုင်းနဲ့မတူဘူး ဆိုတာ အလေးထား စဉ်းစားဖို့ လိုပါတယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းစိုးက ပြောဆိုသည်။ 

“နောက် နိုင်ငံရေး စီးပွားရေး လူမှုရေး ဘက်စုံချွတ်ခြုံကျနေတာ ၂၀၀၈ ကြောင့်လို့ ပြောတာကို ကျွန်တော်တို့ လက်မခံပါဘူး။ ၂၀၀၈ ကြောင့် အခုလို ကောင်းမွန်တဲ့ အနေအထားမျိုးကို ရောက်လာတယ် ဆိုတာကို အတိုက်အခံတွေ နားလည်ဖို့ လိုပါတယ်။ အစကတည်းက ၂၀၀၈ ပြင်ဖို့ အချိန်ပေးရမယ် ဆိုတာ တော်တော်များများ လက်ခံထားကြတာပါ။ အခု ဒေါ်စုနဲ့ ၈၈ တွေက အချိန်မပေးသင့်ဘူး ဆိုတဲ့ ရပ်တည်ချက်မျိုး ဖြစ်လာတယ်။ အင်ဒိုနီးရှားလိုပ ဖြည်းဖြည်းချင်း ပြောင်းရင် နောက်ကျသွားမယ် ဆိုပြီး ဒေါ်စု ပြောသွားတာ တွေ့ရပါတယ်။ ပြောချင်တာက ဒီနည်းလမ်း တကယ် အလုပ်ဖြစ်မယ် လို့ သူတို့ လက်ခံထားကြတာပါ။ ဒါဟာ ဒေါ်စုနဲ့ ၈၈ တွေရဲ့ အမှားကြီးအမှားတစ်ခု ဖြစ်လာနိုင်ပါတယ်။ နောက်ကြောင်း ပြန်လှည့်ရင် ကျွန်တော်တို့ ပြည်သူတွေ ဘယ်လောက် ထပ်စောင့်ရဦးမလဲ စဉ်းစားကြဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်ဘက်ခေါင်းဆောင်တွေ အာဏာကို တဖြည်းဖြည်းချင်း လက်လွှတ်ပေးနေရတာကို မကြိုက်တဲ့သူတွေ အများကြီး ရှိမှာ သေချပါတယ်။ ဦးသိန်းစိန်က တပ်ကလာလို့ ဒီလောက်အထိ ချောမွေ့ခဲ့တယ် ထင်ပါတယ်။ စစ်တပ်ကို ဒီလို မောင်းထုတ်လို့ မရနိုင်ပါဘူး။ ကျွန်တော်တို့ ဆုတောင်းရမှာပေါ့။ အချိန်မီ အသိတရား ၀င်ကြဖို့ပေါ့” ဟု ၄င်းက ပြောဆိုသည်။ 

“လက်ရှိအချိန်မှာ KIO က လွတ်လပ်ရေးအတွက် တိုက်နေတာ ဆိုပြီး ပြောတယ်။ ငြိမ်းချမ်းရေးက မရေရာသေးဘူး။ ဒီကြားထဲ မူဆလင် အစွန်းရောက် အန္တရာယ်တွေ ရှိလာနိုင်သေးတယ်။ ၁၉၈၈ အခြေအနေမျိုးကို ပြန်ဦးတည်လိုက်တာကတော့ စိုးရိမ်စရာ ကောင်းနေပြီပေါ့။ ကျွန်တော်တို့ စဉ်းစားရမှာက စစ်တပ်က ၈၈ တုန်းကလို အနေအထားမျိုး မဟုတ်တော့ဘူး။ ဒေါ်စုနဲ့ ၈၈ တွေက ၈၈ တုန်းက အနေအထားမျိုးပဲ ရှိသေးတယ်။ အခုဟာက ဖောင်းဘော ဖြစ်သွားပြီ။ ဒီလို ခြိမ်းခြောက် အကျပ်ကိုင်ရင် စစ်တပ်က ဘယ်လိုတုံ့ပြန်မယ် မှန်းထားသလဲ။ ကျွန်တော်ကတော့ အံ့သြတယ်။ အသာတကြည်နဲ့ ဟုတ်ကဲ့ပါ ပြောပြီး ထွက်သွားပေးမယ် လို့ လွယ်လွယ်ကူကူ ထင်ထားကြပုံ ရတယ်။ ပြောရရင် ပိတ်ဆို့တာတွေကို နှစ် ၂၀ ကျော် သူတို့ ခံခဲ့ပြီးပြီ။ အခု ပြောင်းလဲလာတာက လမ်းပေါ်ထွက်တဲ့ ၈၈ နဲ့ NLD ကြောင့် မဟုတ်ဘူး။ သူတို့ဘာသာ ပြောင်းချင်လို့ကို ပြောင်းတာ။ ဦးသိန်းစိန် လွှတ်ပေးလို့ ၈၈ တွေ လွတ်လပ်လာတာ။ ဒါကို မမေ့ဖို့ လိုတယ်။ မလွှတ်ပေးလည်း ဘာမှ မဖြစ်ဘူး။ ပြီးခဲ့တဲ့ နှစ် ၂၀ ဘယ်သူတွေ ဘာတွေ ဖြစ်ခဲ့သလဲ။ ရှင်းရှင်းလေးပါ။ နောင်တ ဆိုတာ ပြည်သူတွေရဲ့ ဘ၀နဲ့ မလဲသင့်ဘူး ထင်ပါတယ်” ဟု နိုင်ငံရေးဆောင်းပါးရှင်းတစ်ဦးက ပြောကြားသည်။

 “ကျွန်တော်တို့ မျှော်လင့်ထားရမှာက နောက်ကြောင်းပြန်လှည့်ရင် ဘယ်လို အကောင်းဆုံး လုပ်ကြမလဲ ဆိုတာပါပဲ။ စစ်တပ်ကို ချောင်ပိတ် ရိုက်နေသလိုပဲ။ တစ်ဖက်မှာ ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်နေတဲ့ ဦးသိန်းစိန်ဘက်မှာ ကဲ...ခင်ဗျားကတော့ ပူးပေါင်းဆောင်ရွက်တယ် ဆို...အခု တွေ့ပြီ မဟုတ်လား...ဆိုတာမျိုး ဖိအားပေးတာတွေ သေချာပေါက် ဖြစ်လာတော့မယ်။ အခု ဒေါ်စု ပြောနေတာတွေကို စစ်ဘက်က သဘောပေါက်ထားတာက ဒေါ်စုဟာ စစ်တပ်နဲ့ ပြည်သူကို သွေးခွဲနေတယ် ဆိုတာမျိုးပဲ။ ဦးသိန်းစိန် ပြောထားတာလည်း ဆူဆူပူပူဖြစ်ရင် ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူပဲ နစ်နာမယ် ဆိုတာပဲ။ အစိုးရနဲ့ စစ်တပ်ဘက်မှာ ဘယ်လောက်အထိ ပြင်ဆင်ထားပြီလဲ ဆိုတာ ဒေါ်စုနဲ့ ၈၈ တွေ စဉ်းစားထားပုံ မရှိဘူး။ ရရင်ရ မရရင်ချ ဆိုတဲ့နည်းလမ်းက ဒိတ်အောက်သွားပြီ” ဟု ၄င်းက ပြောသည်။ “ဒေါ်စု လိုချင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး မရနိုင်တော့ဘူးဗျ။ ကျွန်တော်ကတော့ ဒီလိုပဲ မြင်တယ်။ ဒီနောက်ဆုံး မိန့်ခွန်း ၂ ခုနဲ့ပဲ ဒေါ်စု သမ္မတ ဖြစ်ရေး အိပ်မက် ပျက်သွားပြီ။ ကျွန်တော် သနားတာကတော့ ဘာမှ မသိတဲ့ ပြည်သူတွေပါပဲ။ သူတို့ နောက်ကြောင်းပြန်လှည့်ရင် ဘယ်လောက် စောင့်ရဦးမလဲ မသိဘူး။ သွေးထွက်သံယိုမှုတွေ အများကြီး ကြုံလာနိုင်တယ်။ ကျွန်တော့် ကလေးတွေ ကျောင်းမပြီးသေးဘူး။ သူတို့ အနာဂတ်တွေ ပြန်ပျောက်သွားမှာ စိုးတယ်။ ဘာဖြစ်လို့ ဒီလောက်အထိ ဖြစ်လာသလဲ ဆိုတာကို ဖြေရရင် ဒေါ်စုသမ္မတ ဖြစ်ရေး ပစ်မှတ်ပါပဲ။ ဒေါ်စု မလျှော့ဘူးဆိုရင် ချောက်ထဲကျရန် လက်တလုံးအလို ဆိုတာ ဖြစ်လာမှာပဲ။ နှမြောစရာ ကောင်းတာက နိုင်ငံတကာမှာ ကျွန်တော်တို့ နိုင်ငံ နာမည်ကောင်းရကာစ အခြေအနေလေး ပျောက်ဆုံးသွား တော့မယ် ဆိုတာကိုပေါ့။ အာဖရိကနိုင်ငံတွေရဲ့ လမ်းကြောင်းကို ကျွန်တော်တို့ လိုက်ရတော့မယ်။ ကျွန်တော် စိတ်ထဲမှာ ထင့်နေတယ်။ ဒါက မိုက်ရူးရဲသတ္တိပါပဲ” ဟု မဘသ အဖွဲ့ချုပ်က ပြောဆိုသည်။ 

ဒီမိုကရေစီ နုစအချိန်တွင် နေကွယ်ချိန် ရောက်လာသည်မှာ ၀မ်းနည်းစရာ ကောင်းကြောင်း၊ ပြည်သူများအနေဖြင့် နောက်ထပ် နှစ်အတော်များများ နောက်လှည့်လျှောက်ရတော့မည်လား ဟု တွေးမိကြောင်း၊ စစ်တပ်က အသင့် ရှိနေပြီ ထင်ကြောင်း၊ စစ်တပ်တွေရဲ့ အခန်းကဏ္ဍကို လျှော့တွက်တာတောတွေ သူစိုးရိမ်စရာ ဖြစ်လာမည် ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။ “ကျွန်တော်တို့က နောက်ကျတာက ဟိုဘက်က ရှေ့ရောက်နေတာ ကြာပြီ။ ဒေါ်စု သမ္မတ ဖြစ်ချင်တဲ့ ဒေါ်စုအနေနဲ့ ပြည်သူတွေရဲ့ အကျိုးကို အနည်းဆုံးတော့ ပြန်ကြည့်သင့်တယ် ထင်ပါတယ်။ နောက်ကြောင်း ပြန်လှည့်ရင် ဒ့ဟာ NLD နဲ့ ၉၉ တွေ သမိုင်းအမည်းကို ရေးတာ ဖြစ်လာတော့မယ် ထင်ပါတယ်” ဟု လေ့လာသူတစ်ဦးက ပြောသည်။ 

တပ်မတော်ဘက်မှ ကြားသိရသော အသံများအရ “လိုအပ်ရင်လမ်းတွေပေါ်မှာ လူတွေပြည့်သွားအောင် လုပ်နိုင်တယ်။လုပ်လည်းလုပ်ပြခဲ့ပြီးပြီ ဆိုပြီး မင်းကိုနိုင်က ပြောသွားကြောင်း၊ အဲဒီလို လုပ်နိုင်တဲ့ဆိုတဲ့ကောင်တွေ ဘာမှ မလုပ်နိုင်အောင် လုပ်နိုင်တယ်၊ လိုအပ်ရင် လမ်းတွေပေါ်မှာ လူတစ်ယောက်မှ မရှိအောင်လုပ်နိုင်တယ်၊ လုပ်လည်းလုပ်ပြခဲ့ပြီးပြီ ဖြစ်ကြောင်း၊ လမ်းပေါ်ထွက် ဆူပူအုံကြွ၊ ၄င်းနောက် စစ်ဘက်မှ နှိမ်နင်း၊ နေအိမ်အကျယ်ချုပ်ချ၊ ထောင်ချ၊ မတရားအသင်းများအဖြစ်ကြေညာ၊ တက္ကသိုလ်ရိပ်သာလမ်း ပြန်ပိတ်၊ နိုင်ငံ တကာက ၀ိုင်းဝန်းပိတ်ဆို့၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့တွင် စီးပွားရေး ပိတ်ဆို့တာ ဒို့မမှုပါ သီချင်းများ ပြန်လွှင့်၊ စီးပွားရေးကျပ်တည်း၊ ပြည်သူတွေ ဒုံရင်းပြန်ဆိုက်၊ ဟန်းဖုန်းဈေးတွေ တစ်လုံး ဆယ့်ငါးသိန်း ပြန်ဖြစ်၊ ကားပါမစ် တွေ ပိတ်၊ ကားဈေးတွေ ပြန်တက်၊ မီဒီယာလွတ်လပ်ခွင့် ပြန်ပိတ်၊ ဆင်ဆာ ပြန်ထား သတင်းစာတွေပိတ်သိမ်း၊ ပက်ပ်စီတွေ ကိုကာကိုလာတွေ ၈၈ တုန်းကလို ပြန်ထွက်သွား၊ ဂျပန်တွေ ပြန်ထွက်၊ .တောင်ကိုရီးယားတွေ ပြန်ထွက်၊ တရုတ် ကုမ္ပဏီတွေ အလုံးအရင်းနဲ့ ၀င်လာ၊ လက်ပံတောင်းတောင် လို စီမံကိန်း ၁၀၀ လောက် တရုတ်နဲ့ပြန်လုပ်၊ မြစ်ဆုံစီမံကိန်း ပြန်လုပ်၊ ကုလသမဂ္ဂက အော် ..အထူးကိုယ်စားလှယ် ပြည်ဝင်ခွင့်မပေး၊ ရုပ်ရှင်မင်းသားမင်းသမီးတွေ စစ်ကားတွေ ပြန်ရိုက် အဆိုတော်တွေ ပေါ်လစီသီချင်းတွေ ပြန်ဆိုကြ၊ အငြိမ့်တွေ သံချပ်တွေ ပြန်ပိတ်၊ သီတင်းထောက်တွေ စာရေးဆရာတွေ ဘလော့ဂါတွေ ထောင်ထဲ ပြန်ပို့၊ ဘုရားတက် ဆုတောင်းပွဲတွေ ပြန်ပေါ်လာ၊ လမ်းလျှောက်ဆန္ဒပြရင် ဖမ်းကြဆီးကြ၊ ဆန့်ကျင်ဘက် ၀က်ဆိုဒ်တွေ ပိတ်၊ facebook ကိုပါ ပိတ်၊ ဆွေမျိုး-ပေါက်ဖော် ချစ်ကြည်ရေး အဓွန့်ရှည် ဟူသည့် အခြေအနေမျိုး ပြန်လည် ရောက်ရှိလာမည်”ဟု သတိပေးထားကြောင်း သိရှိရသည်။ 


NLD နှင့် ၈၈ အဖွဲ့၏ အတွင်းသတင်းများအရ ၈လေးလုံးနှစ်ပတ်လည် ဖြစ်သော ၈ လပိုင်း ၈ ရက်နေ့အချိန်ကာလများတွင် တစ်နိုင်ငံလုံး အုံကြွမှု ဖြစ်စေရန် စည်းရုံးလှုံ့ဆော်သွားမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ ချောက်ထဲကျရန် လက်တစ်လုံးအလိုသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ နောက်ပြန်လှည့်သွားပါက အဓိက ဆုံးရှုံးနစ်နာရမည် မှာ ပြည်သူများသာ ဖြစ်ပြီး ဒေါ်စုနှင့် ၈၈ အဖွဲ့များမှာ နိုင်ငံတကာမှ ချီးမြှင့်သည့် ဆုပေါင်းများစွာ ထပ်မံရရှိလာနိုင်မည် ဖြစ်ကြောင်းလည်း သိရရှိသည်။ 

 From:[_  ပြည်သူ့အာဏာ _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Sep 2, 2013

အစိုးရက ပြည်သူတွေကို တကယ်ရော စေတနာထား နေပါသလား

သြစတျေးလျမှာ အလုပ်ရှိရင် အိမ်ဝယ်လို့ ရတယ်။အလုပ် (၆) လပဲလုပ်။ ဘဏ်ကငွေချေး၊စပေါ်ငွေက တစ်သောင်းခွဲလောက်ရှိရင်လစာပေါ်မှုတည်ပြီး အိမ်ဝယ်လို့ ရပြီ။နှစ်ပေါင်း ၂၅-နှစ် သုံးဆယ်လောက် လစဉ်ပုံမှန်ဆပ်ရင် အိမ်ပိုင်ယာပိုင်ဖြစ်ပြီ။လင်မယားနှစ်ယောက်အလုပ်လုပ်ရင် အိမ်ကောင်းကောင်းရမယ်။
အလုပ်သမားတိုင်း ဒေါ်လာသုံးသိန်းတန်အိမ်တော့ ၀ယ်နိုင်အောင်လုပ်ထားတယ်။

သြစတျေးလျပုံစံလိုအမေရိကန်နိုင်ငံ၊ နော်ဝေ စတဲ့နိုင်ငံတွေအပြင်အာရှတိုက်က နိုင်ငံအချို့ မှာလည်း ဒီပုံစံအတိုင်းအလုပ်သမားတိုင်း၊ ၀န်ထမ်းတိုင်း အိမ်ပိုင်ယာပိုင်ဖြစ်ပါတယ်။ကျနော်တို့ နိုင်ငံမှာတော့ ဒီစနစ်မရှိသေးဘူး။ဘာဖြစ်လို့ မရှိတာလဲမသိဘူး။စက်ရုံဝန်ထမ်းကစလို့ ၊ စစ်သားအဆုံး အလုပ်ပုံမှန်ရှိရင် အိမ်ကိုအကြွေးနဲ့ ဝယ်လို့ ရအောင် အစိုးရက လုပ်ပေးလို့ နိုင်ရဲ့ သားနဲ့ မလုပ်တာက အစိုးရရဲ့ အပြစ်ပါ။

လူမှာ နေစရာ၊ စားစရာနဲ့ အ၀တ်အစား က အဓိကကြတယ်။ဒီတော့ အိမ်ပိုင်ယာပိုင်ဖြစ်အောင်အလုပ်သမားတိုင်း၊၀န်ထမ်းတိုင်းမတောင်းဆိုသင့်ဘူးလား။ဆန္ဒပြမပြသင့်ဘူးလား။မြန်မာနိုင်ငံမှာ မြေလွတ်တွေအများကြီးရှိတယ်၊ ဈေးတော်တဲ့
အိမ်ယာစီမံကိန်းတွေဆောက်ပြီး ၀န်ထမ်းတွေနဲ့ အောက်ခြေအလုပ်သမားတွေအတွက် လုပ်ပေးနိုင်မယ်ဆိုရင် ဆင်းရဲမှု့ တိုက်ဖျက်ရေး က တစ်စိတ်တစ်ပိုင်းအောင်မြင်လိမ့်မယ်လို့ ထင်တယ်။

လက်ပံတောင်းတောင်၊ မြေသိမ်းယာသိမ်း၊အလုပ်သမားအခွင့်အရေးစတဲ့ဟာတွေကို ဆန္ဒထုတ်ဖော်တာထက်အလုပ်ရှိတဲ့လူတိုင်း အိမ်ကိုအကြွေးနဲ့ ဝယ်ခွင့်ရှိရေးကိုလည်း တောင်းဆိုသင့်တယ်ထင်တယ်။

(Tawwat Wat)

  (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

“The Voice အယ်ဒီတာ ကျော်မင်းဆွေသို့”(သို့)ကုလားဘောငုံပြီး လိမ်တဲ့ကျော်မင်းဆွေ

ဒီနေ့မနက်မှာပဲ The Voice က တင်ထားတဲ့ Post လေးတစ်ခုနဲ့ပက်သက်ပြီးတော့ တွေးမိတာလေးပါ။ သူတို့ဇောင်းပေးရေးထားတာက အိန္ဒိယနိုင်ငံက အမျိုးသားခေါင်းဆောင် “မဟာဂန္ဒီ” ရဲ့
စကားနဲ့ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ရဲ့အာဘော်ကိုပူးတွဲပြီးတော့ ဖော်ပြထားတယ်။ နောက်တော့ မြန်မာနိုင်ငံရဲ့
ကပ်ဘေးကြီးတွေထဲမှာ အထိနာဆုံးဖြစ်တဲ့ နာဂစ်မုန်တိုင်းကယ်ဆယ်ရေး အစီအစဉ်တွေထဲမှာ မွတ်စလင်တွေက ဗုဒ္ဓဘာသာဝင်တွေကို အလွန်ကူညီခဲ့တယ် ဆိုတဲ့အကြောင်းနဲ့
ရခိုင်မှာဖြစ်တဲ့ မသီတာထွေးကိစ္စအပါအ၀င် မြန်မာနိုင်ငံမှာဖြစ်သမျှ ကုလား-မြန်မာ အရေးအခင်းတွေကို နိုင်ငံရေးလှည့်ကွက်သဘောမျိုးရေးထားတာပါ။

အချက်အလက်တစ်ချို့ ချပြမယ်ဗျာ။ ပထမဦးဆုံး မဟာဂန္ဒီအကြောင်း။

အိန္ဒိယကို မွတ်စလင်တွေဝင်ရောက် တိုက်ခိုက်ပြီး ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာကို အမြစ်ပြတ်အောင် သုတ်သင်ရှင်းလင်းခဲ့တာ ၁၂-ရာစုမှာပါ။အဲ့ဒီကတည်းက အကြမ်းဖက်တဲ့နည်းလမ်းနဲ့ ၀င်ရောက်လာတဲ့ မွတ်စလင်တွေဟာ ဘီဟာနယ်တစ်လျှောက် အခြေချနေထိုင်နေကြတာ ခုဆို အန္ဒိယမှာ
မွတ်စလင်ဦးရေ သန်း(၂၀၀)နီးပါးရှိပါတယ်။

အိန္ဒိယနိုင်ငံဟာ အင်္ဂလိပ်လက်ထဲကနေ လွတ်လပ်ရေးကို ၁၉၄၉-ခုနှစ်မှာရရှိခဲ့ပါတယ်။ လွတ်လပ်ရေးရတဲ့အချိန်မှာပဲ သူတို့တွေဟာ မွတ်စလင်တွေကိုနယ်မြေတစ်ချို့ခွဲပေးလိုက်ရတယ်။ ကိုယ့်နိုင်ငံထဲကနေ ခွဲပေးလိုက်ရတာပဲဗျာဘယ်သဘောကျပါ့မလဲ။

အဲ့ဒီအချိန်မတိုင်ခင်မှာ အိန္ဒိယနိုင်ငံရဲ့ ထင်ရှားတဲ့ အမျိုးသားခေါင်းဆောင်ကြီး  ၂-ယောက်ရှိတယ်။ “မဟတ္တမဂန္ဒီ” နဲ့ “မစ္စတာနေရူး” ဆိုတဲ့ ပုဂ္ဂိုလ်တွေပါ။ ၂ယောက်လုံးက ဟိန္ဒူဘာသာဝင်တွေ။ နယ်မြေခွဲထွက်ခွင့်တောင်းနေတဲ့ မွတ်စလင်လူထုကို ခေါင်းဆောင်တာက “ဒေါက်တာဂျင်းနား”။ မဟာဂန္ဒီကတော့ သိတဲ့အတိုင်း အင်မတန်သည်းခံပြီး အေးဆေးနေတတ်တော့ မွတ်စလင်တွေ
ဘယ်လိုရန်စရန်စ သည်းခံပြီးနေဖို့ ဟိန္ဒူဘာသာဝင်တွေကို ညွှန်ကြားထားတော့
ပြဿနာရှာနေတဲ့ မွတ်စလင်တွေရော၊ ခံရတဲ့ဟိန္ဒူတွေပါ တိုင်ပတ်နေကြတာပေါ့။

၁၉၄၇-ခုနှစ်မှာ မွတ်စလင်တွေက အချင်းချင်းအချိန်းအချက်လုပ်ထားတဲ့ ရက်တစ်ရက် သတ်မှတ်ပြီးတော့ “ဂျလီဝါနာဘတ်”လို့ခေါ်တဲ့ ခရိုင်ထဲက ဒေသခံဟိန္ဒူ သောင်းဂဏာန်း နီးပါးကို “ဂျီဟက်”လုပ်ပြီး သတ်ပစ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်တကောင်း “န၀ါလီခရိုင်” မှာ သြဇာအင်မတန်ညောင်းတဲ့ “ဟိန္ဒူမဟာရာဂျာ” မိသားစုအပါအ၀င် ဟိန္ဒူဘာသာဝင် ထောင်ပေါင်းများစွာကို “ဂျီဟက်”လုပ်ပြီး လည်လှီးသတ်လိုက်တယ်။

မွတ်စလင်တွေက သူတို့လူဦးရေများတဲ့ဒေသတွေမှာ လက်ဦးအောင်လုပ်လိုက်တော့ ဟိန္ဒူတွေ အတော်လေးခံလိုက်ရတယ်။ မွတ်စလင်တွေက အဲ့ဒီလို ဂျီဟက်လုပ်ပြီးတော့ မဟာဂန္ဒီဆီကိုသွားပြီး ဖြစ်ပြီးခဲ့တာတွေ ပြီးပါစေတာ့ဆိုပြီး အပျော့ဆွဲတရားတော့ မဟာ
ဂန္ဒီကလဲ ဟိန္ဒူလူထုကို သည်းခံဖို့ လက်တုန့်မပြန်ဖို့ ညွှန်ကြားတယ်။ မွတ်စလင်တွေကို
လက်တုံပြန်ရင် မိမိအစာငတ်ခံပြီး သတ်သေမယ်လို့ ခြိမ်းခြောက်တယ်။

အဲ့ဒီတော့ မဟာဂန္ဒီကိုချစ်တဲ့ ဟိန္ဒူတွေခမျာ ဘာလုပ်လို့လုပ်ရမှန်းလဲမသိ။ ခံရလဲခက်။
အဲ့လိုဖြစ်နေတုန်းမှာ ဟိန္ဒူအယူသည်းအဖွဲ့တစ်ခုထဲက “ဂေါ့ဒ်ဆေး”လို့ခေါ်တဲ့သူတစ်
ယောက်က မဟာဂန္ဒီကို နာကျည်းပြီးတော့ လုပ်ကြံလိုက်တာ။ မဟာဂန္ဒီ ဘ၀ဆုံးသွား
တယ်။ ဟိန္ဒူတွေလဲ ကိုးကွယ်ရာတစ်ခု ပျောက်သွားတယ်။ အမြတ်ထွက်သွားတာ
ထုံးစံအတိုင်း မွတ်စလင်တွေ။

ကျနော်တို့နိုင်ငံမှာလဲ အခုဒီအတိုင်းဖြစ်နေတာပဲလေ။ မွတ်စလင်တွေက ပြဿနာရှာတယ်။
ပြီးရင် မြန်မာမွတ်စလင်အဖွဲ့ချုပ်က “ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး”ဆိုပြီး ရွှေပြည်အေး
တရားဟောတယ်။ တစ်ဖက်က လုပ်ချင်ရာလုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို
အကာအကွယ်ယူထားတယ်။ ဒေါ်စုကလဲ ကျေကျေနပ်နပ်ကြီးကို အကာအကွယ်ပေး
ထားတယ်။ ရပ်တည်ချက်ကတော့ မဟာဂန္ဒီထက်တောင် ဆိုးသေး။ မဟာဂန္ဒီက သည်းခံ
ဖို့တရားဟောတာ၊ ဒေါ်စုက မွတ်စလင်အမျိုးတွေဘက်က နာပါတယ်ပဲ အော်နေတာ။


နောက်တစ်ခု “နာဂစ်မုန်တိုင်းကဆယ်ဆယ်ရေး” မှာ မွတ်စလင်တွေက ဗုဒ္ဓဘာသာဘုန်းကြီးအပါအ၀င် လူတွေကို လှူဒါန်းခဲ့တယ်ဆိုတာ။ အဲ့ဒါမဟုတ်ဘူးဗျာ။လိပ်စာအတိအကျပါ ထည့်ပေးလိုက်မယ်။ မယုံရင်သွားမေးကြည့်။

ရန်ကုန်က နာဂစ်ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးယာဉ်တွေသွားတော့နာဂစ်ဖြစ်ပြီး၃ရက်လောက်အကြာပေါ့။ အစိုးရမဟုတ်ဘူးနော်။ အစိုးရကအဲ့ဒီတုန်းက
မလာသေးဘူး။ အိပ်ကောင်းတုန်းရယ်။

ရန်ကုန်ကနေသွားရင် ဒလ ၊ တွံတေး ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ အဲ့ဒီအထိပဲ သွားလို့ရသေးတဲ့အချိန်၊ လမ်းဘေးရေမြောင်းတွေထဲမှာ၊လယ်ကွင်းတွေထဲမှာ ကျွဲသေ၊ နွားသေတွေ မရှင်းရသေးတဲ့အချိန်။

ကျနော်တို့ပါတဲ့ ကယ်ဆယ်ရေးယာဉ်တန်း ကွမ်းခြံကုန်းအပိုင်ကိုရောက်တော့“တော်ခရမ်းလေး”ဆိုတဲ့ ကုလားရွာရှိတယ်။ ကုလားတွေအများကြီးပဲ။ အကုန်လုံး မွတ်စလင်တွေ။ တော်ခရမ်းလေးဘေးနားမှာ ဗမာရွာတွေ၊ ကရင်ရွာတွေရှိတယ်။အဲ့ဒါနဲ့ လုံခြုံရေးယူပေးထားတဲ့ သူတွေကိုမေးတော့ မနေ့ကတော့ ထောက်ပံ့ရေးယာဉ်တန်းတစ်ခုလာသွားတယ် ဆန်အိတ်တွေအများကြီးတင်လာတယ်လို့ ပြောတယ်။

ကျနော်တို့တွေ ရွာတွေကိုရောက်တော့မှ ဘုန်းကြီးကျောင်းတွေက ကျောင်းထိုင်ဆရာတော်တွေ၊ ရွာသူ/သားတွေခမျာ ၀မ်းသာလို့ မျက်ရည်တောင်ကျရတယ်။ထောက်ပံ့ရေးယာဉ်တန်းနဲ့ ဆန်အိတ်တွေရှေ့က သွားထားတယ်။ ဒီလူတွေဆီမှာလဲ ထောက်ပံ့ရေးပစ္စည်း ဘာမှမရှိဘူးဆိုတော့ စုံစမ်းကြည့်တော့မှ လာသွားတဲ့ ယာဉ်တန်း ဆိုတာ ရန်ကုန်မွတ်စလင်အဖွဲ့ချုပ်ကပါတဲ့။

တော်ခရမ်းလေးက တစ်လုံးတည်းသော ဗလီမှာ ဆန်အိတ် (၅၀၀)ချပေးပြီး ပြန်သွား ပါတယ်တဲ့။ အဲ့ဒီက ဗလီဆရာတွေက ဆန်ဝေတဲ့အခါမှာ ဗလီကိုလာပြီးဝတ်ပြုတဲ့မွတ်တွေကိုပဲ ဆန်ပေးပါတယ်။ ဘေးနားက ဘယ်လူမျိုးခြားရွာကိုမှ ဆန်တစ်စေ့တောင်မပေးပါ။ မလှူပါ။ နာဂစ်ဖြစ်တော့ အဲ့နားက မွတ်စလင်တွေ ဘယ်သူမှမငတ်ပါ။ငတ်တာက မြန်မာတိုင်းရင်းသား ဗမာတွေ၊ ကရင်တွေပါ။ ကျုပ်တို့က အဲ့ဒီကိုစရောက်
ခဲ့တဲ့ ကယ်ဆယ်ရေးယာဉ်တန်းပါ။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ထဲကထွက်တဲ့ ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးယာဉ်တန်း၂-ခုထဲက တစ်ခုပါ။ ယာဉ်တန်းတစ်ခုကို လူ (၅၀)လောက်ပါပါတယ်။ တစ်ခါသွားရင် ဆန်အိတ် (၈၀၀)နီးပါးနဲ့ ပဲ၊ ကြက်သွန် အစုံပါပါတယ်။ အဲ့ဒီရိက္ခာတွေမှာ ဒုက္ခရောက်နေတဲ့ လူတွေအတွက် အချိုးချတွက်လိုက်ရင် လူတစ်ဦးကို ဆန်(၄)ဗူးနှုန်းလောက်အောင် မနည်းကြီးကြိုးစားရပါတယ်။

ရပ်ကွက်တွေထဲက အလှူရှင်တွေရဲ့ ဘေထုပ်အ၀တ်တွေ၊ အ၀တ်အစားဟောင်းတွေစုပြီး ယူသွားတာမလောက်လို့ ယောကျာ်းလေးတွေအကုန်လုံး ၀တ်ထားတဲ့ အနွေး
ထည်တွေ၊ အင်္ကျီတွေပါ ချွတ်လှူခဲ့ရပါတယ်။ အားလုံး ကျောဗလာနဲ့ ပြန်ခဲ့ကြရတာ
ဗုဒ္ဓဘာသာ အလှူရှင်တွေပါ။ (တစ်ချို့ဆို ဖိနပ်တောင်ချွတ်လှူတယ်)

အဲ့ဒီတော့ နာဂစ်မှာ မွတ်စလင်တွေက ဗုဒ္ဓဘာသာတွေကို ကူညီတယ်ဆိုတာ The Voice ဂျာနယ်က အယ်ဒီတာချုပ်ကြီး “ကျော်မင်းဆွေ” ကုလားဘောငုံပြီး လိမ်တာပါ။

ရှင်းချင်ရင် လူတစ်ရာကျော် သက်သေလုပ်ပြီး အဲ့ဒီနားကရွာတွေကိုပါ သွားမေးပါ။
အကြောင်းစုံသိရပါလိမ့်မယ်။

ကျန်တဲ့အကြောင်းကတော့ နောက်မှရှင်းမယ်
 From:[_ အဖြူရောင်သူငယ်ချင်း _] 
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 28, 2013

ကျဉ်ဆံလှဆွေတို့များ ကိုယ့်မြေးအရွယ် လောက်တောင် ဦးနှောက် မရှိ


အန်ကယ်ခင်ဗျား။လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ကိုယ့်ခံယူချက်နဲ့ ပြတ်ပြတ်သားသားရပ်တည်ပြီး ဖြေရှင်းတဲ့အတွက် ၀မ်းသာပါတယ်။ အန်ကယ်က ခံယူချက်နဲ့ ဘင်္ဂါလီ White Card ကိုင်ဆောင်ထားသူတွေ ပါတီထောင်ခွင့် ဥပဒေကို ပြုပြင်ဖို့အတွက် ကန့်ကွက်မဲပေးခဲ့တာကို အန်ကယ့်ဘက်က အမြင်ကိုရှင်းထားတာတွေ့ရတာ ကောင်းပါတယ်။ပထမဆုံးအန်ကယ်ဟာ လွှတ်တော်အမတ်တစ်ဦးဖြစ်တယ်ဆိုတာကို အရင် ဆုံးထောက်ပြချင်ပါတယ်။ လွှတ်တော်ထဲမှာရှိတဲ့အန်ကယ့်အနေနဲ့ တာဝန်ယူရမည့် အပိုင်း နဲ့ အကျိုးဆက်ဟာ လွှတ်တော်ပြင်ပမှာရှိတဲ့ သာမန်လူတစ်ဦးတစ်ယောက် ထက်တော့ ပိုတယ်ဆိုတာသေချာပါတယ်။ ဒီကိစ္စမှာ အန်ကယ်သုံးသပ်ရပ်တည်ခဲ့တာဟာ အရမ်းကို ယေဘူယျဆန်လွန်းနေပါတယ်။

အန်ကယ်ကဒီဘင်္ဂါလီအရေးကို ထွက်ပေါက်ပေးဖို့ လမ်းကြောင်းတစ်ခုတည်းရှိတယ်လို့ ယူဆထားပြီး အဲဒီလမ်းကြောင်းကလည်း ဘင်္ဂါလီတွေကို နိုင်ငံသားပေးမှဖြစ်လိမ့်မယ်ဆိုတာမျိုး စဉ်းစားပါတယ်။ ဖြေရှင်းစရာလမ်းကြောင်းရှိတယ်ဆိုတာအမှန်ပါ။ ဒါပေမယ့် ဘင်္ဂါလီတွေကို နိုင်ငံသားအကုန်စုပေးလိုက်ရုံနဲ့ တော့ ပြီး သွားမယ့်ပြဿနာတစ်ခုတော့မဟုတ်ပါဘူး။ ဘူးသီးတောင်
မောင်းတောနေရာတွေမှာ လူဦးရေတိုးတက်လာမှု ဆယ်စုနှစ်အခြေဇယားကိုကြည့်ရင် ဒီလူတွေဟာ နှစ်ရှည်လများဒီမှာ Origin လုပ်ခဲ့သူတွေမဟုတ်ဘူးဆိုတာသိသာပါတယ်။ ရခိုင်လူမျိုးအများစုအခြေအနေကနေ ဘင်္ဂါလီလူမျိုး အများစုအခြေအနေဖြစ်လာတာဟာ တစ်ဖက်ခြမ်းက စိမ့်ဝင်လာခဲ့တဲ့သူတွေ လူဦးရေအင်အားနဲ့ဖိတွန်းလို့ဖြစ်လာတာဆိုတာအသိသာကြီးပါ။ ဒီအတွက်
ဖြေရှင်းတဲ့နေရာမှာ သူတို့ကို နိုင်ငံသားပေးရုံနဲ့ဖြေရှင်းလို့မရဘဲ ဘင်္ဂလားဒေ့ရှ် နဲ့သက်ဆိုင်မှုရှိတဲ့အချက်ကိုပါ ထည့်သွင်းစဉ်းစားရပါလိမ့် မယ်။ 
 


ဒီလိုမဟုတ်ဘဲ နိုင်ငံသားပေးနေမယ်ဆိုရင်တော့ ဘင်္ဂါလီဝင်တာ ကို ထိန်းသိမ်းဖို့နိုင်မယ်တောင်မထင်ပါဘူး။ ပြီးတော့ ဒီကျူးကျော် ၀င်ရောက်နေ သူတွေက အေးအေးဆေးဆေးနေဖို့ထက် အစ္စလာမ်မစ်နိုင်ငံတော်တည်ထောင်ရေးဆိုတာမျိုးတွေ လုပ်နေတယ်ဆိုတာလည်း အန်ကယ်ကြားမိမှာပါ။

အဲလိုအချိန်မှာ လွှတ်တော် တာဝန်ရှိသူအနေနဲ့တောင် တိုင်းရင်းသားတွေဘက်က၊ နိုင်ငံဘက်က အကာအကွယ်တွေမလုပ်ဘူးဆိုရင်၊ အဲဒီနေရာက လူတွေကို လွှတ်တော်ထဲကို ၀င်ရောက်လာခွင့်ပေးမယ်ဆိုရင် ရခိုင်ပြည်နယ်ဟာ အန္တရာယ် ရှိလာနိုင်မယ့် အနေအထားဖြစ်ပြီး ရခိုင်တွေအတွက် မတရားရာကျပါလိမ့်မယ်။

နောက်တစ်ချက် အန်ကယ့်အနေနဲ့စဉ်းစားရမှာက ၀ှိုက်ကဒ်ကိစ္စကို အတော်ကြီးတောင့် ခံထားလို့သာ နိုင်ငံတကာဖိအားတွေဒီလောက်နည်းနေတာပါ။တကယ်လို့သာ ကျွန်တော်တို့နိုင်ငံဘက်က အလျှော့ပေးလိုက်တာနဲ့ရိုဟင်ဂျာဆိုတဲ့လူမျိုးနဲ့ အတင်းကာရောကြီး ဖိအားပေးလက်ခံခိုင်းမယ့်
သူတွေ အများကြီးစောင့်နေတယ်ဆိုတာလည်း အသိသာကြီးပါ။

ကျွန်တော့်အနေနဲ့က၀ှိုက်ကဒ်ကိုင်ဆောင်ထားသူတွေအကုန်လုံးကိုမျက်စိမှိတ်နှင်ထုတ်ဖို့ဆိုတဲ့အဖြစ်မျိုးပြောနေတာမဟုတ်ပါဘူး။ ၀ှိုက်ကဒ်သမားတွေကို ၈၂ဥပဒေနဲ့ စိစစ်ရပါလိမ့်မယ်။ အဲလိုစိစစ်ပြီး နိုင်ငံသားပေးသင့်တာပေးရမယ်။

ဒါပေမယ့် သေချာတာက ဒီလူသိန်းပေါင်းများစွာလုံးဟာ နိုင်ငံသားဖြစ်ခွင့်မကိုက်ညီပါဘူး။တချို့ဆိုရင် ဗမာစကားတောင် နကန်းတစ်လုံးမတတ်ဘဲ ၀ှိုက်ကဒ်ကိုင်ဆောင်ထားသူတွေရှိပါတယ်။ အန်ကယ်က ဒါကို ဖြေရှင်းရေး ထွက်ပေါက်တစ်ခုအဖြစ်သုံးသပ်ခဲ့တယ်။ ဒါပေမယ့် ၀ှိုက်ကဒ်တွေကို ပါတီ ထူထောင်ခွင့်ပေးခြင်းက နိုင်ငံတော်ကာကွယ်ရေးနဲ့ တိုင်းရင်းသားအရေးကို ပိုမိုအားပျော့လာစေရုံကလွဲလို့ ဘာအတွက်မှအဖြေဖြစ်လာနိုင်မယ်လိုကျွန်တော်တော့မမြင်မိပါဘူး။White Card ဟာ Green Card ရဲ့ အခြေခံဖြစ်နေ ပါစေဦး။ နောက်ဆုံးကုန်ကုန်ပြောရရင် Green Card သမားဆို ရင်တောင်
နိုင်ငံ သားမဟုတ်သေးပါဘူး။ ကျွန်တော်နားလည်တာက Green Card ဟာ  permanent resident သဘောမျိုးနဲ့ပုံစံတူတယ်ထင်ပါတယ်။ ကျွန်တော်သိရသလောက် အမေရိကန်လိုနိုင်ငံမျိုးမှာ PR တွေရှိပါတယ်။ ဒါပေမယ့် သူတို့နိုင်ငံသားဖြစ်ခွင့်မရသမျှ PR တွေတောင်မှ မဲပေးခွင့်မရှိပါဘူး။

အခုက ဥပဒေက ၀ှိုက်ကဒ်ကိုမဲပေးခွင့်တင်မဟုတ်ဘဲ ပါတီထောင် ခွင့်လိုမျိုး ပါ ပေးထားတယ်ဆိုတာဟာ အရမ်းလွန်တယ်လို့ အန်ကယ်မထင်မိဘူးလားခင်ဗျာ။ လူဦးရေပေါက်ကွဲမှုနဲ့ကြုံနေရတဲ့နိုင်ငံကြီးတွေကြားထဲမှာ နေပြီး ၀ှိုက်ကဒ်လိုမျိုးကိုပါတီထောင်ခွင့်ပေးထားမယ်ဆိုရင်တော့ နိုင်ငံသားမဟုတ်တဲ့ပါတီတွေအများကြီးဖြစ်လာနိုင်တဲ့အခြေအနေရှိနေမှာပေါ့ခင်ဗျာ။ နောက်တစ်ချက်က အခုလက်ရှိ လွှတ်တော်ထဲမှာရှိနေတဲ့ အန်ကယ်တို့ပါတီက အမတ်၃ယောက် ဘယ်လောက်မွှေနေလဲဆိုတာလည်း အန်ကယ့်အမြင်ပါ။

ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကိုတွင်တွင်ကျယ်ကျယ်သုံးပြီး နိုင်ငံခြားရုပ်သံနဲ့အစီအစဉ်မှာ ဘာသာရေးလွတ်လပ်ခွင့်မရှိဘူး ဘာညာနဲ့ပြောသွားတာ အန်ကယ်မမေ့လောက်ပါဘူး။ ကမ္ဘာပေါ်မှာလည်း အတော်ဂယက်ရိုက်ခဲ့ရပါတယ်။ ဒါဆို အန်ကယ်မှန်းတဲ့ အများဆုံး နှစ်ယောက် သုံးယောက်ပဲ ၀င်တာ ပြဿနာမရှိလောက်ပါဘူးဆိုတဲ့ မှန်းချက်က ယုံရခက်နေ ပါ တယ်

နောက်ဆုံးအနေနဲ့ကတော့ အန်ကယ်က တကယ့်အခြေအနေကို ထဲထဲဝင်ဝင်မသုံးသပ်ဘဲ အပေါ်ယံရှပ်သုံးသပ်နေတဲ့အခါမှာ ဘင်္ဂါလီတွေအတွက် ၀ှိုက်ကတ်ပေး၊ ဂရင်းကတ်ပေး၊ ပါတီထောင်ခွင့်ပေးလိုက်မယ်ဆိုတဲ့ ဖြေရှင်းနည်းကြီးက အလုပ်မဖြစ်နိုင်လောက်ဘူးလို့ ကျွန်တော်ထင်ပါ
တယ်။ အန်ကယ့်အနေနဲ့ လွတ်လပ်စွာ ကွဲလွဲနိုင်ပေမယ့် အန်ကယ့်လို လုပ်ပိုင်ခွင့်ရှိသူတစ်ယောက်အနေနဲ့ တိုင်းရင်းသားနဲ့ နိုင်ငံတော်အရေးကို အရင်ဦးစားပေးပြီးမစဉ်းစားဘူးဆိုရင်တော့ ကျွန်တော်တို့နိုင်ငံ အန္တရာယ်ရှိ သလိုခံစားရပါတယ်။ အင်အားမကြီးထွားလာစေသင့်တဲ့အရာကို အင်အားကြီးထွားလာစေခဲ့မိလို့ မှားမှန်းသိတဲ့အချိန် နောင်တရတဲ့အချိန်ပြုပြင်လို့မရတော့မှာကို စိုးမိပါတယ်။
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 27, 2013

ဆရာကြီးဒဂုန်တာရာ ဈာပနာကို လုပ်စားသွားတဲ့ နိုင်ငံရေးသမားဆိုး အလကားကောင်တွေအကြောင်း ဖွင့်ချပြီ

အရိုက်ခံချင်လွန်းသောကိုကိုချစ်မမချစ်များ

သြဂုတ်လမှာ ကျုပ်အသုဘ အတော်များများ ပို့လိုက်ရတယ်ဗျာ။ ခင်ဗျားတို့လည်း သိမှာပါပဲ။ ကျုပ်တို့ရဲ့ စာပေနယ်၊ သတင်းစာနယ်ပယ်ထဲက အထင်ကရဆရာအချို့ကွယ်လွန်သွားကြတယ်မို့လား။ ရက်စက်လွန်းတဲ့ သေမင်းရဲ့ ခေါ်ရာနောက်ကို တစ်ယောက်ပြီးတစ်ယောက်လိုက်သွား ကြရရှာတယ်။

“ချစ်သူတို့အသက်ကားတို၏။ မုန်းသူတို့အသက်ကား ရှည်ကြ၏”ဆိုပြီး ဆရာမမိုးမိုး(အင်းလျား)ကွယ်လွန်တုန်းက ဆရာတင်မိုးက ၀မ်းနည်းမှတ်တမ်းရေးပါသေးသကော။ သွေးထွက်အောင်မှန်တဲ့ အလင်္ကာပေပဲဗျ။ ဒီလိုဘယ်အငြိုးနဲ့ရက်စက်သွားမှန်းမသိတဲ့ သြဂုတ်လကြီးထဲမှာ သေမင်းက ကျုပ်တို့ချစ်ရသော သူများကိုပဲ ရွေးခေါ်သွားသဗျ။

ကျုပ်တို့ မုန်းပါတယ်ဆိုသူတွေကျတော့ဗျာ။ ရှည်လိုက်ကြတဲ့ အသက်တွေ။ ကျုပ်တို့ကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ဖို့များ ဘယ်နတ်ဘုရားတွေက အသက်ရှည်အောင် ဖန်ဆင်းထားသလဲ မေးရမလိုဖြစ်နေသဗျ။ ယုတ်မာရက်စက်၊ အသတ်အဖြတ်မှာ ငါဆရာ၊
အမိုက်မှာ အောင်လံထူကြသူတွေကျတော့ အသက်တွေရှည်သလား မမေးနဲ့။

ဘာပဲပြောပြော မုန်းသူတွေကို ကျုပ်တို့ ဆက်မုန်းနေရဦးမှာပေါ့ဗျာ။ အသက်တိုကြရှာတဲ့ ချစ်ရသော သူများအတွက်တော့ လွမ်းတေးကို
ဆက်၍ သီကုံးရပေဦးမပေါ့။ ပြည်သူအားလုံး လွမ်းမဆုံးရှိနေကြမယ်ဆိုတာလည်း ကျုပ်ယုံတယ်။ ကျုပ်မောင်ဘစီအဖို့ ကြေကွဲစွာ
နောက်ဆုံးလိုက်ပါပို့ဆောင်ခဲ့တာကတော့ ငြိမ်းချမ်းရေးစာဆိုကြီး ဒဂုန်တာရာရဲ့ နောက်ဆုံးခရီးပဲဖြစ်သဗျ။

နေပြည်တော်အမြန်လမ်းကို သက်စွန့်ဆံဖျားဖြတ်သန်းခဲ့ပြီး သကာလပျဉ်းမနားက ဗိုလ်ချုပ်ကြီးများရဲ့ အိမ်နားကဖြတ်ပြီး ရှမ်းတောင်တန်းကို တက်ခဲ့တာပေါ့ဗျာ။ ဆရာကြီးဟာ သူနေချင်တဲ့၊ ပျော်ချင်တဲ့ မဲဇာကျေးလက်မှာပဲ ခေါင်းချသွားတာကိုး။ မြို့ကြီးပြကြီးက ဆရာကြီးကို ချစ်လှပါ တယ်ဆိုသူတွေလည်း ခရီးလမ်းပန်းအခက်အခဲကြောင့် မဲဇာအောင်ပန်းဆီ အရောက်မလှမ်းနိုင်ကြဘူးထင်တယ်ခင်ဗျ။

အောင်ပန်းက ဆရာကြီးနေ အိမ်ရှေ့ကိုရောက်တော့ ခေါင်းပေါင်းတွေနဲ့၊ ပလိုင်းကလေးတွေ ပခုံးမှာသိုင်းထားတဲ့ ဒေသခံတိုင်းရင်းသားတွေသာ စုရုံးနေတာပေါ့။ရိုးရိုးသားသားမျက်နှာကလေးတွေနဲ့ဗျာ။ ရန်ကုန်တို့၊ မန္တလေးတို့က ရောက်လာကြတဲ့ ဧည့်သည်တော်များရဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြတဲ့ ကင်မရာမီးတဖျပ်ဖျပ်အကြားမှာ မနေတတ်၊ မထိုင်တတ်ဖြစ်နေပုံပဲဗျ။

ဒေသခံတွေကသာ အနေရခက်နေတာမောင်။ ဆရာကြီးရဲ့ နောက်ဆုံးခရီးကို တစ်ခေါက်တစ်ခါအရောက်လာကြတဲ့ မြို့ပြကနိုင်ငံရေး တက်ကြလှုပ်ရှားသူအချို့ (သူတို့ထဲမှာ ဆရာကြီး အသက်ထင်ရှားရှိစဉ်တုန်းက တစ်ခေါက်တစ်ကျင်းတောင်မှ အရောက်အပေါက်မရှိသူတွေ၊ ဆရာရေးတဲ့စာတွေ မဖတ်ဖူးတဲ့သူတွေ၊ နာမည်ကိုတောင်မှ မှန်အောင်မရေးတတ်တဲ့သူတွေပါသဗျ)ကတော့ အုပ်စုဖွဲ့ပြီးတော့ လမ်းမပေါ်မှာ ဖြန့်ခင်းထားတဲ့ လွမ်းသူ့ပန်းခြင်း၊ ပန်းခွေတွေအကြားမှာ..။ နံရံမှာ ချိတ်ထားတဲ့ ဆရာဒဂုန်တာရာရဲ့ ပုံတူပန်းချီကားအမျိုးမျိုးကိုနောက်ခံထား ပြီးဓာတ်ပုံတွေ အရိုက်ခံနေလိုက်ကြတာကလား။


အသုဘလား၊ မင်္ဂလာဆောင်လား၊ နိုင်ငံရေးအခမ်းအနားလား ဝေခွဲမရ အမှတ်မှားနေကြပုံရပါရဲ့။ ပြုံးလိုက်ကြ၊ ရယ်လိုက်ကြနဲ့ပါဗျာတို့ရဲ့။ တစ်ယောက် ပခုံးတစ်ယောက်ဖက်ပြီး ဓာတ်ပုံတဖျပ်ဖျပ်ရိုက်လို့ပါခင်ဗျ။ အောင်မယ်။ ဒါတင်ကရိုးလားဗျာ။ ဆရာကြီးရဲ့ ရုပ်အလောင်းကို သူထမ်းမယ်၊ ငါထမ်းမယ်ဆိုသူတွေကလည်း ဆိုကြရဲ့။ အများပြည်သူဂါရ၀ပြုဖို့ ရာ ဘောလုံးကွင်းထဲကို ယူဆောင်သွားမယ်လို့ အဆိုတင် သူကတင်ရဲ့။ အလံလွှမ်းပြီး သဂြုဟ်မယ်ဆို သူကဆိုရဲ့။ အနှီလို အဝေမတည့်ဖြစ်ကြတဲ့အခါ သူတစ်မင်းငါတစ် လူငြူငြူစူစူတွေ ဖြစ်ကုန်သဗျ။

သို့ကလို အဝေမတည့်ဖြစ်နေတုန်းမှာ ရန်ကုန်ကအချိန်မီ ရောက်တော်မူလာတဲ့ အဖွဲ့အစည်းဆိုလား၊ ကွန်ရက်ဆိုလား အသင်းအပင်းများ ကလည်း မသိသားဆိုးရွားစွာ သူတို့လည်း အလောင်းကို ထမ်းပါရစေလို့ ဆိုလာပြန်ရော။ အိမ်အပေါ်ထပ်က ပြင်ဆင်ထားတဲ့ခုတင်ပေါ်မှာ ထာဝရအိပ်စက်သွားပြီဖြစ်တဲ့ ငြိမ်းချမ်းရေးစာဆိုကြီးကတော့ သူ့ဈာပနကို အကြောင်းပြုပြီး အိမ်အပြင်မှာ မငြိမ်းမချမ်းဖြစ်နေတာကို သိမှာမဟုတ်ဘူးပေါ့ဗျာ။ သြော် ဆရာကြီးရေ.. ဆရာကြီး ကို ချစ်ပါတယ်ဆိုသူများ ဖြစ်ပျက်နေပုံကိုထပြီး ကြည့်ပါဦး၊ မြင်ပါဦး၊ ဆိုဆုံးမပါဦးလို့ ကျုပ်မှာ အော်ချင်စိတ်တွေ တဖျင်းဖျင်း ဖြစ်မိသဗျ။

ဘောလုံးကွင်းထဲယူပြီး သကာလအများပြည်သူ အသုဘရှု၊ ဂါရ၀ပြုခွင့်ပေးရမယ်ဆိုသူကတော့ နေရာမှားရောက်လာတာလား။ အခြေအနေမှန်ကို မရိပ်မိတာလား မသိပေါင်ဗျာ။ အောင်ပန်းလို မြို့ကလေးကျဉ်းကျဉ်းမှာ အခု ဆရာကြီးအိမ်ရှေ့မှာ စုရုံး ရောက်ရှိနေကြတဲ့ မြို့သူမြို့သားတွေဟာ မြို့မှာရှိတဲ့ လူအကုန်လောက်နီးပါးရှိတယ်ဆိုတာ ရိပ်မိပုံရရဲ့လား မပြောတတ်ဘူးဗျာ။ အင်း မရိပ်မိဆိုလည်း အပြစ်မ တင်ပါဘူး။ သူတို့က အမေရိကားက လာကြတာကိုးခင်ဗျ။




 နောက်ဆုံးတော့ ဆရာကြီးရဲ့ ခေါင်းတလားကို အိမ်ရှေ့လူမြင်ကွင်းမှာ နေရာရွှေ့ပြီး ပြင်ပေးထားလိုက်ပါတယ်။ ဒီတော့မှ အသုဘရှုလာကြတဲ့ ပရိသတ်နဲ့ သတင်းသမားတွေကလည်း ဓာတ်ပုံတွေရိုက်ရတာပေါ့ဗျာ။ ဒီမှာကျုပ်ပြောချင်တာ ရောက်လာပြီဗျ။ အနှီလို ဓာတ်ပုံတွေရိုက်ကြတဲ့
အခါ အခုနနိုင်ငံရေးတက်ကြွ လှုပ်ရှားအဖွဲ့အစည်းအချို့က သကောင့်သား၊ သကောင့်သမီးများရဲ့ ဖြစ်ပုံပါ။

ကျုပ်လည်း အိတ်ထဲက ကင်မရာအစုတ်ကလေးကိုထုတ်၊ ဆရာကြီးကို အမှတ်တရဓာတ်ပုံ ရိုက်မယ် လုပ်တာပေါ့ခင်ဗျာ။ ဆရာကြီးရဲ့တူ၊ တူမ၊ မြေးများဖြစ်ကြတဲ့ ရုပ်ရှင်မင်းသား ရာဇာနေ၀င်းတို့၊ အဆိုတော်ဟေမာနေ၀င်းတို့ကလည်း သူတို့အဘိုးလေး ဈာပနမှာ ရှိနေကြတော့ ခေါင်းတလားကို လူမြင်ကွင်းမှာ ထားတဲ့အခါ သူတို့လည်း ရှိနေတာပေါ့။ ဒီမှာတင် တက်ကြလှုပ်ရှားနိုင်ငံရေးသမားအချို့ဟာ ဓာတ်ပုံကင် မရာချိန်တဲ့နေရာမှာ အခန့်သားလိုက်ပြီး နေရာရွှေ့ရပ်နေတာဗျ။ အချို့တက်ကြွလှုပ်ရှားသမီးပျိုကလေးများက ရာဇာနေ၀င်း နောက်မှာ မသိမသာကလေးရပ်လို့။

အသုဘဆိုတော့လည်း ဣနြေသိပ်ပျက်လို့မရတော့ ဒိုင်လျှိုကလေးပေါ့ဗျာ။ ကျုပ်ကလည်း ကင်မရာမှန်ဘီလူးကြားက သူတို့ဖြစ်နေပုံကိုကြည့်ပြီး မပြုံးဘဲ ၀ါးလုံးကွဲရယ်ချင်လိုက်တာဗျာ။ နောက်တစ်ခါတက်ကြွလှုပ်ရှားသူအချို့ကျပြန်တော့လည်း ဆရာကြီးရဲ့ခေါင်းတလားကို ဓာတ်ပုံရိုက်ရာ မှာ ဘေးမှာနေလိုက်၊ ထိပ်မှာနေလိုက်နဲ့ သတင်းသမားတွေရဲ့ ဓာတ်ပုံထဲပါအောင် လုပ်နေကြတာပြောပါတယ်။

ဓာတ်ပုံသမားတွေက ဆရာကြီးရဲ့ ညာဘက်ကနေရိုက်နေရင် သူတို့ကဘယ်ဘက်ကို ရောက်သွားတယ်။ တစ်ခါဓာတ်ပုံသမားတွေက ခြေရင်းဘက်ရောက်ရင် သူတို့က ခေါင်းရင်းဘက်ရောက်သွားတယ်။ ဆရာကြီးအလောင်းစင်နားမှာ ၀ိုင်းကြီးပတ်လည်လှည့်ပြီး ဓာတ်ပုံထဲမှာ ပါဖို့ရာ အားထုတ်နေကြတာ ရုပ်ပျက်ဆင်းပျက်ဗျာ။ ခက်ရချည်ရဲ့။


ကျုပ်မှာ အသုဘမှာ အနှီလိုရှုခင်းမျိုးကို မြင်နေတော့ ၀မ်းနည်းရမလား၊ ၀မ်းသာရမလား မိသိန်းကြည်ဆိုသလို ဖြစ်နေတာပေါ့ဗျာ။ ငို၍ ရယ်၍မရသော မျက်နှာနဲ့ပေါ့ဗျာ။ ဒီကြားတဲ့ အသုဘပို့မယ်ဆိုတော့ လွမ်းသူ့ပန်းခြင်းကို နာမည်ကြီးတွေရဲ့ လွမ်းသူ့ပန်းခြင်းမှ ရွေးကိုင်ကြတဲ့ တက်ကြလှုပ်ရှား လူငယ်အချို့ကလည်း ရောဂါတစ်မျိုးထနေပြန်သဗျ။ မိမိတို့ အဖွဲ့အစည်းရဲ့ လွမ်းသူ့ပန်းခြင်း၊ ပန်းခွေတွေကို ဓာတ်ပုံ သတင်းထောက်တွေ၊ ရုပ်သံသတင်းထောက်တွေမြင်အောင်မြှောက်ပြတာတစ်မျိုး၊ သုသာန်သို့ သွားရာလမ်းမှာ အုပ်စုလိုက်ဓာတ်ပုံ အရိုက်ခံတာတစ်မျိုးနဲ့ ပျော်ပွဲစားထွက်လာသလိုလို..။

မင်းသား ရာဇာနေ၀င်းကတော့ ဆရာကြီးဒဂုန်တာရာရဲ့ ပုံတူပန်းချီကားကြီးကို တစ်ဖက်တစ်ချက်ကကိုင်ပြီး လိုက်သဗျ။ သူကမင်းသားဆိုတော့ သတင်းဓာတ်ပုံသမားတွေကလည်း ဓာတ်ကျတာပေါ့ဗျာ။ ဒေသခံတွေကလည်း အိမ်ရှေ့ထွက်ကြည့်သူကြည့်ပေါ့ဗျာ။ ဘာမှမဆန်းဘူး။
ဆန်းတာက သူ့အနားမှာနေရင် သတင်းဓာတ်ပုံထဲမှာ မလွဲမသွေပါမှာပဲဆိုတာ ရွှေဉာဏ်တော်စူးရောက်စွာ သဘောပေါက်ကြတဲ့ ကိုကိုချစ်များ ကလည်းတမှောင့်။ ရာဇာနေ၀င်းအနားက တစ်ဖ၀ါးမှမခွာ။ ငါသည်လည်း ခေသူမဟုတ်ဆိုတဲ့ လုပ်ပေါက်တွေနဲ့ခင်ဗျ။

အဲ နိုင်ငံရေးလှုပ်ရှားတဲ့သူများဆိုလားပဲ။ အနှီခါတော်မီလှုပ်ရှားတက်ကြွသူများကလည်း တမှောင့်ခင်ဗျ။ သူတို့ခင်ဗျာ မြို့ကြီးပြကြီးက ထင်ရှားတဲ့ နိုင်ငံရေးသမားတွေလို လူအများအာရုံစိုက်တာပဲ မခံရလို့လား။ သို့တည်းမဟုတ် မြို့ပြမှာနိုင်ငံရေးလုပ်ကွက်မရကြရှာလို့ပဲလား မသိပါဘူး။

အသုဘ ယာဉ်တန်းလည်း ထွက်ကရော သူတို့ကလည်း ကားပေါ်ကနေ အုပ်စုလိုက်လက်သီးလက်မောင်းတန်းကြလေရဲ့။ ပြီးတော့ “ဒီမိုကရေစီရရှိရေး.. ဒို့ အရေး”လို့ အော်ကြပါရောဗျာ။ ကျုပ်တို့မယ် ရုတ်တရက်ကြောင်တောင်တောင်ဖြစ်သွားတယ်။ ဒေသခံတွေကလည်း ပါးစပ်အဟောင်းသားနဲ့ ငေါင်လို့။ အောင်ပန်းမြို့ကလေးမှာ ဒီမိုကရေစီရရှိရေးတိုက်ပွဲဝင်နေချိန်နဲ့ ဆရာကြီးအသုဘကြုံကြိုက်တိုက်ဆိုင်နေ လို့လားပေါ့။ ပြီးမှမဟုတ်ဘူး သိရသဗျ။ ခွကျတယ်ဆိုတာ အဲဒါပြောတာ။



အသုဘရှုသူတွေ၊ မိသားစုဝင်တွေကတော့ ကိုယ့်အပူနဲ့ကိုယ်ပေါ့ခင်ဗျာ။ ဘယ်မှာဒါတွေလိုက်ကြည့်နေနိုင်ပါမလဲ။ ကျုပ်ကတော့ နဂိုကမှ ဒါမျိုးစပ်စပ်စုစုဆို တော့ကာ ဟိုကြည့်ဒီကြည့်မို့ မြင် မိကြားမိတာပါ။ အခြားသော အသုဘပို့လာကြတဲ့ ဧည့်သည်တော်များလည်း စိတ်မသက်မသာဖြစ်ရတာပေါ့ခင်ဗျ။ ဆရာကြီးအသုဘနဲ့ ဒီမိုကရေစီရရှိရေး ဆန္ဒပြတာနဲ့ ဘာဆိုင်တုံးဗျာ။ နောက်ဆုံးတော့ သူတို့ကလည်း သတင်းသမားတွေ၊ ပရိသတ်တွေရဲ့ အာရုံစိုက်မှုရရှိအောင်လုပ်တာပဲလို့ ကျုပ်ထင်သဗျ။ အဲသလိုဆိုရင်လည်း ငြိမ်းချမ်းရေးစာဆိုကြီးရဲ့ နောက်ဆုံးခရီးမှာ သူဘ၀တစ်လျှောက်လုံး တောင်းဆိုသွားတဲ့ ငြိမ်းချမ်းရေးကို ကျုပ်တို့ ရွှေပြည်ကြီးမှာ အမြန်ဆုံးဖော်ဆောင်နိုင်ဖို့ တိုက်တွန်းတဲ့ ကြွေးကြော်သံကလေးဆိုရင် နည်းနည်းများလိုက်ဖက်ညီမလားလို့။ ခုတော့ နေရာမှားလာကြပုံပါပဲဗျာတို့။

ကျုပ်တော့ ဆရာကြီးရဲ့ ဈာပနမှာ အနှီလိုသော ရောဂါကြီးကြရှာတဲ့ လူပုဂ္ဂိုလ်အကြီးအငယ်၊ မောင်မယ်သစ်လွင်များကို ကြည့်ပြီးသကာလ တရားကျမိပါရဲ့။ ဆရာကြီးအသက်ထင်ရှားရှိစဉ်ကတော့ ချဉ်းကပ်မေးမြန်း၊ သူရေးတဲ့စာပေတွေလေ့လာ မလုပ်ကြဘဲနဲ့ ကွယ်လွန်ခါမှ အသုဘ မှာ နိုင်ငံရေးအမြတ်ထုတ်ခါ ချစ်ပြလာကြတဲ့ တက်ကြွလှုပ်ရှား ကိုကိုချစ်၊ မမချစ်များကို ဆလံပေးပါတယ်ဗျာ။


စာပေဖခင်ကြီး၊ ကဗျာဖခင်ကြီး၊ ငြိမ်းချမ်းရေးဖခင်ကြီးလို့ တ စီစီကြွေးကြော်နေကြပေသိ ဆရာ ကြီးဈာပနကိစ္စနဲ့ ပတ်သက်ပြီး တုတ်တုတ်မျှ မလှုပ်ကြတဲ့ အဖွဲ့ အစည်းတွေလည်းရှိသဗျ။ အစကတော့ သူတို့ပဲ ချစ်လှပါချည်ရဲ့၊ လေးစားလှပါချည်ရဲ့ ပြောခဲ့ကြ တာ။ အနှီလူကြီးများကလည်း မသိမသာ ခပ်ခွာခွာကလေးဗျ။ ဦးဦးချစ်၊ ဒေါ်ဒေါ်ချစ်တွေပေါ့လေ။ သူတို့နဲ့စာရင် ဈာပနနေ့ တုန်းက ဓာတ်ပုံအရိုက်ခံချင်ကြ လို့ ဆရာ့ခေါင်းတလားကို ပတ်လည်လှည့်နေတဲ့ ကိုကိုချစ်၊ မမချစ်တို့ကမှ တော်သေး။

ငြိမ်းချမ်းရေး စာဆိုကြီးအပါအ၀င် ဒီသြဂုတ်လထဲမှာ ကြွေလွင့်သွားတဲ့ ဆရာသမားများအားလုံး နောင်ဘ၀ဆက်တိုင်းမှာ ဒီမိုး၊ ဒီလေ၊ ဒီလူတွေနဲ့ မတွေ့ပါစေနဲ့ လို့ ကျုပ်တို့ ဆုတောင်းပေးလိုက်ကြရအောင်လားဗျ။ ကျုပ်တို့ အသက်ရှင်ကျန်ခဲ့သူတွေကတော့ ဒီလူတွေနဲ့ ဒီခေတ်ကြီးမှာ ဒီမိုး၊ ဒီလေတွေကို ဖြတ်သန်းရဦးမှာပါ။ ငို၍ ရယ်၍မရသော မျက်နှာတွေနဲ့ပေါ့ခင်ဗျာ။

ရေးသားသူ- ဘစီ
7Day News Journal
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 26, 2013

မြန်မာနှင့် ခွေးမဝင်ရ ဆောင်းပါးရေးသူ မရေးခင် ကိုယ်ကိုယ်တိုင် သေခြာနားလည်စေချင်

The Voice ဆောင်းပါးပါ မြန်မာနှင့် ခွေးမဝင်ရ ဆိုတဲ့ ဆောင်းပါး ဖတ်ကြည့်လိုက်ကတည်းက အတော်လေး လွဲနေတာကို တွေ့ရတယ်....... ရေးတဲ့သူက လူငယ်တွေကို လုပ်ငန်းခွင်ထဲ အလုပ်ရသည်အထိ ပို့ပေးနေသည့် အင်ဂျင်နီယာ၊ ကျောင်းအုပ်ကြီး တစ်ယောက်ဆိုတဲ့အတွက် ပိုပြီး အံ့သြသွားခဲ့တယ်....... စ ရေးကတည်းက မန်းလေးက မြန်မာလူငယ်တွေ သိပ်ဟန်မကျလှဆိုပီး သိမ်းကြုံးရေးထားတာ တွေ့လိုက်ရတယ်..... ထူးချွန်ထက်မြက်တဲ့ မန်းလေးက လူငယ်တွေကို အဲ့ဒိ ကျောင်းအုပ်ကြီး ဘယ်နားသွားထားလဲ မသိ.......။


သူပြောတဲ့ လူငယ်တွေ ယောင်ခြောက်ဆယ်များတယ် ဆိုတဲ့ သုံးသပ်ချက်အတွက် ပေးထားတဲ့ မှတ်ချက်တွေကတော့ ကိုယ့်လူငယ်တွေ သုံးမရ စားမရ စိတ်ဓါတ်ကျအောင် ရေးထားသလိုပဲ..... Mindset နဲ့ Professional Attitude ကို ကွဲပြားအောင် မြင်နိုင်စွမ်း ရှိဟန်မတူဘူး...... စည်းကမ်းမရှိတာနဲ့ အလုပ်မရတာနဲ့ကို ခွဲခြားနိုင်စွမ်း မရှိဘူး...... ဘယ်လောက်ပဲ Professional Skill set ပြည့်ဝနေဦးတော့ Mindset မကောင်းသူတွေ၊ Attitude ညံ့ဖျင်းသူတွေကြောင့် အလုပ်တွဲလုပ်လို့ မရတာတွေကို အဲ့ဒိကျောင်းအုပ်ကြီး ခွဲခြားမြင်မိဟန် မတူဘူး.....

အလုပ်ရှားပါးတယ်လို့သာ ပြောနေတယ် သူ့သင်တန်းဆင်းသူ လူ (၁၀၀) ကို အလုပ်ခန့်မယ်ဆိုတော့ အလုပ်လုပ်မယ့်သူ (၁၀) ယောက်တောင် မရှိဘူးဆိုတဲ့ စကားကလည်း အလုပ်တွေ ပေါနေတာကို တွေ့ရတယ်.... အဲ့ဒိ ၁၀ ယောက်ဟာ အလုပ်ကို ၂ လ၊ ၃ လ လောက်ဆိုရင် ပင်ပန်းပြီး ထွက်ပြေးတယ် ဆိုထားတယ်..... ဒါဖြင့် အဲ့ဒိ ၁၀ ယောက်လောက်ဟာ ကြာကြာ အလုပ်မလုပ်ပဲ ထွက်ပြေးသလဲ........ သူ့ရဲ့ နောက်စာမှာ ပါပါတယ်..... B.E ဆင်းလူငယ်အုပ်စု တစ်ခုကဆွေးနွေးပွဲလေးတစ်ခုမှာ အလုပ်မရှိကြလို့ သူ့ကို အဖြေရှာခိုင်းချိန်မှာ B.E ဆင်းတွေကို ကားပြင်တတ်သလား၊ အဲကွန်းပြင်တတ်သလား၊ Electronics ပစ္စည်းတွေ ပြင်တတ်သလား၊ ဂဟေဆော်တတ်သလား၊ တွင်ခုံကိုင်တတ်သလားနဲ့ မေးထားတာကို တွေ့ရပါတယ်..... ဟိုက မတတ်တဲ့အပေါ် သူကမှတ်ချက် ပြုထားတာကို တွေ့ရပါတယ်.....

သူမေးတဲ့ အလုပ်တွေဟာ Technician လယ်ဗယ် အလုပ်တွေ ဖြစ်ပါတယ်.... B.E, B. Tech ဆင်းတွေအတွက် မေးရမယ့်မေးခွန်းတွေက Strength analysis လုပ်တတ်သလား၊ Gear Design and Gear ratio ထုတ်နိုင်သလား၊ Engineering Drawing ထုတ်နိုင်သလား၊ Circuit Design တွက်နိုင်သလား အစရှိတာတွေ မေးရမှာပါ..... အခုက လယ်ဗယ်နှိမ့်မေးပြီး မတတ်တာကို အပြစ်ပုံချနေတဲ့ သဘော သက်ရောက်နေပါတယ်...... ကျောင်းအုပ်ဆရာတစ်ယောက် ဖြစ်နေရဲ့နဲ့ အင်ဂျင်နီယာကျောင်းဆင်းတာနဲ့ အောက်ခြေသိမ်း အကုန်လုပ်တတ်မယ်လို့ တွေးထင်ထားတာဟာ အင်မတန် အံ့သြစရာကောင်းတဲ့ အတွေးတစ်ခုပါ.....

ဒီအတွက် သူ့ရဲ့ မှတ်ချက်ကတော့ ပညာရေးစနစ်ကို အပြစ်ပုံချထားတာပဲ ဖြစ်ပါတယ်.... မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အားရစရာရှိအောင် မကောင်းတာကို လက်ခံပါတယ်..... ဒါပေမယ့် အဲ့ဒိကျောင်းအုပ် သတိမမူမိတာက အဲ့ဒိပညာရေးစနစ်ကနေ ကိုယ့်ဒူးကိုယ်ချွန် တတ်အောင်လုပ်ပီး ချွန်ထွက်လာသူတွေကိုပါပဲ..... ဒါလည်း အထွေအထူး ပြောစရာမရှိပါဘူး..... အပေါ်က သူပြောထားတဲ့ စာမှာကတည်းက Mindset နဲ့ Pofessional Attitude ကို ကွဲပြားအောင် မမြင်တဲ့အတွက်ကြောင့်ပါပဲ..... အဲ့ဒါကို ပိုပီး မှန်ကန်စေတာကတော့ သူ့ရဲ့ စာပါ ဘွဲ့လက်မှတ် ပြပြီး အရာရှိ လုပ်စားချင်နေကြတာ ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်...... ဒီလို Mindset ရှိတဲ့သူတစ်ယောက်ဟာ ဘယ်လောက်ပဲ ပညာတွေ မိုးပျံနေအောင် တော်နေပါစေ အချောင်ခိုချင်စိတ်က အမြဲရှိနေတတ်တာကို အဲ့ဒိကျောင်းအုပ် သတိမူမိဟန် မတူပါ.....

အဲ့ဒိကနေ ဆက်ပီးတော့ သူထောက်ပြထားတာတော့ လူငယ်တွေအတွက် လွှတ်တော်ကို တင်ပေးမယ့် လွှတ်တော်အမတ်တွေကိုပဲ ဖြစ်ပါတယ်..... သူ့စိတ်ထင်မယ် လွှတ်တော်အမတ်ဆိုတာ အဆိုမတင်ခင် လက်တွေ့လုပ်ရမလိုပုံစံ ဖြစ်နေတာကို သူမေးခွန်းထုတ်ထားတဲ့ အဲ့ဒိ အဆိုတင်တဲ့ လူတွေက လူငယ်တွေအတွက် ဒီအသက်အရွယ်အထိ ဘာတွေများ ပေးဆပ်ပြီးခဲ့ကြပြီလဲလို့ မေးလိုက်ရင် ပြောရဲပါတယ်၊ အဲဒီလူတွေ တောင်းဆိုတာက လွဲပြီး ဘာမှ မပေးဖူးတဲ့ လူတွေပဲ ဆိုတာ သေချာ ပြောရဲပါတယ် ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်...... လွှတ်တော်အမတ်တစ်ယောက်ဟာ သူတက်လာတဲ့ မဲဆန္ဒနယ်နဲ့ နိုင်ငံအတွက် အကျိုးရှိမယ့် ကိစ္စတွေ၊ လစ်ဟာနေတဲ့ ကိစ္စတွေကို အာဏာပိုင်တွေက လျစ်လျူရှုမသွားစေဖို့ ထောက်ပြ ပြောဆိုရတဲ့ သဘောသဘာဝ ရှိတာကို အဲ့ဒိကျောင်းအုပ် သတိပြုမိဟန်မတူပါဘူး.....

ဘွဲ့ရလိုက်တာနဲ့ ချက်ခြင်းတန်းပီး သင်ခဲ့သမျှ ပညာတွေ အကုန်အစွမ်းကုန် တတ်မယ်ဆိုတာ ဘယ်မှာမှ မရှိပါဘူး..... နိုင်ငံတကာမှာလည်း Fresh Graduate ရဲ့ လယ်ဗယ်ဟာ ရှိနှင့်ပီးသား လူတွေနဲ့ အဆင့်အတန်း ကွာခြားတာကို တွေ့ရပါလိမ့်မယ်.... အဓိက မြန်မာနိုင်ငံမှာ အားနည်းနေရခြင်းက တက္ကသိုလ်ကျောင်းသားတွေအတွက် လုံလောက်တဲ့ Internship ဆင်းစရာ ကုမ္ပဏီ နည်းပါးခြင်းပဲ ဖြစ်ပါတယ်..... စီးပွားရေး ပိတ်ဆို့ခံရပီးနောက်ပိုင်းမှာ မြန်မာလူငယ် ကျောင်းသားတွေအတွက် အလုပ်သင် အခွင့်အရေးဟာ မရှိသလောက် နည်းပါးနေပါတယ်..... ဒါတွေဟာ တက္ကသိုလ် ဘွဲ့ရတွေ အရည်အချင်း ညံ့ဖျင်းစေခြင်း အကြောင်းအရာထဲမှာ ပါဝင်နေတဲ့ အဓိကကျသော အကြောင်းအရာလည်း ဖြစ်ပါတယ်.....

လက်ရှိအနေအထားမှာ တိုင်းပြည်ဟာ အပြန်အလှန် လက်ညှိုးထိုးမှုတွေ အာဃာတတွေကြားမှာ ရုန်းကန်ရင်း တိုးတက်ဖို့ကို တာစူနေချိန်ပဲ ဖြစ်ပါတယ်.... ဒီအချိန်မှာ နိုင်ငံသားတိုင်း နိုင်ငံသားတိုင်းဟာ ကိုယ်တတ်စွမ်းသလောက် တိုင်းပြည်အပေါ် အကျိုးပြုသွားကြရင် ကောင်းသထက် ကောင်းလာမှာ အသေအခြာပါပဲ..... ဒါပေမယ့်လည်း အဓိကကျတဲ့ Mindset ဖြစ်တဲ့ တာဝန်သိတတ်မှု၊ တာဝန်ယူမှု အစရှိတဲ့ အတွေးအခေါ်ပိုင်းမှာ လိုအပ်ချက် ဖြစ်နေတာကို ပညာရေးနဲ့ မဆိုင်တဲ့သူတွေကို လွှဲချထားတဲ့ အဲ့ဒိကျောင်းအုပ်ရဲ့ လုပ်ရပ်ကို အံ့သြမိတာ အမှန်ပါ........

မြန်မာပြည်မှာ သူတောင်းစားတွေ ပေါပါတယ်..... အဲ့ဒိသူတောင်းစားတွေထဲမှာ ၁၉၉၉ လောက်ကတည်းက ဆယ်တန်းအောင်တဲ့ သူတောင်းစားတွေလည်း ရှိပါတယ်...... ဘာလို့ သူတို့တောင်းစားသလဲ ကျွန်တော် စပ်စုခဲ့ဘူးပါတယ်...... ဝင်ငွေ တွက်ခြေကိုက်အောင် ရတယ်၊ ကိုယ်လုပ်ချင်တဲ့အချိန်မှာ လုပ်နိုင်တယ်၊ ကိုယ်နားချင်တဲ့အချိန်မှာ နားနိုင်တယ်၊ ပိတ်ရက်ဆိုတာ ကိုယ့်အပေါ် မူတည်တယ်တဲ့..... အဲ့ဒိ ၉၉ လောက်က ကျွန်တော်အင်တာဗျူးခဲ့တဲ့ သူတောင်းစားရဲ့ တစ်လ ဝင်ငွေဟာ ကျွန်တော်လခစား လုပ်တဲ့အလုပ်ရဲ့ တစ်လစာ ဝင်ငွေရဲ့ ၅ ဆ ကျော်ဝင်ပါတယ်..... အဓိကက လူတွေရဲ့ ရေသာခို၊ အချောင်လိုက်၊ သက်သက်သာသာ နေချင်တဲ့စိတ်ဓါတ်ကို ပြုပြင်ဖို့ အရေးကြီးတာပါ.....

ဒါကို အဲ့ဒိစာရေးသူက Mindset နဲ့ Professional Attitude ကို ခွဲခြားမသိ၊ Technician နဲ့ B.E ဆင်းတွေရဲ့ တာဝန်ကို မပိုင်းခြားတတ်၊ လွှတ်တော် အမတ်တွေရဲ့ လုပ်ပိုင်ခွင့် တာဝန်တွေကို ရှင်းလင်းကွဲပြားစွာ မသိတဲ့အပြင် မြန်မာလူမျိုးတွေကို တစ်လက်စတည်း နှိမ်ထားလိုက်တာက ခွေးသာသာ နေရာတွေမှာပဲ လုပ်ရမယ်ဆိုပီး ရေးထားတာပါပဲ..... အဲ့ဒိကျောင်းအုပ် ဘယ်ကျောင်းကို ပိုင်ပိး ဘယ်လိုလုပ်နေလဲတော့ မသိပါဘူး..... ဒါပေမယ့်လည်း သူကိုယ်တိုင်က ကွဲကွဲပြားပြား ခွဲခြားသိမြင်နိုင်တဲ့ အဆင့်အတန်း မရှိတာကို သူ့စာထဲမှာ အတိုင်းသား မြင်နေရတာပါပဲ...... ဘာကြောင့် သူဒီလိုရေးလဲဆိုတာ သူကိုယ်တိုင် အသိဆုံး ဖြစ်ပေမယ့်လည်း သူ့ရဲ့ ကျောင်း ပေါက်ဖို့အတွက် ရှိသမျှကို သိမ်းကြုံးစော်ကားပီး လုပ်တဲ့လုပ်ရပ်ဆိုရင်တော့ အဲ့ဒိအောက်တန်းကျတဲ့ စိတ်ဓါတ်ကို ပြင်ပါလို့ပဲ အရင်ဆုံး တိုက်တွန်းပါတယ်.......

Original Source
https://www.facebook.com/thevoiceweekly/posts/621751427845120
From:[ _voice of james mint _] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 23, 2013

ကင်တားနားဖတ်ဖို့ ဦးရဲထွဋ်ရဲ့ Facebook မှတ်ချက်

မန်မာပြည်ကနေ ဟိုတနေ့က ထွက်သွားတဲ့ ကင်တားနားက သူ့ကို အစိုးရက သင့်တော်တဲ့ လုံခြုံရေး မပေးခဲ့ဘူး ဆိုတဲ့သဘော ပြောသွားပါတယ်။

မိတ္ထီလာမှာ သူ့ကားက လူ ၂ဝဝ လောက် ရှိတဲ့ လူအုပ်ကြီးနဲ့ တွေ့ခဲ့ရတယ်၊ ကားမှန်တံခါးတွေ ထုရိုက်ခံရတယ်လို့ ကင်တားနားက ဆိုပါတယ်။

ကင်တားနားကြီးရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး   သမ္မတပြောခွင့်ရအရာရှိ ဦးရဲထွဋ်က သူ့ Facebook မှာ မနေ့က ပြန်တုန့်ပြန်ပါတယ်။

အဲဒီထဲက သက်ဆိုင်တဲ့ စာပိုဒ်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။

ဒီတစ်နေ့လုံး မိတ္ထီလာကြောင်းပဲ မီဒီယာတွေကို ပြန်ရှင်းပြနေရပါတယ်။
ရှင်းပြချက်တွေက မီဒီယာတွေမှာ ပါပြီးနေလို့ အသေးစိတ်ပြန်မပြောလိုတော့ပါဘူး။
ဒါပေမယ့် သူပြောသလို လူနှစ်ရာ လောက်က သူ့ကားကို ဝိုင်းပြီး ထုကြ၊ ကန်ကြ
( my car was descended upon by a crowd of around 200 people who proceeded to punch and kick the windows and doors of the car while shouting abuse)
တယ်ဆိုရင် သူ့ကားမှာ ပိန်ချိုင့်သွားတာ၊ မှန်များ အက်သွားတာများရှိသလား၊ ရှိတယ်ဆိုရင် ပြပါလို့ ပဲ ပြောလိုပါတယ်။

အစိုးရနဲ့ ပတ်သက်ရင် ထစ်ကနဲရှိ ဆော်လိုက်မယ်ဆိုတဲ့ အွန်လိုင်း မီဒီယာများ ချင့်ချိန်နိုင်ဖို့ပါ။


(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ဆုံးရှုံးမှုကြီးမားနေသော တရုတ်ကြိုက်မြန်မာ့အဖိုးတန်သယံဇာတများ(ကေအိုင်အေ၏ သစ်ခိုးထုတ်မှူများ)




ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း သြ(၆)ရက်နဲ့ (၇)ရက်နေ့က ဖမ်းဆီးရမိခဲ့တဲ့ တရားမ၀င်သစ်တွေ ဗန်းမော်မြို့ကို သယ်ယူပြီး တိုင်းတာခဲ့ရာ ကျွန်း၊ ပိတောက်နဲ့ တမလန်းအမျိုးအစား(Export Quality)ဒေသအခေါ် တရုတ်ကြိုက် သစ်မာမျိုးစုံတန်ချိန် (၅၄၀)ကျော်ရှိပြီး ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကားမျိုးစုံ(၅၇)စီးရှိတယ်လို့သိရပါတယ်။
ယခု ဖမ်းဆီးရမှုဟာ ဗန်းမော်ခရိုင်အတွင်း ၁၉၉၃ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး ဖမ်းဆီးမှုဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ပွင့်လင်းရာသီက တရုတ်သစ်ကုန်သည်တွေ ခိုးထုတ်သွားတဲ့ အရေအတွက်နဲ့ နှိုင်းယှဉ်ရင် အစွန်းထွက်လောက်ပဲ ရှိတယ် လို့ လွယ်ဂျယ်မြို့ခံ တစ်ဦးကပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရတဲ့ သစ်တင်ယာဉ်ပိုင်ရှင်များနဲ့ သစ်ပိုင်ရှင်များဟာ ဒေသခံ သစ်လုပ်ကိုင်သူ ကချင်လူမျိုး အများစုဖြစ်ပြီး နောက်ကွယ်က တရုတ်သစ်ကုန်သည်ကြီးများ ဆုံးရှုံးမှုမရှိဘူးလို့ ဆိုပါတယ်။ မိုးတွင်းကာလ ဖြစ်တာကြောင့် ဒေသခံသစ်ကုန်သည်များက သစ်ထုတ်လုပ်ရာ မြို့ရွာလမ်းကြောင်းတစ်လျှောက် ဌာနဆိုင်ရာများကို အခကြေးငွေပေးပြီး ကသာ- ဗန်းမော်-မိုးမောက်-လွယ်ဂျယ် လမ်းမှတစ်ဆင့် တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ တရုတ် သစ်ကုန်သည်ကြီးများထံ သယ်ဆောင်ရောင်းချခြင်းဖြစ်ပါတယ်။


သစ်ကုန်သည် အများစုဟာ ကေအိုင်အေအဖွဲ့ကို သစ်ထုတ်လုပ်ခွင့်(၁)နှစ်စာ အခွန်ဆောင်ထားပြီး ကေအိုင်အေ အဖွဲ့က လည်း သူတို့နယ်မြေအတွင်းမှာ လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးလေ့ ရှိပါတယ်။ ဖမ်းဆီးခံရတဲ့ မိုးမောက်- လွယ်ဂျယ် လမ်းကြောင်းဟာ မိုးတွင်းကာလ ကေအိုင်အေနယ်မြေထဲက တောလမ်းများ အသုံးပြုလို့ မရချိန်မှာ သစ်ကုန်သည်များ အဓိကအားထားရတဲ့ အမာခံကျောက်ကြမ်းလမ်းဖြစ်ပါတယ်။

 

ဒီလမ်းကြောင်းကိုအသုံးပြုဖို့ မိုးမောက်မြို့ပေါ်ဌာနဆိုင်ရာများနဲ့ ညှိနှိုင်းပြီးမကြာခဏ ဖြတ်သန်းလေ့ရှိပေမဲ့ ယခုတစ် ခေါက်မှာ သစ်တင်ယာဉ် အစီး(၅၀)ကျော်၊ သစ်တန်ချိန်(၅၀၀)ကျော် ဖမ်းဆီးခံရလို့ လက်လုပ်လက်စားဒေသခံ သစ်ကုန် သည်များ မကျေမနပ် ဖြစ်နေကြပါတယ်။

အထူးသဖြင့် လက်ကြီးသမား တရုတ်သစ်ကုန်သည်များက ပွင့်လင်းရာသီမှာ ရာချီ၊ ထောင်ချီ သစ်တင် ယာဉ်ကြီးများ အသုံးပြုပြီး တရုတ်ကြိုက် မြန်မာ့အဖိုးတန်သယံဇာတ တန်ချိန် သိန်းသောင်းချီ ခိုးထုတ်ခံရမှုကိုလည်း ဖမ်းဆီးပေးရန် ဗန်းမော်မြို့ခံများက လိုလားလျက်ရှိပါတယ်။
 

 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

လူ့အခွင့်အရေးမှာ Sorry မရှိဘူး

တရံရောအခါက လူ့အခွင့်အရေးအကြောင်းကို သူ့လောက်လေးစားတဲ့သူမရှိဘူးလို့ယုံမှားလောက်အောင် လှည့်ပတ်ပြောဆိုတတ်သူ တစ်ယောက် ကျွန်တော်တို့ရှိရာ ရွာငယ်လေးဆီရောက်လာခဲ့တယ်။ လူံအခွင့်အရေးအကြောင်း ပုံပြောကောင်းတဲ့ ဦးဦးကို ရွာသူကြီးအစီအမံနဲ့နေရာထိုင်ခင်းက အစ အစောင့်အရှောက်အဆုံး တာဝန်ယူပေးခဲ့ရတယ်။


ဇာတ်လမ်းကဒီမှာပါ။ တနေ့ သူဒေါသတကြီး အခန်းထဲကထွက်လာပြီးတာဝန်ခန်း အိပ်ဆောင် အမှုထမ်းတွေရော တာဝန်အရလာရောက်စောင့်ရှောက်ပေးနေတဲ့သူအားလုံးကို ကြိမ်းဝါးနေတာပေါ့။ အကြောင်းကတော့ သူ့ လက်ကိုင်ဖုန်း ပျောက်ဆုံးမှုပါပဲ။ သူ့ဖုန်းကိုပြန်ပေးဖို့နဲ့ သူသံသယရှိသူ ၀န်ထမ်းငယ်ကို စစ်ဆေးပြီး ထောင်ချဖို့ တလွဲအာဏာ ပေး အကြပ်ကိုင်နေတာပါ။ဒါဟာ ကျွန်တော်တို့လို စားရေးနေရေးတာဝန်ခံတွေ အတွက် ခေါင်းဆင်နင်းတာမှသက်သာမဲ့ အဖြစ်ကို လက်ငင်းကြီး ခံလိုက်ရသလိုပါပဲ။ ရွာကိုလာကတည်းက လူ့အခွင့်အရေးတွေအကြောင်း အတိုင်းအဆ မဲ့ ပြောတတ်တော့ သူကြီးကိုယ်တိုင် သတိထားဆက်ဆံနေရတဲ့ အဲဒီလူမျိုးကွဲက လူတကာကိုပြသနာရှာနေတော့တယ်။ ကျွန်တော်တို့ ရွာတာဝန်ခံတွေက စုံစမ်းစစ်ဆေးမှုအမျိုးမျိုးလုပ် ပြီး နေရာတိုင်းကိုပိုက်စိပ်တိုက်နီးနီး ရှာကြပါတယ်။ အဲဒီစွပ်စွဲခံရတဲ့ ၀န်ထမ်းငယ်အတွက် ၀ိုင်းအာမခံပေးပေမဲ့ ထောင်ချပြီးစစ်ဆေးဖို့ပဲလိုလားနေတယ်။ ဒီနေရာမှာ ကျွန်တော်တို့ကို ရှာခွင့်လုံးဝမပြုတာက သူ့ လက်စွဲအိပ်ပါ။ အားလုံးက ၀ိုင်းတောင်းဆိုတာတောင်ရှာခွင့်မပေးပါဘူး။ အဲဒီလို မပေးတော့ တခြားနေရာရှာလိုက်၊ စစ်တာဆေးတာတွေလုပ်လိုက်နဲ့ တညတာက ခက်ခဲစွာကုန်သွားပါတယ်။

 နောက်နေ့မှာ ကြံရာမရတဲ့အဆုံး သူ့ အိပ်ကို ရှာဖွေခွင့် အထပ်ထပ်ခွင်ြ့ပုချက်များနဲ့ သူ့သဘောတူညီမှုရယူပြီးရှာဖွေရာ နောက်ဆုံးတွင် လက်စွဲအိပ်အတွင်း အ၀တ်အထည်များကြားမှ သူ့ရဲ့ အဖိုးတန်လက်ကိုင်ဖုန်းကိုသူရဲ့အရှေ့တွင်ပင်ပြန်တွေ့ပါတယ်။သူ့ဆီကနိုင်ငံကြီးသားပီသစွာ တောင်းပန်စကားမကြားရပေမဲ့ အားလုံးစိတ်ချမ်းသာစွာနဲ့ ညဘက်မှာကောင်းကောင်းအိပ်ပျော်သွားကြပါတယ်။ဒါမှမဟုတ် ကျွန်တော်တို့ အားလုံး အချုပ်ထဲမှာ ဒါမှမဟုတ် ရွာနှင်ခံ နှင့် အဝေးကို ရောက်နေလောက်ပြီ။ ကျွန်တော်နားလည်သွားပြီ။ လူ့အခွင့်အရေးမှာ Sorry မရှိဘူး။

မှတ်ချက်။ သူမလိမ်တတ်ပါဘူး။ လူတကာယုံအောင်ဘယ်လိုပြောရမလဲကို သူသိတယ်။

From:[_Zay Thiha_]
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 22, 2013

လေဖြတ်မည့် ရှေ့ပြေးလက္ခဏာ (၁၀)ချက်

 ၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)



၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)


၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)

၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)

၆။ ဆီး အနီရောင်သွားခြင်း။
(Redness discolouration of urine)

၇။ ပစ္စည်းများကိုင်လျှင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း။
(Freguent fall down of objects when bandling)

၈။ ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မတွင် ထုံခြင်း၊ ဘယ်ခြေဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)

၉။ အမျိုးသားများ အသက် ၄၅-နှစ်ကျော်လျှင် ရက်ရှည် ခြေ,လက် ထုံကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime)


အမျိုးသမီးများ သွေးဆုံးချိန်တွင် ခြေ,လက်များ ထုံကျဉ်ခြင်း။
လက်ညှိုး၊ လက်ခလယ် ကွေးရာမှ ချက်ချင်းဆန့်မရခြင်း။
(Numbness sensation during menolpasuse)



၁၀။ ရေချိုးပြီးလျှင် မျက်စိများ ကြာမြင့်စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)

ကြိုတင်သိရှိပြီး လူသားများအားလုံး လေဖြတ်ခြင်း မှ ကာကွယ်နိုင်ကြပါစေ…..
( ဆုတင် မှတ်စု )
From:[_ FB Youth Activities (MYANMAR)_] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

မြန်မာနိုင်ငံအနေဖြင့် တစ်ဦးတစ်ယောက်တည်း အတွက် အခြေခံဥပဒေကို ပြင်ဆင်ခြင်းသည် မှားယွင်းကြောင်း ဥပဒေပညာရှင် Andrew McLeod ပြောကြား

၂၀၁၃  ခုနှစ် မေလအတွင်းက ပြုလုပ်ခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒီမိုကရေစီ
အလုပ်ရုံဆွေးနွေးပွဲတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစ်စောင်နှင့်ပတ်သက်ပြီး ဆစ်ဒနီတက္ကသိုလ်မှ ဥပဒေပညာရှင် Andrew McLeod အား ၂၀၁၅ ခုနှစ်မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်မည့် အခြေအနေ ရှိ ၊ မရှိသတင်းထောက်များက မေးမြန်းခဲ့ ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင် ရေးသည်  အချိန်အနည်းငယ်ဖြင့်သာ ပြင်ဆင်နေ၍ မရဘဲ ခေတ်ကာလ
အခြေအနေနှင့် မလျော်ညီသည့် အခါတိုင်း အစဉ်အမြဲ ပြုလုပ်နေရမည့်ကိစ္စဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သိရသည်။“ဘယ်လောက် အတိုင်းအတာအထိ လုပ်နိုင်မလဲ ဆိုတာကိုပဲ ကျွန်တော် စဉ်းစားပါတယ်။



ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်တယ်ဆိုတာ အချိန်နည်းနည်းနဲ့ ပြင်ဆင်လို့မရပါဘူး။ ခေတ်ကာလနှင့် မလျော်ညီတိုင်း တောက်လျှောက် အမြဲတမ်း ပြင်နေရတဲ့ကိစ္စပါ။ ဒါကြောင့် ၂၀၁၅ ခုနှစ် မတိုင်မီ ဘယ်လောက်အတိုင်းအတာ အထိပြုပြင်နိုင်မလဲဆိုတာ ကိုပဲ ကျွန်တော်သိချင်ပါတယ်။ အမြဲလုပ်နေရမယ့်
ကိစ္စဖြစ်ပါတယ်” ဟု ပြောကြားသည်။ယခုလက်ရှိ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေတွင်သမ္မတဖြစ်ခွင့်နှင့် ပတ်သက်၍  တစ်ဦးတစ်ယောက်တည်းအတွက် အခြေခံဥပဒေကို ပြင်ဆင် ပါက ယင်းရွေးချယ်မှုသည် မှားယွင်းနေကြောင်း၊ထို့အပြင်လက်ရှိ နိုင်ငံရေးအကျပ်အတည်းပေါ်မူတည်၍ ပြန်လည် ရေးဆွဲပါကလည်းအလွန်အန္တရာယ်များကြောင်း နှင့်တကယ်တမ်း ပြင်ဆင်သင့်သည်မှာ မြန်မာ
ပြည်သူလူထု အများစု၏ အကျိုးစီးပွားကို ရှေးရှု၍ ရေးဆွဲသင့်ကြောင်း ဥပဒေပညာရှင် Andrew Mcleod က သုံးသပ် ပြောကြားသည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍စစ်ဘက်ဆိုင်ရာအနေဖြင့် တည်ငြိမ် အေးချမ်းမှုကို လိုချင်ကြောင်း၊ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေးကော်မတီတွင် တပ်မတော်သားများ ပါဝင်သည့်အတွက် ဆွေးနွေးပြောဆိုမှုများ
လုပ်ကိုင်လာမည် ဖြစ်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်သည့်အခါ တပ်မတော် အနေဖြင့်အတိုင်းအတာတစ်ခုထိ ပါဝင်လာမည်ဟု ယုံကြည်ကြောင်း၊ မည်သို့သော ပုံစံဖြင့်ပါဝင်လာမည်ကို မိမိအနေဖြင့် မသိရှိသော်လည်း တစ်နိုင်ငံလုံးရှိ ပြည်သူများအားလုံး ပါဝင်ခွင့် ပေးရမည်ဖြစ်ကာ ၎င်းတို့အတွက် တရားမျှတမှုဖြစ်စေရန်
အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးတွင် ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့်များပေးရမည်ဖြစ်ကြောင်း အစီရင်ခံစာနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ အပြင် တပ်မတော် အရာရှိကြီးများနှင့် သွားရောက်တွေ့ဆုံခဲ့မှုအား ပြန်လည်ရှင်းလင်းပြောကြားသည်။

 ဆစ်ဒနီတက္ကသိုလ်မှဥပဒေပညာရှင်Andrew Mcleodသည် မြန်မာနိုင်ငံရှိဖွဲ့စည်းပုံအခြေခံဥပဒေ
 ပြုပြင်ပြောင်းလဲရေးပရောဂျက်တစ်ခုတွင်ဒုတိယညွှန်ကြားရေးမှူးတာဝန်ရယူကာ ဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ပြီး
အစီရင်ခံစာနှင့်ပတ်သက်၍အလုပ်ရုံဆွေးနွေးပွဲအပြင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊တပ်မတော် ထိပ်ပိုင်း အရာရှိကြီးများ၊ လွှတ်တော် တာဝန်ရှိသူများ ၊ဖွဲ့စည်းပုံအခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီနှင့် အခြားနိုင်ငံရေးနယ်ပယ် အသီးသီးမှ 
ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Aug 20, 2013

ဦးတင်အောင်မြင့်ဦး - သီဟသူရ ဘွဲ့ ရရှိခဲ့တဲ့ နာမည်ကျော် မိုင်းယန်းတိုက်ပွဲအကြောင်းကို ဗကပ ဦးအောင်ကျော်ဇော ထုတ်ဖော်ပြောကြားချက်


ဗမာပြည်ကွန်မြူနစ်ပါတီအနေနဲ့ ရှစ်လေးလုံးအရေးအခင်းနဲ့ ပတ်သတ်ပြီး တာဝန်ကြီးစွာ ရှိပါတယ်၊ အခုထက်ထိ ပေးဆပ်စရာ အကြွေးကျန်ရှိပါသေးတယ်လို့ ဦးအောင်ကျော်ဇော (ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့သား) က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။၁၉၈၈ ခုနှစ် ကာလတုန်းဆီက ၊ဦးအောင်ကျော်ဇောဟာ အင်အားကြီးမားတဲ့ လက်နက်ကိုင်အဖွဲ့ ဗကပရဲ့ အရှေ့မြောက်စစ်ဦးစီးဌာန အကြီးအကဲဖြစ်ခဲ့သူပါ။


၁၉၈၈ခုနှစ်၊ စက်တင်ဘာလအတွင်း ရှမ်းပြည်နယ်၊မိုင်းယန်းမြို့မှာ အစိုးရနဲ့ ဗကပ နှစ်ဖက်တပ်ဖွဲ့တွေကြား နာမည်ကျော် မိုင်းယန်းတိုက်ပွဲကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီ့တိုက်ပွဲကို ရေးဆွဲစီစဉ်ခဲ့သူဟာ သူဖြစ်ကြောင်း ဦးအောင်ကျော်ဇောက ထုတ်ဖော်ပြောလာပြီး အဲဒီ့မိုင်းယန်းတိုက်ပွဲရဲ့ ရည်ရွယ်ချက်ဟာ ပြည်မဒေသက ၁၉၈၈အရေးအခင်းကို အထောက်အကူပြုဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ မိုင်းယန်းတိုက်ပွဲမှာသာ ဗကပ အနိုင်ရရှိခဲ့ရင် အဲဒီ့အချိန်က ၈၈၈၈အရေးအခင်းရဲ့ ရလဒ်ဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမှာပဲ လို့ သူကပြောပါတယ်။

ဦးအောင်ကျော်ဇောနဲ့ ရင်ဆိုင်တိုက်ခိုက်ခဲ့တဲ့ အစိုးရတပ်မတော်ဘက်က ဒုတိယတပ်မမှူး မေဂျာ ဦးတင်အောင်မြင့်ဦးဟာ အဲဒီ့မိုင်းယန်းတိုက်ပွဲကြောင့် သီဟသူရ ဘွဲ့ကို ရရှိခဲ့ပါတယ်။ (ဦးသိန်းစိန်အစိုးရလက်ထက် ပထမဆုံး ဒုတိယသမ္မတဖြစ်ခဲ့ပြီး ၂၀၁၂ခုနှစ်မှာ ရာထူးမှ အနားယူခဲ့သူ)

၈၈၈၈ ကာလအတွင်း ဗကပ တို့ခြေရှူပ်ခဲ့ကြပုံ

မိုင်းယန်းတိုက်ပွဲဗကပဘာကြောင့်ရှုံးရသလဲ၊မိုင်းယန်းတိုက်ပွဲနိုင်ရင်ဘာဖြစ်မလဲ၊ဗကပ ခေါင်းဆောင်ပိုင်းက အကွဲအပြဲ သဘောထား ကွဲလဲမှုတွေ၊နိုင်ငံရေး စွမ်းဆောင်ချက်တွေ....ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ဒီကနေ့ထုတ် သတင်းစာနဲ့ မနက်ဖြန် ထွက်ရှိမယ့် သတင်းစာမှာ ဖော်ပြခြင်း ဖြစ်ပါတယ်။
From:[_ မငြိမ်းငြမ်းပြည့် ရေးသားသော ဆောင်းပါး _] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ