Aug 29, 2014

တရားဥပဒေစိုးမိုးရေးကော်မတီ ဘာအလုပ်မှမလုပ်ဘဲ လိုင်းကြောင်နေ ဟု ဆို


တရားဥပဒေ စိုးမိုးရေးကော်မတီသည် ဘာအလုပ်မှမလုပ်ဘဲ လိုင်းကြောင်နေသည် ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဝေဖန်ပြောကြားလိုက်သည်။

“တရားဥပဒေစိုးမိုးရေးကော်မတီဆိုတာရှိတယ်။အဲဒီကော်မတီက ဘာအလုပ်မှ လုပ်တာ မရှိဘူး။ ငါတို့လုပ်လိုက်ရင် အစိုးရ နံမည်ရသွားလိမ့်မယ် ဆိုပြီး သဘော ရှိလားတော့ မသိဘူး။
အဲဒီကော်မတီက အလုပ်တွေအများကြီး ရှိတယ်။အဲဒါကိုသူတို့ မလုပ်ဘူး” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက Hot News ဂျာနယ်အား ပြောကြားခဲ့ခြင်း ဖြစ်သည်။


“စဖွဲ့စဉ် ကာလကတော့ တရားရုံးတွေကို သွားရောက် စစ်ဆေးခဲ့တယ်။ အလုပ် လုပ်ပြတယ်။ နောက်တော့ အလုပ်မလုပ်တော့ဘူး။ အခုကျတော့ ၄၃၆ လိုင်း ရောက်ပြီး လိုင်းကြောင်နေတယ်” ဟု ၄င်းက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသည် ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာ တစ်စောင် တင်သွင်းခဲ့ပြီး လာမည့် လွှတ်တော်အစည်းအဝေး တွင် နောက်ထပ် တစ်စောင် တင်သွင်း မည် ဖြစ်ကြောင်းကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က မကြာသေးခင် က ထုတ်ဖော်ပြောကြားထားသည်။

အဆိုပါ ကော်မတီ၏ လုပ်ဆောင်ချက် မည်မည်ရရ မရှိပုံကို ဦးလှဆွေက ဝေဖန်ခဲ့ရာ၌ ”ကျွန်တော်ပါတဲ့ ကော်မတီဆိုရင် ဥပဒေ(၂)ခု ရေးဆွဲတယ်။ ပြသနာ တွေ ဖြစ်တဲ့နေရာတွေကို ကွင်းဆင်းစစ်ဆေးတယ်။ တိုင်စာတွေအတွက် ခေါ်ပြီး ကြားနာတယ်။ ဒါမျိုးတွေ လုပ်ဖို့ ဖွဲ့ထားတဲ့ကော်မတီက အလုပ်လုပ်
မယ် ဆိုရင် မဆိုးဘူး။ အခု တရားဥပဒေ စိုးမိုးရေးကော်မတီက ဘာတစ်ခုမှမယ်မယ်ရရလုပ်တာမတွေ့ရဘူး လို့ ပြောချင်တယ်” ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌအဖြစ် ပါဝင်သော ယင်းကော်မတီသည် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးကိစ္စရပ်များသာ ပါရှိသည့် အစီရင်ခံစာ တင်သွင်းခဲ့ပြီး ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ ပါ
ဝင်ခြင်း မရှိခဲ့သဖြင့် ဝေဖန်မှုများ ခံခဲ့ရကြောင်း သိရှိရသည်။

“ဒါက သူ့ကော်မတီမှာ လုပ်နိုင်ကိုင်နိုင်တဲ့သူ မရှိဘူးလေ။ လက်ပံတောင်းကော်မတီတုန်း က လုပ်နိုင် ကိုင်နိုင်တယ် ဆိုတာ ကြံ့ခိုင်ရေးကအမတ်တွေ၊အစိုးရအရာရှိဟောင်းကြီးတွေက အကုန်လုံး သူတို့ လုပ်သွားတာ။ NLD ပါတီမှာ အရည်အချင်း ပြည့်မီတဲ့သူ မရှိဘူး။ ဒေါ်စုကလွဲရင် ကျန်တဲ့သူတွေက
သုံးစားမရဘူး။ ဒေါ်စုကိုယ်တိုင်တောင် သူ့ကော်မတီအလုပ်တွေမည်မည်ရရ မလုပ်နိုင်ဘူး ဆိုမှတော့ အောက်ကလူတွေ ဆို ပြောစရာကို မရှိနိုင်တော့ဘူး။

လွှတ်တော်ထဲမှာ NLD အမတ်တွေ မေးတဲ့ မေးခွန်းတွေ လေ့လာကြည့်ရင်လည်း အခါကြီးရက်ကြီးတွေ နာမည်ပြောင်းဖို့ တို့၊ခေါင်းပေါင်းချွတ်ခွင့် တို့၊ ဒါမျိုးတွေပဲ ကြည့်လေ။ ဒေါ်စုကိုယ်တိုင်
လွှတ်တော်ထဲမှာ ဘယ်ဥပဒေ ပြဌာန်းနိုင်ခဲ့လို့လဲ။

ဒီတော့ ဦးလှဆွေ ပြောတာ မှန်တယ်ဗျ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လွှတ်တော်အတွင်း စွမ်းဆောင်ရည်မှာ သိသိသာသာ ကျဆင်းနေပြီး NLD ပါတီအနေဖြင့်လည်း လူအစားထိုးနိုင်ရန်အတွက်လွန်စွာမှပင်ဒုက္ခရောက်လျက်ရှိကြောင်း
သတင်းရရှိသည်။

From:[_ ပြည်သူ့အာဏာ _]
(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ