Aug 3, 2014

အော်ရီဒူးရဲ့လက်ဆောင် သတင်းထောက်တွေ ဝိုင်းလုကြ




ယမန်နေ့က ကျင်းပတဲ့ အော်ရီဒူး သတင်းစာရှင်းလင်းပွဲအပြီးမှာ သတင်းထောက်တွေကို အော်ရီဒူးက sony Experia E1 ဟမ်းဆက်တစ်လုံးစီကို ဆင်းကဒ်ထည့်ပေးပြီးသား နဲ့ အခြားလက်ဆောင်တွေ ပေးတယ်လို့ဆိုပါတယ် ။ အဲဒီလက်ဆောင်ဝေတဲ့အချိန် သတင်းထောက်တွေ ဝိုင်းလုကြလို့ ရုတ်ရုတ်သဲသဲဖြစ်သွားပါတယ် ။ အဲဒီလို ရုပ်ပျက်ဆင်းပျက်နဲ့ ဖန်းလုယူမှုကြီးဖြစ်ပွါးခဲ့တာကို ဘယ်မီဒီယာကမှ မဖော်ပြရဲကြလို့ သတင်းထောက်အချို့ ကတော့ မကျေနပ်ပဲ သူတို့ရဲ့ ပါဆင်နယ်ဖေ့ဘုတ်အကောင့်တွေမှာ မကျေမနပ်နဲ့ရေးသားနေကြပါတယ်..။

 7 day သတင်းထောက်ဖြစ်တဲ့ ဥက္ကာကိုကိုက လက်ဆောင်လုပွဲကြီးဖြစ်တယ် ဆိုလို့ ရေးသားပြီး BBC သတင်းထောက်ဖြစ်တဲ့ ကိုသူရမျိုး ( သံချောင်းပါတီ အဖြစ် လူသိများ) ကတော့ သတင်းထောက်အချင်းချင်း လက်ဆောင်ပြန်သွင်းလို့ ရတဲ့ ဒိုင်.ဆိုင်ပြန်ဖွင့်မယ်လို ရေးသားတဲ့အပြင် သူပေးလို့ ငါရတိုင်း ဆိုရင် ခင်ဗျားတို့ လာဘ်ပေးလာဘ်ယူ အကြောင်း ဘယ်လိုရေးကြတော့မတုန်း လို့ ဒေါသတကြီး ရေးသားထားပါတယ် လှောင်ပြောင်ရေးသားထားပါတယ် ။ ဧရာဝတီသတင်းထောက် ကိုဆိုင်းဇော်ကလည်း Experia E1 လေးနဲ့ အင်တာနက်ကို H+ နဲ့ သုံးရတာ ဇိမ်ပဲကွာဆိုတဲ့ Status ဘယ်သူတင်မလဲ စောင့်နေတာ ။ ဘယ်သူ့မှလဲ တင်ကြဘူး ဟု သရော်ထားသည်ကို တွေ့ရမည်ဖြစ်သည် ။

 အော်ရီဒူး ဟာ ယူအေအီးနိုင်ငံ ပိုင်ဖြစ်ပြီး အင်တာနက်အသုံးပြုခ ကြီးမြင့်ခြင်း ကြောင့် ဝေဖန်ခံနေရသလို အမျိုးဘာသာအတွက် အသုံးမပြုကြဖို့ကန့်ကွက်မှုတွေလည်းရှိနေပါတယ် ။ ဝယ်ယူရာမှာလည်း သန်းခေါင်စာရင်းကောက်သလို စာရွှက်စာတမ်းများဖြည့်ရသောကြောင့် အွန်လိုင်းသတင်းများက ဖော်ပြသလို ဂျီဟဒ်အတွက် စိမ့်ဝင်ကြိုးပမ်းနေသည်လားဟု သံသယများလည်းဖြစ်ပေါ်နေပါတယ် ။ တယ်လီဖုန်းလုပ်ငန်းတစ်ခုသည် ၎င်းထုတ်ကုန်အသုံးပြုသော ဖုန်းများအား ကြားဖြတ်နားထောင်ခြင်း မှတ်တမ်းတင် record ယူထားခြင်းများ ပြုလုပ်၍ ရသည်ဟု နည်းပညာရှင်များကလည်း ပြောဆိုပါတယ် ။

 ထိုသို့နာမည်ပျက်နေသော်လည်း ဝယ်ယူအသုံးပြုနေကြဆဲ အော်ရီဒူးသည် အွန်လိုင်းတွင် ကန့်ကွက်မှုရှိသော်ကြောင့် အပြင်လောကတွင်လည်း ကန့်ကွက်မှုမရှိစေရန် သတင်းထောက်များအား ဖုန်းနဲ့ဆင်းကဒ်လက်ဆောင်ပေး၍ လာဘ်ထိုးခြင်းဖြစ်ပြီး သတင်းထောက်များမှာ ဘုရားပွဲတွင် ပိုက်ဆံကြဲသလို ကလေးများသဖွယ် လုယူကြကြောင်း ရန်ကုန်မီဒီယာလောကတွင် ပြောဆိုနေသည် ။ (အော်ရီဒူးလက်ဆောင်ပေးသော ပစ္စည်းများကို အေပီသတင်းဌာနမှ ကိုခင်မောင်ဝင်း ဖေ့ဘုတ်မှ ကူးယူသည် -ကိုခင်မောင်ဝင်းမှယင်းပစ္စည်းများကို ပြန်ပေးမည်ဟုဆိုသည်)

(မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ