Jan 19, 2013

ကာမိုင်းရဲစခန်းအား တိုက်ခိုက် ဖျက်ဆီးမှု အပြည့်အစုံ

ယနေ့မနက် ၅ နာရီခန့်မှစပြီး ကေအိုင်အေမှ ကာမိုင်းရဲစခန်းအား ၀င်ရောက်စီနင်း တိုက်ခိုက် ဖျက်စီးသွား သည်ဟု သိရှိရပါသည်။ မနက် ၅ နာရီ ခန့်တွင် ကေအိုင်အေအဖွဲ့ ၁၀၀ ကျော်ခန့် ကာမိုင်းသို့ ရောက်ရှိလာပြီး ကာမိုင်းရဲစခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ကာမိုင်းရဲစခန်းတွင် ရဲအင်အား ၃၂ ဦးသာရှိပြီး ကေအိုင်အေ၏ တိုက်ခိုက်မှုကို ပြန်လည် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း အင်အားမမျှသဖြင့် ဆုတ်ခွာသွားခဲ့ပါသည်။ ကေအိုင်အေ မှ ၅ နာရီလောက်မှ ၇ နာရီခွဲ အထိ တိုက်ခိုက် နေတာဖြစ်ပြီး ရဲတွေ ဆုတ်သွားတဲ့အတွက် ကေအိုင်အေ မှ ရဲစခန်းအတွင်းသို့ ၀င်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့သည်။ ကေအိုင်အေများက ရဲစခန်းအတွင်းမှ အဆောက်အဦ ၆ လုံးနဲ့ ကားတစ်စီး ကို မီးရှို့ ဖျက်ဆီး ခဲ့သည်။ ကေအိုင်အေ၏ ကာမိုင်းရဲစခန်း တိုက်ခိုက်မှုတွင် ရဲ ၂ ဦး သေဆုံးပြီး ဒုရဲအုပ်တစ်ဦးအပါအ၀င် ၄ ဦး ဒဏ်ရာရရှိ ခဲ့သည်။ လျှပ်စစ်ဌာနမှ ၀န်ထမ်း ၂ ဦး ပျောက်ဆုံးနေကာ ကေအိုင်အေတွေ ဖမ်းဆီးသွားသည်ဟု ယူဆရ ကြောင်း၊ ပျောက်ဆုံးနေသည့် လျှပ်စစ်ဝန်ထမ်း ဦးသိန်းလွင်၏ ဇနီး ဒေါ်စန်းငွေ၏ ယာပေါင်တွင် ကေအိုင်အေမှ ပစ်ခတ်ခဲ့သော လက်နက်ထိမှန်ခဲ့ကြောင်း သိရှိရသည်။ ကေအိုင်အေမှ ရဲစခန်းအား စိတ်ကြိုက် မီးရှို့ဖျက်ဆီးပြီး ၈ နာရီခွဲခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ကာမိုင်းရဲစခန်းအနီးရှိ ဒေသခံ တစ်ဦးမှ ပြောဆိုခဲ့သည်။ နိုင်ငံတော်သမ္မတရုံးမှ ဇန်န၀ါရီလ ၁၉ ရက် နံနက် ၆ နာရီမှစပြီး အစိုးရတပ်ဖွဲ့တွေကို မိမိကိုယ်ကို ကာကွယ်ရုံ သာလုပ်ဆောင်ရန်၊ အပစ်ရပ်ရန် အမိန့်ထုတ်ထားသည်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့ ည ၈ နာရီ သတင်းတွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ကေအိုင်အေမှ ၄င်းကြေညာချက်ကို လက်တလုံးခြားလုပ်ဆောင်ပြီး ၅ နာရီမှာ ရဲစခန်းကို ၀င်တိုက်တာလား… ? ဒါမှမဟုတ် ကေအိုင်အေမှ အပစ်အခတ်ရပ်စဲမှုကို မလိုလား၍ အကြမ်းဖက် တိုက်ခိုက်မှုများ ဆက်လက်ဆောင်ရွက်နေတာလားဟု ၄င်း ဒေသခံမှ ဆက်လက်ပြောကြား ပါသည်။ From:[_ ကချင်နေ့စဉ်သတင်း_] (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

6 ယောက် ဆွေးနွေးခဲ့တယ်:

Anonymous said...

တပ်မတော်သားများခင်ဗျား လိုင်ဇာ ကိုတက်သိမ်းပါတော့။ပြီးတော့ ဂမ်ရှောင်ကိုမိရင် သေနတ်နဲ့မပစ်ပါနဲ့ တပ်မတော်သားတွေရဲ့စစ်ဖိနပ်နဲ့ တစ်ယောက်တစ်ချက်စီ ဂမ်ရှောင်မျက်ခွက်ကို နင်းသတ်ကြပါ။

Anonymous said...

လူပါးဝတာကတော့ကမ်းကုန်နေပြီတပ်မတော်ကမသိတာလားဒါမှမဟုတ်မသိချင်ယောင်ဆောင်
တာလား ဘာလုပ်မှာလဲ အမှန်ကတော့အပြတ်တိုက်ရမှာပဲ ဘာကောင်တွေမို့လို့လဲ သတ်ပစ်
ဒါပဲ

Anonymous said...

လေယဉ်နဲဗုံးမိုးရွာပစ်ကြကွလူပါးဝနေတဲကောင်တွေ။လူ့အသိတရားမရှိသေမထူးနေမထူးကော်တွေ

Anonymous said...

မဆိုင်တဲ့နေရာတွေကိုရမ်းနေတယ် မြန်မာ့တပ်မတော်ကိုအားကိုးပါတယ် ဒီKIAကောင်တွေကို
အပြတ်သာတီးလိုက်ပါတော့ တစ်ခြားဘာအကြောင်းပဲရှိရှိပါ ဒီဇတ်လမ်းကတော့သိမ်းသင့်ပါပြီ

Anonymous said...

ဒဏ်ရာရရှိသောရဲဝန်ထမ်း၆ဦးအားနမ္မတီးနာရေးကူညီမှု့
အသင်းမှတိုက်ပွဲကြားကစွန့်စွန့်စားစားသယ်ဆောင်၍မြစ်
ကြီးနားဆေးရုံသို့ပို့ဆောင်ပါသည်။ထို့ကြောင့်နမ္မတီးနာရေး
ကူညီမှု့အသင်း၏လုပ်ရပ်အားဂုဏ်ယူပါသည်။

Anonymous said...

အဟိ တိုက်ပွဲကြားကစွန့် စွန့် စားစားသယ်ဆောင်ဆိုဘဲ
kia နဲ့ ဖင်လိုးဖင်ခံ ပေါင်းနေတဲ့ကောင်တွေ သွားတာကြီး
ကို သူရဲကောင်းတွေမထင်နဲ့ ဟ နာမည်ကြီးချင်လို့ 
ဂုဏ်ပြုခံချင်လို့  ဆုတွေဘာတွေမျှော်ကိုးလို့ သွားတာ
လားမှမသိတာ ကချင်ပြည်နယ်ရဲ့ အဝေးမှာနေတဲ့လူ
တွေကတော့အထင်ကြီးချင်ကြီးမှာပေါ့
ပြီးတော့ကြက်ခြေနီလူငယ်တွေလဲပါသွားသေးတယ်
နေရာတကာ နာရေးကြီးဘဲလုပ်မနေကြနဲ့ အုံးဆရာတို့ 

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ