Dec 31, 2012

ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်မှ ဆင်ဖြူတော်ရုပ်ပစ်ချ ယတြာချေဟူသော သတင်းများနှင့်ပတ်သတ်၍ ဖြစ်ရပ်မှန်အား ဖြေရှင်းခြင်း

ဒီဇင်ဘာ ၁၀ ရက်နေ့ တပ်မဟာ ၅ နယ်မြေပေါ်သို့ မြန်မာစစ်တပ်မှ ဆင်ဖြူတော်ရုပ်ပစ်ချ ယတြာချေဟူသော ပုံဖြင့် ကေအိုင်အေ ဝါဒဖြန့် သမားများဆီမှ ထွက်ပေါ်လာပါသည် ။ထိုသို့သော အခြေအနေအား ယုံကြည်ကြသော မြန်မာအမျိုးကောင်းသား အမျိုးကောင်းသမိးများကလည်း စုံလုံးကန်း ယုံပစ်လိုက်ကြသည် ။ထို့အပြင် မြန်မာစစ်ကြောင်းတွင် ဘုန်းကြီးတစ်ပါးပါဝင်ပြီး ထိုအခြေအနေကို မှန်ပြောင်းဖြင့် ကြည့်ရှူကြောင်းလည်း တမင် ပိုပိုသာသာ ရေးသားကြပါသည် ။

ထိုကဲ့သို့ အင်တာနက်တွင် ပျံနှံလာသော ဓါတ်ပုံများအား ကျွန်တော်တို့မောင်ကျောက်ခဲအဖွဲ့မှ အနီးကပ်သေချာစွာဆန်းစစ်ကြည့်သောအခါ တကယ့်ဖြစ်စဉ်အမှန်မဟုတ်ပဲ ကွန်ပြူတာနည်းပညာဖြင့်ပြူပြင်ဖန်တီးထားသော ပုံသာဖြစ်နေသည်ကိုတွေ့ရပါသည် ။ထိုပုံအကြောင်းကို အနီးကပ်zoom ဆွဲကြည့်သော အခါ အောက်ပါအတိုင်း တွေ့ရှိရပါသည် ။

ပုံတွင် တပ်ထားသော နံပါတ်စဉ်အလိုက်ကြည့်ပါ ။
ပထမ ဦးဆုံး နံပါတ်(00) မှာ ကေအိုင်အေ ၏ ဝါဒဖြန့် သမားတို့ဖြန့်ချီထားသော အင်တာနက်တွင်ပျံနှံနေသော ပုံဖြစ်ပါသည် ။ ပုံအမှတ်(0.1 ) နှင့်(0.2)မှာ  အနီးကပ်ဆွဲယူစစ်ဆေးထားသော ပုံဖြစ်ပါသည် ။ 
ပုံအမှတ်စဉ်လိုက် ရှင်းပြပါမည် ။

  • (၁)ဆင်ရုပ် ဟုဆိုသော ပုံရိပ်၏ ပေါင်ပိုင်းမှာ တိမ်မျှင်များဖြစ်နေပါသည် ။
  • (၂)ဆင်ရုပ်၏ ခါးပိုင်းဟု ခေါ်ဆိုရမည့် အပိုင်းမှာ လေးထောင့်အရာဝတ္ထုသဏ္ဍာန်တစ်ခုဖြစ်ပြီး ကွန်ပျူတာနည်းပညာဖြင့် အရောင်မှိန်စေကာ အရောင်များဖြန့်ထွက်စေသော နည်းဖြင့် ပြုလုပ်ထားခြင်းဖြစ်သည် ။
  • (၃)ဆင်ရုပ်၏ လက်ဟုဆိုသော အပိုင်းမှာ ခြေထောက်ပိုင်းရှိ တိမ်မျှင်အပိုင်းအား ပွါးယူကာ လက်ပုံသဏ္ဍာန်ပေါ်စေရန် လုပ်ယူထားသဖြင့် တိမ်များပြတ်တောက်နေသည့်ဟန်ဖြစ်နေပါသည် ။
  • (၄)နှာမောင်းပေါင်းမှာ  ဓါတ်ပုံများအားကွန်ပျူတာနည်းပညာ ဆော့ဝဲလ် များတွင် ပါရှိသော ဆေးမှူတ်သည့် tools ဟုခေါ်သည့် ဖန်တီးမှူဖြင့် ရေးဆွဲထားခြင်းဖြစ်သည် ။
  •  

ပုံများအား မသဲကွဲပါက မိမိတို့ ကွန်ပျူတာ /ဖုံး/tablet အတွင်း ဒေါင်းလုတ်(download) ယူ၍ ပုံကြီးချဲ့ကြည့်နိုင်ပါသည် ။

အမှန်တကယ်သာ တပ်မတော်လေတပ်မှသာ ထိုသို့အရုပ်မျိုးသာ ကြဲချခြင်းမဟုတ်ပဲ ဖော်ပြပါပုံကဲ့သို့ လိုင်ဇာကို မသိမ်းရ၍ ဒေါသထွက်နေသော တပ်မတော်သားများက ကေအိုင်အေ အားလှောင်ပြောင်သည့်အနေဖြင့် Fuck You ဟု အဓိပ္မါယ်ရသည့် မြန်မာလို ( -ီးပဲ)ဟုဆိုလိုသည့် လက်သင်္ကေတ အရုပ်ကြီးသာ ဖြစ်ရမည်ဟု ခန့်မှန်းမိပါသည် ။


ယခုအခါ ကေအိုင်အေ အနေဖြင့် လိုင်ဇာတမြို့ထဲတွင်သာ ပိတ်မိနေပြီး ထွက်ပေါက်ဆိုသည်မှာ မြန်မာစစ်တပ်၏ လက်အောက်တွင် သာ ရှိသွားပြီဖြစ်ပါသည် ။ယခုအခါ လိုင်ဇာ မြို့အား လိုင်းနှစ်လိုင်းဖြင့်ကာရံထားပြီး ABSDF ကျောင်းသားသူပုန်တပ်ဖွဲ့မှာ ပထမလိုင်း တွင် ရှိနေပြီး ကေအိုင်အေမှ ဒုတိယ လိုင်းတွင် ရှိနေသည် ။ ထိုလိုင်းနှစ်လိုင်းကြားတွင် ရွှေ့ပြောင်းဒုက္ခသည်စခန်းများအား ထားရှိထားပါသည် ။ထို့ကြောင်းစစ်တပ်အနေဖြင့် လိုင်ဇာမြို့အားတိုက်မည်ဆိုလျှင် အပြစ်မဲ့ ရွှေ့ပြောင်းဒုက္ခသည်များ အားထိခိုက်မည်ဖြစ်သဖြင့် လိုင်ဇာအား မသိမ်းပိုက်သေးပေ ။ကေအိုင်အေ အနေဖြင့် ခေါင်းဆောင်ပိုင်းတို့မှာ တရုတ်ပြည်နယ်သို့ ထွက်ပြေးသွားပြီ ဖြစ်ပြီး လိုင်ဇာတမြို့လုံးအား မိုင်းများတပ်ဆင်ထားပြီး မြေလှန်ပစ်ရန်ကြံစည်ထားသည်။ ထို့အပြင် ၈၈ ကျောင်းသားဆိုသူ မြအေးမှလည်း ယခု လိုင်ဇာဌာနချုပ်အား တပ်မတော်စစ်ကြောင်းများဝိုင်းလိုက်သောအခါမှသာ စစ်ပွဲရပ်ရန်ဆိုပြီး " ပြည်တွင်းစစ်များရပ်ဆိုင်းရန်လူမှု အဖွဲ့အစည်းများတောင်းဆို" ဟု သတင်းစာရှင်းလင်းပွဲထလုပ်ပါသည် ။
88 ကျောင်းသားသူပုန်အဖွဲ့ တပ်မတော်သားများကိုသတ်ခဲ့စဉ်က ABSDF အား ဆုတော်ငွေ သိန်း ၅၀ နှင့် သိန်း ၃၀ ဖို့ ဆေးဝါးနှင့် အသင့်စားရိက္ခာဗူးများ ပေးပို့သူ ၈၈ ကျောင်းသားဟောင်း မြအေးနှင့် အပေါင်းအပါများမှ ယခု ABSDF စစ်ရှုံးသည်နှင့် တိုက်ပွဲရပ်ရန် မလိမ့်တပတ် ဖြင့် သတင်းစာ ရှင်းလင်းပွဲလုပ်ခဲံပြီး ABSDF အား ကယ်တင်ရန်ကြိုးစားနေစဉ်

 မြအေး အနေဖြင့် ABSDF အား သိန်း ၃၀ ခန့်တန်ဖိုးရှိသော ဆေးဝါးများနှင့် အသင့်စားရိက္ခာဗူးများ ပေးပို့ထားသည်ကို လိုင်ဇာပတ်ဝန်းကျင်သာမက ရန်ကုန်မြို့နယ် ၈၈ ကျောင်းသားမျိုးဆက်အဖွဲ့တစ်ခုလုံးသိသော်လည်း နှုတ်ဆိတ်နေကြသည် ။

 (မောင်ကျောက်ခဲ အဖွဲ့)
____________________________________________________________________
Print Friendly and PDF

5 ယောက် ဆွေးနွေးခဲ့တယ်:

မောင်မှန် said...

ကိုကျောက်ခဲရေ... KIA ခေါင်းဆောင်နဲ့ဝါဒဖြန့်ချိရေးသမားတွေကိုပြောလိုက် စမ်းပါဗျာ။မြန်မာစစ်တပ်ဆိုတာယတြာအားကိုးတဲ့ဗေဒင် ရူးတွေမဟုတ်ဘူးလို့။ဘာမှမရှိသေးတဲ့အချိန်မှာတောင်....KIAထက်အများကြီး သာတဲ့ပြည်ပကျူးကျော်သူတရုတ်ဖြူKMTတပ်တွေကိုမြန်မာ့မြေပေါ်ကနေ(ဘယ်နိုင်ငံရဲ့အကူအညီမှမပါဘဲ)နိုင်ငံကို ချစ်တဲ့စိတ်တစ်ခုထဲနဲ့ရအောင်မောင်းထုတ်ခဲ့ပါတယ်လို့...။

Anonymous said...

U Mya Aye Out of Line..

1. In Raikine problem
2. Now in Kachin

Anonymous said...

ဒီကောင်တွေက ကျည်လွတ်မြေ/ မိုင်းလွတ်မြေက အော်နေတာပါ။

မြအေးတို့က လက်ကြောတင်းအောင် အလုပ်လုပ်ဘူးတဲ့ ကောင်မျိုးမဟုတ်။

. . .

Aungsitthi said...

ဒီကောင်တွေလိုင်ဇာေ၇ာက်တုန်း အမြောက်နဲ့ ပစ်၇ှင်းပစ်လိုက်ကြစမ်းပါ။ အဲဒီခွေးတွေ လိုင်ဇာေ၇ာက်ပြီး ပြန်လာ၇င်ကေအိုင်အေတွေ၇ဲ့  ၀ါဒဖြန့် တဘက်သတ်စွပ်စွဲပုတ်ခတ်တဲ့ အမြင်တွေသယ်လာပြီး တိုင်းပြည်အတွင်းမှာေ၇ှာက်ဖွ တိုင်းပြည်ဗ၇ုတ်ဗ၇က်ဖြစ်အောင်ေ၇ှာက်လုပ်ဦးမယ်။ အဲဒီနွားကျောင်းသားနွားမတွေ ကချင်ကAbsdfဆိုတဲ့ သူပုန်နဲ့ ပေါင်းကူညီနေတာထက်စာ၇င်သတ္တိ၇ှိ၇ှိ ကိုယ်တိုင်သေနတ်ကိုင်တိုက်ကြပါလား။

Anonymous said...

ကချင်စစ်ပွဲ ၌ ၀င်တိုက်နေသော ABSDF (မြောက်ပိုင်း)ခေါင်းဆောင် ဦးလဆိုင်(ဦးလှဆိုင်)မှာ..ကျောင်းသားခေါင်းဆောင်..ကိုထွန်းအောင်ကျော်၏ခေါင်းအား သစ်တုံးပေါ်တင်ခိုင်း၍ ရက်၇က်စက်စက်ဓါးမ နှင့် ခုတ်ဖြတ်ခဲ့သူ ဖြစ်ကြောင်းကြားသိထားရပါသည်။ အခြားမြောက်ပိုင်းကျောင်းသားများစွာကိုလဲ ထောက်လှမ်းရေးဟုခေါင်းဆောင်တပ်ပြီး ရက်စက်စွာခေါင်းဖြတ်ခဲ့သူဟုသိရပါသည်။ ကွန်ဖန်လုပ်ပေးပါ။

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ