Nov 12, 2012

The Voice Weekly နဲ့ ထစ်ခနဲရှိ အစိုးရကို ဆဲဖို့ ဆိုတဲ့နလပိန်းတုံးများအတွက် ဒုသမ္မတ- ငလျင်ဒဏ်ကြောင့် ဧရာဝတီမြစ်ကူးတံတား (ရတနာသိင်္ဃ) ပျက်စီးမှုအား သွားရောက်စစ်ဆေးမှူမှတ်တမ်း




နေပြည်တော် နိုဝင်ဘာ ၁၂

ပည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်ဋ္ဌေး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဘုန်းဆွေ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကြူ၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်သန်းဦးနှင့်  ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်စိန်တို့နှင့်အတူ ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်တွင် မန္တလေးမြို့မှ ရဟတ်ယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ ၈ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်း ဒေသကြီး ကျောက်မြောင်းမြို့သို့ ရောက်ရှိကြပြီးေ ဆာက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများက ကြိုဆို ကြသည်။

ထို့နောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သော ဆောက်လုပ်ဆဲ ဧရာဝတီတံတား (ရတနာသိင်္ဃ) ကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်နှင့် ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူး ဦးကျော်လင်းတို့်က ဆောက်လုပ်ဆဲ ဧရာဝတီတံတား (ရတနာသိင်္ဃ) မှတ်တမ်းအကျဉ်းချုပ်၊ ဆောက်လုပ်ပြီးစီးမှု၊ ဆောင်ရွက် နေမှုနှင့် ၁၁-၁၁-၂၀၁၂ ရက်နေ့ နံနက် ၀၇း၄၅ နာရီတွင် လှုပ်ရှားခဲ့သည့် ၆.၈ ရစ်ခ်တာစကေးရှိသော ငလျင်ဒဏ်ကြောင့် ပျက်စီးမှု အခြေအနေများတင်ပြရာတွင် တံတားတိုင် အမှတ် RP-1 နှင့် RP-3 အကြား တပ်ဆင်ဆဲ ၂၀၈ မီတာအရှည်ရှိသော တံတားသံဘောင်သည် စဉ့်ကူးဘက်ခြမ်း (တိုင်အမှတ် RP-3) ဘက်သို့ လျောကျ ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် သံဘောင်ပေါ်ရှိ Erection Tower နှင့် Erection Crane တို့ ပြုတ်ကျခဲ့မှုကြောင့် Barge တစ်စီးနှင့် Z-craft တစ်စီးတို့လည်း ဧရာဝတီမြစ်အတွင်း နစ်မြုပ်ခဲ့ကြောင်း၊ အဆိုပါငလျင် လှုပ်ခတ်မှုကြောင့် တံတားတည်ဆောက်ရေး လုပ်ငန်းခွင်မှ ၀န်ထမ်းတစ်ဦး သေဆုံးကာ ငါးဦးပျောက်ဆုံးလျက် ရှိပြီး ၁၈ ဦးမှာ ဒဏ်ရာရရှိသဖြင့် ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိကြောင်း၊ တံတားသံဘောင် အပျက်အစီး များကို ပြန်လည်ဖြုတ်ပြီး ပြုပြင်မရသော သံဘောင်အပိုင်းများအား စစ်ဆေးရွေးချယ်ခြင်း၊ သံဘောင်များ ထပ်မံမှာယူပြီး အစားထိုးတပ်ဆင်ခြင်းများ ဆောင်ရွက်မှုနှင့်အတူ စဥ့်ကူးဘက်ရှိ တံတားအပိုင်းမှ လုပ်ငန်းစတင်ဆောင်ရွက်ခြင်းကို ပြင်ပညာရှင်များနှင့် ပူးပေါင်း၍ တစ်ပြိုင်တည်း ဆောက်လုပ်ရန် စီမံဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် သာသနိက အဆောက်အအုံများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှု၊ ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှု၊ သေဆုံးမှုနှင့် ပျောက်ဆုံးမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတက တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားပြီး အဆိုပါ ရှင်းလင်းဆောင်၌ ငလျင်ဒဏ်သင့် ဒေသခံ ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတော်အစိုးရမှ လိုအပ်သည်များ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း အားပေးစကား ပြောကြားသည်။
 (မောင်ကျောက်ခဲ အဖွဲ့)
Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ