Jul 12, 2012

သမ္မတကြီး ဦးသိန်စိန်မှ ဘင်္ဂလီ ခေါ် ရိုဟင်ဂျာများကို တိုင်းရင်းသားအဖြစ်လက်မခံပဲ UNHCR သို့လွဲပြောင်းကာ လက်ခံလိုသော နိုင်ငံရှိက ပို့ဆောင်ပေးမည်ဟု ပြောကြားလိုက်ပြီ

ပြည်ထောင်စု သမ္မတ ပြည်ထောင်စု မြန်မာ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ဟာ ဇူလှိုင် လ ၁၁ ရက်နေ့က နိုင်ငံတော် သမ္မတ အိမ်တော် သံတမန်ဧည့်ခန်းမ၌ UNHCR မဟာမင်းကြီးဖြစ်သော Mr.Antonio Guterres အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါတယ် ။

သမ္မတကြီးမှ Mr.Antonio Guterres အား ရိုဟင်ဂျာ အမည်ခံများကို လက်မခံကြောင်း ပြောကြားနေစဉ်

အဲဒီတွေ့ဆုံပွဲမှာ ကချင်ပြည်နယ် စစ်ဘေးသင့်ပြည်သူများ အရေး ၊ ကရင်ပြည်နယ်မှ ရွှေ့ပြောင်းသူများ မိမိ
ဆန္ဒအလျှောက်ပြန်လာရေး အပြင် လက်ရှိ ရခိုင်ပြည်နယ် အရေးတို့ ကို ဆွေးနွေးခဲ့ပါတယ် ။ရခိုင်အရေးနှင့်
ပတ်သတ်ပြီး ရိုဟင်ဂျာ အမည်ခံ ဘင်္ဂလီခေါ်တောကုလားများ အရေးကို ဦးစားပေး ဆွေးနွေးပါတယ် ။
သမ္မတကြီးက ဘင်္ဂလီ များသည် ၁၉၄၈ ခုနှစ် လွပ်လပ်ရေးမတိုင်ခင် တွင် အင်္ဂလိပ်နယ်ချဲ့များက မိမိတို့နိုင်
ငံတွင် လယ်ယာလုပ်ကိုင်ရန် ခေါ်ဆောင်လာသူများသာဖြစ်ပြီး အလုပ်အကိုင်ကောင်းမွန်သောကြောင့် မပြန်တော့ပဲ အခြေချနေထိုင်သူများဖြစ်ကြောင်း ၊ မိမိတို့နိင်ငံ ဥပဒေ အရ ( ၁၉၄၈) ခုနှစ်မတိုင်မှီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွါးသူ တတိယ မျိုးဆက်( မြေးအဆင့်)ကိုသာ နိုင်ငံသား အဖြစ်လက်ခံမည်ဟုဆိုသော ဥပဒေ ရှိကြောင်း ၊ ရခိုင်ပြည်နယ်ကို လေ့လာကြည့်ပါက ( ၁၉၄၈)
ခုနှစ် မတိုင်မီ ဘင်္ဂလီများက မွေးဖွါးသူများ နှင့် နောက်ပိုင်းတွင် ရိုဟင်ဂျာ အမည်ခံပြီး ခိုးဝင်လာသူများ ရှိ
ကြောင်းဖြင့် ရှုပ်ထွေးနေကြောင်း ၊ နိုင်ငံတော် အေးချမ်းတည်ငြိမ်မှူကိုပါ ခြိမ်းခြောက်လာကြောင်း ၊ ဤအခြေအနေကို ကိုင်တွယ်ရာတွင် အသေအချော လေးလေးနက်နက် စဉ်းစားလျှက်ရှိပါကြောင်း ၊ မိမိတို့
တိုင်းရင်းသားများကိုသာ တာဝန်ယူမည်ဖြစ်ကြောင်း ၊ တိုင်းရင်းသား မဟုတ်ပဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကိုမူ လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါသည် ။

တဖန် နောက်ဆုံးဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ လွဲပြောင်းအပ်နှံပေးမည်ဖြစ်ပြီး UNHCR မှ ဒုက္ခသည်အဖြစ် လက်ခံစေလိုကြောင်း ၊ သို့တည်းမဟုတ် တတိယ နိုင်ငံများက အဆိုပါ ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီများကို ၄င်းတို့နိုင်ငံသားအဖြစ် လက်ခံမည်ဆိုပါက မိမိတို့ဘက်မှ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ရဲဝံ့တည်ကြည်စွာ ပြောကြားလိုက်ပါတယ် ။ယခုအခါ နယ်စပ်ရေးရာ ဝန်ကြီးမှလည်း ရခိုင်ပြည်နယ်ရှိ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် တိုင်ပင်ညှိနိုင်းနေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးကို ပြော
ကြားလိုက်ပြီ ဖြစ်ပါတယ် ။ကျွန်တော်တို့ရဲ့ ပြည်သူ့မျက်နှာကို ကြည့်တဲ့ ပြည်သူ့ဆန္ဒကို အလေးထားတဲ့
သမ္မတ ကြီးက နောက်ဆုံးမတော့ ပြည်သူများရဲ့ သဘောထားကို ဖော်ဆောင်နေပြီဖြစ်ကြောင်း တင်ပြလိုက်ပါတယ် ခင်ဗျား ။

(ကိုးကား ::  http://www.president-office.gov.mm/briefing-room/daily-news/news1061 )
_____________________________________________________________________________



Print Friendly and PDF

0 ယောက် ဆွေးနွေးခဲ့တယ်:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ