Jun 8, 2013

အစ္စလာမ်မစ် အရေးကိုဆန်းစစ်လျှင် လက်ပံတောင်းတောင်သည်လည်း ဂျီဟဒ်တစ်နည်းဖြစ်ခဲ့လား


မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲဆင်နွဲရန် အစ္စလမ်စစ်သွေးကြွဝါဒီအချို့က ထုတ်ဖော်ပြောဆိုပြီးနောက် မေလ (၃) ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ချိန်ကိုက်ဗုံးနှင့် ဖောက်ခွဲရန်ကြံစည်ခဲ့သည်ဟု သံသယရှိသူများအား လက်လုပ်ဗုံး( ၅) ခုနှင့်အတူ ရှာဖွေတွေ့ရှိခဲ့သည်ဟု နိုင်ငံတကာသတင်းများ၌ ဖတ်မိ၏။

နောက်ဆက်တွဲအဖြစ် မြန်မာသံရုံးဗုံးခွဲရန်မသင်္ကာသူများကို ၀င်ရောက်စီးနင်းဖမ်းဆီးခဲ့ရာ အစ္စလမ်စစ်သွေးကြွ (၇) ဦးကိုပစ်သတ်ခဲ့ပြီး (၆)ဦးလက်ရဖမ်းဆီးခဲ့ကြောင်းလည်း သတင်းများကြားသိရပါသည်။

ထိုသတင်းများနှင့်အတူ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းရေးအတွက် ဒေသခံကျေးရွာများသို့ရောက်ရှိဦးဆောင် နေသော ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်အဖွဲ့မှ ဗထူး(ရွှေပြည်သာမြို့နယ်) သည် မွတ်စလင်တစ်ဦးဖြစ်ကြောင်း၊ အစ္စလမ်မစ် စစ်သွေးကြွတစ်ဦးဖြစ်ကြောင်း၊ အင်တာနက်သတင်းတစ်ပုဒ်တွင် တွေ့ရှိဖတ်မိ၏။ တွေ့ရှိမိ၏။

လက်ပံတောင်းတောင်အရေးနှင့်ပတ်သက်၍ အမေစုဥက္ကဌအဖြစ်ဆောင်ရွက်သော စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီအရင်ခံ စာသည် အလွန်လက်တွေ့ကျပြီး လက်ရှိနိုင်ငံတော်၏အခြေအနေအရ အသင့်လျော်ဆုံး ရွေးချယ်ပေးထားသည့် လမ်းကြောင်းဖြစ်ကြောင်းနှင့် အားလုံးအဆင်ပြေစေမည့် လက်တွေ့ကျသောအစီအရင်ခံစာဖြစ်ကြောင်း ပြည်သူလူထုအများစုက ရှုမြင်ထားပါသည်။ အမေစုအပေါ် ပုဂ္ဂိုရေးယုံကြည်မှု သြဇာကြီးမားမှုတို့ကြောင့် လက်ခံခဲ့ကြခြင်းမဟုတ်ပါ။ လက်ပံတောင်းအရေး နှင့်ပတ်သက်၍ ကြားဝင်ဝေဖန်သုံးသပ်အကြံပြုခြင်း၊ အပြစ်တင်ခြင်းမပြုလုပ်လိုပါ။

သို့သော် လက်ပံတောင်းအရေးမှာ ဗထူးဆိုသောအစ္စလမ်မစ်တစ်ဦးပါဝင်ဦးဆောင်နေမှုအပေါ် သံသယများစွာဖြစ်မိပါသည်။ ၄င်း၏လူမှုရေးရှုပ်ထွေးမှုကို ဘေးချိတ်၊ ၄င်းပါဝင်ပတ်သက်မှု၏ ရည်ရွယ်ချက်ကိုဖော်ထုတ်သင့်ပြီ။ ရန်ကုန်ပြည်သူ့အကျိုးဆောင် ကွန်ယက်အဖွဲ့မှာ ၂၀၁၂ ခုနှစ်၊ ဇွန်လဆန်းက အဖွဲ့ဝင် (၁၅)ဦးဖြင့် လက်ပံတောင်းအရေးအတွက်ခါတော်မှီဖွဲ့စည်းခဲ့ပြီး ယခုအခါ (၁၀)ဦးခန့်သာ ကျန်ရှိကြောင်း၊ ဥက္ကဌအတွင်းရေးမှူးခေါင်းဆောင်မရှိဟုသိရကြောင်း၊အားလုံးဆရာကြီးများဖြစ်၍ ရွေးမရဟုသိရ။ ရုံးတည်နေရာမရှိဘဲ ဖုန်းဖြင့်ဆက်သွယ်၍ စေတီ၊ ပုထိုး၊ ဘုရား၊ တန်ဆောင်းများတွင်ချိန်းဆိုတွေ့ဆုံတိုင်ပင်ကြောင်း၊ ကွန်ယက်အဖွဲ့တွင်ပါဝင်သူမြောက်ဥက္ကလာနေ မ၀ါ (ကွန်ယက်အဖွဲ့ဝင် ကိုသားကြီး၏အစ်မ) မှ ပြောပြသိရပါသည်။

ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်ဟု ဆိုသောအဖွဲ့၏အခြေအနေ၊ ဖွဲ့စည်းပုံနှင့် ပါဝင်သူများအပေါ် ပါဝင်သူများမှအပ ထောက်ခံသူ၊ အားပေးကူညီသူများမရှိဘဲ လက်ရှိတွင် ဝေဋ္ဋု (မြောက်ဥက္ကလာ)၊ ဝေမှူးသွင် (စာရေးဆရာ ကန်တော်လေး)၊ ကိုသားကြီး(မြောက်ဥက္ကလာ)၊ ကိုထက်၊ ကိုသူ၊ ရွှေပြည်သာမှ ကိုဗထူးတို့သာ လှုပ်ရှားနေကြောင်း၊ ဗထူးမှာမွတ်စလင်တစ်ဦးဖြစ် ကြောင်း မ၀ါမှ ပြောပြသိရပါသည်။

မွတ်စလင်(အစ္စလမ်မစ်) ဂျီဟတ်စိတ်ဓါတ်ပြင်းပြသူ ရွှေပြည်သာမှ ဗထူးသည် မြောက်ဥက္ကလာမှ လူငယ်များဖြင့်ဖွဲ့စည်းထားသော ကွန်ယက်သို့ ၀င်ရောက်အသွင်ယူခြင်းကိုလည်း ကွန်ယက်အဖွဲ့ဝင်များပြန်လည်သုံးသပ်သင့်ကြောင်းအကြေံပြုလိုပါသည်။ ဗထူး နှင့်ဆက်လက် လက်တွဲမည်ဆိုပါက ပြည်သူ့အကျိုးဆောင်ကွန်ယက်သည် “ပြည်သူ့အကျိုးဖျက်ကွန်ယက်” အဖြစ် နိုင်ငံရေးဇာတ်ခုံပေါ်၌ ကဗ္ဗည်းတင်ခံရပေလိမ့်မည်။

ကိုဝေမှူးသွင် (စာရေးဆရာ)ရေ ပြည်သူ့အကျိုးတကယ်ဆောင်မှာလား၊ ပြည်သူ့အကျိုးအမှန်ဖျက်တော့မှာလား သိချင်စမ်းပါဘိ။

From:[_ သောင်းထွန်းလင်း _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

မောင်ကျောက်ခဲ ပြန်လာပြီ

မောင်ကျောက်ခဲ တစ်ဖွဲ့သားလုံး ပြည်ပနိုင်ငံတစ်ခုမှာ စုစည်းပြီး နောင်ရေးအတွက် အလုပ်ကလေးတစ်ခု တည်ထောင်နေချိန်မို့ ဆိုဒ် ဘက်ကို မလည့်နိုင်ပဲ ပိတ်ထားခဲ့ပါတယ် ။ အခုတော့ မောင်ကျောက်ခဲတစ်ဖွဲ့သားလုံး ပြန်လာပါပြီ ။ တစ်ချို့သော သတင်းများလည်း စုစည်းပါရှိလာသော်လည်း ပြည်သူကိုချပြန်ရန်မသင့်ပဲ နိုင်ငံတော် လျှို့ဝှက်သတင်းများလို့ ယူဆပြီး တာဝန်ရှိသူများကို ပေးပို့ပြီးဖြစ်ပါတယ် ။ မိမိတို့ မောင်ကျောက်ခဲ အဖွဲ့သားများ ဒီနေ့ကစပြီး ယခင်ပုံမှန်အတိုင်း သတင်းတင်ပြခြင်းများ လည်ပတ်တော့မှာဖြစ်ပါတယ် ။ ပရိတ်သတ်ကြီးကိုလည်း အထူးကျေးဇူးတင်ပါတယ်။
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Mar 14, 2013

လက်ပတောင်းတောင် ဒေသမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြဖို့ လှုံဆော်သူများ တွေ့ပြီ

၈၈ မျိုးဆက် ကျောင်သားခေါင်းဆောင် မင်းကိုနိုင်၊ မြအေး နှင့် အပေါင်းပါများ ပြည်သူ့ အကျိုးဆောင်ကွန်ယက်(ရန်ကုန်)မှဟန်ဝင်းအောင်၊အောင်စိုး ကျောင်သားသမဂ္ဂဖြစ်မြောက်ရေးအဖွဲ့ မှ ကျော်ကိုကို၊ဟန်ဇော်ဝင်း၊အောင်ကိုဦး၊သိန်းသန်းဦး၊ အာကာထက်မိုး၊ထက်အေး၊ကောင်းဆက်၊မ၀ါဝါ ၊မမိုးမိုး၊ မုံရွာမှ မတင်မာလွင် (ခေါ်) မတင်မာဆွေ ၊၀က်မှေးကျေးရွာဟောင်းမှ မသွဲ့သွဲ့ဝင်း၊ကိုအောင်ဇော်ဦး၊ ဆည်တည်းကျေးရွာမှ ကိုမြင့်တင်၊ ခင်ငြိမ်းတို့ အဖွဲ့ မိုးသီးဇွန်၊ နိုင်အောင် နှင့် ခင်ဥမ္မာ ရိုဟင်ဂျာ အရေး ဆောင်ရွက်နေသော Burma Campaign (UK )တို့ အဖွဲ့ ဖြစ်သည်ဟု သိရသည်။
 From:[_မြန်မာ့သားကောင်း မီဒီယာ _]
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Mar 12, 2013

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကော်မရှင်မှ လက်ပံတောင်းတောင် စီမံကိန်းအား ဆက်လုပ်သင့်ကြောင်း ရေးသားတင်သွင်းခဲ့

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်မှ ယနေ့ သမ္မတ ထံသို့ တင်သွင်းသော အစီရင်ခံစာတွင် နိုင်ငံအတွက်အရေးကြီးသောစီမံကိန်းဖြစ်သည့်အတွက် ကြေးနီစီမံကိန်းကို ပိတ်သိမ်းခြင်း မပြုလုပ်ပဲ ဆက်လက်လုပ်ကိုင်ရမည်ဖြစ်ကြောင်း အဆိုပြု တင်သွင်းခဲ့ပါသည် ။


ယခင်က ဖြစ်ပွါးခဲ့သော  ရဲတပ်ဖွဲ့ဝင်များမှ လက်ပံတောင်းတောင်ကြေးနီသပိတ်စခန်းအား တရားဥပဒေ အရ့ ဖြိုခွဲခဲ့စဉ်က လက်ပံတောင်းတောင် သပိတ်စခန်းအား NLD မှ ဦးဝင်းတင်မှ သပိတ်စုံလျှင် ရမည်ဟု
၍ အားပေးအားမြှောက်ပြုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက် အားပေးခဲ့ဖူးသည် ။


 ယခုအခါ ကြေးနီစီမံကိန်း နယ်မြေ အတွင်းရှိ လိပ်ခွံတောင်နှင့် အင်ကြင်းတောင် တို့အား သပိတ်စခန်းများ
မှ အတင်းတတ်ရောက်နေရာယူထားရာ မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်မည်ဖြစ်
ပြိး မည်သို့ ဖြေရှင်းမည်ကို စောင့်ကြည့်ရမည်ဖြစ်သည် ။မိမိတို့  အစီရင်ခံစာနှင့်ပတ်သတ်၍ ဒေသခံများမကျေနပ်ပါက ဥပဒေဘောင် အတွင်းမှ လုပ်ဆောင်ကြရန် စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားခဲ့ပါသည် ။

ဒေါ်အောင်ဆန်းစုကြည်အား ယခုအခါ သူ၏ အကြံ
ပေး တစ်ဦးဖြစ်သူ ပြန်ကြားရေးတာဝန်ခံဖြစ်သော The Lady ဂျာနယ်တိုက်ပိုင်ရှင် မေဇင်အေး(ခေါ်)ခွန်ဒီးယမ် နှင့် NLD မှ သက်တော်ရှည် ဘိုးဘိုးကြီးဖြစ်သော ကွန်မြူနစ်ဝါဒကိုင်စွဲသူ ဦးဝင်းတင် တို့မှ မနက်ဖြန် ဒေါ်စုခရီးစဉ်အားကြိုဆိုခြင်းမပြုရန်နှင့် သပိတ်စခန်းဖွင့်လှစ်ထားသူများအနေဖြင့် ယခုထက် ပိုမိုပြင်းထန်သော ဆန္ဒပြမှူများ လုပ်ရှားမှူများ ပြုလုပ်ရန် မြောက်ပင့်ပြောဆိုထားသည် ။


ယခုလို အင်တာနက်စာမျက်နာမှ မြောက်ပင့်ပြောဆိုမှူများသည် အင်တာနက် မသုံးနိုင်သော အီးမေးလ်ပင်မရှိသော လယ်သမားများ သပိတ်လူထုများဆီသို့ မရောက်ရှိနိုင်မည်ကို သိသော်လည်း ယခုလို
ရေးသားနေခြင်းသည် နောက်ကွယ်ကြိုးကိုင်သူများအား လန့်နိုးသည့် အသွင်ဆောင်နေကြောင်း သုံးသပ်မိပါသည် ။


ယခင်က ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ကော်မရှင်ဦးစီးပြီဟု သတင်းများကြားစဉ်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြီး ယခုပင်ရပ်မလိုလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သပိတ်လူထု ဘက်မှ ပါဝင်တော့မည် အသွင် သတင်းထွက် ထင်ကြေးပေးခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ စီမံကိန်း  ဆက်လုပ်ရန် အားပေးခဲ့ခြင်းကြောင့်
ယခုအခါ ဒေါ်အောင်ဆန်းစုကြည်၏ နောက်ခံပရိသတ်များအနေဖြင့် အစိုးရအဖွဲ့ဘက်သို့ ဒေါ်စုယိမ်းသွား
ပြီဟု သံသယဝင်နေပြီဖြစ်ကာ အတိုက်အခံအုပ်စု အကြား ညီညွှတ်မှုကွဲပြားလာပြီဖြစ်သည် ။ဤ အချက်
အနေဖြင့် မနေ့တနေ့ကမှ တဖက်သတ် ညီလာခံသဘောထားဖြင့် ဖြုတ်ထုတ်သတ်စနစ် အသက်သွင်းကာ ဥက္ကဌပြန်ဖြစ်လာသော ဒေါ်စု၏ ထိုင်ခုံ
နေရာသည်လည်း စိုးရိမ်ဖွယ်ရာဖြစ်လာတော့မည်ဖြစ်သည် ။

(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Mar 11, 2013

ပြန်ကြားရေး၊ အလဲဗင်းနှင့် စာနယ်ဇင်းများ

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့တာနဲ့ ပတ်သက်လို့လည်း အတော်လေးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတာကို တွေ့ရပါတယ်။ ကျွန်တော်နားမလည်နိုင်တာက သူများနိုင်ငံတွေမှာ ဥပဒေတွေကို ဘယ်လိုများ ပြဋ္ဌာန်းရေးဆွဲနေကြသလဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။ 

ကျွန်တော်အများကြီး လေ့လာဖို့ လိုဦးမယ် ထင်ပါရဲ့ဗျာ။ ကျွန်တော်က အခြားနိုင်ငံတွေမှာလည်း ဥပဒေဆိုတာ လွှတ်တော်က ရေးဆွဲပြဋ္ဌာန်းတာလို့ ထင်ထားတာဗျ။ အခုတော့ ကျွန်တော့်အထင်တွေကို ပြောင်းရတော့မယ်ထင်တယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ဥပဒေဆိုရင် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ရေးဆွဲမယ်၊ ကလေးသူငယ်ဆိုင်ရာ ဥပဒေဆိုရင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့၊ မိခင်များအဖွဲ့ချုပ်တို့၊ အမျိုးသမီးရေးရာတို့က ရေးဆွဲမယ်၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီးဥပဒေဆိုရင် ဆေးလိပ်မသောက်တဲ့လူတွေ၊ ဒါမှမဟုတ် ဆေးလိပ်သောက်တဲ့လူတွေက ရေးဆွဲမယ်၊ သယ်ယူပို့ဆောင်ရေး ဥပဒေဆိုရင် ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်မောင်းတွေ၊ စပယ်ယာတွေက ရေးဆွဲမယ်၊ အလုပ်သမားဥပဒေဆိုရင် စက်ရုံအလုပ်ရုံအသီးသီးက အလုပ်သမားတွေက ရေးဆွဲရမယ်၊ စသည်ဖြင့်ပေါ့ဗျာ။ အဲဒီလိုများ ဖြစ်မလားမသိဘူးဗျာ။


 သိတဲ့လူတွေများရှိရင် ကျွန်တော့်ကို ပြောပြကြပါဦး၊ ဖတ်ရမယ့်စာအုပ်တွေ ညွှန်ကြပါဦး။ လွှတ်တော်က ကော်မတီတွေဖွဲ့ထားတာ ဘာလုပ်ဖို့လဲ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်ထားတာ ဘာလုပ်ဖို့လဲ။ တောက်... ပြောရင်းနဲ့ စိတ်တိုလာတယ်။ သိပ်တော့ မဟုတ်သေးပါဘူးဗျာ... ဘယ်နှယ့်ဗျာ ရေးဆွဲထားတဲ့ ဥပဒေကဖြင့် လွှတ်တော်မှာတောင် မဆွေးနွေးရသေးဘူး၊ အတည်မပြုရသေးဘူး၊ အပြင်မှာ ဖြစ်နေလိုက်ကြတာ တကယ့်ကို အမဲသားတုံးကို ကျီးကန်းအုံနေသလိုပါပဲ။

 မြန်မာပြည်မှာက ကလောင်တစ်ချောင်းကိုင်ထားရင်၊ ဂျာနယ်တစ်စောင်လောက် ထုတ်ဝေနေရင်၊ သတင်းထောက်ဆိုတဲ့ ကတ်လေးတစ်ခုများ ရှိထားရင် သူတို့ကိုယ်သူတို့ မသိတာမရှိ၊ မတတ်တာမရှိ၊ နားမလည်တာမရှိ၊ အားလုံးသိတဲ့ အနှိုင်းမဲ့ကြီးတွေလို့ ထင်နေကြတော့တာကိုး။ အလဲဗင်းဆိုတဲ့ မီဒီယာ နည်းနည်းမဟုတ်တော့ဘူး အတော်ကြီးတော့ လွန်လာပြီလို့ ထင်တာပဲ။ ဆူးလှည်းဖြစ်မှန်းမသိ ဖြစ်လာနေတာကို မြင်နေရတယ်။ ဒီပုံအတိုင်းဆို အနာဂတ်အလားအလာ သိပ်မကောင်းနိုင်ဘူး။ ခက်တာက သူတို့က သူတို့ကိုယ်သူတို့ နံပါတ်ဝမ်းလို့ အတင်းခံယူထားပေမယ့် မီဒီယာလောကအတွင်းမှာကျတော့ သူ့ကို ဘယ်သူကမှ အဖက်မလုပ်တာ အတော်ဆိုးတယ်။ သူကလည်း သူကလွဲရင် အခြားမီဒီယာတွေဟာ တတ်လို့လုပ်တာမဟုတ်၊ ငတ်လို့လုပ်တာဆိုတဲ့အပေါက်မျိုး သိပ်ပြောတတ်၊ ရေးတတ်တာကိုး။ အခုလည်းကြည့်ဦး ဘာတဲ့... သူတို့ရုံးမှာ လွှတ်တော်ကို တင်သွင်းခဲ့တဲ့ ပုံနှိပ်ထုတ်ဝေရေးဥပဒေကို ကန့်ကွက်တဲ့အကြောင်း ဗီနိုင်းချိန်ဆွဲထားသတဲ့။ အေးလေ... သူ့ဆန္ဒကိုယ်သူ လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရှိတာပဲ... လုပ်ပေစေပေါ့။ 

ဒါပေမယ့် သူတို့ဗီနိုင်းချိတ်ထားတာကို ဘယ်သူကမှလည်း ဂရုမစိုက်၊ ဘယ်သူကမှလည်း အလေးထားပြီး သတင်းမရေးတော့ သူတို့ထုတ်တဲ့ ဂျာနယ်မှာ သူတို့ဘာသာသူတို့ သတင်းပြန်ရေးတယ်၊ မကောင်းဘူးလား။ ထားပါ.. သူများမရေးလို့ သူတို့ဘာသာ ရေးတာပဲ။ အဲဒါကို သတင်းလို့ သတ်မှတ်လို့ ရေးတယ်လို့ပဲ ထားလိုက်ပါတော့။ ဒါက အစိုးရ၀န်ကြီးဌာနတစ်ခုကို တရားဝင် ကန့်ကွက်တာနော်။ လူမြင်သူမြင် ဗီနိုင်းချိတ်တယ်၊ ထပ်ပြီးတော့ ကျယ်ပြန့်စေချင်တဲ့အတွက် သူတို့ဂျာနယ်မှာ သတင်းထည့်ရေးတယ်၊ အဲ.... ဘာမဟုတ်တဲ့ အွန်လိုင်းပေါ်က သူတို့စာမျက်နှာမှာကတော့ အလဲဗင်းကို မကောင်းကြောင်းများပြောရင် အဲဒီကွန်းမန့်ကို ဖျက်ပစ်ရတာနဲ့၊ ရေးတဲ့လူကို ဘန်းရတာနဲ့၊ အတော်လည်း ဟုတ်တဲ့လူတွေဗျာ။ ငါကသာ သူများကို လက်ညှိုးထိုးမယ်၊ ငါ့ကိုတော့ မျက်လုံးနဲ့တောင် စိုက်မကြည့်နဲ့ဆိုတဲ့ မီဒီယာလို့ပဲ ကျွန်တော်က သတ်မှတ်လိုက်ပါတယ်ဗျာ။ (တချို့တွေ ပြောကြသလို အလဲဗင်းဟာ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ရတဲ့အထဲမှာ မပါသေးတဲ့အတွက် အရှိုက်ထိပြီး အခုလို လုပ်မိလုပ်ရာ လျှောက်လုပ်တာ ဟုတ်၊ မဟုတ် ဆိုတာကတော့ ကျွန်တော်ကိုဉာဏ် သေချာမသိတဲ့အတွက် ဒီနေရာမှာ ဘာမျှမပြောလိုပါဘူး) ကဲ... ကဲ.... သိပ်လည်း သည်းမနေကြပါနဲ့ မီဒီယာတို့ရယ်...။


ဒေါ်စု၏ အခါတော်ပေး Eleven media ရဲ့ အကြံပေး ခွန်ဒီးယမ်/မေဇင်အေး/ဒီမိုဖက်တီး အမည်ရ The Lady ဂျာနယ်ပိုင်ရှင်
 ဥပဒေကြမ်းက အခုမှ ပြည်သူ့လွှတ်တော်ကို တင်ထားတုန်း ရှိပါသေးတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြဦးမှာပါ၊ သက်ဆိုင်တဲ့ ရေးရာကော်မတီကလည်း သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်တာတွေ၊ အကြံဉာဏ်ယူတာတွေ လုပ်ကြဦးမှာပါ။ ဥပဒေဆိုတဲ့ စကားကိုကြားတိုင်း တီကို ဆားနဲ့တို့သလို ဖြစ်နေတာကတော့ သိပ်ပြီး မနိပ်လှဘူး ထင်ပါတယ်ဗျာ။ ကိုယ်တိုင်ဥပဒေပြဋ္ဌာန်းချင်ရင် စာနယ်ဇင်းပါတီဖွဲ့၊ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲသာ ၀င်ထိုင်ကြပါတော့လို့ ကျွန်တော်က အကြံပြုချင်ပါတယ်။ နောက်တစ်ခု ကျွန်တော်ကိုဉာဏ် ကတိပေးချင်တာက လွှတ်တော်တွေက ပြဋ္ဌာန်းတဲ့ ဥပဒေတွေဟာ မဖြစ်သင့်လောက်အောင် ဖိနှိပ်ထားတာ၊ နှိပ်ကွပ်ထားတာ၊ ချုပ်ချယ်ထားတာ၊ ကန့်သတ်ထားတာတွေ ပါနေတယ်ဆိုရင် ကျွန်တော်ကလည်း တတ်နိုင်တဲ့ဘက်က ခင်ဗျားတို့နဲ့အတူ လွှတ်တော်ကို ဝေဖန်မယ်ဆိုတာပါပဲ။ အခုဟာက ဥပဒေကြမ်းပဲ ရှိပါသေးတယ်ဗျာ။ အရက်ပုလင်းကိုမြင်ရုံနဲ့ မူးသွားတယ်ဆိုရင်တော့ သေချာတယ်... အဲဒီပုလင်းကြောင့် မဟုတ်ဘူး၊ ခင်ဗျားတို့ဘာသာ ပုလင်းကို မမြင်ခင်ကတည်းက သောက်ထားခဲ့ကြလို့ပါ။ စေ့စေ့တွေးရင် ရေးရေးပေါ်ပါတယ်ဗျာ။

From:[_ Rashly Nay Win _]
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Mar 10, 2013

၁၉၈၈ ကာလတွင် သပိတ်ခေါင်းဆောင်များအနေဖြင့် ကျောင်းသားများအား မြှောက်မပေးရန်နှင့် စစ်တပ်မှမဖြစ်မနေ ၀င်ရောက်ထိန်းသိမ်းရန် ဒေါ်အောင်ဆန်းစုကြည် အကူအညီတောင်းခဲ့

ဒေါ်စုနှင့် ဒေါ်စုမှ ၆ လကျောင်းသားများအား  မြှောက်ပေးသူများဟု သမုတ်ခဲ့သော ၈၈ ကျောင်းသားခေါင်းဆောင်များ
၁၉၈၈ ဆူပူမှူ အဖြစ်မှန်များသည် သမိုင်းစာမျက်နှာတွင် အထင်အရှားရှိခဲ့သည်ဖြစ်သည် ။၁၉၈၈ ဆူပူမှူကာလကြီးအတွင်းတွင် သပိတ်ခေါင်းဆောင်များ(ယခု ကျောင်းသားခေါင်းဆောင်များနှင့် ၈၈ မျိုးဆက်ကျောင်းသားများ) အနေဖြင့် ကျောင်းသားများအား မြှောက်ပင့်ခိုင်းစေမှူများ မလုပ်ရန်နှင့်
ဆူပူမှုကာလတွင် စစ်တပ်မှမဖြစ်မနေ ၀င်ရောက်ထိန်းသိမ်းရန် ဒေါ်အောင်ဆန်းစုကြည် အကူအညီတောင်းခဲ့ကြောင်း ပြည်တွင်းသတင်းစာများနှင့် ဂျပန် သတင်းမီဒီယာများတွင် ထုတ်ဖော်ပြောဆိုခဲ့သောလည်းယခုအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် ကျောင်းသားခေါင်းဆောင်ဆိုသူများပါ ထိုစဉ်က အဖြစ်အပျက်မှန်များကို မသိချင်ဟန် ဆောင်နေခဲ့ကြသည် ။

ဂျပန်မီဒီယာ တစ်ခုမှ ထုတ်လွင့်ခဲ့သော ဗီဒီယိုဖိုင်တွင် အောင်ဆန်းစုကြည်မှ
” ကျမ အနေနဲ့ ဒီအချိန်မှာ စိုးရိမ်ပါတယ်..အဲဒီစိုးရိမ်တာ ဘာလဲဆိုတော့ တစ်ချို့လူတွေက ကျောင်းသားလေးတွေကို မြှောက်ပေးနေတယ်..အဲဒါကို ကျမ လုံးလုံး သဘောမတူဘူး..ဒီကျောင်းသားလေးတွေဟာသတ္တိလည်းရှိတယ်.လုပ်ရည်ကိုင်ရည်လည်းရှိတယ်..လုပ်လည်းလုပ်ခဲ့တယ်..အဲဒါကိုတစ်ချို့က အမြတ်ထုတ်ချင်တော့..ဟာ.မင်းတို့သေခဲ့ပြီးပြီ.မင်းတို့သွေးမြေကျခဲ့ပြီးပဲ..မင်းတို့လုပ်ချင်ရင်ရတယ်ဆိုပြီး မြှောက်မြှောက်ပေးတာကို
ကျမ အနေနဲ့ လုံးလုံး သဘောမတူဘူး..ကျောင်းသားလေးတွေ တော်တယ်.မှန်တယ်.ဒါပေမယ့် သူတို့ရဲ့အတွေ့အကြုံဟာ၆လပဲရှိသေးတယ်..၆လကနေစပြီးသူတို့ဆက်သင်ရအုံးမယ်.အတွေ့အကြုံတွေ အများကြီးလိုသေးတယ်..အဲဒီလို လိုအပ်နေတဲ့ကျောင်းသားလေးတွေကို တစ်ချို့က မြှောက်ပေးတာကိုတစ်ချို့က စေတနာသန့်သန့်နဲ့မဟုတ်ဘူး..ဒီလို မြှောက်ပေးခြင်းအားဖြင့် သူတို့အတွက်ခုတုံးဖြစ်သွားအောင်လို့သူတို့အတွက်နိုင်ငံရေးအခွင့်အလမ်းရအောင်လို့ မြှောက်ပေးနေသူတွေရှိတယ်.သူတို့ကိုလည်း ကျမ မေတ္တာရပ်ခံပါတယ်.အဲလိုလုပ်ခြင်းအားဖြင့်သူတို့အတွက်ဘာမှအမြတ်ထွက်မှာမဟုတ်ဘူး..ထင်သာထင်နေတာ.ဒီလိုကျောင်းသားလေးတွေကို မြှောက်ပေးခြင်းအားဖြင့် သူတို့ အနေနဲ့ ရှေ့ကိုတတ်သွားမယ်လို့ ထင်နေတာ..တကယ်တမ်းတော့ သူတို့လည်း ရှေ့ကို တတ်သွားမှာမဟုတ်ပါဘူး..” 
ဆိုပြီး ကျောင်းသားခေါင်းဆောင် ဆိုသူများ သပိတ်တပ်ဦးတည်ထောင်သူဆိုသူများကို သတိပေးပြောကြားခဲ့ပါတယ် ။ဗီဒီယိုဖိုင်ကြည့်ချင်သူများ အနေဖြင့် မောင်ကျောက်ခဲ Youtube လင့်ခ် ဖြစ်သော အောက်ပါ လင့်ခ် တွင် ကြည့်ရှူနိုင်ပါသည် ။
http://www.youtube.com/watch?v=bemX8ZEzVP8 

ဒေါ်စုပြောတဲ့ ၆ လသားကျောင်းသားတွေကို မြှောက်မပေးနဲ့စကားကို ဆန့်ကျင့်ခဲ့သူ မင်းကိုနိုင်-ကျောင်းသားတွေအား ဆန္ဒပြရန် စည်းရုံးဟောပြောနေစဉ်

ထိုစကားဟာ ယခု ၈၈ မျိုးဆက်ကျောင်း
သားများဖြစ်သော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး ၊ဦးပြုံးချို၊ဥိးကိုကိုဦး ၊ ဦးဌေးကြွယ်၊ ဦးသက်ဇော် ၊ ဦးမာကီ ၊အစရှိသော ခေါင်းဆောင်များ အနေဖြင့် မည်ကဲ့သို့ ပြန်လည်တုံပြန်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
၁၉၈၈ ကာလက အပြစ်တင်ခဲ့သော်လည်း ယခုအခါ NLD အားဝိုင်းရံသော ၈၈ ကျောင်းသားခေါင်းဆောင်
ဟူ၍ ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင် အရေးတယူ ပစားပေးခြင်းခံနေရသည်မှာလည်း တွေးတောစရာ
ပင်ဖြစ်ပါသည် ။

ဒေါ်စုပြောတဲ့ ၆ လသားကျောင်းသားတွေကို မြှောက်မပေးနဲ့စကားကို ဆန့်ကျင့်ခဲ့သူ မင်းကိုနိုင်

ထို့အပြင် ယခု ကျောင်းသားသူပုန်တပ်ဖွဲ့ဖြစ်သော ABSDF တည်ထောင်ရန် စိတ်ကူးနေသော သူပုန်အလောင်းအလျာလေးများကိုလည်း အထင်မကြီးကြောင်း အလုပ်မဖြစ်ကြောင်း
 ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံသိ အောက်ပါအတိုင်း-

”နောက်တစ်ခုရှိပါသေးတယ်..အဲဒါက.လက်နက်ကိုင်တဲ့ကိစ္စပေါ့လေ..တစ်ချို့ အဖွဲ့လေးတွေက လက်နက်ကိုင်ပြီး တိုက်မှ ရမယ်လို့ ပြောနေပါတယ်.ရလျှင်ရ..မရလျှင် ချ ပေါ့နော်.အဲဒီဟာကိုလည်း ကျမ လုံးလုံး မထောက်ခံနိုင်ပါဘူး..” ဟူ၍ ပြောကြားခဲ့ပါတယ် ။
ကျောင်းသားအချင်းချင်း မုဒိန်းကျင့် လူသတ်ပွဲတွေရဲ့ သားကောင်တွေ

ဒီ အရွှယ်ကျောင်းသားလေးတွေကို အတင်းတောထဲခေါ်သွားပြီး သေနတ်ကိုင်လို့ အစိုးရကို အသေခံတိုက်ခိုင်းခဲ့ကြတယ်

။သို့သော်လည်း ကျောင်းသားတစ်ချို့ဟာ တောခိုခဲ့ပြီး ယခုတိုင် အစိုးရအဆက်ဆက်ကိုတိုက်ခိုက်နေဆဲဖြစ်ပြီး အောင်မြင်မှူ တစ်စုံတစ်ခုမှ မရရှိရုံတင်မက.ကျောင်းသားသူပုန် တပ်စခန်းမယ်မယ်ရရ လည်းမရှိပဲ တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်တို့ရဲ့ စခန်းတွေမှာ ကပ်ရပ်နေပြီး ယူနီဖေါင်းရောင်စုံတပ်ခံခဲ့ရုံသာမက ABSDF မြောက်ပိုင်းလူသတ်ပွဲ မုဒိန်းကျင့်ပွဲ ခေါင်းဖြတ်သတ်ပွဲ ကြီး ကမ္ဘာကျော် ဖြစ်ပွါးခဲ့ပါသေးတယ် ။

ဒေါ်စု မှ ရှစ်လေးလုံးအတွင်း ဆူပူမှူများထိန်းသိမ်းရန် စစ်တပ်အား အကြောင်းကြားခဲ့သေးကြောင်း
 သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဗီဒီယိုများ သတင်းဌာန များတွင် ကျောင်းသားလှုပ်ရှားမှူဦးဆောင်သူများကို အပြစ်တင်ခဲ့သည်မှန်သော်လည်း သူမ အနေဖြင့် ကျောင်းသားလှုပ်ရှားမှူအား မဟာမိတ် ဖွဲ့၍ ဆူပူမှူအကြီးကြီး ဖြစ်အောင်ရည်ရွှယ်ခဲ့သေးကြောင်း သတင်းစာ တစ်စောင်တွေ ဖွင့်ဟ ခဲ့ပြန်ပါတယ် ။ထို့ အပြင် ၈၈ ဆန္ဒပြပွဲကြီးတွင်း မြို့နယ်အချင်းချင်း ကင်းစောင့်ရမှူ လူသတ်ကြမှူ မြို့လယ်အတွင်း ခေါင်းဖြတ်သတ်မှူ များကို ထိန်းသိမ်းရန် စစ်တပ်မှ တာဝန်ယူ ထိန်းသိမ်းပေးပါရန် အကြောင်းကြားခဲ့သေးကြောင်း စစ်တပ် အကူအညီယူခဲ့ရကြောင်း လည်း ဖွင့်ဟ ပြောကြားခဲ့ပါသေးတယ် ။

(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Mar 9, 2013

ထူးဆန်းသော တိုင်းပြည်

                                ကျွုန်ုပ်တို့ ၏ ထို ..တိုင်းပြည်

သောက်ရေသန့် ဘူးထိုင်ရှိခိုးတဲ့ တိုင်းပြည်မှာ
သမ္မတရားစွဲမယ်ဆိုပြီး ထလုပ်တဲ့ လူရှိတာ ဆန်းတော့မဆန်းဘူး။

ဆန်းတာက ဘာအလုပ်ဘာအကိုင်မှမရှိပဲ လက်ပန်းတောင်းတောင်ကကောင်မလေး လည်ပင်း ဆွဲကြီး ဟီးထ လာတာဆန်းတယ်...။



ကိုယ့်လူမျိုးကိုယ့်ဘာသာချစ်တာမဆန်းဘူး
ရှိတာပေါင်ပြီး ကုလားတိုင်းပြည်သွားအလုပ်လုပ်နေကြတဲ့ လူအများစုရှိတဲ့တိုင်းပြည်က ၉၆၉ ဆိုပြီး ကုလားဆိုင်း မ၀ယ်ရေးဆိုပြီး ကရောင်ကတန်း ထလုပ်နေတာဆန်းတယ်..။

လူတွေ NLD ကိုကြိုက်တာ မဆန်းဘူး.



သူတို့  ညီလာခံကြီးက ဗိုလ်ချုပ်ပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဘုရားလို့ လုပ်ထားပြီး ပြည့်သူတွေကို မြုနေတာဆန်းတယ်။

NLD ကို အားပေးတာမဆန်းဘူး..ဒေါ်အောင်ဆန်းစုကြည်သာမရှိရင် ဘာတွေဖြစ်ကြမလဲလို့ မဝေဖန် မတွေးတော မဆင်ခြင်ကြတာဆန်းတယ်...။

ဒီမိုကရေစီ ဒီမိုကရေစီဆိုတပြီး တောင်းတနေတာ မဆန်းဘူး..
ဒီမိုကရေစီ ကို အလုပ်လုပ်ယူရမယ် မသိပဲ လက်ဘက်ရည်ဆိုင်၊အချိန်ပြည့်ထိုင်၊
အရက်ဆိုင်ဘီယာဆိုင် အချိန်ပြည့်ထိုင်ပြီး.. ဖေ့ဘွတ်ပေါ်ကနေ ဒီမိုကရေစီအော်နေကြတာဆန်းတယ်..
အစိုးရကို ဆန့် ကျင်မှ ဒီမိုကရေစီထင်နေကြတာဆန်းတယ်...။



လူတိုင်းငြိမ်းချမ်းရေး လိုခြင်တာမဆန်းဘူး..
ငြိမ်းချမ်းရေးကို စစ်တပ် အစိုးကရမှ ဖျက်စီးနေတယ်လို့ ထင်နေတာဆန်းတယ်...
ငြိမ်းချမ်းရေးကို လမ်းလျှောက်ယူရမယ် လို့ ထင်နေတာဆန်းတယ်..
ငြိမ်းချမ်းရေး ကို ပန့် ဆံပင်နဲ့ ဂျင်းဘောင်ဘီဂွပြဲနဲ့  လက်နက်ပေါင်းစုံကိုင်ပြီး ယိုင်ထိုးနေတဲ့ လူတွေ က တောင်း ဆိုတာဆန်းတယ်။


အားနည်းတဲ့သူကို ကူညီချင်တဲ့စိတ်ဓါတ်ရှိသင့်တာ မထူးဆန်းဘူး..
ပိုက်ဆံရှိတဲ့လူတိုင်း ခရိုနီထင်ပြီး.. လူတန်းစားခွဲခြားနေတာဆန်းတယ်..
ဒီမိုကရေစီအော်ပြီး ကွန်မြုနစ်လိုကျင့်သုံးနေတာဆန်းတယ်...။

ဒေါ်စုကိုဆန္ဒပြလို့ ကားပေါ်ကနေဆင်းရိုက်တဲ့ NLD


စာပေဟောပြောပွဲလုပ်တာ မဆန်းဘူး
အစိုးရမကောင်းကြောင်းလေးပြောပြီးမှ လက်ခုပ်သံယူတတ်တာဆန်းတယ်...။

အစိုးရ ဒီမိုကရေစီကို အကောင်အထည်ဖေါ်နေတာ မဆန်းဘူး..
ပြည်သူလူထုက ပေးနေတာကို မယူတတ် မခံစားတတ်... မရဘူးထင်နေတာ ဆန်းတယ်..။


(သင်တို့ ရဲ့  Red Angel)
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

နိုင်ငံတော်အတွက် ဘောဂဗေဒစနစ်ကို ထိန်းကျောင်းကိုင်တွယ်မယ်ဆိုရင်

....
                ဟိုယခင်ကတည်းက ဘောဂဗေဒပညာရှင်တွေရဲ့ တွေးခေါ်နိုင်စွမ်းတွေနဲ့ သူတို့ရဲ့သီအိုရီတွေဟာ လူ့ဘောင်လောကကို အကြီးအကျယ်ပြောင်းလဲစေခဲ့ကြောင်းကို သတိပြုခဲ့မိပါတယ်။အထူးသဖြင့် ASEAN ,AFTA နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေ၊Trade Theory(ကုန်သွယ်မှုဆိုင်ရာ သီအိုရီ) တွေကိုလေ့လာ ဆည်းပူးရချိန်မှာ သိရှိခံစား လိုက်ရပါတယ်။ အခုCommonding Hight Documentary အခွေကို ကြည့်ရှုပြီး ချိန်မှာတော့ ကိုယ်ထင်တာထက် ပိုဆိုးပါလား... လို့သိလိုက်ရပါတယ်။ ဂျွန်မေးနပ်စ်ကိန်း ဆိုတဲ့ဘောဂဗေဒ ပညာရှင်ကြီးက အရင်းရှင် စနစ်ကို အစိုးရရဲ့ အထိန်းအကွပ်လေးနဲ့ ရှိစေချင်ပါတယ်။ ဖက်ရက်ဒရစ်ဟေးယက် လို့ခေါ်တဲ့ ဘောဂဗေဒပညာရှင်ကြီး ကတော့ အရင်းရှင်စနစ်ကို ဈေးကွက်ရဲ့ အလိုအတိုင်း လွတ်လပ်စွာ စီးဆင်းခွင့် ပြုစေချင်ပါတယ်။  ဒီပုဂ္ဂိုလ် နှစ်ဦးရဲ့ အယူအဆ သဘောထားရေးရာတွေဟာ ကမ္ဘာကြီးတစ်ခုလုံးရဲ့ စီးပွားရေး၊ နိုင်ငံရေးတွေအပေါ်ကို ကြီးစွာသော အရှိန်အဟုန်နဲ့ ရိုက်ခတ်ပြီး လူတစ်ယောက်ခြင်းရဲ့ဘဝ၊ မိသားစု တွေရဲ့ဘဝအထွေထွေနှင့် နိုင်ငံတွေတစ်ခုခြင်း ဆီရဲ့အပေါ်ကို ကောင်းသော အကျိုးဆက်တွေရော ခံစားရခက်တဲ့ဝေဒနာတွေရောကို ဖြစ်စေခဲ့ပါတယ်။


ဂျွန်မေးနပ်စ်ကိန်းက ကမ္ဘာ့စီးပွားပျက်ကပ်ကြီးတွေဖြစ်ရင်၊နိုင်ငံတွေမှာ စီးပွားရေးဆိုင်ရာ အကျပ် အတည်းတွေ ဖြစ်ရင်၊နိုင်ငံတကာစီးပွားပျက်ကပ်တွေကြုံရင်....ဘာ့ကြောင့်ဖြစ်တာလဲ..၊ဘယ်လိုဆယ်ယူမလဲ... ဆိုတဲ့ဘက်ကနေ တွေးခေါ်ပြီး.. သုံးသပ်ချက်တွေကို အပေါ်စီးကနေခြုံကြည့်တဲ့ Macroeconomic (တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စီးပွားရေးလုပ်ငန်းအားလုံးရဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာတွေကို အပေါ်စီး ကနေခြုံငုံ လေ့လာပြီး မူဝါဒများ ချမှတ်ခြင်း)နဲ့Macroeconimic စီးပွားရေးဆိုင်ရာ ဝေါဟာရသစ်တွေ ကို တီထွင်ခဲ့ပါတယ်။ကိန်းစ်ရဲ့''စီးပွား ပျက်ကပ်ကို ဘယ်လို ဆယ်တင်မလဲ...''ဆိုတဲ့ သီအိုရီနဲ့တွေးခေါ်မှုတွေက လက်တွေ့ ကျပြီးအောင်မြင်တဲ့ အဖြေကို ရစေခဲ့ ပါတယ်။ မဟာစီးပွားပျက်ကပ်ကြီးကနေ ကမ္ဘာကြီးကို ဆယ်ထုတ်တွန်းယူနိုင်ခဲ့ပါတယ်။ ခုချိန်ထိ ခေတ်မီနေတဲ့ ကမ္ဘာ့ဘဏ်၊ IMF ဆိုတဲ့ အဖွဲ့အစည်းကြီးတွေ တည်ထောင်တော့လည်း ကိန်စ်းရဲ့Idealism ဝါဒနဲ့လူသားချင်းစာနာမှု ဝါဒတွေကိုချီးကျူးခဲ့ကြပါတယ်။


               ကိန်းစ်ရဲ့ ယုံကြည်ချက်တွေကို ဆန့်ကျင်တဲ့ အမြင်နဲ့ အတွေးအခေါ်ရှိတဲ့ ဘောဂဗေဒပညာရှင်တွေ လည်းရှိကြပါတယ်။ဈေးကွက်ရဲ့လွပ်လပ်မှုက အလုပ်ဖြစ်ပြီး အစိုးရရဲ့ ထိန်းချုပ်မှုက အလုပ်မဖြစ်ဘူးလို့ ယုံကြည်တဲ့ လူးဝစ်ဘွန်မိုက်ဆိုတဲ့ဘောဂဗေဒပညာရှင်ကြီးရဲ့ အတွေးအခေါ်တွေကို ဖရက်ဒရစ်ဟေးယက် ဆိုတဲ့ဘောဂဗေဒပညာရှင်ကလည်းလက်ခံယုံကြည်ခဲ့ပါတယ်။ကိန်းစ်ရဲ့အယူအဆတွေဟာ အနာဂတ်အတွက် ခြေလှမ်းမှားကြီးတွေပဲလို့ သူတို့တွေက ယုံကြည်ခဲ့ပါတယ်။



 ကျေးပိုင်ကျွန်ပိုင်စနစ်ဆီသို့ဆိုတဲ့ စာအုပ်ကို ထုတ်ဝေပြီး ကိန်းစ်ရဲ့သီအိုရီတွေကို အလဲထိုးဖို့ကြိုးစားခဲ့ပေမယ့်ဖရက်ဒရစ်ဟေးယက်တို့တွေရှုံးနိမ့်ခဲ့ပါတယ်။ နောင်နှစ်ပေါင်း အတော်ကြာ ၁၉၇၃ခုနှစ်ဗြိတိန်မှာ  မာဂရက်သက်ချာ အစိုးရတက်လာပြီး ဟေးယက်ရဲ့ စာအုပ်ကိုကိုင်ပြီး ဒါဟာသူ့ရဲ့ယုံကြည်ချက်ပါပဲလို့ ပြောတဲ့ အချိန်ထိတိုင်အောင် ဟေးယက်က သူမှန်ကန်ကြောင်းကမ္ဘာကသိဖို့ စောင့်စားခဲ့ရပါတယ်။မာဂရက်သက်ချာဟာ ဟေးယက်ရဲ့သီအိုရီတွေအတိုင်း ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးကို ပြန်လည် တည်ဆောက်ပြုပြင်ခဲ့ပါတယ်။ ဒီလိုပြောင်းလဲတည်ဆောက်ရာမှာ ထောက်ခံသူအနည်းငယ်နဲ့ ကန့်ကွက်သူ များစွာကြား ကနေ မာဂရက်က သူမရဲ့ ယုံကြည်မှုတွေ မှန်ကန် ကြောင်းပြသပြီး ဗြိတိန်နိုင်ငံရဲ့ စီးပွားရေးကို ဦးမော့ပေးနိုင်ခဲ့ပါတယ်။ မာဂရက်နဲ့ဗြိတိန်နိုင်ငံကို အားကျပြီး စီးပွားရေးပေါ်လစီတွေကို လိုက်လံပြုပြင်ခဲ့ကြတဲ့ နိုင်ငံတွေ ဟာလည်း အောင်မြင်မှုတွေ အလုံးအရင်း ရရှိလာကြပါတယ်။



                ဒီလိုနဲ့ တစ်ကမ္ဘာလုံးမှာ ဟေးယက်တို့ရဲ့ ဈေးကွက်ကိုသူ့အလိုတိုင်း စီးဆင်းခွင့်ပြုစေတဲ့ ပညာရပ်နဲ့ပညာရှင်တွေအားကောင်းလာပြီး အောင်မြင်ခဲ့ကြပါတယ်။ နိုင်ငံတကာမှာလည်းဒီဘောဂဗေဒစနစ်ကို လိုက်နာ အတုယူကြ၊ကျင့်သုံးခဲ့ကြပါတယ်။ ဒါပေမယ့် မကြာခင်ကပဲ အလန်ဂရင်းစပန်ဦးဆောင်တဲ့ အမေရိကန် ဗဟိုဘဏ်ရဲ့ လွဲမှား တွက်ချက်ကျင့်သုံးခဲ့တဲ့ ငွေကြေးဆိုင်ရာ ပေါ်လစီကြောင့် အမေရိကန်မှာ စီးပွား ပျက်ကပ်ကြီး ၂၀၀၈ခုနှစ်မှာ ဖြစ်ပေါ်လာပါတယ်။ ဒါကိုဘာနဲ့ပြန်ကုစားမလဲ ဆိုတဲ့အခါမှာ ဂျွန်မေးနပ်ကိန်းစ် ရဲ့ သီအိုရီတွေ တစ်ပါတ်ပြန်ကျော့ ရောက်ရှိလာပါတယ်။ ဘောဂဗေဒပညာရှင်တွေဟာ မျက်မှောက်ခေတ်သစ်နဲ့ လိုက်လျော ညီထွေတဲ့ သီအိုရီ အသစ်တွေကို ထပ်မံတီထွင်နိုင်ခြင်း မရှိသေးကြောင်း မီးမောင်းထိုးပြ ခံလိုက်ရသလို၊ဝေဖန်မှုတွေလည်း ခံခဲ့ရ ပါတယ်။



             ဒါဆိုရင် ကျွန်မစဉ်းစားမိတာက ကိန်းစ်က မှန်သလား...?။ဟေးယက်ကမှန်သလား...?။ဒါမှမဟုတ်ရင် ကိန်းကပိုတော်သလား...?။ဟေးယက်ကပိုတော်သလား...?။သူတို့နှစ်ဦးရဲ့သီအိုရီတွေနဲ့မတူတဲ့၊ပိုပြီးလည်း ကောင်းတဲ့တခြားသော သီအိုရီတွေရှိသေးသလား...?။ ကိန်းစ်ကမှန်ပြီးတော့ မှားသွားတာလား...?။ ဟေးယက်က မှားပြီးတော့မှ မှန်သွားတာလား...?။ ကျွန်မတို့နိုင်ငံတော်စီးပွားရေးတိုးတက်စေဖို့ အတွက်ရော ဘယ်သီအိုရီကို ကျင့်သုံးဖို့လိုတယ်လို့ထင်ပါသလဲ။ တကယ်တော့ အချိန်ကာလတစ်ခုပါပဲလို့ ကျွန်မ ထင်မြင်မိပါတယ်။ အမြဲတမ်း ပြောင်းလဲနေတာ အချိန်ပါပဲ။အဲဒီအချိန်ကာလ အပိုင်းအခြားတွေအလိုက် တခြားသော ကဏ္ဍတွေနှင့်မတူညီတဲ့ ဖြစ်ရပ်တွေကြားမှာ လိုက်လျှောညီထွေရှိမယ့်သီအိုရီကို သုံးစွဲဖို့ပဲ လိုအပ်တယ်လို့ထင်ပါတယ်။


               အခြေအနေနဲ့ အဖြစ်အပျက်တွေကို သုံးသပ်ပြီးရင် ကိန်းစ်ရဲ့သီအိုရီနဲ့ဖြေရှင်းကြမလား..?။ ဟေးယက်ရဲ့ သီအိုရီနဲ့ ဖြေရှင်းကြ မလား..?။တခြားရော ဘာသီအိုရီကောင်းတွေရှိသေးသလဲ..?။ဆိုတာတွေကို စဉ်းစားဖို့ပဲလိုတယ်ထင်ပါတယ်။ကိန်းစ်မှန်တယ်...လက်ခုပ်တီးပေးလိုက်ကြ။ကိန်းစ်မှားသွားပြီ...ပစ်ပယ်ထား လိုက်ကြ။ဟေးယက်မှားတယ်...ဖယ်ကျဉ်ထားလိုက်ကြ။ဟေးယက်မှန်သွားပြီ...ဝိုင်းပြီးသြဘာပေးကြ။ ဆိုတဲ့ စဉ်းစားတွေးခေါ်မှုမျိုး၊ သုံးသပ်မှုမျိုးတွေထက် ဘယ်အခြေအနေမှာ ကိန်းစ်ရဲ့အဆိုက အကျိုးဖြစ်ထွန်း စေပြီး ဟေးယက်ရဲ့ အဆိုတွေက ဘယ်ကာလတွေမှာ ပိုပြီးအကျိုးဖြစ်ထွန်းစေသလဲ.. လို့သာစဉ်းစားသင့် တယ်လို့ ထင်ပါတယ်။ ကိန်းစ် လည်းမဟုတ် ဟေးယက်လည်း မဟုတ်တဲ့ မထင်ရှားတဲ့ ဘောဂဗေဒသမား တစ်ယောက်က ထုတ်တဲ့ သီအိုရီတစ်ခုကို ကျွန်မတို့နိုင်ငံရဲ့အနာဂတ်အတွက် သုံးသင့်ရင်လည်း သုံးရမှာပါ။ ကျွန်မတို့မှာ ပုဂ္ဂိုလ်စွဲတွေ၊ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေကို လျှော့ချပြီး လူမှန်သမျှအပေါ် အထင်သေးချင်တဲ့စိတ်၊ အထင်ကြီးချင်တဲ့စိတ်တွေကို ဖျောက်ဖျက်နိုင်ဖို့ လိုနေပါတယ်။


             မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့စေဖို့ဆိုရင် နိုင်ငံတော်ဗဟိုဘဏ်အတွက် ဥက္ကဌကောင်း တစ်ယောက်ကိုရှာဖွေဖို့လိုအပ်နေပါတယ်။ဒီဥက္ကဌနေရာအတွက် အရည်အချင်းရှိတဲ့လူတွေကို ရွေးချယ် ရပါမယ်။ အဲဒီရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်တွေကို လွှတ်တော်ရေးရာကော်မတီတွေရှေ့မှာ မေးမြန်းစစ်ဆေး ကြားနာ ပြီးတော့မှ စကာတင်တစ်ယောက်ကို ရွေးချယ်စေချင်ပါတယ်။ ဒီရွေးချယ်မှုမှာ ''ကိုယ့်လူ၊သူ့လူ''ဆိုတဲ့ ဘက်လိုက်မှုတွေ.. ''ငါတို့ပြောရင်၊ဖိအားပေးရင် နားထောင်မယ့် လူလိမ္မာလေးဖြစ်ဖို့ လိုတယ်'' ဆိုတဲ့ အတွေးတွေ..မပါဝင်ဖို့လိုအပ်ပါတယ်။



အဓိကအရေးကြီးတာကတော့ အဲဒီပုဂ္ဂိုလ်ဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့နိုင်ငံရေး အခြေအနေတွေ၊ အာရှ နိုင်ငံတွေကစီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေ အာဆီယံ ဒေသတွင်းက စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အခြေအနေတွေကို လေ့လာသုံးသပ်နိုင်ရပါမယ်။ အဲလိုလေ့လာ သုံးသပ်ပြီးရင် ''အခြေအနေကောင်းတွေမှာ နိုင်ငံတော်အတွက် ဘယ်လိုအမြတ်ထုတ် ယူနိုင်မလဲ... အခြေနေမကောင်းရင် ဘယ်လိုကာကွယ်ပေးမလဲ...'' ဆိုတာတွေကို ဝေဖန်သုံးသပ်နိုင်စွမ်းတွေ ရှိရပါမယ်။ လုပ်ရဲကိုင်ရဲရှိရပါမယ်။ ''တခြားဘောဂဗေဒသမားတွေ လည်း ဒီလိုလုပ်ကြတာပဲ..ကျုပ်လည်းဒီလို လုပ်ခဲ့တာပဲ သူ့ဟာသူဖြစ်သွားတာတော့ ကျုပ်လည်းမတတ်နိုင်ဘူး..'' ဆိုတဲ့လူစားမျိုးဖြစ်လို့မရပါဘူးးး။


              
   မြန်မာနိုင်ငံရဲ့ စီးပွားရေးအဆောက်အအုံလေးရဲ့ထုထည်ပမာဏက သေးကွေးပါတယ်။ နိုင်ငံရေး၊ စီးပွားရေး တစ်ခုခုလှုပ်လိုက်တိုင်း ရမ်းခါသွားလေ့ရှိတဲ့ ဥပမာတွေ တစ်ပြုံကြီး ရှိပါတယ်။ လှေငယ်တော့ လှိုင်းကြီးတဲ့ဒဏ်ကိုမခံနိုင်တဲ့သဘောလေးပါ။ ဒီတော့ဦးဆောင်ပဲ့ကိုင်သူရဲ့ လုပ်ရည်ကိုင်ရည် ကြံရည်ဖန်ရည် တွေနဲ့ သတ္တိက တကယ်ကိုလိုအပ်ပါတယ်။


 ကျွန်မရေးတဲ့ စီးပွားရေးဆိုင်ရာဆောင်းပါးတွေဟာ ဘာသာပြန်တွေ ကို ကူးယူဖော်ပြထားခြင်းမဟုတ်ပါဘူး။ ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်တွေကို ဘောဂဗေဒသမားမဟုတ်တဲ့ သာမန်ပြည်သူတွေနဲ့ တခြားဘာသာရပ်ဆိုင်ရာ ပုဂ္ဂိုလ်တွေ နားလည်လွယ်စေမယ့် ပြည်တွင်းဖြစ်ဥပမာတွေနဲ့ပဲ ရေးပေးချင်တာပါ။ ဒီစာကိုရေးဖို့အတွက် ကိန်စ်းနဲ့ ဟေးယက်ရဲ့ စာတွေ သီအိုရီတွေ အများကြီးပြန်ဖတ် အထပ်ထပ်သုံးသပ်ပြီး  အချိန်ယူပြီးမှ ရေးထားတာပါ။ ပျင်းဖို့ကောင်းတဲ့ စာတွေ့တွေကို လုံးဝထည့်မရေးချင် ပါဘူး။ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်က အကြောင်းအရာတွေနဲ့ နားလည်လွယ်အောင်ပဲ ရေးချင်ပါတယ်။

                       
ကျွန်မတို့တွေဟာ သိသင့်သိထိုက်တဲ့ စီးပွားရေးဆိုင်ရာ လုပ်ပုံကိုင်ပုံလေးတွေကို မသိရင် ကျွန်မတို့ရဲ့ဘဝမှာကိုယ်ပိုင်စီးပွားရှာတဲ့အခါရော၊ဝန်ထမ်းလုပ်တဲ့အခါမှာရော၊ကိုယ့်ကိုကိုယ်စားပြုမယ့် ပြည်သူ့ ကိုယ်စားလှယ် တွေကို ရွေးချယ်တဲ့အခါတွေမှာရော အလကားနေရင်း ဆုံးရှုံးမှုတွေ ကြုံတွေ့ရပါတယ်။ နိုင်ငံရေးဘောဂဗေဒ ဆိုတာဟာ လူတစ်ဦးချင်းဆီရဲ့ ဘဝတွေကိုတိုက်ရိုက်သက်ဆိုင် ရိုက်ခတ်နေပါတယ်။ ကျွန်မက တစ်ခုခုကို နားလည် သဘောပေါက်မှုမရှိရင် စာကျက်လို့မှတ်လို့မရတဲ့ အကျင့်ဆိုးတစ်ခုရှိပါတယ်။ နားလည် သွားရင် ကျက်စရာ မလိုတော့ဘူး ဖြစ်သွားပါတယ်။ စစ်စစ်ပေါက်ပေါက်လူပြိန်းနားလည်သလိုလည်သွားမှ ကျေနပ်တဲ့သဘောလေးတွေရှိပါတယ်။အဲဒီအကျင့်ဆိုးကြောင့် ကိုယ့်စိတ်နဲ့နှိုင်းပြီး ကိုယ့်အတွေးနဲ့ ကိုယ်ရေးတဲ့အခါမှာလည်း ဆရာကြီးလုပ်သလို ရှင်းပြတဲ့ အရေးအသားတွေတွေ့ရင်ခွင့်လွှတ်ပေးကြပါလို့လည်း မေတ္တာရပ်ခံပါတယ်။                                                                                              
                                                                                  နေထက်ထက်အောင်  

    (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Mar 8, 2013

မလေးရှားမှာ နယ်မြေလာလုတဲ့ သူပုန်တွေကို လေတပ် ကြည်းတပ် တွေနဲ့ တိုက်ခိုက်လိုက်ပြီ

မလေးရှားနိုင်ငံဘော်နီယိုကျွန်းတစိတ်တဒေသကိုသူတို့ ပိုင်ဆိုင်တာဆိုပြီးသိမ်းပိုက်တပ်စွဲထားတဲ့ ဖီလစ်ပိုင်
သူပုန်တွေကို မလေးရှားက မြေပြင်ရောဝေဟင်ကပါအင်အားသုံးတိုက်ခိုက်ခဲ့ရာအခုအချိန်အထိ
သေဆုံးသူ အနည်းဆုံး၂၇ယောက်ရှိပြီလို့ နောက်ဆုံးသတင်းတွေအရသိရပါတယ်။


အခုလိုတိုက်ခိုက်ရာမှာ F-18 ၈ျက်တိုက်လေယာဉ်သုံးစီးနဲ့  ရဟတ်ယာဉ်ငါးစီးသုံးပြီး ဖီလစ်ပိုင်သူပုန် ၂၀၀ကျော်တပ်စွဲထားတဲ့ ကျေးရွာကိုဗုံးကြဲချခဲ့ တယ်လို့ မလေးရှားကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ဒါ့အပြင် မြေပြင်ကနေကြည်းတပ်တွေကလည်း အလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့ ပါတယ်။

မလေးရှားဝန်ကြီးချုပ်NajibRazakကသူတို့ အနေနဲ့ သည်းခံနိုင်စွမ်းကုန်သွားပြီးတစုံတဦးတယောက်ကိုမှသူတို့ မြေကို တလက်မကိုမျှ ခြိမ်းခြောက်တာ လက်မခံဘူးလို့  တိုက်ခိုက်မှုအပြီး ကျေညာချက်ထုတ်ပြန်လိုက်ပါတယ်။


အဲဒိဖီလစ်ပိုင်သူပုန်တွေဟာမလေးရှားနဲ့ ကပ်နေတဲ့ ဖီလစ်ပိုင်နိုင်ငံကနေ လှေနဲ့ ရောက်လာကြတာဖြစ်ပြီး သူတို့ ဟာ Sultanate of Sulu ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုးကား
http://www.nytimes.com/2013/03/06/world/asia/malaysia-attacks-filipino-rebels-on-borneo-island.html

From:[_ Burma-Newselite _]
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ပြည်မြို့တွင် NLD ပါတီဝင် အချင်းချင်း ဆန္ဒပြမှုဖြစ်ပွားနေ


 (၇၊ ၃၊ ၂၀၁၃)ည ၆ နာရီခွဲခန့်က ပြည်မြို့ NLD ပါတီရုံးရှေ့တွင် NLD ပါတီအဖွဲ့ဝင်တစ်ဦးပင်ဖြစ်သူ ဦးကျော်ဆန်း ဦးဆောင်သော လူဦးရေ (၁၀၀)ခန့်က ပြည်မြို့ NLD ပါတီဥက္ကဌ Dr ခင်မောင်ဝင်းအား မကျေနပ်သောကြောင့် ဆန္ဒပြခဲ့ကြကြောင်း CJMyanmar က သတင်းရသည်။ ပြည် NLD ပါတီဥက္ကဌ Dr ခင်မောင်ဝင်းသည် ခရိုင်ညီလာခံကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရပြီး အဆိုပါ ရွေးချယ်ခံရခြင်းအပေါ် မကျေနပ်သဖြင့်လည်းကောင်း၊ အခြားပုဂ္ဂိုလ်ရေးမကျေနပ်ချက်များကြောင့်လည်းကောင်း ယခုကဲ့သို့ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ပြည်မြို့ခံတစ်ဦးက CJMyanmar သို့ပြောသည်။ ဆန္ဒပြသူများက ဗီနိုင်းပိုစတာများကိုင်ဆောင်ကာ လက်ကိုင်စပီကာဖြင့် ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြကြောင်း သိရပါသည်။

From:[_ CJMyanmar _] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ပြည်ပ ၅ နိုင်ငံသွားရောက်ပြီး နိုင်ငံအတွက် အကျိုးအမြတ်များစွာဖြစ်ထွန်းစေခဲ့သူ သမ္မတကြီးဦးသိန်းစိန်အား ကြိုဆိုခဲ့ကြပုံများ(ရုပ်သံဖိုင်များ)


သမ္မတဦးသိန်းစိန် အနေဖြင့် ဥရောပသမဂ္ဂနိုင်ငံများသို့ သွားရောက်ခဲ့ပြီး နိုင်ငံအတွက် အကျိုးအမြတ်များ ရရှိစေနိုင်သည့် စီပွါးရေး ဖွင့်ဟမှုများ နိုင်ငံရေးကြိုဆိုထောက်ခံမှုများ ကြွေးမြီပြဿနာများ အား အောင်မြင်စွာ ဆောင်ရွှက်နိုင်ခဲ့ခြင်းကြောင့် ပြည်သူလူထု မှ ဝမ်းသားအားရ ဂုဏ်ယူစွာကြိုဆိုခဲ့ကြပုံ ရုပ်/သံဖိုင်များကိုမီဒီယာများမှရိုက်ကူးထုတ်လွင့်ခဲ့ရာတစ်စုတစ်စည်းတည်း မြင်တွေ့ခွင့်ရရှိစေရန် ဖော်ပြလိုက်ပါတယ် ။
(၁)Sky Net -up-to-date မှ ထုတ်လွင့်ခဲ့သော ဦးသိန်းစိန်၏ ပြည်ပခရီးစဉ် အပြန်အား ပြည်သူလူထုနှင့် အနု
      ပညာရှင်များ လူမှူရေးအသင်းအဖွဲ့များ စီးပွါးရေးလုပ်ငန်းရှင်များ က ကြိုဆိုခဲ့ပုံနှင့် ကြိုဆိုသူများ၏ ရင်
      တွင်း အပျော်ဖွင့်ဟ စကားများ ။
(http://www.youtube.com/watch?v=5foj908RzA0&feature=youtu.be)
 

 (၂) Eleven မှ ထုတ်လွင့်ခဲ့သော သမ္မတ ဦးသိန်းစိန်၏ အပြန်ခရီးအားကြိုဆိုမှူမှတ်တမ်းများနှင့် အင်တာဗျူး

http://www.youtube.com/watch?v=F4pIuIGUE4o 



(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

သမ္မတကြီးဦးသိန်းစိန်၏ ဥရောပ ခရီးစဉ်တွင် ဥရောပသမဂ္ဂ (EU) နှင့် ရယူနိုင်ခဲ့သော သဘောထား တူညီချက်များ

    အီးယူ- မြန်မာ အဓွန့်ရှည်ကြာမည့်မိတ်ဖက်ဆက်ဆံမှု တည်ဆောက်ရေးဆိုင်ရာ ပူးတွဲကြေညာချက်


 နေပြည်တော် မတ် ၈

၂၀၁၃ ခုနှစ်၊ မတ်လ (၅) ရက်နေ့တွင် ဥရောပကောင်စီဥက္ကဋ္ဌ မစ္စတာဟာမင်ဗန်ရွန်ပိုင်၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ဟိုဆေးမန်နျုရယ် ဘာရိုဆိုနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့သည် မြန်မာနိုင်ငံ၏ သမိုင်းဝင် အပြောင်းအလဲများအတွက် အောက်ပါအတိုင်း အတူတစ်ကွ ပူးပေါင်း ဆောင်ရွက် သွားကြမည် ဖြစ်ကြောင်း သဘောတူခဲ့ကြပါသည် -

-

မြန်မာနိုင်ငံအားခေတ်မီသော ဒီမိုကရေစီနိုင်ငံဖြစ်လာစေရေးအတွက် ဆောင်ရွက်ရန်။ အမြင့်‌မားဆုံး နိုင်ငံတကာစံများ ပြည့်‌ဝစေရန် အတွက် အီးယူသည် မြန်မာနိုင်ငံ၏ ခက်မသုံးဖြာနှင့်‌ လည်းကောင်း၊ မြန်မာနိုင်ငံရွေးကောက်ပွဲကော်မရှင်နှင့်‌ လည်းကောင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ အီးယူဥက္ကဋ္ဌ (၂) ဦးနှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တို့သည် ဥရောပပါလီမန်နှင့် မြန်မာနိုင်ငံ ပြည်သူ့ လွှတ်တော်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လိုသည့် ဆန္ဒကိုလည်း ကြိုဆိုကြ ပါသည်။



-

ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိစေရန်။  
 ပြည်တွင်းငြိမ်းချမ်းရေး မရရှိပါက၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ကြွယ်ဝချမ်းသာမှု မရရှိနိုင်ပါ။ ရေရှည် တည်မြဲမည့်‌ နိုင်ငံရေးအရဖြေရှင်းမှုအတွက်  လူတိုင်းပါဝင်ခွင့်‌ရှိသည့်‌ ဆွေးနွေးမှုများပြုလုပ်ရန် အစိုးရအနေဖြင့် သန္နိဌာန် ချထားပြီး ဖြစ်ပါသည်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ကာလကြာရှည် တည်ရှိနေသည့်‌ သဘောထား ကွဲလွဲမှုများကို ပြေလည်စွာ ဖြေရှင်းနိုင်ရန်လိုပါသည်။ အီးယူသည်  မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက်မှုများနှင့်‌ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဗဟိုဌာနအား ဆက်လက် ထောက်ခံသွားမည်ဖြစ်ပါသည်။

-

မြန်မာနိုင်ငံသား အားလုံးအတွက် လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးမြှင့်တင်ရန်။ မြန်မာအစိုးရအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုရုံးခွင့်တို့ကို ခွင့်ပြုထားပြီးဖြစ်ပါသည်။ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းသည် မြန်မာ့နိုင်ငံရေး သမိုင်းတွင် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ အတိုက်အခံများနှင့် ယခင်နိုင်ငံရေးအကျဉ်းသားများ ပါဝင်သောအစိုးရမှ ဖွဲ့စည်း ထားသည့် ပြန်လည်စိစစ်ရေး ယန္တရားသည် ကျန်ရှိသောကိစ္စရပ်များကိုလည်း ပွင့်လင်းမှုနှင့် ပြန်လည်သင့်‌မြတ်ရေး စိတ်ဓါတ်များ ဖြင့် ဖြေရှင်းပေးသွားနိုင်မည် ဖြစ်ပါသည်။ ဤကဏ္ဍတွင် အီးယူနှင့် မြန်မာသည် တွေ့ဆုံဆွေးနွေးမှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့ဖြင့် မြန်မာနိုင်ငံ၏ သန္နိဌာန်ပြုချက်များ ဖြည့်‌ဆည်းနိုင်ရေးအတွက် အကူအညီပေးသွားမည် ဖြစ်ပါသည်။ အထူးသဖြင့်  ဘက်လိုက်မှု ကင်းရှင်းသော၊ ထိရောက်မှုရှိသော တရားရေးဆိုင်ရာကဏ္ဍ တည်ဆောက်ရန် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို အီးယူကထောက်ခံ သွားမည် ဖြစ်ပါသည်။

-

နိုင်ငံတကာ အသိုင်းအဝန်းတွင် တက်ကြွ၍ လေးစားဖွယ်ဖြစ်သော  မြန်မာနိုင်ငံအဖြစ်  ဖော်ဆောင်ရေးအတွက် လက်တွဲဆောင်ရွက် သွားရန်။ ဤကိစ္စနှင့်‌စပ်လျဉ်း၍ နိုင်ငံတကာလူ့အခွင့်အရေး သဘောတူညီချက်များ International Human Rights Agreements နှင့် NPT စာချုပ်၏ နောက်ဆက်တွဲ ပရိုတိုကောသို့ ဝင်ရောက်ရန် မြန်မာနိုင်ငံမှ အဆင်သင့် ဖြစ်ခြင်းမှာလည်း အထူးအရေးကြီးသည့်‌ကိစ္စ ဖြစ်ပါသည်။

  -

ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် အီးယူ-မြန်မာ ပူးပေါင်းဆောင်ရွက်သွားရန်။ 
စီးပွားရေး ပြုပြင်ပြောင်းလဲမှုဖြစ်သည့်‌ ပြည်သူဗဟိုပြု လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေး အစိုးရမျှော်မှန်းချက်များ၊ ဈေးကွက်စီးပွားရေးနှင့်‌ စီးပွားရေးလုပ်ငန်းများတွင်  တန်းတူယှဉ်ပြိုင်နိုင်ရေး တို့ကို အကောင်အထည်ဖော်ခြင်းဖြင့်‌  မြန်မာနိုင်ငံသားများ အားလုံး၏ ဖွံ့ဖြိုး တိုးတက်မှု အခြေခံအုတ်မြစ်ကို တည်ဆောက်ရန် ဖြစ်ပါသည်။ ဤပြုပြင် ပြောင်းလဲမှုများကိုလည်း စတင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ထောက်ခံ အားပေးသည့်‌အနေဖြင့် GSP/EBA အောက်၌ သက်သာခွင့်‌များ ရရှိရေးအပါအ၀င် အီးယူ၏ဈေးကွက် အတွင်းသို့ အဟန့်အတားမရှိ အမြန်ဆုံးပြန်လည် ၀င်ရောက်နိုင်ရန်အတွက် အီးယူကစတင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။ နောက်တစ်ဆင့်‌ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်စေရန်အတွက် အီးယူနှင့် မြန်မာနှစ်ဘက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက် တစ်ရပ် ရေးထိုးနိုင်ရေး ဖြစ်နိုင်ချေကို လေ့လာဆောင်ရွက် သွားမည်ဖြစ်ပါသည်။ အထူးသဖြင့်‌ သယံဇာတတူးဖော်မှု လုပ်ငန်းများတွင် စီးပွားရေး လုပ်ငန်းများ၏ တာဝန်ရှိမှု (Corporate Social Responsibility)  ဆိုင်ရာ အလေ့အကျင့်‌ကောင်းများကို မြှင့်‌တင်သွားမည် ဖြစ်ပါသည်။ နှစ်ဖက်စလုံးက စီးပွားရေးမိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု မြှင့်‌တင်နိုင်ရေးအတွက် တိကျခိုင်မာ သည့်‌‌ ခြေလှမ်းများစတင်ရန် သဘောတူကြပါသည်။

-

ကျွမ်းကျင်ထိရောက်သော တုံ့ပြန်မှုစနစ်တစ်ရပ်ကို တည်ထောင်သွားခြင်းဖြင့်‌ အရေးပေါ် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန်မှုနှင့်‌ ကျွမ်းကျင်မှု များကို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

-

ဖွံ့ဖြိုးရေး မိတ်ဖက်အဖြစ် တည်ဆောက်ရန်။
 ‌နေပြည်တော် သဘောတူညီချက်၊ အစိုးရ၏ လုပ်ငန်းစီမံချက်များနှင့်‌ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အတွက် အစိုးရ၏ ဆောင်ရွက်ချက်များနှင့်‌အညီ အီးယူသည် တစ်နိုင်ငံလုံးဖွံ့ဖြိုးမှု ဦးစားပေး အစီအစဉ် နှင့်‌ ပတ်သက်သည့့်  အကူအညီများ တိုးမြှင့်ပေးသွားမည် ဖြစ်ပါသည်။  အနာဂါတ် ကာလ ပိုမိုဖွံ့ဖြိုးတိုးတက်မှုရရှိရန်  မြန်မာအစိုးရ၏ ကြိုးပမ်းချက်များကို အီးယူမှ ကူညီသွားမည်ဖြစ်ပါသည်။  ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များဖြင့်  မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။ တစ်ပြိုင်တည်းတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် ကျယ်ပြန့်သော မူဝါဒဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်သွားရန်လည်း နှစ်ဖက်သဘောတူညီကြပါသည်။

  -   

ပညာရေးဆိုင်ရာအပြန်အလှန် ဖလှယ်ခြင်းများ၊ သတင်းဌာန အဆက်အသွယ်များ၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများ နှစ်ဖက်လူမှု အသိုက်အ၀န်းများ ပိုမိုနီးစပ်ရေးအတွက် ဆောင်ရွက်သွားရန်။
 မြန်မာအစိုးရသည် မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရန် ဆုံးဖြတ်ထားသည့်‌ အားလျော်စွာ ရန်ကုန်မြို့ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းမှု ဇုန်တွင် ဥရောပအဆောက်အအုံ (Europe House) တစ်ခုဖွင့်‌လှစ်နိုင်ရေးအတွက် သင့်‌လျော်သည့်‌ အဆောက်အအုံ တစ်လုံးအား ပေးအပ်ရန် စဉ်းစားသွားမည် ဖြစ်ပါသည်။ မြန်မာပြည်သူများနှင့်‌ ၎င်းတို့၏ ယဉ်ကျေးမှုဓလေ့များ၏ အကျိုးစီးပွား အလို့ငှာ ရေရှည်တည်တံ့သည့်‌  ခရီးသွားလုပ်ငန်း ဖော်ဆောင်ရေးအတွက်၊ မြန်မာနိုင်ငံက ဆောင်ရွက် သွားမည်ဖြစ်ပါသည်။ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးနှင့်‌ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် အီးယူနှင့်‌ ပူးပေါင်း ဆောင်ရွက်ရေး ကိုလည်း မြန်မာနိုင်ငံ ကြိုဆိုပါသည်။

-

မိတ်ဖက်ဆောင်ရွက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းရန်နှင့်‌ ဆုံးဖြတ်ချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် (ပူးတွဲလုပ်ငန်း အဖွဲ့) တစ်ဖွဲ့ကို ဖွဲ့စည်း ထူထောင်သွားမည် ဖြစ်ပါသည်။ ၎င်းအဖွဲ့သည် တိုးတက်မှု အခြေအနေ များအား ဆန်းစစ်ရန်နှင့်‌  အနာဂါတ် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်‌တင် နိုင်ရန် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် မြန်မာနိုင်ငံ၌ ထပ်မံတွေ့ဆုံသွားမည် ဖြစ်ပါသည်။

From[_ နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ကြေငြာချက် _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ဥရာပ (၅)နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သောနိုင်ငံတော်သမ္မတကြီးအား ပြည်သူများနှင့် အနုပညာရှင်များက လေဆိပ်တွင် စောင့်ကြိုနေကြ

နိုင်ငံတော်သမ္မတကြီးသည်မတ်လ(၈)ရက်နေ့နံနက်ပိုင်းတွင်ထိုင်းနိုင်ငံသုဝဏ္ဏဘုမ္မိအပြည်ပြည်ဆိုင်ရာ
 လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း အထူးလေယာဉ်ဖြင့် ထွက်ခွာလာရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက်(၈)နာရီ (၁၅)မိနစ်တွင် ဆိုက်ရောက်ပါသည်။ နိုင်ငံတော်သမ္မတသည် နော်ဝေ၊ ဖင်လန်၊ ဘယ်လ်ဂျီယံ၊ သြစတြီးယား၊ အီတလီ နိုင်ငံများသို့ ဖေဖေါ်ဝရီလ ၂၅ ရက်မှ စတင်ကာ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ခြင်းဖြစ်သည်။



သမ္မတကြီးကိုချစ်သော ပြည်သူများနှင့် အနုပညာရှင်များလည်း တတ်ရောက်ခဲ့ပါသည် ။ကြိုဆိုသည့်ပွဲသို့ ဒီအခန်းဖြတ်ဟုဆိုကာ အရင်အစိုးရ အဖွဲ့လုပ်ဆောင်မှုများ အားလည်းကောင်း ယခုနှစ်အကယ်ဒမီပေးပွဲအားလည်းကောင်း ဝေဖန်ပြောဆို တုံပြန်ခဲ့သော ဒါရိုက်တာ ဝိုင်းသည်လည်း မျက်နှာသုံသုံမှုန်မှုန်ဖြင့် ထူးခြားစွာ လာရောက်ခဲ့သည် ။









 ယခုတစ်ခေါက်ကြိုဆိုမှုသည် သမ္မတကြီး ပထမဦးဆုံးပြည်ပ ခရီးစဉ်အား ကြိုဆိုစဉ်ကထက်ပိုမိုစည်ကားခဲ့
ပြီး အဖွဲ့အစည်းများ ကုမ္မဏီများ ကျောင်းသား/သူ များကလည်း တူညီဝတ်စုံများနှင့် လာရောက်ကြိုဆိုခဲ့ကြ
သည် ။ ၄င်းတို့သည် -
"ကမ္ဘာပေါ်မှာ မြန်မာဆိုတဲ့ ဂုဏ်သတ္တိကို ပြန်လည်မွေးဖွါးစေခဲ့သူ"

"အခက်အခဲနှင့် အကျပ်အတည်းတွေကြားမှာ ပြည်သူတွေအတွက် အပြုံးမပျက်တဲ့ ကြိုးပမ်းနေတဲ့ သမ္မတကြီးရဲ့ နှလုံးခုန်စက်လေး အမြဲတမ်း အားပြည့်နေပါစေ"

"ကွဲပြားမှူတွေ ရှိနေပေမယ့် ခွဲခြားမှူတွေမရှိတဲ့ မြန်မာနိုင်ငံတော်သစ်ကို ထုဆစ်ပုံဖော်မယ့် ဗိသုကာ သမ္မတကြီးကို ကြိုဆိုပါတယ်"

"ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသူ/သားများအား နိုင်ငံရေးပြေပြစ်ပြီး စီးပွါးရေး လူမှူရေး ပြောင်းလဲတိုးတတ်စေရေးအတွက် မားမားမတ်မတ် ရပ်တည်ဆောင်ရွှက်ပေးခဲ့သော နိုင်ငံတော်သမ္မတကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့အား လှိုက်လှဲစွာ ကြိုဆိုပါသည် "

" Our President " -" Our Pride "                   " We Love Our President "

အစရှိသည့် စာတမ်းများ ကို သမ္မတကြီး ဥရောပ ခရီးစဉ်အတွင်းရိုက်ယူသော ဓါတ်ပုံများနှင့် ချင်းပြည်နယ် သို့သွားရောက်ခဲ့စဉ်က ဓါတ်ပုံများ ပေါင်းစပ်ကာဗီနိုင်းများ ပိုစတာများ ရိုက်နှိပ် ကိုင်ဆောင်ပြီး နိုင်ငံတော် အလံငယ်များ ဝှေ့ယမ်းကိုင်ဆောင်ကာ စည်းကမ်းရှိစွာ အဆင့်အတန်းရှိရှိ ကြိုဆိုခဲ့ကြသည် ။






















(မောင်ကျောက်ခဲ အဖွဲ့)
Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ