Oct 6, 2012

ရန်ကုန်တွင် ကရင်စာပေအခမဲ့ သင်ကြားပေး။

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ အာဇာနည်လမ်း၌ တည်ရှိသော သမ္မာသမ် ဗုဒ္ဒဘာသာ ကရင်လူမျိုးစာကြည့်တိုက်တွင် ကရင်စာပေများကို ယခုအချိန်တွင် အခမဲ့ စတင် သင်ကြားလျက်ရှိရာ စိတ်ပါဝင်စား သည့် မည်သူမဆို လာရောက်သင်ကြားနိုင်သည်ဟု သိရသည်။

 ထိုကရင်စာပေသင်တန်းကို ပြီးခဲ့သည့် ဇူလိုင်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဒဘာသာဖြစ်စေ၊ ခရစ်ယာန်ဖြစ်စေ ကရင်စာပေ တတ်မြောက်လိုသူ ကလေးများကို လက်ခံသင်ကြားပေးလျှက်ရှိသည်ဟု အဆိုပါသင်တန်းတွင် စကောကရင်ဘာသာ သင်ကြားပေးသူ ဆရာမ နော်သရာနော်က ပြောသည်။



 “စာသင်ချင်တဲ့ အားလုံးကို လက်ခံတယ်။ အပတ်စဉ် စနေနဲ့ တနင်္ဂနွေ နေ့တိုင်း မွန်းလွဲ (၁)နာရီကနေ စသင်နေတာ ပါ။ လောလောဆယ် ကျောင်းသူ ကျောင်းသား ၁၅ ဦးရှိပါတယ်။ စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင် ၃ဘာသာကို သင်နေတာပါ”ဟု နော်သရာနော်က ဆိုသည်။ ထို့အပြင် စာပေသင်တန်းတွင် လူအခွင့်အရေးဆိုင်ရာ ဟောပြောပွဲများ၊ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးဆိုင်ရာ ဟောပြောပွဲများကိုလည်း အလျဉ်းသင့်သလို စီစဉ်ပေးသည်ဟု သိရသည်။ 

 အမ္မာသမ်ဗုဒ္ဒဘာသာ ကရင်အမျိုးသားအဖွဲ့မှ အတွင်းရေးမှုး မန်းအောင်မြိုင်က “ကိုယ့်လူမျိုးရဲ့ စာပေဘာသာ စကား မပျောက်မပျက် ထိန်းသိမ်းစေချင်တဲ့ စေတနာနဲ့ ဒီသင်တန်းလေးကို စတင်ဖြစ်ကြတာပါ။ စာပေတင်မက အခြားသိ သင့်သိထိုက်တဲ့ ဗဟုသုတတွေကိုလည်း စီစဉ်ပေးပါတယ်။ လူငယ်တွေကို တိုးတက်စေချင်သလို ဘာသာစာပေကို လည်း မြှင့်တင်ချင်တယ်”ဟု ပြောဆိုသည်။


 ၎င်းသင်တန်းကို တက်ရောက်နေသော ကျောင်းသူတစ်ဦးကလည်း “ကရင်စာပေဆိုတာ ကျမတို့ခေတ်မှာ တော်တော် ပျောက်နေပါပြီ။ အမိုးနဲ့ အပါးကလည်း စကားပဲ ပြောတတ်တာပါ။ စာကိုလည်း အဖတ်ပဲ ရတယ်လေ။ အရေးမရပါ ဘူး။ ဒါကြောင့် အရေး၊ အဖတ်၊ အပြောရချင်လို့ တက်ဖြစ်တာပါ”ဟု ဆိုသည်။ စာပေသင်ကြားနေသော ကရင်လူမျိုးစာကြည့်ပိဋကတ်တိုက်သည် ဧရာဝတီတိုင်း မအူပင်မြို့နယ် တရုတ်လပ်ကျေးရွာ မှ လယ်ပိုင်ရှင်ဇနီးမောင်နှံ စောကျော်ထွန်းနှင့် နော်ကြာနွယ်တို့မှ ၁၉၃၅ခုနှစ်တွင် ကမကထပြု ဆောက်လုပ်လှူဒါန်းခဲ့ ခြင်းဖြစ်သည်။

(မောင်ကျောက်ခဲ)
________________________________________________________________________ 

Readmore »

မိုးသီးဇွန် မြန်မာပြည် ရောက်စဉ် ဒီမို ၁၀ပါတီတွင် တိုင်းရင်းသား ၅ပါတီ ပူးပေါင်းမှု လျော့ချမည်

 ပြည်မပါတီ ၅ခုအပါအဝင် ညီနောင် တိုင်းရင်းသားပါတီ ၅ခုနှင့်ဖွဲ့စည်းထားသော ဒီမိုကရေစီ မိတ်ဆွေ ၁၀ပါတီ၏ ရှေ့ဆက်သွားမည့်လုပ်ငန်း စဉ်များတွင် တိုင်းရင်းသားပါတီများ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း များကို လျော့ချသွားမည်ဖြစ်ကြောင်း ယင်းပါတီများထံမှ သိရှိရသည်။

 “ဆယ်ပါတီထဲက နုတ်ထွက်တာတော့ မဟုတ်ပါဘူး။ တိုင်းရင်းသား တွေရဲ့အရေးကို တိုင်းရင်းသား ပါတီတွေကပဲ လုပ်နိုင်မှာမို့လို့ ပူးပေါင်းဆောင် ရွက်မှုတွေ ဆက်မလုပ်တဲ့သဘောပါ”ဟု ကျားဖြူပါတီပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်က ဆိုသည်။



 အခြားသော တိုင်းရင်းသားပါတီများနှင့်လည်း ညီနောင်တိုင်းရင်းသားပါတီ ၅ပါတီတို့ ပူးပေါင်းဖွဲ့စည်းခြင်းများကို မကြာခင်လပိုင်းအတွင်း ဆောင်ရွက်တော့မည်ဖြစ်ပြီး တိုင်းရင်းသားပါတီပေါင်း ၁၅ ခုခန့် စုစည်းမိမည်ဟုယူဆကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ မိတ်ဆွေ ၁၀ပါတီဝင် ပြည်မပါတီ တစ်ခုဖြစ်သော ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေက ၎င်းတို့မိတ်ဆွေပါတီများ စတင်ဖွဲ့စည်းစဉ်ကပင် ပြည်မ ပါတီများနှင့် တူညီသောကိစ္စရပ်များကို ပူးပေါင်းလုပ်ကိုင်ကြပြီး တိုင်းရင်းသားများ၏အရေးကို တိုင်းရင်းသား ၅ပါတီက သီးခြားလုပ်ဆောင်ကြကြောင်း၊ ပူးပေါင်းမှုလျော့ချခြင်းမှာ ၎င်းတို့၏အရေးကိစ္စများကို ပိုမိုဆောင်ရွက်လိုခြင်းဖြစ်ကာ ယင်းပါတီများ၏ မူလရည်ရွယ်ချက်ဖြစ်သဖြင့် အထူးအဆန်းကိစ္စရပ် မဟုတ်ကြောင်း Yangon Chronicle သို့ ရှင်းပြသည်။

 ပြီးခဲ့သော လပိုင်းအတွင်းက ABSDFခေါင်းဆောင်ဟောင်း မိုးသီးဇွန်နှင့် မိတ်ဆွေ ဆယ်ပါတီ အမည်တပ်ကာ တွေ့ဆုံခဲ့ခြင်းအပေါ် တိုင်းရင်းသား ပါတီခေါင်းဆောင်များ သဘောတူညီ ခြင်းမရှိကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးလှစောက သတင်းမီဒီယာ တစ်ခု၌ ပြောကြားခဲ့သည်။

 ဒီမိုကရေစီ မိတ်ဆွေ ၁၀ပါတီမှာ
 ပြည်မပါတီ ၅ ခုဖြစ်သော အမျိုးသားဒီမိုကရေစီအင်အားစုပါတီNDF၊
ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊
ညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊
ပြည်ထောင်စုဒီမိုကရေစီပါတီ၊
အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ်(နုတ်ထွက်သွား)နှင့်

 တိုင်းရင်းသားပါတီများဖြစ်သော
ကျားဖြူပါတီ SNDP၊
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊
ချင်းအမျိုးသားပါတီ၊
 ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ  

တို့ဖြစ်ကာ ကြားဖြတ်ရွေးကောက်ပွဲကာလတွင် ပူးပေါင်းယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့သည်။
 From-TransparencyMyanmarblog
Readmore »

ငါတို့ဆေးပြားတွေ ပြန်ပေးမလား ? မပေးဘူးလား ?ဆိုပြီး ပြည်သူစစ်တွေကို ဝိုင်းထားတဲ့ SSA/SSPP


         
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကနေ အသွင်ပြောင်းလာခဲ့တဲ့အဖွဲ့တွေဟာ နိုင်ငံရဲ့ လိုအပ်ချက်အရ တစ်ချို့ဟာ နယ်ခြားစောင့်တပ်၊ တစ်ချို့ကတော့ ပြည်သူ့စစ်အနေနဲ့ နိုင်ငံအနှံ့အပြားမှာ ရှိနေကြပါတယ်။ နယ်ခြားစောင့်တပ်တွေက သူ့တာဝန်သူကျေကြတယ်။ ဥပမာ- ကချင်ပြည်နယ် ပန်ဝါဒေသက နယ်ခြားစောင့်တပ်တွေဆို သူတို့ကိုလာတိုက်တဲ့ KIA သောင်းကျန်းသူတွေကို
တီးထုတ်လိုက်တာဟိုကောင်တွေ ခွေးပြေးဝက်ပြေး ပြန်ပြေးသွားခဲ့ရတယ်မဟုတ်လား။ ပြည်သူ့စစ်တွေ ကလည်း ဒေသလုံခြုံရေးတွေအတွက် အတော့်ကိုအားကိုးလို့ရလာတာ တွေ့ရပါတယ်။ ကျွန်တော်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဆင်ကျော့ပြည်သူ့စစ် တွေဆိုရင် ကျွန်တော်တို့ဒေသအတွက် အင်မတန်အားကိုးစရာဖြစ်လာပြီဆိုတာ သေချာပါတယ်။ ဘာကြောင့် ပြောရသလဲဆိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က လားရှိုးမြို့နယ် နောင်မွန်အုပ်စုထဲက ဟန်နားရွာနားမှာ မူးယစ်ဆေးဝါးပို့ဆောင်တဲ့ တရားခံ (၃)ယောက်ကို မူးယစ်ဆေးဝါးတွေ ကားတွေနဲ့အတူ ကျွန်တော်တို့ ဆင်ကျော့ ဒေသရဲ့ ပြည်သူ့စစ်တွေက ဖမ်းလိုက်နိုင်လို့ပဲဖြစ်ပါတယ်။ 
ဖြစ်တာကဒီလိုပါ… ရွာသားတွေသတင်းပေးလို့ဆင်ကျော့ပြည်သူ့စစ်က အဖွဲ့တွေ ဇွဲကောင်းကောင်းနဲ့ မူးယစ်ဆေးဝါး သယ်ဆောင် မဲ့လမ်းကြောင်းမှာ စောင့်နေခဲ့ကြတယ်။ စောင့်ရကျိုးနပ်သွားတယ်။လူနှစ်ယောက်က ကားတစ်စီးနဲ့မူးယစ်ဆေးဝါးတွေသယ်လာပြီးဟန်နားရွာနားရောက်တော့ နောက်ကားတစ်စီးကို  ပြောင်းပေး ဖို့ ပစ္စည်းတွေချတယ်။ ချိန်းထားတဲ့ကား ရောက်လာတဲ့အခါ ပစ္စည်းပြောင်းတင်ဖို့ လုပ်နေတုန်း ကား (၂) စီး စလုံးနဲ့ တရားခံ (၃) ယောက်ကို အပိုင်ဖမ်းဆီးမိခဲ့တာပါ။


ကျွန်တော်ကြားဖူးသလောက် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်တဲ့ တရားခံတွေဟာ တာဝန်ရှိသူတွေ ဖမ်းဖို့စောင့်နေပြီ၊ မလွတ်တော့ဘူးဆိုရင် ပစ္စည်းအဆုံးခံတယ်။ လူတော့အမိမခံဘဲ လက်လွတ်ထွက်ပြေးတာ များပါ တယ်။ အဲဒီလိုမျိုးဆိုရင် ပိုင်ရှင်မဲ့ဖမ်းမိတာမျိုးတွေပဲ ဖြစ်တတ်တယ်။ အခုကတော့ ကျွန်တော်တို့ ဆင်ကျော့ပြည်သူ့ စစ်တွေက ရဲတွေထက်တောင် ဉာဏ်ပြေးသေးတယ်။ အကွက်ကျကျ ဖမ်းဆီးလိုက်တော့ ငနဲသားတွေကွိကနဲဆို မိပါရောလား။ မိတာမှ အထုပ်အထည်နဲ့ကို မိတာ။ ဆူဒိုအက်ဖီဒရင်းဆေးပြား မြွေရေခွံအိတ်နဲ့ ၈ အိတ်။ အလေးချိန် က ၁၇၆ ကီလိုဂရမ် ၊ ယာဉ်က ၂ စီး။ တရားခံက ၃ ယောက်။ 

          တရားခံတွေကို မင်းတို့ဘယ်ကလဲ… ဒီပစ္စည်းတွေက ဘယ်သူ့ပစ္စည်းတွေလဲ... ဘာလဲညာလဲ… စတာတွေ မေးမလို့လုပ်တုန်းမှာပဲ ဒါငါတို့ဟာတွေပါလို့ လာပြောသူတွေရှိတယ်။ SSPP/SSA လို့ခေါ်တဲ့ ၀မ်ဟိုင်းကအဖွဲ့ပါ။စက်တင်ဘာလ ၂၆ ရက်နေ့ ည ၁၂ နာရီလောက် SSPP/SSA က စုအိန္ဒာနဲ့ အင်အား ၁၀၀ လောက်စုပေါင်းပြီး ဟန်နားရွာမှာရှိတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးနွံမိန်းရဲ့အိမ်ကိုလာဝိုင်းခဲ့တယ်။ ပြည်သူ့စစ် ၁ ဦး၊ ရွာသား ၁ ဦး ကိုဖမ်းသွားခဲ့တယ်။ အခုထိပြန်မလွှတ်သေးဘူး။ ပြီးတော့ အဖမ်းခံထားရတဲ့ သူတို့ အဖွဲ့ဝင် ၃ ဦးရယ် ကားတွေရယ်၊ ဆေးပြားတွေရယ်၊ ပြန်ပေးရင်ပေး၊ မပေးရင် အင်အားအသုံးပြုပြီးတိုက်ခိုက်ပစ်မယ်။ ဟန်နားရွာကို ၀င်ပြီးတော့ မီးရှို့မယ်။ ဆင်ကျော့ရွာကို အမှုန့်ချေမယ်၊ တွေ့သမျှလူ ရန်သူလို့ပဲသတ်မှတ်မယ်လို့ စာနဲ့ရော ရွာသားတွေနဲ့ တစ်ဆင့်ရော ခြိမ်းခြောက်လာခဲ့တယ်။ အဲဒါကတော့ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ တရားခံတွေကို စစ်စရာမလိုဘဲ ကျွန်တော်တို့ SSPP/SSA အဖွဲ့ဟာ တရားခံတွေပါလို့လာပြောတာနဲ့မတူပေဘူးလားဗျာ။

ပြည်သူ့စစ်ဆိုတာ အစိုးရက တရားဝင်ဖွဲ့ထားတဲ့နယ်မြေကာကွယ်ရေးအဖွဲ့တွေပါ။ နယ်မြေအတွင်းမှာ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ဒေသခံပြည်သူတွေအေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်နိုင်ရေး၊ လိုအပ်ရင် ပြည်တွင်း/ ပြည်ပရန်ကိုပါ ကာကွယ်နိုင်ရေး၊ စတာတွေအတွက် ဖွဲ့စည်းထားတာပါ။ ကျွန်တော်တို့ရှမ်းပြည်နယ်လို မူးယစ်ဆေးဝါး စိုက်ပျိုးမှုရှိတဲ့ဒေသ အတွက် ပြည်သူ့ စစ်တွေလိုအပ်တယ်။ မူးယစ်ဆေးဝါးဟာ ကျွန်တော်တို့အားလုံး ကိုလူညွန့်တုံးစေမှာဖြစ်တဲ့ အတွက်ပြည်သူ့စစ်တွေက တားဆီးကာကွယ်ရမဲ့တာဝန်ရှိတယ်။ ဒီလိုမှမဟုတ်ရင်ပြည်သူ့ စစ်လို့ ဘာလို့ ခေါ်တော့မှာလဲ။

ဝမ်ဟိုင်းကအဖွဲ့ရဲ့ ခြိမ်းခြောက်မှုဟာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကိုပါ ခြိမ်းခြောက်တာ ဖြစ်ပါတယ်။ ဒီထက်မက ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌတာဝန်ယူထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေး ချမ်းရေးကော်မတီကို ခြိမ်းခြောက်တာ လို့လဲ ပြောနိုင် ပါလိမ့်မယ်။ နိုင်ငံရဲ့တရားဥပဒေစိုးမိုးမှုဟာ နိုင်ငံအတွင်းက ဒေသတစ်ခုချင်းစီရဲ့ တရားဥပဒေ စိုးမိုးမှုပေါင်းစပ်ခြင်းလို့ ကျွန်တော်တို့ နားလည်တယ်။ ဒါကြောင့် ဆင်ကျော့ ပြည်သူ့စစ်တွေရဲ့ မူးယစ်ဆေးဝါးတားဆီးရေးလုပ်ဆောင်မှုကို ၀မ်ဟိုင်းအဖွဲ့က အခုလိုခြိမ်းခြောက်တာဟာ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ကော်မတီကိုစိန်ခေါ်လိုက်တာလို့ ဆိုချင်ပါတယ်။ 

ဒါကို တာဝန်ရှိသူတွေက လက်ပိုက်ကြည့်မနေကြပါနဲ့။ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်ခံရခြင်းဟာ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး လုပ်ထားတဲ့အဖွဲ့ဖြစ်ပေမဲ့ ဒါကိုတော့ သည်းမခံသင့်ပါဘူး။ ပြည်သူ့စစ်တွေဘက်က ရပ်တည်ပေးခြင်း အားဖြင့် နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ကာကွယ်ပေးပါ။ နိုင်ငံတော် လုံခြုံရေးအတွက်အဓိကတာဝန်ရှိတဲ့ စစ်တပ်ကိုလည်း အကူ အညီတောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ ဖိတ်ခေါ်ပါတယ်။ ဒီလိုကိစ္စမျိုးမှာ ရခိုင်ကိစ္စတုန်းကလို လက်ရှောင်မနေပါနဲ့။

အမေစု ခင်ဗျား… ကျွန်မတို့က နိုင်ငံရေး အမြတ်ထုတ်တယ်လို့ အထင်မခံချင်လို့ ၀င်မပါတာပါလို့လဲ ဆင်ချေမပေးပါနဲ့တော့။ တကယ်တမ်း အမေစုတို့အဖွဲ့မှာ အများကြီးတာဝန်ရှိပါတယ်။ ၀မ်ဟိုင်းအဖွဲ့ကို တားဆီးဖို့ လိုပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတစ်ခု မူးယစ်ဆေးဝါးလုပ်နေတဲ့ ကိစ္စကြီးကို ပြည်သူ့လွှတ်တော်ကဖွဲ့ထားတဲ့ ကော်မတီတစ်ခုက မသိကျိုးကျွံပြုရာ၊ လက်ပိုက်ကြည့်ရာ ရောက်နေပါ တော့မယ်။

SSPP/SSA အဖွဲ့ မူးယစ်ဆေးဝါးနဲ့ အသက်ဆက်ဖို့ကြိုးစားနေတာ DEA ကိုသိစေချင်ပါတယ်။ UNODC လိုလဲမြင်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ယွက်ဆစ်လို ဘိန်းခင်းထဲက လူကိုမှ ရွှေလင်း ယုန်ဆုပေးခဲ့မိတဲ့ ONCB လိုမဖြစ်စေချင်လို့ပါ။ သူခိုးဓားရိုးကမ်း ဆိုသလိုပေါ့ဗျာ။

ဒါကြောင့် ငါတို့ ဆေးပြားတွေပြန်ပေးမလား….မပေးဘူးလား….လို့လာတောင်းနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက SSA အဖွဲ့ သို့မဟုတ် ၀မ်ဟိုင်းက SSPP/SSA မူးယစ်ဆေးဝါးဂိုဏ်းကြီးကို တာဝန်ရှိ သူများ ရှင်းလင်းပေးပါရန် ဆင်ကျော့ဒေသခံတွေရဲ့ကိုယ်စား တောင်းဆိုလိုက်ပါတယ်။

ဆင်ကျော့ဒေသက စိုင်းစိန်မော့
(shan news) 
Readmore »

မူဆယ်တွင် စစ်တပ်မှအရာရှိဟန်ဆောင်ပြီး သေနတ်အတုဖြင့် ငွေတောင်းသူအား ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းနောင်ရပ်ကွက် တွင်နေထိုင် သူ ဒေါ်နန်းစောရင် ၏ နေအိမ် သို့ သေ နတ် အတုဖြင့် စစ်တပ်မှအရာရှိဟန်ဆောင်ကာ ကားနှင့်ငွေလိမ်လည်တောင်းသူအား ဖမ်းမိခဲ့ကြောင်း သိရပါတယ်။

တရားခံ(၃)ဦးနှင့် သေနတ်အတု၊ အရာရှိကဒ်အတုများပုံ
 ဒေါ်နန်းစောရင်သည် ခင်ပွန်းသည်သေဆုံးပြီး အမှုရင်ဆိုင်နေရတဲ့ တရားလိုတစ်ဦးဖြစ်ပါတယ်။ ခင်ပွန်း သည်ဟာ အောက်တိုဘာ ၂ ရက်နေ့ နေ့လည်ပိုင်းက မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်အနီးရှိ ၀ိန်းပိုင်ရွာတွင် အမည်မသိလူတစ်ဦးမှ သေနတ်ဖြင့်ပစ်သတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

အမှုအတွက်လိုအပ်တဲ့ အချက်အလက်တွေကို မေးမြန်းဖို့ရောက်လာတဲ့ ရဲအုပ် တင်အောင်နဲ့အဖွဲ့ကို ဒေါ်နန်းစောရင်မှ သတင်းပို့ပြောပြ ခဲ့တာကြောင့် အထက်ပါလိမ်လည်သူ ၃ ဦးကို ဖမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ရန်နောင်စိုး အသုံးပြုခဲ့သော သေနတ်အတုပုံ

"နေ့လည် ၁ နာရီလောက်မှာ စစ်တပ်က အရာရှိအ၀တ်အစားနဲ့ တစ်ယောက်၊ ဆိုင်ကယ်မောင်းသူ တစ်ယောက်၊ ပေါင်း နှစ်ယောက်ဟာ ကျွန်မအိမ်ထဲကိုရောက်လာပါတယ်။ အရာရှိအ၀တ်အစားနဲ့လူက ဗိုလ်ကြီး ရန်နောင်စိုးဖြစ်ကြောင်းနဲ့ နေပြည်တော်မှစေလွှတ်လိုက်တဲ့သူဖြစ်ကြောင်း ပြောပြီး အမှုအတွက် ငွေ ၅သိန်းတောင်း သွားပါတယ်။ ညနေ ၅ နာရီခွဲလောက်မှာ အရပ်ဝတ်နဲ့နောက်တစ်ခါပြန်လာပြီး သွားလာရေးအဆင် ပြေစေဖို့ဆိုပြီး ကားတစ်စီးထပ်တောင်းပါတယ်။ ည ၈ နာရီလောက်မှာ တစ်ခေါက်ပြန်လာပြီး အိမ်ကို လုံခြုံ ရေးလုပ်ပေးမယ်လို့ပြောပြီး ပြန်ထွက်သွားပါတယ်။ ကျွန်မလည်း ခင်ပွန်းသည် အမှုအတွက် အဆင်ပြေမယ်ထင်ပြီး သူတို့တောင်းဆိုတာတွေကို ဆောင်ရွက်ပေးခဲ့တာပါ"လို့ ဒေါ်နန်းစောရင်က ပြောပြခဲ့ ပါတယ်။

တရားခံ(၃)ဦးစီးလာသည့် နံ့သာရောင် (ပရာဒို)ကားပုံ

 မူဆယ်ခရိုင်မှူး၊ စရဖအဖွဲ့၊ မြို့နယ်ရဲအဖွဲ့တွေပူးပေါင်းပြီး ည ၁၁ နာရီခွဲလောက်မှာ ဒေါ်နန်းစောရင်အိမ် အနီးမှာ သွားရောက်စောင့်ဆိုင်းနေစဉ် ပါရာဒိုကား(နံ့သာရောင်)ဖြင့် လူ ၃ ဦးရောက်ရှိလာပြီး ဒေါ်နန်းစောရင်အိမ်အတွင်း သို့ ၀င်ရောက်လာသဖြင့် လုံးထွေးပြီးဖမ်းဆီးနိုင်ခဲ့ပါတယ်။ ၄င်းအရာရှိ ဟန်ဆောင် ထားသူမှာ ရန်နောင်စိုးဖြစ်ပြီး စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှဖြစ်ပါတယ်။ ၄င်းကိုင်ဆောင်သည့်သေနတ်မှာ ပစ္စတိုအတုဖြစ်ကြောင်းလည်း သိရပါတယ်။ ၄င်းအမှုကို မူဆယ်ရဲစခန်းမှ ဆက်လက်စစ်ဆေးစုံစမ်းမှုတွေ ပြုလုပ်နေ တယ်လို့သိရပါတယ်။

(shan news)
 (မောင်ကျောက်ခဲ)
________________________________________________________________________
Readmore »

တူရကီက ဆီးရီးယားပစ်မှတ်များကို လက်တုံ့ပြန်သည့်အနေဖြင့် အမြောက်ဖြင့် ပစ်ခတ်

ဆီးရီးယားနိုင်ငံမှ နယ်စပ်ကျေးရွာတစ်ရွာသို့ အမြောက်ဖြင့် ပစ်ခတ်ခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် တူရကီအမြေက်တပ်ဖွဲ့က ဆီးရီးယားပစ်မှတ်များကို ဗုဒ္ဓဟူးနေ့ညအထိ ဆက်လက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ဆီးရီးယားပစ်ခတ်မှုကြောင့် ကလေးသုံးဦးအပါအ၀င် အရပ်သားငါးဦး သေဆုံးခဲ့သည်ဟု သိရသည်။


 ဆီးရီးယားပစ်မှတ်အချို့ကို ပစ်ခတ်ပြီးနောက် ကြာသပတေးနေ့ နံနက်ပိုင်းတွင် ရပ်စဲခဲ့သည်ဟု တူရကီ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။ ပစ်မှတ်များမှာ ဗုဒ္ဓဟူးနေ့က အမြောက်ဖြင့် ပစ်ခတ်ခဲ့သော ဆီးရီးယား စစ်စခန်းများဖြစ်သည်ဟု သိရသည်။ မည်သည့်ဆီးရီးယား ပစ်မှတ်များဖြစ်သည်ဟူသော အသေးစိတ် အချက်အလက်များကိုလည်းကောင်း၊ လူအသေအပျောက်ရှိ၊ မရှိကိုလည်းကောင်း ၄င်းတာဝန်ရှိသူက ပြောကြားခြင်း မပြုပေ။

_______________________________________________________________________

Readmore »

သဘာဝ ပတ်ဝန်းကျင်ဆိုပြီးကိုင်ကိုင်ပေါက်နေတဲ ဂျာနယ်လစ်ရင်လစ်သလိုအော်များသို့


မိတ်ဆွေများအနေဖြင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟုသာ အကြောင်းရှိတိုင်းအော်နေလျှင် ကျွန်ုပ်မှလည်း ပြန်လည် အော်ဟစ်ပါသည် ။သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စောင့်ရှောက်သည့်အနေဖြင့် မိတ်ဆွေများ၏ ဂျာနယ်စောင် အရေအတွက်များကို လျှော့ချပေးပါ ။အဘယ့်
ကြောင့်ဆိုသော် ထိုစက္ကူများအတွက် ဝါးများစွာ ခုတ်ထွင်ရသောကြောင့်ဖြစ်ပါသည် ။ ဝါးများစွာပြုန်းတီးပြီး
ထိုဝါးများကို သယ်ယူရသည့် တောထဲမှ စက်ရုံသို့ လမ်းတစ်လျှောက် တွင် လေလွင့်ပြုန်းတီးမှုများ ဝါးမှောင်ခိုများပါ ဖြစ်ပေါ်လာနိုင်ပါသည် ။ သို့တည်းမဟုတ် ပြန်လည် အသုံးပြုနိုင်သော ပျော့ဖတ်များဖြင့်
မိတ်ဆွေများ၏ ဂျာနယ်စာရွှက်များပြုလုပ်သည်ဆိုပါကလည်း ထိုစက်ရုံများအနီးတဝိုက်ရှိ ဒေသခံများ
သည် အနံအသက်ကြောင့် ဒုက္ခရောက်နိုင်ပါသည် ။ထို့အပြင် ပျော့ဖတ်မှ ထွက်ရှိလာသော ရေဆိုးများက
လည်း သဘာဝ ပတ်ဝန်းကျင် ရေ ချောင်း မြောင်း ဂေဟစနစ်ကို များစွာထိခိုက်စေနိုင်ပါသည် ။
ထို့ကြောင့် မြန်မာနိုင်ငံ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရန် တစ်ဖက်တစ်လမ်းမှနေပြီး မိတ်ဆွေများ
ဂျာနယ်လစ်များ ဥိးဆောင်ကာ ဂျာနယ်စောင်ရေများ လျှော့ချခြင်းဖြင့် နမူနာ ဦးဆောင်ကြကုန် ။
 
(မောင်ကျောက်ခဲ)
________________________________________________________________________ 
Readmore »

စကြာဝဠာကြီး၏ ပြန့်ကားမှု နာဆာအကြမ်းဖျင်းတိုင်း

စကြာဝဠာကြီး၏ ပြန့်ကားမှုအတိုင်းအတာကို အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလေကြောင်းနှင့် အာကာသ စီမံခန့်ခွဲရေး အေဂျင်စီ (နာဆာ) က အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။ မဟာစကြာဝဠာကြီး၏ ပြန့်ကားမှု အတိုင်းအတာကို နာဆာအဖွဲ့က တိုင်းတာခဲ့ကြောင်း သိရသည်။



Hubble Constant (ဟက်ဘယ်ကိန်းသေ) ကို နက္ခတ္တဗေဒသိပ္ပံပညာရှင် အက်ဒွင်ပီဟက်ဘယ်က ၁၉၂၀ ခုနှစ်တွင် အတည်ပြုခဲ့သည်။ ယင်း၏ အယူအဆအရ မဟာစကြာဝဠာကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၁၃ ဒသမ ၇ ဘီလီယံခန့်က Big Bang ဟူသော မဟာပေါက်ကွဲမှုကြီးဖြင့် အစပျိုးခဲ့ပြီး ယနေ့ထက်တိုင် ပြန့်ကားလျက်ရှိကြောင်း ယူဆရသည်။



 ၁၉၉၀ ခုနှစ်နောက်ပိုင်းတွင် မဟာစကြာဝဠာကြီး၏ ပြန့်ကားမှု အရှိန်အဟုန်သည် အရှိန်ပိုမြင့်လျက်ရှိကြောင်း နက္ခတ္တဗေဒ ပညာရှင်များက တွေ့ရှိခဲ့ပြီးနောက် မဟာစကြာဝဠာကြီး၏ သက်တမ်းနှင့် အရွယ်အစားကို နားလည်နိုင်ရေးအတွက် စကြာဝဠာကြီး၏ ပြန့်ကားမှု အရှိန်အဟုန်မှာ အရေးပါသော အချက်အလက်တစ်ရပ်အဖြစ် ခေတ်သစ်ရူပဗေဒ ပညာရပ်နယ်ပယ်၌ အရေးပါလာခဲ့သည်။



စပစ်ဇာ အဝေးကြည့်မှန်ပြောင်းကို အသုံးချခြင်းအားဖြင့် နက္ခတ္တဗေဒ သိပ္ပံပညာရှင်များသည် အနီအောက်ရောင်ခြည်၏ အရှည်ဆုံး လှိုင်းအလျားကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ဟက်ဘယ်ကိန်းဒေသ၏ မူလတန်ဖိုး၌ တစ်စက္ကန့်လျှင် ကီလိုမီတာ (အပေါင်း ၇၄ ဒသမ ၃) သို့မဟုတ် ကီိလိုမီတာ (အနုတ် ၂ ဒသမ ၁)ကို ထပ်တိုးခြင်းဖြင့်လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆို သတ်မှတ်ခဲ့သည်။

_______________________________________________________________________
Readmore »

အကယ်ဒမီကို ရုပ်ရှင်အစည်းအရုံးကသာ ပေးတော့မည်

မြန်မာနိုင်ငံတွင် ပြန်ကြားရေးဝန်ကြီးဌာနက ပေးအပ်ခဲ့သော ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုများကို ၂၀၁၂-၂၀၁၄ ဘဏ္ဍာရေးနှစ်မှစ၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် အနုပညာလာကသားများ ကသာ ရွေးချယ်ပေးအပ်တော့မည်ဖြစ်ကြောင်း သိရသည်။



ယခုနှစ်မှ စတင်ကာ အနုပညာသမားများနှင့် လွတ်လပ်စွာ ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် အဆိုပါရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ခွင့်ကို ပထမဆုံး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အကယ်ဒမီပေးတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးအနေနဲ့ ပြောင်းလဲ လာတဲ့ ခေတ်စနစ်တွေနဲ့အညီ အကယ်ဒမီဆုတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်လောက သားများကသာ ပေးအပ်လိုပါတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြခဲ့ရာမှာ အခုဆို ကျွန်တော်တို့ ဆောင်ရွက်လိုတဲ့အတိုင်း ဆောင်ရွက်ခွင့်ရပြီ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။


 “ကျွန်တော်တို့အနေနဲ့ အကယ်ဒမီပေးခွင့် ရလာပြီဆိုပေမယ့် ၂၀၁၁-၂၀၁၂ ခုနှစ်မှာ ပေးမယ်ဆိုရင် ပြင်ဆင် ဆောင်ရွက်ဖို့အတွက် အချိန်တွေမရှိ ဖြစ်နေပါတယ်။ ဒါကြောင့် ၂၀၁၄ နှစ်ဆန်းကနေ ရုပ်ရှင်ထူးချွန်ဆုတွေ စပေးပါမယ်။ ပေးမယ့် ရုပ်ရှင်ကားတွေကတော့ ၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်းမှာ တင်သမျှ ရုပ်ရှင်ကားတွေပဲ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကားတွေကို ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးနဲ့ အနုပညာရှင်တွေက ပေးအပ်သွားမှာပါ” ဟု ဦးဇင်ဝိုင်းက ဆက်၍ ပြောခဲ့သည်။

______________________________________________________________________

Readmore »

Oct 5, 2012

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အရေးအခင်းကာလ မီးလောင်ဆုံးရှုံးမှုများ အတွက် မြန်မာ့အာမခံလုပ်ငန်းမှ လျော်ကြေးငွေပေးအပ်

ရခိုင်ပြည်နယ် စစ်တွေမြို့၌ ၂၀၁၂ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် အရေးအခင်း ကာလ နေအိမ် အဆောက်အအုံနှင့် ဈေးများ မီးလောင်ဆုံးရှုံးမှုအတွက် လျော်ကြေးပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၃ ရက် မွန်းလွဲ ၁ နာရီတွင် မြန်မာ့အာမခံ လုပ်ငန်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ လျော်ကြေးငွေ ပေးအပ်ပွဲသည် ဇွန်လ ၆ ရက်တွင် ဖြစ်ပွားခဲ့သော မသမာရှို့မီးကြောင့် ကူးစက်လောင်ကျွမ်းပြီး ဆုံးရှုံးမှုဖြစ်ပွားခဲ့သည့် ဈေးနှင့် အဆောက်အအုံများမှ အာမခံထားရှိသော “စက်ရုံစုဈေး”၏ ဆိုင်ခန်းများ အပါအ၀င် မြ၀တီဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်များမှ ချေးငွေရယူထားသော နေအိမ်များအတွက် စုစုပေါင်း ကျပ် ၅၇၉ ဒသမ ၁၀ သိန်းနှင့်


ဇူလိုင် ၂၀ ရက် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မေခအင်ဒတ်စထရီ(စ်)လီမိတက် (တိရစ္ဆာန်အစာစက်ရုံ)၏ ကုန်ပစ္စည်းလျော်ကြေး ကျပ် ၃၄၆ ဒသမ ၅၅၇၉၃၆ သိန်း ပေးအပ်ပွဲ အခမ်းအနားတွင် မြန်မာ့အာမံလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက အာမခံထားသူများသို့ စုစုပေါင်း လျော်ကြေးငွေကျပ် ၆၁၃ ဒသမ ၇၅၅၇၉၃၆ သိန်း ပေးအပ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
(သတင်းစဉ်)
_______________________________________________________________________
Readmore »

စီးတီးဘတ်စ်ကား ၂၀၀၂ မော်ဒယ်ကို ပါမစ်မလိုဘဲ တင်သွင်းခွင့်ပြု

ပြည်တွင်း လိုအပ်ချက်အရ စီးတီဘတ်စ်ကား ၂၀၀၂ မော်ဒယ်များကို ပါမစ်မလိုဘဲ ပြည်ပမှ တိုက်ရိုက် တင်သွင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ ဦးသန်းအောင်ကျော်က ပြောကြားသည်။ ယခင်က စီးတီးဘတ်စ် (ခရီးသည်တင်ယာဉ်) များကို ၂၀၀၇ နှင့် အထက် မော်ဒယ်ယာဉ်များကိုသာ ပြည်ပမှ ပါမစ်မလိုဘဲ တင်သွင်းခွင့်ပြုခဲ့သော်လည်း ၂၀၁၂ ခုနှစ် စက်တင်ဘာ နောက်ဆုံးပတ်မှစ၍ စီးတီးဘတ်စ်ကား ၂၀၀၂ မော်ဒယ်ကားများကို ပါမစ်မလိုဘဲ တင်သွင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ထပ်မံသိရှိရသည်။

 “၂၀၀၇ မော်ဒယ်တုန်းက ဈေးကြီးတော့ ပြည်တွင်းက သိပ်မဝယ်နိုင်ကြဘူး။ တချို့က မော်တော်ကားတွေ အပ်တယ်။ အခက်အခဲရှိတော့ စီးတီးဘတ်စ်တွေ အပ်ပြီးတော့ ဟိုင်းဝေးဘတ်စ်တွေ တင်သွင်းကြတယ်။ ပြည်တွင်းမှာ စီးတီးဘတ်စ် စီးရေကျလာတာကို သက်သောင့်သက်သာနဲ့ ဆွဲနိုင်အောင်၊ အများဝယ်နိုင်တဲ့ ကားဖြစ်အောင် အခုလို ၂၀၀၂ မော်ဒယ်တွေကို တင်သွင်းခွင့် ပြုလိုက်တာပါ” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ၂၀၀၂ မော်ဒယ် စီးတီးဘတ်စ်ကားများကို စက်တင်ဘာလ အတွင်းမှစ၍ ပါမစ်မလိုဘဲ တင်သွင်းခွင့် ပြုလိုက်ပြီး တင်သွင်း မှာယူလိုသူများသည် ၂၀၀၂ မော်ဒယ် စီးတီးဘတ်စ် ဘယ်မောင်းယာဉ်များကိုသာ တိုက်ရိုက် တင်သွင်းနိုင်ပြီး ဟိုင်းဝေးဘတ်စ်ကား များမှာ ယခု တင်သွင်းခွင့် ပြုလိုက်သော အစီအစဉ်တွင် ပါဝင်ကြောင်း ထပ်မံ သိရှိရပါသည်။



ယခင်က မထသ (ရန်ကုန်တိုင်းဒေသကြီး) လက်အောက်တွင် မြို့တွင်းခရီးသည်တင် ဘတ်စ်ကား ‘စ’ အက္ခရာမှ ‘ပ’ အက္ခရာအထိ ၅၇၃ စီး ရှိခဲ့သော်လည်း လက်ရှိတွင် ၂၃၆ စီးသာ ပြေးဆွဲလျက် ရှိသောကြောင့် ယာဉ်အိုယာဉ်ဟောင်း အပ်နှံသည့် စီမံကိန်းတွင် ရန်ကုန်မြို့၌ ခရီးသည်တင်ယာဉ် ဘတ်စ်ကားများမှာ လျော့နည်းသွားရခြင်း ဖြစ်ကြောင်း၊ ယခုအခါ ရန်ကုန်မြို့တွင်းတွင် စီးတီးဘတ်စ်ကားများ အစားထိုးပြေးဆွဲရန် လိုအပ်လာပြီဖြစ်ကြောင်း ရန်ကုန်မြို့တွင်း နေ့စဉ်ဘတ်စ်ကားစီး ခရီးသည် ၂ ဒသမ ၆ သန်းခန့်ရှိကြောင်း မထသ (မြို့တွင်း)မှ စာရင်းများအရ သိရသည်။

______________________________________________________________________
Readmore »

ခုနှစ်ရက်အတွင်း ဆယ်ပေါင် နှင့်အထက် အဆီချ Diet Program

ကဲ ဒီအဆီချနည်းကို စောင့်နေကြတဲ့လူတွေ အတော်များမယ်ထင်ပါတယ်....
ဒီစာတွေအားလုံးကို ကျွန်တော့ ကောင်မလေးက ကျွန်တော့ အတွက် အပင်ပန်းခံရိုက်ပေးထားရှာတာပါ...... အခု သူ့ ခွင့်ပြုချက်နဲ့ ပဲ သူငယ်ချင်းတွေကို ဝေမျှပါတယ်.... :)

 ဒီ Program ကိုလည်း သူပဲရှာပေးခဲ့တာကိုး......

 အဆီကျဟင်းရည် ချက်နည်း
 ကြက်သွန်နီဥကြီး 6 လုံး
 ငရုတ်သီးပွ (အစိမ်း) 2 ခု
 ခရမ်းချဉ်သီး 6 လုံး
တ၇ုတ် နံနံပင် ဂေါ်ဖီထုပ် 1 လုံး
 Lapton Omon Soup Mix တစ်ထုပ်

 (လိုအပ်လျှင် စွပ်ပြုတ်အခဲ (၁-၂) ခဲ) အရသာရှိစေရန် ဆား၊ ငရုတ်ကောင်း၊ မဆလာ၊ အမွှေးအကြိုင် လိုအပ်သလိုထည့်ပါ။ (တုန်ယမ်း ချဉ်စပ် အနှစ်နဲ့ တွဲဖက်ချက်လျှင်လည်းရပါသည်... ကျွန်တော်ကတော့ တုန်ယမ်းနှင့်တွဲချက်ပါသည်.... အနံအသက်အတော်သက်သာသည်ကို တွေ့ရပါသည်..)

 အသီးအရွက်များကို အရွယ်တော် အတုံးများဖြစ်အောင်ဖြတ်ပါ။ ရေဖုံးအောင်ထည့်ပါ။ သစ်သီး၊ ဟင်းသီးဟင်းရွက်မှ ရသောအရည်များကို ထည့်ခြင်းဖြင့်လည်း အနံ့နှင့် အရသာကို ပိုမိုကောင်းမွန်စေပါသည်။ ပွက်ပွက်ဆူ အနေအထားမှာ ၁၀ မိနစ်ခန့် ထားပါ။ ထို့နောက် မီးလျှော့ပြီး ဟင်းသီးဟင်းရွက်များကို နူးနပ်သည်အထိ ချက်ပါ။ အထက်ပါအဆီကျဟင်းရည်ကို အချိန်မရွေး၊ စားချင်သလောက် စားသုံးနိုင်ပါသည်။ ဤဟင်းရည်ကို စားသုံးခြင်းဖြင့် ကယ်လိုရီများမတိုးလာနိုင်ပါ။ များများစားလေ အလေးချိန်ပိုလျော့နိုင်လေဖြစ်ပါသည်။ အလွန်ကြာရှည်စွာစားသုံးလျှင်မူ အာဟာရချို့တဲ့ခြင်းဖြစ်လာနိုင်ပါသည်။ နေ့လည်ပိုင်းများတွင် အပြင်သွားနေရမည်ဆိုပါက ထမင်းချိုင့်ထဲထည့်၍ သယ်ယူသုံးဆောင်နိုင်ပါသည်။


 (၇) ရက်စားသုံးနည်းအစီအစဉ်ကို သင်အဆင်ပြေသလို စားသုံးနိုင်ပါသည်။ အညွှန်းအတိုင်း တိကျစွာလိုက်နာပါက သင့်ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ သန့်စင်သွားပါလိမ့်မည်။ ပေါ့ပါးကျန်းမာခြင်း ကိုလည်း ခံစားရပါလိမ့်မည်။ ဤအစီအစဉ်ကို ရက်အနည်းငယ်အတွင်းမှပါပင် ပေါ့ပါးလာသည်ကို တွေ့ရမည်ဖြစ်ပြီး ခွန်အားများလည်း ရှိလာမည်ဖြစ်သည်။ ဤအစီအစဉ်ကို သင်စားနိုင်သလောက်အချိန်အထိ ကြာရှည်စွာစားသုံးနိုင်ပါသည်။ ဤစားသုံးနည်းသည် အဆီများကို လျှင်မြန်စွာ ချေဖျက်နိုင်သည့်နည်း ဖြစ်ပြီး အဓိကလျှို့ဝှက်ချက်မှာ ကယ်လိုရီများကို သင်စားသုံးနိုင်သည့်ပမာဏထက်ပို၍ ချေဖျက်နိုင်ခြင်းဖြစ်ပါသည်။ ဤစားသုံးနည်းကို စားသုံးနေချိန်အတွင်း ကိုယ်ခန္ဓာအတွင်းရှိအဆီများကို ဖယ်ရှားနေသည့်ကာလဖြစ်သောကြောင့် အရက်၊ ယမကာသောက်ခြင်း မသင့်လျော်ပါ။ ဤဟင်းရည်စားသုံးခြင်းကို အနည်းဆုံး ၂၄ နာရီခွာ၍ ရပ်ပြီးမှ အရက်သုံးဆောင်သင့်ပါသည်။

 လူတစ်ဦးစီ၏ အစာချေဖျက်စနစ်မတူညီသောကြောင့် ဤစားသုံးနည်း၏ လူတစ်ဦးစီပေါ် သက်ရောက်မှုမှာလည်း ကွဲပြားနိုင်ပါသည်။ ဤစားသုံးနည်းကိုစတင်ပြီး ရက်အနည်းငယ်အတွင်း သင်၏၀မ်းဗိုက်လှုပ်ရှားမှုအခြေအနေ ပြောင်းလဲခဲ့ပါက bran နှင့် fibre ကိုတစ်ခွက်စာစားသုံးနိုင်ပါသည်။ ဤ (၇) ရက်အတွင်း ဘလက်ကော်ဖီ သုံးဆောင်နိုင်သော်လည်း ကော်ဖီမှ ကဖိန်းဓာတ်ကို မလိုအပ်တော့ကြောင်း (၃) ရက်အကြာတွင်တွေ့ရလိမ့်မည်။



 အထူးရှောင်ကြဉ်ရန် ပေါင်မုန့်၊ အရက်နှင့် ဂက်စ်ပါသော အချိုရည်များကို ရှောင်ရပါမည်။

 ရေ၊ အချိုမပါသော လက်ဖက်ရည်၊ ဘလက်ကော်ဖီ၊ အချိုမပါသော အသီးဖျော်ရည်များနှင့် အဆီဖယ်ထုတ်ထားသော နွားနို့တို့ကို သုံးဆောင်နိုင်ပါသည်။ အရေခွံမပါသော ကြက်သားပြုတ် (သို့) ကြက်သားကင်ကို အမဲသားအစား သုံးဆောင်နိုင်ပါသည်။ သင်ပိုမိုနှစ်သက်မည်ဆိုပါက အမဲသားစားရမည့်တစ်ရက်ကို ငါးပြုတ်နှင့် အစားထိုးနိုင်ပါသည်။ နောက်တစ်ရက်မှာတော့ အမဲသားမှာပါတဲ့ ပရိုတင်းဓာတ်ကို သင်လိုပါလိမ့်မည်။ ဤအဆီကျဟင်းရည်ကို ဆာလောင်သည့်အချိန်တိုင်း၊ ကြိုက်သလောက် ထပ်ကာထပ်ကာစားသုံးနိုင်ပါသည်။ ဤဟင်းရည်ကိုစားသုံးခြင်းဖြင့်ကယ်လိုရီမတိုးလာနိုင်ပါ။ များများစားလေ များများ အလေးချိန်ပိုလျော့လေဖြစ်ပါသည်။ မည်သည့်ဆေးဝါးမဆို ဤစားသုံးနည်းအစီအစဉ်ဖြင့် အန္တရာယ်မဖြစ်လာနိုင်ပါ။ သင်လိုသလောက်အချိန် ကာလအထိ ဤအစီအစဉ်ကို အသုံးပြုနိုင်ပါသည်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို သင်ကိုယ်တွေ့ခံစားကြည့်ပါ။



 Satred Heart Hospital မှ ခွဲစိတ်ကုသမှုမခံယူမီ ကိုယ်အလေးချိန်လျင်မြန်စွာကျဆင်းရန် လိုအပ်သော အ၀လွန်လူနာများအတွက် အသုံးပြုသည်။ ပထမနေ့ သစ်သီးများအားလုံး (ငှက်ပျောသီးမှအပ)၊ ပထမနေ့တွင်ငှက်ပျောသီးမှ အပ၊ အခြားသစ်သီးများအားလုံးကို စားသုံးနိုင်ပါသည်။ သခွားမွှေးသီးနှင့် ဖရဲသီးများမှာ အခြားသစ်သီးများထက် ကယ်လိုရီပါဝင်မှု လျော့နည်းပါသည်။ ပထမနေ့တွင်အဆီကျဟင်းရည်နှင့် သစ်သီးများကိုသာ စားသုံးခွင့်ရှိပါသည်။

အချိုမပါသော လက်ဖက်ရည်၊ cranberry juice နှင့်ရေကို သောက်သုံးနိုင်ပါသည်။ (ကျွန်တော့ တုန်းက တော့ .. ဖရဲသီး နှင့် အဲဒီဟင်းရည်နှစ်မျိုးတည်းကို ပဲ သောက်ပါတယ်..


 ပထမနေ့မှာ 
အတော်ခံရခက်ပါလိမ့်မယ်... စိတ်လည်း တိုတတ်ပါတယ်... :) )
ဒုတိယနေ့ 
  ဟင်းသီးဟင်းရွက်များအားလုံး၊ အစိမ်းဖြစ်စေ၊ ကျက်ပြီးသားဖြစ်စေ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်များကို ဗိုက်ပြည့်သည်အထိ စားသုံးနိုင်ပါသည်။ အစိမ်းရောင်ရှိ၊ အရွက်ပါသော ဟင်းရွက်များကို ပို၍စားသုံးသင့်ပါသည်။ ပဲအမျိုးမျိုးနှင့် ပြောင်းဖူးများကိုတော့ ရှောင်ကြဉ်သင့်ပါသည်။ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်နှင့် အဆီကျဟင်းရည်ကိုတွဲဖက်၍ ညစာအတွက်သုံးဆောင်ပါ။ ကင်ထားတဲ့ အာလူးကြီးတစ်လုံးကို ထောပတ်နှင့်ရောပြီး တစ်ခါစားသုံးခွင့်ရှိပါသည်။
ဒုတိယနေ့မှာ အဆီကျဟင်းရည်ကို ကြိုက်သလောက်စားသုံးခွင့်ရှိပါသည်။ သစ်သီးစားခွင့်တော့မရှိပါ။ (ကန်စွန်းရွက် ဂေါ်ဖီထုတ် စတာတွေကို နည်းမျိုးစုံနဲ့ ကြော်စားခဲ့ပါတယ်... ဆီကို ပါလေ့ရုံ အနံ့ကလေး လောက်ထည့်ပြီးရေနဲ့ ကြော်ပါ...... အဆင်ပြေပါလိမ့်မယ်. .... သူတို့ ကတော့ ဘိုစာဆိုတော့ အာလူးကင်ပေါ့လေ... ကျွန်တော်ကတော့ နီးနီးနားနား အဆင်ပြေတဲ့ ကိုရီးယားထမင်းလိပ်တစ်ပွဲဝယ်စားလိုက်ပါတယ်.. အဓိက ကစိဓာတ်ပါတာချင်းတူတူပဲလေ... . )

တတိယနေ့
  ပထမနေ့နှင့် ဒုတိယနေ့ကို ရောပြီးစားပါ။ သင်ကြိုက်သလောက် အဆီကျဟင်းရည်၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးခွင့်ရှိပါသည်။ အာလူးပြုတ်ကိုတော့ စားခွင့်မရှိပါ။
 စတုတ္ထနေ့

 ငှက်ပျောသီးနှင့် အဆီထုတ်ထားသော နွားနို့၊ အဆီကျဟင်းရည်နှင့် တွဲဖက်စားသုံးတဲ့အခါမှာ ငှက်ပျောသီးကို (၈) လုံးအထိ စားခွင့်ရှိပြီး အဆီထုတ်ထားတဲ့နွားနို့ကိုတော့ ကြိုက်သလောက် သောက်ခွင့်ရှိပါ သည်။ ငှက်ပျောသီးနှင့် နွားနို့မှာ ကယ်လိုရီနှင့် ကာဗိုဟိုက်ဒြိတ်အများအပြားပါဝင်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ အချိုကိုတောင့်တစိတ်တွေ လျော့ကျသွားစေဖို့ အတွက် ပိုတက်ဆီယမ်၊ ကာဗိုဟိုက်ဒြိတ်၊ ပရိုတင်းနှင့် ကယ်(လ)စီယမ်တို့ကို သင့်ခန္ဓာကိုယ်က လိုအပ်ပါသည်။ (အဆီထုတ်ထားတဲ့ နွားနို့ ရှာမတွေ့နိုင်ခဲ့တာကြောင့် .... ငှက်ပျော်သီး ရှစ်လုံးကို မနက်စာအဖြစ် စားပြီး .. နေ့လည် နဲ့ ညနေကို အရွက်ကြော်ပဲစားခဲ့ပါတယ်... သူမှာတဲ့အတိုင်းတော့ မစားဖြစ်ခဲ့ပါဘူး)

 ပဉ္စမနေ့ 

  အမဲသားနှင့်ခရမ်းချဉ်သီး။ ၁၀-၂၀ အောင်စရှိတဲ့ အမဲသားကို လတ်ဆတ်တဲ့ ခရမ်းချဉ်သီး (၆)လုံး လောက်အထိတွဲပြီးစားသုံးနိုင်ပါသည်။ ခန္ဓာကိုယ်မှာရှိတဲ့ urine acid ကိုဆေးချဖို့အတွက် အနည်းဆုံးရေ (၈) ခွက် သောက်ပေးပါ။ အဆီကျဟင်းရည်ကို အနည်းဆုံးတစ်ခါလောက်တော့ စားသုံးဖို့လိုပါတယ်။ (ကြက်သားကို ပြုတ်လိုက်ပြီး .... ခရမ်းချဉ်သီးနဲ့ တွဲစားပါတယ်.... ညနေဗိုက်ဆာတော့လည်း ခရမ်းချဉ်သီးပဲစားပါတယ်...... )

 ဆဌမနေ့ 
 အမဲသားနှင့် ဟင်းသီးဟင်းရွက်များ။ ဒီနေ့အတွက်တော့ သင်ဆန္ဒရှိသလောက် အမဲသားနှင့် ဟင်းသီးဟင်းရွက်တွေ ရောပြီးစားသုံးနိုင်ပါတယ်။ အရွယ်တော်အသားတုံး (၆)တုံး လောက်အထိကို အရွက်ပါတဲ့ ဟင်းရွက်နှင့်တွဲပြီး စားသုံးနိုင်ပါတယ်။ အာလူးကင်ကိုတော့ စားခွင့်မရှိပါ။ အဆီကျဟင်းရည်ကို အနည်းဆုံးတစ်ခေါက်လောက်တော့ သောက်ဖြစ်အောင်ဂရုစိုက်ပြီး သောက်ပါ။ (ပျော်စရာကောင်းတဲ့နေ့ပါပဲ ... ကြက်ကင် တစ်ခြမ်းဝယ်လိုက်ပြီး မနက်ညကို အရွက် တစ်မျိုးမျိုးနဲ့ တွဲကြော်ပြီး စားလိုက်တယ်.... ညနေဗိုက်ဆာတော့ ခရမ်းချဉ်သီးပဲစားပါတယ်...)

 သတ္တမနေ့
 ဆန်လုံးညို၊ အချိုမပါသော သစ်သီးရည်များနှင့် ဟင်းသီးဟင်းရွက်များ။ ဒီ (၃) မျိုးကိုလည်း ကြိုက်သလောက် စားနိုင်ခွင့်ရှိပါတယ်။ အဆီကျဟင်းရည်ကို လည်း မမေ့မလျော့ အနည်းဆုံးတစ်ခေါက်လောက် သုံးဆောင်ပေးပါ။ (သစ်သီးရည်က ရှာရခက်တာကြောင့် .... သစ်သီးနဲ့ အရွက်ကြော်ကို တတိယနေ့ ကစားသလိုပဲစားခဲ့ပါတယ်..) (၇) ရက် ပြည့်ပြီး၊ သင့်ဘက်ကလည်း အညွှန်းအတိုင်း အတိအကျ လိုက်နာခဲ့တယ်ဆိုရင် (၁၀) ပေါင်ကနေ (၁၇) ပေါင် အထိ အလေးချိန်လျော့ကျပြီး ဖြစ်နေပါလိမ့်မယ်။

အကယ်၍ (၁၇) ပေါင်ထက်ပိုပြီး ကျသွားခဲ့တယ်ဆိုရင်တော့ ဒီစားသုံးနည်းကို နောက်တစ်ခါ
ပထမနေ့ကပြန်မစခင် အနည်းဆုံး (၂) ရက် ရပ်ထားလိုက်ပါ



 (တစ်ပါတ်ပြည့်တဲ့ အခါ ကိုးပေါင်တိတိကျပါတယ်.... ဒါက ဒီကြားထဲမှာ ကျွန်တော် တို့ ဟူးကြော်နည်းနည်းစားလိုက်တာ ပါလိမ့်မယ်ထင်ပါတယ်... နောက်မုန့်ဟင်းခါး တစ်ပွဲလည်း စားမိပါတယ်.. ကဲ ချစ်လှစွာသော သူငယ်ချင်းမိတ်ဆွေပရိသတ်များ လည်း တစ်ပါတ်လောက်စမ်းကြည့်စေချင်ပါတယ်.... အဆင်ပြေမှာပါ.... အစပိုင်းမှာ အနည်းငယ်ဒေါသကြီးပြီး နောက်ပိုင်းတော့ အသားကျလာမှာပါ.... အောင်မြင်ကြပါစေဗျာ.... )

 (ဒီ diet program ကို ကျားမ မရွေးလုပ်နိုင်ပါတယ်... မိန်းမပုံပဲပြထားလို့ ယောက်ကျားတွေ လုပ်လို့ မရဘူးထင်မှာစိုးလို့ပါ)
 မေတ္တာ သက်သက်ဖြင့်
 လင်းလွန်းညိ
_______________________________________________________________________
Readmore »

အာဇာနည်ခေါင်းဆောင်ကြီး၏သမီး ကွယ်လွန်

အာဇာနည်ခေါင်းဆောင်ကြီး ဦးဘဝင်း + ဒေါ်ခင်စောတို့၏သမီးကြီး ဒေါ်တင်လှဝင်း အသက် (၇၆) နှစ်သည် ၂၈.၉.၂ဝ၁၂ ရက်နေ့ နံနက် (၄း၃ဝ) နာရီအချိန်တွင်ကွယ်လွန်သွားခဲ့ပြီး ယင်းနေ့ နံနက် (၁ဝး ဝဝ) နာရီအချိန်၌ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှ ရေဝေးသုဿန် အအေးခန်းသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ကူညီဖေးမပို့ဆောင်ပေးခဲ့သည်။ ဈာပနအခမ်းအနားအား ၃ဝ.၉.၂ဝ၁၂ (တနင်္ဂနွေနေ့) ညနေ (၄းဝဝ ~ ၅းဝဝ) နာရီအချိန်တွင် ရေဝေးသုဿန်ရှိ ခန်းမဆောင် (၁/က) ၌ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ စီစဉ်ဆောင်ရွက်ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။



(မောင်ကျောက်ခဲ)
_______________________________________________________________________ 
Readmore »

ဖာတန်းများနဲ့ အောက်ခြေလူတန်းစား ဘဝ တိုက်ရိုက်ပတ်သတ်မှူမှသည် နားပေါက်နဲ့ ခလောက် ပဲကျန်တော့မည်လား


 ကေတီဗွီတစ်ခုရဲ့ တစ်ည၀င်ငွေဟာ သာမန်ဝန်ထမ်းတစ်ယောက်ရဲ့ တစ်နှစ်စာနဲ့ ညီမျှပါတယ်။
 တ၇ားဝင် ပြည့်တန်ဆာတန်း ရဲ့တစ်ည၀င်ငွေဆိုရင်………..။

 တိုးတက်တာလား လူမှုဘ၀တွေ ပျက်စီးတာလား၊ မိသားစုရဲ့မျက်ရည်တွေ ထည့်တွက်ကြည့်ပါ။ ယခင်က ရိုးသားတဲ့ တောင်သူလယ်သမားတွေ ဘာကြောင့် “နားပေါက်နဲ့ ခလောက်” ပဲကျန်တော့တာလည်း…? တရားဝင် ပြည့်တန်ဆာတန်း ရှိသင့် မရှိသင့်…………. ကျွန်တော်ရေးချင်နေတာ တော်တော်ကြာပါပြီ။ အခုတော့ တရားဝင် ပြည့်တန်ဆာတန်း ဖွင့်ခွင့်တောင်းဆိုမယ်လို့ သတင်းဖတ်ရလို့ မြန်မြန်ရေးဖြစ်ဖို့ အကြောင်းဖန်လာပါတယ်။

 ကျွန်တော် မန္တလေးမှာမွေးဖွား ကြီးပြင်းခဲ့လို့ မြန်မာမှု ဓလေ့စရိုက်၊ ဘာသာတရား ကိုင်းရှိုင်းမှု၊ မြန်မာ့ယဉ်ကျေးမှု ပတ်ဝန်းကျင်နဲ့ ကြီးပြင်းလာခဲ့တယ်။ ဆယ်တန်းအောင်တော့ ရန်ကုန်တက္ကသိုလ်မှာ တက်ခဲ့တဲ့အတွက် အောက်မြန်မာပြည် ယဉ်ကျေးမှုကိုလည်း ကြုံဆုံခဲ့တယ်။ မိခင်ဇာတိဖြစ်တဲ့ ယခုနေပြည်တော်မှာ အခြေချတော့ မြန်မာပြည် အလယ်ပိုင်းရဲ့ မြန်မာ့ဓလေ့ ရိုးရာယဉ်ကျေးမှုကို ဆက်လက်တွေ့ကြုံ လေ့လာမိပြန်တယ်။ မြန်မာပြည် တစ်နံတစ်လျားမှာ မြန်မာ့ယဉ်ကျေးမှု၊ တိုင်းရင်းသား ယဉ်ကျေးမှု ဆိုတာ သူ့အ၇ပ်နဲ့ သူ့ဇာတ် ဆိုသလို ရှိကြပေမဲ့ ဗုဒ္ဓဘာသာမှ ဆင်းသက်လာတဲ့ ယဉ်ကျေးမှု ဖြစ်လို့ ဘာသာတရား အယူဝါဒအောက်က သွေဖယ်ဆန့်ကျင်တဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်တော့ မရှိဘူး။ ယခင် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုမြို့တော်လို့ သတ်မှတ်ခဲ့တဲ့ မန္တလေးမြို့ဟာ လူမျိုးခြားတွေရဲ့ ယဉ်ကျေးမှုတွေ တစ်စတစ်စ ဖုံးလွှမ်းလို့ လာနေပြီ။ ကိုယ့်မြေ ကိုယ့်ယဉ်ကျေးမှုကို မကာကွယ်နိုင်တာ ကိုယ်ညံ့လို့ပါ။

 မြန်မာနိုင်ငံ ကြီး ဆင်းရဲပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေနည်းပါးပါတယ် ဆိုတဲ့ကြားက လူမျိုးခြားတွေက ဘာကြောင့် မြန်မာနိုင်ငံမှာ အခြေချ နေထိုင်လာကြလည်း? လုပ်သလောက် အကျိုးခံစားခွင့် မရရင် ဘာကြောင့် သူတို့ဇာတိကို စွန့်ပြီး သူများတိုင်းပြည်မှာ အခြေချနေထိုင်နိုင်ကြသလည်း?
 ဘယ်လို နေကြပြီး ဘာတွေလုပ်ကြ သလည်း? 

ဖောက်သည်မျှော်နေတဲ့ ကေတီဗွီမယ်လေး

ယှဉ်ကြည့်ကြပါ။ မြန်မာနိုင်ငံဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ဖြစ်တဲ့အတွက် ယောင်္ကျား မိန်းမ တန်းတူ အခွင့်အရေးရှိပါတယ်။ အခြားသော မဟာယန၊ ဗြဟ္မဏ၊ ဇင် ဗုဒ္ဓဘာသာများလို မဟာဖိုဝါဒ( ယောင်္ကျားသာ အမြတ်ဆုံး) ဆိုတာ မရှိပါဘူး။ ဒါကြောင့် အမျိုးသမီးတွေကို ၁၉ ရာစုက ကျွန်တွေလို စင်ပေါ်တင်ပြီး ဈေးခေါ်ရာင်းသလို ခိုင်းမစားကြပါဘူး။ မြန်မာ့ ယဉ်ကျေးမှုအရပဲ ကြည့်ကြည့် ဘာသာရေး ရှုထောင့်ကပဲ ကြည့်ကြည့် အမျိုးသမီးတွေကို လိင်အလုပ်သမားအဖြစ် လုပ်ကိုင်ခြင်းရော ခိုင်းစေခြင်းကိုပါ ဘယ်ခေတ် အခါကမှ အားမပေးခဲ့ပါဘူး။ အမေလို နှမလို စောင့်ေ၇ှာက် အလေးထားခဲ့ကြတဲ့ ယဉ်ကျေးမှု အားနွဲ့တဲ့ မိန်းမသား ဆိုပြီး အထူးကာကွယ်ပေးခဲ့ကြပါတယ်။ ကိုယ့်အမျိုးသားချင်း လမ်းမှားရောက်နေရင်တောင် ကယ်တင်ကြတယ်။ လူမှုဘ၀တွေမှာလည်း မိန်းမကောင်းတစ်ယောက်နဲ့ မိန်းမပျက်တစ်ယောက် ကိုဘယ်သူ အရေးတယူ ဆက်ဆံ မလည်း။ အဆင့်အတန်းဆိုတာ ခွဲစရာမလိုပါဘူး သူ့အလိုလို ကွဲသွားတာပါ။ အညာဒေသ မြန်မာလူမျိုးတွေရဲ့ စည်းလုံးတဲ့ ကိုယ့်အမျိုးကိုယ် ချစ်တဲ့စိတ်ကြောင့် အညာဓလေ့ ဆိုတဲ့ စကားပဲ ရှိပါတယ်။ အကြေဓလေ့ ဆိုတာ မရှိပါဘူး။ 

 အခု မြန်မာပြည် အလယ်ပိုင်း နေပြည်တော် ဆိုပြီး မြန်မာနိုင်ငံရဲ့ ရုံးပေါင်းစုံဆိုက်ရာ မြို့တော်ကြီး ပေါ်လာတော့ ရုပ်ဝတ္ထုအဆောက်အဦတွေနဲ့ အပြိုင် ယခင်မရှိခဲ့ဘူးတဲ့ ကေတီဗွီ၊ စင်တင်၊ မာဆတ် တွေ အများအပြားပေါ်ထွန်းလာတော့ ဒေသခံတွေ မမြင်ဘူး မူးမြစ်ထင်ပီး လယ်ရော်ကြေးရတဲ့ငွေတွေ အိမ်ဝိုင်း အစားရတဲ့ မြေကွက်ကလေးတွေ ရောင်းချပြီး ကဲလိုက်ကြတာ 
အခုဆိုရင် အိမ်ထောင်ရေး အကွဲအပြဲဇာတ်လမ်း တွေဟာ ယခင်နှစ်များထက် ဘယ်လောက်ရာခိုင်နှုံး တက်သွားပြီလဲ? နေပြည်တော်က ဒေသခံတွေ မှာ လုပ်စားစရာလည်း လယ်မြေ မရှိတော့ဘူး။ ရော်ကြေးရတဲ့မြေကွက်ရောင်းရငွေတွေလည်း သုံးပစ်လို့ ကုန်ပြီ။ အိမ်ထောင်တွေ ပျက်စီး သားသမီးတွေ စာရိတ္တတွေပျက်၊ အရင်ကောက်စိုက် သမလေးတွေက ကေတီဗွီမှာ အလုပ်ဆင်း၊ နေစရာအိမ်လေးတွေပဲ ကျန်တော့တယ်။


“ေ၇ွှကျောင်းပြောင်ပြောင် ၀မ်းခေါင်ခေါင်” ဘ၀တွေပါ။ နေပြည်တော်က လယ်သမားတွေဘ၀ဟာ ဒီလို ကေတီဗွီ၊ စင်တင်၊ မာဆတ် အမည်ခံ ပြည့်တန်ဆာလုပ်ငန်းတွေ ခေတ်စားလာတော့ တိုင်းပြည်ရဲ့ အမြတ်တော်ခွန်သာ တိုးမလာတာ သူတို့မှာတော့ “နားပေါက်နဲ့ ခလောက်” ပဲ ကျန်ပါတော့တယ်။ နားမှာ နားကပ်မရှိတော့ နားပေါက်ဟောင်းလောင်းနဲ့ လယ်လုပ်ဖို့ နွားတွေ မရှိတော့ နွားဆွဲ တဲ့ ခလောက်ပဲ ကျန်တော့တယ်။ ဘ၀ပေါင်းများစွာ စတေး၇တာပါ။ ဘာသာရေးအ၇လည်း သူများ အသိုက်အမြုံကို ဖျက်ရင် အင်မတန် ငရဲကြီးပါတယ်။ ပျက်စီးကုန်တဲ့ မိသားစုပေါင်းများစွာဘ၀ကို ကိုယ်ချင်းစာသင့်ပါတယ်။
Readmore »

မိကျောင်းမင်းများ သို့ ရေခင်းမိပြန်ခြင်း

မောင်ကျောက်ခဲ ကောက်ယူရရှိသော မဲအရေအတွက်

မိကျောင်းမင်းများသို့ ရေခင်းပြသည်ဟု ဆိုစေက ဆိုစေတော့
မောင်ကျောက်ခဲတို့လေးစားသော တပ်မတော်သားများနှင့် တပ်မတော်သားတို့၏ မိသားစုများ ကချင်ပြည်နယ်ရှိ စစ်ရှောင်ပြည်သူများ  မျက်နှာကို သာ ကြည့်ပြီး ဆွန်ဇု၏ ကျမ်းကြိးကိုသာ
အားကိုးတကြီး ထုတ်ပြမိပါသည် ။





(မောင်ကျောက်ခဲ အဖွဲ့ )
_____________________________________________________________________
Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ