Aug 16, 2013
၁၆-၈-၂၀၁၃ နေ့ နံနက်ပိုင်း VOA နားထောင်မိကြသူ ဋ္ဌာနေရခိုင်တို့၏ အသံများ
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
10:17 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဆောင်းပါး
စွန့်စားလိုသူ အက်ရှင်ကြိုက် မမ တွေအားကျစရာ ရဲမေသင်တန်း
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
9:39 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
မန္တလေး ရဲ တွေ တာဝန်ရှောင်နေဆဲ ဓါးခုတ်မှူများ
ကျွန်တော်အလုပ်ကနေ ဆိုင်ကယ်နဲ့ ပြန်လာတာပါ၊လမ်း၈၀ အတိုင်း တောင်ဖက်ကနေ မြောက်ဖက်ကို ပြန်အလာ ၁၄လမ်းနဲ့၁၅လမ်းကြားအရောက်မှာ နောက်ကနေ ဖီနိုဆိုင်ကယ်၃စီးနဲ့ လိုက်လာပြီး ခုတ်တာပါ၊
ကျွန်တော်လည်း ဓားနဲ့အခုတ်ခံလိုက်ရတာနဲ့ ကြောက်ပြီး အိမ်ကိုအရောက် အတင်းမောင်းပြေးခဲ့ပါတယ်၊ အဲဒီအချိန်မှာ နောက်ကနေ အစ်ကိုကြီးတစ်ယောက် ဆိုင်ကယ်နဲ့လိုက်လာပြီးကျွန်တော့်ကို သတင်းမေးပါတယ်၊ ကျွန်တော်တို့ ဆိုင်ကယ်မောင်းလာရင်းနဲ့ကျုံးရဲ့မြောက်ဖ က်ပေါက်ကိုရောက်လာပါတယ်။
နောက်က သတင်းလိုက်မေးတဲ့ အစ်ကိုကြီးက မြောက်ပေါက်မှာ တာဝန်ကျနေတဲ့ ရဲတွေတွေ့တာနဲ့ဝင်ပြီးအကြောင်း ကြားဖို့ပြောပါတယ်။ ဒါနဲ့ အဲဒီအစ်ကိုကြီးကပဲ ဦးဆောင်ပြီးရဲတွေကိုကျွန်တော်ရလာတဲ့ ဒဏ်ရာတွေပြပြီး အကျိုးအကြောင်းေ ပြာပြပါတယ်။
အဲဒီအခါမှာ ရဲတွေကခင်ဗျားဖြစ်ခဲ့တာ ကျွန်တော်တို့အပိုင်မဟုတ်ဘူး၊ အမှတ်(၄)စခန်းပိုင် နယ်မြေမှာဖြစ်တာ၊ အဲဒီကိုပဲသွားလို့ပြောပါတယ်၊ဒါနဲ့ပဲ အကူအညီပေးတဲ့အစ်ကိုကြီးက ဦးဆောင်ပြီး ကျွန်တော်တို့အမှတ်(၄)ရဲစခန်းကိုသွားခဲ့ပါ တယ်။
အမှတ်(၄)ရဲစခန်းကိုရောက်တော့တာဝန်ကျနေတယ်ဆိုတဲ့ရဲတစ်ယောက်ပဲ တွေ့ပါတယ်၊ယူနီဖောင်းဝတ်မထားပါဘူး။နောင်မှ အဲဒီသူဟာ ရဲတပ်ကြပ်အောင်ြ မင့်ဦးလို့သိရပါတယ်။ တာဝန်ကျတပ်ကြပ်ေ အာင်မြင့်ဦးကလည်း“ကျုံးဘေးမှာ တာဝန် ကျနေတဲ့ရဲတွေရှိတယ်၊အဲဒီကိုသွားပါ” လို့ လွှဲချပြန်ပါတယ်။ လိုက်ကူညီပေးတဲ့ အစ်ကိုကြီးက ဒဏ်ရာရလာတဲ့လူ ပါလာပါတယ်ဆိုပြီး ကျွန်တော့်ကိုပြပြီးပြောမှ ဆေးစာရေးပေးပါတယ်။
ကျွန်တော့်ကို လိုက်ကူညီပေးတဲ့ အစ်ကိုကြီးဟာ မဇ္ဇျိမသတင်းစာက သတင်းထောက်ေ အာင်ကိုဦးဆိုတာကို နောက် နေ့ကျမှပဲသိခဲ့ရပါတယ်။ သတင်းထောက်အောင်ကိုဦးက ကျွန်တော့်အဖြစ်အပျက်ကို မဇ္ဇျိမသတင်းစာမှာ ဖော်ပြပေးလို့ဓာတ်ပုံနဲ့တကွ ပါလာခဲ့ပါတယ်။
ကျွန်တော်ပြောချင်တာကပြည်သူ့ရဲတွေကိုပါ။ လောလောလတ်လတ်ဓားနဲ့အခုတ်ခံထားရတဲ့ ဒဏ်ရာကြီးကိုမြင်နေပါရက်နဲ့ အကူအညီမပေးပဲ ငါတို့နဲ့မဆိုင်ဘူးလို့ လွှဲချနေကြတာကို နားမလည်နိုင်ပါဘူး။
ဒီလိုသာဆိုရင်ပြည်သူလူထုက ဘယ်သူ့ ကို အားကိုးရတော့မှာလဲ။ ကျွန်တော်ဓားနဲ့ အခုတ်ခံရတဲ့အမှုဟာလည်း အခုထိ ဘာမှ မထူးခြားပါဘူး။ ခုတ်တဲ့သူတွေကိုလည်းမဖမ်းမိပါဘူး။ ကျွန်တော့်လိုပဲ ကျုံးဘေးမှာ ဓားနဲ့အခုတ်ခံရသူပေါင်း တစ်ရာကျော်ရှိပြီလို့ သိရပါတယ်။ တစ်မှုမှမပေါ်ပါဘူး၊ တရားခံတစ်ယောက်မှ မဖမ်းမိပါဘူး။
ဒီအတိုင်းဆိုရင်ကျုံးဘေးမှာ သွားလာရမှာတောင်ကြောက်နေရပါပြီ။ ကျွန်တော်ဓားနဲ့အခုတ်ခံရတာ ည(၈)နာရီလောက်ပဲရှိပါသေးတယ်။ ကျုံးဘေးမှာ တခြားသွားလာနေသူတွေ၊ ယာဉ်တွေအများကြီးရှိနေတဲ့ကြားထဲကနေ ဓားနဲ့ခုတ်ပြေးကြတာပါ။
ကျွန်တော်တို့ဘယ်သူ့ကိုအားကိုးရမလဲခင်ဗျာ။
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
3:49 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ
မန္တလေးက ရဲတွေ အလုပ်လုပ်ကြပါဦး
(၂၀.၇.၂၀၁၃) ည၈နာရီခွဲအချိန်လောက်မှာ ကျုံးဘေးမှာ ဓားနဲ့ အခုတ်ခံခဲ့ရပါတယ်။ ကျုံးဘေးမှာ ည ည ဆိုင်ကယ်သမားတစ်စုက ရှေ့ကသွားနေတဲ့ ဆိုင်ကယ်နောက်ကိုလိုက်ပြီး ဓားနဲ့ခုတ်တယ်ဆိုတဲ့ သတင်းကို ကြားနေတာကြာပါပြီ။ အခုတ်ခံရတဲ့သူတွေလည်း တွေ့ဖူးခဲ့ပါတယ်။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာတင် ကျုံးဘေးမှာ ဓားနဲ့အခုတ်ခံရသူ ၈ဦးလောက် ရှိပါတယ်။ အားလုံး ဒီလ(၂၀၁၃၊ ဇူလိုင်လ)ထဲမှာပဲ ဖြစ်ခဲ့ကြတာပါ။
ကျွန်တော် ဓားနဲ့အခုတ်ခံရတဲ့အတွေ့အကြုံကတော့ သူတို့နဲ့ မတူပါဘူး။ အဲဒီညက တိရစ္ဆာန်ဥယျာဉ် ရှေ့မှာ ကျွန်တော်နဲ့အတူ ရပ်ကွက်ထဲက လူတွေ (ကလေးငယ်တွေအပါအ၀င်) လူ၁၀ယောက်လောက် ထိုင်နေ ကြပါတယ်။ အဲဒီတုန်းမှာ ဆိုင်ကယ်(၃)စီး ၊ လူ(၉)ယောက် ရောက်လာပြီး မလှမ်းမကမ်းမှာ ဆိုင်ကယ်များကို ရပ် လိုက်ပါတယ်။ ဆိုင်ကယ်ပေါ်ကဆင်းပြီး ကျွန်တော်တို့ထိုင်နေတဲ့နေရာကို ပြေးလာပါတယ်။ ပြီးတော့ ကျွန်တော့် ရဲ့ဦးခေါင်းပိုင်းကို ဓားနဲ့ ၀ိုင်းပြီးခုတ်ကြပါတယ်။ ကျွန်တော်က လက်နဲ့ကာပြီး ကာကွယ်လိုက်လို့ ဘယ်ဖက်လက် တံတောင်ဆစ်ကို ခုတ်မိသွားပါတယ်။ ( ၁၆ )ချက် ချုပ်ခဲ့ရပါတယ်။ ဓားနဲ့ခုတ်ပြီးပြီးချင်း သူတို့အုပ်စုက ဆိုင်ကယ် တွေပေါ်တက်ပြီး ထွက်ပြေးသွားကြတာပါ။
သူတို့အသုံးပြုတဲ့ ဆိုင်ကယ်အမျိုးအစားကိုလည်း ပြောပြချင်ပါတယ်။ SCOOPYI အမျိုးအစား ဆိုင်ကယ်များဖြစ်ပါ တယ်။ မန္တလေးမှာ လူတိုင်းလိုလို ဆိုင်ကယ်စီးနေကြရာမှာ ၂သိန်းမှ ၂သိန်းခွဲ၊ ၃သိန်းတန် ဆိုင်ကယ်များကိုသာ အစီးများကြပါတယ်။ SCOOPYI အမျိုးအစား ဆိုင်ကယ်ဟာ ၁၃သိန်းမှ ၁၅သိန်းအထိ တန်ကြေးရှိပါတယ်။ တော်ရုံ တတ်နိုင်တဲ့သူများ မစီးနိုင်ပါဘူး။ ဓားနဲ့အခုတ်ခံရသူတိုင်းရဲ့ ပြန်ပြောပြချက်တွေအရ ဓားနဲ့လိုက်ခုတ်သူတွေ သုံးတဲ့ ဆိုင်ကယ်အမျိုးအစားဟာ SCOOPYI အမျိုးအစားတွေချည်းဖြစ်နေပါတယ်။ စဉ်းစားစရာ အချက်တစ်ချက်ပါပဲ။
ကျွန်တော့်အတွေ့အကြုံကို ဆက်ရရင်တော့ ဓားနဲ့အခုတ်ခံရ ပြီးပြီးချင်း ထွက်ပြေးသွားတဲ့ သူတို့နောက်ကို ကျွန်တော့်ဆိုင်ကယ်နဲ့ လိုက်ပါတယ်။ လက်က ဓားဒဏ်ရာကို ဂရုမစိုက်ပဲ အများနဲ့တစ်ယောက်ဖြစ်ပေမယ့် သေချင် သေပေစေ၊ ဒီကောင်တွေ ဘယ်သူတွေဖြစ်တယ်ဆိုတာ သိရရင် ပြီးရော.. ဆိုတဲ့စိတ်နဲ့ လိုက်ခဲ့တာပါ။ သူတို့အုပ်စုက ဆိုင်ကယ် (၃)စီး၊ လူ (၉)ယောက်ပါ။ သူတို့ကလည်း အုပ်စုလိုက် အရှိန်ပြင်းပြင်းနဲ့ မောင်းပြေးကြတယ်။
တိရိ စ္ဆာန် ဥယျာဉ်အနောက်ဘက်လမ်းကနေ မန္တလေးတောင်ကို ပတ်ပြေးတယ်၊ ကျွန်တော်လည်း မျက်ခြေပြတ်မခံပဲ နောက် က တရကြမ်း လိုက်ခဲ့ပါတယ်။ ကျုံးအရှေ့ဘက်လမ်းဖြစ်တဲ့ ၆၆လမ်းအတိုင်း လိုက်ခဲ့ရာမှာ ၂၆လမ်း(ကျုံးတောင် ဘက်)ကို ချိုးသွားကြပါတယ်။ အဲဒီလို ၂၆လမ်းအတိုင်း သွားရင်းက ၆၇ လမ်းနဲ့ ၆၈လမ်းကြားအရောက်မှာ ရှေ့က ဆိုင်ကယ်နဲ့သွားနေသူတစ်ဦးကို ထပ်ပြီး ဓားနဲ့လှမ်းခုတ်ပါသေးတယ်။ အဲဒီနောက် သူတို့ကို မျက်ခြေပြတ်သွားခဲ့ ပါတယ်။
ကျွန်တော်လည်း အဲဒီကျမှ ဒဏ်ရာ သိပ်နာလာတာကို သတိထားမိပြီး အိမ်ကိုပြန်လာခဲ့ပါတယ်။ အိမ်ကို အကျိုးအကြောင်းပြောပြပြီး အရပ်ထဲက ဆေးခန်းကိုသွားတော့ ဆေးခန်းက ဒဏ်ရာပြင်းထန်လို့ဆိုပြီး ဆေးရုံကို သွားဖို့ ညွှန်ကြားခဲ့ပါတယ်။
ဆေးရုံကိုရောက်တော့ ဒီတစ်လ(ဇူလိုင်လ)ထဲမှာတွင် ကျုံးဘေးမှာ ဓားခုတ်ခံရလို့ ဒဏ်ရာရလာတဲ့ လူနာ ပေါင်း တစ်ရာကျော်ပြီဆိုတဲ့သတင်းကို ဆေးရုံကနေ ကြားခဲ့ရပါတယ်။
ကျွန်တော့်စိတ်ထဲမှာ မခံချင်ဖြစ်မိတာက မန္တလေးဆိုတာ မြို့ကြီးပြကြီးပါ။ ကျုံးဆိုတာလည်း မြို့လည်ခေါင် က အထင်ကရနေရာကြီးတစ်ခုပါ။ အဲဒီလိုနေရာမှာ ညတိုင်းလိုလို ဓားခုတ်မှုတွေဖြစ်နေတယ်။ ရမ်းကားတဲ့လူတစ်စု က တွေ့ရာလူကို ရန်ညှိုးမရှိပဲ သွေးအေးအေးနဲ့ ဓားနဲ့လိုက်ခုတ်နေတယ်။ ခံရတဲ့သူတွေကလည်း တချို့ ရဲစခန်းကို တိုင်ကြတယ်။ အခုတ်ခံရတဲ့သူပေါင်းလည်း မနည်းတော့ဘူး။ ဒါပေမယ့် တစ်ခါမှလည်း မိတယ်လို့ မရှိဘူး။
ကျွန်တော်လည်း အမှတ်(၂)ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဒီနေ့ထိ ဘာမှတော့ မထူးသေးပါဘူး။
ပြည်သူ့ရဲတွေက ဒီလို ရမ်းကားနေတဲ့လူတွေကို အရေးမယူတော့ဘူးလား။ ဖမ်းမိအောင် မကြိုးစားတော့ဘူး လား။ ဘာဖြစ်လို့ မဖမ်းမိရတာလဲ။ လူရမ်းကားတွေက စံနစ်တကျဖွဲ့စည်းထားတဲ့ ရဲတပ်ဖွဲ့ကြီးထက် ပိုပြီး တော်နေ လို့လား။ သင်တန်းအမျိုးမျိုးတက်၊ အမျိုးမျိုးလေ့ကျင့်ထားတဲ့ ပြည်သူ့ရဲတွေထက် ပိုပြီး အရည်အချင်းရှိနေလို့လား။ အဲဒါကြောင့် ဖမ်းမမိတာလား။ ကျွန်တော်တို့ အလှမ်းမမီတဲ့ တခြား လျှို့ဝှက်ချက်တွေများ ရှိနေလို့လား။ စဉ်းစားစရာပါပဲ။ကျွန်တော့်ရဲ့အတွေ့အကြုံကို ရင်ဖွင့်တင်ပြလိုက်ရပါတယ်။
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
2:16 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပေးစာကဏ္ဍ
လိင်ဆက်ဆံနေသော ဝိညာဉ်နှစ်ဦးအား ၄ နှစ်သမီးလေးမှ မှတ်တမ်းတင်နိုင်ခဲ့
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
1:44 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သုတကဏ္ဍ
စစ်တပ်ပိုင် မြဝတီသတင်းစာ က လွတ်တော် ကို စိန်ခေါ်လိုက်ပြီလား
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
12:21 PM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဓါတ်ပုံကဏ္ဍ
ဆရာမောင်ဝံသ နောက်ဆုံးခရီး(ဈာပန ဓါတ်ပုံများ)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
11:42 AM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ဓါတ်ပုံကဏ္ဍ
တပ်မတော် မြေသိမ်းမှုများ ဆက်မဆွေးနွေးရန် နာယကသစ်သူရဦးရွှေမန်း တားမြစ်
“နာယကကြီးရဲ့ မှတ်ချက်အရ နိဂုံးချုပ်ပါလို့ ပြောခြင်းသည် ဆက်လက်မဆွေးနွေးပါနဲ့လို့ အဓိပ္ပာယ်ရတယ်လို့ ပြောတယ်။ တပ်မတော်နဲ့ပတ်သက်လို့ မဆွေးနွေးပါနဲ့ ကျန်တဲ့ကိစ္စရှိရင် ဆက်လက်ဆွေးနွေးပါ”ဟု သူရဦးရွှေမန်းက ပြောကြားသည်။
သြဂုတ် ၁၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မဲဆန္ဒနယ်မှ ဦးဘရှိန်က တပ်မတော်တပ်ရင်းတပ်ဖွဲ့များက ပြည်သူများ၏မြေယာများ သိမ်းဆည်းခြင်းကို ဆွေးနွေးစဉ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ကျော်ဦးလွင်က ဆွေးနွေးမှုကိုခွင့်မပြုရန် ၀င်ရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တပ်မတော်က မြေသိမ်းဆည်းမှုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းအပေါ် “တပ်မတော်ကို ပြည်သူနဲ့အကြားမှာ သွေးခွဲမှုဖြစ်အောင် အကြိမ်ကြိမ်ပြောဆိုနေတဲ့သဘောမျိုး သက်ရောက်တဲ့အတွက် နာယကကြီးအနေနဲ့ တားမြစ်ပေးပါရန်နှင့် ဒီဆွေးနွေးမှုများကို မှတ်တမ်းတင်ခြင်းမှ ပယ်ဖျက်ပေးပါရန် ကျွန်တော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်”ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ကျော်လွင်ဦးက တင်ပြခဲ့သည်။
“နာယကကြီးဦးဆောင်တဲ့ ဒီပွင့်လင်းမြင်သာမှုရှိတဲ့လမ်းကြောင်းကို ပေးနေတဲ့အချိန်မှာ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ ဒီလို အထင်အမြင်လွဲမှားစေအောင် ဟန့်တားတဲ့ အပြုအမူမျိုးကတော့ မလိုလားအပ်ဘူးလို့ တင်ပြလိုပါတယ်။ ကျွန်တော်ဆွေးနွေးတာကလည်း တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေကို ထိခိုက်နစ်နာအောင် တစ်လုံးတစ်ပါဒမှ မပါဘူး”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကလည်း ပြည်ထောင်စုလွှတ်တော်နာယကထံတင်ပြခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တင်ပြမှုများသည် အမှန်တရားဖြစ်နေကြောင်း၊ အပြစ်ရှာရန်မဟုတ်ဘဲ အဖြေကိုဝိုင်းရှာပြီး ရဲရဲဝံ့ဝံ့ ဆောင်ရွက်သွားရန် လိုအပ်သည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်သို့ ပြောသည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်းသုံးကို သြဂုတ် ၁၅ ရက်က ဆွေးနွေးခဲ့ကြသည်။
From:[_ 7Day News Journal _]
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
11:00 AM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
စစ်တပ်ကို နိုင်ငံရေးလောကထဲကနေ ထွက်စေချင်သလား
တပ်က တာဝန်ယူတဲ့ အချိန်မှာ…
တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တယ်……
သူတို့ အမြဲပြောခဲ့တဲ့ စကားက ....ကျုပ်တို့ က စစ်အစိုးရ…..အပစ်အခတ်ပဲ ရပ်လို့ ရတယ်….
နိုင်ငံရေးဆွေးနွေးလို့ တရားမ၀င်ဘူး…..ကျုပ်တို့ ဆွေးနွေးရင်လဲ …..နောက်တက်မယ့် အစိုးရက လက်ခံမှာမဟုတ်ဘူး….အခုက အပစ်အခတ် အရင်ရပ်ထား …ကိုယ့်ဒေသကိုယ် ဖွံ့ ဖြိုးအောင်လုပ် …..
နောက်တက်လာမယ့် …ပြည်သူကရွေးကောက်တင်မြှောက်တဲ့ ....အစိုးရတွေ လက်ထက်ကျရင်….
ခင်ဗျားတို့ နိုင်ငံရေးအရ ဆွေးနွေးပြီး…..ထာဝရ ငြိမ်းချမ်းရေးရအောင် လုပ်ပါလို့ …သူတို့ အမြဲပြောခဲ့တယ်……။
အဲတော့ ပြောချင်တာက .....နိုင်ငံရေးသမားတွေက …တပ်ကို နိုင်ငံရေးကထွက်စေချင်ရင်…တိုင်းရင်းသားတွေနဲ့  နိုင်ငံရေးဆွေးနွေးပါ…..ဖက်ဒရယ်လုပ်ပါ…ရတယ်….ပြသနာက ဖက်ဒရယ် မဟုတ်ဘူး….
ပြည်ထောင်စုအစိုးရနဲ့  ပြည်နယ်တွေကြား ….အာဏာနဲ့ အရင်းအမြစ်တွေ ဘယ်လိုခွဲဝေကြမလဲဆိုတာပဲ…..။
တိုင်းရင်းသားတွေက တပ်ကိုသာ မုန်းတာ…သူတို့ အချင်းချင်းကလဲ မတည့်ဘူး….
ပြည်ထောင်စုအစိုးရကို ….တစ်ညီတစ်ညွတ်တည်း တောင်းဆိုချက် မျိုး လဲမထုတ်နိုင်ဘူး ….ဘာလို့ လဲဆိုတော့ အချင်းချင်းလဲ ညှိမရလို့ …..။
အဲဒီ အခြေအနေကို ကျော်ဖို့  …နိုင်ငံရေးသမားတွေက ဒုတိယ ပင်လုံလိုမျိုး …..အောင်မြင်အောင် လုပ်နိုင်ရမယ်…
အဲထဲမှာ…အင်အားတစ်သိန်းခွဲလောက်ရှိတဲ့...လက်နက်ကိုင်တွေ…လက်နက်အပြီးစွန့် ဖို့ …ဒါမှမဟုတ်ရင်.....တပ်မတော် အောက်ကို အပြီးဝင်ဖို့ ဆိုတဲ့ အချက်တွေ …ဘယ်တော့မှ ပြည်ထောင်စုကခွဲမထွက်ပါဘူးဆိုတဲ့ .....ကတိမျိုးတွေလဲပါရမယ်…..။
ပြီးရင် လွှတ်တော်က အတည်ပြုပေး …ဖွဲ့ စည်းပုံအခြေခံဥပဒေပြင် ဖို့  လူထုဆန္ဒ ခံယူပွဲလုပ်….
ငြိမ်းချမ်းရေး ဥပဒေထုတ်ပြန်….ဒါကိုမှ သဘောမတူတဲ့ ကောင်ကို တပ်က အပြတ်လိုက်ချေမှုန်း…..
ပြီးရင်တပ်က နိုင်ငံရေးက တဖြည်းဖြည်းထွက်သွား….
ပရိုဆီဂျာကတော့ ဒါပဲဗျ…….အဲတော့ မေးချင်တာက လွယ်မယ်ထင်လား…..
မြန်မလား ….ကြာမလား…..စဉ်းစားသာကြည့်တော့…..။
ဒါတွေ မလုပ်ရသေးပဲ …တပ်ကို မင်းတို့ နိုင်ငံရေးကထွက်လို့ ပြောရင်တော့ ……
ဟိုကောင်တွေက ဟားတိုက် ရယ်နေမှာပေါ့……
ပြီးတော့ ခပ်ပြုံးပြုံး ပဲ ပြန်ပြောလိမ့်မယ်…
မထွက်ဘူး တဲ့ …….။
( ရဲမိုး ၏ အယူအဆ သက်သက်သာ…)
From:[_ Ye Moe _]
တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တယ်……
သူတို့ အမြဲပြောခဲ့တဲ့ စကားက ....ကျုပ်တို့ က စစ်အစိုးရ…..အပစ်အခတ်ပဲ ရပ်လို့ ရတယ်….
နိုင်ငံရေးဆွေးနွေးလို့ တရားမ၀င်ဘူး…..ကျုပ်တို့ ဆွေးနွေးရင်လဲ …..နောက်တက်မယ့် အစိုးရက လက်ခံမှာမဟုတ်ဘူး….အခုက အပစ်အခတ် အရင်ရပ်ထား …ကိုယ့်ဒေသကိုယ် ဖွံ့ ဖြိုးအောင်လုပ် …..
နောက်တက်လာမယ့် …ပြည်သူကရွေးကောက်တင်မြှောက်တဲ့ ....အစိုးရတွေ လက်ထက်ကျရင်….
ခင်ဗျားတို့ နိုင်ငံရေးအရ ဆွေးနွေးပြီး…..ထာဝရ ငြိမ်းချမ်းရေးရအောင် လုပ်ပါလို့ …သူတို့ အမြဲပြောခဲ့တယ်……။
အဲတော့ ပြောချင်တာက .....နိုင်ငံရေးသမားတွေက …တပ်ကို နိုင်ငံရေးကထွက်စေချင်ရင်…တိုင်းရင်းသားတွေနဲ့  နိုင်ငံရေးဆွေးနွေးပါ…..ဖက်ဒရယ်လုပ်ပါ…ရတယ်….ပြသနာက ဖက်ဒရယ် မဟုတ်ဘူး….
ပြည်ထောင်စုအစိုးရနဲ့  ပြည်နယ်တွေကြား ….အာဏာနဲ့ အရင်းအမြစ်တွေ ဘယ်လိုခွဲဝေကြမလဲဆိုတာပဲ…..။
တိုင်းရင်းသားတွေက တပ်ကိုသာ မုန်းတာ…သူတို့ အချင်းချင်းကလဲ မတည့်ဘူး….
ပြည်ထောင်စုအစိုးရကို ….တစ်ညီတစ်ညွတ်တည်း တောင်းဆိုချက် မျိုး လဲမထုတ်နိုင်ဘူး ….ဘာလို့ လဲဆိုတော့ အချင်းချင်းလဲ ညှိမရလို့ …..။
အဲဒီ အခြေအနေကို ကျော်ဖို့  …နိုင်ငံရေးသမားတွေက ဒုတိယ ပင်လုံလိုမျိုး …..အောင်မြင်အောင် လုပ်နိုင်ရမယ်…
အဲထဲမှာ…အင်အားတစ်သိန်းခွဲလောက်ရှိတဲ့...လက်နက်ကိုင်တွေ…လက်နက်အပြီးစွန့် ဖို့ …ဒါမှမဟုတ်ရင်.....တပ်မတော် အောက်ကို အပြီးဝင်ဖို့ ဆိုတဲ့ အချက်တွေ …ဘယ်တော့မှ ပြည်ထောင်စုကခွဲမထွက်ပါဘူးဆိုတဲ
ပြီးရင် လွှတ်တော်က အတည်ပြုပေး …ဖွဲ့ စည်းပုံအခြေခံဥပဒေပြင် ဖို့  လူထုဆန္ဒ ခံယူပွဲလုပ်….
ငြိမ်းချမ်းရေး ဥပဒေထုတ်ပြန်….ဒါကိုမှ သဘောမတူတဲ့ ကောင်ကို တပ်က အပြတ်လိုက်ချေမှုန်း…..
ပြီးရင်တပ်က နိုင်ငံရေးက တဖြည်းဖြည်းထွက်သွား….
ပရိုဆီဂျာကတော့ ဒါပဲဗျ…….အဲတော့ မေးချင်တာက လွယ်မယ်ထင်လား…..
မြန်မလား ….ကြာမလား…..စဉ်းစားသာကြည့်တော့…..။
ဒါတွေ မလုပ်ရသေးပဲ …တပ်ကို မင်းတို့ နိုင်ငံရေးကထွက်လို့ ပြောရင်တော့ ……
ဟိုကောင်တွေက ဟားတိုက် ရယ်နေမှာပေါ့……
ပြီးတော့ ခပ်ပြုံးပြုံး ပဲ ပြန်ပြောလိမ့်မယ်…
မထွက်ဘူး တဲ့ …….။
( ရဲမိုး ၏ အယူအဆ သက်သက်သာ…)
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
10:44 AM
0
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = ပန်ကြားပါရစေ, သုတကဏ္ဍ
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၏ စာနယ်ဇင်းကျင့်ဝတ်များ
(မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
8:35 AM
0
ယောက် ဆွေးနွေးခဲ့တယ်
Aug 15, 2013
ELEVEN MEDIA GROUP CEO အယ်ဒီတာဒေါက်တာ သန်းထွဋ်အောင်၏ လိင်ဆက်ဆံခြင်း ခံခဲ့ရသည့် အမျိုးသမီးငယ် မလွင်မုံဇာခြည် (၁၇)နှစ်မှ ပြည်တွင်း မီဒီယာ THE VIOCE မီဒီယာအား ယနေ့ဖွင့်ပာပြောကြား
(မလွင်မုံဇာခြည်၏ ဓါတ်ပုံအား ကာယကံရှင်၏ ခွင့်ပြုချက် မရရှိခြင်းကြောင့် အပြည့်အစုံ မဖော်ပြပါ။) ကာယကံရှင် များ၏ ခွင့်ပြုချက် မရရှိသောကြောင့် လည်းကောင်း၊ မလွင်မုံဇာခြည်၏ ဖခင်မှ တရားစွဲ ဆိုမည် ဖြစ်သောကြောင့် အမူကြားနားနေစဉ် ကာလတွင် နောက်ဆက်တွဲ များကို ဖော်ပြ ပေးသွားပါမည်။
From:[_ ကိုစိုးလွင် အကြီးတန်း(The Vioce ) _] (မောင်ကျောက်ခဲ အဖွဲ့)
ရေးသားသူအဖွဲ့  =
မောင်ကျောက်ခဲ
အချိန်=
11:26 PM
2
ယောက် ဆွေးနွေးခဲ့တယ်
ဆိုင်ရာကဏ္ဍ = သတင်း
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
| ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ | ကြိုဆိုသူများနဲ့ အင်တာဗျူး |
| တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ | ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ |
| အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ | မြန်မာ့သိုင်းအစွမ်း |
Latest Videos
| 88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် | ပြောင်ကြီးဘာလို့ထောင်ကျ |
























