Aug 15, 2013
အိန္ဒိယ တပ်မတော်မှ ပြည်တွင်းဖြစ် Prithvi-II ( ပရီဗီ-၂) မြေပြင်မှ မြေပြင်ပစ် ဒုံးကျည် စမ်းသပ်ပစ်လွတ်နိုင်ခဲ့
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန မှ ပြည်တွင်းဖြစ် နူကလီးယားထိပ်ဖူးတပ်ဆင် ပစ်ခတ်နိုင်သော မိုင်200 အကွာအဝေးအတွင်း မည်သည့်ပစ်မှတ်ကိုမဆို ချေမှုန်းနိုင်သော မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွတ်နိုင်ခဲ့ပါတယ် လို့  15/08/2013 ရက်နေ့တွင် ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။
အိန္ဒိယတပ်မတော် သုတေသန နှင့် ဖွံဖြို့းရေးဌာန မှ အမည်မဖော်လိုသူ ပြောရေးဆိုခွင့်အရာရှိတစ်ဦးရဲ့ အဆိုအရ အဆိုပါ နူကလီးယားထိပ်ဖူးတပ်ဆင်နိုင်သော မြေပြင်မှ မြေပြင်ပစ်ဒုံးကျည်ကို အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းခြေတွင် စမ်းသပ်ပစ်လွတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဒုံးကျည်ဟာ ဘင်္ဂလားပင်လယ်အော် အတွင်းရှိ 215 မိုင်အကွာအဝေးရှိ သတ်မှတ်ထားသော ပစ်မှတ်ကို စင်တီမီတာ အနည်းငယ်မျှသာ သွေဖယ်ပြီး  ထိမှန်ပေါက်ကွဲခဲ့ပါတယ်လို့ ဆိုပါတယ် ။the Times of India သတင်းစာကြီးကတော့ ဒီစမ်းသပ်ချက်ဟာ 100 ရာခိုင်နှုန်း အောင်မြင်တယ် လို့ ချီးကျူးရေးသားဖော်ပြထားပါတယ်။
ဒီစမ်းသပ်ချက်ဟာ အိန္ဒိယ-ပါကစ္စတန် နယ်စပ် ကက်ရှ်မီးယား နယ်စပ်ပြဿနာ ကြီးထွားလာချိန်နှင့်တိုက်ဆိုင်စွာ ပေါ်ပေါက်ခဲ့သော်လည်း အိန္ဒိယ တပ်မတော် အနေဖြင့် ဒီစမ်းသပ်ချက်ဟာ သာမန် စမ်းသပ်ပစ်လွတ်ခြင်းသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ် ။အဆိုပါ Prithvi-II မြေပြင်မှ မြေပြင်ပစ်ဒုံးကျည်ဟာ အလေးချိန် 1.100 ပေါင်ကို သယ်ဆောင်ပြီး စွမ်းဆောင်နိုင်ရည် အကုန်ခရီးအထိကို ၈ မိနစ်နဲ့ ပျံသန်းနိုင်တယ်လို့ ခပ်ကြွားကြွားလေး ဆိုထားလေရဲ့
  From:[_ Army Recognition_] 
  (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
8888 နှစ်ပတ်လည် ဆိုပြီး လိမ်ရဲပေမယ့် ဒေါင်းသားသမီးတွေ ပြန်မဖော်ရဲတဲ့ ဒီပဲယင်းအဖြစ်မှန်
(၂၉-၅-၂၀၀၃) ရက်နေ့ ချောင်းဦးမြို့နယ်၊ ရေပိုးစားကန်ရွာအနီး ဒေါ်စုကြည်အား ဆန္ဒပြခဲ့သည် ။ --------------
 ဒီပဲယင်း ပြဿနာပေါ့ဗျာ .... ။
အစိုးရကို ဆန္ဒပြတော့ အစာကြွေး ငွေပေးသတဲ့ .... ။
 ဒေါ်စုကြည်ကို ဆန္ဒပြတော့ .... ကားပေါ်ကနေ ဆင်းရိုက်သတဲ့ ... ။
 ပြောလိုက်ပါသေးတယ် ဒါတွေက ကြံ့ဖွတ်တွေတဲ့
။ ရိုးသားတဲ့ ရွာသားတွေကို အလိုမတူတော့ ကြံ့ဖွတ် တံဆိပ်ကပ် ပြီး ဆင်းရိုက်တာလောက် အောက်တန်းကျတာ မရှိပါဘူးနော် ။
 ဘာ့ကြောင့် ဆန္ဒပြလည်း ။ ဆိုင်းဘုတ်တွေလည်း ကြည့်လိုက်ဦးလေ ။
 နိုင်ငံ တိုးတက်ဖို့ အတွက် ကြိုးပမ်းတာကို လိုက်လံ ပိတ်ပင်နေတဲ့ အတွက် ရိပ်စားမိတဲ့ ပြည်သူတွေက ဆန္ဒပြတယ် ။
 ငါ ခေါင်းဆောင်ဖြစ်မှ ကောင်းစားရမယ် ။
 ငါ ခေါင်းဆောင် မဟုတ်ရင် ကောင်းစားဖို့ အခွင့်အလမ်းတွေ
ဖျက်စီးမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ ပိတ်ပင်ခဲ့တယ် ။
 အောက်တန်းကျတဲ့ စိတ်ဓါတ်ကို သိလို့ ပြည်သူတွေ ဆန္ဒပြတယ် ။
 ဒီတော့ သွေးဆာနေတဲ့ လူငယ် ၁ ချို့ကို သွေးထိုးပြီး ဆင်းရိုက်ခိုင်းစေသတဲ့ ။
 ပြဿနာ တက်လိုက်တာ အကြိမ်းအကျယ်ပေါ့ ။
သူကျတော့ ဘာမှ မဖြစ်ဘူးလား .. ? ဘယ်ဖြစ်မှာလဲဗျာ ။
 သွေးထိုးပေးခဲ့တဲ့ လူငယ်တွေကို ထားခဲ့ပြီး ထွက်သွားလေရဲ့ ။
 သူလေ .... ရဲရဲတောက် စိတ်ဓါတ်ပိုင်ရှင်ရဲ့ သမီးပေါ့ ။
 From:[_ Phay Sit Gyi _]
ဒေါ်စု နှင့် ၈၈ ကျောင်းသားများ မသွားရဲသော နေရာများ 
(၁) ရခိုင်ဒေသ
(၂) စစ်ဖြစ်ပွားနေသော ဒေသများ
(၃) 'ဝ' တိုင်းရင်းသား ဒေသများ
(၄) ဒီပဲယင်း ဒေသ
(၅) မိတ္ထီလာမြို့
(၆) ရှမ်းပြည်နယ် ၊ ဟိုပန်မြို့
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
ဘုန်းကြီးမှ ကိုရင်အား ၀ါယာကြိုးဖြင့် ရိုက်နှက်
မြိတ်မြို့ မြိတ်တောင် နယ်မြေ မြို့သစ် (၃) ရပ်ကွက် မြရည်နန္ဒာလမ်း အမှတ် (၄၈) နေ ဦးသန်းနိုင် + ဒေါ်မိုးစန္ဒာ တို့၏ သားဖြစ်သူ မောင်ချစ်ကိုကို ၊ အသက် (၁၁)နှစ်၊ (ဒုတိယတန်း(က)၊ ဘုရားကိုင် မူလတန်း) ကျောင်းသား ဖြစ်သူသည် ကိုရင်ဝတ်ဖြင့် မျက်နှာတွင် ဖူးယောင် ဒဏ်ရာများ ရရှိကာ မြိတ်မြို့ စန္ဒ၀တ် ကျေးရွာ ဘိုတောင်ထိပ်ရှိ ဥာဏလာဘ ကျောင်းမှ ဘုန်းတော်ကြီး ဦးဥာဏနှင့် အတူ မြိတ်မြို့ ကလွင် ရေပုန်းရပ် ဆေးရုံကြီး နောက်ဘက်ရှိ အောင်ချမ်းသာ ဘုန်းကြီးကျောင်း၌ သြဂုတ်လ (၁၂) ရက်နေ့ ညနေပိုင်း အချိန်တွင် စုံစမ်းတွေ့ရှိခဲ့ပါသည်။
စုံစမ်း စစ်ဆေးချက်များ အရ ကလေးငယ် ဖြစ်သူသည် ဥာဏ်ရည်နိမ့်ပါးသူ တစ်ဦး ဖြစ်ပြီး မိဘများ ခရီးထွက်ခိုက် အဒေါ်ဖြင့်သူနှင့် နေကာ လမ်းပေါ် လျှောက်သွားနေစဉ် ဘုန်းကြီး ဦးဥာဏမှ တွေ့ရှိပြီး ကောလိပ် ကုက္ကိုလ် ကျောင်းတိုက်တွင် ကိုရင်ဝတ် သင်္ကန်းစည်းပေးကာ ၄င်းသီတင်းသုံးရာ ဘိုတောင် ကျောင်းသို့ ခေါ်ဆောင်သွားပြီး ကိုရင်အား ရိုက်နှက် ဆုံးမခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ မြို့မ ရဲတပ်ဖွဲ့ စခန်းမှ သာသနာရေး ဦးစီးဌာနှင့် ညှိနှိုင်း၍ အရေးယူ နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
From:[_ မြိတ်ပုလဲမြေ _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
အစိုးရသို့ ပစ်စာတစ်စောင် (သို့မဟုတ်) ပြည်မြို့က အခွန်ရှောင် ဂျပန်အထည်ချုပ်စက်ရုံ အကြောင်း
ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်မြို့၊ကမ်းနားလမ်း၊ ကျောင်းကြီးအိုးတန်းရပ်ကွက်တွင်MyanmarMAAHKaWa
(မအဲခ၀)အမည်ရှိဂျပန်ပိုင်အထည်ချုပ်စက်ရုံတစ်ခုကိုတရားမ၀င်လာရောက်ဖွင့်လှစ်ထားကြောင်းသိရှိရသည်။ထိုစက်ရုံတွင်အလုပ်ချိန်မနက် ခြောက်နာရီခွဲမှ နေ့လည်တစ်နာရီခွဲ၊ နေ့လည်တစ်နာရီခွဲ မှညကိုးနာရီခွဲ အလုပ်ချိန်နှစ်ချိန်ရှိသည်။ 
ဝန်ထမ်း ၃၈ ယောက်ခန့်ထားရာ ရုံးဝန်ထမ်းမှအပ ကျန်စက်ချုပ်ဝန်ထမ်းများကို လစာ တစ်သိန်းနှစ်သောင်းဖြင့် အလုပ်ခန့်ခဲ့ပြီး အမှန်တကယ်မှာ လစာခြောက်သောင်းသာပေးခဲ့သည်။ ထို့အပြင် ဂျပန်သို့ ပညာတော်သင်ရန် လွှတ်မည်ဟုပြောကာ ပတ်စပို့များပြုလုပ်ခိုင်းပြီး ၀န်ထမ်းများအားလိမ်ညာခဲ့သည်။ အခွန်ရှောင်လိုသဖြင့် ယခုအခါ မြန်မာ သီတာအမည်ပြောင်းပြီး တရားမ၀င် ဖွင့်လှစ်ထားပါသည်။ 
ဝန်ထမ်းများအား သက်ဆိုင်ရာမှ လာရောက်မေးမြန်းလျှင် ဂျပန်မှ ၀ယ်ယူမည် ဖြစ်သဖြင့် ဂျပန်နည်းပညာလာပြကြောင်း ပြောကြားရန် မှာထားကြောင်းလည်းသိရသည်။ ထိုဂျပန်ပိုင် အထည်စက်ရုံအတွက် တာဝန်ယူထားသူများမှာ ရန်ကုန်ဆူးလေဘုရားအနီးရှိ ဗိုလ်ဆွန်ပက်တာဝါတွင် ဖွင့်လှစ်ထားသော VEVO ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ် အရောင်းလုပ်ငန်းပိုင်ရှင် ဦးရဲထွန်းနှင့် မဇင်မာထွန်း(ကမ္ဘာစိုးစတိုး ၊ပြည်ြမို့ ) တို့ဖြစ်ကြောင်းသိရသည်။ အလုပ်သမားများ၏ရပိုင်ခွင့်မဆုံးရှုံးစေရန်နှင့် အခွန်ရှောင်ဖွင့်လှစ်ထားခြင်းတို့ကို သက်ဆိုင်ရာမှ အရေးယူပေးပါရန် အသိပေးအပ်ပါသည်။
From:[_ ကျောင်းကြီးအိုးတန်းသား _]
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
တူရာ တန်ရာ ပြောပါ မင်းကိုနိင်ရာ
( အရောင်မတူ အဆင်းမတူ ဂုဏ်ဒြပ်ချင်းလည်းမတူပါ )
အပြောကတော့ ရွှေမန်း ကတော့ ချိုမိုင်မိုင် မင်းသားကြီး ဦးမင်းကိုနိုင်
(၂၅)နှစ်ပြည့် ငွေရတု ၈၈၈၈ အခမ်းအနားကြီး ပြီးဆုံးသွားတဲ့နောက်ပိုင်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စကားသံ လေးတွေ ကြားလာရပါတယ်။ နိုင်ငံ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ၈၈ မျိုးဆက် ခေါင်းဆောင် တစ်ယောက်က ဗိုလ်ချုပ်အောင်ဆန်း၊ သခင်အောင်ဆန်းလို့ မသုံးနှုန်းပဲ ဦးတပ်ပြီး ခေါ်တယ်လို့ ပြန်ကြားရပါတယ်။
ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက် အသက်ကိုတောင်ပေးဆပ်သွားခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီးကို ထို ၈၈ ကျောင်းသား ခေါင်းဆောင်က ဘယ်လိုရည်ရွယ်ချက်နဲ့ အဲဒီလို သုံးနှုန်း ခေါ်ဝေါ်ခဲ့တာလဲ ဆိုတာ သိချင်စမ်းပါဘိ။
ဗိုလ်ချုပ်အောင်ဆန်းဆိုတာမိုးကျရွှေကိုယ်ခေါင်းဆောင်အဖြစ်ချက်ချင်းဖြစ်လာတာမဟုတ်ပါဘူး၊ကိုလိုနီစနစ် ဆိုး ထဲက ပညာရေးနယ်ပယ်ထဲမှာ ထူးချွန်အောင်ကြိုးစားခဲ့တဲ့ ကျောင်းသားဘ၀ကစတင်ခဲ့သူဖြစ်ပါတယ်။
အခြားသော မြန်မာနိုင်ငံထဲက ကျောင်းသားတွေလိုပဲ ပညာသင်ကြားခဲ့ရသူ ဖြစ်ပါတယ်။အဲဒီလိုအခြေခံ ပညာတွေကို အောင်မြင် တတ်မြောက်ခဲ့လို့ တက္ကသိုလ် ရောက်ခဲ့တာ ဖြစ်ပါတယ်။
သူတို့ခေတ်က ပညာရေးဟာ ခုခေတ်လို ကျူရှင်တွေတက်၊ ပုဂ္ဂလိက ကျောင်းတွေ၊ ဘော်ဒါဆောင်တွေမှာ သင်ကြားခဲ့ရတဲ့ ပညာရေးမဟုတ်ပါဘူး၊တက္ကသိုလ်ရောက်လာတော့လည်း တက္ကသိုလ်
 ကျောင်းသားဘ၀ကို  လိုလားတပ်မက် စွာ ဖြတ်သန်းခဲ့တယ်။ မျက်စိပွင့်နားပွင့် ဗဟုသုတတွေ ရင့်လာခဲ့တယ်။
ဒီတော့ ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းပြီး လုပ်ခဲ့တယ်။ သူတို့ ကျောင်းသားတွေရဲ့ ရည်ရွယ်ချက်က တိုင်းပြည်လွတ်လပ်ရေးရဖို့ဆိုရင် ဘယ်လိုနည်းလမ်းမျိုး ကိုမဆို ကျင့်သုံးမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ သမဂ္ဂကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
ကျောင်းသားသမဂ္ဂအနေနဲ့ တိုင်းပြည်လွတ်လပ်ရေးရအောင် စွမ်းဆောင်ဖို့ နည်းလမ်းရှာခဲ့ရာမှာ တိုင်းတစ်ပါးအကူ အညီယူပြီး အင်္ဂလိပ်ကို တိုက်ထုတ်ပစ်မှသာ လွတ်လပ်ရေးရမယ်ဆိုတာ သိခဲ့ကြတယ်။ ဒါကြောင့်သခင်ဆိုတဲ့ ကျောင်းသားဘ၀ကနေတိုင်းပြည်လွတ်လပ်ရေးရဖို့အတွက်စစ်သားဘ၀ကို ပြောင်းလဲခဲ့ရတယ်၊ ရဲဘော်သုံးကျိပ် ကို ဦးစီးပြီး ဂျပန်နိုင်ငံ၊ ဟိုင်နန်ကျွန်းမှာ ဂျပန်ရဲ့အကူအညီယူပြီး စစ်ပညာတွေကို သင်ခဲ့ကြတယ်၊ ကျောင်းသားအဖြစ်ကနေခက်ခဲပင်ပန်းကြမ်းတမ်းတဲ့စစ်ပညာတွေကိုသင်ယူတဲ့စစ်သား ဖြစ်လာခဲ့တယ်။ ဗိုလ်ချုပ်နဲ့အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့အသက်ပေးဆပ်မှုနဲ့အတူ သူ့ကျွန်ဘ၀အောက်ကနေ လွတ်မြောက်လာခဲ့ တယ်။ ဒါဟာ သမိုင်းဖြစ်ရပ်မှန်ပဲဖြစ်ပါတယ်။
လိုရင်းပြောရရင် ငယ်စဉ်ကလေးဘ၀ အောင်ဆန်း၊ တက္ကသိုလ်ကျောင်းသားဘ၀မှာ သခင်အောင်ဆန်း၊ နိုင်ငံ ခေါင်းဆောင်ဘ၀မှာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ဂုဏ်ထူးဝိသေသတွေ အဆင့်ဆင့်ရရှိခဲ့တာဟာ ပါးစပ်နဲ့ လူထုကို စည်းရုံးပြီး ဟိုပြောဒီပြောလုပ်ခဲ့ရုံနဲ့ ဖြစ်လာတာမဟုတ်ဘူး။ ငါတက္ကသိုလ်ကျောင်းသားဘ၀မှာ အနစ်နာခံ စွန့်စားခဲ့လို့ လွတ်လပ်ရေးရခဲ့တာပါလို့ မကြွားခဲ့ဖူးဘူး၊ နိုင်ငံခေါင်းဆောင်ဖြစ်လာတော့လည်း စစ်မှန်တဲ့ လွတ်လပ်ရေးရဖို့ ကြိုးစားရင်း အသက်ဆုံးရှုံးသွားခဲ့တဲ့အချိန်အထိ မြန်မာပြည်ကို ငါကယ်တင်ခဲ့တာလို့ နာမည်ကောင်းမယူခဲ့ဘူး။
ဒီကနေ့ထိတိုင် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး နှလုံးသားထဲမှာ စံပြနိုင်ငံ့ခေါင်းဆောင် ဖခင်ကြီးအဖြစ် ဂုဏ်ယူနေရ ဆဲဖြစ်ပါတယ်။အဲဒီလို မြန်မာမှာသာမကဘဲ ကမ္ဘာမှာပါ သမိုင်းတွင်ရစ် ထင်ရှားခဲ့တဲ့ ခေါင်းဆောင်ကြီးကို မနေ့တနေ့ကမှ ၈၈ ကျောင်းသားခေါင်းဆောင်နာမည်ယူပြီး တိုင်းပြည်အတွက် ချွေးတစ်စက်မကျဘဲ နေရာရလာတဲ့လူက နှိမ့်ချ ခေါ်ဝေါ် ခဲ့တာ စော်ကားလိုက်တာပဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက တက္ကသိုလ်ကျောင်းသားဖြစ်ခဲ့လို့ ငါတို့နဲ့အတူ အခြေအနေတူမို့ ဦး…..လို့သုံးနှုန်းခဲ့တာဆိုရင် ကိုယ့်အရည်အချင်းကို ပြန်ကြည့်ဖို့လိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း နဲ့ နှိုင်းယှဉ်ပြောဆိုရလောက်အောင် အဲဒီ ၈၈ ကျောင်းသားခေါင်းဆောင်ရဲ့ ကိုယ်ရည်ကိုယ်သွေးဟာ မူကြိုအဆင့်ပဲ ရှိသေးတယ်လို့ပဲ ပြောချင်ပါတယ်။
မအေက မွေးလာတော့ မူလတန်းကျောင်းသား၊ ပြီးတော့ တက္ကသိုလ် ကျောင်းသား၊ ၈၈ အရေးအခင်းမှာ ဒီမိုကရေစီလို့ ကြွေးကြော်ပြီး လှုပ်ရှားခဲ့တော့ နိုင်ငံရေးသမားယောင်ယောင် လုပ်နေရာမှ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုပြီး လူမှုကွန်ယက်ကိုတည်ထောင်ကာ မြန်မာပြည်သူ အကျိုးအတွက် လုပ်တာတစ်ခုမှမရှိဘဲ တိုင်းတစ်ပါးကော ပြည်တွင်းကပါရရှိသည့်အလှူငွေများဖြင့် ကိုယ်ကျိုးရှာ အမြတ်ထုတ်ပြီး အသံကောင်းဟစ်နေတာပဲတွေ့ရပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် အမည်ခံပြီး ဒီမိုကရေစီအရေးလှုပ်ရှားတယ် ပြောတယ်၊ ဒါဆိုရင် လက်ရှိအခြေအနေ ထိ တိုင်းပြည်အကျိုးရှိအောင် ဘာတွေလုပ်ပြပြီးပြီလဲဆိုတာ အဖြေက ရှင်းနေပါတယ်။
နိုင်ငံခေါင်းဆောင်ကြီးကိုဦး….တပ်ခေါ်ခဲ့တဲ့အဲဒီ ၈၈ ကျောင်းသားခေါင်းဆောင်ဆိုတဲ့လူကိုတစ်ခုဘဲ ပြောချင် ပါတယ်။
ပါးစပ်က တဖွဖွ ပြောမနေဘဲနဲ့ လက်တွေ့ အလုပ်နဲ့ပဲ သက်သေပြပါ၊ အလုပ်နဲ့ သက်သေမပြနိုင်ရင်တော့ ကိုယ့် အရည်အချင်းကိုသိပြီး အများက ပေးတာကိုယူ ကျွေးတာကိုစား အာမချောင်ဘဲ တန်ရာတန်ရာ မှန်းပါလို့ အကြံပြု ချင်ပါတယ် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ခင်ဗျာ။
From:[_ သွေးသစ် _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
ဒလမြို့တွင် လူနေအိမ်အား ဗလီအသွင်ပြောင်းနေသော ဘာသာခြားတို့၏ လုပ်ရပ်အား သက်သေခံပုံများနှင့်ဖော်ထုတ်ပြသခြင်း
 ဒလမြို့နယ် အောင်မင်္ဂလာရပ်ကွက်တွင်လူနေအိမ်တစ်လုံးကို ဗလီဖြစ်အောင်လုပ်ဆောင်နေပါတယ် ။
၁/၃/၂၀၁၃ ရက်နေ့က ခရိုင်သာသနာရေးမှူး ကိုယ်တိုင်လာရောက်စစ်ဆေးခဲ့ပြီး တရားမဝင်တည်ဆောက်ခြင်းဟုဆိုကာ ပိတ်သိမ်းခိုင်းခဲ့သော်လည်း ယခုအချိန်ထိ ဆက်လက်တည်ဆောက်နေခြင်းဖြစ်ပါတယ်။ 
အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး ရပ်ကွက်မှ မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ တိုင်ကြားခဲ့သော်လည်းအရေးယူခြင်း တားမြစ်ခြင်းများ မပြုလုပ်ခဲ့ဟု သိရပါသည်။ အဆိုပါ ကိစ္စဟာ ရပ်ကွက် အဆင့်ဖြစ်သော်လည်း မွတ်ဆလင်ဘာသာဝင်များနှင့် အုပ်ချုပ်ရေးအပိုင်းများ ပလဲနှံသင့် ရှိနေပြီး ပြည်သူလူထုအား ဖိနှိပ်နေသည်ဟုသော အမြင်ကို မီးပွားပေါ် ဆီလောင်းသလိုဖြစ်လာနိုင်ပြီး အကယ်၍ ရပ်ကွက်လူထုမှ မိမိတို့ဘာသာ ဖြေရှင်းမည်ဆိုပါကလည်း လူမျိုးရေး ၊ ဘာသာရေး အဓိကရုဏ်း များဖြစ်လာနိုင်သည်အထိ ကြီးထွားလာနိုင်သော ပြဿနာ တစ်ရပ်ဖြစ်ပါသဖြင့် တာဝန်ရှိသူများ အမြန်ဆုံးဖြေရှင်းပေးနိုင်ပါရန် ဖြန့်ဝေ တင်ပြလိုက်ရပါသည်။
Photo From:[_ MNMC facebook _]
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Jul 8, 2013
ဗုဒ္ဓဂါယာမှာ ဘုန်ကြီးတွေပါ ဆန္ဒပြကြပြီ
ယနေ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာရှိ မာဂဓ တက္ကသိုလ်ရှေ့မှာ ပြုလုပ်တဲ့ ဗုဒ္ဓဂါယာ ကျောင်းတော်ဝင်းအတွင်း အကြမ်းဖက် ဗုံးဖောက်ခွဲမှုအား ဆန့်ကျင်သည့် ဆန္ဒပြပွဲ အခမ်းအနား ... (သတင်း၊ ဓာတ်ပုံ)
ယနေ့  ဇူလိုင်လ (၈)ရက် မနက် (၉)နာရီက ဗုဒ္ဓဂါယာရှိ Magadh University မှာ ပညာသင်ကြားနေကြတဲ့ မြန်မာ၊ သီရိလင်္ကာ၊ နီပေါအပါအဝင် နိုင်ငံတကာမှ စာသင်သား ရဟန်းတော်များနှင့် အိန္ဒိယနိုင်ငံသားများ ပူးပေါင်း၍ ဇူလိုင်လ (၇)ရက်နေ့က ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဗုဒ္ဓဂါယာ ကျောင်းတော်ဝင်းအတွင်း အကြမ်းဖက် ဗုံးဖောက်ခွဲမှုအား ကန့်ကွက် ဆန့်ကျင်သည့် ဆန္ဒပြပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်..။
အဆိုပါ အကြမ်းဖက်မှုရှုံချပွဲအား Magadh Universityမှ နိုင်ငံတကာမှ နိုင်ငံတကာ ကျောင်းသားများနှင့် အိန္ဒိယနိုင်ငံသား စုစုပေါင်း ၂၀၀ခန့် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်..။
မနေ့က ဖြစ်ပွားခဲ့သော ဗုဒ္ဓဂါယာ ကျောင်းတော်ဝင်းအတွင်း အကြမ်းဖက် ဗုံးဖောက်ခွဲ၌ မြန်မာနှင့် တိဘက်ဘုန်းတော်ကြီး (၂)ဦးအပါအဝင် လူ(၅)ဦးခန့် ဒဏ်ရာရရှိခဲ့သည်..။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ယနေ့ ဗုဒ္ဓဂါယာအနီးရှိ လမ်းအချို့အား ပိတ်ထားဆဲ ဖြစ်ပြီး အိန္ဒိယစစ်တပ်မှ လာရောက် စောင့်ကြပ်လျှက်ရှိသည်..။ အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံတနိုင်ငံ ဖြစ်သည့် သီရိလင်္ကာသမ္မတမှ အိန္ဒိယနိုင်ငံ၏ လုံခြုံရေး ညံ့ဖျင်းမှုအား ဝေဖန်ပြောဆိုခဲ့သည်..။
 Magadh Universityရှေ့မှာ ပြုလုပ်တဲ့  ဗုဒ္ဓဂါယာ ကျောင်းတော်ဝင်းအတွင်း အကြမ်းဖက် ဗုံးဖောက်ခွဲမှုအား ဆန့်ကျင်သည့် ဆန္ဒပြပွဲအား အိန္ဒိယစံတော်ချိန် မနက်(၉)မှ စတင်ကာ ယနေ့ မနက် ၁၁နာရီထိ ကျင်းပါ ပြုလုပ်ခဲ့သည်..။
ယနေ့ ဇူလိုင်လ (၈)ရက်နေ့မှာတော့ ဗုဒ္ဓဂါယာရှိ လမ်းများအား ပိတ်ထားဆဲ ဖြစ်ပြီး မနေ့က အကြမ်းဖက် ဗုံးဖောက်မှုအတွင်း ဒဏ်ရာရသူများအား အိန္ဒိယအစိုးရ ဝန်ကြီးများမှ လာရောက်ကြည့်ရှု အားပေးခဲ့ပြီး အကြမ်းဖက်သမားများအားလည်း အလျင်အမြန် စုံစမ်းဖော်ထုတ် ပေးမည်ဟု ကတိစကား ပြောကြားခဲ့သည်..။
ယနေ့ ညနေ(၄)နာရီမှာလည်း Magadh Universityမှ နိုင်ငံတကာ စာသင်သားများနှင့် အိန္ဒိယနိုင်ငံသားများမှ ဆုတောင်းပွဲ ပြုလုပ်ကြမည် ဖြစ်ကြောင်း သတင်းရရှိသည်..။
သတင်းမီဒီယာများ ယနေ့ အဆိုပါ ဆန္ဒပြပွဲအား ဆက်သွယ်မေးမြန်းလိုပါက ဗုဒ္ဓဂါယာရှိ Magadh University မှာတက်ရောက် သင်ကြားနေတဲ့ အရှင်နန္ဒာစရိယ ဖုန်းနံပါတ်... +၉၁၇၇၈၃၈၉၈၃၂၉သို့
 စုံစမ်းမေးမြန်း နိုင်ပါကြောင်း... Viberနဲ့လည်း ဆက်သွယ် မေးမြန်းနိုင်ပါသည်..။
From:[_ ဒိမို ဝေယံ_] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Jul 4, 2013
ဒေါ်စုပြောသည့် လူ့အခွင့်အရေး နှင့် ဒေါ်စန္ဒာမင်း၏ ပြည်တန်ဆာလိုင်စင်
သိပ်မကြာသေးမီ အချိန်က တောရွာကလေးတစ်ရွာတွင် ဖြစ်ပွားခဲ့ပါသည်။ အိမ်တစ်အိမ်သည် အိမ်တက်မင်္ဂလာ အဖြစ်ရွာဦးကျောင်းမှ ကျောင်းထိုင်ဆရာတော်လေးအား ဆွမ်းကျွေးပင့်ပြီး တရားပွဲ ပြုလုပ်ပါသည်။
၎င်းအိမ်ကလေးသည် ယနေ့ခေတ်တွင် လူ့အခွင့်ရေး အထူးလေးစားသော ပါတီမှ
ကျေးလက်ပါတီဌာနရုံးလေးနှင့် ကပ်လျှက် တည်ရှိပါသည်။ ၄င်းအိမ်တက် တရားပွဲသို့ ဘေးချင်းကပ်ရက် ပါတီဌာနရုံးမှ ပါတီဝင်များနှင့် ကျေးလက်ပါတီ ဦးဆောင်အမျိုးသမီးကြီးလည်း တရားနာလာရောက်ပါသည်။
ဆွမ်းဘုဉ်းပေးပြီးသောအခါ ဆရာတော်လေးသည် တရားပလ္လင်ပေါ်သို့ တက်ရောက်ကာ တရားဟောရန် ပြင်ပါတော့သည်။ တရားပွဲမစမီ အရင် ဆုံးငါးပါး သီလ ပေးပါသည်။
သူတစ်ပါး အသက်အား သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ အရှင်ဘုရား.
................................................................................
...................................................................................
...................................................................................
................................................................................
စသဖြင့် အစဆုံး ရွတ်ဆိုစဉ်မှာပင် လူ့အခွင့်ရေး အလေးထားသူ အမျိုးသမီးကြီးမှ မတ်တပ်ထရပ် လိုက်ပါလေတော့သည်။ အားလုံးလဲ ဘာရယ်မသိ လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။
အကြည့်အားလုံးက ထိုအမျိုးသမီး ကြီးထံ သို့ စုပြုံ ရောက်ရှိသွားစဉ်မှာပင် "ဘုန်းဘုန်း ဘုရား ဘုန်းဘုန်းရဲ့ ငါးပါးသီလ ထဲက တစ်ချို့ထဲသော အချက်လက်တွေကို တပည့်တော်မ ကန့်ကွက် ပါတယ်ဘုရား။ ဘာလို့လဲဆိုတော့ နိုင်ငံတကာ လူ့အခွင့်ရေးနဲ့ မကိုက်ညီလို့ပါ။"ဟု ပြောလိုက်လေ သည်။
လူအုပ်ကြီးမှ သက်ပြင်းချသံများ ထွက်ပေါ်လာပြီး ဘုန်းဘုန်းလဲ မျက်လုံးပြူးသွားရရှာသည်။ "ဟမ် . . . ဘာလို့လဲ ဒကာမကြီးရဲ့ ဘယ်အချက်လက်တွေကများ နိုင်ငံတကာ လူ့အခွင့်ရေးနဲ့ မကိုက်ညီပါသလဲ။"
ဒီလိုပါ ဘုရား သေရည်သေရက် သောက်ခြင်းမှ ရှောင်ကြဉ်ခိုင်းတယ် ဆိုရာမှာ နိုင်ငံတကာမှာက အရက်ဘီယာ အစရှိသည်တို့ကို အသက်(၁၈)နှစ်ပြည့်ရင် တရားဝင် သောက်သုံးခွင့်ပေးထားပါတယ်။
ဒီထဲမှာ ရှိနေတဲ့ သူတွေထဲမှာ အသက် (၁၈) နှစ်ပြည့်ပြီးသားတွေ အများကြီးပါပါတယ်။ ဒီတော့ ဒီလူတွေကို သေရည်သေရက် ရှောင်ကြဉ်ရမယ်လို့ ဘုန်းဘုန်း တားမြစ်နေတာက နိုင်ငံတကာ လူ့အခွင့်ရေး နဲ့ မညီပါဘူး ဘုရား။ သူတို့ သောက်သုံးချင်ရင် သောက်သုံးသင့်ပါတယ်။ ဘုန်းဘုန်းမတားသင့်ပါဘူး။
နောက်ပြီးတော့ ကာမေသု မိစ္ဆာ ဆိုတဲ့ နေရာမှာ ဘုန်းဘုန်းဆိုလိုတာက ကိုယ့်ဇနီးမယား မဟုတ်တဲ့သူတွေနဲ့ လိင်မဆက်ဆံရ သလို ဖြစ်နေပါတယ်။ အချို့ သော အမတ်မင်းများဟာ ဆိုရင်ဖြင့် ကိုယ့်ဇနီး မယားမဟုတ်တောင်မှ ပြည့်ပြည့်စုံစုံ ကောင်းကောင်းမွန်မွန် လိင်ဆက်ဆံလို့ရအောင် ပြည့်တန်ဆာ ဥပေဒေတွေတောင်မှ လွှတ်တော်မှာ တင်သွင်းနေပါတယ် ဘုရား။ နောက်ပြီးတော့ နိုင်ငံတကာမှာ တရားဝင် မယူဘဲနဲ့ living together အဖြစ်နဲ့ ကလေးတွေရသည်ထိ လိင်ဆက်ဆံ နေခွင့်ရှိပါတယ်။ ဒီတော့ ကိုယ့်ဇနီး မယား မဟုတ်ဘဲနဲ့ တခြားသူနဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ခိုင်းတာဟာ နိုင်ငံတကာ လူ့အခွင့်ရေး နဲ့ မညီဘူးပါဘူး ဘုရား . . .
ထို့နောက်...............................................
ထို့နောက်...............................................
ထို့နောက်...............................................
ထို အမျိုးသမီးကြီးကား အထက်ပါ ကဲ့သို့ ချက်နှင့် လက်နှင့် ပြည့်ပြည့်စုံစုံ ပြောပြပြီး ပြန်ထိုင်သွားလေတော့သည်။
ဆရာတော်လေးသည်ကား ငါးပါးသီလကို ဆက်ပေးရကောင်းနိုးနိုး၊ တရားပွဲကို ဆက်ဟောရ ကောင်းနိုးနိုးနှင့် တခွန်းသော စကားကို ရေရွတ်လိုက်ပါတော့သည်။
“ဒုက္ခပါပဲ ဒကာမကြီးရာ”
From:[_ Wira Thu _] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »
ကုလားတိုက်ခိုက်ခံရသူ ကျောင်းဆရာမလေး သတိပြန်လည်လာ ပြီ
ကျောက်တော်မြို့နယ် ပီချောင်းဝရှိ မြင်းဂန်းကျေးရွာမှ မိန်းကလေးနှစ်ယောက်ကို ရွာကမ်းစပ်တွင် ပိုက်လာချသူ ကုလားနှစ်ယောက်က ရိုက်နှုက်တိုက်ခိုက် လုယက်ခဲ့ကြသောကြောင့် ကျောက်တော်မြို့ ဆေးရုံသို့ ရောက်နေကြရာ ထိုနှစ်ယောက်အနက် ဆေးရုံတင်ခါစတွင် သတိမရသေးသည့် ကျောင်းဆရာမလေး မဆန်းဆန်း (၂၀-နှစ်) မှာ သတိပြန်လည်လာပြီဖြစ်သည်။ (ဓါတ်ပုံ ကို ကြည့်ပါ။)
ဆရာမအား ဆေးစစ်ပြီးဖြစ်ပြီး၊ ရိုက်နှုက်တိုက်ခိုက်ခံရမှုရှိခဲ့သော်လည်း လိင်ပိုင်းဆိုင်ရာကျူးလွန် ခြင်းခံခဲ့ရသည့် လက္ခဏာ မတွေ့ရ ဟု ဆိုသည်။ ၄င်းအား ရေထဲမှ ဆယ်ယူလာစဉ်ကလည်း အတွင်းခံဘောင်းဘီ အပြည့်အစုံနှင့်တွေ့ရခြင်းဖြစ်သည် ဟု ဆိုသည်။
ကျောက်တော် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူအချို့မှာ ရေမပါဘဲ ပြဿနာသာပါမည့် အမှုအခင်းဖြစ်လာသည် ဆိုပြီး စိတ်ညစ်သည့်လေသံဖြင့် လက်ဖက်ရည်ဆိုင်တွင် ထိုင်ပြောနေသည်ကို ကြားနေရသည် ကြားမိသူတစ်ဦးက ပြောကြားသည်။
ကျူရှင်ပြသည့်ဆရာမငယ် တစ်ဦးဖြစ်သည့် ဆန်းဆန်း (၂၀-နှစ်) နှင့် ၄င်း၏ တပည့်မ သန်းနွယ် (၁၂) နှစ်တို့သည် ယမန်နေ့ ညရှစ်နာရီခန့်တွင် စာပြအပြီး နောက်ဖေးနောက်ဖီသွားရန် ရွာ၏ မြစ်ကမ်းစပ်သို့ တင်လာခဲ့ကြသည်။
၎င်းတို့နှစ်ယောက်အား မြစ်ကမ်းတွင် ပိုက်ချနေသူ ကုလားနှစ်ဦးက ဖမ်းချုပ်ပြီး တုတ်များဖြင့်ရိုက်နှုက်ခြင်း၊ ရေထဲသို့ ခေါင်းနှစ်၍ သတ်ရန်ကြိုးစားခြင်း၊ နားရွက်များမှ နားတောင်းများကို ဆွဲဖြတ်ယူခြင်းတို့ပြုခဲ့ကြသည်။
မိန်းကလေးနှစ်ဦးက အော်ဟစ်ခဲ့ကြသော်လည်း ရွာထဲတွင် ဗွီဒီယိုပြသည့် အသံဖြင့် ဆူညံနေခြင်း၊ ကြားလိုက်သူများကလည်း ကမ်းတစ်ဖက် ကုလားရွာမှ အော်သံဟုသာ အမှတ်မှားကြခြင်းတို့ကြောင့် ဖြစ်ဖြစ်ချင်း ရွာသားများက မကယ်တင်နိုင်လိုက်ခဲ့ကြပေ။
တိုက်ခိုက်ခြင်းခံရသော မိန်းကလေးနှစ်ဦးအား စက်လှေဖြင့် ဆေးရုံသို့လိုက်ပို့ရာ ယနေ့ မနက် အာရုံမတက်မီ (၂) နာရီမှ ကျောက်တော်ဆေးရုံသို့ရောက်ရှိကြသည်။
ဆန်းဆန်း (၂၀-နှစ်)မှာ မနက် ၆-နာရီ ခွဲခန့်အထိ သတိ ပြန်မလည်သေးချေ။
သန်းနွယ် (၁၂-နှစ်)၏ မျက်စိများမှာ ဖူးယောင်နေပြီး၊ နားတောင်ဆွဲဖြုတ်ခံရသောကြောင့် နားရွက်များပဲ့နေသည်။
မြင်းဂန်းရွာနှင့် တစ်ဖက်တစ်ကမ်းတွင် ပီစိ (ကုလား)ရွာ နှင့် နိတင် (ကုလား)ရွာ တို့ရှိကြသည်။
From:[_ Coral Arakan News)_]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
Jun 23, 2013
မြန်မာနိုင်ငံအတွင်း အင်ဒိုနီးရှားမှ အစ္စလာမ်စစ်စစ်သွေးကြွ များစိမ့်ဝင်ပြီး အကြမ်းဖက်တိုက်ခိုက်တော့မည် ။
လူမှူရေး ဆိုရှယ် ဝပ်ဆိုဒ်တစ်ခုဖြစ်သော တွစ်တာ တွင် အင်ဒိုနီးရှားနိုင်ငံတွင် လေ့ကျင့်ပြီးခဲ့သော အစ္စလာမစ်စစ်သွေးကြွများသည် မြန်မာနိင်ငံအား စိမ့်ဝင်ထိုးဖောက်၍ တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည် ။ အင်ဒိုနီးရှားတောအုပ်တစ်ခုထဲတွင် အခြေပြုထားသော အဆိုပါ လေ့ကျင့်ရေးစခန်းမှ အစ္စလာမ်စ် စစ်သွေးကြွများသည် မြန်မာနိုင်ငံရှိ ဘင်္ဂလီများအတွက် သွေးကြွေးဆပ်မည်ဟုကြွေးကြော်ကာ လက်ရှိ သင်တန်းတတ်ရောက်ထားသူ အင်အား ၃၀၀ ကျော်အနက်မှ လက်ရွှေးစင် အင်အား ၆၀ ရွေးထုတ် စေလွန်ရန် စီစဉ်ထားပါသည် ။
မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရန်အတွက် မြန်မာနိုင်ငံသားများနှင့် ရုပ်ရည်ဆင်တူသူ ၊
မြန်မာပြည်ဒေသ အားကျွမ်းကျင်သူများအား အထူးရွှေးချယ်ကာစေလွတ်မည်ဖြစ်ပါသည်။၎င်းတို့နှင့်အတူ မောင်းပြန်ရိုင်ဖယ်များ ဗုံးသီးများနှင့် ဖောက်ခွဲရေးကျွမ်းကျင်သူများ ပါဝင်မည်ဖြစ်ပါသည် ။ TIME မဂ္ဂဇင်းမှလည်း ၉၆၉ လှုပ်ရှားမှူ ဦးဆောင်သူ ဦးဝီရသူအား အကြမ်းဖက်သမားဟုဆိုကာ မျက်နှာဖုံးတွင်ဖော်ပြခဲ့ပါသည် ။ ထိုသို့ဖော်ပြပြီးနောက် အင်ဒိုနီးရှားအခြေစိုက် အစ္စလာမ် စစ်သွေးကြွများအနေဖြင့် မြန်မာနိုင်ငံအတွင်း စိမ့်ဝင် ကာ လက်နက်ကိုင် အကြမ်းဖက်ရန်အတွက် မီးစိမ်းပြလိုက်ခြင်းဖြစ်သည်ဟု မွတ်ဆလင် ကမ္ဘာအတွင်း ပျံနှံခဲ့ပါသည် ။
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »
သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ
ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း
Latest Videos
88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ