Feb 21, 2013

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိ ၊ဘင်္ဂလားဒေ့ရှ်မှ ရောက်ရှိလာသော မူဆလင်များအား ဘင်္ဂလီ ဟုသာ ခေါ်ဆိုသတ်မှတ်ခဲ့ကြောင်း လွတ်တော်တွင် တရားဝင်ပြောပြီ

“မြန်မာနိုင်ငံတွင် သမိုင်းဝင်ကုလား သို့မဟုတ် ဘင်္ဂါလီရှိသည်ကို အသိအမှတ်ပြုပါသလားနှင့် စပ်လျဉ်းသည့်မေးခွန်း” အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း မှ ဖြေကြားရာတွင်-

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် ကုန်းမြေနယ်နိမိတ်ချင်း ထိစပ်လျက် ရှိသဖြင့် ရှေးပဝေသဏီ ကာလမှပင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကူးလူးသွာလာဆက်ဆံမှုများရှိခဲ့ရာ အိန္ဒိယနိုင်ငံဘက်မှ ကူးလာသူများကို ကုလားလူမျိုးဟူ၍ လည်းကောင်း၊ ဥရောပတိုက်မှ ပြောင်းရွှေ့ လာကြသည့် အင်္ဂလိပ်လူမျိုးများအား ကုလားဖြူ ဟူ၍လည်းကောင်း ခေါ်ဆိုခဲ့ကြကြောင်း သိရပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း

ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမအကြိမ် စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ ပိုင်နက်ဖြစ်သော ရခိုင်ပြည်နယ်နှင့် တနင်္သာရီဒေသတို့အား အင်္ဂလိပ်ကိုလိုနီ လက်အောက်သို့ ကျရောက်ခဲ့စဉ် ရခိုင်နှင့်တနင်္သာရီဒေသများကို အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းအုပ်ချုပ်ခြင်းခံခဲ့ရပြီး ဆက်လက်၍ ရခိုင်ဒေသအား အနောက် ဘင်္ဂလားသို့ သွတ်သွင်းခဲ့ကာ ရခိုင်ပြည်နယ်ထဲသို့ ဘင်္ဂလားနယ်မှ မူဆလင်အများအပြား ဝင်ရောက် အခြေချလာခဲ့ကြကြောင်းနှင့် ဘင်္ဂလားနယ်မှ လာကြသူများဖြစ်၍ ၎င်းတို့အား ဘင်္ဂလီဟု ခေါ်ဆိုခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေ၍ ရာသီအလိုက် လယ်ယာလုပ်သားများ ဝင်ရောက်လာကြပြီး နောက်ပိုင်းကာလများတွင် ၎င်းတို့သည် ရခိုင်ပြည်နယ်တွင် အ‌ခြေချနေထိုင်လာခဲ့ကြသည်များလည်း ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံများမှ ပြောင်းရွှေ့ရောက်ရှိနေထိုင်လာကြသူများအား ၎င်းတို့၏ မိဘဘိုးဘွားအစဉ်အဆက် နေထိုင်လာခဲ့သည့် မူရင်းနိုင်ငံအပေါ် အ‌ခြေခံလျက်ခေါ်ဆို ခဲ့ကြရာ အင်္ဂလိပ်စစ်တပ်တွင် အမှုထမ်းကာ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြသည့် နီပေါနိုင်ငံမှ လူမျိုးများအား နီပေါလ်ခေါ် ဂေါ်ရခါးဟု ခေါ်ဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံတွင် ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းမှတ်တမ်းများအရ တိုင်းရင်းသားမဟုတ်သည့် နိုင်ငံခြားသားလူမျိုးအမည်များမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလ်လူမျိုးများဖြင့် မှတ်တမ်းတင်ထားခဲ့ပါသည်။ ထို့အပြင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်း မှတ်တမ်းများတွင်လည်း တိုင်းရင်းသား မဟုတ်သည့် နိုင်ငံခြားလူမျိုး အမည်များမှာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂါလီ၊ နီပေါလ် လူမျိုးများဟူ၍ တရားဝင်မှတ်တမ်း ထားရှိခဲ့ပါတယ်။

၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် အမျိုးသားမှတ်ပုံတင် သက်သေခံ ကတ်ပြား ထုတ်ပေးရေးဆောင်ရွက်ရာတွင် ရုံးလက်ခံပုံစံ(၁)မှတ်တမ်းများတွင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခေတ်အဆက်ဆက် ရောက်ရှိနေထိုင်ခဲ့ကြသူများအား မူဆလင်လူမျိုးများဟု ရေးသွင်းခဲ့ပြီး ၁၉၇၃ ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူပြီးနောက်ပိုင်းတွင် မူဆလင်သည် ဘာသာ ဖြစ်၍ ပုံစံ(၁)များတွင် ဘင်္ဂလီလူမျိုးများဖြင့်သာ မှတ်တမ်းတင်ခဲ့ကြောင်း တွေ့ရပါတယ်။

သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မေးမြန်းထားသည့်အတိုင်း မိမိဌာနအနေဖြင့် ဘင်္ဂလီလူမျိုး များဖြင့်သာ မှတ်တမ်းတင်ထားရှိကြောင်း ဖြေကြားအပ်ပါတယ်။ ယနေ့အချိန်အထိ စာရင်းဇယား ကောက်ယူခြင်း၊ စိစစ်ခြင်းများဆောင်ရွက်ရာတွင်လည်း နောက်ကြောင်းမရှိ တီထွင်ပြောဆိုနေသော လူမျိုးအမည်သစ်စာရင်းများကို ထည့်သွင်းဖော်ပြခြင်းမရှိဘဲ ရှေးနှစ်ပေါင်းများစွာကတည်းကပင် အတည်ပြုထားသော အမည်နာမအခေါ်အဝေါ်အတိုင်းပင် အသိအမှတ်ပြုခေါ်ဝေါ် အသုံးပြုဆဲ ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။ (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

လူပါးပုလင်းထိ တရုတ်လူပျိုကြီး

တရုတ်နိုင်ငံ လုံလင်းနယ်က အသက် ၅၀ အရွယ် ဟန်လူမျိုး လူပျိုကြီးတယောက် အလုပ်တွေ အသားကုန်လုပ်၊ ပိုက်ဆံတွေ စုမိတော့ အသက်အရွယ်အရ အိမ်ထောင်ပြုချင်လာသည်။ 

တရုတ်နိုင်ငံမှာ သူကို ကြိုက်မယ့်သူမရှိ၊ သူက ကြိုက်သော်လည်း တဖက်က ငြင်းတာများသည်။ သို့နှင့် သူငယ်ချင်းတယောက်က သတို့သမီးရှာတဲ့ အေးဂျင့်ကို ပို့ပေးလိုက်သည်။ ပွဲစားအေးဂျင့်ကို မယုံ၍ ပွဲစားနှင့်အတူ ကိုယ်တိုင် မြန်မာပြည်ကို သွားရောက်ရှာဖွေခဲ့သည်။ ပထမအကြိမ် မအောင်မြင်။ ဒုတိယအကြိမ်မှ သူကြိုက်တာတွေ့သွားသည်။ တရုတ်ငွေ ယွမ် ၂၀၀ နှင့် ရခဲ့သည်။ မစ်ရှင်အောင်မြင်၍ တရုတ်ပြည်ပြန်ကာ မင်္ဂလာဆောင်တော့ပါသည်။ သူငယ်ချင်း၊ အမျိုးတွေ ဖိတ်ကြားပြီး ရှိသလောက်နဲ့ ဆောင်ခဲ့ပါသည်။ 


သို့သော် မင်္ဂလာဆောင်ဆောင်ချင်းပင် သတို့သမီးက လက်စွမ်းပြလိုက်သည်။ သတို့သားလူပျိုကြီးကို ရေရေလည်လည် သမလိုက်သည်။ အရပ်တကာက ဝိုင်းဆွဲတဲ့အထိပေါ့။ နောက်ဆုံးမနိုင်တော့ လုံလင်းနယ်က ရဲတွေကို အကူအညီတောင်းပြီး လာရာလမ်းအတိုင်း တရုတ်-မြန်မာ နယ်စပ်သို့ ပြန်ပို့ပေးလိုက်သည်။ အရပ်လူကြီးနဲ့ ရဲများက လူပျိုကြီးကို ဝိုင်းဝန်း မေးမြန်စစ်ဆေးရာ စိတ်မနှံ့တဲ့ လူတယောက်မှန်း မသိအောင် “အ” ရသလားဆိုကြသည်။ 

အကြောင်းရင်းမှာ မိန်းကလေးသည် စိတ်မနှံ့သူဖြစ်ပြီး ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာရာမှ လူလည်ပွဲစားများက မွမ်းမံ အလှဆင်၊ စိတ်ငြိမ်ဆေးများနှင့် ထိန်းထားပြီး တရုတ်လူပျိုကြီး လက်ထဲသို့ အရောက်ထည့်ပေးလိုက်သည်။ တရုတ်ပြည်ရှိ လူပျိုကြီးနေအိမ်ရောက်၊ မင်္ဂလာဆောင်တော့ ဆေးရှိန်ပြယ်တဲ့အချိန်နဲ့ ကွက်တိဖြစ်သွားရာက တရုတ်လူပျိုကြီး ခံလိုက်ရခြင်းဖြစ်သည်။ တရုတ်ပြည်တွင် မိန်းကလေးဦးရေ နည်းပါးမှုကြောင့် မြန်မာမိန်းကလေးများ တရုတ်ပြည်သို့ ဇနီးမယားအဖြစ် ရောင်းစားခံနေရသည့်ပြဿနာမှာ နယ်စပ်တလျှောက် ပေါ်ပေါက်နေဆဲ ဖြစ်ပါသည်။

 ဝင်းလက် တရုတ်ဘာသာမှ ပြန်ဆိုပါသည်။
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Feb 20, 2013

“မြန်မာနိုင်ငံတွင် သမိုင်းဝင်ကုလား သို့မဟုတ် ဘင်္ဂါလီရှိသည်ကို အသိအမှတ်ပြုပါသလားနှင့် စပ်လျဉ်းသည့်မေးခွန်း” အား စစ်တွေမဲဆန္ဒနယ်မှ ဦးခင်မောင်ညိုမေးမြန်း

ရခိုင်ပြည်နယ် ဒေသခံ ရခိုင်တိုင်းရင်းသားများနဲ့ ဧည့်သည်တစ်ဖက်နိုင်ငံမှ ကုလား ခေါ် ဘင်္ဂါလီ မျိုးနွယ်စု ပဋိပက္ခ ဖြစ်ကြရာတွင် နှစ်ဖက်စလုံးမှ အသေအပျောက်များ၍ ပစ္စည်းဥစ္စာများ ဆုံးရှုံး နစ်နာခဲ့ကြပါတယ်။ ၁၉၄၆ ခုနှစ်ကပင် ရန်စခဲ့သော ပဋိပက္ခသည် အကြိမ်များစွာ ပျောက်လိုက်ပေါ်လိုက် ဖြစ်ခဲ့သည်မှာ ၂၀၁၂ ခုနှစ်အထိ သက်တမ်းရှည်ခဲ့ပါတယ်။



သမိုင်းတွင် မရှိခဲ့သည့် တရားမဝင်သော လိုအပ်ဆန္ဒကြောင့် သူများပစ္စည်းကို မတရားလိုလားတောင်းဆိုမှု၊ လုယက်တိုက်ခိုက်မှု၊ အကြမ်းဖက်မှုများကြောင့် အေးချမ်းစွာ နေလိုသော ဒေသခံ ရခိုင်တိုင်းရင်းသား များမှာ မိမိတို့ ပိုင်ဆိုင်သော ပိုင်နက်ကို ကာကွယ်သည့် အနေဖြင့် လည်းကောင်း၊ ပြည်ထောင်စုကို ကာကွယ်သည့် အနေသည့်လည်းကောင်း ကျူးကျော်ရန်စမှုကို မခိုင်ဘဲ ဆန္ဒအရ ကာကွယ်ခဲ့ကြပါတယ်။ အကြောင်းအရင်းမှာ လုတဲ့သူနဲ့ အလုခံရသူများက ဘယ်သူလွန်သည်ကို ကြည့်ကြ မည်ဖြစ်ပါတယ်။ အင်္ဂလိပ်ကိုလိုနီခေတ်တွင် လူဝင်မှုကြီးကြပ်ရေးဌာနမရှိဘဲ အင်္ဂလိပ်များမှာ ကူလီ လုပ်ရန်လည်းကောင်း၊ ဝန်ထမ်းလုပ်ရန်လည်းကောင်း ဧည့်သည်စစ်တကောင်း နယ်သား ကုလားခေါ် ဘင်္ဂါလီများကို မြန်မာနိုင်ငံအတွင်းသို့ ခေါ်ယူသွင်းလာခဲ့တာ လွတ်လပ်ရေးရပြီးနောက် ကုလား ဆူပူ မူဂျာဟစ် ရခိုင်ရွာပေါင်း ၃၀၀ ကျော်ကို မိမိတို့ပိုင်နက် နေရာဒေသမှ ရခိုင်များကို အကြမ်းဖက်၍ မောင်းထုတ်ခဲ့ပါတယ်။ ရခိုင်လူမျိုးများ ပိုင်ဆိုင်သော ဘိုးဘွာပိုင်မြေ၊ နေရပ်ပစ္စည်းများကို ရယူ သိမ်းဆည်းပြီး နယ်ချဲ့ခဲ့သော အဲဒီဘင်္ဂါလီများသည် ဖြစ်ကြပါတယ်

။ ရခိုင်များက ဘင်္ဂါလီများ ကို မျိုးတုန်းသတ်ဖျက်သည်ဟု အယ်ဂျာစီးယား ရုပ်မြင်သံကြားမှ ပုံကြီးချဲ့ပြီးလွှင့်သည်မှာ လုံးဝ မမှန်ကန်ပါ။ ဘင်္ဂါလီများကို ရာဂဏန်းမှ ထောင်ဂဏန်း၊ ထောင်ဂဏန်းမှ သောင်းဂဏန်း၊ သောင်းဂဏန်းမှ သိန်းဂဏန်းသို့ တိုးပွားလာခြင်းမှာ မျိုးတုန်းသတ်ဖြတ်ခြင်း မဟုတ်ပါဘူး။ မှန်သည် မှားသည်ကို လွှတ်တော်ကိုယ်စားလှယ်များ စဉ်းစားကြည့်လျှင် သိရှိနိုင်ပါတယ်။ ကုလားဝေါဟာရနဲ့ ဘင်္ဂါလီဝေါဟာရနှစ်ခု ပျောက်စေရန် နည်းမျိုးစုံကြံပြီး ကြိုးစားနေခြင်းသာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ မှ ဘာသာတူများကိုစုစည်း၍ဘာသာရေးပဋိပက္ခအသွင်ဖန်တီးနေခြင်းသာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံကုလားဟူသော ဝေါဟာရကို နည်းမျိုးစုံနဲ့ ခြောက်လန့်ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။ သို့သော် ဥပမာ- ဦးကုလားရာဇဝင်ကြီး၊ ဇင်းမယ်ကုလား၊ သွေးသောက်ကြီးကန်ကုလား၊ ကုလားမနိုင် ရခိုင်မဲ၊ ကုလားဖြူ၊ ကုလားမဲ၊ ကုလားထိုင်၊ ကုလားကာ၊ ကုလားပဲ၊ ဖဲထုတ်တို့တွင် ပါသော ကုလားတို့မှာ ကုလားဝေါဟာရများ ဖြစ်ကြပါတယ်။ ကုလားသည် လူ၏ဥပဓိရုပ်ကို မြင်လျှင် ပါးစပ်မှ လွတ်ခနဲ အလိုလို ကုလားဟုထွက်သော ကုလားဟူသော ဝေါဟာရကို ထုတ်၍မရပါဘူး။

လွတ်လပ်ရေးရပြီး နောက်ပိုင်း လူဝင်မှုကြီးကြပ်ရေးဌာနမှ ယာယီမှတ်ပုံတင်ပေးသည့်အခါ စာရင်းသွင်းပုံစံတွင် ပုံစံ(၁)၌ ကိုးကွယ်သည့်ဘာသာမှာ အစ်စလာမ်ဘာသာ၊ လူမျိုးက ဘင်္ဂါလီဟု အစစ်ခံထားပါတယ်။ သူတို့ က သူတို့က အစစ်ခံထားတာပါ။ ကုလား သို့မဟုတ် ဘင်္ဂါလီများက အတိအကျမြန်မာနိုင်ငံက သမိုင်းဝင်ဝေါဟာရဖြစ်ပါတယ်။ ရခိုင်လူမျိုးကို ရခိုင် သို့မဟုတ် ရက္ခိ ဟုခေါ်ပါတယ်။ မြန်မာလူမျိုးကို မြန်မာ သို့မဟုတ် ဗမာ ဟုခေါ်ပါတယ်။ ဂျပန်လူမျိုးကို ဂျပန် သို့မဟုတ် နီပွန်ဟုခေါ်ထားပါတယ်။ ကုလားလူမျိုးကိုလည်း ကုလား သို့မဟုတ် ဘင်္ဂါလီဟု ခေါ်ပါသည်။ ဤဝေါဟာရများကို မည်သည့်‌ အာဏာနဲ့မျှ ဖယ်ရှား၍မရပါ။

နယ်မြေသစ်တစ်ခုရှာပြီး ပြောင်းရွှေ့ပစ်ရင်တော့ ကောင်းမှာပါ။ မြန်မာ နိုင်ငံ၏ ဥပဒေကို လိုက်နာမည်ဟုပြောလျှင် ပြည်ထောင်စုမြန်မာနိုင်ငံကို သစ္စာရှိရပါမည်။ ၁၉၈၂ ခုနှစ် တည်ဆဲဥပဒေသည် နိုင်ငံခြားသား မြန်မာနိုင်ငံကို ဝါးမြိုရန် စိတ်ကူးယဉ်နေခြင်းကို ဥပဒေနှင့် တားမြစ်ထားခြင်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။

ဥက္ကဋ္ဌကြီးမှတစ်ဆင့် အောက်ပါ မေးခွန်းနှစ်ခုကို ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ (၁) မြန်မာနိုင်ငံတော်သမိုင်းတွင် ကုလား သို့မဟုတ် ဘင်္ဂါလီ ရှိသည်ဟု အသိအမှတ်ပြုပါသလား။
(၂) ကုလား ဘင်္ဂါလီ ရှိပါလျက်နှင့် တီထွင်ထားသောအမည်ကို တားမြစ်ပေးပါမည်လား။ အားလုံးကိုကျေးဇူးတင်ပါတယ်။

From:[_  ပြည်သူ့လွှတ်တော်_] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

မန်းတွင် မော်တော်ဆိုင်ကယ်ဖောင်းကြွနံပါတ်ပြားများ ဖမ်းဆီးစစ်ဆေးများ ပြုလုပ်မှသာလာရောက်ထုတ်ယူကြ

မန်းတွင် မော်တော်ဆိုင်ကယ်ဖောင်းကြွနံပါတ်ပြားများ ဖမ်းဆီးစစ်ဆေးများ
ပြုလုပ်မှသာလာရောက်ထုတ်ယူကြပြီးအဖမ်းဆီးနည်းသည့်အချိန်တွင်လာရောက်ထုတ်ယူခြင်းမရှိကြကြောင်းသိရသည်။
မန္တလေးတိုင်းကုန်လမ်းပို့ဆောင်ရေးဌာနမ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ပထမအပတ်မှ စတင်ထုတ်ပေးခဲ့ရာ ဖောင်းကြွနံပါတ်ပြားများထုတ်ယူကျန်ရှိနေသေးကြောင်းတိုင်းကုန်လမ်းပို့ဆောင်ရေးဌာနမှ
သိရသည်။


မန်းခရိုင်တွင် မော်တော်ဆိုင်ကယ်ဖောင်းကြွနံပါတ်ပြားထုတ်ယူရမည့် ဆိုင်ကယ်အစီးရေ ၃သိန်း၂သောင်းကျော်ရှိရာ ၃သိန်းတစ်သာင်းခန့်
လာရောက်ထုတ်ယူခဲ့ပြီး တစ်သောင်းကျော် ထုတ်ယူရန် ကျန်ရှိ
နေသေးကြောင်း ကုန်လမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားရေးမှူး ဦးသိန်းဦးက ပြောသည်။

“ စစထုတ်ပေးခြင်း ဖမ်းဆီးစစ်ဆေးမှုတွေလုပ်တော့ လာတန်းစီ
ထုတ်ယူကြတာ တစ်ရက်ကို ၃ထောင်ကျော်လောက် ထုတ်ပေးရတယ်။ စနေနေ့အထိပါဝန်ထမ်းတွေ မနားဘဲ ထုတ်ပေးတာ၊ အခု တစ်ရက်ကို ၈၀၀တောင်လာမထုတ်တော့ဘူး ”ဟု ဦးသိန်းဦးကပြောသည်။

ဆိုင်ကယ်ဖောင်းကြွနံ့ပါတ်ပြားမပါရှိလျှင် ယာဉ်စီးကမ်းထိန်းသိမ်းရေးအဖွဲ့မှ ဒဏ်ငွေ ၁၅၀၀ကျပ်တပ်ရိုက်ကြောင်း သိရသည်။

ဖိုးလပြည့်

From:[_ Popular Myanmar News Journal _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ပြည်သူအချစ်တော် မသန်စွမ်းကျောင်းသူ မစုပုံချစ် သြစတြေးလျတက္ကသိုလ် ပညာသင်ဆုရရှိ

မသန်စွမ်းအမျိုးသမီးငယ်တစ်ဦးဖြစ်သည့် မစုပုံချစ်သည် သြစတြေးလျနိုင်ငံတွင် မဟာတန်းတက်ရောက်ရန် ပညာသင်ဆု ရရှိသည့်အတွက် ဖေဖော်ဝါရီ ၂၀ ရက်တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မွေးရာပါ လက်နှစ်ဖက် မသန်စွမ်းဖြစ်ခဲ့သည့်အတွက် ခြေထောက်ဖြင့် စာရေးခဲ့သည့် မစုပုံချစ်အား ငယ်စဉ်ကပင် နိုင်ငံပိုင်မီဒီယာနှင့် ပုဂ္ဂလိကမီဒီယာများမှတစ်ဆင့် အများပြည်သူ ရင်းနှီးခဲ့သူတစ်ဦးလည်း ဖြစ်သည်။၎င်းသည် ပြည်ပတက္ကသိုလ်တွင် ပထမဆုံးပညာသင်ဆုရရှိသည့် ပထမဆုံးသော မသန်စွမ်းတစ်ဦးဖြစ်ကြောင်း မစုပုံချစ်က ဂုဏ်ယူစွာပြောပြသည်။



“မြန်မာနိုင်ငံမှာ ဥပဒေတွေ၊ အခွင့်အရေးတွေ အရေးပါလာပြီ။ အဲဒီတော့ မသန်စွမ်းတွေရဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေအတွက် ဦးဆောင်ပေးချင်လို့ အခုလို ကျောင်းသွားတက်ဖို့ ဆုံးဖြတ်တာဖြစ်ပါတယ်”ဟု ပြည်ပမထွက်ခွာမီ တစ်ရက်အလိုတွင် ၎င်းကပြောကြားသည်။

သူမ သွားရောက်ပညာသင်မည့် တက္ကသိုလ်မှာ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ New South Wales တက္ကသိုလ်ဖြစ်ပြီး Master of Policy Studies ကို ၁၈ လကြာ တက်ရောက်သင်ကြားမည်ဖြစ်သည်။ယင်းကဲ့သို့ ပညာသင်ဆုရရှိရန် နှစ်နှစ်ဆက်တိုက် လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်တွင်မှ ရွေးချယ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

မစုပုံချစ်သည် တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးလေးဘာသာဖြင့် အောင်မြင်ခဲ့ပြီး သတင်းနှင့် နည်းပညာအင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့ကာ လက်ရှိတွင် သတင်းနှင့် နည်းပညာအင်ဂျင်နီယာ မဟာဘွဲ့သင်တန်းကို တက်ရောက်နေဆဲ ကျောင်းသူတစ်ဦးဖြစ်သည်။

လက်ရှိတက်လက်စကျောင်းကိုရပ်နားခွင့်တင်ပြီးပညာတော်သင်သွားမည်ဖြစ်ကာ ပြည်ပမှ
 ပြန်လည်ရောက်ရှိမှသာ နည်းပညာမဟာဘွဲ့သင်တန်းကို ဆက်လက်တက်ရောက်မည်ဖြစ်သည်။

From:[_7Day News Journal_]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ပါကစ္စတန်အခြေစိုက် အစ္စလာမ်မစ်အကြမ်းဖက် အဖွဲ့အစည်းများနှင့် ပတ်သက်၍ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့အား အိန္ဒိယနိုင်ငံမှ သတိပေး

၂၀၁၂ခုနှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း တလျှောက်ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဝင်ဌာနေ တိုင်းရင်းသားများနှင့် ရိုဟင်ဂျာခေါ် ဘင်္ဂလီမူဆလင်များ၏ အဓိကရုဏ်းကဲ့သို့သော ဖြစ်ရပ်များတွင် ပါကစ္စတန်အခြေစိုက် အစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှု အခန်းကဏ္ဍနှင့်ပတ်သက်၍ အိန္ဒိယအစိုးရမှ ၎င်း၏အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအား သတင်းအချက်အလက်များ မျှဝေပေးလိုက်ကြောင်း ဇန်န၀ါရီ ၃၀ရက်နေ့ အိန္ဒိယနိုင်ငံထုတ် ဟိန္ဒူစတန်တိုင်းမ်သတင်းစာမှ ဖော်ပြခဲ့သည်။

အဆိုပါ ပါကစ္စတန်အစ္စလာမ်မစ် အကြမ်းဖက်အုပ်စုများထဲတွင် အထင်ရှားဆုံး အကြမ်းဖက်အဖွဲ့အစည်းမှာ Lashkar-e-Taiba ဖြစ်သည်။ အိန္ဒိယအစိုးရ၏ ထိပ်တန်းထောက်လှမ်းရေး သတင်းအချက်အလက်များအရ ရိုဟင်ဂျာဘင်္ဂလီမူဆလင် အကြမ်းဖက်လှုပ်ရှားမှုများအား နောက်ကွယ်မှ အဓိကငွေကြေး ထောက်ပံ့ပေးနေသည်မှာ ဆော်ဒီအာရေဗီယားနိုင်ငံမှ အစ္စလာမ်မစ်အဖွဲ့အစည်းများဖြစ်ကြောင်း သိရှိရသည်။ အဆိုပါအထူးလေ့ကျင့်ထားသည့် အကြမ်းဖက်သမားများသည် ပါကစ္စတန်နိုင်ငံ အခြေစိုက်အကြမ်းဖက်အုပ်စုများထံတွင် စခန်းသွင်းလေ့ကျင့်ခဲ့သူများဖြစ်ပြီး လိုအပ်သည့် လက်နက်ခဲယမ်းမီးကျောက်များကို ထိုင်းနိုင်ငံရှိ အစ္စလာမ်မစ်အုပ်စုများမှ တဆင့်ရရှိကြောင်း သိရှိရသည်။

ဘင်္ဂလီရိုဟင်ဂျာများ ရင်ဆိုင်နေရသည့် စီးပွားရေးနှင့် လူမှုရေးအခက်အခဲများနှင့် ဆက်စပ်မှုမရှိပဲ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးမှောင်ခို ကုန်သွယ်ရေးတွင် အဆိုပါလူနည်းစု၏ ပါဝင်ပတ်သက်မှု၊ လေ့ကျင့်ရေးစခန်းထူထောင်ခြင်းအပါအ၀င် အကြမ်းဖက်အုပ်စုများအတွက် လုံခြုံစိတ်ချရသည့် နေရာများဖန်တီးပေးမှု စသည့်အချက်များသည် ဒေသတွင်း တည်ငြိမ်ရေးအား အဓိကအကြမ်းဖက်အုပ်စုများက စိမ်ခေါ်နိုင်စေရန် ဖန်တီးပေးလျှက်ရှိသည်ဟု အိန္ဒိယအစိုးရထိပ်တန်း အရာရှိတစ်ဦးကပြောကြားသွားသည်။

နယူးဒေလီ၏ အဓိကစိုးရိမ်ပူပန်သည့်အချက်မှာ ပါကစ္စတန်အကြမ်းဖက်အုပ်စုများမှ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံမှ မူဆလင်များကို စုဆောင်းလေ့ကျင့်ပေးပြီး အိန္ဒိယအရှေ့မြောက်ပိုင်းတွင် အကြမ်းဖက်မှုများ ကျူးလွန်ရန်နှင့် ဒေသတွင်းတွင် အာသံအဓိကရုဏ်းကဲ့သို့ ဆူပူအုံကြွသတ်ဖြတ်မှုများကို ဖန်တီးလာစေရန် နောက်ကွယ်မှကြိုးကိုင် အသုံးချမည်ကို ဖြစ်သည်။

ဘင်္ဂလီရိုဟင်ဂျာ ဒုက္ခသည်အမြောက်အမြားရှိနေသော အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် Pakistani Inter-Services Intelligence နှင့် အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့ Lashkar-e-Taiba တို့၏ အရှိန်မြင့်လာသော ပူးပေါင်းစစ်ဆင်ရေးနှင့်ပတ်သက်၍ သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်ခဲ့ကြပြီးဖြစ်သည်။ အစိုးရနှစ်ခုစလုံးက စစ်တကောင်းတောင်တန်းဒေသအတွင်း ဘင်္ဂလားအစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ Jaish-e-Mohammed (JeM) ၏ အကြမ်းဖက်လှုပ်ရှားမှုများ ရှိကြောင်း ယုံကြည်ထားကြသည်။ ထိုအဖွဲ့သည် အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တလျှောက် Cox's Bazaar ခရိုင်မှ Teknaf sub-division အတွင်း လှုပ်ရှားလျှက်ရှိကြောင်း သိရှိရသည်။

ရခိုင်ဒေသ ဆူပူအုံကြွမှုဖြစ်ပွားပြီးနောက် Lashkar-e-Taiba နှင့် ၎င်း၏မိခင်အဖွဲ့အစည်းဖြစ်သော Jammaat-ud-Dawwa (JuD) တို့မှ ဦးဆောင်၍ ဖိုရမ်တစ်ခုကျင်းပခဲ့ပြီး ၎င်းဖိုရမ်၏အမည်မှာ Difa-e-Musalman Arakan-Burma Conference (Defence of Muslims in Myanmar) ဖြစ်ကြောင်း၊ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ အာဏာရမြန်မာအစိုးရအား ဆန့်ကျင်ရန် မူဆလင်များအား စုစည်းမည့် ကမ်ပိန်းဖြစ်ကြောင်း သိရှိရသည်။

Lashkar-e-Taiba နှင့် Jammaat-ud-Dawwa (JuD) တို့မှ သြဂုတ်လ၁၀ရက်၊၂၀၁၂ခုနှစ်တွင် အဖွဲ့ဝင်နှစ်ဦးပါ အထူးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းပြီး ၎င်းတို့နှစ်ဦးမှာ Jammaat-ud-Dawwa (JuD)၏ ပြောရေးဆိုခွင့်ရှိသူ Nadeem Awari နှင့် လူမှုဆက်သွယ်ရေးအဖွဲ့မှ Shahid Mehmood Rehmatullah တို့ဖြစ်ကြောင်း သိရှိရသည်။ ၎င်းအဖွဲ့၏တာဝန်မှာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာရေးကျောင်းများမှ စီနီယာကိုယ်စားလှယ်များနှင့် ချိတ်ဆက်လှုပ်ရှားမှုကို တိုးမြှင့်ရန်ဖြစ်သည်။

အိန္ဒိယအစိုးရ၏ ထောက်လှမ်းရေးသတင်းများအရ Lashkar-e-Taiba ခေါင်းဆောင် Hafeez Saeed အပါအ၀င် စီနီယာအစွန်းရောက် အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များသည် မြန်မာနိုင်ငံအား ပစ်မှတ်ထားလျှက်ရှိပြီး နိုင်ငံအတွင်းမှ အလားအလာရှိသည့် မူဆလင်များအား စုဆောင်းရန်နှင့် အကြမ်းဖက်လှုပ်ရှားမှုများကို အကောင်အထည်ဖော်ရန် တိုင်ပင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါအကြမ်းဖက်အဖွဲ့မှ ပြုပြင်ပြောင်းလဲရေးအတွက် ကြိုးပမ်းလျှက်ရှိသည့် သမ္မတဦးသိန်းစိန်အစိုးရအား ရခိုင်ဒေသရှိ မူဆလင်များ၏ အတိဒုက္ခရောက်မှုအတွက် အဓိကတာဝန်ရှိကြောင်း ပြစ်တင်ဝေဖန်ခဲ့သည်။

Lashkar-e-Taiba ခေါင်းဆောင်များသည် ရခိုင်ဒေသရှိ ဘင်္ဂလီရိုဟင်ဂျာများထံ Harkat ul Jihadi al Islami (HUJI), JeM နှင့် Jammaat ul Mujahideen Bangladesh (JMB) စသည့် ဘင်္ဂလားဒေ့ရှ် အခြေစိုက် အစ္စလာမ်မစ်အစွန်းရောက် အကြမ်းဖက်အဖွဲ့ဝင်များနှင့်အတူ အလည်အပတ်လာရောက်ရန် စီစဉ်နေကြောင်း၊ ၎င်းတို့၏ ရည်ရွယ်ချက်မှာ RSO(Rohingya Solidarity Organisation) နှင့် ဆက်ဆံရေးတိုးမြှင့်ပြီး အကြမ်းဖက်လှုပ်ရှားမှုများကို တိုးမြှင့်မည့် အစီအစဉ်များရေးဆွဲရန်နှင့် အိန္ဒိယအရှေ့ဖက်ဒေသ အစွန်အဖျားတွင် အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန်ဖြစ်ကြောင်း အိန္ဒိယအစိုးရ ထိပ်တန်းအရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ အိန္ဒိယထောက်လှမ်းရေး အေဂျင်စီများမှ Jammaat ul Arakan (JuA)တည်ထောင်ခြင်း၊ JAM မှလေ့ကျင့်ထားသည့် အကြမ်းဖက်သမားများအကြောင်းနှင့် တခြားဘင်္ဂလီရိုဟင်ဂျာ အစွန်းရောက် အကြမ်းဖက်အုပ်စုများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များအား ၀န်ကြီးချုပ်မန်မိုဟန်ဆင်း အစိုးရအဖွဲ့ထံ အစီအရင်ခံ တင်ပြပြီးဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယထောက်လှမ်းရေးသတင်းများအရ JAM အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်အနီး Bandarban district အတွင်းရှိ လူသူအရောက်အပေါက်နည်းပါးသည့် ဝေးလံသော တောတွင်းတစ်နေရာ၌ လေ့ကျင့်ရေးစခန်းတစ်ခုတည်ဆောက်ကာ လူသစ်များအား စုဆောင်းလေ့ကျင့် သင်ကြားပေးခြင်းတွင် ပါဝင်ပတ်သက်နိုင်ကြောင်းနှင့် ၎င်းတို့တွင် မြန်မာနိုင်ငံအတွင်း ၀င်ရောက်ကာ လျှို့ဝှက်လှုပ်ရှားမည့် အစီအစဉ်များရှိနေကြောင်း ၎င်းအရာရှိမှဆက်လက်ပြောကြားသွားသည်။

ပါကစ္စတန်စစ်ထောက်လှမ်းရေး ISI နှင့် ဘင်္ဂလီရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့အစည်းများ ဆက်စပ်မှုအား အိန္ဒိယထောက်လှမ်းရေးမှ စတင်ခြေရာခံမိခြင်းမှာ စက်တင်ဘာ၁၁ရက်နေ့၊ ၂၀၁၂ခုနှစ်တွင် Cox's Bazaar ခရိုင်၊ Idgah madarassa ဒေသတွင် ဖမ်းဆီးရမိခဲ့သော Noor-ul-Amin ၏ ထုတ်ဖော်ပြောဆိုချက်အရ သိရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဘာသာရေးဆရာသည် ပါကစ္စတန်နိုင်ငံ၊ Karachi မြို့အခြေစိုက် Dar-ul-Uloom Islamiya madarassa တွင် လေ့ကျင့်ခဲ့သူဖြစ်ပြီး ယခင်က အရည်အသွေးရှိသည့် စစ်သွေးကြွများအား ရှာဖွေစည်းရုံးသည့် တာဝန်နှင့် ဘင်္ဂလီရိုဟင်ဂျာများအား စည်းရုံးကာ အကြမ်းဖက်အဖွဲ့အဖြစ် စုဆောင်းလေ့ကျင့်ပေးခဲ့သူဖြစ်သည်။

၎င်းအား အခန်းပိတ်စစ်ဆေးသည့်အချိန်တွင် သူ၏အဖွဲ့အစည်းသည် ပါကစ္စတန်စစ်ထောက်လှမ်းရေး ISI နှင့် ပတ်သက်မှုရှိသည့်အပြင် Karachiမြို့ အခြေစိုက် HUJI (Arakan)၏ စစ်ဦးစီးချုပ် Maulana Abdus Qudus Burmi နှင့်လည်း ပတ်သက်မှုရှိကြောင်း ၀န်ခံပြောကြားခဲ့သည်။ ဆက်လက်ပြီး ၎င်းက ပါကစ္စတန်စစ်ထောက်လှမ်းရေးအဖွဲ့သည် ဘင်္ဂလီရိုဟင်ဂျာများအတွက် စစ်လက်နက်များ အရောင်းအ၀ယ်လုပ်ရာတွင်လည်း ပါဝင်ပတ်သက်ခဲ့ကြောင်း အတည်ပြုပြောကြားသွားခဲ့သည်။ အောက်တိုဘာ ၈ရက်၊ ၂၀၁၂ခုနှစ်တွင် Noor-ul-Amin၏ အနီးစပ်ဆုံး လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ Ali Ahmed aka Abu Jibral အား ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့သည်။ HUJI ၏ လက်ရှိအဖွဲ့ဝင်တစ်ဦးဖြစ်သည့် Ahmed aka Abu Jibral အား ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ပတ်စပို့စာအုပ်နှင့်အတူ ပါကစ္စတန်နိုင်ငံဆိုင်ရာ စာရွက်စာတမ်းများနှင့် လက်ရဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လွန်ခဲ့သည့်လအနည်းငယ်က ပါကစ္စတန်စစ်ထောက်လှမ်းရေး ISI နှင့် Karachi မြို့အခြေစိုက် Islamiya madarassa နှင့် ငွေကြေးအလွှဲအပြောင်းပြုလုပ်ရာတွင် ပါဝင်ပတ်သက်ခဲ့သူဖြစ်သည်။ Ali Ahmed aka Abu Jibral အား အခန်းပိတ်စစ်ဆေးစဉ် ၎င်းက အာဖကန်နစ္စတန်နိုင်ငံ အတွင်း ဂျီဟတ်စစ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်းနှင့် ၎င်း၏အဖွဲ့သည် ၁၉၈၅ခုနှစ်မှ ၁၉၉၄ခုနှစ်အထိ Waziristanမြောက်ပိုင်း၊ Miranshah ဒေသတွင် တာလီဘန်များနှင့် လက်တွဲခဲ့ကြောင်း ၀န်ခံပြောကြားသွားခဲ့သည်။

ဒါကာနှင့်နေပြည်တော် အစိုးရများသို့ ဘင်္ဂလီရိုဟင်ဂျာ အကြမ်းဖက်ကွန်ယက်များနှင့် ပတ်သက်၍ တပ်လှန့်ပြီးချိန်တွင် အိန္ဒိယအစိုးရအနေဖြင့် ပါကစ္စတန်စစ်ထောက်လှမ်းရေး (ISI)မှ Lashkar-e-Taiba,Jaish-e-Mohammed (JeM),Harkat ul Jihadi al Islami (HUJI) နှင့် Tehrik-e-Azadi Arakan (TAA) ကဲ့သို့သော ဒေသတွင်း အစ္စလာမ်မစ်အစွန်းရောက် အဖွဲ့အစည်းများမှတဆင့် ဘင်္ဂလီမူဆလင်ဒုက္ခသည်များအား အစွန်းရောက်အကြမ်းဖက် အဖွဲ့ဝင်များအဖြစ် စုဆောင်းလေ့ကျင့်ကာ လုံခြုံရေးအားနည်းသည့် အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသများတွင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် နောက်ကွယ်မှကြိုးကိုင်မည်ကို အထူးစိုးရိမ်ပူပန်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

ဘင်္ဂလီရိုဟင်ဂျာမူဆလင်များထံမှ ဘာသာရေးအစွန်းရောက်များစွာ တိုးပွားလာခြင်းသည် ရရှိထားသော သက်သေခံ သတင်းအချက်အလက်များအရ ၎င်းတို့အား ပါကစ္စတန်အခြေစိုက် ဖောက်ခွဲရေးပါရဂူများထံမှ အသေခံစစ်သွေးကြွများအဖြစ် လေ့ကျင့်မွေးထုတ်ပေးလျှက်ရှိပြီး ဖောက်ခွဲရေးပစ္စည်းများအား ထုတ်လုပ်ခြင်းနှင့် မြန်မာ့တပ်မတော်အား ရင်ဆိုင်သည့်အခါ မည်သို့အသုံးချရန် စနစ်တကျလေ့ကျင့်ပေးလျှက်ရှိကြောင်း အခိုင်အမာသိရှိရပါသည်။

Source - LeT seeks foothold in Myanmar
Shishir Gupta, Hindustan Times
ဘာသာပြန်ဆိုသူ - မြတ်သိန်းထွန်း (၀ံသာနု)From:[_ _] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

အစ္စလ်ာမစ် ဘာသာရေးထဲ လူငယ်တွေ အချစ်ရေးကို ခုတုံးလုပ်ပြီး ဆွဲသွင်းခံနေရတာ ဘယ်လောက်များပြီလဲ(ဖြစ်ရပ်မှန်)

အော် မိုက်လိုက်တဲ. ငါ.နှမရယ် အမျိုးဖျက်သွားပြီးပဲ ဒူနဲ.မျက်ရေသုတ်ရမှ ငါ.နှမငယ်လေး နောင်တရမှာလား လူဆိုတဲ. အဓိပ္ပါယ် ဘာလဲဆိုတာတောင် မသိရှာတော.ဘူးလာကွယ်။။။။။။။။

 ကောင်မလေးရဲ့ နာမည်က ရွှန်းလဲ့ရည်ဖြစ်ပါတယ်။ မိဘနှစ်ပါးက kk-အုတ်လုပ်ငန်း လုပ်ပါတယ်။ မြင်းမူမြို့၊ ဗေဒါလမ်း၊ အသောကရပ်မှာ နေပါတယ်။ မူဆလင် ထက်ကိုလတ်ရဲ့ အဖေက ဦးသိန်းကိုလတ် (မူဆလင် )+ ဒေါ်စောနုသန်း(ဗမာ) ဖြစ်ပြီး၊ တစ်မိသားစုလုံး အစ္စလာမ်ဘာသာကို ကိုးကွယ်ကြပါတယ်။

ဦးသိန်းကိုလတ်ကစက်ဘီးပြင်လုပ်ငန်း၊ ဒေါ်စောနုသန်းကကြာဇံဟင်းရောင်းကာ မြင်းမူမြို့၊ မြစ်ပေါက်လမ်း၊ အသောကရပ်မှာ နေပါတယ်။ ဒေါ်စောနုသန်း ငယ်စဉ်ကလည်း ခိုးရာလိုက်ပြေးခဲ့ပြီး ကလေးတစ်ယောက် ရမှ မြင်းမူ ပြန်ရောက်လာလို့ မိဘများက ဘာမျှမတတ်နိုင်တော့ပါ။ ဒီနည်းကို ဒေါ်စောနုသန်းက ဆက်လက်သုံးစွဲ ခိုင်းခဲ့တာပါ။

ပိုက်ဆံတွေပါသွားတာပဲ၊ ကလေးရမှ ပြန်ခဲ့၊ သတ်မပစ်ပါဘူး၊ ခုတော့ ဘာတတ်နိုင်သေးလဲ”ဟု ကြာဇံဟင်း ရောင်းရင်း ဈေးထဲမှာ ပြောဆိုနေကြောင်း သိရပါတယ်။

ကောင်မလေးနှင့်အတူ ပါသွားတာက ငါးဆယ့်ကိုးသိန်းကျော်ရှိပြီး ကောင်မလေးနှင့် ကုလား ထက်ကိုလတ်ကို မုံရွာမြို့နယ်၊ တောင်ပုံရွာမှာ ဖမ်းမိခြင်း ဖြစ်ပါတယ်။ ရဲစခန်းရောက်ခါစက- ဧည့်ခန်းထဲမှာ ခေါ်တွေ့နေကျ ဖြစ်ပါတယ်။ ကုလားက ထွက်မတွေ့ဖို့ ပြောမှ ကောင်မလေးက ထွက်မတွေ့တော့တာပါ။ မိခင်ဖြစ်သူက မနေနိုင်လို့ အချုပ်ခန်းထဲထိ သွားတွေ့တာကို ဖခင်ဖြစ်သူက မိခင်ကို ဆူပူတာကြောင့် မိခင်ကြီးခင်မျာ သတိလစ်မေ့မျောသွားပြီး ထိုင်ခုံပေါ်မှ ပြုတ်ကျလဲ သွားခဲ့ပါတယ်။ ကောင်မလေးနဲ့ ထက်ကိုလတ်ရဲ့ ပေးစာများကို ဖတ်ကြည့်ပါဦး။ 





မိခင်ဖြစ်သူ ဒေါ်စောနုသန်းကိုယ်တိုင်က ဗမာဗုဒ္ဓဘာသာမှ ဦးသိန်းကိုလတ်နှင့် လိုက်ပြေးပြီးမှ အစ္စလာမ်ဘာသာကို ကူးပြောင်းသွားတာပါ။ အခုထိ မူဆလင် အမျိုးသမီးတွေ ဝတ်သလို ဘူခါခြုံဝတ်တုန်းပဲလို့ သိရပါတယ်။  

စုံစမ်းရန်-
  • 071-40393
  • 09-402550615 
  • 071-40764 
  • 09-47074007 


From:[_ https://www.facebook.com/photo.php?fbid=459831484082935&set=a.131160390283381.24940.100001682638727&type=1&ref=nf _]
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ကျွန်တော်တို့ဟာ တိုင်းပြည်ကို မျက်လှည့်ပြရန် အကြောင်းမရှိပါဘူးဟုပြီး စွမ်းအင်ဝန်ကြီးပြောပြီ


ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမပုံမှန်အစည်း အဝေး (၁၂)ရက်မြောက်နေ့တွင် မော်လိုက်မဲဆန္ဒနယ်မှ ဦးသောင်း က မော်လိုက်ရဲ့အရှေ့ခြမ်းမှာ ရှိတဲ့ အင်းတော်ဒေသက ရေနံ လက်တွင်းထုတ်လုပ်မှုတွေနှင့် ရှမ်းပြည်နယ်မဲဆန္ဒနယ်မှာ ဦးနေ ၀င်းထွန်းက ရေနံလုပ်တဲ့ လုပ် ကွက်ကို ကုမ္ပဏီတစ်ခုတည်းကို ဧရိယာအကျယ်ကြီးမပေးဘဲနဲ့ လူအများစု လုပ်ကိုင်ဆောင်ရွက် နိုင်အောင် လုပ်ကွက်အရွယ် အစား ပုံသေသတ်မှတ်ပြီး လုပ် ကိုင်ဖို့ ပေးသင့်ကြောင်း တင်ပြလာခြင်းအားစွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်း ဌေးက ပြန်လည်ဖြေကြားသွား ကြောင်း သိရှိရပါတယ်။


ကျွန်တော်တို့ မြန်မာနိုင်ငံ မှာ ရေနံတူးတဲ့ကိစ္စဟာ မြေပေါ် ကနေ ပေ ၈၀၀၊ ၁၀၀၀ လောက် အထိ ရေနံတူးတာတွေ ရှိပါ တယ်။ နှစ်ပေါင်းများစွာကတည်း က အပေါ်ယံကြောတွေမှာ တူး လာတဲ့ ပုဂ်္ဂိုလ်တွေဟာ ကိုယ့် သဘောနဲ့ကိုယ်ပဲ တူးနေတာတွေ ရှိပါတယ်။ ယခင် န၀တ လက် ထက်မှာရော အခု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်း ချက်ပါတဲ့အတိုင်းရောမှာ ရေနံ ထုတ်လုပ်မှုများဟာ တကယ် တော့ စွမ်းအင်ဝန်ကြီးဌာန တစ်ခု တည်းကပဲ လုပ်ပိုင်ခွင့်ရှိတာ ဖြစ် ပါတယ်။ သို့သော် ယခင်အစိုးရ လက်ထက်မှာ သူ့ဟာသူ အဆင် ပြေနေတယ်။

 ဒေသရဲ့ စွမ်းအင် လိုအပ်ချက် ကျေးလက်မီးလင်း ရေး ဒီကိစ္စအတွက် လက်ယက် တွင်းများကို စွမ်းအင်နဲ့ ၀န်ကြီး ဌာနက ကြီးကြပ်ကွပ်ကဲပေးပါ ဆိုတဲ့ လမ်းညွှန်ချက်နဲ့ စွမ်းအင် ဌာနကပဲ လုပ်ကွက်တွေ သတ် မှတ်ပေးပါတယ်။ လုပ်ကွက် သတ်မှတ်ပေးပြီးတော့ အဲဒီ လုပ် ကွက်တွေအပေါ် စိစစ်ခြင်းကို ၀န်ကြီးဌာနက မလုပ်ပါဘူး။ သက်ဆိုင်ရာလုပ်ကွက်ကို ရှာလို တဲ့ပုဂ်္ဂိုလ်ဟာ နယ်မြေမှာ သူ့ လုပ်ကွက်ကို သူရှာပါတယ်။ သက်ဆိုင်ရာ မြို့နယ်တိုင်းဌာနကို ဒီနေရာမှာ ကျွန်တော်တို့ လုပ်ချင် ပါတယ်ဆိုပြီး တင်ပြပါတယ်။ အဲဒီလို တင်ပြလာတဲ့ အရာတွေ ဟာ ကျွန်တော်တို့ စွမ်းအင်ဌာန ကို ရောက်လာပါတယ်။ ကျွန် တော်တို့ဟာ တိုက်ရိုက်ခွင့်မပြုပါ ဘူး။ ဘာကြောင့် ခွင့်မပြုသလဲ ဆိုရင် သူတူးမယ့်နေရာက လယ် မြေလား၊ ယာမြေလား။ ကျောင်း ကန်ဘုရားမြေလား။ စီမံကိန်း မြေလားဆိုတာက မြို့နယ်ခရိုင် တိုင်းကပဲ သိတာလေ။ အဲဒီမှာ ရှိတဲ့ နယ်ခံသူတွေကပဲ အခိုင် အမာအထောက်အထား တောင်း ရတာလေ။ ၀န်ကြီးဌာနအနေနဲ့ ကတော့ ရောက်လာတဲ့လျှောက် လွှာကို စိစစ်တယ်။ လိုင်စင်လုပ် ပေးတယ်။ ကျသင့်ငွေ ယူပါ တယ်။ ကျသင့်ငွေဆိုတာလည်း အင်မတန်မှ နည်းပါတယ်။ လိုင် စင်ကတ်ဆိုရင် ကျပ်၁၀၀၀၀၊ လိုင် စင်တို့ဆိုရင် ကျပ် ၅၀၀၀ ပါပဲ။ ဒီလောက်လေးနဲ့ ဆောင်ရွက်ပေး နေတာပါ။ ဦးသောင်းရဲ့ အကြံ ပေးချက်ဟာ အင်မတန်မှကောင်း ပါတယ်။

သို့သော် ရေနံချက်တဲ့ နည်းလမ်းဟာ အင်မတန် ခက်ခဲ ပါတယ်။ ပုဂ္ဂလိက လုပ်ငန်းများ ဟာ ရေနံကို မချက်နိုင်ပါဘူး။ ယခင်အစိုးရတုန်းကတော့ ရေနံ လုပ်ခွင့်ကို ပေးလိုက်ပါတယ်။ သို့ သော် ထွက်လာတဲ့ ရေနံစိမ်းကို တော့ စွမ်းအင်ဝန်ကြီး သွင်းရမယ် လို့ ပါပါတယ်။ သွင်းသူကို ရေနံ တစ် ဂါလံ အပ်လို့ရှိရင် ၀န်ကြီးဌာနက စက်ရုံက ချက်လုပ်တဲ့ ရေနံဂါလံ ၀က် ပြန်ပြီးတော့ ပေးတဲ့စနစ်နဲ့ လုပ်သော်ငြားလည်း ဒီစီမံချက်ကို လပိုင်းအတွင်းမှာပဲ ဖျက်လိုက်ရ ပါတယ်။ ဘယ်သူမှ မှန်မှန်ကန် ကန် မအပ်ပါဘူး။ ဒါကြောင့် ၀န်ကြီးဌာနက  တူးဖော်ခွင့်သာ ပေးခဲ့ရပါတယ်။ သို့သော် တချို့ နေရာ ဒေသတွေဟာလည်း လိုက်နာမှုမရှိတဲ့အတွက် ဒီ အတိုင်းထားရတာလည်း ရှိပါ တယ်။ ခုနက ကိုယ်စားလှယ်ကြီး တစ်ဦး ပြောသလိုပါပဲ။ တစ်ဦး တည်းက လုပ်ကွက်တွေ အများ ကြီးလုနေတယ်ဆိုတော့ ကျွန် တော်တို့အနေနဲ့ လုပ်ကွက်တွေ အသေးစိတ်စိစစ်ပြီးတော့ လုပ် ကွက်တွေ အတတ်နိုင်ဆုံး အကောင်အထည်ပေါ်မှာပါ။ ထပ်ပြီးတော့ ပြောလိုတာက ဒါ တွေကို ကျွန်တော်တို့ ၀န်ကြီးဌာန က လုပ်ပိုင်ခွင့်ရှိလို့ ဥပဒေအရ လုပ်ခွင့်ရှိလို့ ထိပ်ကနေပြီး တာဝန် ခံပြီးလုပ်ရပေမယ့် တကယ်တမ်း ကျတော့ နယ်မြေအသီးသီးကို ကွပ်ကဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အသေးစိတ်ကိုတော့  ဒေသ အာဏာပိုင်တွေကသာ နိုင်နိုင် နင်းနင်း လုပ်နေကြတာပါ။ နိုင်ငံ တော်သမ္မတကြီးကလည်း သူတို့ ကို မပိတ်ပင်ပါနဲ့။ အရက်ချက် သလို မဟုတ်ဘူး။ ထွက်လာတဲ့ ဆီက ဒေသတွင်းမှာပဲ နောက်ပြီး တော့ ဖွံ့ဖြိုးတွေမှာသုံးနေတဲ့ အတွက် အလုပ်ဖြစ်အောင် လုပ် ပေးပါ။

သက်ဆိုင်ရာအာဏာပိုင် တွေကို ပေးလို့ရမလားဆိုလို့ ဥပဒေပညာရှင်တွေနဲ့ ညှိနှိုင်းပြီး ဥပဒေဘောင်ဝင်အောင် လုပ် ထားရပါတယ်။ လွှတ်တော်ကိုယ် စားလှယ်တစ်ဦး တင်ပြတဲ့အထဲ မှာ ကျွန်တော်တို့ဌာနဟာ အမြတ်ငွေ အများကြီး ရနေတယ် လို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ သို့သော် ၁ ကျပ် ရင်းရင် ၄၅ ပြား မြတ်ပါတယ်။ ဒါကြောင့် ဒါနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ရန် မလိုအပ်ပါကြောင်း။ ကျွန်တော် တို့ မျှော်မှန်းထားတဲ့အတိုင်း  ရငွေသုံးငွေ လွှတ်တော်ကလည်း သိပါတယ်။ လွှတ်တော်ကိုယ် စားလှယ်တစ်ဦးပြောသလို ကျွန် တော်တို့ဟာ တိုင်းပြည်ကို မျက် လှည့်ပြရန် အကြောင်းမရှိပါဘူး။ တိုင်းပြည်တွင် မကပါဘူးဗျ။ ကမ်္ဘာကိုလည်း လိမ်ညာစရာ အကြောင်းမရှိပါဘူး””ဟု ၁၉-၂-၂၀၀၃ ပြည်ထောင်စုလွှတ်တော် တွင် ဖြေကြားခဲ့ပါသည်။



စိုးဝင်းနိုင်

From:[_ HotNews_] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

Feb 19, 2013

နိုင်ငံခြားခရီးထွက်ခဲ့ရင်ဆင်လုံးဝမစီးပါနဲ့

(ပိုက်ဆံနဲ့အရောင်းအ၀ယ်သာမရှိခဲ့ရင်..သွေးထွက်သံယိုကိစ္စမျိုးတွေမရှိနိုင်တော့ပါဘူး)

ထိုင်းရောက်လို့လမ်းမှာဆင်ပေါက်လေးတွေ...နှာမောင်းနဲ့ခြင်းလေးကိုချိတ်ပြီး...
ပစ္စည်းတွေရောင်းနေတာတွေ့ရင်(လုံးဝ)မ၀ယ်ပါနဲ့ရှင်တို့သိရဲ့လား။အဲဒီဆင်လေးတွေက
သူတို့ဘယ်ရောက်နေမှန်းမသိကြပါဘူး...လူတွေကသူတို့ကိုထိန်းချုပ်ရလွယ်အောင်မျက်လုံးကန်းအောင်
လုပ်ထားတာပါသူတို့ရောင်းတဲ့ပစ္စည်းကိုဝယ်ရင်..ဆင်လေးတွေကိုမျက်စိကန်းအောင်ထပ်လုပ်ခံရပြီ်း
ရောင်းခိုင်းဦးမှာပါ။အသက်ကြီးလာလို့အသုံးချစရာမရှိရင်..သူတို့လေးတွေစွန့်ပစ်ခံရမှာ။။။။:


(ပြီးတော့ဆင်တွေကိုသွားမစီးပါနဲ့..ဆင်တွေဘာလို့စကားနားထောင်လဲသိရဲ့လား
ဒါကဒီလိုပါ...အဲ့ဒီလူတွေကဆင်တွေကိုမျက်လုံးနဲ့လက်သည်းပတ်ပတ်လည်မှာအပ်တွေနဲ့စိုက်ပြီး...
ကျဉ်းကျပ်တဲ့လှောင်အိမ်မှာတစ်ပတ်လောက်ပိတ်ထားပြီးမှပြန်လွှတ်ပေးတာပါ...။

ပြီးတော့ဆင်စီးရတာအရမ်းမိုက်တယ်လို့ထင်မိလား။။။
တကယ်တော့ဆင်မတွေက၂နှစ်လောက်ကိုယ်ဝန်လွယ်ပြီးမှကလေးမွေးတာပါ
ဆင်စီးတဲ့သူတွေကဆင်မမှာကိုယ်ဝန်ရှိမရှိမသိနိုင်ပါဘူး
အဲ့ဒီဆင်မတွေကခရီးသွားတွေကိုအခေါက်၂၀ ၊ ၃၀ လောက်ပတ်ပို့ပေးနေရရှာတယ်
သနားဖို့ကောင်းပါတယ်။ဗိုက်ထဲကကလေးဆုံးရရှာတယ်

From:[_ Rainie Lv _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ကာကွယ်ရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ခန့်အပ်မည်ဟု သတင်းများ ထွက်ပေါ်


ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အော်သော်သည် ကာကွယ်ရေးဝန်ကြီးဌာန အတွက် ပြောရေးဆိုခွင့် ရှိသူ ဖြစ်လာကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ္ဋ်မှ မြန်မာ့တိုင်းမ် သို့ လွန်ခဲ့သည့် အပတ်က ပြောသည်။

"ပြောရေးဆိုခွင့် ရှိသူအဖြစ် ဗိုလ်မှူးချုပ်အောင်သော် ဖြစ်လိမ့်မယ်လို့ ကျွန်တော် သိထားပါတယ်၊သို့သော်လည်း ဒီတာဝန်ကို ဗိုလ်မှူးချုပ်အောင်သော်က
လက်ခံတာဝန်ယူ၊မယူကိုတော့ မသိသေးပါဘူး
' လို့ အီမေးလ်ဖြင့် ပြောကြားခဲ့ပါသည်။.ယခင် ကာကွယ်ရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်မှူးကြီး ကျော်သူ ဆောင်ရွက်နေတဲ့ နေရာမှာ ဗိုလ်မှူးချုပ် အောင်သော်ဆောင်ရွက်ပါလိမ့်မယ်လို့ ' ထပ်မံပြောကြားပါသည်။

ခုလို ကာကွယ်ရေ ၀န်ကြီးဌာန အနေနဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ကို တရားဝင်ခန့်အပ်မှု့ အလွန်လိုအပ်ကြောင်းနှင့် ဒီလို ခန့်အပ်ခြင်းအားဖြင့်ပြည်သူနှင့် တပ်မတော်အကြား နားလည်မှု့ ပိုမို ရရှိလာပြီး ဆက်ဆံမှု့ ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း လေ့လာသူတွေက ဆိုသည်။

သတင်းထောက်တွေသည် တပ်မတော်ထံမှ မှန်ကန်တိကျတဲ့ သတင်းတွေ နှင့် တုံပြန့်မှု့တွေ မရနိုင်တာကြောင့် တပ်မတော် နဲ့ ဆက်စပ်သော ဖြစ်ရပ်များအထူးသဖြင့် ကချင်ပြည်နယ် ပဋ္ဋိပက္ခများတွင် မျှတအောင် သတင်းရေးဖို့ ခက်ခဲကြောင်း အမြဲတမ်း ပြေကြားကြပါသည်။

အငြင်းပွားဖွယ်ရာ ကိစ္စတွေ ဖြစ်လာရင် မီဒီယာတွေအနေနဲ့ တပ်မတော်ရဲ့ အမြင် နဲ့ ငြိမ်းချမ်းရေးအတွက် ပူပန်မှု့တွေကို ဖေါ်ပြလာနိုင်တဲ့အခါ ပြည်သူတွေ အနေနဲ့ တပ်မတော်အပေါ် ယုံကြည်မှု့ ပိုရှိလာမယ်။ ပွင့်လင်းမြင်သာမှု့တွေက တာဝန်ယူမှု့ကို တို့မြှင့်လာစေမယ်လို့ နိုင်ငံရေး အကဲခတ် ဦးဝင်းမြင့် ကပြောပါသည်။ဒါပေမဲ့လည်း ပြောရေးဆိုခွင့်ရှိသူဟာသူ့အထက်ကလူတွေကို ကြောက်စရာမလိုဘဲ ပြောနိုင်ဖို့လဲ လိုတယ်လို့ သတင်းထောက်များအသင်း ဥက္ကဌ စာရေးဆရာ မောင်ဝံသာက ဆိုသည်။တပ်မတော် ပဲ မဟုတ်ပါဘူး၊ အခြားအစိုးရ ဌာနတွေ လဲ ပွင့်လင့် မြင်သာမှု့ ကိုရှိလာလေ သူတို့ရဲ့ အခက်အခဲကို ပြည်သူတွေကလဲ နားလည်မှု့ ရှိလာလေပဲ ဟု ထပ်မံ ပြောဆိုသည်။

သူတို့ အနေနဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ခန့်အပ်လိုက်မှု့သည် တပ်မတော်ရဲ့ ဆောင်ရွက်မှုေ တွကို ပြည်သူတွေ ပိုမိုသိလာအောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ နေရာသစ် ဆိုတော့ ပြောရေးဆိုခွင့် ရှိသူအနေနဲ့ ဘယ်လောက် လွတ်လွတ် လပ်လပ် ပြောနိုင်မလဲ ဆိုတာ ခန့်မှန်းရ ခက်ပါတယ်ဟု တပ်မတော်တွင် ၁၈ နှစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ဗိုလ်ကြီး အဖြစ် အငြိမ်းစား ယူခဲ့သူ ပြည်သူ့ လွှတ်တော် အမတ် NLD ပါတီဝင် ဦးဝင်းထိန်က ပြောသည်။

ဗဟိုဖွံဖြိုးရေး အဖွဲ့မှ ဦးအောင်သူငြိမ်းကမူ " တပ်မတော် အနေနဲ့ KIA ကဲ့သို့ သတင်းထောက်တွေကို ရှေ့တန်း စစ်မြေပြင်ကို သွားရောက် သတင်းယူခွင့် မပေးခဲ့တဲ့အတွက် အားနည်းချက် တွေရှိခဲ့တယ်၊ ခုလို ပြောရေးဆိုခွင့် ခန့်အပ်လိုက်မှု့ဟာ ဒီပြဿနာကို မဖြေရှင်းနိုင်ပေမဲ့ ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်း တစ်ခု စတင် လိုက်တာပါလို့ ပြောသွားခဲ့သည်။

အင်ဒိုနီးရှားနဲ့ တောင်ကိုရီးယား စသည့် နိုင်ငံများတွင်၊ တပ်မတော်များသည် ပြောရေး ဆိုခွင့်ရှိသူတွေ ခန့်အပ်ရုံသာမက ဆက်လက်လုပ်ဆောင်မည့် ရှေ့လုပ်ငန်းအစီအစဉ်များ ကို နှစ်စဉ် ထုတ်ပြန်လေ့ရှိသည်။

တပ်မတော် ပြောရေး ဆိုခွင့် ရှိသူအနေနဲ့ ပွင့်ပွင့် လင်းလင်း ဖြေနိုင် ပြောနိုင်လေ တပ်မတော် အနေနဲ့ ပြည်သူဆီက ထောက်ခံမှု့ ပိုမို ရရှိလေပဲ ဒါက ပြည်သူရော တပ်မတော် ရော အကျိုးရှိစေမှာ ဖြစ်တယ်ဟု သူကပြောသည်။

ပြောရေး ဆိုခွင့် ရှိသူ ရဲ့ ရာထူးအဆင့်အတန်းထက် မီဒီယာတွေက မေးမြန်းလာတာတွေကို လွတ်လပ်ဖြကြားနိုင်ခွင့် က ပို အရေးကြီးပါတယ် လို့ သူက ပြောသည်။ကချင်ပြည်နယ် ပဋ္ဋိကက္ခများတွင်း လိုင်ဇာသို့ သွားရောက် သတင်းယူခဲ့သော သတင်းထောက် မငြိမ်းငြိမ်းပြည့်ကလဲ ပြောေ၇းဆိုခွင့် ပုဂ္ဂိုလ် ခန့်အပ်လိုက်မှု့ အပေါ် ကြိုဆိုလိုက်ပါတယ်။ကျွန်မတို့ သတင်းတွေ ရေးတဲ့ အခါမှာ အစိုးရ ဘက်ကို မေးဖို့ တာဝန်ခံ လူ မရှိဘူးဖြစ်နေခဲ့တယ်၊ နှစ်ဖက်စလုံးရဲ့ ပြောကြားမှု့ကို ရနိုင်ရင် ပိုကောင်းတာပေါ့ဟု သူမ ကပြောသည်။


(The MyanmarTime Journal မှ Ministry of Defence gets spokesman အမည်ရှိ သတင်းအား
မြန်မာ့ သားကောင်း မီဒီယာမှ ဘာသာ ပြန်ဆိုထားဖြင်း ဖြစ်ပါသည်။ ဘာသာပြန် မှားယွင်းမှု့ရှိပါက ဝေဖန်ထောက်ပြနိုင်ပါသည်)
မြန်မာ့ သားကောင်း

From:[_ _] (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

မိမိမိုင်းမိမိနင်းမိ၍ KIA တပ်ဖွဲ့ဝင်ဒဏ်ရာရ

ရွှေကူမြို့နယ်၊ မြို့လှမြို့နယ်ခွဲအနီးတွင် ဖေဖော်ဝါရီလ ၁၇ရက်နေ့ ၁၀နာရီခန့်တွင် KIA မှ ထောင်ထားသော မိုင်းပေါက်ကွဲခြင်းကြောင့် KIA တပ်ဖွဲ့ဝင်၂ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါသည်။

မြို့လှ၏ အရှေ့မြောက်ဘက် တောထဲတွင် ဖြစ်ပွားခဲ့တာဖြစ်ပြီး မိုင်းဒဏ်ရရသွားသော တပ်ဖွဲ့ဝင်များကို ၎င်းတို့ စခန်းဖြစ်သည့် ဒါဝယ်စခန်းတွင်ဆေးကုသနေကြာင်း တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးပြောပြချက်အရ သိရှိရ ပါသည်။ အစိုးရတပ်များအတွက် ထောင်ထားသည်ဟု ၎င်းတို့က ဆိုကြသော်လည်း ပတ်ဝန်းကျင်အနီးအနားမှ ဒေသခံများသာ မိုင်းထိဒဏ်ရာရနေကြရပါသည်။

၎င်းတို့၏မကောင်းမှုလုပ်နေသောကြောင့် ဘုရားသခင်က ဒဏ်ခတ်တာဖြစ်ကြောင်း၊ မိမိတို့လူမျိုးကို မိမိတို့က ကာကွယ်မှုမပြုဘဲ နှိပ်စက်မှုတွေပြုလုပ်နေသောကြောင့် ယခုကဲ့သို့ ဘုရားက သတိပေးတာ ဖြစ်သည်ဟု မြို့လှမှာရှိသော သင်းအုပ်ဆရာတစ်ဦးကပြောဆိုသွားပါသည်။
From:[_ KDN _]
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

ပုဂံမှာ ကမ္ဘာလှည့်ခရီးသည်တွေ လုယက်ခံရ

မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံးကမ္ဘာလှည့် ခရီးသွားနယ်မြေ ပုဂံမှာယခုဖေဖော်ဝါရီလ အတွင်း ကမ္ဘာလှည့် ခရီးသည်သုံးဦး တိုက်ခိုက်လုယက်ခံရတယ်လို့ ဧည့်လမ်းညွန်တွေကပြောပါတယ်။

ဖေဖော်ဝါရီလ ၁၆ရက်နေ့မှာ ပုဂံနဲ့ ညောင်ဦးအကြားက လမ်းမဟောင်းပေါ်မှာ အင်္ဂလိပ်အမျိုးသမီးနှစ်ဦးကို
အသက် ၂၀အရွယ်အမျိုးသားနှစ်ဦးကလုယက်ခဲ့ပြီးသူတို့ ရဲ့ ငွေတွေ တယ်လီဖုံးတွေကို ယူဆောင်သွားခဲ့ပါတယ်။

ထို့ အတူဖေဖော်ဝါရီ ၁၄ရက်နေ့ကလည်း အလိုတော်ပြည့် ဘုရားနားမှာ ဆည်းဆာနေ၀င်ချိန်ကို ကြည့်နေတဲ့ တရုတ် ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးတဦးကိုလည်း လူငယ်တဦးက လုယက်ပြီး ငွေတယ်လီဖုန်းနဲ့  နိုင်ငံကူးလတ်မှတ်တွေကိုပါ ယူသွားတယ်လို့ သိရပါတယ်။

၂၀၁၁ခုနှစ်ကလည်းအဲဒိဒေသမှာ ဆိုင်ကယ်တက်စီသမားတဥိးကဂျပန်အမျိုးသမီးကမ္ဘာလှညိ့ တဥိးကို မတရားကျင့် ပြီးသတ်ဖြတ်ခဲ့မှုဖြစ်ပွားခဲ့ ပါတယ်။

မြန်မာနိုငံမှာကမ္ဘာလှည့်ခရီးသွားတွေပိုမိုများပြားလာပေမယ့် ခရီးသွားတွေရဲ့ လုံခြုံရေးအစီအစဉ်တွေကတော့ ဘာမှ တိုးမြှင့်ဆောင်ရွက်ချင်းမရှိတာမို့  အခုလိုကိစ္စတွေ မပေါ်ပေါက်အောင် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း ခရီးသွား ဧည့်လမ်းညွန်တွေက
ပြောပါတယ်။
============================
Credit to Newselite
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)
(မောင်ကျောက်ခဲ အဖွဲ့)
Readmore »

မရိုးမသား သဘောထားနဲ့ အချောင်နိုက်ချင်တဲ့ ( ဗ.က.သ ) အမည်ခံ လုပ်စားအဖွဲ့ကြောင့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ နှစ်ဖွဲ့ကွဲ

ခရီးစဉ်အတွင်း ဦးအောင်မြင့်မှ မြို့အ၀င် များတွင် ဗကသအလံ လွှင့်ထူခြင်း၊ နိုင်ငံရေး အကျဉ်းသား ပုံစံ သရုပ်ဖော်သည့် အနေဖြင့် သံခြေချင်း ၀တ်၍ မြို့များသို့ ၀င်ရောက်ရန် စီစဉ်ခဲ့သော်လည်း ကိုရန်နိုင်ထွန်း ဦးဆောင်သော အဖွဲ့မှ ပြင်းထန်စွာကန့်ကွက်ခဲ့သည်။

၎င်းကိစ္စများနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ည ပလိပ်မြို့တွင် ညအိပ်ရပ် နားစဉ် မန္တလေး မစိုးရိမ်ေ ကျာင်း တိုက်မှ ဆရာတော်ဦးဝိရသူမှ မန္တလေးမြို့သို့ ၀င်ရောက်သည့်အခါ ဆန္ဒပြသည့် သဘော မဟုတ်ဘဲ ငြိမ်းချမ်းရေး လမ်းလျှောက်သည့် အနေဖြင့်အလံများ လွှင့်ထူခြင်း၊ ကြွေးကြော်သံများ ဟစ်အော်ခြင်း မပြုလုပ်ရန် လာရောက်ညှိနှို င်းခဲ့သည်။

သို့သော် ယနေ့နံနက် မန္တလေးမြို့သို့ဝင်ရောက်ရာတွင် ဦးအောင်မြင့် ခေါင်းဆောင်သော အဖွဲ့မှ ဗကသ အလံများ လွှင့်ထူဝင်ရောက်ခဲ့ပြီး ကိုရန်နိုင်ထွန်းဦးဆောင်သောလူငယ်အဖွဲ့မှ ဦးအောင်မြင့်တို့နှင့် အတူတကွ မ၀င်ရောက်ဘဲ အချိန်တစ်နာရီခြားပြီးမှသာ ၀င်ရောက်ခဲ့ကြောင်းသိရှိရသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့က Facebook စာမျက်နှာအချို့တွင် ကိုရန်နိုင်ထွန်း ဦးစီးသောငြိမ်း ချမ်းရေး လမ်းေ လျှာက် သည့်လူငယ်အဖွဲ့သည် ပံ့ပိုးကူညီ သူများအား ရိုင်းစိုင်းစွာ ဆက်ဆံနေကြောင်း ၆.၂.၂၀၁၃ ရက်နေ့ က မိတ္ထီလာမြို့ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ပေးပို့သော သ၀ဏ်လွှာ အား ပြန်ပေးပြီး ဦးဂမ္ဘီ ရပေးပို့သော ငြိမ်းချမ်းရေး အလံအား လည်း လက်မခံ ခဲ့ကြောင်းရေး သားထားသည်ကို တွေ့ရှိရသည်။

“ကျနော်တို့က ငြိမ်းချမ်းရေးကို လုပ်တဲ့နေရာမှာ ပါတီစွဲ၊ ဝါဒစွဲ၊ လူပုဂ္ဂိုလ်စွဲတွေ မထားဘဲနဲ့ ငြိမ်းချမ်းရေး တခုတည်းကိုပဲ ဦးတည်ပြီးတော့ လုပ်မယ်ဆိုတာကို သဘောထား ကြေညာချက် ထုတ်ပြန်ထားတာ ရှိပါတယ်။ ကျနော်တို့နဲ့ မတူတဲ့ တခြားသော ကိစ္စရပ်တွေ ရှိလာတဲ့အခါကျတော့ ပူးပေါင်းလို့ မရတဲ့ အနေအထားမှာ ရှိပါတယ်ခင်ဗျ” ဟု ကိုရန်နိုင်ထွန်း က ပြောသည်။

From:[_ Ko John _]
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »

2014 သန်းခေါင်စာရင်း လာမည့်လအတွင်း စမ်းသပ်ကောက်ခံမည်ဟုလွှတ်တော်အမတ်ပြော

ကုလသမဂ္ဂနှင့်သဘောတူညီမှုရထားသည့်အတိုင်း ၂၀၁၅ မတိုင်မီ သန်းခေါင်စာရင်းများအစစ်အမှန် ကိုကောက်ယူ မည်ဖြစ်ရာ ရှေ့လ မတ်လ ၂၉ တွင် စမ်းသပ်သန်းခေါင်စာရင်းကိုလည်းကောင်း၊ လာမည့်နှစ်မတ်လ၂၉ရက်၂၀၁၄တွင်သန်းခေါင်စာရင်းအစစ်အမှန်ကိုလည်းကောင်း ကောက်ယူသွားမည်ဟု လွှတ်တော်အမတ်များအသိုင်း အဝိုင်းကပြောပါသည်။


2014ခုနှစ်သန်းခေါင်စာရင်းကောက်ယူရာတွင်မိမိနာမည်မပါခဲ့ပါကနိုင်ငံမဲ့လူမျိုးဖြစ်သွားမည်ကိုစိုးရိမ်သဖြင့် အမျိုးသားရေးအတွက် အချိန်အနည်းငယ်ပေးကာမိမိနေရပ်သို့ ခေတ္တပြန်လာသင့်ကြောင်း ကျားဖြူပါတီ ပြည်သူ့လွှတ်တော် အမတ်က ပြောပါသည်။
ကျားဖြူပါတီ ပြည်သူ့လွှတ်တော်အမတ် နန်းဝါနု
လာမယ့်မတ်လထဲမှာ စမ်းသပ် သန်းခေါင်စာရင်းကောက်မယ်။အဲ့ချိန်ကျရင်တော့ လူမလာလဲရတယ်။ဒါပေမယ့်အိမ်မှာကျန်ခဲ့တဲ့လူတွေကိုပြောထားဖို့မမေ့ပါနဲ့။သန်းခေါင်စာရင်းကောက်ရင်မိသားစုဝင်နာမည်ကုန်ပါအောင်ထည့်ထားပေးဖို့ပေါ့။ ထိုင်းရောက်နေသူဘယ်နှစ်ယောက်တရုတ်ကိုရောက်နေသူဘယ်နှစ်ယောက်အစရှိသဖြင့်ပေါ့။ နောက် နှစ် ၂၀၁၄ မတ်လကျရင် တော့ တကယ့်သန်းခေါင်စာရင်းဆင်းကောက်တဲ့ချိန်ရောက်ရင် လူမလာလို့ မရတော့ဘူး” - ဟု သျှမ်းပြည်မြောက်ပိုင်းကွန်ဟိန်းမြို့နယ် ကျားဖြူပါတီ ပြည်သူ့လွှတ်တော်အမတ် နန်းဝါနုကပြောပါသည်။

ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့ ဖေဖော်ဝါရီလ ၁၄ ရက်ကလွှတ်တော်အတွင်း ဥပဒေကြမ်းကော်မတီ၊ ဥပဒေရေး ရာနှင့် အခြားကိစ္စရပ်များစောင့်ကြည့်လေ့လာရေးကော်မရှင်၊လဝက ၀န်ကြီးများနှင့်အတူ သန်းခေါင်စာရင်း ဥပဒေ မူကြမ်းနှင့် ပတ်သက်သည်များကိုဆွေးနွေးရာတွင် နန်းဝါနုက ပြည်ပရောက် သျှမ်းပြည်သားများအားသန်းခေါင်စာရင်း ပေးပိုင်ခွင့်ရရှိရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြခဲ့ကြောင်း ပြောပါသည်။

စမ်းသပ်သန်းခေါင်စာရင်းကောက်ဖို့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလဲမြို့နယ်တချို့ရွေးထားတယ်။ သျှမ်း ပြည် မြောက်ပိုင်းမှာ မူဆယ်ပေါ့။ တောင်ပိုင်းမှာညောင်ရွှေနဲ့အရှေ့ပိုင်းမှာ တာချီလိတ် လို့နာမည်စာရင်းမှာပါပါတယ်။ နိုင်ငံခြားရောက်တဲ့ ဒုက္ခသည်တွေအတွက် သန်းခေါင်စာရင်းကောက် ရင် ၂ မျိုးရှိမယ် ။ ပထမတခုက တရားဝင်ထွက် သွားတဲ့လူတွေကို သံရုံးကနေစာရင်းကောက်မယ်။ စာရင်းကိုတိတိကျကျရနိုင်မယ် ။ တရားမဝင်ထွက်တဲ့ လူတွေကို ကျတော့ ဥပမာထိုင်းရောက်နေတဲ့လူတွေအတွက် ထိုင်းနိုင်ငံ ရဲ-စစ်တပ်အာဏာပိုင်တွေနဲ့အတူ ဟိုမှာရှိနေတဲ့ လူမှု အဖွဲ့ အစည်းတွေနဲ့ပူးပေါင်းလက်တွဲပြီး ကောက်သွားမယ်ပြောတယ်။ ဒါပေမယ့်မြန်မာနိုင်ငံထဲကလို တိတိ ကျကျနဲ့ အကုန်လုံး ရနိုင်မှာမဟုတ်ဘူးတဲ့။ ဒါကြောင့်ဖြစ်နိုင်ရင်မြန်မာနိုင်ငံကို ခဏဖြစ်ဖြစ်ပြန်လာကြ စေချင်တယ်တဲ့။ စာရင်းပေးပြီးရင် ထိုင်းကိုအလုပ်ပြန်သွားလုပ်လဲရတယ်တဲ့ ” - ဟု လူဝင်မှုကြီးကြပ်ရေးအာဏာပိုင် ကဖြေကြား ပေးကြောင်း နန်းဝါနုကဆိုပါသည်။

၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရာတွင် ထိုင်းရောက်သျှမ်းများအနေဖြင့် မိမိဇာတိမြို့ရွာသို့ပြန်မလာနိုင်သည့်တိုင် သျှမ်းပြည်တွင်းတမြို့မြို့သို့ရောက်နိုင်အောင်ကြိုးစားကြစေလိုကြောင်း၊မိမိဇာတိနှင့်ပတ်သက်သည့်မေးခွန်းအနည်း ငယ်ကိုအာဏာပိုင်များမေးမြန်းမည်ဖြစ်ရာ သိရှိဖြေဆိုနိုင်ပါက မိမိသန်းခေါင်စာရင်းသွင်းနိုင်ပြီဖြစ်ကြောင်း နန်းဝါနု ကရှင်းပြသည်။

ထို့ကြောင့် ထိုင်းရောက်သျှမ်းပြည်သားများအား နန်းဝါနုက ဤကဲ့သို့ တိုက်တွန်းပြောကြားခဲ့ပါသည်။

ရခိုင်အရေးကို ဥပမာယူပြီးတော့သတိထားသင့်ပါတယ်။ ကျမတို့သျှမ်းလူမျိုးတွေက အိမ်နီးချင်းနိုင်ငံဆီကို ထွက် ပြေးခိုလှုံတာ အရမ်းများနေပြီ။ ဟိုနိုင်ငံတွေကလဲ ကျမတို့ကိုနိုင်ငံသား မပေးဘူး။ မသတ်မှတ်ဘူး။ အခုကျမတို့ သျှမ်းပြည်ထဲကို တခြားက ဧည့်သည်တွေဝင်လာပြီးလာနေထိုင်ကြတာ အရမ်းများနေပါပြီ။ တကယ်လို့ ထိုင်းရောက် နေတဲ့သူတွေ ပြည်တွင်းထဲကို ပြန်လာမယ် ဆိုရင်လဲ သန်းခေါင်စာရင်းမရှိ ရင် သျှမ်းတွေဟာ စာရင်းပျောက်တွေ အများကြီးဖြစ်လာနိုင်တယ်။ နိုင်ငံမဲ့ဖြစ်သွားကြမှာ။ နိုင်ငံရှုံးမယ်။လူမျိုးရေးမှာရှုံးမယ်။ အမျိုးသားရေးမှာ ဆုံးရှုံးပါ မယ်။ လူ့အခွင့်အရေးဆုံးရှုံးပါမယ်။ ကျမအလွန်စိုးရိမ်မိပါ တယ်။ ဆိုတော့သန်းခေါင်စားရင်ကောက်မယ့် ၂၀၁၄ မှာ အမျိုးသားရေးအတွက် နဲနဲလောက် အပင် ပန်းခံ အချိန်ပေးပြီး တော့ စာရင်းလာပေးကြပါလို့တိုက်တွန်းချင်ပါတယ်

၂၀၁၂ ဧပြီလကုန်က မြန်မာနိုင်ငံကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်း ရောက် ရှိစဉ် ၂၀၁၄ ကစပြီး မြန်မာနိုင်ငံလူဦးရေကို ကမ္ဘာ့စံနှုန်းနှင့် အညီကွင်းဆင်းကောက်ယူသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ဝန်ကြီး ဦးခင်ရီက ပြောပြီး ကတိပြုစာချုပ်တွင် လက်မှတ် ရေးထိုး ခဲ့သည်။

From:[_ သျှမ်းသံတော်ဆင့် _]
 (မောင်ကျောက်ခဲ အဖွဲ့)
Readmore »


သမ္မတကြီးဦးသိန်းစိန်၏ ဥရောပပြန်ခရီးစဉ်အား ကြိုဆိုခဲ့ကြပုံများ

ဦးသိန်းစိန် အားဤသို့ကြိုဆိုခဲ့ကြ ကြိုဆိုသူများနဲ့ အင်တာဗျူး
တပ်မ၄၄+KNLAတပ်မ၁နဲ့သရုပ်ဆောင်တို့ရဲ့ ငြိမ်းချမ်းရေးဘောလုံးပွဲ ဝန်ကြီးဦးအောင်မင်းနှင့်ကေအိုင်အိုငြိမ်းချမ်းရေးဆွေးနွေးပွဲ
အံဖွယ်၃နှစ်ကလေးရဲ့မွေးရာပါ ပါရမီ မြန်မာ့သိုင်းအစွမ်း

Latest Videos

88 ခေါင်းဆောင်တွေ ဒီလိုနည်းနဲ့ခေါင်းဆောင်ဖြစ်လာတယ် ပြောင်ကြီးဘာလို့ထောင်ကျ