၂၀၁၃ မှာ စစ်ရေး၊ နိုင်ငံရေးဘက်စုံဖိအားပေးဖို့ လိုင်ဇာမှာ အင်အားဖြည့် အစည်းအဝေး လုပ်ပြီးနောက်ပိုင်း KIA ဆောင်ရွက်လာမှုများသတင်းများ ဆက်လက်ရရှိလာပါသည် ။အဆိုပါ အချက်အလက်တို့မှာ =
(၁) ပန်ဝါဒေသတွင် နယ်ခြားစောင့်တပ်များကို ပိတ်ဆို့ထိန်းချုပ်ပြီး အခြေချနေရာတစ်ခုအဖြစ် တည်ဆောက်ခြင်းဖြင့် တရုတ်နိုင်ငံနှင့် တရားမ၀င်ကုန်သွယ်မှုလမ်းကြောင်းဖွင့်လှစ်ရန် ကြိုးပမ်း ခြင်း
( ယင်းနေရာသည် ဖားကန့်မှ တရုတ်သို့ဆက်သွယ်သည့် အတိုဆုံးလမ်းကြောင်းဖြစ်သည်)။
(၂) ဖားကန့်ဒေသကို လွတ်လပ်သောKIA နယ်မြေအဖြစ်တည်ဆောက်ပြီး ထိုဒေသမှ အစိုးရ၀န် ထမ်းများကို နည်းမျိုးစုံဖြင့်ခြိမ်းခြောက်ပြီး နှင်ထုတ်နိုင်ရန်ကြိုးစားခြင်း။
(၃) ဖားကန့်ဒေသရှိကုမဏီများ အပါအ၀င် စီးပွားရေးလုပ်ငန်းအားလုံး၊ ခရီးသွားလုပ်သားပြည်သူ အားလုံး၊ နယ်မြေခံအားလုံး(၀န်ထမ်းအပါအ၀င်)ကို နည်းမျိုးစုံဖြင့် မတန်တဆ ဆက်ကြေးတောင်း ခံပြီး ငွေကြေးစုဆောင်းခြင်း။
(၄) ရသမျှ လူငယ်၊ လူကြီးမရွေး၊ ဘာသာလူမျိုးမရွေး၊ ယောကျာင်္းမိန်းမ မရွေး KIA တပ်သားသစ် အဖြစ် မဖြစ်မနေအမှုထမ်းစေခြင်း။
(၅) တပ်သားသစ်အများစုကို KIA တပ်ဖွဲ့ဝင်ဟောင်းအနည်းငယ်ကဦးဆောင်ပြီး တပ်မတော်စခန်း များကို နေ့စဉ်နီးပါး နှောက်ယှက်ပစ်ခတ်စေခြင်း၊ မိုင်းထောင်စေခြင်း။
(၆) ငြိမ်းချမ်းရေးကွန်ယက်၊ ဘာသာရေးအသင်းအဖွဲ့၊ ရှေ့နေများအသင်းအဖွဲ့များတွင် ၄င်းတို့ အမာခံများထည့်သွင်းလာခြင်း။
(၇) UNFC တွင် နောက်ကွယ်မှသာ သွေးထိုးလှုံ့ဆော်နေခြင်း။
(၈) အစိုးရနှင့် ငြိမ်းချမ်းရေးမဆွေးနွေးတော့ပဲ လွှတ်တော်တွင် ၄င်းတို့တောင်းဆိုချက်များကိုသာ ဆွေးနွေးလာစေရန် နည်းမျိုးစုံဖြင့်ဆောင်ရွက်နေခြင်း။
ဆက်လက်ဖွင့်ချပါမည်... ။
(မောင်ကျောက်ခဲ အဖွဲ့)
_____________________________________________________________

No comments:
Post a Comment
မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။