Dec 12, 2012

GSM ဖုန်းများ (၃)နိုင်ငံတွင် အသုံးပြုနိုင်ရေး စမ်းသပ်

GSM မိုဘိုင်းလ်ဖုန်းများကို အာဆီယံနိုင်ငံများတွင် သာမက ဂျပန်၊ တရုတ်နှင့် ကိုရီးယား နိုင်ငံများတွင်ပါ အသုံးပြုနိုင်ရေး စမ်းသပ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ မြန်မာနိုင်ငံအတွင်း၌ အာဆီယံနိုင်ငံ များမှ ဖုန်းအားလုံးကို ယူဆောင် အသုံးပြုနိုင်ပြီဖြစ်သည်။ 

Post Paid ဖုန်းငွေပေးချေစနစ်သုံး GSM မိုဘိုင်းလ်ဖုန်း အချို့ကိုလည်း ပြည်ပနိုင်ငံများသို့ ယူဆောင်အသုံးပြုနိုင်ရေး စမ်းသပ်နေကြောင်းလည်း သိရသည်။ ဖုန်းခေါ်ဆိုခ နှုန်းထားများမှာ သက်ဆိုင်ရာ နိုင်ငံများ၏ နှုန်းထားအတိုင်း ဖြစ်မည်ဟု သိရပြီး ၂ဝ၁၃ ခုနှစ် ဧပြီလတွင် ဖုန်းအားလုံး အသုံးပြုနိုင်ရန် စီစဉ် သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။

From:[_ မြဝတီ  _]
 (မောင်ကျောက်ခဲ အဖွဲ့)

2 comments:

  1. ကျဲခေါက်12/12/12, 9:53 PM

    ကောင်းပါတယ် လုပ်တာကတော့လုပ်ကြပါ။
    ကျနော်ကတော့ ပြည်တွင်းမှာအင်တာနက်လှိုင်းလေး ပုံမှန်နပ်မှန်နေမယ်ဆိုရင်ပဲကျေနပ်နေပါပီ။

    ReplyDelete
  2. ကောင်းပါသည်

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။