Dec 14, 2012

ဒေါ်အောင်ဆန်းစုကြည်၏ တိုင်တန်းချက်အရ အက်စစ်ထိမိပြီး ကျန်းမာရေး ထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ်(၄)ဦးအား ကျန်းမာရေးစစ်ဆေးရာ အက်စစ်ကြောင့် ဖြစ်သည့် ရောဂါများ မတွေ့ရှိရ

 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် (၁၂/၂ဝ၁၂)
၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်
၁၃၇၄ ခု၊ နတ်တော်လဆန်း ၁ ရက်

အက်စစ်ကြောင့် ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ် (၄) ဦးအား ကျန်းမာရေး စစ်ဆေးမှု သတင်း ထုတ်ပြန်ခြင်း

၁။ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီ တောင်းခံချက်အရ အက်စစ်ထိမိပြီး ကျန်းမာရေး ထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ်(၄)ဦးအား ကျန်းမာရေး ဝန်ကြီးဌာနက ရန်ကုန်ကလေး ဆေးရုံကြီးသို့ ပို့ဆောင်၍ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက် ပေးခဲ့သည်။

၂။ အဆိုပါ ကလေးငယ်(၄)ဦးသည် ရန်ကုန်ကလေးဆေးရုံကြီးသို့ (၁၁-၁၂-၂ဝ၁၂)ရက်တွင် ရောက်ရှိ ခဲ့ပြီး အထူးကု ဆရာဝန်ကြီးများဖြင့် လိုအပ်သော ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တွေ့ရှိချက် များမှာ အောက်ပါအတိုင်း ဖြစ်ကြောင်း သိရှိရသည်-

(က) မယွန်းဝတီ (၁ နှစ် ၁ဝ လ) သူငယ်နာအကြောနှင့် ကြွက်သားအားနည်း ရောဂါ (Cerebral Palsy) ဖြစ်သည်။

(ခ) မောင်ကောင်းထက်ဇော် (၈ နှစ်) သူငယ်နာအကြောနှင့် ကြွက်သား အားနည်း ရောဂါ (Cerebral Palsy) ဖြစ်သည်။

(ဂ) မစန်းယုမော် (၂ နှစ် ၄ လ) သူငယ်နာအကြောနှင့် ကြွက်သား အားနည်းရောဂါ (Cerebral Palsy) ဖြစ်သည်။

(ဃ) မဇင်မာဆွေ (၁၆ နှစ်) ဦးနှောက် အကျိတ် (Brain Tumour) အား လွန်ခဲ့သော ၅ နှစ်က ခွဲစိတ် ထားသည်။ မျက်စိ တဖြည်းဖြည်းမှုန်၍ လုံးဝကွယ်သွားခြင်း ဖြစ်သည်။

၃။ အထက်ဖော်ပြပါ စစ်ဆေး တွေ့ရှိချက်များအရ အက်စစ်ကြောင့် ဖြစ်သည့် ရောဂါများ မတွေ့ရှိရကြောင်း သိရှိရသည်။


From:[_ မြ၀တီ_]
 (မောင်ကျောက်ခဲ အဖွဲ့)

1 comment:

  1. တွေ့ရှိချက် အမှန်ကောဟုတ် ရဲ့လား

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။