Dec 14, 2012

လက်ပံတောင်းတောင်ရှိ လယ်တီဆရာတော်ကြီး သီတင်းသုံးခဲ့သည်ဟု ပြောနေကြသော ကျောင်းနှင့်စေတီတော် တို့အား အကောင်းဆုံး ဖြစ်အောင် ထိန်းသိမ်းပေးမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေတွင် တည်ရှိသော ပထမလယ်တီ ဆရာတော်ကြီး၏ ကျောင်းနှင့်စေတီတော်တို့အား အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းပေးမည် ဟု နိုင်ငံတော်သမ္မတက မုံရွာမြို့ရှိ ကျောင်းတိုက်များသို့ ပြန်ကြားခဲ့ကြောင်း သိရပါသည်။

 ပထမလယ်တီ ဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့သော လက်ပံတောင်းတောင်ရှိ သာသနာ့နယ်မြေအား သမိုင်း မပျောက်စေရန် မေတ္တာရပ်ခံစာကို မုံရွာမြို့ရှိ ကျောင်းတိုက် ၁၀၀ ကျော်က လက်မှတ်ရေးထိုး၍ နိုင်ငံတော် သမ္မတထံ အောက်တိုဘာလ ၃၀ ရက်နေ့က ပေးပို့ခြင်းဖြစ်ပြီး၊ ဒီဇင်ဘာလ ၁၂ ရက်နေ့၌ သံဃာတော်များ ဆန္ဒပြနေစဉ် သက်ဆိုင်ရာ ကျောင်းတိုက်များသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တစ်ဆင့် ပြန်ကြားစာများ ရောက်ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြန်ကြားစာတွင် ပထမလယ်တီ ဆရာတော် ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့သည်ဟုဆိုသော လက်ပံတောင်းတောင်ရှိ သာသနာ့ နယ်မြေအား သမိုင်း မပျောက်စေရန် မေတ္တာရပ်ခံစာကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ၀န်ကြီးချုပ်ထံမှ တစ်ဆင့် နိုင်ငံတော် သမ္မတထံသို့ ဆက်လက်ပေးပို့ရာတွင် နိုင်ငံတော်သမ္မတက ''သီတင်းသုံးခဲ့သည့် ကျောင်းနှင့်စေတီတော်အား အကောင်းဆုံး ဖြစ်အောင် ထိန်းသိမ်းပေးမည်'' ဟု ပြန်ကြား ပါကြောင်း ပါရှိပါသည်။



နိုဝင်ဘာလ ၂၉ ရက်နေ့ (တန်ဆောင်မုန်းလပြည့်) နံနက် ၃ နာရီ ကျော်အချိန်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ သပိတ်စခန်းများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဥပဒေအရ ဖြိုခွဲခြင်း ဖြစ်ပွါးခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သြ၀ါဒခံယူပွဲ ပြုလုပ်ခဲ့ပြီး၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် သာသနာရေး ၀န်ကြီးဌာနက ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စားပြန်လည်တောင်းပန်ခဲ့သည်။

လက်ရှိတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့မှ အဆိုပါဖြစ်ရပ်များ နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။၈၈ ကျောင်းသား အဖွဲ့ ကမူ လက်ပံတောင်းတောင် စီမံကိန်း ဆန္ဒပြလူစုနေစဉ်က လာရောက်၍ ဆက်လုပ်ရန် အားပေးခဲ့သော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဥပဒေအရ သပိတ်လူထုအား ထိန်းသိမ်းခဲ့သည့်နေမှစ၍ ပေါ်မလာခဲ့တော့ပဲ ဒေါ်စု ခေါင်းဆောင်သော စုံစမ်းရေးကော်မရှင်အဖွဲ့မှ နှုတ်ထွက်သွားသည် ။နှူတ်ထွက်ရခြင်းအကြောင်းအား အတွင်းသိများမှ အောက်ပါအတိုင်း ဖွင့်ချပြောဆိုခဲ့ပါသည် ။
   အခု ကြားသိရတဲ့ သတင်းက မကောင်းတော့ဘူး။
 လက်ရှိ ဆနပြနေတဲ့ ဖြစ်စဉ်အားလုံးကို နိုင်အောင်နဲ့  ခင်ဥမာတို့ က ကြိုးကိုင်ထားတယ် လို့  ခိုင်လုံတဲ့ သတင်းရပ်ကွက်က သိရတယ်။
NDD အဖွဲ့ က အဓိက -သူတို့ နောက်မှာ ဘယ်သူတွေ ရှိသလဲ။ NED ရှိနေတယ်။
၈၈ ရဲ့ ပွင့်လင်း လူ့ အဖွဲ့အစည်း ဆိုတာ ဘီလျံနာဆိုးရော့စ်ရဲ့  Open Society ကို ဖော်နေတာပဲ။ ဒါပေမယ့် ဒါက မြေပေါ် လှုပ်ရှားမှု။
နိုင်အောင်နဲ့  ခင်ဥမာတို့ ရဲ့  နောက်က NED ဆိုတာလည်း အမေရိကန်ဘတ်၈ျက်နဲ့  Run နေတာပဲ။
ခင်ဥမ္မာ ပြီးခဲ့တဲ့ လက မြန်မာနိုင်ငံကို  ရောက်လာတယ်။  ခင်ဥမာ၊ နိုင်အောင်နှင့်အဖွဲ့တွေဟာ ဗကသ၊ GW နှင့် မနော်အုန်းလှ နောက်မှာ ရှိနေတယ်။ ငွေကြေးထောက်ပံ့နေတယ် လို့  ပြောတယ်။ အခု ဘုမသိဘမိ ပြနေကြတဲ့ သပိတ်ကြီးမှောက်ဖို့ နိုင်အောင်က အဓိက ထောက်ပံ့ ပြီး ကြိုးကိုင်ထားတယ် ဆိုတဲ့ သတင်း ထွက်လာတယ်။
ဒါတွေ ၈၈ တွေက သိတော့ ၊ လက်ရှောင်သွားပြီး ကော်မရှင်မှာ မပါချင်ဘူး ဆိုပြီး လုပ်လာတယ် လို့ ဆိုတယ်။ ၈၈ တွေရဲ့ Open Society က ဆိုးရော့စ်ရဲ့  Open Society နဲ့  အတူတူပဲ။ ဆိုးရော့စ်က မြန်မာပြည်အကြောင်း ဘာမှမသိဘူး။ ကြားက လော်ဘီတွေ ပြောသမျှ ငွေထုတ်ပေးနေတာ သက်သက်ပဲ။ ဒါပေမယ့် ဆိုးရော့စ်က ၈၈ တင်မကဘူး ကျန်တဲ့ အဖွဲ့ အစည်းအများအပြားကိုလည်း ထောက်ပံ့ပေးနေတာ ဖြစ်တယ်။  
 (မောင်ကျောက်ခဲ အဖွဲ့)
_______________________________________________________________

No comments:

Post a Comment

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။