ဒီရက်ပိုင်းနာမည်ကြီးလျှက်ရှိသော မင်းသားမင်းသမီးများ၏ မူးယစ်ဆေးဝါးသုံးမှုသတင်းများကို သမီးငယ်မှ ပြောပြ၍ သိရှိရသည့်အတွက် ထိုဆောင်းပါးရှင်ဖြစ်သော Moe Zay Nyein ၏ Facebook စာမျက်နှာသို့ ၀င်ကြည့်မိပါသည်။ ထိုသူ၏ Profile ဓာတ်ပုံနှင့် နာမည်တို့အား တွေ့ရသောအခါတွင် ကျွန်တော်တပ်မတော်အတွင်း တာဝန်ထမ်းဆောင်စဉ်က ခင်မင်ရင်းနှီးဖူးသော မိတ်ဆွေများထဲမှ တစ်ဦးဖြစ်မည်ဟု ခန့်မှန်းမိပါသည်။ ကျွန်တော့်၏ ခန့်မှန်းချက်မှာ 99% သေချာသလောက်ရှိပါသည်။
အဘယ့်ကြောင့် 99% ဟုပြောရသနည်းဟု အမေးရှိသော် ထို Profile ပုံထဲမှ လူကို ကျွန်တော်ရင်းနှီးပါသည်။ ထိုပုံသည် ဆောင်းပါးရှင်၏ ပုံမဟုတ်ပါ။ ဆောင်းပါးရှင်၏ ညီတစ်ဦးပုံသာ ဖြစ်ပါသည်။ ဆောင်းပါးရှင်နှင့် ကျွန်တော် ရင်းနှီးခဲ့စဉ်က သူ့ညီအား မိတ်ဆက်ပေးသဖြင့် သုံးကြိမ်ခန့် တွေ့ဆုံဖူးခဲ့သဖြင့် ကောင်းကောင်းမှတ်မိနေပါသည်။ ဆောင်းပါးရှင် အသုံးပြုထားသော အမည်သည်လည်း ဆောင်းပါးရှင်၏ သမီးနာမည် ဖြစ်ပါသည်။
ဆောင်းပါးရှင်၏ အမည်ရင်းနှင့် အပတ်စဉ်တို့ကိုတော့ မဖော်ပြလိုတော့ပါ။ ထိုဆောင်းပါးရှင်နှင့် ရင်းနှီးသူ၊ အပတ်စဉ်တူများတွင် လက်ရှိတာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ်များ ရှိနေသဖြင့် ဘေးထွက်ဆိုးကျိုးဖြစ်မည်ကို စိုးရိမ်ပါသည်။ ကျွန်တော်ထိတွေ့သိရှိသလောက်ဆိုရသော် ဆောင်းပါးရှင်သည် ခြေလျင်တပ်ရင်းမှူးသင်တန်း အမှတ်စဉ် (၃၈)၊ ၂၀၀၅ ခုနှစ်က စစ်ဦးစီးတက္ကသိုလ်သင်တန်း အမှတ်စဉ် (၅၅) တို့ကို တက်ရောက်ခဲ့သူ ဖြစ်သည်။
တပ်မတော်တွင် တာဝန်ထမ်းဆောင်နေစဉ် အုပ်ချုပ်မှုလျော့နည်းဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပြီး စုံခုံဖွဲ့ စစ်ဆေးကာ တိုင်းမှူး၏ ပြင်းထန်စွာသတိပေးခြင်းခံခဲ့ရသည်။ ထို့နောက် အရပ်ဘက်ဝန်ကြီးဌာနတစ်ခုသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ညွှန်ကြားချက်ထွက်လာသည်ဟု ကြားသိရပါသည်။ ထိုအချိန် တွင် ကျွန်တော်သည် တပ်မတော်အတွင်း၌ တာဝန်ထမ်းဆောင်ခြင်းမရှိတော့သော်လည်း မိတ်ဆွေများ ထံမှ တဆင့် သတင်းများကြားနေရသည်။
ဆောင်းပါးရှင် မည်သည့်ဝန်ကြီးဌာနသို့ ပြောင်းရွှေ့သွားသလဲဆိုသည်ကို ကျွန်တော်မပြောလိုတော့ပါ။ သူရေးသားသည့်စာများတွင် ပေါ်လွင်နေပါသည်။ ဒီ့နောက်ပိုင်းတွင် ကျွန်တော်သည်လည်း သမီးငယ်ရှိရာ အမေရိကန်နိုင်ငံ၊ Boca Raton မြို့သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သဖြင့် မြန်မာပြည်မှ မိတ်ဆွေများနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။ ဆောင်းပါးရှင်နှင့် ပတ်သတ်သည့် နောက်ဆုံးသတင်းမှာ ၂၀၀၈ ခုနှစ်တွင် အစိုးရအမှုထမ်းမှ နုတ်ထွက်၍ ပြင်ပစီးပွားရေးလုပ်နေသည်ဟု သိရသည်။
နိဂုံးချုပ်အနေဖြင့် ကျွန်တော်ပြောလိုသည်မှာ ဆောင်းပါးရှင်အနေဖြင့် သူအရေးယူခံရသည့်ဖြစ်စဉ်နှင့် ပတ်သတ်ပြီး အထက်အရာရှိကြီးများအား မကျေနပ်ဖြစ်မှုများရှိခဲ့သည်။ ထိုအချက်ကို ကျွန်တော့်အနေနှင့် နားလည်ပေးနိုင်ပါသည်။ သို့သော် ဆောင်းပါးရှင်မကျေနပ်သော တပ်မတော်အရာကြီးတစ်စုကြောင့် တပ်မတော်ကို သိက္ခာမချ၊ သစ္စာမဖောက်ပါနှင့်ဟု မိတ်ဆွေတစ်ဦးအနေဖြင့် ပြောလိုပါသည်။ ဆောင်းပါးရှင်၏ အကောင့်တွင် Comment ရေး၍ မရသည့်အတွက် Massage မှ တဆင့်လည်း ပေးပို့ထားပါသည်။
From:[_ Win Maung _]
(မောင်ကျောက်ခဲ အဖွဲ့)
ကိုကျောက်ခဲ တို့ အဖွဲ့လဲ ခရိုနီ တွေနဲ့ အလိုတူအလိုပါ ဖ်ြမှာပါ ပြည်သူတွေငြိမ်
ReplyDeleteနေအောင်ပျားရည်နဲ့ ဝမ်းချတာပဲဖြစ်မယ်
နိဂုံးချုပ်အနေဖြင့် ကျွန်တော်ပြောလိုသည်မှာ ဆောင်းပါးရှင်အနေဖြင့် သူအရေးယူခံရသည့်ဖြစ်စဉ်နှင့် ပတ်သတ်ပြီး အထက်အရာရှိကြီးများအား မကျေနပ်ဖြစ်မှုများရှိခဲ့သည်။ ထိုအချက်ကို ကျွန်တော့်အနေနှင့် နားလည်ပေးနိုင်ပါသည်။ သို့သော် ဆောင်းပါးရှင်မကျေနပ်သော တပ်မတော်အရာကြီးတစ်စုကြောင့် တပ်မတော်ကို သိက္ခာမချ၊ သစ္စာမဖောက်ပါနှင့်ဟု မိတ်ဆွေတစ်ဦးအနေဖြင့် ပြောလိုပါသည်။ ဆောင်းပါးရှင်၏ အကောင့်တွင် Comment ရေး၍ မရသည့်အတွက် Massage မှ တဆင့်လည်း ပေးပို့ထားပါသည်။
ReplyDeleteShit
သိက္ခာရှိအောင် နေထိုင်လျှင် သိက္ခာကျစရာ အကြောင်းမရှိပါ။ မျှမျှတတ ပြောခြင်း ဖြစ်ပါတယ် ခင်ဗျာ။
ReplyDeleteသိက္ခာရှိအောင် နေထိုင်လျှင် သိက္ခာကျစရာ မရှိပါ။ သဘာဝကျကျ စဉ်းစားကြည့်လိုက်ပါ။
ReplyDeleteမင်းသားမင်းသမီးတွေမူးယစ်ဆေးသုံးတာဟိုးအ၇င်ကတည်းကပါ..............အခုမှမဖွကြပါနဲ.။။။။။။။။။
ReplyDeleteခင်ဗျားတပ်မတော် ကောင်းခဲ့တာများ ပြောပြပါ။
ReplyDeleteခင်ဗျားဘယ်နေရာမှာ တာဝန်ကျခဲ့သလဲ
တပ်မတော်ကဘာကောင်းအောင်လုပ်ခဲ့လို့လဲ မကောင်းသတင်းတွေရနိုင်သလောက်တင်
ReplyDeleteHey There. I discovered your weblog the use of msn. This is a really well written article.
ReplyDeleteI will be sure to bookmark it and come back to learn extra of your helpful info.
Thank you for the post. I'll certainly comeback.
Also visit my site: dog training