Jan 1, 2013

ဖြေကြည့်ပါ အယုတ်တမာကောင် မောင်သွေးချွန်



မောင်သွေးချွန်ဆိုသူကလဲ ၂၈-၁၂-၂ဝ၁၂ ရက်နေ့ထုတ် ဂျာနယ်တစ်စောင်မှာ တစ်ဖက်သတ်အမြင်နဲ့ နိုင်ငံတော် အစိုးရ၊ တပ်မတော်နဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေကိုပါ စော်ကားမော်ကားနဲ့ရေးသားခဲ့ပါတယ်။ မောင်သွေး ချွန် ကိုမေးလိုတာက ရိက္ခာပို့တဲ့တပ်မတော်စစ်ကြောင်းတစ်ခုကို ကေအိုင်အေ က အင်အား ၁ဝ ဆမက နဲ့ ဝိုင်းဝန်း တိုက်ခိုက်နေတာကို ဒီအတိုင်းပဲကြည့်နေရမှာလား။ 

မောင်သွေးချွန် ကိုယ်တိုင် (သို့မဟုတ်) မောင်သွေး ချွန်ရဲ့ သွေးရင်းသားရင်းများ အဲဒီဝိုင်းအတိုက်ခံရတဲ့တပ်မတော်စစ်ကြောင်းမှာပါနေရင်ရော ဘယ်လို ခံစားရမလဲ၊ မျှတမှု ရှိတယ်လို့ခံစားရမှာလားလို့မေးလိုပါတယ်။ မောင်သွေးချွန်အနေနဲ့ မိုးကုတ်မြို့မှာ ကေအိုင်အေက အကောက်ကြံပြီး အကြမ်းဖက်တဲ့လုပ်ရပ်တွေကိုကော မကြားမိဘူးလား၊ မမြင်တော့ဘူးလား။ အင်အား နည်းတဲ့ကာမိုင်းရဲစခန်းကိုကေအိုင်အေက အင်အားများစွာနဲ့ဝင်စီးပြီး အပြစ်မဲ့အရပ်သားတွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့တာရော မောင်သွေးချွန် မကြားမိဘူးလား၊ နိုင်ငံပိုင်သတင်းစာတွေမှာ ရက်စွဲ၊ ဖြစ်စဉ် အတိအကျနဲ့ဖော်ပြထားတဲ့ကေအိုင်အေရဲ့အကြမ်းဖက်လုပ်ရပ် တွေအပေါ်မှာရော မောင်သွေးချွန်အနေနဲ့ ကလောင်စွမ်းမပြတတ်ဘူးလားလို့ စသည်ဖြင့် တပ်မတော်သားများ ကိုယ်စားမေးလိုပါတယ်။



မောင်သွေးချွန်က ဘာတေးလစ်တနာရဲ့အမြင်ကိုလည်းထည့်ထားပါသေးတယ်၊ မြန်မာ့အရေး ကျွမ်းကျင်သူ ဟုတ်/ မဟုတ်တော့ ကျွန်တော်မသိပါဘူး။ ကျွန်တော်မှတ်မိတာက ဘာတေးလစ်တနာဆိုသူက  အရှေ့ဖျား စီးပွားရေးစာစောင်မှာ ပင်တိုင်သတင်းထောက်အဖြစ်လုပ်ခဲ့ပြီး ၁၉၈၇ ခုနှစ်လောက်က မြန်မာနိုင်ငံ ကချင် သောင်း ကျန်းသူစခန်း ပါဂျိုတို့၊ နားဖော့တို့မှာ လပေါင်းများစွာတရားမဝင်နေခဲ့သူပါ။ ကချင်သောင်းကျန်းသူ စခန်းက တစ်ဆင့် ဗကပဗဟိုပန်ဆန်းကိုကူးခဲ့ပြီး ၁၉၈၈ အရေးအခင်းဖြစ်အောင် ဘီဘီစီသတင်းထောက် ခရစ် စတိုဖာ ဂါးနက်စ်တို့နဲ့အတူ လုပ်ကြံဝါဒဖြန့်ခြင်း၊ မမှန်သတင်းများဖန်တီးခဲ့သူဖြစ်ပါတယ်။ ခရစ်စတိုဖာဂါးနက်  အကြာင်းကြားရင် ထိုစဉ်ကလုပ်ကြံသတင်းဖြစ်တဲ့ ''လုံထိန်းများ၏မတရားပြုကျင့်မှု'' လုပ်ကြံသတင်းကို မှတ်မိကြ မှာပါ။ ယခုလဲ မောင်သွေးချွန်က ဘာတေးလစ်တနာနဲ့အတိုင်အဖောက်ညှိပြီး ပွက်လောရိုက်အောင်လုပ်ချင် တာလားလို့မေးချင်ပါတယ်။

ကေအိုင်အေတို့ ဖောက်ခွဲံထားသော ရထား

          မောင်သွေးချွန်ပြောတဲ့ တိုက်ပွဲပေါင်း ၂ဝဝဝ ကျော်မှာ တပ်မတော်ကစပြီးသွားတိုက်တဲ့တိုက်ပွဲ ရှိခဲ့သလားလို့ မောင်သွေးချွန်ကိုပြန်မေးရပါမယ်။ ပြည်သူလူထုကတောင်းဆိုတဲ့အတိုင်း နိုင်ငံတော်အစိုးရအဖွဲ့၊ တပ်မတော်နဲ့ငြိမ်းချမ်းရေးကိုယ်စားလှယ်များကကေအိုင်အေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်တာတို့/ဆွေးနွေးနေ တာတို့ ဘာဖြစ်လို့အကောင်အထည်ပေါ်မလာအောင်ကေအိုင်အေက ဖန်တီးနေတာလဲလို့ကေအိုင်အေနဲ့အဆက်အသွယ် ရှိတယ်လို့ယူဆရတဲ့ မောင်သွေးချွန်ကိုပဲ တပ်မတော်သား/မိသားစုများကိုယ်စား မေးလိုပါတယ်။ ဖြေကြည့်ပါ မောင်သွေးချွန်။
 (မောင်ကျောက်ခဲ အဖွဲ့)

10 comments:

  1. မောင်သွေးချွန် ဆိုတဲ့ကောင်လီးဘဲ စာနယ်ဇင်းသမား
    ကျင့်ဝတ်နဲ့မညီဘဲ ပုဂ္ဂလခံစားချက်နဲ့ဖွတဲ့ကောင်
    မြန်မာကစာနယ်ဇင်းသမားအားလုံးအတူတူချည်းဘဲ
    စောက်ဆင့်မရှိဘူး သူတို့ပထွေး KIA ကိုတော့ မကောင်း
    မပြောဘူး သူပုန်ဟာသူပုန်ဘဲ ခုမ သူ့တို့ပထွေးတွေခံရမှ
    ဟောင်နေတယ် ၈၈ တွေလည်းလီးဘဲ

    ReplyDelete
  2. စာနယ်ဇင်းလွတ်လပ်ခွင့်၇တယ်ဆိုပြီး ကာကွယ်ေ၇းတာဝန် ထမ်းဆောင်နေသော တပ်မတော်ကို အမျိုးမျိုးစွပ်စွဲပြစ်တင်ဝေဖန်နေမှုအား တနည်းနည်းဖြင့်အေ၇းယူသင့်ပါပြီ။ မီဒီယာသမားမှန်၇င်တပ်မတော်ကို အပုတ်ချဝေဖန်တိုက်ခိုက်ဘူး၇မယ်ဆိုတဲ့အတွေးမျိုး ၄င်းခွေးသူတောင်းစားများစိတ်ထဲတွင်ဝင်နေပါပြီ။ သွေးချွန်ဆိုတဲ့ အောက်တန်းစားဝေဖန်သမားတွေ တိုင်းပြည်မှနှင်ထုတ်သင့်ပါသည်။

    ReplyDelete
  3. ဟေ့ ... တပ်မတော်ကို တစ်ဖက်သတ်အမြင်နဲ့ ၀ိုင်းဝန်းတိုက်ခိုက်နေတဲ့
    စောက်ရူးတွေအားလုံး လီး ဘဲ။တပ်မတော်သာ အသက်နဲ့ရင်း ငတ်ငတ်
    ပြတ်ပြတ်နဲ့ ကာကွယ်ရေးတာဝန်ကိုမယူဘူးဆိုရင် မင်းတို့အမေ မင်းတို့
    နှမတွေရဲ့ အ၀ှာတွေ ဖွာလန်ကျဲနေပြီ အဲဒီစောက်သူပုန်တွေဆော်လို့။မင်း
    တို့က အရက်လေးသောက်လိုက် ဆေးလိပ်လေးဖွာလိုက် TVလေးကြည့်
    လိုက်လုပ်ပြီး လက်ယားတယ်ဆိုရင် လီးကိုင်ထားကြ။ကလောင်မကိုင်ကြ
    နဲ့။ကလောင်ကိုင်ပြီးရေးမယ်ဆိုရင်လဲ မျှမျှတတ နဲ့ စဉ်းစဉ်းစားစား ရေး
    ကြ။အားအားရှိ ဆော်ဖို့ အော်ဖို့ ဖွဖို့ဘဲကြည့်နေကြတဲ့ ငတိများသတိထား
    ကြ။ဝတ်ဆိုတာလည်တတ်တယ်။အဲဒီလိုမှ လီးလဲမကိုင်ချင် ကလောင်လဲ
    မကိုင်ချင်ဘူးဆိုရင် သေနတ်ကိုင်ပြီး တိုင်းပြည်ရန်စွယ်ကာကွယ်ကြဟေ့
    စောက်ရူးစောက်ကြောက်တွေရေ.........

    ReplyDelete
  4. ဟေ့ ...တပ်မတော်ကို တဖက်သတ် အမြင်တစ်မျိုးနဲ့ စော်ကားပြောနေကြတဲ့
    စောက်ရူးတွေ လီးဘဲ။နေပူမရှောင်မိုးရွာမရှောင် သားတကွဲ မယားတကွဲနဲ့
    တောချုံအုံကြားမှာ အငတ်ငတ် အပြတ်ပြတ်နဲ့ အသက်တွေ ခန္ဓာကိုယ်အစိတ်
    ပိုင်းတွေကို စွန့်လှူပြီး နိုင်ငံနှင့်လူမျိုးအတွက် ကာကွယ်ပေးနေတဲ့ ကျေးဇူးကို
    မှမထောက် ကျေးဇူးကန်းစကားပြောနေလိုက်ကြတာ ရေးနေလိုက်ကြတာ။
    ပါးစပ်အားနေတယ် ဆိုရင်လဲ လီးကိုက်ထားကြ လက်အားနေတယ်ဆိုရင်လဲ
    လီးကိုင်ထားကြ။မင်းတို့က အရက်လေးသောက်လိုက် စီးကရက်လေးသောက်လိုက် TV လေးကြည့်လိုက် ပိုက်ဆံမရှိတော့ဘူး ဆို
    ရင် တပ်မတော် မကောင်းကြောင်း အော်လိုက် ဆော်လိုက် ရေးလိုက်နဲ့
    ပိုက်ဆံရှာနေကြတာပေါ့ ဟုတ်လား။အေး ... တပ်မတော်သာ မင်းတို့လို
    နေမယ်ဆိုရင် မင်းတို့နှမတွေ အမေတွေရဲ့ အ၀ှာတွေ ဖွာလန်ဖြဲနေလောက်
ဲပြီ။အဲဒီသူပုန်တွေ တက်တက်ဆော်နေလို့။

    ReplyDelete
  5. မောင်သွေးချွန်းက လူထုစိန်ဝင်း သေသွားတဲ့အချိန်မှာ အဲဒီနေရာကို ဝင်ယူဖို့ စိတ်ကူးယဉ်နေတာပါ။
    လူကြားမှာ လှုပ်သွားနိုင်တာတွေ ပြောရင်း အကွက်ခင်းနေတာပါ။
    အတွေးအခေါ်/ အတတ်ပညာ မပြည့်စုံသေးပါဘူး။

    . . .

    ReplyDelete
  6. အင် ဂမ် ဂျဝါ1/2/13, 2:05 PM

    အလ ကား စောက် ရူး မ ဟာ မြိုင် ဆရာ တော် ရဲ့ တ ပည့် ယောင် ယောင် ဘာယော င် နဲ့ လုပ် လိုက် ရင် စောက် တလွဲ

    ReplyDelete
  7. မောင်သွေးချွန်ဆိုတဲ့အတိုင်အပေါစားနည်းတွေနဲချွန်တာပေါ့

    ReplyDelete
  8. သူပုန်ကိုအားပေးရင်သူပုန်ပဲ မောင်သွေးချွန် ခင်ဗျားKIAအကြောင်းဘယ်လောက်သိသလဲ
    သမိုင်းမှာတရားခံဖြစ်သွားမယ် အသာနေ

    ReplyDelete
  9. တပ်မတော်သားတွေ...လေးစားပါတယ်။

    ReplyDelete
  10. တပ်မတော်ကစစ်သားတွေလေးစားပါတယ်

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။