Dec 18, 2012

ထိုးစစ်ရပ်ပြီး အသေခံနေသော ကျပ် ၁ သိန်း မတန်သည့် တပ်မတော်သားများ

 သမ္မတကြီး၏ ထိုးစစ်ရပ်ဆိုသည့် အမိန့်သည် ဒို့တာဝန် အရေး(၃)ပါး ကာကွယ်သည့် တပ်မတော် သားများ အား သေဒဏ်ချမှတ်နေသကဲ့သို့ ဖြစ်နေပြီလို့သာ ဆိုချင်တော့သည်။ အင်တာနက်ပေါ်တွင် ယခုလို တိုက်ပွဲ ဓာတ်ပုံ များကို ကြည့်နိုင်သူများသည် ရှေ့တန်းစစ်မျက်နှာပြင်တွင် တိုက်ပွဲဝင်နေသည့် စစ်သားများ မဟုတ်ကြ သလို နေ့စဉ်နှင့်အမျှ မြင်တွေ့နေရ၊ ကြားနေရသည်မှာ မြန်မာ့တပ်မတော်၏ ထိခိုက်ကျဆုံးမှု သတင်းများ သာ ဖြစ်နေသည်။
သေဆုံးနေသည့် ငါတို့ တပ်မတော်သားသည် အလှဓာတ်ပုံ အရိုက်ခံဖို့ မဟုတ်
တပ်မတော်သည် မည်သည့်အခါမျှ စစ်ပွဲသတင်း ထုတ်ပြန်လေ့မရှိသည့်အတွက် သတင်း အတိအကျ မသိသော်လည်း ကေအိုင်အေ ခေါ် ကချင်သောင်းကျန်းသူများ ထိခိုက်ဒဏ်ရာရမှု မရှိဘဲ တစ်ဖက်သတ် စစ်ပွဲကို ဆင်နွှဲနေ ခြင်းကို လွှတ်တော်အမတ်များ သိပါလေစ။ နယ်မြေ လုံခြုံရေး အတွက်သာ လှည့်လည် သွားလာနေသည့် စစ်ကြောင်းများကို မိုင်းဆွဲ တိုက်ခိုက်သည်။ တိုက်ပွဲများ အပြင်းအထန် ဖြစ်နေသယောင် ဗွီဒီယိုများ ရိုက်ပြသည်။ ကေအိုင်အေ တပ်သားများ အထိအခိုက် အကျအဆုံး မရှိ။ လမ်းပေါ်တွင် ပစ်ခတ်နေ သည့် ဗီဒီယိုများ၊ စခန်းပေါ်မှ ပစ်ခတ်နေသည့် ပုံများ သည် မည်သည့်အတွက် ကြောင့် ရိုက်နိုင်ပါသလဲ။ တစ်ဖတ်သတ် စစ်ဆင်နွှဲနေခြင်းနှင့် တပ်မတော်၏ အသက်စွန့် သည်းခံနေရခြင်းကို ငြိမ်းချမ်းရေး ကိုယ်စား လှယ် များ သိပါလေစ။
ဘယ်သူဒေါသ မထွက်ထွက် ကိုယ်ဒေါသ ထွက်သည်။ မပစ်ရ၊ ထိုးစစ်မဆင်ရဆိုသည့် အမိန့်အတွင်း အသေခံနေရသည့် တပ်မတော်သားများ ဘ၀ကို စာနာသည်။ တပ်မတော်သား ရွတ်ဆိုသည့် သစ္စာ ၄ ချက်တွင် အသက်ကိုစွန့်လွှတ်ဖို့ အဓိဌာန် ပြုပြီး ဖြစ်သည်။ စစ်သည် ၅ သိန်းကျော် ရှိသော မြန်မာ့တပ်မတော်မှ တပ်သား ၅ ယောက်အား မိုင်းဆွဲ ချောင်းပစ်ရာမှ ဖမ်းမိခြင်းအား ကေအိုင်အေ တို့ အဟုတ်မှတ်ကြလေသည်။ မြန်မာ့တပ်မတော်၏ သည်းခံနိုင်မှုကို ဆွကြလေသည်။ ဒီထက်ပို ပြီး သည်းခံရန် သင့်တော်ပါမည်လော။
လေကြောင်းမှသာ အသုံးပြုတိုက်ခိုက်ပါက လိုင်ဇာမြို့တွင် လူတစ်ယောက်မှ ကျန်မည် မဟုတ်သလို စခန်းကုန်းများတွင်လည်း ကေအိုင်အေ ခေါင်းထောင်နိုင်မည် မဟုတ်။ တပ်မတော်သားများ အသက်ပေး နေရခြင်းသည် တိုက်ရင်းဖြင့် အသက်ပေးနေရခြင်း မဟုတ်ဘဲ ကာကွယ်ရင်းဖြင့် ငြိမ်းချမ်းရေးအတွက် အသက်ပေးနေရခြင်းကို နားလည်ဖို့ကောင်းသည်။ ငြိမ်းချမ်းရေးကို လက်နက်ဖြင့် ဖန်တီး၍ မရလျှင် ပထမ မြန်မာနိုင်ငံ၊ ဒုတိယ မြန်မာနိုင်ငံ၊ တတိယ မြန်မာနိုင်ငံ ဖြစ်လာမည် မဟုတ်သလို၊ အမေရိကန် ပြည်ထောင်စုကြီးလည်း ဖြစ်လာမည် မဟုတ်။ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းလည်း နားလည်ဖို့ ကောင်း ပေသည်။ သစ္စာလေးချက်ကို ပြင်ဖို့ထက် တပ်မတော်သားတွေရဲ့ အသက်တွေကို ဘယ် ရက် ဘယ်လ ထိ အလဟသ အသေခံခိုင်းနေမည်လဲဆိုတာ အရင် စဉ်းစားသင့်ပါသည် လို့ ပြောလိုက်ချင်တော့သည်။
 ထိုးစစ်ရပ်ဆိုသည့် အချိန်တွင် ချောင်းမြောင်းရယူပြီး တပ်မတော်က ဒီလို လက်နက်တွေ ဆုံးရှုံးခံရတယ်
 တိုင်းပြည်ကို ကာကွယ်ဖို့ ထမင်းကြမ်းနဲ့ရေသောက်ပြီး တာဝန်ထမ်းဆောင်တဲ့ စစ်သားက ဒီလိုသေရတယ်
 ကြည်းရေလေ ခါးပတ်ခေါင်းနဲ့ စစ်ထွက်လာတဲ့ စစ်သားဆိုတာ ဒါမျိုး အသေခံဖို့ မဟုတ်ဘူး။ စစ်စိမ်းရောင် ၀တ်ပြီး တာဝန်ထမ်းဆောင်တာ မင်းတို့ ဆန္ဒပြ ဆူပူသူလောက်မှ တန်ဖိုးမရှိဘူး ထင်နေသလား
 ဒီလို အဖမ်းဆီး ခံရသူတွေအတွက် ဘယ် နိုင်ငံချစ် ပုဂ္ဂိုလ်တွေ တာဝန်ယူမှာလဲ

From:[_oppositeye _] (မောင်ကျောက်ခဲ အဖွဲ့)

4 comments:

  1. ကျနော်တို့ ကချင်နေရှမ်းဗမာပြည်သူတွေကိုနားလည်ပေး ကြပါဗျာ

    ReplyDelete
  2. ကျနော်တို့ ကချင်နေရှမ်းဗမာပြည်သူတွေကိုနားလည်ပေး ကြပါဗျာ

    ReplyDelete
  3. this time is completely fight to kia or traitor|

    ReplyDelete
  4. မောင်မှန်1/1/13, 9:12 AM

    88စောက်ရူးမြအေးတို့အုပ်စုနဲ့ပထွေးကိုအဖေတော်ချင်တဲ့သစ္စာဖောက်MEDIAတွေကဒီလိုကြတော့မသိချင်ယောင်ဆောင်နေတယ်ဗျ။

    ReplyDelete

မိတ်ဆွေတို့ ၏ ဆွေးနွေးမူ ဝေဖန်မူ အား လိုက်လှဲစွာ ကြိုဆိုပါသည်။
သင်တို့၏ ဝေဖန် အကြံပေးမှူတို့အား ဖော်ပြခွင့်ရရန် ခေတ္တ စောင့်ဆိုင်းပါ ။